← Chapters

သခင်မမက်မွန်ပွင့်၏ ညှို့ဓာတ်၊ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို အဘယ်ကြောင့် ညသန်းခေါင်ချိန်းဆိုရသနည်း(၁)။

Vol. 29 Ch. 333

သခင်မမက်မွန်ပွင့်၏ ညှို့ဓာတ်၊ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို အဘယ်ကြောင့် ညသန်းခေါင်ချိန်းဆိုရသနည်း(၁)။

Vol. 29 Ch. 333

"တော်သေးတာပေါ့... 'အိပ်မက်ဝိညာဉ်ကူ'ရဲ့ အကူအညီ ရှိနေလို့… မဟုတ်ရင် မိစ္ဆာမျိုးစေ့သုံးခုဆီက ဝင်လာတဲ့ မှတ်ဉာဏ်တွေက အရမ်း အန္တရာယ်များလွန်းတယ်…"

ကျိုးစွေ့ သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။

ယခင်က ယန်မိုဂိုဏ်း၏ အထွတ်အထိပ်ကျင့်စဉ်ဖြစ်သော မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်ကို ကျင့်ကြံပြီးနောက်၊ လူအများအပြား အဘယ်ကြောင့် မိစ္ဆာစိတ်ဝင်သွားကြသနည်းဆိုသည်ကို ယခုမှပင် သူ ကောင်းစွာ နားလည်သဘောပေါက်တော့သည်။ မိစ္ဆာမျိုးစေ့၏ အန္တရာယ်မှာ ကြီးမားလွန်းလှပေစွ။

၎င်းသည် တစ်ဖက်လူ၏ ဘဝတစ်လျှောက်လုံးမှ မှတ်ဉာဏ်များအားလုံးကို ခွဲခြားခြင်းမရှိဘဲ ကူးပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

လက်ခံမည့်သူ ခံနိုင်ရည် ရှိမရှိကိုလည်း ဂရုမစိုက်ပေ။

လူတစ်ဦး၊ နှစ်ဦးစာ မှတ်ဉာဏ်ဆိုလျှင် ပြဿနာမရှိသော်လည်း လူတစ်ဒါဇင်၊ သို့မဟုတ် ရာဂဏန်းခန့်၏ မှတ်ဉာဏ်များဆိုပါက၊ လူတစ်ဦး၏ အသိစိတ်ကို အမှန်တကယ် ပြိုလဲသွားစေနိုင်သည်။ ဤဒဏ်ကို ခံနိုင်ရည်ရှိရန်မှာ မလွယ်ကူလှချေ။

စဉ်းစားကြည့်လေလေ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်မှာ လူသားများ ကျင့်ကြံရန် ဖန်တီးထားသည့် ကျင့်စဉ်မဟုတ်ဟု ခံစားရလေလေပင်။

ကံကောင်းထောက်မစွာဖြင့် သူ့တွင် အကူအညီပေးနိုင်သည့် 'အိပ်မက်ဝိညာဉ်ကူ' ရှိနေသည်။ သို့မဟုတ်ပါက၊ ဤကဲ့သို့သော ကျင့်စဉ်မျိုးကို သူ ကျင့်ကြံရဲမည် မဟုတ်ပေ။

"ဒါပေမဲ့.. ရှန်ကွမ်းရွှီနဲ့ တခြားလူတွေက ဘာလို့ ရုတ်တရက် သေသွားရတာလဲ…"

ကျိုးစွေ့ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး၊ 'အိပ်မက်ဝိညာဉ်ကူ'မှတစ်ဆင့် ရှန်ကွမ်းရွှီနှင့် အခြားသူများ၏ မှတ်ဉာဏ်များကို စတင်ရှာဖွေလိုက်သည်။

ရှန်ကွမ်းရွှီနှင့် အခြားသူများသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ရှန်ကွမ်းဘိုးဘေးကြီး၏ မျိုးဆက်များလည်း ဖြစ်ကြသည်။ ထိုသူတို့ကို မည်သူက သတ်ဖြတ်ရဲပါသနည်း။

သို့ရာတွင်၊ ယခုအခါ ၎င်းတို့ ရုတ်တရက် သေဆုံးသွားပြီဖြစ်ရာ ကြီးမားသော ဖြစ်ရပ်တစ်ခုခု ဖြစ်ပျက်ခဲ့သည်မှာ ဧကန်မလွဲပင်။

ခဏအကြာတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်းဆိုသည်ကို သူ နောက်ဆုံး၌ နားလည်သွားလေသည်။

"တကယ်ကြီး... ဟေးရှားနန်းတော်က ကျင့်ကြံသူတွေရဲ့ လက်ချက်နဲ့ သေသွားတာပဲ…"

ကျိုးစွေ့ ရုတ်တရက် သဘောပေါက်သွားသည်။

ဤကာလအတွင်း ဝူကျိမဟာမိတ်အဖွဲ့နှင့် ပင်လယ်မျိုးနွယ်စုတို့ မကြာခဏ တိုက်ခိုက်နေကြ၏။

အဓိကတိုက်ပွဲများမှာ ဝူကျိမဟာမိတ်အဖွဲ့၏ ဒုတိယခံစစ်စည်းတလျှောက်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဝူကျိမဟာမိတ်အဖွဲ့၏ ဒုတိယခံစစ်စည်းကို တတိယအဆင့် ကျွန်းပေါင်း (၁၀၈)ကျွန်းဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့သည် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများ ဝူကျိကျွန်း၏ ဗဟိုဒေသများသို့ ကျူးကျော်ဝင်ရောက်ခြင်းမှ တားဆီးပေးသည့် အဓိက အတားအဆီးများ ဖြစ်ကြသည်။

ရှန်ကွမ်းရွှီသည် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး၏ သားဖြစ်သော်လည်း၊ ဝူကျိမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ စစ်ပွဲတွင် မဖြစ်မနေ ပါဝင်ရလေသည်။

သို့သော်၊ သူ့၌ အခွင့်ထူးတချို့တော့ ရှိနေသေး၏။

ထို့ကြောင့် သူ့ကို စတုတ္ထအဆင့်ကျွန်းဖြစ်သော သမင်ကြီးကျွန်းသို့ စေလွှတ်ထားခြင်း ဖြစ်သည်။

၎င်းသည် စစ်ပွဲ၏ ရှေ့တန်းမျက်နှာစာတွင် ရှိသော ကျွန်းဖြစ်သော်ငြား၊ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးအချို့နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများစွာ တပ်စွဲထားသည့် နေရာဖြစ်သည်။ မည်သည့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူမျှ သမင်ကြီးကျွန်းကို လာရောက်တိုက်ခိုက်လောက်အောင် မိုက်မဲကြမည် မဟုတ်ပေ။

ထို့ကြောင့် သမင်ကြီးကျွန်းသည် အတော်လေး လုံခြုံသည်ဟု ဆိုရပေမည်။

ထို့ပြင်၊ သူသည် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး၏ သားဖြစ်သောကြောင့် သူ့ကို ပေးအပ်သော တာဝန်များမှာ အတော်လေး လွယ်ကူပြီး အန္တရာယ်နည်းပါးလေသည်။

ရှန်ကွမ်းရွှီသည် သမင်ကြီးကျွန်းတွင် နှစ်ပေါင်းများစွာ မည်သည့်ပြဿနာမျှ မရှိဘဲ တပ်စွဲနေထိုင်ခဲ့သည်။

သို့သော် မည်သူထင်မှတ်ထားမည်နည်း။ မမျှော်လင့်ထားသော အဖြစ်အပျက်များသည် မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်လာတတ်စမြဲပင် မဟုတ်ပါလော။

တစ်ညတွင် ရှန်ကွမ်းရွှီနှင့် သူ့လက်အောက်ငယ်သား ရွှေအမြုတေအဆင့် နှစ်ဦးတို့သည် မသင်္ကာဖွယ်ကောင်းသော လူအချို့ကို မတော်တဆ တွေ့ရှိခဲ့ကြသည်။

ထို့ကြောင့် စုံစမ်းရန် ဆုံးဖြတ်လိုက်ကြသည်။

၎င်းတို့ တွေ့ရှိလိုက်ရသော သူများမှာ ဟေးရှားနန်းတော်မှ ရွှေအမြုတေအဆင့် မိစ္ဆာကျင့်ကြံသူများ ဖြစ်နေကြသည်။

