← Chapters

လေမိုးကြိုးအမြွှာ

Vol. 15 Ch. 209

လေမိုးကြိုးအမြွှာ

Vol. 15 Ch. 209

ဘလက်ခ်ပူးရေကန်။ ကောင်းကင်တွင် အနက်ရောင် တိမ်တိုက်များ ဖုံးအုပ်ထားပြီး ကြယ်နှင့်လကိုပင် မမြင်နိုင်တော့ချေ။

ကောင်းကင်မှ လျှပ်စီးကြောင်းများ ပစ်ခတ်နေလေသည်။ ယင်းတို့သည် ကွယ်ပျောက်သွားခြင်း မရှိဘဲ စုဆုံလာပြီးနောက် မြေပြင်ကျယ် တစ်နေရာတွင် လျှပ်စစ်ရေကန် အဖြစ်သို့ ပြောင်းလဲသွားလေသည်။

အေးစက်သည့် လေပြင်းများ တိုက်ခတ်နေပြီး ထက်မြိနေသည့် ဓားများသဖွယ် ထိုနေရာတစ်ဝိုက်အား ပြင်းထန်စွာ ရိုက်ခတ်နေလေသည်။ အဝေးမှ လွင့်မျောလာသည့် သစ်ရွက်ခြောက်များသည် ထိုလေပြင်းများနှင့် တွေ့ဆုံမိသည့်အခါ အပိုင်းပိုင်းအစစ ဖြစ်သွားရလေသည်။

ဝုန်း

ရွှေရောင်လျှပ်စီးနဂါးကဲ့သို့ ရွှေရောင် လျှပ်စီးကြောင်းများနှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ယင်းသည် လေဓားသွားများနှင့် လျှပ်စီးကန်အား ချိုးဖြတ်ကာဖြင့် နက်မှောင်နေသည့် အမျိုးသားအား ထိုးနှက်လိုက်လေသည်။

“လျှပ်စီးဓား”

ထိုလူသည် ဟင်းလင်းပြင်အား ဖမ်းဆုပ်လိုက်သည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားပါဝင်သည့် အပြာရောင် လျှပ်စီးဓားသည် ရွှေရောင် လျှပ်စီးနဂါးအား ခုတ်ပိုင်းလိုက်လေသည်။

ရွှေရောင် လျှပ်စီးနဂါးနှင့် အပြာရောင် လျှပ်စီးနဂါးတို့ ထိပ်တိုက်တွေ့ဆုံ ကြသည့်အခါတွင် နားကွဲလုမတတ် အသံကြီး ဖြစ်ပေါ်လာသည်။ မတူညီသည့် လျှပ်စီကြောင်း နှစ်ခုသည် တစ်ခုနှင့်တစ်ခု ထိခိုက်ပွတ်တိုက်ကာ ဆုတ်ဖြဲလိုက်ကြသည်။

ကောင်းကင်ရှိ မိုးကြိုး တိမ်တိုက်များနှင့် လျှပ်စီးကြောင်းများသည် ရွှေရောင် လျှပ်စီးနဂါးအား မိုးပေါက်များကဲ့သို့ ထိမှန်လာသည့်အတွက် ခေတ္တမျှ တုံ့ဆိုင်းသွားစေသည်။ ထိုအချိန်မှာပင် အပြာရောင် လျှပ်စီးဓားသည် ရွှေရောင် လျှပ်စီးနဂါးအား ဆုတ်ဖြဲလိုက်သည်ကြောင့် ရွှေရောင် ပုံရိပ်သာလျှင် ကျန်ရှိတော့သည်။

ယင်းရွှေရောင်ပုံရိပ်မှာ ဟွမ်ရှန့်မှလွဲ အခြားမရှိချေ။ ဟွမ်ရှန့်သည် ရှောင်တိမ်းခြင်း မပြုချေ။ အပြာရောင် လျှပ်စီးဓားသည် သူ၏ခန္ဓာကိုယ်အား ဆုတ်ဖြဲကာ ဒဏ်ရာများ ရရှိလာစေပြီး သွေးများ တစက်စက် ယိုစီးကျစေသည်။

