← Chapters

အခန်း (၁၃၁၈-၁၃၂၀)

Vol. 88 Ch. 1318-1320

အခန်း (၁၃၁၈-၁၃၂၀)

Vol. 88 Ch. 1318-1320

အခန်း (၁၃၁၈)

တကယ် မဖြစ်နိုင်တော့တာလား

လုချန်း၏ စကားများကို ကြားလျှင် ပေထျန်းလုက အနည်းငယ် ယုံရခက်နေ၏။ အကြောင်းမှာ ရှနိုင်ငံတော်တွင် နေထိုင်စဉ်တစ်လျှောက် လုချန်းနှင့် ပတ်သက်၍ ကောလာဟလများစွာ သူကြားသိခဲ့ရသောကြောင့် ဖြစ်သည်။

လုချန်း သဘောကျ၍ နန်းတွင်းသို့ ဝင်လာသည့် မည်သည့် အမျိုးသမီးမဆို နောက်ဆုံးတွင် သူ၏ မိန်းမ ဖြစ်လာသည်ဟု ကောလာဟလများ ရှိသည်။ ရှနိုင်ငံတော်သည် အခြားနိုင်ငံများနှင့် မတူပေ။ အခြားနိုင်ငံများတွင် အုပ်ချုပ်သူ၏ ကိစ္စရပ်များကို ဆွေးနွေးခြင်းကို တင်းကျပ်စွာ တားမြစ်ထားသော်လည်း ရှနိုင်ငံတော်တွင် တွင်တော့ လမ်းမများပေါ်၌ ရှဧကရာဇ်၏ အောင်မြင်မှုများကို လူများ မကြာခဏ ကြွားလုံးထုတ်လေ့ ရှိကြသည်။

အရပ်ရပ်မှ အလှမယ်များကို လုချန်း သိမ်းပိုက်နိုင်ခြင်းကို သာမန်အရပ်သားများက ဂုဏ်ယူစရာ ကိစ္စတစ်ခုအဖြစ် မှတ်ယူကြသည်။ ထို့ကြောင့် ပေရှုဟွာကို ရှနိုင်ငံတော်မှ ထွက်ခွာခွင့် ပေး၊ မပေးကိစ္စနှင့် ပတ်သက်၍ ပေထျန်းလုက တကယ် သံသယဖြစ်မိသည်။

ပေရှုဟွာ၏ ရုပ်ရည်အပြင် သူမ၏ ပါရမီကလည်း အလွန် မြင့်မားလှသည်။ နှစ်ပေါင်း ငါးထောင်အတွင်း ဧကရာဇ်လောင်း အဆင့်သို့ ရောက်ရှိရန် ကျင့်ကြံနိုင်သူက စကြဝဠာ တစ်ခုလုံးတွင်ပင် အလွန် ရှားပါးလှသည်။ ရှဧကရာဇ်က ပေရှုဟွာ၏ ရုပ်ရည်ကို သဘောမကျလျှင်ပင် သူမ၏ ကျင့်စဉ် ပါရမီကြောင့် ထိန်းသိမ်းထားနိုင်သည်ဟု ပေထျန်းလု ယူဆသည်။

လက်ရှိအချိန်တွင် ပေထျန်းလု သူ့ကို မယုံကြည်မှန်းကိုလည်း လုချန်း သိသည်။ သူ ကာမစိတ် ကြီးမားသည့် ဂုဏ်သတင်းသည် ရှနိုင်ငံတော်သား အားလုံး၏ စိတ်ထဲတွင် စွဲထင်နေပြီးသား ဖြစ်သဖြင့် မည်သို့ပင် ပြောစေကာမူ အချည်းနှီးသာ ဖြစ်သည်။ ပေရှုဟွာ ဧကရာဇ်အဆင့်သို့ တက်လှမ်းပြီးနောက်မှသာ သူပြောခဲ့သည့် စကားများ မှန်၊ မမှန်ကို ပေထျန်းလု သိလာလိမ့်မည်ဟု သတွေးတောကာ သူ၏ စိတ်ထဲ မထားတော့ပေ။

ထိုအခိုက်အတန့်တွင် လုချန်း တစ်စုံတစ်ခုကို သတိရသွားပြီး ပေထျန်းလုကို မေးလိုက်သည်။

“အကြီးအကဲပေ....... ခင်ဗျား နေချင်တဲ့ သီးသန့်နေရာမျိုး ရှိလား”

ပေထျန်းလုက

“ကျုပ်က ဘယ်မှာ နေနေ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ရှုဟွာကတော့ တံခါးပိတ် ကျင့်စဉ်စခန်းဝင်ပြီး ကျင့်ကြံနေတော့ သူရဲ့ ကံကြမ္မာ အလှည့်အပြောင်းမှာ ပြဿနာ တစ်ခုခု ကြုံလာလျှင် ချက်ချင်း ကူညီနိုင်အောင် ကျုပ် နဂါးနက်မြို့မှာပဲ နေတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။”

“ကောင်းပါပြီ။ အကြီးအကဲပေအတွက် စံအိမ်တစ်ခု ကျွန်တော် စီစဉ်ပေးပါ့မယ်။”

ထို့နောက် ပေထျန်းလု နေထိုင်ရန် တိတ်ဆိတ်သည့် စံအိမ်တစ်ခု ရှာဖွေပေးရန် အထူးကိုယ်ရံတော်များထံ လုချန်း သတင်းပို့လိုက်သည်။

ပေထျန်းလုက ချက်ချင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။

“မင်းကြီး။ တခြား ကိစ္စမရှိတော့ရင် ကျုပ် မနှောင့်ယှက်တော့ပါဘူး”

“ကောင်းပါပြီ။ စံအိမ်ကို ရွေးချယ်ပြီးတာနဲ့ အထူးကိုယ်ရံတော်တွေကတစ်ဆင့် အကြောင်းကြားလိုက်မယ်။ အကယ်၍ အကြီးအကဲပေ ကြိုက်နှစ်သက်တဲ့ နေရာရှိရင်လည်း အထူးကိုယ်ရံတော်တွေကို ပြောလို့ရပါတယ်။”

ပေထျန်းလုက

“မင်းကြီးကို ကြိုပြီး ကျေးဇူးတင်ပါတယ်”

လုချန်းက

“အားနာနေဖို့ မလိုပါဘူး။ ခင်ဗျားက ရှတော်ဝင်မိသားစုကို ကာကွယ်စောက့်ရှောက်သူပဲ။ နောင်မှာ လိုအပ်တာရှိရင်လည်း ကျွန်တော့်ကို ပြောနိုင်ပါတယ်။”

“မင်းကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ခွင့်ပြုပါဦး။”

လုချန်းက ဘာမှ ထပ်မပြောပဲ ခေါင်းညိတ်ပြလိုက်ရာ ပေထျန်းလုလည်း စာကြည့်ခန်းအတွင်းမှ ထွက်ခွာသွားတော့သည်။

……

ထိုအချိန်တွင်။

ပေရှုဟွာနှင့် အစေခံ အုပ်စု ဖန်းဟွာဆောင်သို့ ရောက်ရှိလာကြသည်။ ဖန်းဟွာဆောင်ထဲသို့ ဝင်လျှင်ဝင်ချင်း ပေရှုဟွာက

“မင်းတို့ ဝတ်ထားတဲ့ ဒီအဝတ်အစားတွေကို ဘယ်မှာ ဝယ်တာလဲ “

အစေခံ ခေါင်းဆောင်က

“ဒီအဝတ်အစားတွေကို အဝတ်အထည်ဦးစီးဌာနက အခုမှ ချုပ်ထားတာပါ။ အမြောက်အမြား ထုတ်လုပ်တာမျိုးတော့ မရှိသေးပါဘူး။ ဒါတွေက မင်းကြီးကိုယ်တိုင် ဒီဇိုင်းထုတ်ထားတာလို့ ကြားပါတယ်။”