ထိုမိစ္ဆာကျင့်ကြံသူများသည် သမင်ကြီးကျွန်းပေါ်သို့ တစ်နည်းနည်းဖြင့် ခိုးဝင်လာကြပြီး ကျွန်း၏အစီအရင်ကို တိတ်တဆိတ် ဖျက်ဆီးရန် ကြံစည်နေပုံရသည်။

ခန့်မှန်းနိုင်သည့်အတိုင်းပင်၊ သတင်းပေါက်ကြားမှုကို တားဆီးရန်အတွက် ရှန်ကွမ်းရွှီနှင့် သူ့လူများသည် ဟေးရှားနန်းတော်မှ ကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းကို ချက်ချင်း ခံလိုက်ရလေသည်။

၎င်းတို့သည် တစ်စက္ကန့်မျှပင် တောင့်ခံမထားနိုင်ခဲ့ကြပေ။

"သူတို့ သေသွားတာလည်း ကောင်းတာပဲ.."

ကျိုးစွေ့သည် ရှန်ကွမ်းရွှီနှင့် သူ့အပေါင်းအပါများ သေဆုံးသွားမှုအတွက် မည်သို့မျှ မခံစားရပေ။

အမှန်စင်စစ်အားဖြင့်၊ ဤလူသုံးဦးကို ခြေရာလက်ရာမကျန်အောင် နှုတ်ပိတ်ပစ်ရန် သင့်တော်သော အကြောင်းပြချက်တစ်ခုကို သူ ရှာဖွေနေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။

ယခုမူ ရှန်ကွမ်းဘိုးဘေးကြီးအနေဖြင့်၊ သူ့သား၏ သေဆုံးမှုကို ကျိုးစွေ့အပေါ် မည်သည့်အခါမျှ ပုံချ၍ ရတော့မည် မဟုတ်ပေ။

အရာအားလုံး အဆင်ပြေသွားခဲ့ချေ‌ပြီ။ သူသည် ဖြေရှင်းရန် နည်းလမ်းကောင်းပင် မစဉ်းစားရသေးမီ ဟေးရှားနန်းတော်မှ ကျင့်ကြံသူများက သူတို့လက်ဖြင့်ပင် ရှန်ကွမ်းရွှီနှင့် အပေါင်းအပါများကို ရှင်းလင်းပစ်လိုက်ကြသည်။

အခြေခံအားဖြင့်မူ သူ့အစား ခေါင်းခံပေးလိုက်ခြင်းပင် ဖြစ်သည်။

ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူရှန်ကွမ်းချင်း ဒေါသထွက်လျှင်တောင်မှ ကျိုးစွေ့ထံ လာရောက်ပြီး ပြဿနာရှာ၍ မရနိုင်တော့ပေ။

သူသည် ဟေးရှားနန်းတော်မှ ကျင့်ကြံသူများကိုသာ သွားရောက် ပြဿနာရှာနိုင်တော့မည် မဟုတ်ပါလော။

"နေဦး... ဒီလိုဆိုရင် သမင်ကြီးကျွန်းက ပြဿနာအကြီးကြီး တက်တော့မှာ မဟုတ်လား…"

ရုတ်တရက် ကျိုးစွေ့ ဤအချက်ကို တွေးမိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် လန်ယွဲ့ရှီ၊ ရှန်ပိချန်နှင့် လင်းယာကျူတို့အဖြစ် ရုပ်ဖျက်ထားသည့် သူ၏ ကိုယ်ပွားသုံးခုက သမင်ကြီးကျွန်းတွင် ရှိနေသောကြောင့်ပင်။

သို့သော် သူ့ကိုယ်ပွားသုံးခု သေဆုံးသွားလျှင်တောင်မှ ကိစ္စမရှိလှပေ။

ပြန်လည် ဖန်တီးလိုက်ရုံသာ မဟုတ်ပါလော။

ပြဿနာမှာ၊ သမင်ကြီးကျွန်းတွင် တပ်စွဲထားသည့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများထဲမှ တစ်ဦးသည် သခင်မမက်မွန်ပွင့် ဖြစ်နေခြင်းပင်။

သခင်မမက်မွန်ပွင့်သာ သေဆုံးသွားပါက၊ သူ၏ ယခင်ကြိုးပမ်းအားထုတ်မှုများအားလုံး အချည်းနှီး ဖြစ်ရပေတော့မည်။

