← Chapters

အခန်း (၁၆၇၄-၁၆၇၆)

Vol. 88 Ch. 1674-1676

အခန်း (၁၆၇၄-၁၆၇၆)

Vol. 88 Ch. 1674-1676

အခန်း (၁၆၇၄) - ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတာမျိုး စမ်းကြည့်ချင်လား

~မိနစ် အနည်းငယ် အကြာတွင်...

"ဟားဟားဟား... ဒီညတော့ အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတယ်..."

အပြန်လမ်းတွင်... အန်းကျူ ပရင့်စ်က ဆိုင်ကယ် နောက်ခုံတွင် ထိုင်ရင်း လက်နှစ်ဖက်ကို ဖြန့်ကာ လေဟုန်စီးနေသည့် ပုံစံ လုပ်ပြနေ၏။

ညလေပြေက တဖြူးဖြူး တိုက်ခတ်နေပြီး... သူမ၏ လှပသော ဆံနွယ်များကို လွင့်ဝဲနေစေသည်။

သူမ၏ ဘဝ တစ်လျှောက်လုံးတွင် ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းသည့် အတွေ့အကြုံမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။

ထိုစဉ် အချိန်အခါက... သူတို့သည် သေမင်းနှင့် နှာခေါင်းတစ်ဖျား အကွာအဝေး၌သာ ရှိနေခဲ့ကြခြင်း ဖြစ်ပေသည်။ အနည်းငယ်မျှ သတိလက်လွတ် ဖြစ်သွားခဲ့သည်နှင့်... တစ်သက်တာ နောင်တရသွားစေနိုင်လောက်သည့် အခြေအနေမျိုးအထိ ဖြစ်သွားနိုင်ခဲ့၏။

ထိုအချိန်တုန်းကမူ ကြက်သီးထဖွယ် ကောင်းလောက်အောင် ထိတ်လန့်စရာ ကောင်းခဲ့သော်ငြားလည်း... ယခုအချိန်၌ ပြန်လည် တွေးတောကြည့်မိသည့် အခါတွင်မူ အတော်လေး ပျော်ရွှင်ကြည်နူးဖွယ်ရာ ကောင်းနေသည်ဟု ခံစားမိရပြန်လေသည်။

ယဲ့ဖန် ပြုံးလိုက်၏။

"ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတာမျိုး စမ်းကြည့်ချင်လား..."

"ဘာလဲ..."

အန်းကျူ ပရင့်စ် နားမလည်နိုင် ဖြစ်သွားရ၏။

ဒါပေမဲ့ ချက်ချင်းပင်... ဆိုင်ကယ်က အရှိန် အကုန်တင်လိုက်သဖြင့်... သူမ ကြောက်လန့်တကြား ယဲ့ဖန်၏ ခါးကို တင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်မိ၏။

"ရှင် သေချင်နေတာလား... ဒါက အရမ်း မြန်လွန်းတယ်..."

ဆိုင်ကယ်၏ အရှိန်က အနည်းဆုံး တစ်နာရီ မိုင် (၂၀၀) လောက် ရှိနေလေ၏။

သန်းခေါင်ယံ အချိန် ဖြစ်နေပြီး... လမ်းကလည်း မှောင်မိုက်နေသည်လေ။ အကယ်၍ တစ်ခုခု ဖြစ်သွားလျှင်... နှစ်ယောက်စလုံး အတူတူ သေရမည်ပင်။

"ခုနကတော့ တော်တော် ရဲတင်းနေတာ မဟုတ်ဘူးလား... ရန်သူကို မျှားခေါ်ဖို့တောင် အပြင်ထွက်ဖို့ ပြင်နေတာလေ... မင်း ဦးနှောက်က ဘာဖြစ်နေတာလဲ..."

ယဲ့ဖန်က စောစောက အခြေအနေကို ပြန်တွေးမိပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။

သူသာ အချိန်မီ မတားခဲ့လျှင်... ဒီကောင်မလေး က သူတို့ ထောင်ချောက်ထဲ တန်းတန်းမတ်မတ် ဝင်သွားတော့မည်‌လေ။

အန်းကျူ ပရင့်စ်က သူ လှောင်ပြောင်နေသည်ကို သိလိုက်ရသဖြင့်... နှုတ်ခမ်းလေး စူကာ စိတ်ဆိုးမာန်ဆိုး ပြောလိုက်၏။

"ရှင်က ပြောရဲသေးတယ်ပေါ့... ခုနက ကျွန်မ ရှင့်အတွက် ဘယ်လောက် စိတ်ပူနေရလဲ သိလား... တကယ်လို့ ရှင် တစ်ခုခု ဖြစ်သွားရင်... ကျွန်... ကျွန်မ..."

"ဘာဖြစ်လဲ..."

"ကျွန်မ ရှင်နဲ့ အတူတူ လိုက်သေပေးမှာ..."

"တကယ်လား..."

"တကယ်ပေါ့... အဲ့ဒီတုန်းက ကျွန်မ တကယ် အဲ့လို တွေးလိုက်တာ..."

အန်းကျူ ပရင့်စ်၏ အသံက အလွန် ခိုင်မာပြတ်သားပြီး... ရိုးသားဟန် ရှိ၏။

ယဲ့ဖန် ဆိုင်ကယ်ကို ဖြည်းညင်းစွာ ရပ်လိုက်သည်။ သူ နောက်လှည့်ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်နှာလေးကို စိုက်ကြည့်လိုက်၏။ ဝေဝါးနေသော လရောင်အောက်တွင် သူမက ပို၍ပင် ဆွဲဆောင်မှု ရှိနေ၏။

"မင်းက ကိုယ့်အတွက် တကယ် အသေခံရဲတယ်ပေါ့..."

"အင်း..."

အန်းကျူ ပရင့်စ်က သူ့အကြည့်ကို ရင်ဆိုင်လိုက်ပြီး... ချက်ချင်း ရှက်သွေးဖြာသွားမိ၏။

ယဲ့ဖန်၏ ရင်ထဲတွင် ယားယံလာသလို ခံစားလိုက်ရသည်။

"သေတောင် သေရဲတယ် ဆိုမှတော့... တခြား ကိစ္စ လုပ်တာက ပြဿနာ မရှိလောက်ဘူး မဟုတ်လား..."