ဝှစ်

ဟွမ်ရှန့်သည် လျှပ်စီးကြောင်းအသွင် ပြောင်းကာဖြင့် နောက်သို့ ဆုတ်လိုက်သည်။

ထိုအချိန်တွင် တုန်ယန်နှင့် ဟုန်သိုတို့သည် အရူးများသဖွယ် ရှေ့သို့ တက်လိုက်ကြသည်။

သူတို့နှင့် မနီးမဝေး လေထုထဲတွင် ဖျော့တော့သည့် အလင်းများ ထုတ်လွှတ်လျက်ရှိသည့် ငွေသောက်တော် ရေခွက်တစ်ခု ရှိလေသည်။

မှန်သည်။ ထိုသောက်တော် ရေခွက်သည် မိစ္ဆာ၏ ဦးခေါင်းထက်တွင် ရှိနေခြင်းမဟုတ်ဘဲ လေထုထဲတွင် ရပ်တန့်နေခြင်းသာ ဖြစ်သည်။

“မင်းတို့လို ငဝိကောင်တွေက ငါတို့ရဲ့ သောက်တော်ရေခွက်ကို အပိုင်လိုချင် နေတယ်တဲ့လား”

အဖြူရောင် တောက်ပနေသော အမျိုးသား တစ်ဦးသည် သူတို့၏အထက်တွင် ပေါ်လာသည်။ တုန်ယန်နှင့် ဟုန်သိုတို့အား ဦးတည်တိုက်ခိုက် လာလေသည်။

ကောင်းကင်မှ ပြိုကျလာသော ကြီးမားသည့် လေထုဖိအားသည် မြေပြင်ပေ တစ်ရာပတ်လည်အား ချိုင့်ဝှမ်းအဖြစ်သို့ ပြောင်းလဲသွားစေသည်။

တုန်ယန်နှင့် ဟုန်သိုတို့သည် ထိုတိုက်ခိုက်မှုအား ရှောင်နိုင်စွမ်း မရှိကြချေ။ သူတို့၏ခန္ဓာကိုယ်များမှာ မြေကြီးထဲသို့ နစ်ဝင်သွားလေသည်။

“နောက်ဆုတ်”

ထိုအချိန်တွင် ဟွမ်ရှန့် ဟိန်းဟောက်လိုက်သည်။

ကြောက်မက်ဖွယ်ရာ လျှပ်စီး တိမ်တိုက်ကြီးသည် ဟွမ်ရှန့်အား လိုက်လံဖမ်းဆီး နေသည့်အတွက် ထွက်ပြေးနေရခြင်း ဖြစ်သည်။

“ဖရိုဖရဲနှင်းခဲ”

တုန်ယန်သည် သူမ၏ အတောင်ပံများအား ဖြန့်ကားလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို နှင်းမုန်တိုင်းများ တိုက်ခတ်လာသည်။ နှင်းမုန်တိုင်းသည် မရေမတွက်နိုင်သည့် နှင်းဓားများ ဖြစ်ပေါ်လာစေကာ ပတ်ဝန်းကျင်တခွင်အား ပစ်လွှတ်လိုက်လေသည်။

အဖြူရောင် တောက်ပနေသည့် အမျိုးသားသည် သူ၏လက်များအား ဝှေ့ယမ်းလိုက်သည့်အခါ နှင်းဓားများစွာသည် သူ၏ လေဓားများနှင့် ထိတွေ့ကာ ပျက်စီးသွားလေသည်။

ထိုအချိန်တွင် တုန်ယန်နှင့် ဟုန်သိုတို့သည် နောက်ဆုတ်လိုက်ကြပြီး ဖြစ်သဖြင့် အဝေးသို့ ထွက်ပြေးသွား လေတော့သည်။

