တမင်လုပ်တာ မဟုတ်ရပါဘူး
Vol. 15 Ch. 210
“ဝမ်ရွှမ်ကျန့်”
ဟွမ်ရှန့်သည် ဒေါသတကြီး ဟိန်းဟောက်လိုက် ပြီးနောက် သူ့အား ရုတ်တရက် တိုက်ခိုက်လာသူအား စူးစူးဝါးဝါး ကြည့်လိုက်သည်။
အောင်မြင်ဖို့ရန် လက်တကမ်းအလိုတွင် ရောက်ရှိနေပြီ ဖြစ်သည့် တိုက်ပွဲအား နှောင့်ယှက်ခြင်း ခံရသည်ကို မည်သူစိတ်မဆိုးဘဲ ရှိမည်နည်း။
ထိုအချိန်တွင် အဇူရာနဂါးသည် ဝမ်ရွှမ်ကျန့်၏လှံမှ ထွက်ပေါ်လာကာ ဟွမ်ရှန့်၏ ဝမ်းဗိုက်အောက်သို့ တိုးဝင်သွားလေသည်။
သူ၏လှံတံဖြင့် ပြေးဝင်ကာထိုးသွင်းရင်း ဝမ်ရွှမ်ကျန့်သည် ဟွမ်ရှန့်အား ပေထောင်နှင့်ချီ၍ နောက်ဆုတ်သွားစေသည်။
“အန်လင်း မြန်မြန်လုပ်”
“အိုခေ”
အန်လင်းသည် အုတ်ခဲပေါ်မှ ဆင်းသက်လာပြီး သူ၏မျက်လုံးများမှာ နှင်းကဲ့သို့ ဖြူလာသည်။
နတ်ဘုရားစစ်ဆေးခြင်း နည်းစနစ်
ချက်ချင်းဆိုသလို ဝင်္ကပါ၏ ဖွဲ့စည်းပုံနှင့် ပစ်ချက်များ ပေါ်လာသည်။
“ငါတို့ရဲ့ သောက်တော်ရေခွက်ကို လုချင်နေတယ်လား။ ရမယ်မထင်နဲ့”
အဝေးမှနေ မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
ယင်းမှာ ဟွမ်ရှန့်မဟုတ်ချေ။ ချင်ရှင်းနှင့် တုန်ယန်တို့ထံမှ လွတ်မြောက်လာသည့် မိုးကြိုးအမြွှာ ဖြစ်လေသည်။
“မိုးကြိုးတစ်ထောင်အံ့ဖွယ်ဓား”
မိုးကြိုးအမြွှာ၏ ခန္ဓာကိုယ် ရွေ့လျားလာပြီး ကောင်းကင်၌ မိုးကြိုးတိမ်တိုက်များ အပြင်းအထန် စုဆုံလာသည်။
အံ့အားသင့်ဖွယ်ရာ စွမ်းအားများပါဝင်သော ထောင်နှင့်ချီသည့် လျှပ်စီးဓားများသည် အန်လင်းအား ပြင်းထန်စွာ ထိုးစိုက်လာကြလေသည်။
ဝုန်း
ကောင်းကင်တွင် လျှပ်စီးဓားများ ပေါ်လာပြီးနောက် မိုးပေါက်များသဖွယ် ကျဆင်းလာလေသည်။ သာမန်စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့်ရှိ ကျင့်ကြံသူသည် ထိုထူးခြားသည့် မြင်ကွင်းအား မြင်လိုက်မည်ဆိုပါက ကြောက်ရွံ့မှုကြောင့် ဒူးများပင် ညွှတ်ခွေကျလာမည် ဖြစ်သည်။ သို့သော်လည်း အန်လင်းမှာမူ မပြောင်းလဲဘဲ တည်ငြိမ်စွာ ရှိနေလေသည်။
လက်ချောင်းတစ်ချောင်း ဆန့်ထုတ်လိုက်ပြီးနောက် ဟင်းလင်းပြင်အား တောက်လိုက်သည်။
