← Chapters

သခင်မမက်မွန်ပွင့်၏ ညှို့ဓာတ်၊ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို အဘယ်ကြောင့် ညသန်းခေါင်ချိန်းဆိုရသနည်း(၂)။

Vol. 29 Ch. 334

သခင်မမက်မွန်ပွင့်၏ ညှို့ဓာတ်၊ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို အဘယ်ကြောင့် ညသန်းခေါင်ချိန်းဆိုရသနည်း(၂)။

Vol. 29 Ch. 334

မူလခန္ဓာကိုယ်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာမှုကြောင့် ကိုယ်ပွားသုံးခုသည်လည်း ပြီးပြည့်စုံခြင်းအဆင့် ဓားဆန္ဒကို ပိုင်ဆိုင်ထားကြသည်။

သူတို့အားလုံးသည် ကြောက်စရာကောင်းသော ဓားကျင့်ကြံသူများ ဖြစ်ကြသည်။

များသောအားဖြင့် ဓားချက်တစ်ချက်တည်းဖြင့်ပင် ရွှေအမြုတေအဆင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်သည်။

ဒုတိယအကြိမ် ထပ်တိုက်စရာ မလိုပေ။

ယင်းသည် ဓားကျင့်ကြံသူများ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားပင်။ တိုက်ကွက်တစ်ကွက်တည်းဖြင့် သေစေနိုင်သော ဒဏ်ရာ၊ သို့မဟုတ် သေဆုံးခြင်းကို ဖြစ်ပေါ်စေသည်။

ထို့ကြောင့် သူတို့၏ ကြောက်စရာကောင်းသော ဂုဏ်သတင်းသည် ပင်လယ်ပြင်တခွင် သောသောညံနေပြီး၊ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ အများအပြားကို ထိတ်လန့်စေခဲ့သည်။

ဤအချက်သည် အမုန်းတရားများစွာကို ဆွဲဆောင်မိစေသည်မှာ အမှန်ပင်။

ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများစွာသည် သူတို့ကို သုတ်သင်ပစ်လိုနေကြသည်။

"စိတ်လိုက်မာန်ပါ မလုပ်နဲ့…"

"မင်းက ငါတို့ကို သေအောင် လုပ်ချင်နေတာလား…"

"မင်းမှာ ဒီမိန်းမတွေနဲ့ ပတ်သက်ပြီး.. နက်ရှိုင်းတဲ့ ရန်ကြွေးရှိတာတော့ မှန်ပါတယ်.."

"ဒါပေမဲ့ ဒီတစ်ခါ ငါတို့ရဲ့ တာဝန်က.. တာဝေးပို့ဆောင်ရေး အစီအရင်ကို ဖျက်ဆီးဖို့ဆိုတာ မမေ့နဲ့…"

"ငါတို့သာ အခု တိုက်ခိုက်လိုက်ပြီး သူတို့ကို အသိပေးလိုက်သလို ဖြစ်သွားရင်.. ငါတို့ရဲ့ အစီအစဉ်က လုံးဝ ကျရှုံးသွားလိမ့်မယ်…"

"မင်းက ပင်လယ်မျိုးနွယ်စုရဲ့ ကြီးမားတဲ့ စီမံကိန်းကို ဖျက်ဆီးချင်နေတာလား…"

ဟေးရှားနန်းတော်မှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဟယ်ခွန်းလင်းက အလျင်အမြန် တားဆီးလိုက်သည်။

၎င်းတို့သာ ဤနေရာ၌ တိုက်ခိုက်ရန် ရွေးချယ်လိုက်ပါက အခြားကျင့်ကြံသူများကို သတိပေးလိုက်သကဲ့သို့ သေချာပေါက် ဖြစ်သွားပေလိမ့်မည်။

ထိုအခါ၌ သူတို့ခန္ဓာကိုယ်များ ဤနေရာ၌ပင် ပုပ်ပွပြီး သေဆုံးရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့်၊ သူတို့ပါ ရောနှော၍ ဒုက္ခမရောက်စေရန်အတွက် ဤစိတ်လိုက်မာန်ပါ လုပ်တတ်သော ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူကို မည်သည့်နည်းနှင့်မဆို တားဆီးရပေမည်။

"ကောင်းပြီလေ... ငါတို့ ပင်လယ်မျိုးနွယ်စုရဲ့ အစီအစဉ်က အရေးအကြီးဆုံးပါပဲ.."

