← Chapters

အခန်း (၁၃၁၅-၁၃၁၇)

Vol. 88 Ch. 1315-1317

အခန်း (၁၃၁၅-၁၃၁၇)

Vol. 88 Ch. 1315-1317

အခန်း (၁၃၁၅ )

အသိစိတ်ရှိလာသော အမှောင်စွမ်းအား

အမည်းရောင်မြူခိုး၏ စကားကို ကြားလျှင် လုချန်းက အထင်အမြင်သေးစွာဖြင့် လျစ်လျှူရှု လိုက်သည်။ ဤအမည်းရောင်မြူခိုးသည် သိပ်သည်းသော ကောင်းကင်နတ်ဆိုးစွမ်းအားကို ထုတ်လွှတ်နေပြီး ကောင်းကင်နတ်ဆိုး မျိုးစေ့တစ်ခုလည်း ဖြစ်သည်။ သူကို လွတ်ပေးလိုက်၍ မဖြစ်ပေ။

သို့သော် အမည်းရောင်မြူခိုးကို ချေမှုန်းရန် လုချန်း စိတ်မလောပေ။ စိတ်ဝိညာဉ်ထိန်းချုပ် တံဆိပ် မခတ်နှိပ်မီ ယင်းကို ဖျက်ဆီးလိုက်လျှင် ပေထျန်းလု ပြန်လည်ကောင်းမွန်သွားနိုင်သည်။

အကယ်၍ ပေထျန်းလု စိတ်ပြောင်းသွားလျှင် လုချန်း အကြောင်းမဲ့ သက်သက် နစ်နာရလိမ့်မည် မဟုတ်ပါလား။

လုချန်းက နောက်ထပ်မန္တန်တစ်ခုကို ချက်ချင်း ရွတ်ဆိုကာ ပေထျန်းလု၏ စိတ်ပင်လယ်အတွင်း စိတ်ဝိညာဉ်ထိန်းချုပ် တံဆိပ်တစ်ခု ချန်ထားလိုက်သည်။

စိတ်ဝိညာဉ်ထိန်းချုပ် တံဆိပ် ပေါ်လာသည်နှင့် ပေထျန်းလုလည်း ယင်း၏ ကြောက်မက်ဖွယ် စွမ်းရည်ကို ချက်ချင်း သဘောပေါက်သွားသည်။

အသက်သွေးအနှစ်ဖြင့် လူတစ်ယောက်ကို ထိန်းချုပ်ခြင်းက ထိုလူ၏ အသက်ကိုသာ ခြိမ်းခြောက်နိုင်သော်လည်း စိတ်ဝိညာဉ်ထိန်းချုပ် တံဆိပ်ကမူ မတူပေ။ စိတ်ဝိညာဉ်ထိန်းချုပ် တံဆိပ်သည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်ထားသဖြင့် အထိန်းချုပ်ခံရသူသည် သခင်ကို ပြန်မခုခံနိုင်တော့ပေ။

စိတ်ဝိညာဉ်ထိန်းချုပ် တံဆိပ်၏ ကြောက်မက်ဖွယ်ကောင်းပုံကို နားလည်သော်လည်း ပေထျန်းလု နောင်တမရပေ။ အဘယ်ကြောင့်ဆိုသော် လုချန်းတွင် သူ့စိတ်တွင်းနတ်ဆိုးကို ထိခိုက်စေနိုင်သည့် စွမ်းရည်ရှိကြောင်း သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။

ထို့ပြင် သူတော်စင်အဆင့် တစ်ယောက်က ဧကရာဇ်အဆင့်ကို ထိန်းချုပ်နိုင်သည့် နည်းလမ်း ပိုင်ဆိုင်ထားပြီး အမှောင်စွမ်းအားကိုပင် ဖယ်ရှားပေးနိုင်ခြင်းက ထိုသူ၏ နောက်ကွယ်ရှိ အင်အားစု သာမန်မဟုတ်ကြောင်း ညွှန်ပြနေသည်။

ဤ ရှဧကရာဇ် ဆိုသူ၏ နောက်လိုက်ဖြစ်ရခြင်းက မဆိုးလှသော ကိစ္စတစ်ခု ဖြစ်နိုင်သည်။

စိတ်ဝိညာဉ်ထိန်းချုပ် တံဆိပ် ခတ်နှိပ်ပြီးနောက် လုချန်း မျက်လုံးဖွင့်လိုက်သည်။ လုချန်း မျက်လုံးဖွင့်လိုက်သည်ကို မြင်လျှင် ပေရှုဟွာက အလျင်အမြန် ဝင်မေးလိုက်သည်။

“ဝါစဉ်ကြီးသူ... နေကောင်းရဲ့လား”

ပေထျန်းလုတစ်ယောက် လမ်းလျှောက်နေသော အလောင်းကောင် ဖြစ်သွားမည်ကို သူမ ကြောက်ရွံ့နေသည်။

ပေထျန်းလုက ပေရှုဟွာ၏ မေးခွန်းကို မဖြေပဲ လုချန်းကို ကြည့်ကာ

“မင်းကြီးရဲ့ နည်းလမ်းတွေက တကယ်ကို အံ့မခန်းပါပဲ... ဒီအစေခံအိုကြီး လေးစားမိပါတယ်”

ပေထျန်းလုက သူ့ကိုယ်သူ “အစေခံအိုကြီး” ဟု သုံးနှုန်းလိုက်သည်ကို မြင်လျှင် ပေရှုဟွာ စိတ်ထဲ အလွန်ရှုပ်ထွေးသော ခံစားချက်များကို ခံစားလိုက်ရသည်။ သူတို့ ချီယွဲ့နိုင်ငံ၏ လေးစားရသော တောင်ဝင်အကြီးအကဲချုပ် သည် တစ်ပါးသူ၏ အစေခံအဖြစ်သို့ လျှော့ကျသွားလိမ့်မည်ဟု သူမ တစ်သက် တစ်ခါမှ စိတ်ပင်မကူးဖူးပေ။

ထိုအတွေးဖြင့် ပေရှုဟွာစိတ်ထဲ ကြီးမားသော ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ အဘိုး ပြောသကဲ့သို့ပင် စကြဝဠာသည် အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သော ရက်စက်သည့် နေရာတစ်ခု ဖြစ်သည်။

ထိုအချိန်တွင် လုချန်းက

“ကျွန်တော့်ကို အရှင်သခင်လို့ မခေါ်ပါနဲ့။ ဒါက ကြိုတင်ကာကွယ်တဲ့ အနေနှင့် လုပ်ဆောင်ချက်တစ်ခုပါပဲ။ ဒီနေ့ကစပြီး ခင်ဗျားက ရှနိုင်ငံတော် တော်ဝင်မိသားစုရဲ့ ရာထူးကြီး အကြံပေးပုဂ္ဂိုလ် ဖြစ်လာပါလိမ့်မယ်။”

လုချန်းတွင် အခေါ်အဝေါ်ကို စွဲလမ်းသည့် အကျင့် နည်းနည်း ရှိသည်။ သူ့အမျိုးသမီးများက သူ့ကို အရှင်သခင်ဟု ခေါ်သည်ကိုသာ နှစ်သက်သည်။ လူအိုကြီးတစ်ယောက်က သူ့ကို အရှင်သခင်ဟု ခေါ်နေသည်ကို ကြားရခြင်းက သူ့ကို နေရထိုင်ရ ခက်စေသည်။

