← Chapters

ဒီယောက်ျားက ကျင့်ကြံသူမိန်းမလှ ဘယ်နှယောက်ကို ဒုက္ခပေးဦးမှာလဲ(၁)။

Vol. 29 Ch. 337

ဒီယောက်ျားက ကျင့်ကြံသူမိန်းမလှ ဘယ်နှယောက်ကို ဒုက္ခပေးဦးမှာလဲ(၁)။

Vol. 29 Ch. 337

"ပြောစမ်းပါဦး... တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ…"

"ဒီသတင်းအချက်အလက်တွေကို ရှင် ဘယ်က ရတာလဲ…"

သခင်မမက်မွန်ပွင့်သည် တည်ကြည်လေးနက်သော မျက်နှာထား၊ ညှို့ဓာတ်ပြင်းသော မျက်ဝန်းများဖြင့် ကျိုးစွေ့ကို စိုက်ကြည့်လိုက်သည်။

သူမသည် မည်သည့် စိတ်ခံစားမှုကိုမျှ ထုတ်ဖော်မပြဘဲ အဆန့်အတန်းမြင့် ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါဖြင့်၊ သူ့ကို ငုံ့ကြည့်နေကာ လုံးဝ လေးနက်နေသည့်ဟန် ပေါ်လေသည်။

သို့ရာတွင်၊ သူမ၏ ရင်ခုန်သံများ မြန်ဆန်လာသည်ကိုမူ သူမကိုယ်တိုင် မတားဆီးနိုင်ပေ။

ကျွတ်၊ ဒီလူက ဘယ်လိုလုပ် ဒီလောက် ချောမောခန့်ညားနေရတာလဲ…။ သူက မွေးရာပါလူချောလေးပဲ…။

သူ့ဘေးနားမှာ လှပတဲ့ ဇနီးမယားတွေ ဝိုင်းဝိုင်းလည်နေတာ အံ့သြစရာ မဟုတ်ပါဘူးလေ…။

ကောင်းကင်မိစ္ဆာဂိုဏ်းက စုန်းမတွေသာ သူ့ကို တွေ့သွားရင်.. သေချာပေါက် ပြန်ပေးဆွဲပြီး သူတို့ရဲ့ အိပ်ခန်းထဲမှာ တစ်သက်လုံး အပြင်ပေးမထွက်ဘဲ ပိတ်လှောင်ထားကြမှာ…။

ဒီလိုလူမျိုးက ပျားတွေကို ဆွဲဆောင်နေတဲ့ ပျားရည်လိုပဲ… နှုတ်ခမ်းနီမလေးတွေကြားမှာ ပြဿနာရှာမယ့်လူ…။

သူက လှပတဲ့ အမျိုးသမီးကျင့်ကြံသူ ဘယ်နှယောက်လောက်ကို ဒုက္ခပေးဦးမလဲဆိုတာ ငါ မသိတော့ဘူး…။

"စီနီယာ... ဒီလိုပါ… ကျွန်တော် ခရီးသွားနေရင်း မတော်တဆ သိလိုက်ရတာပါ…"

ကျိုးစွေ့သည် တည်ကြည်ခန့်ညားသော ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူ၏ စိတ်ထဲတွင် ဘာတွေ တွေးနေမှန်း မသိသဖြင့်၊ ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို အမှန်နှင့်အမှား ရောနှောကာ ရှင်းပြလိုက်သည်။

သူ သမင်ကြီးကျွန်းသို့ လာရသည့် အကြောင်းရင်းမှာ သူ၏ ချစ်လှစွာသော ဇနီးသည်သုံးဦးကို လာတွေ့ခြင်း ဖြစ်သော်လည်း၊ ပင်လယ်မျိုးနွယ်စုနှင့် ဟေးရှားနန်းတော်တို့၏ ပူးပေါင်းကြံစည်မှုကို မတော်တဆ တွေ့ရှိခဲ့ရခြင်း ဖြစ်ပေသည်။

ရလဒ်အနေဖြင့်၊ သူတို့သည် ပင်လယ်မျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူငါးဦးနှင့် ဟေးရှားနန်းတော်မှ သုံးဦးတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ရလေသည်။

ထိုအခါမှသာ သူတို့၏ အစီအစဉ်များကို သူ သတိထားမိခဲ့ခြင်း ဖြစ်သည်။

"ဒါဆိုရင်... ရှင်က ဝိညာဉ်နဲ့ သက်ဆိုင်တဲ့ စွမ်းအားကြီးမားတဲ့ လျှို့ဝှက်နည်းလမ်းတစ်ခုကို ကျွမ်းကျင်တယ်လို့ ဆိုလိုတာလား…"

