မိုးကြိုးပင်လယ်ထဲသို့ ဖောက်ဝင်ခြင်း
Vol. 38 Ch. 516
နတ်ဆိုးဧကရာဇ်တစ်ပါး မည်မျှစွမ်းဆောင်ရည် ရှိသနည်း။ ကျန်းရီသည် နတ်ဆိုးဧကရီကို အကဲဖြတ်ခြင်းဖြင့် ထိုအရာကို သိခဲ့သည်။ ထို့အပြင် အစောပိုင်းက နတ်ဆိုးဘုရင်များထံမှ ကြားခဲ့သည်က ဤနတ်ဆိုးဧကရာဇ်သည် ပင်လယ်ဧရိယာထဲရှိ ထိပ်တန်း နတ်ဆိုးဧကရာဇ်ငါးပါးထဲမှ တစ်ပါးတောင် ဖြစ်နေ၏။ သံသယဖြစ်ဖွယ်မလို ယင်းက အင်မတန်ရက်စက်ကြမ်းကြုတ်မှာပဲ ဖြစ်သည်။ ထိုနတ်ဆိုးဧကရာဇ်က ကျယ်လောင်ပြီး သူ၏ အသံက ကီလိုမီတာ ငါးသောင်းအချင်းထိ ပဲ့တင်သံ ထွက်ပေ၏။ ကျန်းရီက ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ထားသော်ငြား နတ်ဆိုးဧကရာဇ်ကိုတောင် မရှာနိုင် သူ၏ အရှိန်အဝါကိုတောင် အာရုံမခံနိုင်ခဲ့ချေ။ သို့သော် နတ်ဆိုးဧကရာဇ်သည် သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေသည်ဟု သူ ထူးထူးဆန်းဆန်း ခံစားမိနေသည်။ သူ၏ စိတ်ဝိညာဉ်ထဲရှိ တုန်လှုပ်မှုက အတုအယောင် မဟုတ်ပေ။
“ငါ အခု ဘာလုပ်သင့်လဲ”
သူ တတ်နိုင်သမျှ နေရာရွှေ့ပြောင်းမည်ဟု တွေးနေစဉ် စိတ်က လျင်မြန်စွာ လည်ပတ်သွားတော့၏။ သူက သေရေးရှင်ရေး အခိုက်အတန့်၌ ပိုတောင် ဉာဏ်ထက်ပေသည်။ မျက်တောင်ခတ်စာ အနည်းငယ်အတွင်း သူက ဖြေရှင်းနည်း တစ်ဒါဇင်ကျော် ပေါ်ထွက်လာသည်။ သို့သော် အားလုံးကို ဖယ်ရှားပစ်လိုက်သည်။
ယခု အကောင်းဆုံး ဗျူဟာက ထွက်ပြေးရန် ဖြစ်၏။ နတ်ဆိုးဧကရာဇ်၏ စွမ်းအားက သူ ဖြေရှင်းနိုင်သည့်အရာ မဟုတ်ချေ။ သူ၏ တမလွန်လောကတစ္ဆေမီးလျှံများက ခြိမ်းခြောက်နိုင်စွမ်း ရှိသော်ငြား သူတို့သည် နတ်ဆိုးဧကရာဇ်ကို ခြိမ်းခြောက်စေနိုင်လားဆိုတာာ မသိရသေးပေ။ အရေးအကြီးဆုံးမှာ သူသည် နတ်ဆိုးဧကရာဇ်ကို ထိအောင် တိုက်ခိုက်နိုင်ပါမည်လော။ နတ်ဆိုးဧကရာဇ်၏ အရှိန်အဝါအောက်တါင် သူသည် တိုက်ကွက်ကို ထုတ်တိုင်ပါမည်လော။
ပြန်တွေးကြည့်လျှင် သူ အသူရာချောက်ကမ်းပါးအောက်တွင် ရှိစဉ်က သိုင်းခန်းမသည် ကျီထင်ယွီကို ကောင်းကင်ဧကရာဇ်နယ်ပယ်အဆင့်သို့ ရောက်စေနိုင်သော ကောင်းကင်ကံကြမ္မာမဟာအစီအရင်ကို အသက်သွင်းခဲ့၏။ ထိုအစွမ်းထက်သော အရှိန်အဝါကြောင့် သူ ဖိနှိပ်ခံခဲ့ရပြီး မလှုပ်နိုင်ခဲ့ပေ။ ကျန်းရီက နတ်ဆိုးဧကရာဇ် သူ့နား ကပ်လာခဲ့လျှင် သူ သေရုံသာ ရှိမှန်း သေချာသိပေသည်။ ထို့ကြောင့်သူ ထွက်ပြေးရပေမည်။ ပြဿနာက မည်သို့ ပြေးရမည်နည်း။