ပြောပြောဆိုဆိုပင် သူက ဖြည်းဖြည်းချင်း တိုးကပ်လာ၏။

တစ်ရက်နှင့် တစ်ညလောက် အတူနေပြီးပြီ ဆိုတော့... သူ ဒီ ဆွဲဆောင်မှုကို ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး ထင်သည်။

သို့သော်... သူ မကပ်မိခင်မှာပင်... အန်းကျူ ပရင့်စ်က သူ့ကို တွန်းထုတ်လိုက်၏။

"ရှင်... ရှင် ဘာလုပ်မလို့လဲ... လူယုတ်မာ..."

သူမက ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

"သေတောင် သေရဲတယ် ဆို... လင်မယားတွေလို ဖြစ်နေပြီပဲ... နမ်းတာလောက်က ဘာဖြစ်လို့လဲ..."

ယဲ့ဖန် ချက်ချင်း စိတ်ပျက်သွားရ၏။

"ဒါက လူပြတ်တဲ့ နေရာကြီးလေ..."

အန်းကျူ ပရင့်စ် စကား ဆက်မပြောနိုင်တော့ပေ။

ယဲ့ဖန် ပြောစရာ စကား မရှိတော့ပေ။

လူပြတ်တဲ့ နေရာ ဖြစ်နေတော့ ဘာဖြစ်လဲ...

ဘေးနားမှာ တခြား ဘယ်သူမှ မရှိဘူးလေ...

ဒါဆို ပိုပြီး စိတ်လှုပ်ရှားစရာ မကောင်းဘူးလား...

နှစ်ယောက်သား အချိန်အတော်ကြာ တိတ်ဆိတ်သွားကြ၏။

ခဏကြာမှ အန်းကျူ ပရင့်စ်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

"ယဲ့ဖန်... ရှင် ကျွန်မရဲ့ ချစ်သူ (Boyfriend) အဖြစ် ဟန်ဆောင်ပေးနိုင်မလား..."

"ဟမ်..."

ယဲ့ဖန် မှင်သက်သွားရ၏။ အချိန်အတော်ကြာသည် အထိ တုံ့ပြန်နိုင်စွမ်း မရှိတော့ပေ။

သူနဲ့ အန်းကျူ ပရင့်စ်က အတူတူ အိပ်ပြီးသွားကြပြီ ဆိုပေမယ့်... စကားလမ်းကြောင်း ပြောင်းတာက နည်းနည်း မြန်လွန်းမနေဘူးလား...

အန်းကျူ ပရင့်စ်က သူ တုံ့ဆိုင်းနေသည်ကို မြင်လိုက်ရသဖြင့်... သူမ၏ မျက်ဝန်းထောင့်တွင် မသိမသာ စိတ်ပျက်အားငယ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

"ဘာလဲ... ရှင်က ကျွန်မရဲ့ ချစ်သူ မဖြစ်ချင်ဘူးလား..."

"ဘာလို့ ရုတ်တရက်ကြီး ကိုယ်တို့ ဆက်ဆံရေးကို အတည်ပြုချင်ရတာလဲ..."

ယဲ့ဖန် စိတ်ဝင်တစား မေးလိုက်၏။

"ဘာလို့လဲ ဆိုတော့... ကျွန်မ အဖေက ကျွန်မကို လက်ထပ်ဖို့ ထပ်ပြီး တိုက်တွန်းနေပြန်ပြီ..."

အန်းကျူ ပရင့်စ်က သူမ အဖေ အကြောင်း ပြောလိုက်သည့် အခါ... မျက်နှာထား ချက်ချင်း ခါးသက်သွားရ၏။

"နောက် ရက်အနည်းငယ် အတွင်း ကျွန်မရဲ့ ချစ်သူကို မတွေ့ရဘူး ဆိုရင်... သူက သူ့မိတ်ဆွေဟောင်းတွေရဲ့ သားတွေနဲ့ မိတ်ဆက်ပေးဦးမှာတဲ့..."

အန်းကျူ ပရင့်စ်က ကူကယ်ရာမဲ့ ဖြစ်နေပုံ ရ၏။

"ဒါဆို မင်းက ကိုယ့်ကို ယောက္ခမလောင်း အဖြစ် သွားတွေ့ခိုင်းမလို့လား... အာ... မကောင်းပါဘူး..."

ယဲ့ဖန် ချက်ချင်း နောက်ဆုတ်ချင်သွား၏။

သူတို့ နှစ်ယောက်က လင်မယားတွေလို ဆက်ဆံရေး ရှိနေပြီ ဆိုသော်လည်း၊...

မိဘတွေနှင့် တွေ့ဆုံရတာက နည်းနည်း တရားဝင်ဆန်လွန်းနေသည်...။

အန်းကျူ ပရင့်စ်နှင့် အသေချည်နှောင်ခံလိုက်ရသလို ခံစားရ၏။

"ရှင့်မှာ သစ္စာတရား ဆိုတာရော ရှိသေးရဲ့လား... ကျွန်မတို့က အဲ့ဒီ ကိစ္စလည်း လုပ်ပြီးပြီ... အသက်အန္တရာယ်ကိုလည်း အတူတူ ရင်ဆိုင်ခဲ့ပြီးပြီ... ရှင်က ကျွန်မကို ဒုက္ခရောက်နေတဲ့ အချိန်မှာ ပစ်ထားခဲ့ချင်တာလား..."

အန်းကျူ ပရင့်စ်က သူ့မျက်နှာထားကို မြင်လိုက်ရသောအခါ ချက်ချင်း စိုးရိမ်လာ၏။

"မင်းကို မကယ်ချင်တာ မဟုတ်ပါဘူး... အဓိက က ကိုယ်က မင်းနဲ့ မထိုက်တန်လို့ပါ... မင်း အဖေက သေချာပေါက် ကိုယ့်ကို သဘောကျမှာ မဟုတ်ဘူး... ပိုပြီး ပြည့်စုံတဲ့ လူကို ရှာလိုက်ပါ... အဲ့ဒါက ပိုပြီး ယုံကြည်လောက်စရာ ကောင်းမှာပါ..."

"ဘယ်သူက ရှင့် အခြေအနေ မကောင်းဘူး ပြောလို့လဲ... ရှင်က ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနဲ့ ပိုင်ဆိုင်မှု ဘီလီယံ ဆယ်ချီ ရရှိထားတာလေ... မိဘတွေကို အားကိုးနေရတဲ့ ဒုတိယ မျိုးဆက် သူဌေးသားတွေထက် အများကြီး သာတာပေါ့..."

