ဒီယောက်ျားက ကျင့်ကြံသူမိန်းမလှ ဘယ်နှယောက်ကို ဒုက္ခပေးဦးမှာလဲ(၃)။
Vol. 29 Ch. 339
ထိုအချိန်ရောက်လျှင် သူသည် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပေမည်။ သူ၏ စွမ်းအားနှင့် အဆင့်အတန်းမှာ တုပြိုင်၍ ရမည် မဟုတ်တော့ပေ။
ထို့ကြောင့်လည်း သူသည် ဤစစ်ဆင်ရေးတွင် ပါဝင်ရန် ကြီးမားသော စွန့်စားမှုကို လုပ်ရဲခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနိုင်ပါက၊ အနာဂတ်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာနိုင်ခြေ ရှိလာပေမည်။
ထို့ကြောင့်၊ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများကို ကူညီပြီး သမင်ကြီးကျွန်း၏ စတုတ္ထအဆင့် အစီအရင်ကြီးကို ဖျက်ဆီးပေးရခြင်းက ကိစ္စမရှိပေ။
မိဆွေများနှင့် မိသားစုကို သတ်ခိုင်းလျှင်ပင် သူ တွန့်ဆုတ်နေမည် မဟုတ်ပေ။
သို့သော်ငြား၊ ဤမျှ ရှည်လျားသော နှစ်ကာလများတိုင်အောင် နေထိုင်လာခဲ့ပြီးနောက် သွေးအသတ်အဖြတ်ဘိုးဘေးတွင် မိတ်ဆွေ သို့မဟုတ် မိသားစုဟူ၍ မကျန်ရှိတော့သလောက်ပင်။
အခြေခံအားဖြင့် သူသည် တစ်ကောင်ကြွက် ဖြစ်နေလေပြီ။
မိတ်ဆွေဟု ဆိုရလျှင်မူ၊ သစ္စာဖောက်တတ်သည်ဟု နာမည်ကြီးသော မိစ္ဆာကျင့်ကြံသူတစ်ဦးနှင့် မိတ်ဆွေဖွဲ့လောက်အောင် မိုက်မဲသည့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ မရှိသည်မှာ သေချာသည်။
"စိတ်ချပါ... ငါတို့ ပင်လယ်မျိုးနွယ်စုက ကတိတည်ပါတယ်…"
"ဒီစစ်ဆင်ရေး ပြီးသွားတာနဲ့ ဖန်ဆင်းခြင်းဆေးလုံးကို သေချာပေါက် ပေးအပ်မှာပါ…"
"လုံးဝ နှောင့်နှေးကြန့်ကြာမှု မရှိစေရဘူး…"
ပင်လယ်နွားမျိုးနွယ်စု ခေါင်းဆောင်က ရင်ဘတ်ကို ထုကာ ယုံကြည်မှုရှိရှိ အာမခံလိုက်သည်။
သို့သော် သူ့စိတ်ထဲတွင်မူ မဲ့ပြုံး ပြုံးနေမိသည်။
အမှန်တရားမှာ သူသည် ဖန်ဆင်းခြင်းဆေးလုံးကို မောင်ပိုင်စီးရန် ပြင်ဆင်ထားပြီး ဖြစ်သည်။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများကို အတားအဆီးများ ကျော်ဖြတ်နိုင်ရန် ကူညီပေးနိုင်သည့် ဤမျှ အဖိုးတန်သော စတုတ္ထအဆင့် ဆေးလုံးမျိုးကို လူသား ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးအား မည်သို့ပြု၍ လိုလိုလားလား ပေးနိုင်ပါမည်နည်း။
သူတို့ ပင်လယ်မျိုးနွယ်စုနှင့် ပူးပေါင်းဆောင်ရွက်နေလျှင်ပင်၊ မည်သို့ပင်ဖြစ်စေ လူသားသည် လူသားပင် မဟုတ်ပါလော။
