ဖန်ဆင်းခြင်းချီ၊ ဝိညာဉ်သန္ဓေသား၏ တရားစီရင်ပိုင်ခွင့်အာဏာ(၂)။
Vol. 29 Ch. 331
"နားလည်ပါပြီ… ယောက်ျားက အရာအားလုံးကို စဉ်းစားပြီးသားပဲ.."
"ကျွန်မ အဲ့ဒါကို ဖျက်ဆီးပစ်မိတော့မလို့…"
ဤသည်ကိုကြားသောအခါ၊ လန်ယွဲ့ရှီ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ သူမ ဤအချက်ကို ယခင်က ထည့်မစဉ်းစားမိခဲ့ပေ။
လက်ရှိအချိန်သည် ငြိမ်းချမ်းရေးကာလမဟုတ်၊ စစ်ပွဲကာလ ဖြစ်ပေသည်။
လင်းယာကျူတစ်ယောက် ဝိညာဉ်သန္ဓေသားကျင့်ကြံသူ ဖြစ်လာသည်ကို ဝူကျိမဟာမိတ်အဖွဲ့ သိရှိသွားပါက၊ သူတို့သည် သူမကို စစ်ပွဲတွင် ချက်ချင်း ဝင်ရောက်စေလိုကြမည်မှာ သေချာသည်။
မည်သို့ပင်ဖြစ်စေ၊ လင်းယာကျူသည် ဝိညာဉ်သန္ဓေသားနယ်ပယ်သို့ ယခုလေးမှသာ တက်လှမ်းခဲ့ခြင်း ဖြစ်သည်။
သူမသည် ရွှေအမြုတေကျင့်ကြံသူများထက် များစွာ ပိုမိုသန်မာသော်လည်း၊ ဝါရင့် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးများနှင့် ယှဉ်နိုင်ခြင်း မရှိပေ။ သူမသာ သူတို့ကို တိုက်ပွဲတွင် ရင်ဆိုင်ရပါက၊ အနိုင်ရရန်အခွင့်အလမ်း နည်းပါးပေလိမ့်မည်။
သူမ သတိမထားပါက၊ လင်းယာကျတစ်ယောက် စစ်ပွဲအလယ်တွင် သေဆုံးသွားနိုင်သည်။
ထို့ကြောင့်၊ ဤသတင်းကို ကြေညာခြင်းသည် အကျိုးအမြတ်နည်းပါးပြီး အားနည်းချက် များပြားလှချေသည်။
"မှန်တယ်.. ညီမလင်းက ဝိညာဉ်သန္ဓေသားအဆင့်ကို အခုလေးတင်မှ တက်လှမ်းထားတာ… သူမက ဝိညာဉ်သန္ဓေသား နည်းစနစ်တွေကိုတောင် မလေ့လာရသေးဘူး…"
"သူမရဲ့ တက်လှမ်းမှုကို ကြေညာလိုက်ရင်… ဝူကျိမဟာမိတ်အဖွဲ့က သူတို့အတွက် တိုက်ခိုက်ပေးဖို့ အတင်းအကျပ် ခိုင်းစေမှာ သေချာတယ်…"
"ဒီပင်လယ်ပြင်ဧရိယာမှာပဲ နေပြီး… ကိုယ့်ကိစ္စကိုယ် တိတ်တိတ်ဆိတ်ဆိတ် လုပ်နေတာ ပိုကောင်းတယ်.."
ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် မုဇီယန်တို့သည်လည်း လင်းယာကျူ၏ ဝိညာဉ်သန္ဓေသားနယ်ပယ်သို့ တက်လှမ်းခြင်းသတင်းကို ထုတ်ဖော်မပြောဘဲနေခြင်းက ပိုကောင်းသည်ဟု ထင်မြင်ကြသည်။
ဤနည်းဖြင့်၊ သူတို့၏ အင်မော်တယ်ရှားမြို့တော်တွင် ကြောက်မက်ဖွယ် ဝှက်ဖဲတစ်ချပ် ရှိလာပေလိမ့်မည်။
အနာဂတ်တွင် အင်မော်တယ်ရှားမြို့တော်ကို ထိခိုက်အောင် လုပ်ရဲသောမည်သူမဆို၊ ရက်စက်ကြမ်းကြုတ်မှုဟူသည်မှာ အဘယ်အရာဖြစ်သည်အား သေချာပေါက် သိအောင် လုပ်ပေးနိုင်ပေမည်။
……
တစ်လကြာပြီးနောက်...။
ကျိုးစွေ့ မျှော်လင့်ထားသည့်အတိုင်းပင်၊ လွန်ခဲ့သောတစ်လက ပေါ်ပေါက်ခဲ့သော ဝိညာဉ်သန္ဓေသားဖွဲ့စည်းခြင်းသည် ကြယ်သုံးပွင့်ကျွန်းစုတွင် မည်သည့် ဆူပူလှုပ်ရှားမှုမျှ မဖြစ်ပေါ်စေခဲ့ပေ။ သူ၏ တင်းကျပ်သော ပိတ်ဆို့မှုကြောင့် သတင်းပေါက်ကြားခြင်း မရှိခဲ့ပေ။
အင်မော်တယ်ရှားမြို့တော်ရှိ ကျင့်ကြံသူအများအပြားသည် ယခင် ကောင်းကင်လက္ခဏာများကို ဤပင်လယ်ပြင်ဧရိယာ၏ သဘာဝဖြစ်စဉ်တစ်ခု အဖြစ်သာ မှတ်ယူခဲ့ကြသည်။
ကျင့်ကြံသူ အချို့တလေ သံသယရှိကောင်း ရှိနိုင်သော်လည်း၊ သက်သေအထောက်အထား မရှိဘဲ၊ သံသယဝင်ရုံသာ တတ်နိုင်သည်။ သူတို့သည် မည်သည့်လှိုင်းဂယက်ကိုမှ စတင်ဖန်တီးနိုင်ခြင်း မရှိကြပေ။
“ယောက်ျား.."
ဤအချိန်တွင်၊ လင်းယာကျူနှင့် ချူတျဲယီတို့ နှစ်ဦးစလုံးသည် သူတို့၏ တံခါးပိတ်ကျင့်ကြံမှုကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။ သူတို့၏ အစောပိုင်းအဆင့် ဝိညာဉ်သန္ဓေသားကျင့်ကြံမှုကို ခိုင်မာစေခဲ့ပြီး လိုဏ်ဂူများမှ ထွက်လာကြသည်။
တစ်ဦးသည် အဖြူရောင် ကိုယ်ကျပ်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး၊ အခြားတစ်ဦးသည် အနက်ရောင် ဝတ်ဆင်ထားသည်။
သူတို့၏ ဂါဝန်များသည် ပြီးပြည့်စုံသော ကောက်ကြောင်းများကို ပုံဖော်နေပြီး၊ အသားအရေသည်လည်း စိုစွတ်သော အရောင်အလင်းဖြင့် တောက်ပနေကာ၊ လှုပ်ရှားလိုက်တိုင်း ယိမ်းနွဲ့နေသော ခန္ဓာကိုယ်များက ဆွဲဆောင်မှုရှိသောအသွင်အပြင်ကို ပြသနေကြသည်။
တစ်ဦးသည် အင်မော်တယ်ဘုံမှ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့၊ သေမျိုးများ ထိတွေ့၍ မရနိုင်သော သန့်ရှင်းစင်ကြယ်မှု ရှိနေချေသည်။
အခြားတစ်ဦးသည် မိစ္ဆာဘုံလောကမှ စုန်းမတစ်ယောက်ကဲ့သို့၊ ဆွဲဆောင်မှုလှိုင်းတံပိုးများ ထုတ်လွှတ်နေပြီး၊ လှုပ်ရှားမှုတိုင်းသည် မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ၏ ခံစားချက်များကို နှိုးဆွနိုင်သကဲ့သို့၊ ရိုင်းစိုင်းသော ဆန္ဒများကို လှုံ့ဆော်ပေးကာ၊ ခုခံရန် မဖြစ်နိုင်သလောက် ဖြစ်နေစေသည်။