သူသည် ကောင်းကင်ထဲသို့ ပျံသန်းသင့်သည်လော။ သို့မဟုတ် ပင်လယ်ထဲ ငုတ်သင့်သည်လော။ နတ်ဆိုးဧကရာဇ်ကလည်း ထိုသို့ ပြုလုပ်နိုင်ပေ၏။ သူက ကောင်းကင်ထဲ ဆက်တိုက်နေရာရွှေ့ပြောင်းနေလျှင်တောင် နတ်ဆိုးဧကရာဇ် သူ့ကို မိသွားပေလိမ့်မည်။ ပင်လယ်ထဲ ငုတ်ဆင်းရမည်လော။ ယင်းက ပိုတောင် လက်တွေ့မကျပေ။ နတ်ဆိုးဧကရာဇ်က ပင်လယ်ထဲတွင် အာဏာရှင်တစ်ပါး ဖြစ်၏။
“ဧကရီနန်းတော်လား”
ကျန်းရီက ခေါင်းမြန်မြန် ဆန်ဆန် ခါလိုက်ပြန်၏။ ဧကရီနန်းတော်က သူ့စွမ်းအား အပြည့်အဝ ပြန်မကောင်းသေးပေ။ ထိုသို့တိုင် နန်းတော်ထဲ ဝင်ခဲ့မည် ဆိုပါက နတ်ဆိုးဧကရာဇ်၏ လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်လောက်သည်။
ဝှစ် ဝှစ် ဝှစ်..
သူက နေရာချက်ချင်း ရွှေ့ပြောင်း၏။ အရှေ့မြောက်အရပ် ဒေသဆီသို့ ထွက်ပြေးရန် သူ ပြောင်းလဲလိုက်သော်ငြား နတ်ဆိုးဧကရာဇ်က သူ့ကို လိုက်မီလာခဲ့သည်။ သူက ဝေဝါးဝါး အရှိန်အဝါဖြင့် စောင့်ကြည့်ခံနေရသည်ဟု ခံစားနေရသေးဆဲ ဖြစ်သည်။ သတိပေးမှုတို့က သူ့စိတ်ဝိညာဉ်အောက်ခြေမှ ပေါ်ထွက်လာတော့၏။ နတ်ဆိုးဧကရာဇ်က သူ့နောက်ကို အပူတပြင်း လိုက်နေတာ သိသာနေပေသည်။
တစ်နာရီ..
နှစ်နာရီ ကြာပြီးနောက် ကျန်းရီတွင် ဖြေရှင်းနည်း မရှိသေးပေ။ ကံကောင်းသည်မှာ ဤဒေသတွင် မိုးကြိုးလုံး မရှိပေ။ သူက ကောင်းကင်တွင် နေရာချက်ချင်း ရွှေ့ပြောင်းနိုင်၏။ ပင်လယ်ထဲတွင် ဆိုလျှင် သူက နတ်ဆိုးသားရဲများနှင့် နတ်ဆိုးမိစ္ဆာများကို ကြုံတွေ့နိုင်၏။
“လာသင့်ပြီ မဟုတ်လား”
ကီလိုမီတာတစ်သောင်းကျော်ခန့် နေရာရွှေ့ပြောင်းပြီးနောက် ကျန်းရီ၏ အတွင်းစိတ်ထဲရှိ သတိပေးမှုတို့က ပိုမိုပြင်းထန် သန်မာလာတော့သည်။ သူက မြန်ဆန်သွက်လက်ပြီး နတ်ဆိုးဧကရာဇ်တစ်ပါးသာလျှင် ထိုအကွာအဝေးမှ လာတာ ဖြစ်နိုင်သော်ငြား ယင်းက မြန်ဆန်လွန်းနေ၏။ သူ့နောက်သို့ နှစ်နာရီခန့် လိုက်ခဲ့ပြီး သူ့ကို အချိန်မရွေး လိုက်မီလာလောက်သည်။
“ဟမ့် လုံလောက်သွားပြီ”
သူ့နောက်ကျောမှ လှောင်ပြောင်သည့် အသံတစ်သံ ပေါ်ထွက်လာတာ သိပ်မကြာပေ။ ကျန်းရီက ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ကာ နတ်ဆိုးဧကရာဇ်ကို ရှာမတွေ့သေးဆဲ ဖြစ်သည်။ သို့သော် မလှမ်တကမ်းကနေ ကြောက်မယ်ကောင်းသည့် အရှိန်အဝါ ထွက်ပေါ်လာနေတာကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။ ထိုအရှိန်အဝါက ပူလောင်ပြင်းပြသည့် နေတစ်စင်းဆိုတာ သိသာနေပေသည်။
“ပြေး..”