ထိုအရာကို ကြားလျှင် ပေရှုဟွာ အံ့အားသင့်သွားသည်။ ဤမျှ လှပသော အဝတ်အစားများကို လုချန်းက ဒီဇိုင်းထုတ်ထားတာလား။ နိုင်ငံတစ်ခုကို တည်ထောင်သူ လုချန်းက အမျိုးသမီးများအတွက် အဝတ်အစား ဒီဇိုင်းထုတ်ရန်အထိ အချိန်အားနေသလား။

“မင်းကြီးက အမျိုးသမီး ဝတ်စုံတွေကိုပါ ဒီဇိုင်းထုတ်တာလား”

ဟု ပေရှုဟွာက သိချင်စိတ်ဖြင့် မေးလိုက်သည်။

အစေခံ ခေါင်းဆောင်က

“ဟုတ်ကဲ့....... ရှနိုင်ငံမှာ ခေတ်စားနေတဲ့ အဝတ်အစား ပုံစံအများစုက မင်းကြီး ဖန်တီးထားတာပါ။ အစက ဒီအဝတ်အစားတွေကို နန်းတွင်းက လူတွေပဲ ဝတ်ကြတယ်။ ဈေးကွက်တုံ့ပြန်မှု ကောင်းရင်တော့ အဝတ်အထည်ဦးစီးဌာနက အမြောက်အမြား ထုတ်လုပ်ပြီး ရှနိုင်ငံသားတွေကို ရောင်းချပေးပါတယ်။”

လုချန်းသည် အခြားသော နိုင်ငံများမှ အုပ်ချုပ်သူများနှင့် တကယ်ပင် ကွဲပြားကြောင်း ပေရှုဟွာ တွေးမိလိုက်၏။ အမျိုးသမီးများအတွက် အဝတ်အစား ဒီဇိုင်းထုတ်သည့် ဧကရာဇ်အကြောင်းကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

လုချန်းသည် ဧကရာဇ် ရာထူးကို သူ၏ သားထံ အစောကတည်းက လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သော်လည်း နိုင်ငံကို တည်ထောင်သူ ဖြစ်သောကြောင့် အကြွင်းမဲ့ အာဏာကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ အကြွင်းမဲ့ အာဏာရှိသူ တစ်ဦး ထိုသို့သော ကိစ္စရပ်များကို လုပ်ဆောင်နေခြင်းက လူတိုင်းအတွက် ထူးဆန်းနေပေလိမ့်မည်။ ရုတ်တရက် ပေရှုဟွာ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ ထိုသို့ဆိုလျှင် သူမ နှစ်သက်သည့် အဝတ်အစား အများစုက လုချန်း ဒီဇိုင်းထုတ်ထားခြင်းများ ဖြစ်နေသလား။

အထူးသဖြင့် အတွင်းခံ အဝတ်အစားများ...

ဤကာမဂုဏ် လိုက်စားသူသည် ထိုသို့သော အဝတ်အစားမျိုး ဒီဇိုင်းထုတ်နိုင်ရန်အထိ အတွေ့အကြုံ ကြွယ်ဝနေပုံရသည်။

သို့သော်လည်း ဤလူတွင် မယားအမြောက်အမြား ရှိနေကြောင်း တွေးမိသောအခါ ပေရှုဟွာ သဘောပေါက်သွားသည်။

ထိုအခိုက်အတန့်တွင် အစေခံ ခေါင်းဆောင်က ခန်းမရှိ နံရံတစ်ခုဆီသို့ လျှောက်သွားကာ

“ပေမိန်းကလေး။ ကျင့်ကြံခန်းက ဒီအောက်မှာ ရှိပါတယ်။”

အစေခံ ခေါင်းဆောင်က နည်းဗျူဟာ ပုံစံကို ဖွင့်လိုက်ရာ ပေရှုဟွာ၏ ရှေ့မှောက်တွင် အောက်သို့ ဆင်းသည့် လှေကားတစ်ခု ပေါ်လာသည်။ မြေအောက်လမ်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပိုသိပ်သည်းသော စိတ်ဝိညာဉ် စွမ်းအားများ အတွင်းမှ ထွက်ပေါ်လာသည်ကို ပေရှုဟွာ ခံစားလိုက်ရသည်။ ထိုစွမ်းအားများသည် မြူခိုးများသဖွယ် ဖြစ်ပေါ်နေသည်။

ပေရှုဟွာက အနည်းငယ် တုန်လှုပ်သွားသည်။ ဤမျှ သိပ်သည်းသော စိတ်ဝိညာဉ် စွမ်းအားများ ရှိနေသည်ဆိုလျှင် နဂါးနက်မြို့ အောက်တွင် စိတ်ဝိညာဉ်ကျောက်တုံးကြောများ ရှိနေလို့လား။

သူမ အများကြီး မတွေးတော့ပဲ မြေအောက်လမ်းသို့ တိုက်ရိုက် လျှောက်ဝင်သွားရာ အခန်းများစွာ ဝန်းရံထားသော ကျယ်ဝန်းသည့် မြေအောက်နန်းတော်ကို မြင်တွေ့လိုက်ရသည်။

မြေအောက်နန်းတော်ရှိ အရည်ဖြစ်နေသော စိတ်ဝိညာဉ် စွမ်းအားများကို မြင်လျှင် ပေရှုဟွာ အလွန် စိတ်လှုပ်ရှားသွားသည်။ ဤကဲ့သို့သော နေရာတွင် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နိုင်လျှင် သူမ ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ပိုများလာမှာ ဧကန်ပင်။

ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် ကြီးမားသော စိတ်ဝိညာဉ် စွမ်းအားများ လိုအပ်သည်။ အကယ်၍ စွမ်းအား မလုံလောက်ပါက အဆင့်တက်ရာတွင် အခက်‌တွေ့နိုင်၏။

ထို့ပြင် ကံကြမ္မာ အလှည့်အပြောင်း ကာလတွင်လည်း စွမ်းအား အမြောက်အမြား လိုအပ်သည်။ လုချန်း၏ နန်းတော်သည် အဆင့်တက်ရန် အကောင်းဆုံးသော နေရာတစ်ခုဖြစ်သည် ဟူသောအချက်က ငြင်းဆို၍ မရပေ။

ထိုအချိန်တွင် အစေခံ ခေါင်းဆောင်က

“ပေမိန်းကလေး။ လိုအပ်တာရှိရင် သတင်းပို့လိုက်ပါ။ အခု ကျွန်မတို့ကို ခွင့်ပြုပါဦး။”

ပေရှုဟွာက

“အင်း”

ဟု ခပ်အေးအေးသာ ပြန်ပြောလိုက်သည်။

ပေရှုဟွာသည် ကျင့်ကြံရန် အခန်းတစ်ခုကို ရွေးချယ်ကာ တံခါးပိတ် ကျင့်စဉ်စခန်းဝင်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုခဏ၌ နန်းတော်အတွင်းမှ ကြီးမားသော စိတ်ဝိညာဉ် စွမ်းအားများသည် ရေထဲသို့ ကျောက်ခဲ ပစ်ချလိုက်သကဲ့သို့ ရုတ်တရက် ဂယက်ထကာ ပြန့်နှံ့လာသည်။ ပေရှုဟွာ မျက်ခုံးတွန့်လိုက်မိသည်။ ဤစိတ်ဝိညာဉ် စွမ်းအားသည် အလွန် ပြင်းထန်ပြီး ရှုပ်ထွေးသော ကျင့်ကြံခြင်း လမ်းစဉ်အငွေ့အသက်များ ရောနှောနေသည်။