“မင်းတို့ကောင်တွေ ထွက်ပြေးတာကတော့ အတော်လေး မြန်သကွာ”

အဖြူရောင် တောက်ပနေသည့် အမျိုးသားမှ လှောင်ပြောင်လိုက်သည်။

“ဒီလိုဆိုတော့လည်း မင်းတို့မှာ အသိအမှတ် ပြုရလောက်တဲ့ အရည်အချင်းတွေ ရှိသားပဲ”

ဟွမ်ရှန့်၊ ဟုန်သိုနှင့် တုန်ယန်တို့သည် လေမိုးကြိုးဒေသမှ ထွက်ခွာလာပြီးသည့် အခါ ထွက်ပြေးခြင်းအား ရပ်လိုက်ကြသည်။ လေမိုးကြိုးအမြွှာသည် သူတို့အား လိုက်လံဖမ်းဆီးခြင်း မရှိကြချေ။ ထို့ကြောင့် ရောက်ရှိသည့် နေရာတွင် ရပ်တန့်ကာဖြင့် အသက်ပြင်းပြင်း ရှူနေမိသည်။

“ဖွီးး သောက်ကြမ်းကောင်တွေ”

ဟုန်သိုသည် စိတ်ပျက် အားလျော့စွာဖြင့် ညည်းညူလိုက်သည်။

“သူတို့ကို အနိုင်ရဖို့တော့ မဖြစ်နိုင်ဘူး”

အမြန်နှုန်းအရဆိုလျှင် ဟွမ်ရှန့်သည် လေမိုးကြိုးအမြွှာအား ယှဉ်နိုင်စွမ်းရှိသည်။ သို့သော်လည်း အဖျက်အဆီး စွမ်းအားတွင်မူ သူတို့သုံးဦး ပေါင်းလျှင်ပင် လေမိုးကြိုးအမြွှာအား ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။

အရေအတွက်အားဖြင့် အသာရနေလျှင်ပင် အကျိုးမရှိချေ။

“ဘာလုပ်နိုင်ဦးမှာလဲ။ သူတို့က သောက်တော် ရေခွက်နားမှာ ချုပ်နှောင်ဝင်္ကပါကိုပါ ထားထားလိုက် သေးတယ်။ လေမိုးကြိုးအမြွှာကို အနိုင်ယူနိုင်မယ် ဆိုရင်တောင်မှပဲ သူ့ရဲ့မန္တန်ဝင်္ကပါကို ဖွင့်ဖို့အချိန်ယူရဦးမယ်”

တုန်ယန်သည် စိတ်ဓာတ်ကျစွာဖြင့် ပြောလေသည်။

တိုက်ခိုက်နေစဉ်တွင်း၌ တုန်ယန်သည် သောက်တော် ရေခွက်ထံသို့ ပြေးဝင်သွားခဲ့သည်။ မျှော်လင့် မထားမိသည်မှာ မန္တန်ဝင်္ကပါအတွင်း ရောက်ရှိသွားသည့်အတွက် ပြင်းထန်စွာ တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။

ထိုအကြောင်းအား ကြားသည့်အခါ ဟွမ်ရှန့်မှာ သက်ပြင်းသာ ချမိတော့သည်။ လိုချင်တပ်မက်မှုများဖြင့် လေမိုးကြိုးဒေသအား ကြည့်လိုက်မိသည်။

သူတို့သုံးဦးမှာ ဘာလုပ်ရမည်ကို မသိနိုင်ဘဲ ရှိလေသည်။ ထိုအချိန်တွင် ရုတ်တရက်ဆိုသလို အသံတစ်သံ ထွက်ပေါ်လာသည်။

“ဒီ ဒါယိကာလေးတွေက ကိုယ်တော်တို့နဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားပါသလား”

ကောင်းမွန်သည့် သွင်ပြင်နှင့် ဘုန်းကြီးတစ်ပါးသည် နူးထွေးနူးညံ့သည့် လေသံဖြင့် ပြောပြီးနောက် ဖြည်းညင်းစွာ လျှောက်လှမ်းလာလေသည်။