ထို့အပြင်၊ ဤသို့ ညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှုရှိသော အလှပဂေးလေး သေဆုံးသွားမည်ကို သူ မည်သို့မျှ ကြည့်ရက်နိုင်မည် မဟုတ်ပေ။

"ဒီသတင်းကို သခင်မမက်မွန်ပွင့်ဆီ အသိပေးမှ ဖြစ်မယ်…"

"ဟမ်... မိစ္ဆာကျင့်ကြံသူတွေက ငါ့ရဲ့ ကိုယ်ပွားတွေကို လုပ်ကြံဖို့ ကြံစည်နေကြတယ် ဟုတ်လား…"

ကျိုးစွေ့ သတင်းတစ်ခု ရရှိလိုက်ပြီး သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သမင်ကြီးကျွန်းပေါ်ရှိ သူ့ကိုယ်ပွားများထံမှ သတင်းဖြစ်သည်။

…

ဤအချိန်၌ သမင်ကြီးကျွန်းပေါ်တွင် ကြယ်ရောင်ပါးပါးသာရှိသော ညသန်းခေါင်ယံ ကောင်းကင်အောက်…။

ကျိုးစွေ့၏ ကိုယ်ပွားသုံးခုသည် ကျွန်းကို လှည့်လည်ကင်းစောင့်နေကြ၏။

၎င်းတို့သည် သမင်ကြီးကျွန်းတွင် တပ်စွဲထားသည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်ပြီး၊ နာမည်ဂုဏ်သတင်း အတော်အတန် ကျော်ကြားနေပြီ ဖြစ်သည်။

ကျိုးစွေ့၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအမြုတေ အလယ်အလတ်အဆင့်သို့ ရောက်ရှိလာပြီးနောက်ပိုင်း သူ၏ ကိုယ်ပွားများ၏ စွမ်းအားသည်လည်း အံ့မခန်း တိုးတက်လာခဲ့သည်။

၎င်းတို့၌ ကျိုးစွေ့၏ စွမ်းအား ထက်ဝက်ခန့်သာ ရှိသော်လည်း သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူများနှင့် ယှဉ်နိုင်သည့် အနေအထား မဟုတ်ပေ။

ရွှေအမြုတေ နောက်ပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် သူ့ကိုယ်ပွားများ၏ ပြိုင်ဘက် မဟုတ်ကြပေ။

ထို့ကြောင့် သူ၏ကိုယ်ပွားသုံးခုသည် တိုက်ပွဲများအတွင်း အဆင့်သုံး မိစ္ဆာသားရဲများနှင့် အဆင့်သုံး ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူအများအပြားကို သုတ်သင်ရှင်းလင်းခဲ့ပြီး ဖြစ်သည်။ ၎င်းတို့သည် ကြီးမားသော စွမ်းဆောင်ရည်များကို ပြသခဲ့ကြပြီး သမင်ကြီးကျွန်း၏ လုံခြုံရေးအတွက် တာဝန်ရှိသည့် တပ်ဖွဲ့အချို့ကို ဦးဆောင်ရန် ခန့်အပ်ခြင်း ခံထားရသည်။

၎င်းတို့၏ တာဝန်မှာ ရန်သူများ ကျွန်းပေါ်သို့ ခိုးဝင်လာခြင်းနှင့် ကျွန်းရှိအစီအရင်ကို ဖျက်ဆီးခြင်းမှ တားဆီးရန် ဖြစ်သည်။

သမင်ကြီးကျွန်းသည် အလွန်အရေးပါရသည့် အကြောင်းရင်းမှာ ကီလိုမီတာ သန်းဆယ်ချီ၊ ရာချီ အကွာအဝေးထိ အလွယ်တကူ ပို့ဆောင်ပေးနိုင်သော တာဝေးပို့ဆောင်ရေး အစီအရင် ရှိနေသောကြောင့် ဖြစ်သည်။

ဤတာဝေးပို့ဆောင်ရေး အစီအရင် မပျက်စီးသရွေ့၊ ဝူကျိမဟာမိတ်အဖွဲ့၏ နေရာအသီးသီးမှ စစ်ကူများကို ဆက်တိုက် ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။