"တာဝေးပို့ဆောင်ရေး အစီအရင်ကို ဖျက်ဆီးပြီးမှ ဒီမိန်းမသုံးယောက်ကို သတ်ပစ်မယ်..."

ပင်လယ်မျိုးနွယ်စု ရွှေအမြုတေအဆင့် ကျင့်ကြံသူသည် အံကိုကြိတ်လျက် သူ့ဒေါသကို ယာယီ ထိန်းချုပ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ သူ၏ ရန်ကြွေးထက် ပင်လယ်မျိုးနွယ်စု၏ အစီအစဉ်က ပိုမိုအရေးကြီးကြောင်း သူ နားလည်သည်။

သူ၏ မဆင်မခြင်မှုကြောင့် ပင်လယ်မျိုးနွယ်စု၏ အစီအစဉ် ပျက်စီးသွားပါက သူ အကြိမ်တစ်ထောင် သေလျှင်ပင် နောင်တရ၍ ဆုံးမည် မဟုတ်ပေ။

"မင်းတို့ ဟေးရှားနန်းတော် လူတွေက ငါတို့ ပင်လယ်မျိုးနွယ်စုကို ကူညီလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး…"

"မင်းတို့လည်း လူသားကျင့်ကြံသူတွေ ဖြစ်ပါလျက်နဲ့… ဘာလို့ ကိုယ့်မျိုးနွယ်ကို သစ္စာဖောက်ရတာလဲ…"

အခြား ပင်လယ်မျိုးနွယ်စု ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက ဟေးရှားနန်းတော်မှ ကျင့်ကြံသူသုံးဦးကို သံသယဖြင့် ကြည့်လိုက်သည်။

သူသည် ဤလူသားကျင့်ကြံသူများကို မယုံကြည်ပေ။

အရေးကြီးသော အချိန်ရောက်မှ သူတို့ကို သစ္စာဖောက်သွားပါက၊ သူတို့၏ အစီအစဉ်များ သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

ပင်လယ်မျိုးနွယ်စု၏ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးက အဘယ်ကြောင့် ဤဟေးရှားနန်းတော်မှ ကျင့်ကြံသူများကို ယုံကြည်လိုရသနည်း ဆိုသည်ကို သူ နားမလည်နိုင်ပေ။

"လူသားတွေ ဟုတ်လား…"

"လူသားတွေဆိုတာ အရေအတွက် မရေမတွက်နိုင်အောင် များပြားတဲ့ မျိုးစိတ်ကြီးတစ်ခုပဲ…"

"လူသားတိုင်း စည်းလုံးကြတာ မဟုတ်ဘူး… တစ်ခါတလေ လူသားအချင်းချင်း တိုက်ခိုက်တာက လူသားနဲ့ ပင်လယ်မျိုးနွယ်စုကြား ပဋိပက္ခထက်တောင် ပိုပြင်းထန်သေးတယ်…"

"မင်းတို့ ပင်လယ်မျိုးနွယ်စုထဲမှာရော ပြည်တွင်းစစ်မရှိဘူးလို့ ပြောချင်တာလား…"

"မင်းတို့ ပင်လယ်မျိုးနွယ်စုက စည်းလုံးနေတယ်လို့ မထင်နဲ့… အဲ့ဒါက မင်းတို့မှာ ဘုံရန်သူဖြစ်တဲ့ လူသားတွေရှိနေလို့သာ စည်းလုံးနေကြတာ…"

"မင်းတို့ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ လူသားတွေသာ ပျောက်ကွယ်သွားရင်… ပင်လယ်မျိုးနွယ်စုတွေလည်း အချင်းချင်း ပြန်သတ်ကြတော့မှာပဲလို့ ငါ ထင်တယ်… ဟားဟား…"

ဟေးရှားနန်းတော်မှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဟယ်ခွန်းလင်းက ရယ်မောလိုက်ပြီး ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူငါးဦးကို ဝေ့ကြည့်လိုက်သည်။

"ဒါက..."