နတ်ဆိုးဧကရာဇ်က သူနှင့်ကီလိုမီတာ(၃၃၀)အကွာတွင် ရှိတာ ဖြစ်နိုင်၏။ သို့သော် ကျန်းရီက အလျှော့မပေးခဲ့ပေ။ သူ သေသွားသည်နှင့် ဧကရီနန်းတော်ထဲရှိ လူတိုင်း သေရမည် ဖြစ်သည်။ သူက ရှေ့သို့ နေရာဆက်လက် ရွှေ့ပြောင်းပြီး ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးနေကာ အကျပ်အတည်းကို ဖြိုခွင်းထွက်နိုင်မည့်နည်းလမ်းတစ်ခု ရှာဖွေနေ၏။
ဖုန်း ဖုန်း ဖုန်း..
ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု ရှာတွေ့မည့်အစား ကျန်းရီက သူ့ဆီသို့ အနက်ရောင် တိမ်ဆိုင်တိမ်လိပ်တချို့ မျောလွင့်လာသည်ကို သဘောပေါက်သွားသည်။ ကောင်းကင်က တိမ်မည်းများဖြင့် အုံ့ဆိုင်းနေပြီး သူတို့ထဲ၌ မိုးကြိုးမြွေက တဖြတ်ဖြတ် ပေါ်နေ၏။ ယခုအခေါက်တွင် သူ ကံဆိုးနေပြီဖြစ်သည်။ နောက်ထပ် မိုးကြိုးမုန်တိုင်း ဧရိယာ ရောက်သွားတာပဲ ဖြစ်၏။
တိမ်ဆိုင်တိမ်မည်းများက ကောင်းကင်ကို လွှမ်းနေသောကြောင့် သူသည် ကောင်းကင်ထဲ၌ မြင့်မားစွာ မနေနိုင်ချေ။ သူက အနက်ရောင်တိမ်တိုက်များထဲ ဝင်သွားသည်နှင့် သေချာပေါက် သေပေလိမ့်မည်။ ရွေးချယ်စရာ မရှိဘဲ ခပ်နိမ့်နိမ့် ပျံသန်းကာ နေရာရွှေ့ပြောင်းရတော့၏။ သူ့နောက်မှ နတ်ဆိုးဧကရာဇ်၏ အရှိန်အဝါက သန်မာပြီးရင်း ပိုသန်မာလာတော့သည်။ ကျန်းရီ၏ စိတ်နှလုံးက အောက်ခြေထိ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
“တစ်ဟုန်ထိုး တိုက်ခိုက်ခြင်း”
သူ့မျက်လုံးထဲတွင် ရူးသွပ်မှု အရိပ်အယောင်တစ်စွန်းတစ်စ ပေါ်လာ၏။ ပင်လယ်ထဲသို့ ငုတ်လျိုးရမည့်အစား သူက ယာ့ဇီသားရဲကို ဆင့်ခေါ်ပြီး အော်ပြောလိုက်၏။
“ယာ့ဇီသားရဲ မင်း တတ်နိုင်သလောက် အရှေ့ကို မြန်မြန်သွား”
“အမ်..”