ထောင်နှင့်ချီသည့် လျှပ်စီးဓားများ ရုတ်တရက်ဆန်စွာ ရပ်တန့်သွားသည်။ ပေါက်ကွဲနေသည့် မိုးကြိုးများသည်ပင်လျှင် ငြိမ်သက်ခြင်း အဖြစ်သို့ ရောက်ရှိသွားသည်။
ကောင်းကင်နှင့် မြေပြင်တွင် တိတ်ဆိတ်ခြင်းတို့ ကြီးစိုးလာလေသည်။
လျှပ်စီးအားလိုသလို အသုံးပြုနိုင်သော နည်းစနစ်။
“လာရာလမ်းအတိုင်း ပြန်သွားလိုက်တော့”
အန်လင်းသည် သူ၏လက်ချောင်းအား လွှဲလိုက်သည့်အခါတွင် လျှပ်စီးဓားများ စတင်တုန်ခါလာသည်။ ထို့နောက်တွင် မိုးကြိုးအမြွှာ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားပြီး လေထဲမှာပင် ဦးတည်ချက် ပြောင်းသွားကြလေသည်။ ထောင်နှင့်ချီသည့် လျှပ်စီးကြောင်းများသည် သူ့ထံသို့ ပြန်လည် ဦးတည်လာကြခြင်း ဖြစ်သည်။
“ဘာတွေဖြစ်နေတာလဲ”
ပထမဆုံးအကြိမ်အဖြစ် မိုးကြိုးအမြွှာသည် သူ၏ လျှပ်စီးကြောင်းများအား ထိန်းချုပ်မရတော့ခြင်း ဖြစ်ကာ ယင်းတို့သည် သူ့ထံသို့ပင် ပြန်လည်ဦးတည်လာ ကြလေသည်။ ထိုမြင်ကွင်းကြောင့် အလွန်တုန်လှုပ် လာမိသည်။
သို့သော်လည်း မိုးကြိုးအမြွှာသည် လျင်မြန်စွာပင် အသိပြန်ကပ်လာသည်။ ချက်ချင်းဆိုသလို လျှပ်စီးဒိုင်းကာတစ်ခု ဖြစ်ပေါ်လာပြီးနောက် လျှပ်စီးကြောင်းများအား တားဆီးလိုက်သည်။
လျှပ်စီးကြောင်းများသည် မိုးပေါက်များသဖွယ် ကျဆင်းလာပြီး ချက်ချင်းဆိုသလို လျှပ်ပင်လယ်ကြီးထဲ နစ်မြုပ်သွားလေသည်။
ထိုအချိန်မှာပင် လေအမြွှာသည် ချင်ကျစ်နှင့် ဟုန်သိုတို့ထံမှ လွတ်မြောက်လာ လေသည်။ ချင်ကျစ်တို့ကို လိုက်ဖမ်းရမည့်အစား အန်လင်းထံသာ ပြေးဝင်လာလေသည်။ အန်လင်းသည် ဦးစွာရှင်းထုတ်ရမည့်သူ ဖြစ်သည်။
ကောင်းကင်မှ အလင်းတန်းတစ်ခု ကျဆင်းလာပြီးနောက် လေအမြွှာအား ချောင်းမြောင်း တိုက်ခိုက်လိုက်လေသည်။ တစ်ချိန်တည်း နီးပါးမှာပင် အဖြူရောင် စွမ်းအင်လုံးသည် သူ၏ရင်ဘတ်သို့ တိုးဝင်လာသည်။
ဘုန်း
လေအမြွှာသည် သတိလစ်သွားမိ ခဲ့သည်ကြောင့် စွမ်းအင်လုံးသည် သူ၏ရင်ဘတ်တွင် ပေါက်ကွဲသွားပြီး သွေးများ ပန်းထွက်လာကာ နောက်သို့ လွင့်စဉ်သွားလေသည်။
“အန်လင်း ငါတို့မှာ အချိန်အများကြီး မရှိဘူး”