ဤစကားကို ကြားသောအခါ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများ နှုတ်ဆိတ်သွားကြသည်။

ဤမိစ္ဆာကျင့်ကြံသူ ပြောပြချက်မျာ မှန်ကန်ကြောင်း သူတို့ ဝန်ခံရပေမည်။

ပြောစမှတ်ရှိကြသည်မှာ ရှေးဟောင်းခေတ်ကာလ၊ ချန်လန်ပင်လယ်တွင် လူသားများ မပေါ်ပေါက်လာမီက ပင်လယ်မျိုးနွယ်စုသည် အမြဲတမ်း ပဋိပက္ခများ ဖြစ်ပွားနေခဲ့ကြသည်။

အရင်းအမြစ်များ လုယူရန်အတွက် သူတို့အချင်းချင်း မကြာခဏ သတ်ဖြတ်ခဲ့ကြပြီး၊ နက်ရှိုင်းသော အမုန်းတရားများ ဖြစ်ပေါ်စေခဲ့သည်။

ယနေ့အချိန်ထိ၊ လူသားများ သူတို့၏ နယ်မြေများကို တိုးချဲ့လာကြသည့်တိုင် ပင်လယ်မျိုးနွယ်စုအတွင်းမှ သဘောထားကွဲလွဲမှုများမှာ ပြေလည်ခြင်း မရှိသေးပေ။

ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး၏ အတင်းအကျပ် ဖိအားပေးမှုသာ မရှိပါက၊ သူတို့ ဤမျှ စည်းလုံးကြမည် မဟုတ်ပေ။

ရှင်းရှင်းပြောရလျှင်၊ လူသားများသာ သူတို့လက်ချက်ဖြင့် အမှန်တကယ် ရှုံးနိမ့်သွားခဲ့ပါက၊ နောက်တစ်နေ့မှာပင် ပင်လယ်မျိုးနွယ်စုက အစိတ်စိတ်အမွှာမွှာ ကွဲသွားပေလိမ့်မည်။

အခြေခံအားဖြင့် ပင်လယ်မျိုးနွယ်စုဆိုသည်မှာ မရေမတွက်နိုင်သော ရေနေသတ္တဝါမျိုးစိတ်များ ပေါင်းစည်းထားသော မဟာမိတ်အဖွဲ့မျှသာ ဖြစ်သည်။

တကယ်တမ်းတွင် သူတို့သည် မျိုးစိတ်တစ်ခုတည်း မဟုတ်ကြပေ။

ထိုအချက်က သူတို့အား စည်းလုံးရန် ပိုမိုခက်ခဲစေသည်။

"ကဲ... အခု မင်းတို့ နားလည်ပြီမလား.. မင်းတို့ ငါတို့ကို ယုံစရာမလိုဘူး…"

"ငါတို့လည်း မင်းတို့ကို ယုံမှာမဟုတ်ဘူး…"

"ဒီတစ်ခါ ငါတို့ ပူးပေါင်းတာက အပြန်အလှန် အကျိုးစီးပွားကြောင့်ပဲ…"

"ပင်လယ်မျိုးနွယ်စုနဲ့ ပူးပေါင်းတယ်ဆိုတာ ငါတို့ အဆင်ပြေနေကြလို့ မဟုတ်ဘူး… ငါတို့က မင်းတို့ဆီကနေ အကျိုးအမြတ် ရယူနေရုံ သက်သက်ပဲ…"

"ငါတို့လို ကျင့်ကြံသူတွေအတွက် အန္တိမပန်းတိုင်က အင်မော်တယ် ဖြစ်ဖို့ပဲလေ…"

"အင်မော်တယ်ဖြစ်ဖို့အတွက်ဆိုရင်,,, ငါတို့က သားမယားကို စွန့်ပစ်ဖို့တောင် ဝန်လေးမှာ မဟုတ်ဘူး…"

"မသိနားမလည်တဲ့ မျိုးနွယ်စုဝင်တချို့ကို သတ်ဖြတ်တာလောက်ကတော့ ငါတို့အတွက် အသေးအဖွဲ ကိစ္စပဲ…"

ဟယ်ခွန်းလင်းက ဂရုမစိုက်သလို ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ၊ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူငါးဦးစလုံး ဟယ်ခွန်းလင်းကို လေးလေးနက်နက် စိုက်ကြည့်လိုက်ကြသည်။

"တကယ်ပါပဲ... ဒီလူသား မိစ္ဆာကျင့်ကြံသူတွေက တကယ့်ကို ရက်စက်ပြီး အသည်းနှလုံး မရှိကြဘူးပဲ…"