"ဒါပေမဲ့..."

"ဒါပေမဲ့ မနေနဲ့... တကယ်လို့ ရှင် မကူညီဘူး ဆိုရင်... ကျွန်မ နောက်တစ်ခါ ဘယ်တော့မှ 'ဝန်ဒါ ဝူးမန်း' ဝတ်စုံ ဝတ်ပြတော့မှာ မဟုတ်ဘူး..."

" ခြိမ်းခြောက်နေတာလား..."

"အေးလေ... ခြိမ်းခြောက်နေတာ... ရှင် သဘောတူလား မတူဘူးလား ပြော..."

"ကောင်းပြီလေ... သဘောတူပါတယ်..."

ယဲ့ဖန်က ချက်ချင်းပင် သေမှာ မကြောက်သည့် မျက်နှာထား လုပ်ပြလိုက်၏။

"ကိုယ်က ဝန်ဒါ ဝူးမန်း ဝတ်စုံ ဝတ်တာကို ကြိုက်လို့ မဟုတ်ပါဘူး... အဓိက က ကိုယ်တို့ ကြားက သံယောဇဉ်ကြောင့်ပါ... မင်း တစ်ယောက်တည်း အဖေရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတာကို ကိုယ် ဘယ်ကြည့်ရက်ပါ့မလဲ..."

အန်းကျူ ပရင့်စ် မျက်စောင်းထိုးလိုက်ပြီး သူ့ကို ဖွင့်မချတော့ပေ။

"သဘက်ခါကျရင် ဖေဖေက ညစာစားပွဲ ကျင်းပလိမ့်မယ်... ကျွန်မတို့ အတူတူ သွားရမယ်..."

"သဘက်ခါ ဟုတ်လား... မြန်လှချည်လား..."

"ဘာဖြစ်လို့လဲ... ကြောက်လို့လား..."

"မဟုတ်ပါဘူး... အဓိက က ကိုယ် ဘာမှ မပြင်ဆင်ရသေးလို့ပါ..."

ယဲ့ဖန် အနည်းငယ် စိတ်လှုပ်ရှားနေ၏။

"ဘာမှ ပြင်ဆင်စရာ မလိုပါဘူး... ပုံမှန် အတိုင်းသာ နေ... ကျွန်မ အဖေက စကားပြောရ လွယ်ပါတယ်..."

အန်းကျူ ပရင့်စ်က အလျင်အမြန် နှစ်သိမ့်လိုက်၏။

"ဒါဆို တော်သေးတာပေါ့..."

ယဲ့ဖန် စိတ်သက်သာရာ ရသွား၏။

သို့သော်... ချက်ချင်းပင် အန်းကျူ ပရင့်စ်က လေသံ ပြောင်းလိုက်၏။

"အလွန်ဆုံး... သူတို့က ရှင့်ကို သိမ်းမြစ် (River Thames) ထဲ ပစ်ချလိုက်ရုံလောက်ပါပဲ... ရှင့် ရေကူးစွမ်းရည် ကောင်းတာပဲ... ပြန်ကူးလာနိုင်မှာပါ..."

"အာ..."

"..."

အန်းကျူ ပရင့်စ်၏ သီးသန့် ဇိမ်ခံ တိုက်ခန်းသို့ ပြန်ရောက်သောအခါ... ယဲ့ဖန်သည် သူမနှင့် အချိန်ပိုဖြုန်းချင်ပြီး... စောစောက မပြီးပြတ်ခဲ့သော ကိစ္စကို ဆက်လုပ်ချင်နေမိသည်။

သို့သော်... အန်းကျူ ပရင့်စ် ရေချိုးခန်း ဝင်သွားပြီး ပြန်မထွက်လာတော့သည်ကို သူ မမျှော်လင့်ထားခဲ့ပေ။

ယဲ့ဖန် တစ်ခုခု မှားနေပြီဟု သတိထားမိလိုက်ပြီး ရေချိုးခန်းထဲ ဝင်ကြည့်လိုက်ရာ... ဒီကောင်မလေး ရေချိုးကန်ထဲမှာ အိပ်ပျော်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

"မင်းက တကယ်ကို ရည်မှန်းချက် ကြီးမားတာပဲ..."

ယဲ့ဖန် ခေါင်းခါလိုက်မိ၏။

သို့သော်... အန်းကျူ ပရင့်စ်သည် ဒီရက်ပိုင်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အလွန် ပင်ပန်းနေရှာပြီ ဖြစ်ရာ... သူမကို ရေချိုးကန်ထဲမှ ပွေ့ချီပြီး ကိုယ်ခန္ဓာကို ခြောက်သွေ့အောင် သုတ်ပေးလိုက်ကာ... ထပ်မနှောင့်ယှက်တော့ပေ။

ရေမိုးချိုးပြီးနောက်... သူတို့ အတူတူ အိပ်စက်လိုက်ကြ၏။

...

နောက်တစ်နေ့ မနက်တွင် ယဲ့ဖန် ပြန်နိုးလာသောအခါ... ဘေးနားတွင် အန်းကျူ ပရင့်စ်၏ ကိုယ်သင်းနံ့လေး ကျန်ရစ်နေသေးသော်လည်း... ကုတင်ပေါ်တွင်တော့ လူမရှိတော့ပေ။

ကုတင်ဘေး စားပွဲပေါ်တွင် ကားသော့ တစ်ချောင်းနှင့် စာရွက်ပိုင်းလေး တစ်ခု ရှိနေ၏။

"မနေ့က တစ်ရက် ပျက်ကွက်ခဲ့တယ်လေ... ဒီနေ့ ရုံးသွားမှ ဖြစ်တော့မယ်..."

"ဒီအိမ်ရဲ့ မျက်နှာစစ်ဆေးရေး စနစ် (Biometric-recognition Lock) မှာ ရှင့်ရဲ့ မျက်နှာကို မှတ်သားထားပြီးပါပြီ... နောက်ဆို ရှင် ကြိုက်တဲ့အချိန် ဝင်ထွက်လို့ ရပါတယ်..."

"ပြီးတော့... ဒီ ကားသော့က မေဘက်ခ် (Maybach S680) ကားသော့ပါ... ရှင့် ဂုဏ်ပုဒ်နဲ့လည်း လိုက်ဖက်သလို... အင်ပါယာ ထဲမှာ သွားလာရတာ အဆင်ပြေစေမှာပါ..."