ရောက်ရှိလာကြသူများမှာ ဗုဒ္ဓလောကမှ ချင်ကျစ်နှင့် ချင်ရှင်းတို့ ဖြစ်ကြပြီး ကမ်းလှမ်းမှု ပြုလုပ်လာသူမှာ ကိုယ်စားလှယ် ခေါင်းဆောင်ဖြစ်သူ ချင်ကျစ် ဖြစ်သည်။

ဟွမ်ရှန့်သည် အနည်းငယ် အံ့အားသင့်သွားမိသည်။ ထို့နောက်တွင်…

“အဲဒီတော့ ကိုယ်တော်ပြောတာက ငွေသောက်တော် ရေခွက်ကို ရဖို့အတွက် အတူတူ တိုက်ခိုက် ကြမယ်လို့လား။ ဒါပေမဲ့လည်း သောက်တော်ရေခွက်က တစ်ခွက်တည်း ရှိနေတာလေ။ ဘယ်သူယူရမှာလဲ”

နှစ်ဘက်စလုံးသည် သောက်တော် ရေခွက်များအား လိုက်လံရှာဖွေနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏ စွမ်းအားများကို ထိန်ချန်ထားကြမည်မှာ သံသယဖြစ်စရာပင် မလိုခေ။ မည်သူကမျှ ဦးဆောင် တိုက်ခိုက်လိုခြင်း မရှိချေ။

“ဒီငွေသောက်တော် ရေခွက်ကို ဒါယိကာလေးတို့ပဲ ယူလိုက်ပါ။ ဒီကိုယ်တော်က တောင်ပံပြာ အရိုးနဂါးရဲ့ တည်နေရာကို သိပါတယ်။ အချိန်ကျလာရင် ဒါယိကာလေးတို့က ကိုယ်တော်တို့ သံသောက်တော် ရေခွက်ကို ရရှိဖို့အတွက် ကူညီပေးစေလိုပါတယ်”

ထိုသည်ကို ကြားမှသာ ဖန်တီးခြင်းခန်းမ ကိုယ်စားလှယ် သုံးဦးတို့ စိတ်သက်သာရာ ရမိကြသည်။

သူတို့အတွက် ဤသဘောတူညီချက်မှာ နစ်နာခြင်းမရှိချေ။

ဗုဒ္ဓလောကမှ နှစ်ဦးသာလျှင် ကူညီရန် ရောက်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့အား သံသောက်တော်ရေခွက် ရရှိရန် ပြန်လည် ကူညီပေးခြင်းမှာ မျှတပြီး ဆီလျော်မှုရှိလေသည်။

ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ်များသည် ထွေထွေထူးထူး စဉ်းစားခြင်းမပြုဘဲနှင့် လျင်မြန်စွာပင် လက်ခံလိုက်ကြသည်။

ထိုသို့ဖြင့် အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် ငွေသောက်တော် ရေခွက်အား ရရှိရန် မည်သို့ တိုက်ခိုက်ကြမည်ကို စတင်ဆွေးနွေး ကြလေသည်။

ထိုအချိန်တွင် အန်လင်းတို့သည် ကျုံးလုံတောင်တန်း၏ အရှေ့အရပ်သို့ ဦးတည်ကာ ပျံသန်းလာနေကြသည်။

သောက်တော်ရေခွက်များ၏ တည်နေရာများကို သိရှိခဲ့ပြီး ဖြစ်သည့်အတွက် သူတို့သည် ဦးတည်ရာမဲ့စွာ လှည့်လည် သွားလာနေခြင်းအား ရပ်တန့်လိုက်ကြသည်။ တက်ကြွမှုအပြည့်ဖြင့် ဦးတည်ရာအား လျင်မြန်စွာ ပျံသန်းလာကြခြင်းဖြစ်သည်။