တစ်စုံတစ်ယောက်က ဧကရာဇ်အဆင့် တက်ရန် သူ၏လမ်းစဉ်ကို သက်‌သေပြနေခြင်း ဖြစ်ကြောင်း ပေရှုဟွာက ရုတ်တရက် သတိပြုမိလိုက်သည်။ မကြာမီ ရှနိုင်ငံတွင် နောက်ထပ် ဧကရာဇ်အဆင့် တစ်ဦး ရရှိလာတော့မည် ဖြစ်သည်။ အကယ်၍ လက်ရှိ အဆင့်တက်သူ အောင်မြင်သွားလျှင် ရှနိုင်ငံ အနေနှင့် ချင်းယွမ်နိုင်ငံ လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

သို့သော် ပေရှုဟွာ ခဏခန့် အတွေးလွန်သွားစဉ်မှာပင် ထိုစိတ်ဝိညာဉ် စွမ်းအားများ ရုတ်တရက် ပျောက်ကွယ်သွားပြီး ကျင့်စဉ် အငွေ့အသက်များလည်း မရှိတော့ပေ။

“နှမြောစရာပဲ”

ဟု ပေရှုဟွာ သူမဘာသာ ရေရွတ်လိုက်သည်။

ထိုသူက လမ်းစဉ်ကို သက်သေပြရာတွင် ကျရှုံးသွားတာ ထင်ရှားသည်။

စာကြည့်ခန်းထဲတွင် ရှိနေသော လုချန်းလည်း ထျန်းဟုန် ဧကရီ အဆင့်တက်ရာတွင် ကျရှုံးသွားသည်ကို ခံစားမိလိုက်သည်။ သူမကို သွားရောက် နှစ်သိမ့်ပေးသင့်၊ မပေးသင့် သူ ဇဝေဇဝါ ဖြစ်နေသော်လည်း နောက်ဆုံးတွင်တော့ မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။ ထျန်းဟုန် ဧကရီသည် သူမ၏ ယခင်ဘဝတွင် ဧကရီတစ်ပါး ဖြစ်ခဲ့ဖူးသည်။ တစ်ကြိမ် ကျရှုံးရုံနှင့် သူမ၏ စိတ်ဓာတ်က ယိုယွင်းပျက်စီးသွားလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း လက်ရှိအချိန်တွင် ထျန်းဟုန် ဧကရီ၏ အခြေအနေသည် လုချန်း ထင်သလောက် မကောင်းပေ။ သူမ၏ မျက်နှာမှာ နီရဲနေပြီး တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေသည်။ သူမ၏ နီရဲသော ပိုးထည်ဝတ်စုံသည် ချွေးများကြောင့် ကိုယ်တွင် ကပ်နေပြီး နဖူးပေါ်မှ ဆံစများမှာလည်း စိုစွတ်နေသည်။

ထျန်းဟုန် ဧကရီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် အနီရောင် ကြိုးမျှင်ကို ကြည့်ကာ

“တကယ်ကြီး မရပါလား”

ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

ပြဿနာ မည်သည့်နေရာတွင် ရှိနေသည်ကို ထျန်းဟုန် ဧကရီ ရှင်းရှင်းလင်းလင်း သိသည်။ ကျရှုံးနိုင်ခြေ ရှိသည်ကို သူမ ကြိုတင် သိရှိထားသော်လည်း ထိုသို့ လုပ်ရမှာကို သူမ အမြဲတမ်း ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် အတင်းအကျပ် အဆင့်တက်ရန် သူမ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် လက်တွေ့ဘဝက သူမကို ရိုက်နှက် ဆုံးမလိုက်သည်။

သူမ၏ ခန္ဓာကိုယ်တွင် လုချန်း၏ ကံကြမ္မာက များစွာ သက်ရောက်နေပြီး လုချန်း၏ လက်ထပ်ခြင်း ကံကြမ္မာကြိုးကလည်း သူမကို တင်းကျပ်စွာ ရစ်ပတ်ထားသည်။ လုချန်း၏ အမျိုးသမီး အဖြစ် ထိုကံကြွေးကို မဆပ်ပေးနိုင်လျှင် သူမ၏ စိတ်အာရုံကို တည်ငြိမ်အောင် ထားနိုင်မည် မဟုတ်ပေ။

…………..

အခန်း (၁၃၁၉)

ရှင် ဘာလုပ်လိုက်တာလဲ

ယောက်ျားနှင့် မိန်းမကြား ကိစ္စရပ်များသည် ထျန်းဟုန် ဧကရီအတွက် အရေးမပါလှပေ။ နှစ်ပေါင်း သောင်းသိန်းချီ ရှင်သန်ခဲ့သော ဧကရာဇ်အဆင့် တစ်ဦးအနေနှင့် သူမ၏ စိတ်ထဲရှိ ကိုယ်ကျင့်တရားဆိုင်ရာ အသိစိတ်က ပျောက်ကွယ်လုနီးပါး ဖြစ်နေတာ ကြာပြီ ဖြစ်သည်။

လုချန်းနှင့် ထိုသို့သော ကိစ္စမျိုးကို ပြုလုပ်ရန် သူမ ဝန်လေးနေရခြင်းမှာ ဧကရာဇ်အဆင့် တစ်ဦးဖြစ်သော မိမိကိုယ်မိမိ စော်ကားရာ ရောက်မည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ ဧကရာဇ်အဆင့်ကို စော်ကား၍ မရပေ။ လုချန်းက သူမကို အပေါ်စီးမှ ဖိနှိပ်ခြင်း အထူးသဖြင့် သူ၏ မယားများကဲ့သို့ ဆက်ဆံခံရခြင်းက သူမကို အော့နှလုံးနာစေသည်။

သို့သော် ထိုအရာကို တားဆီး၍ မရနိုင်ပေ။ ဧကရာဇ်အဆင့် တစ်ဦး၏ အာရုံခံနိုင်စွမ်းက အလွန် မြင့်မားလှသည်။ လုချန်း၏ နောက်သို့ လိုက်ပါလာပြီးနောက် သူ ပြုလုပ်သမျှ မဖွယ်မရာ ကိစ္စအားလုံးကို သူမ သိနေခဲ့သည်။

ဧကရာဇ်အဆင့် တစ်ဦးအနေနှင့် အခြားသူ၏ ကစားစရာ ဖြစ်လာရခြင်းက သေခြင်းတရားထက်ပင် ပို၍ ခံရခက်သည်။ အကယ်၍ လုချန်းကို တကယ် ခွင့်ပြုလိုက်လျှင် သူမ၏ ကျင့်စဉ်စိတ်ဓာတ် ချက်ချင်းပင် ပြိုလဲသွားနိုင်သည်ဟု သူမ သံသယ ဖြစ်မိသည်။

သို့သော် လက်ရှိ အခြေအနေအရ လုချန်းနှင့် မပတ်သက်ပါက သူမအနေနှင့် ဧကရာဇ်အဆင့်သို့ တကယ်တမ်း တက်လှမ်းနိုင်တော့မည် မဟုတ်ကြောင်း စိုးရိမ်မိသည်။ သူမအတွက်မူ ဧကရာဇ်အဆင့်သို့ ရောက်ရှိခြင်းက ပထမခြေလှမ်းသာ ဖြစ်သည်။ သူမ၏ ပန်းတိုင်မှာ ပိုမြင့်မားသော ကောင်းကင်ဧကရာဇ် အဆင့်နှင့် ဒဏ္ဍာရီလာ နတ်ဘုရား အဆင့်တို့ ဖြစ်သည်။ ပထမခြေလှမ်းကိုပင် မလှမ်းနိုင်ပါက ကောင်းကင်ဧကရာဇ် သို့မဟုတ် နတ်ဘုရား ဖြစ်လာရန်က ပြောနေစရာပင် မလိုတော့ပေ။