ပေထျန်းလု ချက်ချင်း သဘောပေါက်သွားပြီး

“ကျုပ် နားလည်ပါပြီ”

လုချန်းက ဆက်လက်၍

“နောက်တစ်ဆင့် အနေနှင့် ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက အမှောင်စွမ်းအားကို ဖယ်ရှားကြမယ်။”

လုချန်း၏ စကားကို ကြားလိုက်၍ လားမသိ ပေထျန်းလု ခန္ဓာကိုယ်ထဲရှိ အမှောင်စွမ်းအားများ ချက်ချင်း မငြိမ်မသက် ဖြစ်လာပြီး ထိုအခိုက်အတန့်တွင် ပေထျန်းလု၏ မျက်လုံးများ လုံးဝနက်မှောင်သွားတော့သည်။

ပေရှုဟွာသည် ပေထျန်းလုနှင့် နီးကပ်စွာ ရှိနေသောကြောင့် သူမလည်း အမှောင်စွမ်းအား၏ သက်ရောက်မှုကို ခံလိုက်ရသည်။ နောက်တစ်ခဏတွင် သူမ၏ စိတ်ထဲ၌ အသံတစ်ခု ထပ်ခါတလဲလဲ ပဲ့တင်ထပ်လာသည်။

“သူများဒုက္ခရောက်နေတာကို အခွင့်ကောင်းယူတဲ့ ယုတ်မာတဲ့ ကောင်ပဲ... သူ့ကို သတ်ပစ်။”

ဖြစ်ပျက်နေသည့် အရာကို ပေရှုဟွာ ချက်ချင်း သဘောပေါက်သွားသည်။ သူမသည် ပေထျန်းလုနှင့် ခပ်ဝေးဝေးသို့ အမြန်ဖယ်ခွာလိုက်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအားကို လှည့်ပတ်ကာ အတွင်းစိတ် မငြိမ်မသက်ဖြစ်မှုကို တည်ငြိမ်သက်စေရန်နှင့် စိတ်တွင်းနတ်ဆိုး၏ လွှမ်းမိုးမှုကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

စိတ်တွင်းနတ်ဆိုးကို ဖိနှိပ်ပြီးနောက် ပေရှုဟွာ၏ အကြည့်က လုချန်းထံ ပြန်ရောက်သွားပြီး မျက်ခုံး တွန့်လိုက်သည်။ လုချန်းတွင် အမှောင်စွမ်းအားကို ဖယ်ရှားနိုင်စွမ်း တကယ်ရှိမရှိ သူမ သံသယဝင်နေသေးသည်။

လုချန်းကမူ အမှောင်စွမ်းအား လျှံကျလာမည့်အရေးကို လုံးဝ စိုးရိမ်ပုံမရပဲ အေးဆေးတည်ငြိမ်နေဆဲ ဖြစ်သည်။

ပေရှုဟွာ အနည်းငယ် အံ့သြသွားသည်။ ဧကရာဇ်လောင်း အဆင့်ရှိသော သူမတောင်မှ အမှောင်စွမ်းအား၏ သက်ရောက်မှုကို အနည်းနှင့်အများ ခံစားရသော်လည်း သူတော်စင်အဆင့် ဖြစ်သော လုချန်းကမူ လုံးဝ ထိခိုက်မှု ရှိပုံ မရပေ။

ဒါက ပေရှုဟွာကို တွေးတောစရာ ဖြစ်စေသည်။

သူ့မှာ တကယ်ပဲ အမှောင်စွမ်းအားကို မောင်းထုတ်နိုင်တဲ့ စွမ်းအား ရှိနေတာများလား။

ပေရှုဟွာ အာရုံလွင့်နေစဉ် လုချန်းက လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ ရောင်စုံအလင်း စွမ်းအားတစ်ခု ပေထျန်းလု၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ဖရိုဖရဲ နတ်ဆိုးသတ် ကျင့်စဉ်၏ စိတ်ဝိညာဉ်စွမ်းအား ပေထျန်းလု၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် သေမင်းအငွေ့အသက် အမြောက်အမြား ပျောက်ကွယ်သွားတော့၏။ တစ်ချိန်တည်းမှာပင် လုချန်းက သူ၏ အခြားလက်တစ်ဖက်ကို မြှောက်လိုက်သည်။

ထိုလက်မှ အစိမ်းရောင်စွမ်းအား ထွက်ပေါ်လာသည်။ အစိမ်းရောင်စွမ်းအား ပေထျန်းလုနှင့် ထိတွေ့လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ် သိသိသာသာ ပြန်လည်ကောင်းမွန်လာပြီး သေမင်းအငွေ့အသက်များ ပို၍မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။

ပေထျန်းလုထံမှ အပြောင်းအလဲကို မြင်လျှင် ပေရှုဟွာလည်း လုချန်း၏ နည်းလမ်းများအပေါ် ချက်ချင်း အံ့သြမှင်တက်သွားသည်။

ပေထျန်းလုကို အသက်နည်းနည်း ပိုရှည်စေရန်အတွက် သူတို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပေ။ သို့သော် သူတော်စင်အဆင့်မျှသာ ဖြစ်သော လုချန်းက ပေထျန်းလုကို ချက်ချင်း ပြန်လည်ကျန်းမာလာစေခဲ့သည်။

ဒါက တကယ်ပဲ သူတော်စင်အဆင့် တစ်ယောက် လုပ်ဆောင်နိုင်တဲ့ အရာလား။

သူမ၏ အဘိုးဖြစ်သူကို သူတကယ် ကုသပေးနိုင်မည့်ပုံ ရသည်။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ လုချန်း၏ စိတ်ဝိညာဉ်စွမ်းအားများ ပေထျန်းလု၏ ခန္ဓာကိုယ်အနှံ့ လှည့်ပတ်စီးဆင်းသွားပြီးနောက် ပေထျန်းလု၏ အိုမင်းရင့်ရော်နေသော ခန္ဓာကိုယ်လည်း များစွာ နုပျိုလာပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများပင် သိသိသာသာ လျော့နည်းသွားသည်။

သို့သော် ထိုအချိန်တွင် ပေထျန်းလု၏ ခန္ဓာကိုယ်ထဲမှ အမှောင်စွမ်းအားများ ပျောက်ကွယ်မသွားသေးပေ။

ပေထျန်းလု၏ ခန္ဓာကိုယ်အတွင်း၌ အမှောင်စွမ်းအားများ ဆက်လက် သောင်းကျန်းနေပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ရှောင်တိမ်းရန် ကြိုးစားနေကြောင်း အာရုံခံမိပြီး လုချန်း ရယ်မောလိုက်၏။ စွမ်းအားတစ်ခုက ထွက်ပြေးရမှန်း သိနေသည်ကိုလည်း သူ အံ့သြသွားမိသည်။

ထိုစွမ်းအားက စိတ်ပိုင်းဆိုင်ရာ ဉာဏ်ပညာ ဖွံ့ဖြိုးနေပုံရ၏။

ပေထျန်းလု၏ စိတ်တွင်းနတ်ဆိုးက သာမန် စိတ်တွင်းနတ်ဆိုး သက်သက် ဟုတ်ပုံမရ ပေ။

ဖြစ်နိုင်သည်က ထိုအမှောင်စွမ်းအားသည် ပေထျန်းလု၏ စိတ်တွင်းနတ်ဆိုးအဖြစ် ဟန်ဆောင်ထားခြင်း ဖြစ်နိုင်သည်။

သို့သော် သူ့အတွက်တော့ ဒါက ကြီးကြီးမားမား ကိစ္စ တစ်ခုမဟုတ်ပေ။

ထိုအမှောင်စွမ်းအားက ပုန်းချင်နေပါက ဖရိုဖရဲ နတ်ဆိုးသတ် ကျင့်စဉ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ပေထျန်းလု ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့စေလိုက်ရုံသာ ဖြစ်သည်။

အမှောင်စွမ်းအား ဘယ်လို ဆက်ပုန်းမလဲ ကြည့်ရသေးတာပေါ့.....