“ဟိုးနားမှာ လျှပ်စီးတွေ လက်နေသလိုပဲ။ သေချာပေါက် အဲဒီနေရာပဲ ဖြစ်ရမယ်”

ဝမ်ရွှမ်ကျန့်၏ တိုက်ပွဲစိတ်ဆန္ဒများ နိုးကြွလာလေပြီ ဖြစ်သည်။

သံသောက်တော် ရေခွက်သည် သူ၏ အာသီသအား မဖြေဖျောက်နိုင်ပေ။ ငွေသောက်တော် ရေခွက်များအတွက် တိုက်ခိုက်ခြင်းသည် သာလျှင် သူ့အား တက်ကြွစေနိုင်ခြင်း ဖြစ်သည်။

ဝှစ်

သူတို့သည် ပို၍လျင်မြန်စွာ ပျံသန်းလာကြသည်။ သူတို့ထက်အရင် အခြားအဖွဲ့များ ရရှိသွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် လေမိုးကြိုးနယ်မြေ အတွင်း၌ မိုးကြိုးလျှပ်စီးများ ပေါက်ကွဲသွားလေသည်။

တုန်ယန်၏ တောင်ပံများမှ အားကောင်းသည့် ဓားခုတ်ချက်များ ထွက်ပေါ်လာပြီး မိုးကြိုးအမြွှာအား ခုတ်ပိုင်းလိုက်လေသည်။

မိုးကြိုးအမြွှာသည် လျှက်စီးအား လိုသလို အသုံးပြုနိုင်သည့်အတွက် တုန်ယန်၏ တိုက်ခိုက်မှုအား လွယ်ကူစွာ ရင်ဆိုင်နိုင်စွမ်းရှိသည်။ မျှော်လင့်မထားသည်မှာ ချင်ရှင်းသည် ချူပ်နှောင်ဝင်္ကပါနှင့် ပတ်သက်သည်များအား ကျွမ်းကျင်သူဖြစ်သည်။

အားကောင်းသည့် ချုပ်နှောင်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ချင်ရှင်း၏လက်ဖဝါးများမှ ရွှေရောင်သင်္ကတေများ ထွက်ပေါ်လာသည်။ ထိုသင်္ကေတများသည် မိုးကြိုးအမြွှာအား ခေတ္တမျှ ချုပ်နှောင်ထား နိုင်လေသည်။ ဤသို့ဖြင့် တုန်ယန်နှင့် ချင်ရှင်းတို့သည် မိုးကြိုးအမြွှာအား လျင်လျင်မြန်မြန်ပင် ဖမ်းချုပ်နိုင် လိုက်ကြသည်။

ထိုအနီးတွင် လေထဲတွင် ပျံဝဲနေသော လေအမြွှာရှိပြီး ချင်ကျစ်၏ ဗုဒ္ဓပုတီးစေ့များနှင့် ဖွဲ့စည်းထားသော ဝင်္ကပါဖြင့် ပိတ်လှောင်ထားခြင်း ခံနေရသည်။

ဟုန်သိုသည် ပေတစ်ရာအမြင့်ရှိသည့် ဧရာမ ကျောက်ဘီလူးကြီး အသွင်သို့ ပြောင်းလဲကာဖြင့် လေအမြွှာအား ထူထဲကြမ်းတမ်းလှသော လက်များဖြင့် ပစ်ပေါက်လိုက်လေသည်။

ဝုန်း

လေအမြွှာသည် ဟုန်သို၏ ကိုင်ပေါက်ခြင်း ခံရသည့်အတွက် မြေပြင်ဟက်တက်ကွဲကာ ပျက်စီးသွားလေသည်။

လေမိုးကြိုးအမြွှာသည် တစ်ချိန်တည်းမှာပင် ဖမ်းဆီးခြင်းခံလိုက်ရပြီ ဖြစ်သည်။

ရွှေရောင်လျှပ်စီးကြောင်း တစ်ခုသည် လေမိုးကြိုးဝင်္ကပါအား ထိုးခွင်းကာဖြင့် ငွေသောက်တော် ရေခွက်ထံသို့ ပြေးဝင်သွားလေသည်။