သေချာ စဉ်းစားပြီးနောက် ရဲတင်းသော ဆုံးဖြတ်ချက်တစ်ခုကို ထျန်းဟုန် ဧကရီ ချလိုက်သည်။ လုချန်း၏ စိတ်အာသာဖြေရန် အသုံးချခံရသည့် အရာတစ်ခုအဖြစ် ဆက်ဆံခံရခြင်းကို သူမ မခံစားနိုင်သော်လည်း သူမ၏ အတွေးကို ပြောင်းလဲကာ လုချန်းကိုသာ သူမ၏ ကစားစရာအဖြစ် ပြန်လည် သတ်မှတ်လိုက်လျှင်တော့ လက်ခံနိုင်စရာ ဖြစ်လာလိမ့်မည်။

လုချန်း အမှန်တကယ် ဘယ်သူလဲ ဆိုတာက လျှို့ဝှက်ချက်တစ်ခု ဖြစ်နေသော်လည်း သူသည် သူတော်စင်အဆင့်၌သာ ရှိသေးပြီး သူမကမူ ဧကရာဇ်လောင်း အဆင့်တွင် ရှိသည်။ လုချန်းကို နှိမ်နင်းပြီး အပေါ်စီးတွင် နေရန်က သူမအတွက် အလွန်လွယ်ကူသော ကိစ္စဖြစ်သည်။

ဆုံးဖြတ်ချက် ချပြီးသည်နှင့် ထျန်းဟုန် ဧကရီ တုံ့ဆိုင်းမနေတော့ပေ။ လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ သူမ တစ်ကိုယ်လုံးရှိ ချွေးစက်များ ပျောက်ကွယ်သွားပြီး အဝတ်အစားသစ် တစ်စုံကိုလည်း လဲလှယ်ဝတ်ဆင်လိုက်သည်။ နောက်တစ်ခဏ၌ သူမ၏ ခန္ဓာကိုယ်လည်း ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

ထိုအချိန်တွင် စာကြည့်ခန်းအတွင်းရှိ လုချန်းကတော့ သူ၏ အဆင့်တက်မှု မကျရှုံးစေပဲ ဧကရာဇ်လမ်းစဉ်ကို မည်သို့ လျှောက်လှမ်းရမည်နည်းဟု စဉ်းစားနေဆဲ ဖြစ်သည်။ အတွေးထဲ နစ်မြောနေစဉ်မှာပင် ပြိုင်ဘက်ကင်း လှပသည့် ပုံရိပ်တစ်ခု သူ၏ ရှေ့၌ ပေါ်လာသည်။

ထျန်းဟုန် ဧကရီကို မြင်လျှင် လုချန်း အလွန် အံ့အားသင့်သွားသည်။ သူမသည် အဆင့်တက်ရန် ကြိုးစားရာ၌ ကျရှုံးခဲ့တာ မကြာသေးပေ။

သူမ ဘာကြောင့် ရောက်လာသလဲ။

အဆင့်တက်ရာ၌ ကျရှုံးခြင်းကြောင့် ကျင့်စဉ် အဆင့် နိမ့်ကျမသွားစေရန် ကျင့်ကြံမှု အခြေအနေကို ထိန်းညှိနေသင့်သည် မဟုတ်ပါလား။

လုချန်းက ပြုံးလျက်

“ဟုန်ဟုန်... မင်း ဘာလို့ လာတာလဲ”

ထျန်းဟုန် ဧကရီက မည်သည့် အမူအရာမှ မပြသလို စကားလည်း မပြောပေ။ သူမ လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ စာကြည့်ခန်းအတွင်းရှိ သူတို့နှစ်ဦးလုံး၏ ပုံရိပ်များ ပျောက်ကွယ်သွားပြီး ထျန်းဟုန် ဧကရီ၏ အိပ်ဆောင်သို့ ရောက်ရှိသွားကြသည်။

သူမက သူ့ကို အိပ်ဆောင်သို့ ခေါ်ဆောင်လာသဖြင့် နောက်ထပ် ဘာလုပ်ဦးမည်နည်းဟု လုချန်း ပို၍ပင် စိတ်ဝင်စားသွားသည်။

လုချန်း ဘာမှ မပြောရသေးခင်မှာပင် သူ၏ ခန္ဓာကိုယ်သည် စွမ်းအားတစ်ခုဖြင့် ချုပ်နှောင်ခံလိုက်ရပြီး ထျန်းဟုန် ဧကရီ၏ ကုတင်ပေါ်သို့ လွင့်စင်သွားသည်။ လုချန်း ခဏခန့် ဆွံ့အသွားမိသည်။ ရုတ်တရက် သူ၏ အဝတ်အစားအားလုံးလည်း ကွဲအက် ပျက်စီးသွားသည်။

ထျန်းဟုန် ဧကရီက ကုတင်ဘေးတွင် ရပ်လျက် သူ့ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ထျန်းဟုန် ဧကရီက ကုတင်ပေါ်တွင် ဖြည်းညှင်းစွာ ဝင်ထိုင်လိုက်သည်။

ဤမြင်ကွင်းကို မြင်သောအခါ ယွမ်ရှန်ရှန် တစ်ချိန်က သူ့အပေါ် ပြုလုပ်ခဲ့သည်များကို လုချန်း သတိရသွားသည်။ ထိုစဉ်ကလည်း သူမသည် လုချန်းနှင့်အတူ ကျင့်ကြံရန်အတွက် အတင်းအဓမ္မ နည်းလမ်းများကို အသုံးပြုခဲ့သည်။ အမျိုးသမီးတစ်ဦး၏ အနိုင်ကျင့်ခြင်းကို မခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။

ထျန်းဟုန် ဧကရီ ဘာလုပ်ချင်နေတာလဲ။

သူက သူမကို သွားမရှာသော်လည်း သူမက သူ့ထံသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ချုပ်နှောင်ထားသော စွမ်းအားကို လုချန်း ရုန်းထွက်ရန် ကြိုးစားလိုက်ရာ စိတ်ကူးလိုက်ရုံဖြင့်ပင် ချုပ်နှောင်မှုက ချက်ချင်း ပြေလျော့သွားသည်ကို တွေ့လိုက်ရသည်။

ထျန်းဟုန် ဧကရီ၏ ခန္ဓာကိုယ်သည် နဂါးဖီးနစ်ပင်၏ အကိုင်းအခက်များဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး သူမ၏ အင်အားကို လုချန်းက ကန့်သတ်ထားနိုင်သည်။ နဂါးဖီးနစ်လက်ဖက်ရည် သောက်ထားသော အမျိုးသမီးများက လုချန်းကို အန္တရာယ် မပြုနိုင်သည့် သဘောတရားနှင့် အတူတူပင် ဖြစ်သည်။

သို့သော် လုချန်း တစ်ခုခု လုပ်ရန် ပြင်စဉ်မှာပင် အတွေးတစ်ခု ဝင်လာသည်။ သူက ဘာကြောင့် ရုန်းထွက်ရမည်နည်း။ ဤအရာက ထျန်းဟုန် ဧကရီ၏ စိတ်ကို သိမ်းပိုက်ရန် အကောင်းဆုံး အခွင့်အရေး မဟုတ်ပါလား။

ထျန်းဟုန် ဧကရီ စိတ်ဆိုးမှာ စိုးရိမ်သဖြင့် သူ သူမအပေါ် တစ်ခါမှ လှုပ်ရှားခြင်း မပြုခဲ့ပေ။ သူမသည် ယခင်ဘဝ၌ ဧကရာဇ်အဆင့် ဖြစ်ခဲ့သဖြင့် သူမ၏ အင်အား ပြန်လည် ရရှိလာသည်နှင့် နဂါးဖီးနစ်ပင်၏ သက်ရောက်မှုက သူမအပေါ် ရှိတော့မည် မဟုတ်ပေ။