"မီးဖိုချောင်ထဲမှာ မနက်စာ ပြင်ထားတယ်... ကျွန်မ အလုပ်သွားပြီနော်..."

"ချစ်တယ်…”

အခန်း (၁၆၇၅) - ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ် (Limited Edition)

~ယဲ့ဖန် စိတ်ထဲတွင် အနည်းငယ် ချိုမြိန်သွားသလို ခံစားလိုက်ရသည်။

ကုတင်ဘေး စားပွဲပေါ်မှ ကားသော့ကို ကောက်ယူလိုက်ပြီး... အနည်းငယ် သန့်ရှင်းရေး လုပ်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။

သို့သော် မမျှော်လင့်ဘဲ... မနက်စာ ဆိုသည်မှာ ပေါင်မုန့်ကင် နှစ်ချပ်၊ ဝက်အူချောင်း တစ်ချောင်းနှင့် ကြက်ဥကြော် နှစ်လုံးသာ ဖြစ်နေ၏။

ဒါ့အပြင် ကြက်ဥကြော်တွေက နည်းနည်း တူးနေသေးသည်။

"ဒါလေးလား..."

ယဲ့ဖန် ပြောစရာ စကား ပျောက်ရှသွားရ၏။

ခုနက အန်းကျူ ပရင့်စ်ရဲ့ စာကို ဖတ်လိုက်တုန်းက... ခမ်းနားထည်ဝါတဲ့ မနက်စာကြီးကို စိတ်ကူးယဉ်နေမိခဲ့တာ။ ပြီးတော့... ရိုမန်တစ် ဆန်တယ်လို့တောင် ခံစားနေမိသေးတာ။

နောက်ဆုံးကျတော့... သူ အလိမ်ခံလိုက်ရတာလား...

အန်းကျူ မိသားစုရဲ့ မင်းသမီးလေးက... ဒီလောက်ပဲ လုပ်တတ်တာလား...

ပေါင်မုန့်ကင် နှစ်ချပ်၊ ဝက်အူချောင်း တစ်ချောင်းနဲ့ ကြက်ဥကြော် နှစ်လုံး... ဒါကိုများ သီးသန့် ပြင်ဆင်ထားပါတယ် ပြောရသေးလား...

"ဘယ်လိုလဲ ယဲ့ဖန်... ကျွန်မ လုပ်ထားတဲ့ မနက်စာ စားကောင်းလား..."

ထိုအချိန်တွင် အန်းကျူ ပရင့်စ်ထံမှ မက်ဆေ့ခ်ျ ဝင်လာ၏။

ယဲ့ဖန် ရေခဲသေတ္တာထဲမှ နွားနို့ တစ်ဘူး ထုတ်သောက်လိုက်ပြီး... ဖြစ်သလို ပြန်ဖြေလိုက်ရလေတော့သည်။

"မဆိုးပါဘူး..."

"အရမ်း အံ့သြသွားတယ်..."

"ရှင် တော်တော် အံ့သြသွားတယ် မဟုတ်လား..."

အန်းကျူ ပရင့်စ်က တစ်မျိုး နားလည်သွားပုံ ရ၏။

"ဒါ ကျွန်မ ပထမဆုံး အကြိမ် ချက်ပြုတ်ဖူးတာလေ..."

"ကျွန်မလည်း အရမ်း အံ့သြသွားတယ်..."

"မကျွမ်းကျင်ပေမယ့်... တော်တော်လေး စားကောင်းသားပဲ..."

"နောက်ဆို ရှင့်ကို မကြာခဏ ချက်ကျွေးဦးမယ်..."

"ခင်ဗျား ပျော်ရင် ပြီးတာပါပဲ..."

ယဲ့ဖန် အကြာကြီး စဉ်းစားပြီးမှ ဒီစာကြောင်းလေး တစ်ကြောင်းကိုသာ ပြန်ပို့လိုက်လေတော့သည်။

ထို့နောက် ဖုန်းကို ဘေးချပြီး မနက်စာကိုသာ အာရုံစိုက် စားသောက်လိုက်လေတော့သည်။

သို့သော် ထိုအချိန်မှာပင်... စနစ်၏ အသိပေးသံ ထပ်မံ ထွက်ပေါ်လာပြန်၏။

"ဒင်... စနစ်မှ ရတနာသစ် လမ်းကြောင်းပြခြင်း (Treasure Navigation) ကို ရှာဖွေတွေ့ရှိပါသည်... ကျေးဇူးပြု၍ (၁၀) မီတာ ရှေ့တည့်တည့် သွားပြီး ညာဘက် ကွေ့ပါ... (၁.၂) ကီလိုမီတာ ရှေ့ဆက်သွားပြီးရင်... ညာဘက်ကို (၇၅၀) မီတာ ဆက်သွားပါ..."

"ဟမ်..."

"နောက်ထပ် အလုပ်တစ်ခု ရောက်လာပြန်ပြီ..."

ယဲ့ဖန်၏ မျက်လုံးများ အရောင်လက်သွား၏။

သူ အသားညှပ်ပေါင်မုန့် (Sandwich) ကို အမြန် စားလိုက်ပြီး... စားပွဲပေါ်မှ ပန်းကန်များကို ရှင်းလင်းလိုက်၏။ ထို့နောက် အဝတ်အစား လဲလှယ်ပြီး GPS ညွှန်ကြားချက် အတိုင်း လိုက်သွားလိုက်၏။

ရတနာ ရှိမည့် နေရာက သိပ်မဝေးလှပေ။

ယဲ့ဖန် အန်းကျူ ပရင့်စ် ထားခဲ့ပေးသော မေဘက်ခ် ကားကြီးကို မောင်းနှင်ပြီး မိနစ် အနည်းငယ် အကြာတွင်... ဟောင်းနွမ်းနေသော လမ်းကြားလေး တစ်ခုသို့ ရောက်ရှိသွား၏။ လမ်းကြောင်းပြ နေရာနှင့် မီတာ ရာဂဏန်းခန့်သာ ဝေးတော့သည်။

ထိုလမ်းများက ကားဝင်လို့ မရသဖြင့်... ယဲ့ဖန် ကားပေါ်မှ ဆင်းလိုက်ပြီး အမြန် လမ်းလျှောက်သွားလိုက်၏။

သို့သော် အံ့သြစရာ ကောင်းသည်မှာ... လမ်းကြောင်းပြ ပစ်မှတ်က ရွေ့လျားနေပုံ ရ၏။

သူ လမ်းကြားလေး တစ်ခုကို ဖြတ်ကျော်လိုက်ရုံ ရှိသေးသည်... လမ်းကြောင်းပြ အချက်အလက်က ပြောင်းလဲသွား၏။

"ညာဘက် ကွေ့ပါ... ပြီးရင် မီတာ (၃၀) ရှေ့ဆက်သွားပြီး... ညာဘက်ကို ဆက်သွားပါ..."