လျှိုချင်ဟွမ်သည် ထိုသို့ပြောပြီးနောက် အဝေးသို့ လွင့်ထွက်သွားသည့် လေအမြွှာထံသို့ ပြေးသွားလေသည်။
ဤသည်မှာ လိုက်ဖမ်းရန် အချိန်မဟုတ်ကြောင်း အန်လင်းသိသည်။ သူ၏ နတ်ဘုရားစစ်ဆေးခြင်း နည်းစနစ်အား နောက်တဖန် အသုံးပြုလိုက်ပြီးနောက် ငွေသောက်တော် ရေခွက်အား ထိန်းသိမ်း ကာရံထားသည့် ဝင်္ကပါ၏ ပြစ်ချက်များကို ရှာဖွေလိုက်သည်။
“ဒီမှာပဲ” သူ၏လက်အား ဆတ်ခနဲ လှုပ်ရှားလိုက်သည့်အခါ သောက်တော်ရေခွက်၏ အပေါ်ဘက် တစ်နေရာသို့ စွမ်းအင်လှိုင်း တစ်လှိုင်းဖြင့် ပစ်ခတ်လိုက်သည်။
ခွက်
လေအကာအကွယ်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီးနောက် လေအကာအရံ အလယ်ရှိ လျှပ်စီးကြောင်း များသည်လည်း တဖြည်းဖြည်း လွင့်ပြယ်လာလေသည်။
အန်လင်းသည် ပြုံးကာဖြင့် …
“ဒီသောက်တော် ရေခွက်လေးကို ကြင်နာစွာ လက်ခံပါ့မယ်”
ငွေသောက်တော်ရေခွက်အား ဆွဲယူကာနီးမှာပင် ရွှေရောင်လက်ဖဝါး တစ်ခုသည် သူ့အား ပြင်းထန်စွာ ရိုက်ပုတ်လာလေသည်။
“ငါတို့ရဲ့ သောက်တော်ရေခွက်ကွ။ မင့်နဲ့ဘာဆိုင်တုန်း”
ဘုန်းကြီးတစ်ပါးသည် အော်ဟစ်လိုက်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲနှင့် အန်လင်းအား တိုက်ခိုက်လာသည်။
ထိုဘုန်းကြီးမှာ ဗုဒ္ဓလောက၏ ကိုယ်စားလှယ် ခေါင်းဆောင်ဖြစ်သူ ချင်ကျစ်သာလျှင် ဖြစ်လေသည်။ သူ၏တိုက်ခိုက်မှုမှာလည်း လျှော့တွက်၍ မရချေ။ ရွှေရောင်လက်ဖဝါးသည် လျင်မြန်ကာ ကြမ်းတမ်းသည်။ အန်လင်းမှာ ထိုတိုက်ခိုက်မှုအား တုံ့ပြန်ရန် အချိန် အနည်းငယ်သာလျှင် ရရှိလိုက်သည်။ သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ တောင်ခွင်းလက်သီးဖြင့် တုံ့ပြန်ခြင်းသာလျှင် ဖြစ်သည်။
ဘုန်
ဗုဒ္ဓ၏သန့်စင်မှာများ သယ်ဆောင်လာသော ရွှေရောင်လက်ဖဝါးသည် အန်လင်း၏ တောင်ခွင်းလက်သီးနှင့် ပစ်တိုက်မိတော့သည်။
ထိုလက်ဖဝါးတွင် ဗုဒ္ဓအကြီးအကဲများ၏ ထူးခြားသည့် သဘောတရားများ ပါဝင်နေသည်။ ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေသော ချင်ကျစ်၏ ကျင့်ကြံခြင်းနှင့် ပေါင်းစပ်လိုက်သည့်အခါ လက်ဖဝါးတွင်ပါဝင်သော စွမ်းအားသည် လွန်စွာကြောက်မက်ဖွယ် ကောင်းသွားလေသည်။ အန်လင်း၏ ရွှေလက်သီးသည် တစ်စက္ကန့်မျှသာ ခုခံနိုင်ခဲ့ပြီးနောက် ပြိုပျက်သွားလေသည်။