ယာ့ဇီသားရဲက အံ့ဩဆွံ့အသွားသည်။ ပြင်းထန်သည့်မုန်တိုင်းများ ကြမ်းတမ်းသော လေများ၊ ကြမ်းကြုတ်သည့် မိုးကြိုးများက ရှေ့တွင် ရှိနေ၏။ ထိုအတိုင်း ရှေ့ဆက်သွားပြီး သူတို့ လွှင့်ထွက်သွားခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။ သို့သော် ကျန်းရီက အမောတကောအော်နေရာ သူက ထပ်မနှေးရဲတော့ချေ။ ကျန်းရီကို သယ်ဆောင်ပြီးနောက် ရှေ့သို့ တစ်ဟုန်ထိုး တိုးသွားလျက် ကြမ်းပြင်နှင့် ကပ်နိုင်သမျှ ကပ်ထားရန် ကြိုးစားနေမိ၏။
“ဒါက..”
မိုးကြိုးမုန်တိုင်း ဒေသအတွင်း ပျံသန်းပြီးနောက် ယာ့ဇီသားရဲသည် ကျန်းရီ ထိုသို့ ပြုလုပ်ခိုင်းရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ နတ်ဆိုးဧကရာဇ်၏ သူတို့နောက်သို့ လိုက်နေကာ သူတို့စိတ်နှလုံးကို ရံဖန်ရံခါ တုန်ယင်စေတော့သည်။
ကျန်းရီ၏ ရည်ရွယ်ချက်က သိသာသည်။ သူက မိုးကြိုးမုန်တိုင်းများကို အသုံးပြုရန် ကြိုးစားပြီး ကောင်းကင်နှင့် မြေကြီး၏စွမ်းအားကို အသုံးပြုရန် ကြိုးစားကာ သူတို့နောက် လိုက်နေသည့် နတ်ဆိုးဧကရာဇ်ကို တားမြစ်ရန်ပဲ ဖြစ်သည်။ မိုးကြိုးလုံးများက ကောင်းကင်နှင့် မြေကြီးတွင် အလွှမ်းမိုးနိုင်ဆုံးနှင့် ကြောက်မက်ဖွယ် အကောင်းဆုံး အင်အားစု ဖြစ်ပေ၏။
နတ်ဆိုးဧကရာဇ်က အလွန်အစွမ်းထက်သည့်တိုင် မိုးကြိုးအပစ်ခံရပြီးနောက် ဝေဒနာခံစားရနိုင်သေးသည်။ ကျန်းရီက ယခုအချိန်၌ ပင်လယ်ရေ မျက်နှာပြင်အထက်၌ ခပ်နိမ့်နိမ့် ပျံသန်းနေတာပဲ ဖြစ်သည်။ သူက သူ့အသက်ကို အပြည့်အဝ စွန့်စားထားသည်။ ပင်လယ်ရေ၏ ပိတ်ဆို့ ဖြိုခွဲခံရခြင်း မရှိဘဲ သူတို့နှစ်ဦးက သူတို့ကို မိုးကြိုးပစ်မိပါက သေချာပေါက် သေပေလိမ့်မည်။
“မိုးကြိုးပင်လယ် သုံးဖို့ အိပ်မက်မက်နေတာ ရပ်လိုက်တော့ မင်းက ငါ့ကို တကယ် လျှော့တွက်နေတာပဲ”
ကျန်းရီသည် မိုးကြိုးပင်လယ်ထဲသို့ တစ်ဟုန်ထိုး ရောက်လာပြီး သိပ်မကြာမီ၌ ပုံရိပ်တစ်ရိပ်က မလှမ်းမကမ်းကနေ ပေါ်ထွက်လာသည်။ ထိုနတ်ဆိုးဧကရာဇ်သည် လူသားတစ်ယောက်အသွင် ယူထားသော်ငြားသူ၏ အကြည့်က အတော် ထူးဆန်းနေပေ၏။
သူက အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး သူ၌ နက်မှောင်သော အသားအရေ ရှိပြီး ဆံပင်မရှိပေ။ သူ့နား၌ ခရမ်းရွှေရောင် နားဆွဲကို ဝတ်ဆင်ထားသည်။ သူ့မျက်လုံးများက တြိဂံပုံစံ ရှိပြီး သတ်ဖြတ်လိုသော အကြည့်တောင် ရှိနေပေသည်။ သူ၏ ရုပ်ရည်သွင်ပြင်ကတောင် လူကို ခြောက်လန့်နိုင်ပေ၏။