ချက်ချင်းပင် လုချန်းက သန့်စင်ခြင်းကို အရှိန်မြှင့်တင်လိုက်သည်။

ပေထျန်းလု၏ မျက်နှာ ရှုံ့မဲ့သွားသည်။ အမှောင်စွမ်းအားက လုချန်း၏ ရည်ရွယ်ချက်ကို သိရှိပုံရပြီး ပေထျန်းလုကို ပို၍လှည့်စားကာ လုချန်းအား ဆန့်ကျင်စေရန် ကြိုးစားတော့သည်။

သို့သော် ပေထျန်းလုက ဆက်လက်တောင့်ခံထားသည်။

ခဏခန့် ကြာပြီးနောက် ပေထျန်းလုကို ဆက်လက်လှည့်စားရန် မဖြစ်နိုင်ကြောင်း သဘောပေါက်သွားပုံရပြီး အမှောင်စွမ်းအားလည်း ပေထျန်းလု၏ ခန္ဓာကိုယ်ထဲမှ တိုက်ရိုက် ထွက်ပြေးတော့သည်။

ပေထျန်းလု၏ ခန္ဓာကိုယ်ထဲမှ အမှောင်စွမ်းအား ထွက်ပြေးသွားသည်ကို မြင်လျှင် လုချန်း၏ နှုတ်ခမ်း အနည်းငယ် တွန့်ကွေးသွားသည်။

နောက်ဆုံးတော့ ထိုအကောင်ကို ပေထျန်းလု ခန္ဓာကိုယ်ထဲမှ သူ မောင်းထုတ်နိုင်ခဲ့ပြီ။

ယခု ကိစ္စတွေက ပိုလွယ်ကူသွားတော့မည်။

ထို့နောက် လုချန်း သူ၏ လက်ကိုမြှောက်လိုက်ရာ ရောင်စုံသန့်စင်ခြင်း စွမ်းအားလှိုင်းတစ်ခုက အမှောင်စွမ်းအားကို လုံးဝ လွှမ်းခြုံသွားသည်။ သန့်စင်ခြင်း စွမ်းအားနှင့် ထိတွေ့လိုက်သည်နှင့် အမှောင်စွမ်းအားလည်း လျင်မြန်စွာ ပျော်ဝင်သွားတော့သည်။

သို့သော် ထိုအချိန်တွင် လုချန်း မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ အမှောင်စွမ်းအား အစုအဝေးသည် အသေးစား လူပုံသဏ္ဌာန် အဖြစ် ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။

“ငါတို့ သခင်ကြီးက မင်းတို့အားလုံးကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်မယ်။”

“စောင့်နေလိုက်... မင်းတို့ စကြဝဠာ ပျက်သုဉ်းမယ့်နေ့ မကြာခင် ရောက်လာတော့မယ်။”

“ကောင်းကင်နတ်ဆိုးသခင်ကြီးက ငါ့ အတွက် လက်စားချေပေးလိမ့်မယ်”

အမည်းရောင်ပုံရိပ်၏ စကားကို ကြားလျှင် လုချန်း ခဏခန့် ကြောင်သွားသည်။ သူ ထင်ထားသကဲ့သို့ပင် ဖြစ်နေသည်။ ဤအမှောင်စွမ်းအားသည် ရိုးရှင်းသော အမှောင်စွမ်းအား မဟုတ်တော့ပဲ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ပညာ ပေါက်ဖွားလာသော စွမ်းအားတစ်ခု ဖြစ်သည်။

တစ်နေ့တွင် စွမ်းအားတစ်ခုက စိတ်ပိုင်းဆိုင်ရာ ဉာဏ်ပညာ ဖွံ့ဖြိုးလာနိုင်သည်ဟု သူ တစ်ခါမှ မတွေးဖူးပေ။

သို့သော် ဤအမှောင်စွမ်းအားသည် စိတ်ပိုင်းဆိုင်ရာ ဉာဏ်ပညာ ဖွံ့ဖြိုးလာသော်လည်း ရောင်စုံသန့်စင်ခြင်း စွမ်းအားကိုတော့ မတောင့်ခံနိုင်ပေ။ ခဏအတွင်းမှာပင် အမှောင်စွမ်းအား လုံးဝ ပျော်ဝင်သွားသည်။

ထို့ပြင် ပေထျန်းလု ခန္ဓာကိုယ်ထဲမှ သေမင်း အငွေ့အသက်များလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။

သူ့ခန္ဓာကိုယ် ရုတ်တရက် ပေါ့ပါးလန်းဆန်းသွားသည်ကို ခံစားလိုက်ရသဖြင့် ပေထျန်းလု အလွန်ဝမ်းသာသွားပြီး လုချန်းကို အလျင်အမြန် ဦးညွှတ်ကာ

“ကျေးဇူးတင်ပါတယ် မင်းကြီး”

ထိုအခိုက်အတန့်တွင် ပေရှုဟွာကတော့ ကြောင်လျက်သား ရပ်နေမိသည်။ ခဏခန့် ကြာမှ သူမ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

“တကယ်... ပျောက်သွားပြီပဲ...”

…………..

အခန်း (၁၃၁၆ )

ထျန်းချန်ကမ္ဘာတွင် ကျင့်ကြံခြင်း

ဧကရာဇ်အဆင့်ပင် မဖြေရှင်းနိုင်သည့် အမှောင်စွမ်းအားကို သူတော်စင်အဆင့်တစ်ဦးက ဖယ်ရှားပစ်လိုက်ခြင်းဖြစ်သည်။ ပေရှုဟွာစိတ်ထဲ အိပ်မက်မက်နေသည်ဟုပင် ထင်မိသွား၏။

သို့သော် ထိုအရာက သူမမျက်စိရှေ့မှောက်တွင် တကယ်ဖြစ်ပျက်ခဲ့ပေသည်။

အရေးအကြီးဆုံးက လုချန်းက သူမ၏ အဘိုးဖြစ်သူကို အမှောင်စွမ်းအား ဖယ်ရှားပေးရုံသာမက အသက်စွမ်းအားကိုပါ ပြန်လည်ရရှိစေခဲ့ခြင်း ဖြစ်သည်။

ယုတ္တိဗေဒ သဘောအရဆိုလျှင် အဘိုး၏ ခန္ဓာကိုယ်အတွင်းမှ အမှောင်စွမ်းအားကို ရှင်းလင်းလိုက်နိုင်လျှင်ပင် သူ၏ စိတ်ဝိညာဉ်သည် ပြင်းထန်စွာ ထိခိုက်ထားပြီးဖြစ်ရာ ပြန်လည်ကောင်းမွန်လာရန် အလွန်ခက်ခဲပေလိမ့်မည်။