ထိုသက်ရောက်မှုများ ပျောက်ကွယ်သွားပြီးနောက် ထျန်းဟုန် ဧကရီက သူ့အပေါ် အာဃာတထားပြီး တိုက်ခိုက်လာလျှင် မည်သို့ လုပ်မည်နည်း။

သို့သော်လည်း ယခုတော့ ထျန်းဟုန် ဧကရီကိုယ်တိုင်က ဦးဆောင်ပြီး ဤကဲ့သို့သော ကိစ္စရပ်များကို ပြုလုပ်လာခြင်း ဖြစ်၏။ ထို့နောက်တွင် သူမ ဧကရာဇ်အဆင့် သို့ တကယ်ပင် တက်လှမ်းနိုင်ခဲ့လျှင် သူမ သူ့ကို အပြစ်တင်နိုင်မည် မဟုတ်ပေ။ ထိုအတွေးနှင့်အတူ လုချန်း ထမသွားတော့ပဲ ထျန်းဟုန် ဧကရီ မည်သည့် လှည့်ကွက် သုံးဦးမည်နည်းဟု သိချင်စိတ်ဖြင့် လဲလျောင်းနေလိုက်သည်။

လုချန်း သူမ၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားသည်ကို ထျန်းဟုန် ဧကရီလည်း သတိထားမိလိုက်သည်။ ထို့ကြောင့် လုချန်း ထွက်မပြေးနိုင်စေရန် ထျန်းဟုန် ဧကရီက သူမ၏ စွမ်းအားကို အသုံးပြု၍ သူ့ကို ထပ်မံ ချုပ်နှောင်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ လုချန်း မရုန်းတော့ပဲ ထျန်းဟုန် ဧကရီကို စိုက်ကြည့်ကာ ကုတင်ပေါ်၌ ငြိမ်ငြိမ်လေး လဲလျောင်းနေလိုက်သည်။

ထျန်းဟုန် ဧကရီ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို အဖြူရောင် အတွင်းခံအဝတ်က တင်းကျပ်စွာ ဖုံးအုပ်ထားသည်။ သူမ၏ ဦးခေါင်းပေါ်ရှိ ရွှေရောင် ဆံထိုးများသည် သူမ၏ နန်းဆန်သောအရှိန်အဝါကို ဖော်ပြလျက် တောက်ပနေသည်။ သူမ၏ အေးစက်ပြီး လှပလွန်းသော မျက်နှာက သိမ်းပိုက်လိုစိတ်ကို ပိုမိုပြင်းထန်စေပြီး ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကျင့်စဉ် အငွေ့အသက်များကလည်း သူမ၏ ကျက်သရေကို ထပ်လောင်း ဖြည့်တင်းပေးနေသည်။

ရုတ်တရက် လုချန်း၏ စိတ်ထဲ လှုပ်ရှားမှုများ စတင်လာသည်။

လုချန်း၏ ပြောင်းလဲမှုကို သတိပြုမိသွားသော ထျန်းဟုန် ဧကရီကလည်း သူ၏ ခန္ဓာကိုယ်ကို တစ်ချက် ထပ်ကြည့်လိုက်သည်။ လုချန်းက သူမအပေါ် တစ်စုံတစ်ရာ တွေးတောနေမှန်း သိသော်လည်း သူမ၏ မျက်နှာတွင်တော့ မည်သည့် အမူအရာမှ မပြပေ။

သူမအတွက်တော့ သိပ်မထူးဆန်းသော ကိစ္စတစ်ခုကို လုပ်ဆောင်နေသကဲ့သို့ ဖြစ်သည်။ ဤမျှ အေးစက်သော အမူအရာကို ထျန်းဟုန် ဧကရီ ကြာရှည် ထိန်းထားနိုင်မည် မဟုတ်ဟုတွေးရင်း လုချန်း စိတ်ထဲ ရယ်မိလိုက်သည်။

လုချန်း ထိုသို့ တွေးနေစဉ်မှာပင် ထျန်းဟုန် ဧကရီ၏ လက်များက သူ၏ ရင်အုပ်ကို ထိတွေ့လိုက်သည်။ ထျန်းဟုန် ဧကရီက တစ်ဆင့်ချင်း သွားလိမ့်မည်ဟု လုချန်း ထင်ထားသော်လည်း မမျှော်လင့်ပဲ အစပိုင်းမှာပင် ထျန်းဟုန် ဧကရီ၏ ခန္ဓာကိုယ်က နိမ့်ဆင်းလာသည်။

လုချန်းက

“ခဏနေဦး...”

ဟု အမြန်ပြောလိုက်သည်။

လုချန်း စကားမဆုံးခင်မှာပင် ထျန်းဟုန် ဧကရီသည် သူနှင့် ရင်းနှီးကျွမ်းဝင်သော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိတွေ့လိုက်သည့် ခဏ၌ လျှပ်စစ်စီးကြောင်းတစ်ခုက သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များကို ချက်ချင်း ဆက်သွယ်ပေးလိုက်သဖြင့် လုချန်းနှင့် ထျန်းဟုန် ဧကရီ နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။ ဤအရာကို သူတို့နှစ်ဦးလုံး မမျှော်လင့်ထားကြပေ။

နောက်တစ်ခဏ၌ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားများသည် ထျန်းဟုန် ဧကရီထံသို့ တဟုန်ထိုး စီးဝင်သွားသည်ကို လုချန်း တွေ့ရှိလိုက်ရသည်။

လုချန်း ဆွံ့အသွားမိသည်။

ဘာတွေ ဖြစ်နေသလဲ။

ထျန်းဟုန် ဧကရီဘက်က လျှို့ဝှက်နည်းစနစ်တစ်ခု အသုံးပြုနေသည်ဟု သူ ထင်လိုက်သော်လည်း သူမ၏ မျက်နှာကို ကြည့်လိုက်သောအခါ သူမ၏ မျက်နှာသည် နီရဲနေပြီး တစ်ခုခုကို အောင့်ထားရသကဲ့သို့ သွားများကို တင်းတင်းစေ့ထားသည်ကို မြင်လိုက်ရသည်။

ထျန်းဟုန် ဧကရီက

“ရှင်... ရှင် ဘာလုပ်လိုက်တာလဲ”

လုချန်း ဇဝေဇဝါ ဖြစ်သွား၏။ သူ ဘာမှ မလုပ်ရသေးသဖြင့် ထျန်းဟုန် ဧကရီကသာ နည်းလမ်းတစ်ခုခုကို အသုံးပြုနေသည်ဟု သူ ယူဆထားခြင်း ဖြစ်သည်။ လုချန်း သူ၏ မယားနှင့် အတူတူ ကျင့်ကြံသည့်အခါ ယောက်ျားနှင့် မိန်းမကြားရှိ သာယာမှုကို ခံစားနိုင်ရန် လုပ်ငန်းစဉ်တစ်ခု လိုအပ်သည်။

သို့သော် ထျန်းဟုန် ဧကရီနှင့်မူ ကွဲပြားနေသည်။ ရင်းနှီးသော အခြေအနေသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ယောက်ျားနှင့် မိန်းမကြားရှိ သာယာမှုများကို အဆက်မပြတ် ခံစားလိုက်ရသည်။

ဘာကြောင့် ဒီလို ဖြစ်နေရသလဲ။

လုချန်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ထျန်းဟုန် ဧကရီ၏ ခန္ဓာကိုယ်သည် ဆက်၍ မတောင့်ခံနိုင်တော့ပဲ လုချန်း၏ ရင်ခွင်ပေါ်သို့ တိုက်ရိုက် လဲကျသွားတော့သည်။ သူတို့၏ ခန္ဓာကိုယ်များ နီးကပ်စွာ ထိတွေ့ပြီးနောက် လုချန်း ပို၍ စိတ်လှုပ်ရှားလာပြီး သူ၏ စိတ်ဝိညာဉ် စွမ်းအားများလည်း ပိုမိုမြန်ဆန်စွာ စီးထွက်သွားသည်။