သူသည် မိုးကြိုးပင်လယ် အပြင်ဘက်၌ ခဏတာရပ်နေပြီး မှိန်နေသော ကောင်းကင်ကို ကြည့်လိုက်၏။ ကျန်းရီက ယာ့ဇီသားရဲကို သူ၏လားရာ ပြောင်းလဲရန် အမိန့်ပေးနေတာ မြင်ခဲ့ရသည်။ သူတို့က မိုးကြိုးလုံး တစ်ဒါဇင်ခန့်ကိုတောင် ရှောင်တိမ်းပြီး မိုးကြိုးပင်လယ် အလယ်၌ ပျောက်ကွယ်သွားတော့သည်။ သူက တစ်ချက် လှောင်ပြုံးပြုံးပြီးနောက် မှိန်ဖျော့သော ပုံရိပ်တစ်ခုအသွင် ပြောင်းလဲသွားကာ မိုးကြိုးပင်လယ်ထဲ ဝင်သွား၏။
သူက လှုပ်ရှားတာ မြန်ဆန်လွန်းရာ သူ့လမ်းတစ်လျှောက်၌ ဆက်တိုက် လျှပ်စီးလက်မနေလျှင် ကျန်းရီကို လိုက်မီလောက်သည်။ သူက ထူးကဲစွာ အစွမ်းထက်သည့်သူ ဖြစ်ပြီး မိုးကြိုးများ ထိမှန်မည့် အချိန်ကို ပူပန်နေစရာ မလိုပေ။ မိုးကြိုးများ သူ့နားရောက်လာချိန်၌ ခန္ဓာကိုယ်ကို ဖြတ်ခနဲ လှုပ်ရှားလျက် အလွယ်တကူ ရှောင်တိမ်းနိုင်၏။
“ညာဘက် ညာဘက်”
ကျန်းရီက အတော်လေး စုတ်ပြတ်နေ၏။
သူ့နောက်ရှိ နတ်ဆိုးဧကရာဇ်ကို မခွာနိုင်။ စွမ်းအားအားလုံးကို ကောင်းကင်အထက်မှ ကျဆင်းလာသည့် မိုးကြိုးလုံးများထံသာ နှစ်မြှုပ်ထားသည်။ သူက အချိန်နှင့် မိုးကြိုးပစ်ချမည့် နေရာကို အကဲဖြတ်ထားပြီး တိမ်ဆိုင်တိမ်နက်များကြားရှိ မိုးကြိုးပုံစံကို အခြေခံကာ တွေးတောနေရတာပဲ ဖြစ်သည်။ သို့မှသာ ယာ့ဇီသားရဲက ထွက်ပြေးနိုင်မှာပဲဖြစ်၏။ အချိန်အများစု၌ သူက ရင်ထဲရှိ အလိုလို သတိပေးမှု သို့မဟုတ် ဆဋ္ဌမအာရုံကို အားထားခဲ့သည်။ မိုးကြိုးလုံးများ ကျလာတာ မြန်ဆန်လွန်းသောကြောင့် ယာ့ဇီသားရဲသည် သူ့မျက်လုံးနှင့် ကောင်းကင်စိတ်အာရုံကိုသာ မှီခိုအားထားနေခဲ့မည် ဆိုလျှင် သူ အကြိမ်ပေါင်းများစွာ သေလောက်ပြီ ဖြစ်သည်။
ဖုန်း ဖုန်း ဖုန်း..
သူတို့ရှေ့၌ မိုးကြိုးမုန်တိုင်းဒေသ အလယ်ဗဟို ရှိနေသည်။ အဖြူရောင်မိုးကြိုးများက ဧရာမမြွေတစ်ကောင်နှယ် ပစ်ချပြီး ကောင်းကင်ကို စုတ်ဖြဲလျက် ပင်လယ်ဒေသတစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။ မိုးကြိုးမုန်တိုင်း တစ်ခုလုံး၏ အလယ်တွင် မိုးကြိုးလုံးများက တစ်လုံးတည်း ကျလာတာ မဟုတ်ပေ။ ထိုအစား သူတို့က တစ်ဒါဇင်ကျော် ဆက်တိုက် လျှပ်ပြတ်နေတာပဲ ဖြစ်သည်။ ယင်းက အင်မတန် ကြောက်မက်ဖွယ် ကောင်းနေ၏။ တစ်ချက်ကြည့်ရုံဖြင့် ကြောက်လန့်ပြီး သေသွားနိုင်သည်။
“ကျန်းရီ ငါတို့ သွားအုံးမှာလား”
ယာ့ဇီသားရဲသည် သူတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်ပြီး ကြောက်လန့်နေ၏။ သူတို့ရှေ့သို့ ဆက်သွားရဲလျှင် သေချာပေါက် ပြာဖြစ်သွားနိုင်သည်။
“ဟား ဟား ဟား..”