ထို့ကြောင့်၊ ပင်လယ်မျိုးနွယ်စုသည် သမင်ကြီးကျွန်းကို သိမ်းပိုက်ပြီး ထိုအစီအရင်ကို ဖျက်ဆီးရန် အမြဲ ဆန္ဒရှိနေခဲ့ကြသည်။

အကယ်၍ ဤအချက်ကိုသာ အောင်မြင်သွားပါက ပင်လယ်မျိုးနွယ်စုသည် ပင်လယ်ပြင်ဧရိယာကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး၊ ဝူကျိမဟာမိတ်အဖွဲ့သည် ကြီးမားသော နယ်မြေအများအပြားကို ဆုံးရှုံးရပေလိမ့်မည်။

ကျိုးစွေ့၏ ကိုယ်ပွားသုံးခုသည် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများ ကျွန်းပေါ်သို့ ခိုးဝင်လာခြင်းမှ ကာကွယ်ရန် သမင်ကြီးကျွန်း၏ အစွန်အဖျားများကို ကင်းလှည့်ရန် တာဝန်ယူထားရသည်။ ဤကင်းလှည့်တာဝန်သည် ပထမခံစစ်စည်းဖြစ်သဖြင့် အလွန်အရေးကြီးလှပေသည်။

ယခုအချိန်၌ သစ်တောတစ်ခုအတွင်းတွင်...။

ပင်လယ်မျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူငါးဦးနှင့် ဟေးရှားနန်းတော်မှ ရွှေအမြုတေအဆင့် ကျင့်ကြံသူသုံးဦးတို့သည် တတိယအဆင့် ကိုယ်ပျောက်အဆောင်လက်ဖွဲ့များကို အသုံးပြု၍ ခိုးဝင်ရောက်ရှိနေကြပြီ ဖြစ်သည်။

၎င်းတို့သည် ကင်းလှည့်အဖွဲ့မှ ရှာဖွေတွေ့ရှိခြင်းကို ရှောင်ရှားရန် သူတို့၏ ရှိရင်းစွဲအရှိန်အဝါနှင့် ပုံသဏ္ဌာန်များကို ဖုံးကွယ်ထားပြီး သမင်ကြီးကျွန်းထဲသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်လာကြသည်။

"အဲ့ဒါ သူတို့ပဲ... ဟိုရွှေအမြုတေအဆင့် မိန်းမသုံးယောက်ပဲ.."

"အဲ့ဒီ မိန်းမယုတ်သုံးယောက်ကို ပြာဖြစ်သွားရင်တောင် ငါ မှတ်မိတယ်…"

"ငါတို့ ပင်လယ်မျိုးနွယ်စု ရွှေအမြုတေအဆင့် ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တာ ဒီလူသား ရွှေအမြုတေအဆင့် မိန်းမသုံးယောက်ပဲ…"

"ဒီနှစ်တွေအတွင်းမှာ… ငါတို့ရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ အနည်းဆုံး တစ်ရာလောက် သူတို့လက်ချက်နဲ့ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာ…"

"ဒါက ပင်လယ်လောက် နက်ရှိုင်းတဲ့ ရန်ကြွေးပဲ…"

ပင်လယ်မျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသည် အံကိုကြိတ်လျက် ပြင်းထန်သော အမုန်းတရားဖြင့် ကျိုးစွေ့၏ ကိုယ်ပွားသုံးခုကို ချက်ချင်း သတိထားမိလိုက်သည်။

သူ၏အမုန်းတရားများမှာ ထိန်းချုပ်မရနိုင်လောက်အောင် ဖြစ်နေပြီး၊ သူ့မျိုးနွယ်စုဝင်များအတွက် ချက်ချင်း လက်စားချေလိုနေသည်။

ထင်ရှားသည်မှာ ကျိုးစွေ့သည် ပြီးခဲ့သောနှစ်များအတွင်း သူ၏ တာဝန်ကို ရက်ရက်စက်စက် ထမ်းဆောင်ခဲ့ပုံရသည်။

ရွှေအမြုတေအဆင့်နှင့် အခြေတည်အဆင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ အများအပြားသည် သူ့ကိုယ်ပွားသုံးခု၏ လက်ချက်ဖြင့် သနားညှာတာမှုကင်းမဲ့စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

သို့သော် ဤသည်မှာလည်း မတတ်နိုင်သော ကိစ္စပင်။

All Chapters