"ကိုယ်ကျိုးစီးပွားအတွက်နဲ့ သူတို့ရဲ့ ကိုယ်ပိုင်မျိုးနွယ်… ကိုယ့်လူတွေကိုတောင် သစ္စာဖောက်ရဲကြတယ်… ဘယ်သူ့ကိုမဆို သစ္စာဖောက်ဖို့ ဝန်မလေးကြဘူး…"

"ဒါပေမဲ့ ဒါက တကယ်တော့ ကောင်းတဲ့အရာပဲ…"

"ဟေးရှားနန်းတော်က မင်းတို့ရဲ့ အကူအညီနဲ့ဆိုရင်… တာဝေးပို့ဆောင်ရေး အစီအရင်ကို ဖျက်ဆီးမယ့်… ငါတို့ ပင်လယ်မျိုးနွယ်စုရဲ့ အစီအစဉ်က သေချာပေါက် အောင်မြင်မှာပဲ…"

ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူအချို့က လေးနက်သောအသံဖြင့် ပြောလိုက်ကြသည်။

၎င်းတို့သည် ဤအချက်ကို ကောင်းကွက်တစ်ခုအဖြစ် ယူဆထားကြသည်။ ဤကဲ့သို့ ကောက်ကျစ်စဉ်းလဲသော လူများသာ မရှိလျှင်၊ ပင်လယ်မျိုးနွယ်စု၏ အစီအစဉ်က မည်သို့လုပ်၍ ဤမျှ ချောမွေ့နိုင်ပါမည်နည်း။

အချင်းချင်း ဒုက္ခပေးတတ်သော လူသားများ ပိုများလေ ပိုကောင်းလေပင်။

သို့မှသာ၊ သူတို့ပင်လယ်မျိုးနွယ်စုက ဤပင်လယ်ပြင် နယ်မြေကို လွှမ်းမိုးနိုင်မည် ဖြစ်သည်။

"တာဝေးပို့ဆောင်ရေး အစီအရင်ကို ဖျက်ဆီးမယ့် အစီအစဉ် ဟုတ်လား…"

"အဲ့ဒီအကြောင်း ငါ့ကို ပိုပြီး ပြောပြစမ်းပါ…"

"မင်းတို့သာ အကုန် ဝန်ခံမယ်ဆိုရင် အသက်ချမ်းသာပေးမယ်…"

ထိုအချိန်တွင် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာပြီး၊ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများနှင့် ဟေးရှားနန်းတော် ကျင့်ကြံသူများ၏ အသိစိတ်အာရုံထဲတွင် ပဲ့တင်ထပ်သွားကာ သူတို့အားလုံး လန့်ဖျပ်သွားစေသည်။

အသံရှင်မှာ သဘာဝကျစွာ ကျိုးစွေ့၏ ကိုယ်ပွားပင် ဖြစ်သည်။

သူတို့သည် တတိယအဆင့် ကိုယ်ပျောက်အဆောင်လက်ဖွဲ့ စွမ်းအားကို အသုံးပြုပြီး ကျင့်ကြံသူအများစု၏ အာရုံခံနိုင်စွမ်းမှ ပုန်းကွယ်နိုင်သည်ဟု ထင်မှတ်နေကြသော်လည်း၊ ကျိုးစွေ့၏ နှလုံးသားမျက်လုံး ရှေ့မှောက်တွင်မူ မည်သည့်အရာမျှ မထူးခြားပေ။

အမှန်စင်စစ်အားဖြင့်၊ ဤကျင့်ကြံသူများ ပေါ်လာကတည်းက သူတို့ကို ကျိုးစွေ့ တွေ့ရှိနေခဲ့ပြီး ဖြစ်သည်။

"သေစမ်း... ငါတို့ ပေါ်သွားပြီ…"

"ဘယ်အချိန်က ပေါ်သွားတာလဲ…"

"သေချာပေါက် အဲ့ဒီ ရွှေအမြုတေအဆင့် မိန်းမသုံးယောက်ပဲ ဖြစ်မယ်… သူတို့ကို အရင်သတ်သင့်တယ်လို့ ငါ ပြောသားပဲ… သူတို့က ငါတို့ရဲ့ စစ်ဆင်ရေးကို ဖျက်ဆီးတော့မှာ…"

ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများ၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားသည်။

သူတို့၏ စစ်ဆင်ရေးကို ရန်သူက တွေ့ရှိသွားပြီဖြစ်ကြောင်း ကောင်းစွာ သိလိုက်ကြသည်။ ၎င်းတို့ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာပြီး ကျိုးစွေ့ကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။

သို့သော်၊ ကျိုးစွေ့က သူတို့၏ လှုပ်ရှားမှုကို မျှော်လင့်ပြီးသား ဖြစ်သည်။

"'ဝိညာဉ်ဖြန့်ကျက် အဆိပ်ဆူး…."