သူ ညွှန်ကြားချက် အတိုင်း လိုက်သွားပြီး ပစ်မှတ် နေရာသို့ ရောက်သောအခါ... ဘေ့စ်ဘော ဝတ်စုံ (Baseball Uniform) ဝတ်ဆင်ထားပြီး ခေါင်းငုံ့ကာ လျှောက်နေသော လူရိပ် တစ်ခုကို တွေ့လိုက်ရ၏။ ထိုလူက ရှေ့နားမှ အခြား လမ်းကြားတစ်ခုထဲသို့ လျှို့ဝှက်စွာ ဝင်ရောက်သွား၏။

လမ်းကြောင်းပြ အချက်အလက်က ထပ်မံ ပြောင်းလဲသွားပြန်သည်။

"မီတာ (၁၅) ရှေ့ဆက်သွားပြီးရင်... ဘယ်ဘက်ကို မီတာ (၁၅) ဆက်သွားပါ..."

ထိုသို့ အကြိမ်ကြိမ် ပြောင်းလဲပြီးနောက်... ရတနာ လမ်းကြောင်းပြ စနစ်၏ ပစ်မှတ်မှာ ထို ဘေ့စ်ဘော ဝတ်စုံနှင့် လူ ဖြစ်ကြောင်း ယဲ့ဖန် သေချာသွား၏။

သူ ထိုလူနောက်သို့ တိတ်တဆိတ် လိုက်ပါသွားလိုက်၏။

ထို့နောက် ရတနာ လမ်းကြောင်းပြ စနစ်၏ အသိပေးသံနှင့် နက်ရှိုင်းသော ရတနာ ရှာဖွေခြင်း (Deep Treasure Hunt) စနစ်၏ စကင်န်ဖတ်ခြင်းတို့က သူ့ ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုပေးလိုက်၏။

ဘေ့စ်ဘော ဝတ်စုံနှင့် လူ လမ်းကွေ့လိုက်တိုင်း... လမ်းကြောင်းပြ စနစ်၏ အသိပေးသံက ချက်ချင်း ပြောင်းလဲသွားသည်။

ဒါ့အပြင်... နက်ရှိုင်းသော ရတနာ ရှာဖွေခြင်း စနစ်ကလည်း... ထိုလူ သယ်ဆောင်လာသော ပစ္စည်းမှာ တန်ဖိုးဖြတ်မရသော ရတနာ ဖြစ်ကြောင်း ပြသနေ၏။

ဘေ့စ်ဘော ဝတ်စုံနှင့် လူသည် လမ်းကြားလေး တစ်ခု အတွင်းရှိ အဝတ်လျှော်ဆိုင် (Dry Cleaning Shop) တစ်ဆိုင် ရှေ့တွင် ရပ်တန့်လိုက်မှသာ... လမ်းကြောင်းပြ အသိပေးသံများ ရပ်တန့်သွားတော့သည်။

ယဲ့ဖန်လည်း ခြေလှမ်း တုံ့လိုက်၏။

ဘေ့စ်ဘော ဝတ်စုံနှင့် လူက ဘေးဘီဝဲယာကို ကြည့်ရှုလိုက်သည်။ ဘယ်သူမှ သတိမထားမိကြောင်း သေချာမှ ဆိုင်ထဲသို့ ဝင်သွားလိုက်၏။

တစ်ချိန်တည်းမှာပင်... ယဲ့ဖန် နားစွင့်လိုက်ပြီး ဖြည်းညင်းစွာ တိုးကပ်သွားလိုက်၏။

"သူဌေး... ဒါ ကျွန်တော် အခုလေးတင် ရလာတာ... တန်ဖိုး တော်တော် ရှိလောက်တယ်..."

"ဈေးဖြတ်ပေးပါ... ပြီးရင် ရောင်းပေးပါဦး..."

ဘေ့စ်ဘော ဝတ်စုံနှင့် လူမှာ တကယ်တော့ မိန်းကလေး တစ်ဦး ဖြစ်နေ၏။ သူမ၏ အသံက အလွန် ကြည်လင်ပြတ်သားနေ၏။

သူမ သူဌေးဟု ခေါ်လိုက်သော လူ၏ အသံကို ယဲ့ဖန် ရင်းနှီးနေ၏။

"ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ် (Victoria Cross Medal) လား..."

"ဒီပစ္စည်းက ရွှေစစ်လား..."

"ဘယ် သူဌေး ငတုံးကများ... ဒါကို ရွှေစစ်နဲ့ လုပ်ထားတာလဲ..."

ဘေ့စ်ဘော ဝတ်စုံနှင့် မိန်းကလေးက ပြန်မဖြေပေ။

"ဘယ်လောက် တန်လဲ ဆိုတာသာ ပြောပါ..."

"ချိန်ခွင် ယူလိုက်ဦးမယ်..."

သူဌေး ဆိုသူက ဒီကိစ္စကို ကျွမ်းကျင်ပုံ ရ၏။

"ဘာပဲဖြစ်ဖြစ်... ရွှေစစ်နဲ့ လုပ်ထားတာ ဆိုတော့... လက်ရာကလည်း မဆိုးဘူး... ပိုက်ဆံ နည်းနည်းတော့ ရမှာပါ..."

"ချိန်ကြည့်လိုက်ရအောင်..."

"(၁၁၂.၆) ဂရမ် ရှိတယ်... အခု ရွှေပေါက်ဈေးက တစ်ဂရမ်ကို ဒေါ်လာ (၆၀) လောက် ရှိတယ်... လက်ခ ပါ ပေါင်းလိုက်ရင်... စုစုပေါင်း ဒေါ်လာ (၇,၀၀၀) ပေးမယ်... ဘယ်လိုလဲ..."

ဘေ့စ်ဘော ဝတ်စုံနှင့် မိန်းကလေးက အလွန် စိတ်လောနေပုံ ရ၏။

"အရင် အကောင့်ထဲပဲ လွှဲပေးလိုက်..."