သို့သော် ဤအခက်အခဲများက ရှဧကရာဇ် ရှေ့မှောက်တွင် ဘာမှမဟုတ် သကဲ့သို့ ဖြစ်နေသည်။

ဤအရာအားလုံးကို သူတော်စင်အဆင့်တစ်ဦးက တကယ်လုပ်ဆောင်နိုင်လား။

ပေထျန်းလုကို ကုသပေးပြီးနောက် ပေရှုဟွာကို လုချန်း လှည့်ကြည့်လိုက်ကာ

“ကဲ... ကုသလို့ပြီးသွားပြီဆိုတော့ ခင်ဗျားတို့ သွားလို့ရပါပြီ။ လောလောဆယ် ရှနိုင်ငံတော်အကြောင်း လေ့လာနှင့်ကြပါ။ ခဏနေရင် ကျွန်တော် လာရှာခဲ့မယ်။”

စကားဆုံးသည်နှင့် လုချန်း၏ ပုံရိပ် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

လုချန်း ထွက်ခွာသွားပြီးနောက် ပေရှုဟွာ ပေထျန်းလုအနားသို့ အလျင်အမြန် တိုးကပ်သွားပြီး

“အဘိုး... ဘယ်လိုနေသေးလဲ”

ပေထျန်းလုက

“အရင်ကထက်တောင် ပိုကောင်းနေသေးတယ်”

ထိုသို့ပြောရင်း ပေထျန်းလု သက်ပြင်းချလိုက်သည်။

“တကယ်ပဲ ကောင်းကင်ဘုံက ထွက်ပေါက်အားလုံးကို ပိတ်မထားဘူး။ ဒီလို ဝေးလံခေါင်သီတဲ့ ကြယ်နယ်မြေမှာ အမှောင်စွမ်းအားကို ဖယ်ရှားနိုင်တဲ့သူ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ပြီးတော့ အဲဒီလူက သူတော်စင်အဆင့်ပဲ ရှိသေးတယ်။”

ပေထျန်းလု၏ စကားကို ကြားလျှင် စိုးရိမ်သော အမူအရာဖြင့် ပေရှုဟွာက

“ဒါပေမဲ့... အခု အဘိုးက စိတ်ဝိညာဉ်ထိန်းချုပ်တဲ့ ကျင့်စဉ်တစ်ခု မိထားပြီလေ။”

လုချန်း၏ စွမ်းရည်များကို မြင်တွေ့ခဲ့ရပြီးဖြစ်ရာ လုချန်း၏ စိတ်ဝိညာဉ်ထိန်းချုပ်ကျင့်စဉ်က ဧကရာဇ်အဆင့်အပေါ် သက်ရောက်မှု ရှိပါ့မလားဟု ပေရှုဟွာ သံသယ မဖြစ်တော့ပေ။

ဧကရာဇ်အဆင့်ပင် မဖြေရှင်းနိုင်သည့် အမှောင်စွမ်းအားကို ဖယ်ရှားပေးနိုင်မှတော့ ဧကရာဇ်အဆင့်ကို ထိန်းချုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်စရာ မရှိပေ။

ပေရှုဟွာ၏ စိုးရိမ်ပူပန်မှုများကို မြင်လိုက်ရသဖြင့် ပေထျန်းလုက

“ရှုဟွာ... ဒါက မကောင်းတဲ့ကိစ္စတစ်ခု ဖြစ်မလာနိုင်ပါဘူး။ ငါတို့အတွက် အခွင့်အရေး ဖြစ်လာဖို့ ပိုများတယ်။”

“သူက အမှောင်စွမ်းအားကိုတောင် ရှင်းလင်းပေးနိုင်ပြီး ငါ့ကို အသက်စွမ်းအား ပြန်ရလာအောင် လုပ်ပေးနိုင်တယ်ဆိုတော့ သာမန်လူလို့ ထင်နေတုန်းလား။”

ထိုအချက်ကို ပေရှုဟွာ နားလည်သော်လည်း သူမစိတ်ထဲတွင် တုန်လှုပ်မှုအချို့ ရှိနေဆဲဖြစ်၏။

စိတ်ဝိညာဉ်ထိန်းချုပ်ကျင့်စဉ်ကို အသုံးမပြုပဲ ရှနိုင်ငံတော်ကို ကာကွယ်ပေးရန် ပေထျန်းလုကို လုချန်းက ရိုးရိုးရှင်းရှင်း တောင်းဆိုခဲ့ခြင်း သက်သက်သာ ဖြစ်ပါက နှစ်ဦးသဘောတူ ‌အ‌ပေးအယူ တစ်ခုသာ ဖြစ်သောကြောင့် သူတို့အတွက် ပြဿနာရှိမည် မဟုတ်ပေ။

သို့သော် စိတ်ဝိညာဉ်ထိန်းချုပ်ကျင့်စဉ်ကို အသုံးပြုပြီးနောက်တွင် သူတို့၏ တော်ဝင်အကြီးအကဲသည် တစ်စုံတစ်ဦး၏ အစေခံ ဖြစ်သွားခဲ့ရပြီး ပေထျန်းလု၏ မျိုးဆက်တစ်ဦးအနေနှင့် သူမစိတ်ထဲတွင် မသက်မသာ ဖြစ်နေရသည်။

ပေရှုဟွာ လက်မခံနိုင်သေးမှန်း ပေထျန်းလုလည်း သိသဖြင့် ထိုအ‌ကြောင်းအရာကို ဆက်မပြောတော့ပေ။

“အခု ငါလည်း ပြန်ကောင်းလာပြီဆိုတော့ ရှနိုင်ငံတော် တစ်ခွင် အလည်အပတ်ထွက်ကြတာပေါ့။ ရှနိုင်ငံတော်က ငါတို့အတွက် အံ့သြစရာတွေ ထပ်ပေးလာလိမ့်မယ်လို့ ယုံကြည်တယ်။”

နောက်တစ်လအတွင်းတွင် ရှနိုင်ငံတော် တစ်ခွင်လုံးကို ပေထျန်းလုနှင့် ပေရှုဟွာတို့ လှည့်လည်သွားလာခဲ့ကြပြီး ရှနိုင်ငံတော်၏ ဆန်းသစ်မှုအမျိုးမျိုးကို တွေ့ကြုံခံစားခဲ့ကြရသည်။

ရှနိုင်ငံတော် တစ်ခွင်လုံး လှည့်လည်ကြည့်ရှုပြီးနောက် ပေရှုဟွာ၏ ကျင့်စဉ်အဆင့်လည်း လှုပ်ခတ်လာသည့် လက္ခဏာများ ပြသလာသည်။

ဤအကြောင်းကို ပေထျန်းလုအား ပေရှုဟွ ချက်ချင်း အစီရင်ခံလိုက်၏။ ပေထျန်းလုလည်း ရှနိုင်ငံတော်ကို ကောင်းစွာလေ့လာပြီးပြီဟု ခံစားမိသဖြင့် လုချန်းနှင့် တွေ့ဆုံရန် ထျန်းချန်ကမ္ဘာသို့ ပေရှုဟွာကို ခေါ်ဆောင်သွားလိုက်သည်။

……..