သူတို့ကို အသုံးချလို့ပဲ ရမည် ဖြစ်ပြီး၊ ယုံကြည်စရာအကြောင်းမရှိပေ။ အသုံးမဝင်တော့သည်နှင့် ပြန်လည်သတ်ဖြတ်ရမည့်အချိန်ပင်။
လက်ရှိတွင်မူ၊ ထိုလူသား ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများမှာ တန်ဖိုးရှိနေသေးသည်။
ဝူကျိမဟာမိတ်အဖွဲ့၏ စွမ်းအားကို ချေမှုန်းရန်နှင့် လူသားကျင့်ကြံသူအချင်းချင်း ပြည်တွင်းစစ်ဖြစ်အောင် လှုံ့ဆော်ရန်အတွက် ဤလူသား ဝိညာဉ်သန္ဓေသား၏ အင်အားကို သူ အသုံးချရန် လိုအပ်နေသေးသည်။
ထိုအခါမှသာ သူတို့ ပင်လယ်မျိုးနွယ်စုသည် ရေပြင်ကို ပြန်လည်စိုးမိုးနိုင်မည်ဖြစ်ပြီး၊ ရှေးခေတ်ကာလက ဘုန်းကျက်သရေကို ပြန်လည် ရယူနိုင်မည် ဖြစ်သည်။
"ဒါဆိုရင်လည်း ပြီးတာပါပဲ… တခြား ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေ ဘယ်ရောက်သွားကြပြီလဲ…"
သွေးအသတ်အဖြတ်ဘိုးဘေး မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ပင်လယ်နွားမျိုးနွယ်စု ခေါင်းဆောင်ကို မေးလိုက်သည်။
ဟေးရှားနန်းတော်မှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့်၊ သူသည် တစ်ဖက်လူ၏ စကားကို မိုက်မဲစွာ ယုံကြည်လိမ့်မည် မဟုတ်ပေ။
ဤစစ်ဆင်ရေးကို သူ သဘောတူခဲ့ရသည့် အကြောင်းရင်းမှာ သူသည်လည်း ဝူကျိမဟာမိတ်အဖွဲ့၏ စတုတ္ထအဆင့် အစီအရင်ကို ဖျက်ဆီးရန် ပင်လယ်မျိုးနွယ်စု၏ စွမ်းအားကို အသုံးပြုလိုသောကြောင့် ဖြစ်သည်။
သမင်ကြီးကျွန်း၏ ကြွယ်ဝချမ်းသာမှုသည်သာ သူ၏ တပ်မက်ရခြင်း အကြောင်းရင်းအမှန် ဖြစ်သည်။
ဖန်ဆင်းခြင်းဆေးလုံးကို မရလျှင်ပင်၊ သမင်ကြီးကျွန်းမှ ရတနာများစွာကို ရနိုင်သရွေ့ တန်သည် မဟုတ်ပါလော။ လုံးဝ အလဟသဖြစ်မည့် ခရီးစဉ် မဟုတ်ချေ။
အကယ်၍၊ တစ်ဖက်လူကသာ သူ့အာ ပြန်လည် တိုက်ခိုက်လာမည်ဆိုပါက၊ ထိုသားရဲကောင်အား သတ်ဖြတ်ပြီး ရတနာများ လုယုရန် သူ ဝန်လေးနေမည် မဟုတ်ပေ။
"ကဏန်းကြီး မျိုးနွယ်စု… မြှားငါး မျိုးနွယ်စုနဲ့ ပုစွန်နီ မျိုးနွယ်စု ခေါင်းဆောင်တွေကတော့ သမင်ကြီးကျွန်းပေါ်က တာဝေးပို့ဆောင်ရေး အစီအရင်ကို ဖျက်ဆီးဖို့ ထွက်သွားကြပြီ…"
"တာဝေးပို့ဆောင်ရေး အစီအရင်ကို ဖျက်ဆီးပြီးတာနဲ့… ဝူကျိမဟာမိတ်အဖွဲ့က စစ်ကူ ပို့နိုင်တော့မှာ မဟုတ်ဘူး…"
"ကျယ်ပြောလှတဲ့ သမုဒ္ဒရာကြီးထဲမှာ တာဝေးပို့ဆောင်ရေး အစီအရင်သာ မရှိရင်… ဝူကျိကျွန်းကနေ ဒီနေရာကို ရောက်ဖို့ အနည်းဆုံး ဆယ်ရက်လောက် ကြာလိမ့်မယ်… အဲ့ဒီအချိန်ကျရင် တိုက်ပွဲက လုံးဝ ပြီးဆုံးနေလောက်ပြီ…."