သူတို့နောက်ရှိ နတ်ဆိုးဧကရာဇ်က ယာ့ဇီသားရဲ ရပ်တန့်သွားတာကို မြင်သည့်အခါ မရပ်မနား ရယ်မောလိုက်သည်။ သူကအော်ပြောလိုက်တော့၏။
“မင်းတို့ ဘာလို့ အခု မပြေးတော့တာလဲ အထဲသွားလိုက်လေ သတ္တိရှိရင် ဘာလို့ အထဲမဝင်လဲ”
ဘီး..
အဖြူရောင်နန်းတော်က ကျန်းရီ၏ လက်ထဲ ပေါ်လာတော့သည်။ အဖြူရောင်အလင်း ဖြတ်ခနဲ လက်သွားပြီးနောက် ယာ့ဇီသားရဲက ကောင်းကင်ထဲ၌ ရုတ်တရက် ပျောက်ကွယ်သွား၏။ သို့သော် ကျန်းရီက မိုးအောက်သို့ ပျံသန်းသွားပြီး ပင်လယ်ထဲသို့ လျှောက်လိုက်သည်။ ပင်လယ်မျက်နှာပြင်ကို ထိသွားသည်နှင့် သူက မျက်လုံးကိုတောင် မှိတ်လျက် မှိန်ဖျော့သော အရိပ်တစ်ခုအသွင် ပြောင်းလဲကာ မိုးကြိုးမုန်တိုင်းဗဟိုဆီသို့ ဦးတည်ဝင်ရောက်သွားတော့သည်။ သူက ကိုယ်ပိုင်ခြံဝန်းထဲတွင် လမ်းလျှောက်နေသည့်အလား တည်ငြိမ်နေ၏။ ယင်းက ထူးဆန်းလွန်းပေသည်။
“အမ်..”
ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်၏ သတ်ဖြတ်လိုသော တြိဂံပုံစံမျက်လုံးက ကျုံ့သွားပြီးနောက် မျက်နှာထက်တွင် အံ့ဩသည့် အရိပ်အယောင် ပေါ်လာသည်။ ကျန်းရီသည် မျက်လုံးမှိတ်လျက် မိုးကြိုးမုန်တိုင်း ဒေသအလယ်သို့ တစ်ဟုန်ထိုး ဝင်သွားခဲ့သည်။ မျက်တောင်ခတ်စာအနည်းငယ်အတွင်း သူက ကီလိုမီတာရာချီကို ဖြတ်သန်းသွား၏။ မိုးကြိုးလုံးတစ်လုံးတောင် မထိခဲ့ပေ။ ကျန်းရီ၏ မျက်လုံးက လမ်းတစ်လျှောက် မှိတ်ထားလျက် အလွန်တည်ငြိမ် ငြိမ်းချမ်းနေ၏။
“ဒီလူသားကောင်လေးက သိပ်ထူးဆန်းတာပဲ”
ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က သူ့ဖာသာသူ ရေရွတ်ပြောပြီးနောက် မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် အကြည့် ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်က ကြမ်းတမ်းစွာ လှုပ်ခါလာတော့၏။ နှုတ်ခမ်းထက်တွင်လည်း အေးစက်မှုများဖြင့် ပြည့်နေကာ သူက အော်ပြောလိုက်၏။
“ဟေ့ကောင် မင်း မိုးကြိုးပင်လယ်ကို ဖြတ်နိုင်တော့ရော ဘာအရေးလဲ ငါ့ဆီကနေ လွှတ်မြောက်မှာလား သေမှာကို စောင့်နေလိုက် မင်းအလောင်းကို အပြည့်မချန်ထားပေးဘူး”
***