ထျန်းချန်ကမ္ဘာ။

နဂါးနက်မြို့တော်။

နန်းတော်။

ယွမ်ရှန်ရှန်၏ အိပ်ဆောင်။

အိပ်ဆောင်အတွင်းမှ ကျယ်လောင်သော အသံများ ရံဖန်ရံခါ ထွက်ပေါ်လာရာ အိပ်ဆောင်တံခါးဝရှိ အစေခံများ၏ မျက်နှာနှင့် နားရွက်များ နီရဲနေကြသည်။

ဤအသံများကို မရေမတွက်နိုင်အောင် ကြားဖူးခဲ့ကြသော်လည်း ကြားရသည့် အခါတိုင်းတွင် သူတို့၏ စိတ်အာရုံများ လွင့်မျောသွားခြင်းကို မတားဆီးနိုင်ကြပေ။

ရှဧကရာဇ်သည် ချောမောခန့်ညားရုံသာမက ရှနိုင်ငံတစ်ခုလုံးတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ရာ မိန်းကလေးတစ်ယောက်အနေနှင့် သူ့အပေါ် စိတ်ကူးမယဉ်ပဲ ဘယ်လိုနေနိုင်ပါမည်နည်း။

လုချန်း၏ ဇနီးမယားများ အနီးရှိ အစေခံများသည် အခြေခံအားဖြင့် ရမှတ် ရှစ်ဆယ်အထက်နှင့် ကိုးဆယ်အောက်ရှိသော အမျိုးသမီးများဖြစ်ကြပြီး ပြင်ပလောကတွင်ဆိုပါက ဂိုဏ်းများမှ သူတော်စင်မ အဆင့်ရှိသူများ ဖြစ်ကြသည်။

သို့သော် ဤအစေခံများအတွက် အခွင့်အရေး မရှိကြသည်က နှမြောစရာကောင်းလှ၏။ လုချန်းတွင် ဇနီးမယားများ မရှားပါးသည့်အပြင် ပို၍များပြားလာသဖြင့်အလုပ်ရှုပ်နေပြီဖြစ်ရာ ဤအစေခံများအပေါ် ဘယ်လိုလုပ် အချိန်ပေးနိုင်ပါမည်နည်း။

အစေခံများကိုပင် မချန်ပါက သူ ပို၍ပင် ဝန်ပိသွားပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် အိပ်ဆောင်အတွင်း၌ ယွမ်ရှန်ရှန်၏ သွေးကြောများကို ဖြေလျှော့ပေးရန် လုချန်း အားတက်သရော ကူညီပေးနေသည်။

သူတို့နှစ်ဦး ဇနီးမောင်နှံဖြစ်လာတာ ‌အတော်ကြာခဲ့ပြီ ဖြစ်၍ လုချန်းရှေ့တွင် ယွမ်ရှန်ရှန်က ဟန်ဆောင်မနေတော့ပေ။ အော်ဟစ်ရန် လိုအပ်လာလျှင် အော်ဟစ်လိုက်တော့သည်။

ယွမ်ရှန်ရှန်၏ ကျယ်လောင်သော အော်သံများကြောင့် လုချန်းက သူမကို အထင်သေးသွားခြင်း မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ယွမ်ရှန်ရှန် စိတ်လွတ်ကိုယ်လွတ်ဖြစ်လေ လုချန်း၏ အောင်မြင်မှု ခံစားချက်က ပိုကြီးမားလေဖြစ်သည်။

ယွမ်ရှန်ရှန်သည် တစ်ချိန်က မြင့်မြတ်သော နတ်သမီးတစ်ပါး ဖြစ်ခဲ့ဖူးသော်လည်း ယခု တော့ လူ့လောကထဲသို့ ဆွဲခေါ်ခံလိုက်ရပြီး နာခံတတ်လာခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် အိပ်ဆောင်အတွင်း၌ လုချန်း၏ အသံ ထွက်ပေါ်လာသည်။

“ဆရာမ... ကိုယ့်ရဲ့ အင်အားက သိသိသာသာ ထပ်တိုးမလာဘူးလား။”

ဤမေးခွန်းကို ကြားလျှင် ယွမ်ရှန်ရှန်က စကားမပြောပဲ ညည်းသံသဲ့သဲ့သာ ပြုလုပ်လိုက်သည်။ လုချန်း ဘယ်လိုအင်အားမျိုးကို ဆိုလိုမှန်း သူမ သိ၏။

ယွမ်ရှန်ရှန်၏ ဂရုမစိုက်သော အမူအရာကို မြင်လိုက်ရသဖြင့် လုချန်းစိတ်ထဲတွင် ရန်လိုစိတ်များ တက်ကြွလာပြီး ယွမ်ရှန်ရှန်ကို အထူးကုသမှု ပေးရန် ပြင်လိုက်စဉ်မှာပင် တံခါးဝမှ ပိုင်ချင်းချင်း၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

“မင်းကြီး... ပေထျန်းလုနဲ့ ပေရှုဟွာတို့ တွေ့ခွင့်တောင်းနေကြပါတယ်။”

ပိုင်ချင်းချင်း၏ စကားကို ကြားပြီးနောက် ယွမ်ရှန်ရှန်အား

“ဒီနေ့တော့ လွှတ်ပေးလိုက်မယ်။ ကိစ္စတွေပြီးတာနဲ့ တပည့်ရဲ့ အင်အားကို ဆရာမ တကယ်ခံစားရအောင် မုချ လုပ်ပေးမယ်။”

ယွမ်ရှန်ရှန်က လုချန်းကို မျက်စောင်းထိုးလိုက်ပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။ တကယ်လို့ ဤအချိန်မျိုးတွင် စကားပြောလိုက်မိပါက မတော်တဆ စိတ်ဆွမိပြီး လုချန်း ထသွားတော့မည် မဟုတ်သောကြောင့် ဖြစ်သည်။

ထို့နောက် လုချန်း ဆုတ်ခွာလိုက်ပြီး အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်ကာ ပေထျန်းလုတို့နှင့် တွေ့ဆုံရန် ယွမ်ရှန်ရှန်၏ အိပ်ဆောင်မှထွက်၍ စာကြည့်ခန်းသို့ သွားလိုက်သည်။

စာကြည့်ခန်းထဲသို့ ဝင်ရောက်လာသည်နှင့် ပေရှုဟွာ၏ အငွေ့အသက်များ သိသိသာသာ တိုးတက်လာပြီး အဆင့်တက်မည့် လက္ခဏာများ ပြသနေသည်ကို လုချန်း သတိထားမိလိုက်သည်။

ပေရှုဟွာ အဆင့်တက်သွားပြီး ဧကရာဇ်အဆင့် ဖြစ်လာလျှင် ရှနိုင်ငံမှ ထွက်ခွာသွားနိုင်ပြီး ရဖို့ခက်ခဲသည့် ရမှတ်ကိုးဆယ်တန် အမျိုးသမီးတစ်ဦး ဆုံးရှုံးသွားနိုင်သဖြင့် လုချန်း စိုးရိမ်သွားသည်။

ပေထျန်းလု ရှိနေခြင်းက ပေရှုဟွာကို ရှနိုင်ငံတွင် ဆက်ရှိနေစေမလားဟု သူ တွေးလိုက်မိသည်။

စိတ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် လုချန်းက

“ဝါစဉ်ကြီးသူပေ... ဆွေးနွေးစရာကိစ္စ ရှိလို့လား”

စာကြည့်ခန်းထဲသို့ ဝင်ရောက်လာကြပြီးနောက် ပေရှုဟွာနှင့် ပေထျန်းလုတို့က ဂါရဝပြုကာ

“မင်းကြီးကို ဂါရဝပြုပါတယ်”