ထင်ရှားသည်မှာ၊ ဝိညာဉ်သန္ဓေသားနယ်ပယ်သို့ တက်လှမ်းပြီးနောက်၊ အမျိုးသမီးနှစ်ဦး၏ ခန္ဓာကိုယ်များသည် ပြောင်းလဲလာပြီး၊ ပိုမိုပြီးပြည့်စုံလာခဲ့သည်။
"ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းရတာ ဘယ်လိုခံစားရလဲ…"
"ဝိညာဉ်သန္ဓေသားကျင့်ကြံသူတွေက ဘယ်လို စွမ်းရည်မျိုးတွေ ပိုင်ဆိုင်ထားကြလဲ…"
ကျိုးစွေ့က သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
ဝိညာဉ်သန္ဓေသားကျင့်ကြံသူများသည် အလွန်အစွမ်းထက်ကြောင်း သူ သိထားသော်လည်း၊ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး၏ စွမ်းအားကို ကိုယ်တိုင် မမြင်တွေ့ဖူးသဖြင့်၊ ဝိညာဉ်သန္ဓေသားကျင့်ကြံသူတစ်ဦး မည်သည့်စွမ်းရည်များ ပိုင်ဆိုင်ထားသည်ကို သူ ရှင်းရှင်းလင်းလင်း မသိပေ။
ယခုအခါ၊ သူ၏လက်တွဲဖော်နှစ်ဦးသည် အစောပိုင်းအဆင့် ဝိညာဉ်သန္ဓေသားသို့ တက်လှမ်းထားပြီ ဖြစ်ရာ၊ ၎င်းကို နားလည်ရန် အခွင့်အရေးကောင်း ဖြစ်ပေသည်။
ဤနည်းဖြင့်၊ သူသည် အနာဂတ်တွင် ရင်ဆိုင်ရနိုင်သော မည်သည့် ဝိညာဉ်သန္ဓေသားအဆင့် ရန်သူများကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။
"ခံစားချက်က အရမ်း ကောင်းတယ်.. အရည်အသွေးပိုင်းဆိုင်ရာ အသွင်ပြောင်းလဲမှုတစ်ခုလိုပဲ…"
"ယောက်ျား... ဝိညာဉ်သန္ဓေသားကျင့်ကြံသူတွေက ပင်လယ်ပြင်ဧရိယာတစ်ခုလုံးကို ဘာလို့ လွှမ်းမိုးထားနိုင်လဲဆိုတာ အခုမှ ကျွန်မနားလည်တော့တယ်…"
"ရွှေအမြုတေကျင့်ကြံသူတွေနဲ့ ယှဉ်ရင်… ဝိညာဉ်သန္ဓေသားကျင့်ကြံသူတွေက အများကြီး ပိုသန်မာတယ်…"
"ဝိညာဉ်သန္ဓေသားနယ်ပယ်ကို တက်လှမ်းပြီးနောက်မှာ.. ကျွန်မ ဝိညာဉ်သန္ဓေသား ဥပဒေသနယ်ပယ်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်ခဲ့တယ်…"
"ရွှေအမြုတေ ဥပဒေသနယ်ပယ်မှာ… သဘာဝဝိညာဉ်စွမ်းအင် တစ်စိတ်တစ်ပိုင်းကိုပဲ ထိန်းချုပ်နိုင်ပြီး.. အဲ့ဒါကို ကန့်သတ်ထားနိုင်တယ်…"
"ဒါပေမဲ့ ဝိညာဉ်သန္ဓေသား ဥပဒေသနယ်ပယ်က ရွှေအမြုတေ ဥပဒေသနယ်ပယ်ထက် ဆယ်ဆ.. အင်း.. ဒါဇင်နဲ့ချီပြီးတောင် ပိုအစွမ်းထက်တယ်…"
"ဘာလို့လဲဆိုတော့ အဲ့ဒါက သဘာဝဝိညာဉ်စွမ်းအင်ကို ခြယ်လှယ်နိုင်ပြီး.. ဒါဇင်နဲ့ချီ ပိုပြင်းထန်တဲ့ ဖျက်ဆီးစွမ်းအားကို ထုတ်လွှတ်နိုင်လို့ပဲ…"
"အစောပိုင်းအဆင့် ဝိညာဉ်သန္ဓေသားကျင့်ကြံသူ တစ်ယောက်တောင်မှ တိုက်ခိုက်မှုတစ်ချက်တည်းနဲ့ စတုရန်းကီလိုမီတာ ထောင်ပေါင်းများစွာရှိတဲ့ ဧရိယာကို ဖျက်ဆီးပစ်နိုင်တယ်…"
"နတ်ဘုရားတစ်ပါး ဖြစ်ရသလို ခံစားရတယ်.. သေမျိုးတွေက ကိုယ်နဲ့အဆင့်တူ မဟုတ်တော့ဘူးဆိုတာမျိုး.."