"ဒီဝိညာဉ်လျှို့ဝှက်နည်းလမ်းက မိုင်ထောင်ချီလွှမ်းခြုံနိုင်တဲ့ အာရုံခံနိုင်စွမ်း ရှိတယ်ပေါ့…"

"ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက်တောင် ဒါကို အာရုံမခံနိုင်ဘူးတဲ့လား…"

သခင်မမက်မွန်ပွင့် အံ့သြသွားလေသည်။

ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး၏ နတ်ဘုရားအာရုံသည် စွမ်းအားကြီးမားသော်လည်း မိုင်ရာဂဏန်းခန့်သာ လွှမ်းခြုံနိုင်ကြောင်း သူမ သိထားသည်။

မိုင်ထောင်ချီ လွှမ်းခြုံနိုင်ခြင်းမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ၏ စွမ်းဆောင်ရည်ကိုပင် ကျော်လွန်နေပေသည်။

သို့သော်၊ သူမရှေ့မှောက်ရှိ ရွှေအမြုတေအဆင့်သာ ရှိသေးသော ဤလူသားသည် ဤမျှ စွမ်းအားကြီးမားသော လျှို့ဝှက်နည်းလမ်းကို ပိုင်ဆိုင်ထားသည်ဆိုခြင်းမှာ ယုံနိုင်စရာပင် မရှိချေ။

ကြည့်ရတာ ဒီလူ့မှာ ချီးကျူးစရာကောင်းတဲ့ အချက်တွေ အမှန်တကယ် ရှိနေပုံပဲ၊ ငါနဲ့တွဲဖို့ နည်းနည်းတော့ ထိုက်တန်သား…။

"ဟုတ်ပါတယ်…"

ကျိုးစွေ့ ခေါင်းညိတ်လိုက်သည်။ သခင်မမက်မွန်ပွင့်ကို သူ၏ လူရင်းတစ်ယောက်အဖြစ် သတ်မှတ်ထားသောကြောင့် ဤစွမ်းအားအကြောင်း ထုတ်ဖော်ပြောပြခြင်းက ပြဿနာမရှိဟု သူ ယူဆလေသည်။

ဆန့်ကျင်ဘက်အားဖြင့်၊ ဤသို့ ပြောပြလိုက်ခြင်းက သူမနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အဆင်ပြေချောမွေ့စေပေလိမ့်မည်။

"ဒါဆိုရင် သမင်ကြီးကျွန်းပေါ်က အခြေအနေအားလုံးကို ရှင် အာရုံခံနိုင်မလား…"

"ကျွန်းပေါ်ကို ခိုးဝင်လာတဲ့ အဲ့ဒီကျင့်ကြံသူတွေရဲ့ တည်နေရာကို ရှာပေးနိုင်မလား…"

သခင်မမက်မွန်ပွင့်က လေးနက်စွာ မေးလိုက်သည်။

ရိုးရိုးသားသား ဆိုရလျှင်၊ ဤကိစ္စသည် ဝူကျိမဟာမိတ်အဖွဲ့အတွက် သေရေးရှင်ရေး ကိစ္စဖြစ်သည်။

အကယ်၍၊ ပင်လယ်မျိုးနွယ်စုနှင့် ဟေးရှားနန်းတော်သာ သူတို့ လိုချင်တာ ရသွားခဲ့ပါက၊ ဝူကျိမဟာမိတ်အဖွဲ့ လုံးဝ ပြိုလဲမသွားသည့်တိုင် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားရပေလိမ့်မည်။

ထို့ကြောင့်၊ ဤခိုးဝင်လာသော ကျင့်ကြံသူများကို မည်သည့်နည်းနှင့်မဆို အမြစ်ပြတ် သုတ်သင်ရန် အရေးကြီးလှပေသည်။

"ကျွန်တော် ကြိုးစားကြည့်ပါ့မယ်…" ကျိုးစွေ့က လေးနက်စွာ ပြောလိုက်သည်။

လက်ရှိတွင် သူသည် ကိုယ်ပွားတစ်ခုသာ ဖြစ်ပြီး မူလ နတ်ဘုရားအာရုံအစွမ်း၏ ထက်ဝက်ခန့်သာ ပိုင်ဆိုင်ထားသည်။