ရွှေလက်ဝါးသည် အရှိန်လျော့သွားခြင်း မရှိဘဲနှင့် အန်လင်း၏ ရင်ဘတ်အား ရိုက်ခတ်လာသည်။ ထိုတိုက်ခိုက်မှုတွင် ပါဝင်သော စွမ်းအင်ကြောင့် အန်လင်းသည် မီတာပေါင်းများစွာ လွင့်ထွက်သွားလေသည်။ သူ၏ခန္ဓာကိုယ်မှာ ကျိုးပဲ့ပျက်စီးသွားပြီဟုပင် ခံစားနေမိသည်။
လျှိုချင်ဟွမ်သည် လေအမြွှာနှင့် တိုက်ခိုက်နေရင်း ချင်ကျစ်အား မြင်လိုက်သည့်အခါတွင် အံ့ဩကာ ဒေါသတကြီး ဖြစ်လာလေသည်။ အန်လင်းအား နောက်သို့ လွင့်စဉ်သွားစေရန် တိုက်ခိုက်လိုက်သည်ကို မြင်တွေ့ရသည့်အခါတွင် ပိုမိုစိတ်ဆိုးလာတော့သည်။ လေအမြွှာအား လျစ်လျူရှုကာဖြင့် သောက်တော်ရေခွက်ထံ ပြေးဝင်သွားလေသည်။
ထိုသည်ကို မြင်သည့်အခါတွင် လေအမြွှာသည် လျှိုချင်ဟွမ်နှင့် တိုက်ခိုက်နေခြင်းမှ ရပ်တန့်လိုက်သည်။ သူ၏တာဝန်မှာ သောက်တော်ရေခွက်အား စောင့်ကြပ်ရန် ဖြစ်သည့်အတွက် ဦးစားပေးအနေနှင့် ချင်ကျစ်အား တိုက်ခိုက်ရမည် ဖြစ်သည်။
မိုးကြိုးအမြွှာသည် လျှပ်စီးဓားများ တိုက်ခိုက်ခံနေရာမှ ပြန်လည်သက်သာလပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်တွင် လျှပ်စီးများ တောက်ပနေပြီး ချင်ကျစ်ထံသို့ လျှပ်စီးဖြင့် ပစ်ခတ်လိုက်လေသည်။
လျှိုချင်ဟွမ်နှင့် လေမိုးကြိုးအမြွှာတို့ သူ့ထံသို့ ဒေါသတကြီး ပြေးဝင်လာကြသည်ကို မြင်လိုက်ရသည့်အခါ ချင်ကျစ်မှာ ကြောက်ရွံ့ တုန်လှုပ်လာသည်။ ယခုအချိန်တွင် သောက်တော် ရေခွက်အား လုယူခြင်းမရှိပါက သူ့ထံတွင် အခွင့်အရေး ရရှိတော့မည် မဟုတ်ချေ။ တုံ့ဆိုင်းခြင်းမရှိဘဲနှင့် သောက်တော်ရေခွက်အား ဆွဲယူကာ ဟွမ်ရှန့်ထံသို့ ပြေးတော့သည်။
လေမိုးကြိုးနယ်မြေမှ ချက်ချင်းထွက်ခွာကာဖြင့် ဟွမ်ရှန့်ထံ သောက်တော်ရေခွက်အား ကမ်းပေးလိုက်လေသည်။
“ဖမ်းလိုက်”
ချင်ကျစ်သည် ပေတစ်ထောင်အကွာတွင် ရှိနေသည့် ဟွမ်ရှန့်ထံ သောက်တော်ရေခွက်အား ပစ်ပေးလိုက်သည်။