"ရေဘဝဲမျိုးနွယ်စု ခေါင်းဆောင်နဲ့ ဟေးရှားနန်းတော်က အကြီးအကဲ မဟူရာအလောင်းကောင်တို့ကတော့… သမင်ကြီးကျွန်းပေါ်က တခြား ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေကို ခြုံခိုတိုက်ခိုက်ဖို့ သွားကြပြီ…"
ပင်လယ်နွားမျိုးနွယ်စု ခေါင်းဆောင်က လေးနက်စွာ ပြောလိုက်သည်။
ဤသည်မှာ၊ သူတို့ရဲ့ ယခင် အစီအစဉ်ပင် ဖြစ်သည်။
သမင်ကြီးကျွန်း၏ စတုတ္ထအဆင့် အစီအရင်ကို အောင်မြင်စွာ ချိပ်ပိတ်ပြီးသည်နှင့် ကျန်ရှိသော ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများက သူတို့၏ စစ်ဆင်ရေးကို စတင်ကြပြီး ကျွန်းကို ဖျက်ဆီးမည် ဖြစ်သည်။
ဝူကျိမဟာမိတ်အဖွဲ့မှ လူသားကျင့်ကြံသူ အများအပြားကို ခြုံခိုတိုက်ခိုက်ပြီး သတ်ဖြတ်ပွဲကြီး စတင်ကြမည် ဖြစ်သည်။
"ဒါဆိုရင် ငါတို့လည်း သွားပြီး သူတို့ကို ကူညီကြစို့…"
"သမင်ကြီးကျွန်းက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေ ပြန်လည်တန်ပြန်ပြီး.. ငါတို့ အစီအစဉ်ကို မဖျက်ဆီးနိုင်အောင်…"
သွေးအသတ်အဖြတ်ဘိုးဘေးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"မပူပါနဲ့.. အလောတကြီး လုပ်စရာ မလိုပါဘူး… ဝူကျိမဟာမိတ်အဖွဲ့က ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေ အခုလောက်ဆို လုံးဝ ရှုပ်ထွေးနေလောက်ပြီလို့ ငါ ထင်တယ်…"
"သူတို့ ဘာဖြစ်နေလဲဆိုတာတောင် သိကြမှာ မဟုတ်ဘူး.."
"ပြီးတော့ အခု ငါတို့ဘက်က အရေအတွက် သာလွန်နေတယ်… သမင်ကြီးကျွန်းက လူသား ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေက သေချာပေါက် ငါတို့ပြိုင်ဘက် မဟုတ်ဘူး…"
"သခင်မမက်မွန်ပွင့်က သမင်ကြီးကျွန်းမှာ နေတယ်လို့ ငါ ကြားတယ်… ဒီလူသား အမျိုးသမီးကျင့်ကြံသူက ဝူကျိတာအိုအရှင်ရဲ့ သမီးပဲ…"
"ဒီသခင်မမက်မွန်ပွင့်ကိုသာ ငါတို့ ဖမ်းမိရင်… ဝူကျိမဟာမိတ်အဖွဲ့ကို လက်နက်ချအောင် ဖိအားပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်…"
ပင်လယ်နွားမျိုးနွယ်စု ခေါင်းဆောင်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
ရိုးရိုးသားသားဆိုရလျှင်၊ ဤတစ်ခေါက် သူတို့၏ အကြီးမားဆုံး ပစ်မှတ်မှာ သခင်မမက်မွန်ပွင့် ဖြစ်သည်။
အကယ်၍ သူတို့သာ ဤသခင်မမက်မွန်ပွင့်ကို အရှင်ဖမ်းမိပါက တိုက်ခိုက်စရာ မလိုဘဲ အောင်နိုင်ပေလိမ့်မည်။
ထိုအချိန်ကျလျှင် ဝူကျိတာအိုအရှင်သည် သေချာပေါက် အထိန်းချုပ်ခံရမည်ဖြစ်ပြီး၊ ဝူကျိမဟာမိတ်အဖွဲ့သည် တိုက်ခိုက်စရာမလိုဘဲ ပြိုကွဲသွားနိုင်သည်။
"အဲ့ဒါဆိုရင် အမြန်သွားကြစို့…"
"ဒီသခင်မမက်မွန်ပွင့်က ချန်လန်ပင်လယ်ဒေသမှာ အလှဆုံးလို့ ပြောစမှတ်ပြုကြတယ်.. ထူးခြားလွန်းတဲ့ အလှပဂေးလေးပဲ…."