ခဏခန့် အကြာတွင် ထျန်းဟုန် ဧကရီ၏ ကိုယ်အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး နန်းတော်တစ်ခုလုံးမှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားသည်။ ထျန်းဟုန် ဧကရီ အဆင့်တက်တော့မည် ဖြစ်ကြောင်း လုချန်း ချက်ချင်း သတိပြုမိလိုက်သည်။

မကြာမီမှာပင် ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ယံတွင် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းသွားသည်။ ထျန်းချန်ကမ္ဘာ၏ ပြင်ပမှ ကြည့်လျှင် တစ်ကမ္ဘာလုံးကို မှောင်မိုက်သော မြူခိုးများက လွှမ်းခြုံထားပြီး ခရမ်းရောင် လျှပ်စီးကြောင်းများသည် နဂါးများသဖွယ် ပေါ်ပေါက်လာကာ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာသည်။

ထျန်းချန်ကမ္ဘာ ပြင်ပရှိ နတ်လှေများနှင့် အာကာသယာဉ်များလည်း ဤကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လျှင် ထျန်းချန်ကမ္ဘာနှင့် ဝေးရာသို့ အမြန်ဆုံး ခွာလိုက်ကြသည်။

…………..

အခန်း (၁၃၂၀)

ပန်းနီရထား ပြန်လည်ရောက်ရှိလာခြင်း

ထိုအခိုက်အတန့်တွင် ထျန်းချန်ကမ္ဘာအတွင်းရှိ ပုံမှန်မဟုတ်သော အခြေအနေကို လုချန်းလည်း ခံစားမိလိုက်ပြီး ကြီးမားသော တုန်လှုပ်မှုတစ်ခုကို သူ၏ စိတ်ထဲတွင် ခံစားလိုက်ရ၏။

ဧကရာဇ်အဆင့် တက်လှမ်းမည့်သူတစ်ဦး၏ ကံကြမ္မာ အလှည့်အပြောင်းဆိုတာ ဒါကို‌ပြောတာလား။

ထျန်းချန်ကမ္ဘာ တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားသော ကောင်းကင်ဘုံ ကပ်ဘေး တစ်ခုသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ ဤကောင်းကင်ဘုံ ကပ်ဘေးသာ တကယ် ဆင်းသက်လာလျှင် ထျန်းချန်ကမ္ဘာ တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

ဧကရာဇ်လောင်းအဆင့် တစ်ဦး ရင်ဆိုင်ရသော ကပ်ဘေးသည် သက်ရှိကမ္ဘာ၏ ကောင်းကင်ဘုံ ကပ်ဘေး မဟုတ်ပဲ စကြဝဠာ မူလအစ၏ နိယာမ ကောင်းကင်ဘုံ ကပ်ဘေး ဖြစ်သည်။ ဤ ကပ်ဘေး၏ ဖျက်ဆီးနိုင်စွမ်းက မှန်းဆ၍ပင် မရနိုင်ပေ။

လက်ရှိ အခြေအနေတွင် သူမအနေနှင့် ကပ်ဘေးကို မကျော်လွှားနိုင်ကြောင်း ထျန်းဟုန် ဧကရီလည်း သတိပြုမိလိုက်သည်။ သူမက လုချန်း၏ ရင်ဘတ်ကိုထောက်ရင်း လက်ဝါးနှစ်ဖက်ဖြင့် အားပြုကာ ထွက်ခွာရန် ကြိုးစားလိုက်သည်။ သို့သော် သူမ၏ ခန္ဓာကိုယ်နှင့် လုချန်း၏ ခန္ဓာကိုယ်သည် တစ်နေရာတည်း၌ ပိတ်မိနေသကဲ့သို့ ဖြစ်နေပြီး လုံးဝ ထ၍မရကြောင်း မကြာမီမှာပင် သူမ သိလိုက်ရသည်။

လုချန်းလည်း ဤအရာကို ခံစားမိလိုက်သဖြင့် ဆွံ့အသွားမိသည်။

ဒါက ကောင်းကင်ဘုံ ကပ်ဘေး ဖြစ်၏။

သူကဲ့သို့ သူတော်စင်အဆင့် တစ်ဦးက ထျန်းဟုန် ဧကရီနှင့်အတူ ကပ်ဘေး ကို ရင်ဆိုင်ရမည်ဟု ဆိုလိုခြင်းလား။

ဒါက သူ့ကို သေတွင်းထဲ ပို့လိုက်ခြင်း မဟုတ်ပါလား။

လုချန်းလည်း တုံ့ဆိုင်းမနေတော့ပဲ ထျန်းဟုန် ဧကရီက သူ့အပေါ် ထားရှိသော ချုပ်နှောင်မှုများကို ချက်ချင်း ဖယ်ရှားလိုက်သည်။ ထို့နောက် ထျန်းဟုန် ဧကရီကို ခွာထုတ်ရန် အားစိုက်လိုက်သည်။ သို့သော်ရလဒ်က အရင်က အတိုင်းသာ ဖြစ်၏။

မည်သည့် နည်းလမ်းကို အသုံးပြုစေကာမူ သူတို့ခွာ၍ မရနိုင်ပေ။ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထျန်းချန်ကမ္ဘာ၏ အပြင်ဘက်တွင် တိုးပွားလာသော ဖရိုဖရဲ စွမ်းအားများကို ခံစားမိသောအခါ လုချန်း၏ မျက်နှာမှာ ဖြူလျော်သွား၏။

ဒါက သူ၏ နောက်ဆုံးအချိန် ဖြစ်နိုင်သည်ဟု မတွေးပဲ မနေနိုင်တော့ပေ။

“ပန်းပွင့်အောက်မှာ သေရရင် သရဲဖြစ်ရင်တောင် စိတ်ကူးယဉ်ဆန်တယ်”

ဟု ပြောလေ့ရှိကြသော်လည်း စိတ်ကူးယဉ်ဆန်ဆန် မဆန်ဆန် သူ တကယ်ပင် သရဲဖြစ်တော့မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နဂါးနက်မြို့ရှိ စံအိမ်တစ်ခုအတွင်း၌ ပေထျန်းလုသည်လည်း ကောင်းကင်ယံမှ မည်းမှောင်သော တိမ်တိုက်များကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေသည်။ တစ်စုံတစ်ယောက်က အဆင့်တက်ရန် ကြိုးစားပြီး ကျရှုံးသွားတာ မကြာသေးပေ။ ယခု ဘာကြောင့် နောက်ထပ် အဆင့်တက်ရာတွင် ကြုံတွေ့တတ်သော ကောင်းကင်ဘုံ ကပ်ဘေး တစ်ခု ထပ်မံ ပေါ်ပေါက်လာရသနည်း။

ထျန်းချန်ကမ္ဘာတွင် ဧကရာဇ်လောင်း အမြောက်အမြား ရှိနေသလား။

“ဒါ ရှုဟွာများလား”

ဟု တွေးမိသောအခါ ပေထျန်းလု စိုးရိမ်သွားသည်။

ကပ်ဘေးကို ကျော်လွှားဖူးသူ တစ်ဦးအနေနှင့် ကောင်းကင်ဘုံ ကပ်ဘေး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ကောင်းကောင်းသိသည်။ အကယ်၍ ကျင့်စဉ်စိတ်ဓာတ် မတည်ငြိမ်ပါက ကပ်ဘေးကို ကျော်လွှားဖို့ ကျရှုံးခြင်း၏ အကျိုးဆက်က ပြင်းထန်လှသည်။ ကျင့်စဉ် အဆင့်အားလုံး ဆုံးရှုံးသွားနိုင်သလို အဆိုးဆုံးက အသက်ဆုံးရှုံးပြီး ဝိညာဉ်ပါ ပျောက်ကွယ်သွားနိုင်ခြင်းဖြစ်သည်။