ဟွမ်ရှန့်၏ အမြန်နှုန်းမှာ ဤနေရာတွင်ရှိသည့် မည်သူထက်မဆို သာလွန်လေသည်။ သောက်တော်ရေခွက် ပျံသန်းလာသည်ကို မြင်သည့်အခါတွင် သူ၏မျက်နှာတွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်လာသည်။
“ဂုဏ်ယူပါတယ်။ ဗုဒ္ဓလောကမှ ရမှတ် ၂ မှတ် ရရှိပါတယ်”
ထိုအချိန်မှာပင် ခမ်းနားကြီးကျယ်သည့် ကြေညာသံတစ်ခု ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာလေသည်။
အန်လင်း : “…”
ချင်ကျစ်: “…”
ဟွမ်ရှန့် : “…”
ဒေါင်
ငွေသောက်တော်ရေခွက်သည် ဟွမ်ရှန့်၏ဦးခေါင်းအား ထိကာ မြေပြင်သို့ ပြုတ်ကျသွားလေသည်။ ဟွမ်ရှန့်မှာ ထိတ်လန့် တုန်လှုပ်ကာဖြင့် နေရာတွင်သာ မလှုပ်မယှက်ဘဲ ရှိနေလေသည်။
လေမိုးပြိုးနယ်မြေရှိ လူတိုင်းသည်လည်း ဆွံ့အသွားကြလေသည်။ ထိုသတင်းမှာ အတော်လေး ရုတ်တရက်ဆန်လှသည်။
အန်လင်းသည် လျင်လျင်မြန်မြန်ပင် နားလည်သွားပြီ ဖြစ်သည်။
မှန်သည်။ သောက်တော်ရေခွက် ပိုင်ဆိုင်မှုအား သောက်တော်ရေခွက် လက်ဝယ်ရှိသူအပေါ် အခြေခံကာ ဆုံးဖြတ်ခြင်း မဟုတ်ပေ။ သောက်တော်ရေခွက်အား မည်သူ ဦးဆုံးထိမိသည် ဟူသည့် အချက်ပေါ်တွင် အခြေခံကာ ဆုံးဖြတ်ခြင်း ဖြစ်သည်။ သောက်တော် ရေခွက်အား ဦးဆုံးထိမိခဲ့သူသာလျှင် အမှတ်ရမည် ဖြစ်သည်။
ဗုဒ္ဓလောကမှ ကိုယ်စားလှယ်များသည် ဖန်တီးခြင်းခန်းမ ကိုယ်စားလှယ်များအား ငွေသောက်တော်ရေခွက် ရရှိစေရန် ကူညီပေးလိုခဲ့သည်။ သို့သော်လည်း အရာအားလုံးမှာ စီစဉ်ထားသည့်အတိုင်း ဖြစ်မလာသည့်အတွက် ဝမ်းနည်းဖွယ်ရာ ခံစားမှုကို ပေးနေလေသည်။
အဆုံးသက်သည် မျှော်လင့်ထားသို ဖြစ်မလာဘဲ ဆီလျော်မှု မရှိလှချေ။ အန်လင်းတို့သည် နားမလည်နိုင်စွာဖြင့် ရှိနကပြီး ဟွမ်ရှန့်အား သနားကရုဏာ သက်စွာဖြင့် ကြည့်လိုက်ကြသည်။
ချင်ကျစ်သည် သူ၏နဖူးအား ရိုက်လိုက်မိသည်။ ထို့နောက်တွင် လက်အုပ်ချီကာဖြင့် အနူးအညွတ် တောင်းပန်လေသည်။
“အော်မီသော်ဖော် တောင်းပန်ပါတယ်။ ဒီကိုယ်တော်က အပြုအမူတွေကို ဂရုမစိုက်မိခဲ့ဘူး။ ဒီလိုဖြစ်လာအောင် မရည်ရွယ်ခဲ့ပါဘူး”
သူ၏တောင်းပန်မှုသည် စစ်မန်ပြီး မျက်နှာတွင် ရိုးသားသည့် အမူအရာများနှင့် ဖြစ်သည်။