သူ၏ သိစိတ်ပင်လယ်သည် ၁၅၀မိုင်ခန့်သာ လွှမ်းခြုံနိုင်ပြီး၊ နှလုံးသားမျက်လုံးသည် မိုင်၁၅၀၀ခန့်သာ လွှမ်းခြုံနိုင်သော်လည်း သူ့တွင် ကိုယ်ပွား အများအပြား ရှိနေသေးသည်။

သူ၏ ကိုယ်ပွားများ နေရာအနှံ့ ဖြန့်ကျက်ထားသရွေ့၊ သူတို့၏ နယ်ပယ်ကို အကန့်အသတ်မရှိ ချဲ့ထွင်နိုင်ပြီး သမင်ကြီးကျွန်း၏ ထက်ဝက်ကျော်ကို လွှမ်းခြုံနိုင်ပေလိမ့်မည်။

ဤကိုယ်ပွားများသည် ရေဒါများသဖွယ် ဆောင်ရွက်ပြီး ၎င်းတို့၏ တာဝန်ယူထားသော ဧရိယာများအတွင်းရှိ မည်သည့် လှုပ်ရှားမှုကိုမဆို အာရုံခံနိုင်လေသည်။

သို့သော် သူ၏ နှလုံးသားမျက်လုံးစွမ်းအားကို အချိန်ပြည့် အသက်သွင်းထား၍ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စိတ်စွမ်းအင်အများအပြားကို ကုန်ဆုံးစေသောကြောင့် ဖြစ်၏။ အရေးကြီးသော အခိုက်အတန့်များတွင်သာ အသုံးပြုလေ့ရှိသည်။

ဝုန်း…။

တစ်ခဏအတွင်း သမင်ကြီးကျွန်းတစ်ဝိုက်တွင် ဖြန့်ကျက်ထားသော ကိုယ်ပွားအခု (၃၀)သည် နှလုံးသားမျက်လုံးများကို ချက်ချင်း အသက်သွင်းလိုက်ကြပြီး၊ ကျွန်း၏ အစီအရင်အတွက် အရေးပါသော အဓိကနေရာများကို လွှမ်းခြုံလိုက်ကြသည်။

ချက်ချင်းပင် သမင်ကြီးကျွန်း၏ ထောင့်တိုင်းတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို သူ အာရုံခံမိလိုက်ပြီး သူ၏ အသိစိတ်ပင်လယ်ရှေ့မှောက်တွင် ပေါ်လာလေတော့သည်။

"တွေ့ပြီ…"

"ပင်လယ်မျိုးနွယ်စုရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ (၃၅၀)နဲ့ ဟေးရှားနန်းတော်ရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ (၃၀)… စုစုပေါင်း (၃၈၀) သမင်ကြီးကျွန်းထဲကို ခိုးဝင်ရောက်ရှိနေကြတယ်…"

"အရေးအကြီးဆုံးကတော့... ပင်လယ်မျိုးနွယ်စုက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူငါးဦးနဲ့ ဟေးရှားနန်းတော်က နှစ်ဦးလည်း ဝင်ရောက်နေကြတာပဲ…"

"သူတို့က သမင်ကြီးကျွန်းထဲကို ရောက်နေရုံတင် မကဘူး… တာဝေးပို့ဆောင်ရေး အစီအရင်နားကိုလည်း ရောက်နေကြပြီ…"

ကျိုးစွေ့ ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး၊ သူ စုဆောင်းရရှိထားသော သတင်းအချက်အလက် အများအပြားကို တင်ပြလိုက်သည်။

"သူတို့က သမင်ကြီးကျွန်းကို ဇကာပေါက်ဖြစ်အောင် လုပ်လိုက်ကြတာလား…"

"ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေ ဒီလောက်အများကြီး ဘယ်လိုလုပ် ခိုးဝင်လာနိုင်ကြတာလဲ…"

"ကင်းစောင့်တွေက ဘာလုပ်နေကြတာလဲ…"

သခင်မမက်မွန်ပွင့်၏ မျက်နှာထား တင်းမာခက်ထန်သွားသည်။

ထိုအချိန်ကျမှသာ သူမသည် သမင်ကြီးကျွန်း၏ အကျပ်အတည်း အတိမ်အနက်ကို သဘောပေါက်လိုက်သည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို အသာထား၊ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူခုနစ်ဦး ခိုးဝင်ရောက်ရှိလာခြင်းကပင် အဓိကစိုးရိမ်စရာ ဖြစ်နေချေပြီ။