သို့သော် တစ်ခုခု မှားယွင်းနေကြောင်း ပေထျန်းလု မကြာမီ သတိပြုမိလိုက်သည်။ ကောင်းကင်ယံရှိ နဂါးလျှပ်စီးသည် အလွန် ပြင်းထန်လှပြီး ထွက်ပေါ်လာသော လမ်းစဉ်ပုံစံက ပေရှုဟွာ ကျင့်ကြံနေကျ လမ်းစဉ်မဟုတ်ပေ။

ထိုစဉ် ပေထျန်းလု၏ မျက်နှာ ရုတ်တရက် အလွန် တည်ကြည်သွားပြီး

“ဒါ သတ်ဖြတ်ခြင်း အတတ်ပညာပဲ”

ဟု သူ့ဘာသူ ရေရွတ်လိုက်သည်။

“ဒီလူသာ အဆင့်တက်သွားရင် စကြဝဠာ တစ်ခုလုံး အဆုံးမဲ့စစ်ပွဲတွေထဲ ပြန်ရောက်သွားမှာကို စိုးရိမ်မိတယ်။”

သတ်ဖြတ်ခြင်း အတတ်ပညာကို တတ်မြောက်သော ဧကရာဇ်အဆင့်များ အလွန် ရှားပါး၏။ ဤစကြဝဠာအတွင်း ရှန်ဝူဧကရာဇ်မှလွဲ၍ ဒုတိယမြောက်လူ မရှိနိုင်ပေ။ ပုံမှန်အားဖြင့် သတ်ဖြတ်ခြင်း အတတ်ပညာကို တတ်မြောက်သော ဧကရာဇ်အဆင့်များသည် ပြင်ပနယ်မြေသို့ သွားလေ့ရှိသော်လည်း အချို့မှာမူ သူတို့၏ ကျင့်ကြံမှုကို တည်ငြိမ်စေရန် စကြဝဠာအတွင်းရှိ အင်အားစုအမျိုးမျိုးအပေါ် လွှမ်းမိုးလေ့ရှိကြသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှန်ဝူဧကရာဇ်သည် သူ၏ ကျင့်ကြံမှု အခြေအနေနှင့် ကျင့်စဉ်စိတ်ဓာတ်ကို ခိုင်မာစေရန် အရပ်ရပ်သို့ စစ်ချီခဲ့ဖူးသည်။ ရှန်ဝူဧကရာဇ်သာ အမည်မသိ ဒဏ်ရာတစ်ခု မရရှိခဲ့လျှင် ဤစကြဝဠာအတွင်းရှိ အင်ပါယာ အများစုလည်း သူ၏လက်ချက်ဖြင့် ပျက်စီးသွားပြီး‌ လောက်ပြီ ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်ယံ၌ ကျယ်ပြန့်သော လမ်းကြီးတစ်ခု ပေါ်လာသည်။ ထိုလမ်းမပေါ်တွင် မရေမတွက်နိုင်သော အရိုးစုများနှင့် ပျက်စီးနေသော အာကာသယာဉ်များ ရှိနေ၏။

သွေးရဲရဲနီသော ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည့် အမျိုးသမီး ပုံရိပ်တစ်ခုသည် ကောင်းကင်ယံရှိ နဂါးလျှပ်စီးဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။ မည်းမှောင်သော တိမ်တိုက်များအတွင်းရှိ နဂါးလျှပ်စီးက ထိုအမျိုးသမီးကို တိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် ရုတ်တရက် အာကာသ လှိုင်းဂယက်များ ပေါ်လာပြီး ပန်းနီရထားတစ်စီး မည်သည့်နေရာမှမှန်းမသိ ပေါ်ထွက်လာသည်။

ကောင်းကင်ယံရှိ နဂါးလျှပ်စီးသည် ရန်စခံလိုက်ရသကဲ့သို့ ပန်းနီရထားဆီသို့ တဟုန်ထိုး တိုက်ခိုက်လိုက်သည်။ သို့သော် အဖျက်စွမ်းအားကြီးမာသော နဂါးလျှပ်စီးများသည် ပန်းနီရထားနှင့် ထိတွေ့လိုက်သည်နှင့် အားလုံး စုပ်ယူခံလိုက်ရသည်။ ဤမြင်ကွင်းကို မြင်လျှင် ပေထျန်းလု ဆွံ့အသွားမိသည်။

ဧကရာဇ်အဆင့်အတွက် ကောင်းကင်ဘုံ ကပ်ဘေးကိုပင် ကြားဖြတ် စုပ်ယူနိုင်သည့် ဤအရာက ကောင်းကင်ဘုံ နိယာမကို ဆန့်ကျင်သည့် မည်သို့သော မှော်ရတနာမျိုးနည်း။ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သော်လည်း ဤကဲ့သို့သော အရာမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ တိတိကျကျ ဆိုရလျှင် သူ ကြားပင် မကြားဖူးခဲ့ပေ။

ထိုအခိုက်အတန့်တွင် သူမ၏ ကောင်းကင်ဘုံ ကပ်ဘေးကို ပန်းနီရထားက စုပ်ယူလိုက်ကြောင်း နန်းတော်တွင်းရှိ ထျန်းဟုန် ဧကရီလည်း ခံစားမိလိုက်သည်။

ဒါက...။

ထျန်းဟုန် ဧကရီနှင့် လုချန်းတို့ တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြသည်။ ပန်းနီရထား လုချန်းနှင့် ပတ်သက်နိုင်ကြောင်း ထျန်းဟုန် ဧကရီက သိသည်။ လုချန်း နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာပြီးနောက် သူ၏ မယားထံမှ ပန်းနီရထားအကြောင်းကို အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့သလို ပန်းနီရထားကိုလည်း သူမကိုယ်တိုင် မြင်ဖူးခဲ့သည်။

ထျန်းဟုန် ဧကရီ အတွေးထဲ နစ်မြောနေစဉ်မှာပင် ပန်းနီရထားသည် ကောင်းကင်ယံမှ ပျောက်ကွယ်သွားပြီးနောက် ထျန်းဟုန် ဧကရီ၏ အိပ်ဆောင်အတွင်း၌ ရုတ်တရက် ‌ပေါ်ထွက်လာသည်။ လုချန်းနှင့် ထျန်းဟုန် ဧကရီတို့လည်း ပန်းနီရထားကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

ရထားမှ အနီရောင် အလင်းတန်းများကို ထုတ်လွှတ်နေပြီး ထိုအလင်းတန်း လုချန်း၏ ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သောအခါ လုချန်းထံမှ ထျန်းဟုန် ဧကရီထံသို့ စီးဝင်နေသော စိတ်ဝိညာဉ် စွမ်းအားများ ရပ်တန့်သွားပြီး လုချန်း၏ သာယာမှုမှာလည်း ထိုအခိုက်အတန့်တွင် ပြီးဆုံးသွားသည်။

သူတို့၏ ခန္ဓာကိုယ်များ ချုပ်နှောင်ခံထားရခြင်း မရှိတော့ကြောင်း သိလိုက်ရသဖြင့် ထျန်းဟုန် ဧကရီက သူမ၏ လက်ကို မြှောက်ကာ လုချန်း၏ ရင်ဘတ်ကို တွန်းထုတ်ပြီး သူ့ကို ခွာထုတ်ရန် ကြိုးစားလိုက်သည်။ သူမ ဧကရာဇ်အဆင့် သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သောကြောင့် လုချန်းနှင့် ထိုသို့ ဆက်လုပ်ရန် မလိုအပ်တော့ပေ။