မျက်စိတစ်မှိတ်အတွင်း ကျိုးစွေ့၏ ကိုယ်ပွားက လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူ လေ့ကျင့်ထားသော ဝိညာဉ်လျှို့ဝှက်ပညာရပ်ကို ထုတ်သုံးလိုက်သည်။

ရိုးရိုးသားသား ဆိုရလျှင်၊ ဤဝိညာဉ်တိုက်ခိုက်ရေး လျှို့ဝှက်နည်းလမ်းက အမှန်တကယ် စွမ်းအားကြီးမားလှသည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဤဝိညာဉ်လျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီး မယုံနိုင်စရာ စွမ်းဆောင်ရည် အများအပြားကို သူ ရရှိခဲ့သည်။

အများအားဖြင့်၊ သူ့ပြိုင်ဘက်များသည် ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘဲ ချက်ချင်း သေဆုံးသွားလေ့ရှိသည်။

ဘုန်း…။

ချက်ချင်းပင် နတ်ဘုရားအာရုံအစွမ်းဖြင့် ဖွဲ့စည်းထားသော အပ်များသည် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူငါးဦးထံသို့ လျင်မြန်စွာ ပျံသန်းသွားပြီး၊ သူတို့၏ ဝိညာဉ်များကို ပြင်းထန်စွာ ဝင်ဆောင့်ကာ ကြောက်မက်ဖွယ် ထိခိုက်ပျက်စီးမှုကို ဖြစ်စေတော့သည်။

"ဘာ…"

ပင်လယ်မျိုးနွယ်စု ရွှေအမြုတေအဆင့် ကျင့်ကြံသူငါးဦး ဇဝေဇဝါ ဖြစ်သွားကြသည်။ သူတို့ ဤကဲ့သို့သော ဝိညာဉ်တိုက်ခိုက်မှုမျိုး တစ်ခါမှ မကြုံဖူးကြပေ။

သူတို့တွင် ထိပ်တန်းအဆင့် ဝိညာဉ်ကိရိယာများနှင့် ယှဉ်နိုင်သော ခံနိုင်ရည်မြင့်မားသည့် ခန္ဓာကိုယ်များ ရှိသော်လည်း၊ ဝိညာဉ်တိုက်ခိုက်မှုကိုမူ သူတို့ မကာကွယ်နိုင်ကြပေ။

ဝိညာဉ်စွမ်းအားဖြင့် ဖွဲ့စည်းထားသော အပ်များသည် သူတို့၏ ဝိညာဉ်များကို အပြင်းအထန်တိုက်ခိုက်လိုက်ရာ၊ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး ပြင်းထန်သော ဝေဒနာကို ခံစားလိုက်ရလေသည်။

ထိုအချိန်တွင် သူတို့သည် ကြောင်အမ်းသွားကြပြီး မည်သို့မျှ တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

"တိုက်…."

ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ဓားချီစွမ်းအား ဟိန်းထွက်လာပြီး၊ ကောင်းကင်ယံတွင် လှပသော အလင်းတန်းတစ်ခု ချန်ထားလျက် ညလေထုကို ခွင်းကာ ဝင်ရောက်လာချေသည်။

ဘန်း…။

ဓားချက်တစ်ချက်တည်းဖြင့် ပင်လယ်မျိုးနွယ်စု ရွှေအမြုတေအဆင့် ကျင့်ကြံသူငါးဦး ချက်ချင်း ဖောက်ထွင်းခံလိုက်ရတော့သည်။

သူတို့၏ နဖူးပြင်ပေါ်တွင် သွေးများဖြင့် ပြည့်နှက်နေသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး သွေးများ ဒလဟော စီးကျလာလေသည်။

All Chapters