ပြောပြောဆိုဆိုပင်... သူမက သူဌေး ငွေလွှဲသည်ကို စောင့်ဆိုင်းနေလိုက်သည်။ ငွေဝင်ကြောင်း အတည်ပြုပြီးနောက်... အဝတ်လျှော်ဆိုင်ထဲမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။

သူမက အခြား လမ်းကြောင်း တစ်ခုဘက်သို့ ဦးတည် ထွက်ခွာသွား၏။

သူမ ထွက်လာသည့် အခိုက်အတန့်တွင် ယဲ့ဖန် တိတ်တဆိတ် အကဲခတ်လိုက်၏။

ဘုရင်မ လမ်းမကြီးပေါ်တွင် ရှချိုးနှင့် ပြဿနာတက်ခဲ့သော မိန်းကလေးနှင့် ရွယ်တူလောက် ရှိမည့် မိန်းကလေး တစ်ဦးပင် ဖြစ်၏။

ဒါ့အပြင်... သူမက နုနယ်ပျိုမြစ်သော ရုပ်ရည် ရှိ၏။

သူမ၏ မျက်ဝန်းများ အနည်းငယ် မှေးမှိန်နေပြီး သူမ၏ အသက်အရွယ်နှင့် မလိုက်ဖက်အောင် ဖြစ်နေသည်မှ လွဲ၍... ပထမ မြင်မြင်ချင်းတွင် သန့်ရှင်းပြီး သက်သောင့်သက်သာ ရှိသော ခံစားမှုကို ပေးစွမ်းနိုင်၏။

သူမက ဘာလို့ ဒီလောက် လျှို့ဝှက်ပြီး ပြုမူနေရတာလဲ...

ထို့ထက်ပို၍၊... သူမက အဝတ်လျှော်ဆိုင် ပိုင်ရှင်ကို သီးသန့် ထုတ်လုပ်ထားတဲ့ လီမိတက် အဒီရှင်း (Exclusive Limited Edition) ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ် တစ်ခု ရောင်းချခဲ့သည်။

ယဲ့ဖန် နားမလည်နိုင် ဖြစ်နေရသည်။

ရတနာ လမ်းကြောင်းပြ စနစ်က သူ့ကို ဒီ ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ်ကို ရှာဖွေခိုင်းနေသည်။

လာရာလမ်းတစ်လျှောက်လုံး... သူ နက်ရှိုင်းသော ရှာဖွေခြင်း စနစ် (Deep Navigation System) နှင့် ဒီ တံဆိပ်ကို စကင်န်ဖတ်ခဲ့ပြီးပြီ ဖြစ်၏။ ဒါက အဝတ်လျှော်ဆိုင် ပိုင်ရှင် ပြောသလို အတု (Replica) မဟုတ်။ သာမန် ဗစ်တိုးရီးယား လက်ဝါးကပ်တိုင်ထက် အဆပေါင်း ရာချီ ပိုတန်ဖိုးရှိတဲ့ ရတနာ အစစ်ပင်။

ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် ဟူသည်မှာ... နေမဝင် အင်ပါယာ၏ အမြင့်ဆုံး စစ်ဘက်ဆိုင်ရာ ဂုဏ်ပြု တံဆိပ်ပင်။

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာခန့်က... ဗစ်တိုးရီးယား ဘုရင်မကြီး၏ ကြင်ရာတော် မင်းသား အဲလ်ဘတ် (Prince Albert) ၏ ဆန္ဒတော်အရ... ခရိုင်းမီးယား စစ်ပွဲ (Crimean War) အတွင်း ရဲရင့်သော လုပ်ရပ်များကို ဂုဏ်ပြုရန် အလို့ငှာ ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။

နောက်ပိုင်း ကာလများတွင်မူ... ရန်သူများနှင့် ရင်ဆိုင်တိုက်ခိုက်ရာ၌ သတ္တိဗျတ္တိ အရှိဆုံး သူရဲကောင်းများကို ပေးအပ်ချီးမြှင့်သည့် ဆုတံဆိပ်တစ်ခု ဖြစ်လာခဲ့သည်။ စစ်ဘက်ဆိုင်ရာ ရာထူး အဆင့်အတန်း မရွေး၊ အရပ်သား ဝန်ထမ်းများပါ မကျန် ရရှိပိုင်ဆိုင်နိုင်ခွင့် ရှိလေသည်။

ပုံသဏ္ဍာန်မှာ မော်လ်တာ လက်ဝါးကပ်တိုင် (Malta Cross) ပုံစံ ရှိပြီး အကျယ် (၃၅) မီလီမီတာ ရှိ၏။ အလယ်ဗဟိုတွင် စိန့် အက်ဒဝပ် (St. Edward) သရဖူ ပါရှိပြီး၊ ထိုသရဖူ၏ အထက်တွင်ကား သန်မာထွားကျိုင်းသော ခြင်္သေ့တစ်ကောင်က နေရာယူထားလေသည်။ သရဖူ၏ အောက်ခြေတွင်မူ "ရဲရင့်မှုအတွက်" (For Valour) ဟူသော စာတန်းပါရှိသည့် ဖဲပြားလေး တစ်ခု ရှိနေပေသည်။

သမိုင်းမှတ်တမ်းများအရ... စတင် ဖန်တီးချိန်မှစ၍ ဤဆုတံဆိပ်ကို လူ (၃၂) ဦးသာ ရရှိဖူးခဲ့ချေသည်။ ထိုအထဲမှ (၇) ဦးသာလျှင် သက်ရှိထင်ရှား ရှိနေစဉ် ကာလ၌ ရရှိခဲ့ခြင်း ဖြစ်၏။ ဆုတံဆိပ် တစ်ခုချင်းစီသည် အလွန်တရာ အရေးပါသည်ဟု ဆိုနိုင်ပေသည်။

ယခု မျက်မှောက်တွင် ရှိနေသော လီမိတက် အဒီရှင်း (Limited Edition) တံဆိပ်မှာမူ... သာမန် တံဆိပ်များထက် အဆပေါင်း တစ်ရာမက ပိုမို တန်ဖိုးရှိလှပေသည်။ ပြောနေစရာပင် မလိုတော့ချေ... တန်ဖိုး ဖြတ်၍ မရနိုင်သော ရတနာပင်။

သို့သော်... ဘေ့စ်ဘော ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးသည် ဤတံဆိပ်၏ တန်ဖိုးကို လုံးဝ မသိနားမလည်လေသလော...။

ဒေါ်လာ (၇,၀၀၀) တည်းဖြင့် ရောင်းချလိုက်သည် ဟူ၏...။

ရယ်မောဖွယ်ရာ ကောင်းလွန်းနေချေပြီ...။

...