သူမ အပါအဝင် ကျွန်းပေါ်တွင် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးငါးဦးသာ ရှိသည်ကို ထည့်သွင်းစဉ်းစားလျှင်။

အကယ်၍ ဤခိုးဝင်လာသူများသာ ဖျက်ဆီးလိုစိတ်ဖြင့် သောင်းကျန်းကြပါက လူမည်မျှ သေဆုံးရမည်ကို မည်သူ သိနိုင်ပါမည်နည်း။

"နေဦး... သူတို့က ဘာလို့ သမင်ကြီးကျွန်းကို ခိုးဝင်ရဲကြတာလဲ…"

"သူတို့ တည်နေရာသာ ပေါ်သွားရင် သမင်ကြီးကျွန်းရဲ့ စတုတ္ထအဆင့်အစီအရင် အသက်ဝင်လာတာနဲ့ သူတို့ သေမှာပဲဆိုတာ မသိကြဘူးလား…"

သခင်မမက်မွန်ပွင့် ရုတ်တရက် ဤအချက်ကို တွေးမိလိုက်သည်။

ယခင်က သမင်ကြီးကျွန်း လုံခြုံနေရခြင်းမှာ ကိုးငရဲ ဆန်းကြယ်သစ်သားအစီအရင် ဟူသော စတုတ္ထအဆင့် အဆင့်နိမ့်အစီအရင်ကြောင့် ဖြစ်သည်။

ဤအစီအရင်သာ အသက်ဝင်လာပါက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူပင်လျှင် ဒဏ်ရာမရဘဲ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့်၊ ပင်လယ်မျိုးနွယ်စု၏ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများသည် သမင်ကြီးကျွန်းကို မဆင်မခြင် တိုက်ခိုက်ရဲခြင်း မရှိဘဲ ပတ်ဝန်းကျင်မှသာ ခြိမ်းခြောက်နေခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခုအခါ၊ သူတို့သည် စတုတ္ထအဆင့်အစီအရင်ကို လျစ်လျူရှုပြီး ဤမျှ ရဲတင်းစွာ ဝင်ရောက်လာကြသည်။

ထို့ကြောင့် ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိသည်။

ကိုးငရဲ ဆန်းကြယ်သစ်သားအစီအရင်ကို ဖျက်ဆီးနိုင်မည့် နည်းလမ်းကို သူတို့ ရှာတွေ့ထားခြင်း ဖြစ်ပေမည်။

"သူတို့ဆီမှာ ထိပ်တန်းအဆင့်ဝိညာဉ်ရတနာ နဂါးချုပ်တိုင် ရှိနေတာ ဖြစ်မယ်…"

"ဒီထိပ်တန်းအဆင့် ဝိညာဉ်ရတနာက ဝိညာဉ်ကြောတွေကို ချိပ်ပိတ်နိုင်စွမ်း ရှိတယ်…"

"စတုတ္ထအဆင့် ဝိညာဉ်ကြောကိုတောင် အလွယ်တကူ ချိပ်ပိတ်နိုင်တယ်…"

ကျိုးစွေ့သည်၊ ၎င်းတို့၏ နည်းလမ်းကို အကြမ်းမျဉ်းအာရုံခံလိုက်ပြီး စတုတ္ထအဆင့် ထိပ်တန်း အစီအရင်ပညာရှင်တစ်ဦး၏ ဗဟုသုတဖြင့် မဟာဗျူဟာကို ချက်ချင်း သိလိုက်သည်။

ထိပ်တန်းအဆင့်ဝိညာဉ်ရတနာ နဂါးချုပ်တိုင်သည် သာမန် ဝိညာဉ်ချုပ်တိုင်ထက် အဆပေါင်းများစွာ ပိုမို စွမ်းအားကြီးမားသည်။

ဝိညာဉ်ချုပ်တိုင်များသည် သာမန် ဝိညာဉ်ကြောများကို ချိပ်ပိတ်ရန်သာ အသုံးပြုကြသည်။

နဂါးချုပ်တိုင်များမှာမူ စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့် ဝိညာဉ်‌ကြောများကိုပင် အလွယ်တကူ ချိပ်ပိတ်နိုင်ပြီး နဂါးသွေးကြောများကိုပင် ချိပ်ပိတ်နိုင်သည်။

သိထားရမည်မှာ၊ စတုတ္ထအဆင့် အစီအရင်တစ်ခု၏ ကြီးမားသော စွမ်းအားသည် စတုတ္ထအဆင့် သက်ရှိသွေးကြောပေါ်တွင် အပြည့်အဝမှီခိုနေရခြင်း ဖြစ်သည်။