လင်းယာကျူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူမ၏စွမ်းအားသည် ယခုအခါ၊ နားလည်နိုင်စွမ်းထက် ကျော်လွန်အောင်ပင် အစွမ်းထက်နေကြောင်း သူမ အာရုံခံနိုင်သည်။
လက်ရှိသူမသည် ယခင်က သူမအယောက်တစ်ရာကို လွယ်ကူစွာ ချေမှုန်းနိုင်သည်ဟု ပြောနိုင်သည်။
ဤသည်မှာ အမှန်တကယ်ပင် အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်မှုတစ်ခု ဖြစ်သည်။ ရိုးရှင်းစွာပင် တူညီသောအဆင့်တွင် မရှိတော့ချေ။
"ဝိညာဉ်သန္ဓေသား ဥပဒေသနယ်ပယ်အပြင်.. ဝိညာဉ်သန္ဓေသားကျင့်ကြံသူတွေရဲ့ အမြန်နှုန်းက ရွှေအမြုတေကျင့်ကြံသူတွေထက် ဆယ်ဆကျော် ပိုမြန်တယ်…"
"ဝိညာဉ်သန္ဓေသားနယ်ပယ်ကို တက်လှမ်းပြီးနောက်… ဝိညာဉ်သန္ဓေသားကျင့်ကြံသူတွေက အလင်းရဲ့ အမြန်နှုန်းနဲ့ သွားလာနိုင်တယ်… ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးရဲ့ ပေါ့ပေါ့ပါးပါးပျံသန်းမှုက ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး အင်အားကုန်ထုတ်သုံးပြီး လုပ်ဆောင်တဲ့ အဆုံးစွန်သော လွတ်မြောက်ခြင်းပညာရပ်နဲ့ နှိုင်းယှဉ်နိုင်တယ်…"
"အရေးအကြီးဆုံးကတော့.. ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေမှာ သူတို့အသက်ကို ကယ်တင်ဖို့ အခွင့်အရေးတစ်ခု ရှိတယ်… သူတို့ အန္တရာယ်နဲ့ ကြုံတဲ့အခါ.. ခန္ဓာကိုယ်ထဲက ဝိညာဉ်သန္ဓေသားက ဖောက်ထွက်သွားနိုင်တယ်… ဝိညာဉ်သန္ဓေသားက ကီလိုမီတာ ထောင်ပေါင်းများစွာကို တည်နေရာပြောင်းရွှေ့နိုင်တယ်…"
"ဝိညာဉ်သန္ဓေသားက ခန္ဓာကိုယ်ကနေ ထွက်သွားပြီးတာတောင်… ပူးကပ်ဖို့ တခြားလူတွေရဲ့ ခန္ဓာကိုယ်တွေကို ရှာဖွေနိုင်ပြီးတော့.. ပြန်လည်အသက်ရှင်ဖို့ အခွင့်အရေး ရရှိနိုင်တယ်…"
"ဒါပေါ့လေ… ပူးကပ်ဖို့က အခွင့်အရေးတစ်ကြိမ်ပဲ ရှိတယ်…"
"တစ်ကြိမ်ပူးကပ်ပြီးရင်… နောက်တစ်ကြိမ်ဆိုတာ မရှိတော့ဘူး…"
"ဒါပေမဲ့… ပူးကပ်တာ အောင်မြင်ရင်တောင်… သက်တမ်းက တိုးလာမှာ မဟုတ်ဘူး… ပြီးတော့ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ယောက်ရဲ့ သက်တမ်း နှစ်(၁၂၀၀)ထက် ကျော်လွန်မှာ မဟုတ်တော့ဘူး…"
"ဒါကြောင့်.. ဒီစွမ်းရည်ကို အလွဲသုံးစားလုပ်လို့ မရဘူး…"
ချူတျဲယီသည်လည်း ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ ပိုင်ဆိုင်သော စွမ်းရည်အမျိုးမျိုးကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
"ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေက တကယ်ပဲ အဲ့ဒီလောက် ကြောက်စရာကောင်းတာလား…"
ဤသည်များအားကြားပြီးနောက်၊ ကျိုးစွေ့၏ မျက်ဆံများ ကျုံ့သွားချေသည်။
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ၏ စွမ်းအားသည် လူပုံသဏ္ဍာန် နျူကလီးယားဗုံးများနှင့် နှိုင်းယှဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းကြောင်း အစောကတည်းက သိထားသော်လည်း၊ ဤမျှထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုတစ်ချက်တည်းနှင့်၊ ထုတ်လွှတ်နိုင်သောစွမ်းအားသည် ကီလိုမီတာ ထောင်ပေါင်းများစွာအထိ ရောက်ရှိနိုင်ပေသည်။