ငွေသောက်တော် ရေခွက်အား ကာရံထားသည့် ချုပ်နှောင်ဝင်္ကပါ ထွက်ပေါ်လာည်။ ပိုမိုပြင်းထန်ကာ အစွမ်းထက်သည် လေအကာအကွယ်အား ထုတ်ဖော်လိုက်သည်။ လေပြင်းများအတွင်း၌ လျှပ်စီးကြောင်းများ ပါဝင်ပေါင်းစပ်နေပြီး ဟွမ်ရှန့်အား ချိုးဖောက်နိုင်ခြင်း မရှိစေရန် တားဆီးထားလေသည်။

ဟွမ်ရှန့်သည် သောက်တော်ရေခွက်အား ကာကွယ်ပေးထားသည့် ဝင်္ကပါအား ဖြည်းညင်းစွာ ပယ်ဖျက်နိုင်ရန် မရွေးချယ်ခဲ့ပေ။ ထို့အစား ဝင်္ကပါအား ထိုးဖောက် ဝင်ရောက်ရန်သာ ရွေးချယ်လိုက်သည်။

“အင်ပါယာ နတ်ဘုရားမိုးကြိုး”

ဟွမ်ရှန့်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက် ပြီးနောက် သူ၏ခန္ဓာကိုယ်တွင် ပြင်းထန်သည့် ရွှေရောင် လျှပ်စီးကြောင်းများ ဖြစ်ပေါ်လာသည်။

ရွှေရောင်လျှပ်စီးများသည် စက်ဝိုင်းပုံ လမ်းကြောင်းအတိုင်း ထွက်ပေါ်လာပြီး ဟွမ်ရှန့်၏ပတ်လည်တွင် ရှိနေသည့် အပြာရောင် လျှပ်စီးကြောင်းများသည် ထိုအခိုက်အတန့်တွင် ခေတ္တမျှ မှေးမှိန်သွားလေသည်။ ထို့နောက်တွင် အပြာရောင် လျှပ်စီးကြောင်းများသည် ရွှေရောင် လျှပ်စီးကြောင်းများအား ကြောက်လန့်တကြား လမ်းဖယ်ပေး လိုက်ကြသည်။

ရွှေရောင်လျှပ်စီးကြောင်း၏ ကြောက်မက်ဖွယ်ရာ အပြင်းအထန် တိုက်ခိုက်မှုအောက်တွင် လေဝင်္ကပါ၏ အကာအကွယ်သည်လည်း အက်ကွဲပျက်စီး သွားလေသည်။

ဟွမ်ရှန့်သည် သူ၏ခွန်အား အပြည့်သုံးကာ ဟိန်းဟောက်လိုက် ပြီးနောက် ကျန်ရှိနေသေးသည့် နောက်ဆုံးသော လေဝင်္ကပါအား ချိုးဖြတ်ရန် ကြိုးစားလေသည်။

ထိုအချိန်မှာပင် လှံတစ်ချောင်းသည် သူ၏ လျှပ်စီးအုပ်ချုပ်သူ နယ်ပယ်အား အဇူရာနဂါး တစ်ကောင်ကဲ့သို့ ဆုတ်ဖြဲကာဖြင့် ပြင်းထန်စွာ ထိုးနှက်လာလေသည်။

ဟွမ်ရှန့်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နှလုံးသားထဲမှနေ အေးစက်မှုများ မြင့်တက်လာလေသည်။

သူ့အားတိုက်ခိုက်လာသည်မှာ လေမိုးကြိုးအမြွှာ မဟုတ်ဘဲ ကောင်းကင်ဘုံ ပိုင်နက်၏ ဝမ်ရွှမ်ကျန့် ဖြစ်လေသည်။

***

All Chapters