"ဒီအလှပဂေးလေးက ဘယ်လိုအရသာရှိမလဲ သိချင်မိတယ်…"
သွေးအသတ်အဖြတ်ဘိုးဘေး၏ မျက်လုံးများတွင် လောဘအရိပ်အယောင်များ ပေါ်လာသည်။
…
ထိုအချိန်၌ပင် ရေဘဝဲမျိုးနွယ်စု ခေါင်းဆောင်နှင့် အကြီးအကဲ မဟူရာအလောင်းကောင်တို့သည် သမင်ကြီးကျွန်းပေါ်ရှိ ဘဏ္ဍာတိုက်တစ်ခုအနီးတွင် ပုန်းအောင်းနေကြသည်။
ဤသည်မှာ သမင်ကြီးကျွန်းရှိ ဝူကျိမဟာမိတ်အဖွဲ့၏ ဘဏ္ဍာတိုက်ဖြစ်ပြီး ဆေးလုံးများ၊ အဆောင်လက်ဖွဲ့များ၊ မှော်ရတနာများနှင့် တန်ဖိုးကြီးမားသော ဝိညာဉ်ကျောက်တုံး အများအပြားကို သိုလှောင်ထားပြီး၊ အစောင့်အရှောက် ထူထပ်လှသည်။
သို့သော်၊ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများအတွက်မူ ထိုကာကွယ်ရေးသည် အားနည်းသည်ဟု ယူဆနိုင်သည်။
"မင်းတို့ လူသားကျင့်ကြံသူတွေက တကယ် အထင်ကြီးစရာပဲ…"
"သမင်ကြီးကျွန်းရဲ့ ဘဏ္ဍာတိုက်ကို မင်းတို့ အရမ်းမြန်မြန် ရှာတွေ့ခဲ့တာပဲ…"
"မင်းသာမရှိရင်.. ဘဏ္ဍာတိုက်ရဲ့ တည်နေရာကို ရှာဖို့ ဘယ်လောက်ကြာမလဲဆိုတာ ငါ မသိဘူး…"
အမှောင်ထဲတွင် ပုန်းအောင်းနေသော ရေဘဝဲမျိုးနွယ်စု ခေါင်းဆောင်သည် သက်ပြင်းချလိုက်ပြီး၊ သူ့ရှေ့မှ ဘဏ္ဍာတိုက်ကို လောဘတကြီး ကြည့်လိုက်သည်။
ရတနာများကို လုယူနိုင်ရန် ချက်ချင်း ပြေးဝင်သွားချင်စိတ်ပင် ပေါက်နေမိချေသည်။
"ဘာမှ မပြောပလောက်ပါဘူး…"
"ငါက သမင်ကြီးကျွန်းရဲ့ မြေပုံကို အရင်ရထားလို့ ဘဏ္ဍာတိုက်တည်နေရာကို ရှာတွေ့တာပါ…"
"ဒီတစ်ခါတော့ ဘဏ္ဍာတိုက်ကို လုယူဖို့ ပူးပေါင်းလိုက်ကြရအောင်…"
"ရလာတဲ့ ရတနာတွေကို တစ်ဝက်စီ ခွဲကြမယ်လေ... ဘယ်လိုလဲ…"
အကြီးအကဲ မဟူရာအလောင်းကောင်က အနည်းငယ် ပြုံးလိုက်သည်။
"ဒါက သိပ်မသင့်တော်ဘူး ထင်တယ်…"
"တခြား ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေ အကုန်လုံးက သမင်ကြီးကျွန်းရဲ့ အစီအရင်ကို ဖျက်ဆီးဖို့ လုပ်ဆောင်နေကြတာ…"
"ဒါပေမဲ့ ငါတို့ကျမှ ဘဏ္ဍာတိုက်ကို ဖောက်ပြီး ရတနာတွေကို ခိုးယူမယ်ဆိုတော့… နည်းနည်း မသင့်တော်သလိုပဲ…"
ရေဘဝဲမျိုးနွယ်စု ခေါင်းဆောင် တွန့်ဆုတ်သွားသည်။
"ဘာ မသင့်တော်စရာ ရှိလို့လဲ… အများဆုံးတော့ သူတို့ကို ရတနာနည်းနည်းပါးပါး ခွဲပေးလိုက်ပေါ့…"
"ဒါပေမဲ့ ရတနာဘယ်လောက်ရခဲ့တယ် ဆိုတာကတော့ ငါတို့အပေါ်မှာပဲ မူတည်တယ် မဟုတ်လား…"
အကြီးအကဲ မဟူရာအလောင်းကောင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"မင်းတို့ လူသားကျင့်ကြံသူတွေက တကယ့်ကို ကောက်ကျစ်တာပဲ…"
"ကဲ... ဒါဆိုရင်လည်း ပျော်ပျော်ကြီး ပူးပေါင်းကြတာပေါ့…"