ထုံးစံအတိုင်း ဂါရဝပြုပြီးနောက် ပေထျန်းလုက ဆက်ပြောလိုက်သည်။

“မင်းကြီး... ရှုဟွာရဲ့ အဆင့်က အခု လှုပ်ခတ်နေပြီး အဆင့်တက်မယ့် လက္ခဏာတွေ ပြနေပါတယ်။ ဒါကြောင့် သူ့ကို ထျန်းချန်ကမ္ဘာမှာ တံခါးပိတ်ကျင့်ကြံစေဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ မင်းကြီး သဘောတူမတူ မေးမြန်းပါရစေ။”

ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်လာကတည်းက ဤနေရာရှိ စိတ်ဝိညာဉ် စွမ်းအားသိပ်သည်းမှုက ချီယွဲ့ကမ္ဘာထက် များစွာသာလွန်ကြောင်း ပေထျန်းလု တွေ့ရှိခဲ့သည်။

စိတ်ဝိညာဉ်စွမ်းအား သိပ်သည်းသော ဤကဲ့သို့ကမ္ဘာတစ်ခု စကြဝဠာထဲတွင် ဘာကြောင့် တည်ရှိနေသလဲ ဆိုတာကိုတော့ သူ အသေအချာ မစုံစမ်း လိုတော့ပေ။ လုချန်းကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်ပင် ဤမျှ ဝေးလံခေါင်ဖျားသော ကြယ်နယ်မြေတွင် နေထိုင်နေသဖြင့် ဖရိုဖရဲကြယ်ပင်လယ်အတွင်း မည်သည့်အရာဖြစ်ပျက်ပါစေ သူ အံ့သြတော့မည် မဟုတ်ပေ။

ယခု သူ၏ တစ်ခုတည်းသော ဆန္ဒမှာ ပေရှုဟွာ အဆင့်တက်ပြီး ဧကရာဇ်အဆင့် ဖြစ်လာရန်သာ ဖြစ်သည်။

ထျန်းချန်ကမ္ဘာတွင် တံခါးပိတ်ကျင့်ကြံလျှင် ပေရှုဟွာ၏ ကျင့်စဉ်အဆင့် တိုးတက်လာမည့် အခွင့်အလမ်း ပို၍များလာမှာ မလွဲဧကန်ပင်။

လုချန်း၏ အကြည့်က ပေရှုဟွာအပေါ် ကျရောက်သွားပြီး ပြုံးကာ

“ဒါပေါ့... မင်းသမီးကြီးအတွက် ကျင့်စဉ်ခန်းတစ်ခု ချက်ချင်း စီစဉ်ပေးလိုက်ပါမယ်။”

လုချန်းက သူမကို မင်းသမီးကြီးဟု ခေါ်သည်ကို ကြားလျှင် ပေရှုဟွာက လျင်မြန်စွာ ပြောလိုက်သည်။

“မင်းကြီး... ချီယွဲ့နိုင်ငံကနေ ထွက်လာခဲ့ပြီးပြီဆိုတော့ ကျွန်မက ချီယွဲ့နိုင်ငံရဲ့ မင်းသမီး မဟုတ်တော့ပါဘူး။ကျေးဇူးပြုပြီး ရှုဟွာလို့ပဲ ခေါ်ပါ။”

…………..

အခန်း (၁၃၁၇ )

ထုံးစံတွေ မလို

ပေရှုဟွာက သူမ၏ အနေအထားကို ကောင်းစွာ သိ၏။ သူမတွင် မင်းသမီးတစ်ပါး၏ မာန်မာနမျိုး မရှိတော့ချေ။ သူမသည် ယခု သူတစ်ပါးနယ်မြေတွင် ခိုလှုံနေရသူဖြစ်ပြီး လုချန်းကို ကြီးမားသော ကျေးဇူးကြွေး တင်ရှိနေပြီးဖြစ်ရာ လုချန်းရှေ့တွင် သူမ အနေအထိုင် အလွန်ဆင်ခြင်၏။

လုချန်းက ပေရှုဟွာ၏ လှပသော မျက်ဝန်းများကို ကြည့်လိုက်ကာ

“ကောင်းပြီလေ... ဒါပေမဲ့ ရှုဟွာလို့ ခေါ်တာက အရမ်းရင်းနှီးလွန်းနေတယ်။ သိပ်ပြီး မသင့်တော်လှဘူး။ အခုကစပြီး ပေမိန်းကလေးလို့ပဲ ခေါ်ပါ့မယ်။”

လုချန်း၏ စကားကို ကြားသောအခါ နာမည်အရင်း ခေါ်ဆိုခြင်းက တကယ်ပင် ရင်းနှီးလွန်းနေကြောင်း ပေရှုဟွာ သတိပြုမိလိုက်သည်။ တကယ်တော့ သူတို့က ယခုမှ စတင်တွေ့ဆုံဖူးခြင်း ဖြစ်သည်။

သို့သော် ဤထုံးစံများကို သူမ သိပ်ပြီး ဂရုမစိုက်လှပေ။

ထိုအချိန်တွင် လုချန်းက ဆက်လက်၍

“နန်းတော်ထဲမှာ ခင်ဗျားအတွက် ကျင့်စဉ်ခန်းတစ်ခု ကျွန်တော် ပြင်ထားတယ်။”

“ဒါက...”

ပေရှုဟွာက

“မင်းကြီး... နန်းတော်ဆိုတာ တော်ဝင်မိသားစု နေထိုင်တဲ့ နေရာပါ။ ကျွန်မ လာနေဖို့ မသင့်တော်ပါဘူး။”

ထိုအချိန်တွင် ပေရှုဟွာ သတိဝင်သွားသည်။ ဤကာလအတွင်း သူမနှင့် သူမ၏ အဘိုးဖြစ်သူတို့သည် ရှနိုင်ငံတော် အနှံ့အပြားသို့ ခရီးသွားခဲ့ကြပြီး လုချန်းအကြောင်း ပိုမိုသိရှိနားလည်ခဲ့ကြသည်။

လုချန်းက အလွန်တဏှာကြီးသူဖြစ်ပြီး သူ၏ မိဖုရားအားလုံးသည် ခြွင်းချက်မရှိ လှပသူများဖြစ်ကြောင်း၊ သူကလည်း အလွန်တဇွတ်ထိုးနိုင်ကြောင်း၊ သူ သဘောကျသော အမျိုးသမီးများသည် နောက်ဆုံးတွင် မိဖုရားဆောင်သို့ ခေါ်ဆောင်ခံရလေ့ရှိကြောင်း ကောလာဟလများ ရှိနေသည်။

သူ၏ ဆရာမပင်လျှင် လုချန်း၏ လက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။

လုချန်းက သူမအပေါ် တစ်စုံတစ်ရာ ကြံစည်နေကြောင်း ပေရှုဟွာ အနည်းငယ် ရိပ်မိလိုက်သည်။

ထို့နောက် လုချန်းက

“နန်းတော်က ထျန်းချန်ကမ္ဘာမှာ စိတ်ဝိညာဉ်စွမ်းအား အသိပ်သည်းဆုံး နေရာပဲ။ နန်းတော်ထဲမှာ ကျင့်ကြံတာက အဆင့်တက်ဖို့ အခွင့်အလမ်း ပိုများတယ်။”

“ဒါက...”