စတုတ္ထအဆင့် ဝိညာဉ်ကြောသည် အစီအရင်တစ်ခု၏ စွမ်းအားအရင်းအမြစ် ဖြစ်၏။

လျှပ်စစ်ကားတစ်စီးအတွက် ဘက်ထရီကဲ့သို့ပင်။

စွမ်းအင်အရင်းအမြစ် မရှိပါက စတုတ္ထအဆင့် အစီအရင်သည် သဘာဝကျစွာပင် အသက်ဝင်နိုင်တော့မည် မဟုတ်ပေ။

ဆီမရှိသော ကားတစ်စီးကဲ့သို့၊ ဘာလုပ်လုပ် မောင်းနှင်၍ ရမည် မဟုတ်ချေ။

နဂါးချုပ်တိုင်ကဲ့သို့သော ထိပ်တန်းအဆင့် ဝိညာဉ်ရတနာသည် ထိုသို့သော မရှိမဖြစ်လိုအပ်သည့် အရာတစ်ခု ဖြစ်သည်။

သို့သော်၊ စတုတ္ထအဆင့် ဝိညာဉ်ကြောကို နဂါးချုပ်တိုင်အသုံးပြု၍ ချိပ်ပိတ်ရန်မှာ ထင်သလောက် မလွယ်ကူပေ။

ချိပ်ပိတ်ရန်အတွက် စတုတ္ထအဆင့် ဝိညာဉ်ကြော၏ မူလဇာစ်မြစ်နေရာကို ရှာဖွေရမည် ဖြစ်သည်။

ထင်ရှားသည်မှာ၊ ပင်လယ်မျိုးနွယ်စုနှင့် ဟေးရှားနန်းတော်မှ ကျင့်ကြံသူများသည် သမင်ကြီးကျွန်းပေါ်ရှိ စတုတ္ထအဆင့် ဝိညာဉ်ကြော၏ ဇာစ်မြစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ သူတို့ ပိုင်ဆိုင်ထားသော နဂါးချုပ်တိုင်ကို အသုံးပြုကာ စတုတ္ထအဆင့်အစီအရင်ကို ချက်ချင်း ချိပ်ပိတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပေမည်။

အစီအရင်ကြီး အသက်မဝင်တော့ပါက သူတို့၏ သာလွန်သော အရေအတွက်ကြောင့် ပင်လယ်မျိုးနွယ်စုနှင့် ဟေးရှားနန်းတော်တို့ အသာစီး ရသွားပေလိမ့်မည်။

ဝူကျိမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် ရှုံးနိမ့်ခြင်းနှင့်သာ ရင်ဆိုင်ရပေတော့မည်။

"ဒီခွေးကောင်တွေက ဒါကို ကြံစည်နေတာ ကြာပြီပဲ…"

သခင်မမက်မွန်ပွင့်၏ မျက်နှာတွင် အေးစက်သော ဒေါသအရိပ်အယောင်များ ပေါ်လာပြီး၊ နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်များ ဖြာထွက်လာလေသည်။

ဤကဲ့သို့သော အစီအစဉ်မျိုးကို တစ်ညတည်းနှင့် ရေးဆွဲနိုင်မည် မဟုတ်သည်မှာ ထင်ရှားသည်။

ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများနှင့် ဟေးရှားနန်းတော် အဖွဲ့ဝင်များသည် ဤကိစ္စကို အလွန် ကြာမြင့်စွာကတည်းက ပူးပေါင်းကြံစည်နေခဲ့ကြခြင်း ဖြစ်ပေမည်။

ယခုမူ သူတို့၏ အကြံအစည်မှာ နောက်ဆုံး၌ အထမြောက်သွားခဲ့လေပြီ။

ဝုန်း..။

ထိုအချိန်တွင် သမင်ကြီးကျွန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ပြင်းအား ၇ သို့မဟုတ် ၈အဆင့်ရှိသော ငလျင်လှုပ်သကဲ့သို့ ဖြစ်သွားချေသည်။ ရှိနေသမျှ ကျင့်ကြံသူများအားလုံး ထိုကြီးမားသော တုန်ခါမှုကို ခံစားလိုက်ကြရသည်။

နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းများက မြေပြင်အနှံ့ ပေါ်လာပြီး မိုင်ရာချီ ရှည်လျားလေသည်။

All Chapters