ရေဘဝဲမျိုးနွယ်စု ခေါင်းဆောင်က ခဏတာ စဉ်းစားပြီးနောက် ချက်ချင်း သဘောတူလိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ မိစ္ဆာဖြစ်ပြီး ကိုယ့်အတွက်ကိုယ် မကြည့်ပါက၊ ကောင်းကင်နှင့်မြေကြီး၏ ပြစ်ဒဏ်ခတ်ခြင်းကို ခံရနိုင်သည် မဟုတ်လော။
သူသည် စည်းစိမ်ဥစ္စာတစ်ခုတည်းအတွက် ပင်လယ်မျိုးနွယ်စု တပ်မတော်ကြီးနှင့် ပူးပေါင်းကာ လူသားပိုက်နက်ထဲသို့ ဝင်လာခဲ့ခြင်းပင်။
နက်ရှိုင်းသော အမုန်းတရား…။
ယင်းသည် လုပ်ဇာတ်တစ်ခုသာ ဖြစ်၏။
အကျိုးအမြတ်သာ မရှိပါက၊ မည်သူက ဤသို့သော အသက်နှင့်ရင်းပြီး စွန့်စားပါမည်နည်း။
မပြောပလောက်သော အကျိုးအမြတ်အတွက်နှင့် အပြင်းအထန် တိုက်ခိုက်နေရခြင်းသည် မိုက်မဲလွန်းရာ ကျနေသည် မဟုတ်ပါလော။
"ကဲ... ဒါဆိုရင် အတည်ပဲ… ဘဏ္ဍာတိုက်ကို စောင့်နေတဲ့ အစောင့်တွေကို အရင် ရှင်းပစ်ရအောင်…"
အကြီးအကဲ မဟူရာအလောင်းကောင်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။
သူသည် လက်ဝှေ့ယမ်းလိုက်ပြီး ပျံသန်းနိုင်သော ဖုတ်ကောင် (၁၈)ကောင်ကို ဆင့်ခေါ်လိုက်ရာ၊ ၎င်းတို့အားလုံးထံမှ ပြင်းထန်သော အလောင်းကောင်နံ့များ ထွက်ပေါ်လာပြီး မြေပြင်ကို အေးခဲသွားစေမတတ် ဖြစ်နေသည်။
ယင်းသည် သူ၏ အလောင်းကောင် ထိန်းချုပ်ခြင်း လျှို့ဝှက်ပညာရပ်ပင်။ သူသည် ဘယ်သောအခါမျှ သူ၏ ကိုယ်ပိုင်ခန္ဓာဖြင့် မတိုက်ခိုက်ချေ။
အမြဲတစေ သူကိုယ်တိုင် ပြုပြင်ဖန်တီးထားသော ဖုတ်ကောင်များဖြင့်သာ တိုက်ခိုက်လေ့ရှိသည်။
ထို့အပြင်၊ သူသည် အားနည်းသူကို အနိုင်ကျင့်သည့်နေရာတွင် အထူးကျွမ်းကျင်ပေသည်။ အန္တရာယ် တစ်စုံတစ်ရာနှင့် ကြုံတွေ့ရပါက တွေဝေမနေဘဲ ချက်ချင်း ထွက်ပြေးတတ်သည်။
နှစ်ပေါင်းများစွာ သတိထားပြီး နိုးကြားနေခြင်းက သူ့ကို အခုချိန်ထိ အသက်ရှင်စေခဲ့ခြင်း ဖြစ်လေသည်။
"သတ်…"
ရေဘဝဲမျိုးနွယ်စု ခေါင်းဆောင်ကလည်း အားကျမခံပေ။
သူ့ဆီမှ မရေမတွက်နိုင်သော ရေဘဝဲလက်တံများ ထွက်ပေါ်လာပြီး၊ သူ့ပတ်လည် မိုင်ရာချီသော နယ်မြေတစ်ခုကို ဖန်တီးလိုက်သည်။
အနက်ရောင် လက်တံများသည် လှံများကဲ့သို့ အသံထက် အဆများစွာ မြန်သောအရှိန်ဖြင့် ဘဏ္ဍာတိုက်ကို စောင့်ကြပ်နေသော ကျင့်ကြံသူများထံသို့ ပြေးဝင်သွားကြသည်။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူနှစ်ဦး တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြရာ၊ ပတ်ဝန်းကျင် တခွင်လုံးတွင် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားလေသည်။
ထိုဧရိယာအတွင်းရှိ အပူချိန်သည် ဒီဂရီပေါင်းများစွာ ကျဆင်းသွားသကဲ့သို့ ဖြစ်နေပြီး လူများကို တုန်လှုပ်ချောက်ချားစေတော့သည်။