လုချန်းလည်း ထျန်းဟုန် ဧကရီ၏ ရည်ရွယ်ချက်ကို သိလိုက်သဖြင့် နှမြောသလို ခံစားလိုက်ရသည်။ ယခု ထျန်းဟုန် ဧကရီ၏ ယခင်ဘဝက ကျင့်စဉ်အဆင့် ပြန်လည် ရရှိသွားပြီ ဖြစ်သလို သူမ၏ ခန္ဓာကိုယ်ကလည်း ကန့်သတ်ချက်များမှလည်း လွတ်မြောက်သွားပြီ ဖြစ်သည်။ နဂါးဖီးနစ်ပင်ကပင် သူမအပေါ် သက်ရောက်မှု မရှိတော့သဖြင့် နောင်တွင် သူမ ပေးစွမ်းနိုင်သော သာယာမှုများကို ခံစားရရန် အလွန် ခက်ခဲသွားပေလိမ့်မည်။

သို့သော် လုချန်းက ခွာထုတ်ရန် ပြင်စဉ်မှာပင် ပန်းနီရထားမှ အနီရောင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပြီး ထျန်းဟုန် ဧကရီ၏ အိပ်ဆောင်တစ်ခုလုံး အနီရောင် အလင်းများဖြင့် ဖုံးလွှမ်းသွားသည်။ လုချန်း၏ အလိုဆန္ဒများလည်း ထိုအခိုက်အတန့်တွင် အပြည့်အဝ ပေါက်ကွဲထွက်လာ၏။

ထျန်းဟုန် ဧကရီလည်း တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ သူမ လုချန်းကို အမြန် တွန်းထုတ်ရန် ကြိုးစားသော်လည်း နောက်တစ်ခဏ၌ သူမ၏ လက်နှစ်ဖက်သည် လုချန်း၏ လက်များဖြင့် အဖမ်းခံလိုက်ရပြီး သူမ၏ ပုခုံးပေါ်သို့ ဖိချခြင်း ခံလိုက်ရသည်။

ထျန်းဟုန် ဧကရီက အေးစက်စွာဖြင့်

“ရှင် ဘာလုပ်နေတာလဲ”

လုချန်းလည်း စိတ်လွတ်သွားသကဲ့သို့ ထျန်းဟုန် ဧကရီကို ဂရုမစိုက်ပဲ သူမထံသို့ တိုက်ရိုက် ငုံ့ချလိုက်သည်။ ထျန်းဟုန် ဧကရီက ရှောင်တိမ်းရန် ကြိုးစားသော်လည်း သူမ၏ ခန္ဓာကိုယ်သည် သူမ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ကြောင်း တွေ့လိုက်ရသည်။

ထျန်းဟုန် ဧကရီသည် လုချန်းနှင့် ရင်းနှီးသော ကိစ္စများ ပြုလုပ်ရန် ဝန်မလေးသော်လည်း အဆင့်တက်ရန်အတွက်သာ သူမကိုယ်တိုင် ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လုချန်းက အခြေအနေကို ပြောင်းပြန်လှန်လိုက်ပြီး သူမကို နမ်းရန်အထိ ကြိုးစားလာခြင်းကိုတော့ ထျန်းဟုန် ဧကရီ အနေနှင့် လက်ခံနိုင်စရာ မရှိပေ။

နှုတ်ခမ်းချင်း နီးကပ်လာသည်နှင့်အမျှ ထျန်းဟုန် ဧကရီသည် ချုပ်နှောင်မှုများမှ ရုန်းထွက်ရန် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ချက်ချင်း စုစည်းလိုက်သည်။ သို့သော် နောက်တစ်ခဏ၌ သူမ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွား တော့သည်။

သူမ ဧကရာဇ်အဆင့် ဖြစ်နေပြီ ဖြစ်သော်လည်း ပန်းနီရထား၏ ထိန်းချုပ်မှုမှ မရုန်းထွက်နိုင်သေးပေ။ ဧကရာဇ်အဆင့် ကိုပင် ချုပ်နှောင်နိုင်သည့် ဤအရာက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အဆင့်ရှိသည့် ရတနာ ပစ္စည်းမျိုးနည်း။

ထျန်းဟုန် ဧကရီ၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ဝင်လာသည်။ သူမသည် ယခုအခါ ဧကရာဇ်အဆင့် ဖြစ်နေပြီ ဖြစ်သောကြောင့် သူမ၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ လုံးဝ စွန့်ခွာစေပြီးနောက် ခန္ဓာကိုယ်သစ်တစ်ခုကို ပြန်လည် ဖန်တီးနိုင်သည်။

ထိုအတွေးနှင့်အတူ စိတ်ဝိညာဉ် ခွဲထုတ်ခြင်း နည်းစနစ်ကို ထျန်းဟုန် ဧကရီ ချက်ချင်း အသုံးပြုလိုက်သော်လည်း နောက်တစ်ခဏ၌ လုချန်း၏ ပါးစပ်က သူမ၏ နှုတ်ခမ်းများကို ပိတ်ဆို့လိုက်ပြီး သူမ၏ စိတ်ဝိညာဉ်လည်း ဤခန္ဓာကိုယ်အတွင်း၌ပင် ပိတ်မိနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထျန်းဟုန် ဧကရီ၏ စိတ်ထဲ ခဏခန့် ဗလာဖြစ်သွားပြီး သတိပြန်ဝင်လာချိန်တွင်မူ လုချန်းက စတင် လှုပ်ရှားနေပြီ ဖြစ်သည်။ ထျန်းဟုန် ဧကရီက လက်မလျှော့ပဲ ပန်းနီရထား၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ဆက်လက် ကြိုးစားသော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မငြိမ်သက်သော စိတ်ဝိညာဉ် စွမ်းအားများကြောင့် စွမ်းအားများကို အပြည့်အဝ အသုံးမပြုနိုင်တော့ပေ။

ထျန်းဟုန် ဧကရီ ချက်ချင်းပင် ဒေါသထွက်သွားသည်။

“အယုတ်တမာကောင်”

ထျန်းဟုန် ဧကရီ ဆက်လက် ရုန်းကန်နေသော်လည်း မည်သည့် စွမ်းအားကို အသုံးပြုစေကာမူ သူမ၏ ခန္ဓာကိုယ်ကို သူမကိုယ်တိုင် မထိန်းချုပ်နိုင်ပဲ လုချန်း၏ စိတ်ကြိုက် ခြယ်လှယ်ခြင်းကိုသာ စောင့်ကြည့်နေရသည်။ သတ်ဖြတ်ခြင်း အတတ်ပညာကို တတ်မြောက်ထားသော ဧကရာဇ် အဆင့် ဖြစ်သည့် သူမက သူတော်စင်အဆင့် တစ်ဦး၏ ကစားစရာ ဖြစ်နေရသည့်ဘဝ ရောက်နေကြောင်း တွေးမိသောအခါ ထျန်းဟုန် ဧကရီ၏ စိတ်ထဲ အလွန် ဒေါသထွက်နေမိသည်။ သို့သော် သူမ မည်မျှပင် ဒေါသထွက်စေကာမူ ပန်းနီရထား၏ ရှေ့မှောက်တွင် သူမ ဘာမှ မတတ်နိုင်ပေ။

အချိန်ကြာလာသည်နှင့်အမျှ ထျန်းဟုန် ဧကရီ၏ တိုးညှင်းသော ညည်းညူသံများမှာ အခန်းအတွင်း ပြည့်နှက်လာသည်။ ထျန်းဟုန် ဧကရီသည် လွတ်မြောက်ရန် ကြိုးစားမှုကို မရပ်တန့်သော်လည်း လုချန်း ပေးစွမ်းသော ခံစားချက်များမှာ သူမ၏ စိတ်ဝိညာဉ်အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်လာပြီး သူမအနေနှင့် ထိုအရာများကို ထိန်းချုပ်၍ မရတော့ပေ။

All Chapters