ပေရှုဟွာ တိတ်ဆိတ်သွားပြီး မည်သည့်စကားမှ ပြန်မပြောချေ။ ထိုအချိန်တွင် ပေထျန်းလုလည်း လုချန်း၏ ရည်ရွယ်ချက်ကို သတိပြုမိလိုက်သော်လည်း ဤအခြေအနေတွင် စကားများများစားစား မပြောနိုင်ပေ။

ပေရှုဟွာ၏ အဘိုးတစ်ဦးအနေနှင့် သူ၏ မျိုးဆက် အတင်းအကျပ် စေခိုင်းခံရသည်ကို မမြင်ချင်သော်လည်း ယခု သူသည် လုချန်း၏ စိတ်ဝိညာဉ်ထိန်းချုပ် တံဆိပ် ခတ်နှိပ်ခံထားရသဖြင့် လုချန်းကို ဆန့်ကျင်ရန် မဖြစ်နိုင်တော့ချေ။

ပေရှုဟွာ တိတ်ဆိတ်နေစဉ် လုချန်းက ပြုံး၍

“ပေမိန်းကလေး သဘောမတူရင် ကျင့်ကြံဖို့ တခြားသင့်တော်တဲ့နေရာတစ်ခု စီစဉ်ပေးပါ့မယ်။”

ပေရှုဟွာ သတိပြန်ဝင်လာပြီး တဲ့တိုးပင်

“မလိုပါဘူး... နန်းတော်ထဲမှာပဲ ကျွန်မ ကျင့်ကြံပါ့မယ်။”

သူမ ဧကရာဇ်အဆင့် ဖြစ်လာသည်နှင့် လုချန်းက သူမကို တစ်ခုခုလုပ်ချင်လျှင်ပင် သိပ်လွယ်ကူတော့မည် မဟုတ်ကြောင်း ပေရှုဟွာ တွေးတောလိုက်သည်။

ထို့ပြင် လုချန်းက သူမ၏ အဘိုးကိုကယ်တင်ပေးခဲ့တာ မကြာသေးပေ။ ယခုချက်ချင်း လုချန်းကို ဆန့်ကျင်လိုက်ပါက သင့်တော်မည် မဟုတ်ပေ။

ထို့ပြင် သူမ၏ အဘိုးသည် လုချန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် ကြားညပ်နေရသည့် အနေအထားက သူ့အတွက် ခက်ခဲလှသည်။ လောလောဆယ် လုချန်း၏ အစီအမံကို လိုက်နာရန် သူမ ဆုံးဖြတ်လိုက်ပြီး ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးမှသာ အဘိုးဖြစ်သူထံမှ စိတ်ဝိညာဉ်ထိန်းချုပ် တံဆိပ်ကို ဖယ်ရှားရန် နည်းလမ်းရှာတော့မည်။

လုချန်းက

“ပေမိန်းကလေးကို ကျင့်စဉ်ခန်းဆီ လိုက်ပို့ပေးဖို့ လူလွှတ်လိုက်မယ်။”

“နောက်နောင် ပေမိန်းကလေး တစ်ခုခုလိုအပ်ရင် နန်းတော်ထဲက အစေခံတွေကို ပြောလိုက်ပါ။ သူတို့က လိုအပ်တာတွေ စီစဉ်ပေးပါလိမ့်မယ်။”

ပေရှုဟွာက ဦးညွှတ်ကာ

“ကျေးဇူးတင်ပါတယ် မင်းကြီး”

လုချန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

“ကျွန်တော်တို့အားလုံးက မိတ်ဆွေတွေပါပဲ... ထုံးစံတွေ ထားလိုက်ပါ။”

ထိုစကားကို ကြားသောအခါ ပေရှုဟွာ၏ မျက်နှာပေါ်၌ ရှုပ်ထွေးသွားသော အရိပ်အ‌ယောင်များ ပေါ်ထွက်လာ၏။ ရှနိုင်ငံတော်သို့ ရောက်ရှိပြီးနောက် နှိမ့်ချနေခဲ့သော်လည်း ယခင်က ချီယွဲ့နိုင်ငံ၏ မင်းသမီးတစ်ပါး ဖြစ်ခဲ့ဖူးသူ တစ်ဦးအနေနှင့် သူတစ်ပါးအိမ်တွင် နေထိုင်ပြီး အောက်ကျို့ပြောဆိုနေရသည်က သူမအတွက် သည်းခံရန် ခက်ခဲလှပေသည်။

ဤလောကတွင် အင်အားကသာ အဓိက ဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင် ပေရှုဟွာ၏ ကျင့်စဉ်စိတ်နှလုံး ပိုမိုခိုင်မာလာခဲ့သည်။ သူမ ဧကရာဇ်အဆင့် ဖြစ်လာပြီး ပိုအားကောင်းလာအောင် လုပ်ဆောင်ရပေမည်။

ထိုအချိန်မှာပင် အစေခံများထံသို့ လုချန်းက အသံလွှင့် ဆက်သွယ်လိုက်သည်။ မကြာမီတွင် ဝတ်စုံရှည်များ ဝတ်ဆင်ထားသော အစေခံအချို့ စာကြည့်ခန်း တံခါးဝတွင် ပေါ်လာကြရာ ၎င်းတို့၏ ဝတ်စုံများကြောင့် လုချန်းပင် ခဏခန့် ကြောင်အသွား၏။

လုချန်းက တဲ့တိုးပင် မေးလိုက်သည်။

“မင်းတို့ ဝတ်ထားတဲ့ အဝတ်အစားတွေက ဘယ်လိုဖြစ်တာလဲ”

အစေခံခေါင်းဆောင်က

“မင်းကြီး... ဒီဝတ်စုံတွေကို မိဖုရားမုက ကျွန်မတို့ ဝတ်ဖို့ ရွေးချယ်ပေးထားတာပါ။”

လွန်ခဲ့သော ရက်အနည်းငယ်က ကိစ္စတစ်ခုအတွက် အစေခံအချို့ ပြင်ဆင်ပေးရန် မုကျိရွှမ်းအား မှာကြားခဲ့သည်ကို လုချန်း ချက်ချင်း သတိရသွားသည်။ သူ့ကို ပြုစုရန်အတွက် အစေခံများ စီစဉ်ခိုင်းသည်ဟု မုကျိရွှမ်း ထင်မှတ်သွားပြီး အစေခံများအား ဝတ်စုံများ လဲလှယ်ဝတ်ဆင်ခိုင်းခဲ့ခြင်း ဖြစ်လောက်သည်။

လုချန်းနောက်သို့ ပထမဆုံး လိုက်ပါခဲ့သော အမျိုးသမီးတစ်ဦးဖြစ်‌သော မုကျိရွှမ်းသည် လုချန်း ဘာကြိုက်မှန်း ကောင်းစွာသိသူ ဖြစ်၏။ လုချန်းနှင့် အတူရှိနေချိန်တွင် သူမ ဤကဲ့သို့ အဝတ်အစားမျိုး ဝတ်ဆင်သည်ကို လုချန်း နှစ်သက်လေ့ ရှိသည်။

လုချန်းက ချောင်းဟန့်လိုက်ပြီး

“အခုကစပြီး မင်းတို့က ကျုပ်ဘေးနားက မိန်းကလေးကို ပြုစုပေးရမယ်။ ပြီးတော့ မင်းတို့ အရင်ဝတ်နေကျ ရှေးဟောင်းဝတ်စုံတွေကို ပြန်လဲလိုက်ကြ။”

ပေရှုဟွာသည် ရှနိုင်ငံတော်သို့ ရောက်ခါစသာ ရှိသေးရာ သူ့ကို မိန်းမလိုက်စားသူဟု မထင်စေလိုပေ။