ဟမ် ... တကယ်ကြီး တမင်လုပ်တာ မဟုတ်ဘူးပေါ့။ သို့သော်လည်း တမည်ရည်ရွယ်ခဲ့ခြင်း မရှိလျင်ပင် သူမလုပ်ခဲ့ဟု မဆိုလို။
ဟွမ်ရှန့်သည် ငွေသောက်တော် ရေခွက်အား ကောက်ယူလိုက်သည်။ သူ၏မျက်လုံးများမှာ နီရဲနေပြီး စိတ်ဆိုးရမည်လား ဝမ်းနည်းရမည်လားကိုပင် မသိတော့ချေ။
သူ၏ ကြိုးစားအားထုတ်မှုတို့အတွက် ပြန်ရခဲ့သည့်ဆုလာဘ်မှာ အခြားသူများအတွက် ဖြစ်သွားရလေသည်။ ဝမ်းနည်းမှုတို့အား ချိုးနှိမ်လိုက်နိုင်သည်။
မချိတင်ကဲဖြစ်လျက်နှင့် နာကြီးမုန်းတီးလာမိသည်။
“မင်း ... မင်းတို့က ငါတို့ကို အနိုင်ကျင့်တာ”
ကောင်းကင်ပြာရင်ပြင်။
ဖန်တီးခြင်းခန်းမမှ ပုဂ္ဂိုလ်များ အားလုံးတို့သည် မည်းမှောင်သည့် မျက်နှာများဖြင့် ဗုဒ္ဓလောက အဖွဲ့ဝင်များရှိရာသို့ စူးစူးဝါးဝါး ကြည့်နေကြလေသည်။ ထိုအချိန်တွင် ဗုဒ္ဓလောကမှ ဘုန်းတော်ကြီးများသည် “အော်မီသော်ဖော် မြတ်စွာဘုရားရဲ့ ကျေးဇူးပါပဲ။ ရိုသေပါ၏” ဟူ၍ ရွတ်ဆိုနေကြလေသည်။ ထိုအခြင်းအရာသည် ဖန်တီးခြင်းခန်းမအား လွန်စွာဒေါသထွက်စေပြီး သွေးအန်မိမတတ်ပင် ဖြစ်ရသည်။
ကောင်းကင်ဘုံပိုင်နက်မှ ကျောင်းသားများသည် တည်ငြိမ်စွာဖြင့် ရှိနေကြလသည်။ သောက်တော်ရေခွက်အား ရရှိခဲ့ခြင်း မရှိသော်လည်း အန်လင်းတို့ လာရောက်ကာ နှောင့်ယှက်ခဲ့ကြသည် မဟုတ်ပါလား။
သောက်တော်ရေခွက်အား ရရှိခဲ့မည်ဆိုလျှင် ပိုကောင်းသော်လည်း မရခဲ့သော်လည်း စိုးရိမ်းဖွယ်မရှိပေ။
ဗုဒ္ဓလောကနှင့် ဖန်တီးခြင်း ခန်းမတို့၏ ပူးပေါင်းမှုအတွက် သူတို့အားလုံးတို့သည် ကျယ်လောင်စွာ အားပေးလိုက်ကြသည်။
အဆုံးတွင် ဗုဒ္ဓလောကသည် ထူးဆန်းစွာ အောင်နိုင်သူ ဖြစ်လေသည်။ ချင်ကျစ်သည် ကြံမိကြံရာ ပြုလုပ်လိုက်သော်လည်း သူ၏အပြုအမူများသည် အပြစ်တင်ခံရဖို့ရန် မထိုက်တန်ချေ။
အများဆုံးအနေဖြင့် “စည်းမရှိတဲ့ကိုယ်တော် / ဦးနှောက်မရှိတဲ့အရူး” ဟူ၍သာ စွပ်စွဲနိုင်မည် ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သူ့အား မည်သူကမျှ ပစ်တင်ရှုံ့ချခြင်း ရှိမည်မဟုတ်ချေ။