ယဲ့ဖန် ဘာတွေ ဖြစ်နေလဲ ဆိုတာ နားမလည်နိုင်အောင် ဖြစ်နေရသည်။

သို့သော်... ဘေ့စ်ဘော ဝတ်စုံနှင့် မိန်းကလေး ထွက်ခွာသွားပြီးနောက်... သူက အတွေးများကို ရပ်တန့်လိုက်ပြီး အဝတ်လျှော်ဆိုင်ထဲသို့ ဝင်သွားလိုက်လေတော့သည်။

အခန်း (၁၆၇၆) - ဒီပစ္စည်းက တန်ဖိုးရှိဖို့ မဖြစ်နိုင်ပါဘူး

~ယဲ့ဖန်သည် သီးသန့် ထုတ်လုပ်ထားသော လီမိတက် အဒီရှင်း (Exclusive Limited Edition) ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ်ကို မည်သို့ ရယူရမည်နည်း ဟူသော အတွေးနှင့်... ရင်းနှီးနေသော ဆိုင်ပိုင်ရှင်က ဘယ်သူလဲ ဆိုတာကို သိချင်စိတ်ဖြင့်... အဝတ်လျှော်ဆိုင် အတွင်းသို့ ဝင်ရောက်လာခဲ့၏။

ဆိုင်ထဲသို့ ခြေချလိုက်သည်နှင့် တပြိုင်နက်... သူ့ခြေလှမ်းများ ရပ်တန့်သွားပြီး ပြုံးလိုက်မိ၏။

တစ်ချိန်တည်းမှာပင်... အဝတ်လျှော်ဆိုင် အတွင်းမှ အံ့သြနေသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

"ဘောစ့် ယဲ့... ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲ..."

နှုတ်ဆက်သံနှင့်အတူ... ရိုးသားပြီး တောင့်တင်းသန်မာသော လူတစ်ယောက်က သူ့ကို ကြိုဆိုရန် ထွက်လာခဲ့၏။

သူကား မနေ့ညကမှ ယဲ့ဖန်နှင့် ဆက်သွယ်ခဲ့သော မှောင်ခို ကုန်သည်ကြီး ဂျွန်ဘူး (John Bull) ပင် ဖြစ်၏။

"ဒီနား ဖြတ်သွားရင်းနဲ့... ရွှေစစ် ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ် အကြောင်း ပြောနေကြတာ ကြားလို့ ဝင်ကြည့်လိုက်တာ..."

ယဲ့ဖန်က တစ်ဝက်မှန် တစ်ဝက်မှား ပြန်ဖြေလိုက်၏။

"ဒါ ခင်ဗျား ဆိုင်လား..."

"အဝတ်လျှော်ဆိုင် ဆိုတော့... တော်တော်လေး မထင်မှတ်ထားဘူးပဲ..."

ဂျွန်ဘူးက ခေါင်းကုတ်လိုက်၏။

"အပေါ်ယံ ကြည့်ရင်တော့... ကျွန်တော်က အဝတ်လျှော်ဆိုင် ပိုင်ရှင်ပါပဲ..."

"ဒါပေမဲ့ မှောင်ခိုလောကထဲ ကြာကြာ ကျင်လည်ဖူးတဲ့ သူတွေကတော့... ကျွန်တော့် အခြေအနေကို သိကြပါတယ်..."

"တခါတလေကျရင် ဖောက်သည်ဟောင်း တချို့က သူတို့ ခိုးလာတဲ့ ပစ္စည်းတွေကို လာရောင်းတတ်ကြတယ်လေ..."

ပြောပြောဆိုဆိုပင်... သူက ဝါဂွမ်းစဖြင့် ထုပ်ပိုးထားသော ရွှေရောင် တံဆိပ် တစ်ခုကို အလျင်အမြန် ထုတ်ပြလိုက်၏။

"ခင်ဗျား ခုနက ပြောတာ... ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် အတု (Replica) ကို စိတ်ဝင်စားတယ် ဆိုတာ မဟုတ်လား... ပစ္စည်းက ဒီမှာပါ... ကျွန်တော် သိမ်းတောင် မသိမ်းရသေးဘူး..."

ယဲ့ဖန် အားနာမနေတော့ပေ။

ပစ္စည်းကို လက်ခံရယူပြီးနောက်... သေချာ စစ်ဆေးကြည့်လိုက်၏။

ဘယ်ပြန်ညာပြန် ကြည့်ပြီး... နက်ရှိုင်းသော ရတနာ ရှာဖွေခြင်း (Deep Treasure Hunt) စနစ်ဖြင့် စကင်န်ဖတ်လိုက်ရာ... ခုနက ဘေ့စ်ဘော ဝတ်စုံနှင့် ကောင်မလေး ရောင်းသွားသော ယွမ် သန်း (၃၀၀) ကျော် တန်ဖိုးရှိသည့် လီမိတက် အဒီရှင်း ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ် အစစ် ဖြစ်ကြောင်း သေချာသွား၏။

သူက ဂျွန်ဘူးဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်၏။

"ကျွန်တော် ဒီပစ္စည်းကို အရမ်း စိတ်ဝင်စားတယ်... ကျွန်တော့်ကို ရောင်းပေးနိုင်မလား..."

ဂျွန်ဘူးက သိပ်ပြီး စဉ်းစားမနေပေ။ ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ အလျင်အမြန် ပြောလိုက်၏။

"ပစ္စည်းသေးသေးလေးပါဗျာ..."

"ကျွန်တော် ဒေါ်လာ (၇,၀၀၀) ပဲ ပေးဝယ်ထားတာ... သိပ် တန်ဖိုးမရှိပါဘူး..."

"ဘောစ့် ယဲ့ ကြိုက်ရင် ယူသွားလိုက်ပါ... လက်ဆောင် ပေးတာပါ..."

ယဲ့ဖန် ခေါင်းခါလိုက်၏။

"ခင်ဗျား ပိုက်ဆံပေးပြီး ဝယ်ထားတာပဲ... အလကား ယူရင် မကောင်းပါဘူး..."