အစေခံခေါင်းဆောင်က ဦးစွာ ဂါရဝပြုလိုက်ပြီး

“အမိန့်အတိုင်းပါ မင်းကြီး။”

ထိုအချိန်တွင် အစေခံခေါင်းဆောင်က

“ဒီမိန်းကလေးကို ဘယ်လိုခေါ်ဝေါ်ရမလဲဆိုတာ သိခွင့်ပြုပါ။”

လုချန်းက

“ပေမိန်းကလေးလို့ပဲ ခေါ်လိုက်ပါ။”

ထို့နောက် အစေခံခေါင်းဆောင်နှင့် အခြားအစေခံများက ပေရှုဟွာကို ဂါရဝပြုလိုက်ကြသည်။

“ပေမိန်းကလေးကို တွေ့ရတာ ဝမ်းသာပါတယ်”

အစေခံများ ဝတ်ဆင်ထားသော အဝတ်အစားများကို ပေရှုဟွာ ကြည့်လိုက်ရာ အတော်လေး လှပသည်ကို တွေ့လိုက်ရသည်။ ရှနိုင်ငံတော်တွင် နေထိုင်စဉ်အတွင်း သူမကို စိတ်ဝင်စားစေသော ထူးဆန်းသည့် နည်းပညာပစ္စည်းများအပြင် ရှနိုင်ငံတော်မှ အဝတ်အစားများကိုလည်း သူမ အလွန်နှစ်သက်သည်။

သူမကိုယ်တိုင် ဝတ်စုံအတော်များများ ဝယ်ယူထားသော်လည်း ပေထျန်းလု ပါလာသဖြင့် ထိုဝတ်စုံများကို မဝတ်ဆင်ခဲ့ရချေ။

လုချန်းက ပေရှုဟွာဘက် လှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။

“ပေမိန်းကလေး... ကျင့်စဉ်ခန်းကို ကြည့်ဖို့ သူတို့နောက် လိုက်သွားလိုက်ပါလား။ မကြိုက်ရင် အသစ်လဲပေးပါ့မယ်။”

ထို့နောက် အစေခံခေါင်းဆောင်ကို လုချန်း ညွှန်ကြားလိုက်သည်။

“ပေမိန်းကလေးကို ဖန်းဟွာခန်းမဆီ ခေါ်သွားလိုက်။”

ပေရှုဟွာလည်း ပေထျန်းလုကို တစ်ချက်ကြည့်လိုက်ပြီးနောက် အစေခံများနောက်သို့ လိုက်ပါထွက်ခွာသွားတော့သည်။

ပေရှုဟွာ ထွက်ခွာသွားပြီးနောက် ပေထျန်းလုက ပြောလိုက်သည်။

“ရှုဟွာကို နန်းတော်ထဲမှာ တံခါးပိတ်ကျင့်ကြံခွင့် ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းကြီး။”

လုချန်း၏ ရည်ရွယ်ချက်ကို သိသော်လည်း သူတစ်ပါးနယ်မြေတွင် ရောက်နေသဖြင့် ခေါင်းငုံ့ခံရမည်သာ ဖြစ်သည်။ လောလောဆယ်တွင် ပေထျန်းလု၌ အခြားရွေးချယ်စရာ မရှိချေ။

လုချန်း၏ ဇာစ်မြစ်ကို မသိရရသေးသည့်အပြင် စိတ်ဝိညာဉ်ထိန်းချုပ် တံဆိပ်လည်း ခတ်နှိပ်ခံထားရသောကြောင့် ပေရှုဟွာအပေါ် လုချန်း မရိုးမသား ကြံစည်နေကြောင်း သိလျှင်ပင် လုချန်းကို ကျေးဇူးတင်စကားသာ ပြောဆိုနိုင်ပေသည်။

သို့သော် စဉ်းစားကြည့်လျှင် ပေရှုဟွာသာ လုချန်းကို သဘောကျသွားပါက ကောင်းသောအရာ ဖြစ်လာနိုင်သည်။

လုချန်းသည် ဇနီးမယားများကို အလွန်ကောင်းမွန်စွာ ဆက်ဆံပြီး သူတို့ဆန္ဒရှိသည့်အတိုင်း သွားလာခွင့်ပြုသည်ဟု ကောလာဟလများ ရှိ၏။ ရှနိုင်ငံတော်တွင် ရှိနေစဉ်အတွင်း လုချန်း၏ ဇနီးများ စီမံခန့်ခွဲသော ကမ္ဘာများစွာသို့ ပေထျန်းလုနှင့် ပေရှုဟွာ သွားရောက်လည်ပတ်ခဲ့ကြရာ လုချန်းနှင့် သူ၏ ဇနီးများအကြောင်း ဇာတ်လမ်းအချို့ကိုလည်း ကြားသိခဲ့ရသည်။

သာမန်ပြည်သူများ၏ အမြင်တွင် ရှဧကရာဇ်သည် မိန်းမများသော်လည်း တာဝန်ယူမှုရှိသော အမျိုးသားတစ်ဦး ဖြစ်သည်။

ထို့ပြင် ဇနီးသည်များ လုပ်ချင်သည့်အရာ မှန်သမျှကို သူက ထောက်ပံ့ပေးလေ့ရှိ၏။ ဤအချက်က သူ၏ ဇနီးများ ပိုင်ဆိုင်မှုများစွာ ရှိနေရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။

ပေထျန်းလု၏ စကားကို ကြားသောအခါ လုချန်းက ပြုံးလိုက်ပြီး

“ဝါစဉ်ကြီးသူပေရဲ့ စိတ်ထဲမှာ အဲ့ဒီလို တကယ်မထင်ပါဘူး။”

သူလိမ်ပြောသည်ကို လုချန်းက မိသွားသဖြင့် ပေထျန်းလု ရှက်ရွံ့သွားပြီး ဘာပြောရမှန်း မသိဖြစ်သွားသည်။

လုချန်းက ဆက်ပြောလိုက်သည်။

“စိတ်ချပါ... ပေမိန်းကလေး အဆင့်တက်ပြီး ဧကရာဇ်အဆင့် ဖြစ်လာလို့ ရှနိုင်ငံတော်ကနေ ထွက်သွားချင်တယ်ဆိုရင် ကျွန်တော် တားမှာ မဟုတ်ပါဘူး။”

တကယ်လို့ သူမ ဧကရာဇ်အဆင့် ဖြစ်လာရင်လည်း တားဆီးနိုင်မည့် အင်အား သူ့မှာ ရှိမည်မဟုတ်ကြောင်း လုချန်း တွေးတောလိုက်သည်။

ထို့ပြင် ရမှတ် ကိုးဆယ်ကျော် အမျိုးသမီးတစ်ဦးအနေနှင့် အတိတ်က သူနှင့် တစ်နည်းနည်း ပတ်သက်မှု ရှိနိုင်ခြေများသဖြင့် သူမစိတ်ထဲ သူ့အပေါ် လုံးဝ အငြိုးအတေး မရှိစေလိုပေ။

ရမှတ် ကိုးဆယ်ကျော် အမျိုးသမီးများသည် အတိတ်ဘဝများတွင် သူနှင့် ဆွေမျိုးတော်စပ်ခဲ့ဖူးနိုင်ကြောင်း လုချန်း သံသယဝင်ကတည်းက အတင်းအကျပ် နည်းလမ်းများကို အသုံးပြုရန် သူ့၌ အစီအစဉ် မရှိတော့ချေ။

All Chapters