ဖန်တီးခြင်းခန်းမသည် အလွန်စိတ်သောက ရောက်ကာဖြင့် စိတ်ရှုပ်ထွေး နေလေသည်။ သူတို့သည် ငွေသောက်တော် ရေခွက်အား ဦးစွာ ရှာဖွေတွေ့ရှိခဲ့သည်။ ရရှိဖို့ရန် ခက်ခဲစွာ တိုက်ခိုက်ခဲ့ရသည်။ သို့သော်လည်း အဆုံးသတ်တွင် ဗုဒ္ဓလောကမှ ရယူသွားခဲ့သည်။
များပြားလှစွာသော ဂရုဏာသက်သည့် အကြည့်များသည် ဖန်သားပြင်ပေါ်ရှိ ဟွမ်ရှန့်ထံ ရောက်ရှိသွားသည်။
ဟုန်သိုသည် စိတ်ခံစားချက်အား ထိန်းချုပ်နိုင်ခြင်း မရှိသည့်အတွက် ချင်ကျစ်အား ဒေါသတကြီး ခုန်အုပ်လိုက်လေသည်။
“ရပ်လိုက်။ ဒါယိကာလေး ဟုန်သို စိတ်လျှော့ပါ။ ဒီကိုယ်တော်က သံသောက်တော် ရေခွက်တွေ ရရှိအောင် ကူညီပါ့မယ်”
ဒေါသတကြီးပြေးလာသည့် ဟုန်သိုအား မြင်သည့်အခါတွင် ချင်ကျစ်သည် အလျင်အမြန်ပင် ကူညီဖို့ ကမ်းလှမ်းလိုက်သည်။
“ငွေသောက်တော်ရေခွက်ကို သံသောက်တော်ရေခွက် တစ်ခွက်နဲ့ လဲရမယ်ပေါ့။ ကျုပ်ကို မစဉ်းစားတတ်ဘူးများ ထင်နေသလား”
ဟုန်သို၏ ခန္ဓာကိုယ်တွင် ရဲရဲတောက်နေသည့် မီးလျှံများ ထွက်ပေါ်လာပြီး မီးဘောလုံးကြီး တစ်လုံးသဖွယ် ချင်ကျစ်ထံ ခုန်အုပ်လိုက်လေသည်။
“အာ ... မင်းက တကယ်ကို သောက်ရူးပဲ။ မင်းကို သံသောက်တော်ရေခွက် တစ်ခွက်တည်းရဖို့ ကူညီမယ်လို့ သူပြောလို့လား။ တခြားသံသောက်တော် ရေခွက်တွေ ရဖို့အတွက် ကူညီမယ်လို့ ပြောတာကော မဖြစ်နိုင်ဘူးလား”
အန်လင်းသည် ခေါင်းယမ်းကာဖြင့် မီးပုံထဲ လောင်စာပစ်ထည့် လိုက်သည်။
ဟုန်သိုသည် ခေတ္တမျှ တုံ့ဆိုင်းသွားလေသည်။ သူ၏ရင်ဘတ်ထဲတွင် ဒေါသများ ဆူပွက်နေပြီး ပေါက်ထွက်တော့ မတတ်ပင်။ ထို့ကြောင့် ချင်ကျစ်ထံ ပိုမိုရက်စက်စွာ ပြေးဝင်သွားတော့သည်။
အလွန်ဆိုးဝါးသည့် စိတ်အခြေအနေတွင် ရှိနေသည့်အတွက် သူ၏ရှေ့တွင်ရှိနေသည့် ဘုန်းတော်ကြီးအား ရိုက်ပုတ်ပစ်ရမှသာလျှင် ကျေနပ်နိုင်မည် ဖြစ်သည်။
ထိုအချိန်မှာပင် လေမိုးကြိုးအမြွှာသည် ကောင်းကင်သို့ ဖြည်းညင်းစွာ တက်သွားလေသည်။ လက်နှစ်ဖက်အား ပေါင်းစပ်ကာဖြင့် စိတ်ဓါတ်ကျဖွယ် ကောင်းလောက်သော အသံဖြင့် ပြောလေသည်။
“သောက်တော်ရေခွက် အခိုးခံလိုက်ရပြီဆိုတော့ မင်းတို့အားလုံး ထွက်သွားဖို့ စိတ်မကူးနဲ့”
“အံဖွယ်လေမိုးကြိုး သုတ်သင်ဝင်္ကပါ အသက်ဝင်”
***