ရိုးရိုးရှင်းရှင်း ဆိုရလျှင်၊ ယင်းသည် သက်ရှိနတ်ဘုရားတစ်ပါးပင် ဖြစ်လေသည်။
ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးက ပင်လယ်ပြင်ဧရိယာတစ်ခု၏ အာဏာရှင်ဖြစ်လာနိုင်ပြီး၊ နှစ်ထောင်ပေါင်းများစွာတိုင် အုပ်ချုပ်နိုင်ခြင်းသည် အံ့ဩစရာ မဟုတ်တော့ပေ။
ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးများ၏ ခွန်အားသည် အလွန်အမင်း ကြောက်စရာကောင်းလှသည်ဟုသာ ဆိုနိုင်ပေသည်။
ရွှေအမြုတေ ကျင့်ကြ့သူများစွာ ပူးပေါင်းထားလျှင်ပင်၊ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးက ချွေးတစ်စက်မထွက်ဘဲ တစ်ချက်တည်းရိုက်သတ်ပစ်နိုင်သည်။
အဆင့်များ ကွာခြားသွားသည်နှင့်၊ ကွာဟချက်က မိုးနှင့်မြေလောက် ခြားနားသွားချေသည်။
ထိုအကြောင်းပြချက်ကြောင့်ပင် အဆင့်ကျော်ဖြတ်ကာ စိန်ခေါ်နိုင်သော ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးများကို ခုခံအံ့တုနိုင်သော အသက်မွေးဝမ်းကျောင်း ကျင့်ကြံခြင်းပညာရပ်တစ်ခုသာ ရှိပေသည်။
ယင်းသည် အစီအရင်ပညာရပ်ပင် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ၊ စတုတ္ထအဆင့် အစီအရင်၏ စွမ်းအားသည်လည်း ထပ်တူထပ်မျှ ကြောက်မက်ဖွယ်ကောင်းပေသည်။ စတုတ္ထအဆင့် အစီအရင်ကို ခြယ်လှယ်ခြင်းသည် စတုတ္ထအဆင့် ဝိညာဉ်ကြော၏ စွမ်းအားကို ခြယ်လှယ်ခြင်းနှင့် တူညီပြီး၊ ၎င်းထုတ်လွှတ်သော စွမ်းအားသည် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါထက် မလျော့နည်းချေ။
ထို့ကြောင့်ပင်၊ စတုတ္ထအဆင့် အစီအရင်ပညာရှင်၏ အဆင့်အတန်းသည် အလွန်မြင့်မားပြီး၊ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးအောက် လုံးဝမနိမ့်ကျပေ။
“ခဏလေး… ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေမှာ တခြားသူတွေကို ပူးကပ်နိုင်တဲ့စွမ်းရည်တောင် ရှိတာလား…”
“အဲ့ဒီလိုဆိုရင်.. သာမန်ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတချို့က ထူးကဲတဲ့ စိတ်ဝိညာဉ်အမြစ်ရှိတဲ့ သူတွေကို ပူးကပ်နိုင်တယ်လို့ မဆိုလိုဘူးလား… ဥပမာ.. ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူတွေလေ..”
ကျိုးစွေ့ ဤအကြောင်းကို မစဉ်းစားဘဲ မနေနိုင်တော့ပေ။
အကယ်၍ ထိုဝိညာဉ်သန္ဓေသားဂိုဏ်းများသည် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူများကို စုဆောင်းပါက၊ သူတို့ကို ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးများ ပူးကပ်ရန် ခန္ဓာကိုယ်အခွံများအဖြစ် အသုံးပြုကောင်း အသုံးပြုနိုင်သည် မဟုတ်ပါလော။
ဤသို့သော အခြေအနေမျိုးတွင်၊ ဝိညာဉ်သန္ဓေသားဂိုဏ်းတစ်ခုသို့ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူအနေဖြင့် ဝင်ရောက်ခြင်းသည် ကောင်းသောကိစ္စ မဟုတ်နိုင်တော့ပေ။
"ယောက်ျား... အမှန်အတိုင်းပြောရရင်တော့.. အဲ့ဒီလိုကိစ္စတွေ တကယ် ဖြစ်ခဲ့ဖူးတယ်.."
"ကျွန်မတို့ ကောင်းကင်မိစ္ဆာဂိုဏ်းမှာတောင် တစ်ကြိမ်မက ဖြစ်ခဲ့ဖူးတယ်…"
"ဒါပေမဲ့ ယေဘုယျအားဖြင့်တော့.. အဲ့ဒါက တော်တော်လေး ရှားပါတယ်…"
ချူတျဲယီက လေးနက်စွာ ပြောပြလိုက်သည်။