"ပြီးတော့... ဒီပစ္စည်းက တန်ဖိုး အရမ်း ကြီးမားနိုင်တယ်..."

"အလကား ယူလိုက်ရင်... ကျွန်တော့်လိပ်ပြာ ကျွန်တော် မလုံဘူး..."

"တန်ဖိုး ရှိဖို့ မဖြစ်နိုင်ပါဘူးဗျာ..."

ဂျွန်ဘူးက တုံ့ဆိုင်းခြင်း မရှိဘဲ ပြန်ပြောလိုက်၏။

"ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် ဆိုတာ... တကယ်လို့ အစစ်သာ ဆိုရင်... ဒေါ်လာ (၇) သိန်းကျော် တန်တာ..."

"ဒါပေမဲ့ ဒီပစ္စည်းက ဗစ်တိုးရီးယား လက်ဝါးကပ်တိုင်ရဲ့ မူရင်း သတ္တု ဖြစ်တဲ့ ကြေးညို (Bronze) နဲ့ လုပ်ထားတာ မဟုတ်ဘူး... ပြီးတော့ ကျောဘက်မှာ နာမည်၊ စစ်ဘက် ရာထူး၊ တပ်ဖွဲ့ နဲ့ ပေးအပ်တဲ့ ရက်စွဲတွေလည်း ထွင်းမထားဘူး... ဒါက အတု စစ်စစ်ပါ..."

"ကျန်တဲ့ အသေးစိတ် အချက်အလက်တွေက အစစ်နဲ့ တူပေမယ့်... မှောင်ခိုဈေးကွက် ရောက်သွားရင် ရွှေစစ်နဲ့ လုပ်ထားတာမို့လို့ ဒေါ်လာ တစ်သောင်းလောက်ပဲ တန်မှာပါ..."

ယဲ့ဖန်က သူ့ကို ပြန်မငြင်းခုံတော့ပေ။

လီမိတက် အဒီရှင်း ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ်ကို လက်ခံရယူပြီးနောက်... ဖုန်းထုတ်လိုက်၏။

"ကျွန်တော် အရင်က ပြောခဲ့သလိုပဲ... သူငယ်ချင်းက သူငယ်ချင်း... စီးပွားရေးက စီးပွားရေး... ညီအစ်ကိုအရင်းတွေတောင် စာရင်း ရှင်းရတယ်..."

"ကျွန်တော် ခင်ဗျားဆီက ဝယ်လိုက်တယ်လို့ပဲ သဘောထားလိုက်ပါ..."

"ခင်ဗျား ဝယ်ရင်းဈေးရဲ့ (၁၀) ဆ ပေးမယ်... ဒေါ်လာ (၇) သောင်း..."

ပြောပြီးသည်နှင့်... ဂျွန်ဘူး၏ အလကား ပေးလိုမှုကို ထပ်မံ ငြင်းပယ်လိုက်ပြီး... ဘဏ်အကောင့် နံပါတ် တောင်းကာ ဒေါ်လာ (၇) သောင်း လွှဲပေးလိုက်၏။

ထို့နောက်... သူသည် လီမိတက် အဒီရှင်း ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ်ကို ယူကာ ထွက်ခွာလာခဲ့လေတော့သည်။

"ဘောစ့် ယဲ့..."

ဂျွန်ဘူး စိုးရိမ်တကြီး လှမ်းခေါ်လိုက်၏။

"ဒီလောက်ထိ ပေးစရာ မလိုပါဘူးဗျာ..."

"ခင်ဗျား ဝယ်ချင်ရင်တောင်မှ... အရင်းအတိုင်း ပေးရင် ရပါပြီ..."

"ဒေါ်လာ (၇) သောင်း ဆိုတာ များလွန်းပါတယ်..."

သူက ယဲ့ဖန် နောက်ကို လိုက်ဖို့ ပြင်နေဆဲပင်။

ယဲ့ဖန်က သူ့ကို ဖြတ်ခါလိုက်ပြီး... စိတ်ထဲတွင် ကျေနပ်စွာ သက်ပြင်းချလိုက်မိ၏။

ဒေါ်လာ (၇) သောင်း ဆိုသည့် ပမာဏမှာ... ဘာမျှ ပြောပလောက်သည် မဟုတ်ပါချေ။

စနစ်က ထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီ ဖြစ်သော ဤ ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် ဆုတံဆိပ်၏ တန်ဖိုးကို ယွမ်ငွေ သန်း (၃၀၀) ဟူ၍ ခန့်မှန်း သတ်မှတ်ထားခြင်း ဖြစ်ပေသည်။

အမေရိကန် ဒေါ်လာဖြင့် တွက်ချက်မည် ဆိုပါက သန်း (၄၀) ကျော် တန်ဖိုး ရှိလေသည်။

သူက ဒေါ်လာ (၇) သောင်းတည်းဖြင့် ဝယ်ယူလိုက်နိုင်ခြင်း ဖြစ်ရာ... အမြတ်ငွေမှာ အဆပေါင်း (၅၀၀) ကျော်အထိ ရရှိလိုက်ခြင်းပင် ဖြစ်တော့၏။

ထို့ပြင်... ဤတစ်ကြိမ် ရတနာ လမ်းကြောင်းပြ စနစ်၏ ညွှန်ပြမှုသည် ဘာမျှ ပင်ပန်းကြီးစွာ အားထုတ်ရခြင်း မရှိဘဲ အောင်မြင် ပြီးမြောက်သွားသည်ဟု ဆိုရပေမည်။

'အလိုအလျောက် ရတနာ ရှာဖွေခြင်း စနစ်' ကို ရရှိပိုင်ဆိုင်ပြီးကတည်းက... ဤအကြိမ်သည် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံး ရတနာ ရှာဖွေမှု တစ်ခုပင် ဖြစ်လေသည်။

အန္တရာယ် ကင်းရှင်း၏... ရှုပ်ထွေးပွေလီသော လှည့်ကွက်များ မပါဝင်ချေ... အမြတ်အစွန်းကလည်း အံ့မခန်း လောက်အောင်ပင် များပြားလွန်းလှပေသည်။

ဘယ်လို ကြည့်ကြည့်... အပြစ်ပြောစရာ မရှိချေ။

"တို့လို သာမန် ပြည်သူတွေက... ဒီနေ့ တကယ် ပျော်ဖို့ ကောင်းတာပဲ..."

သူ မသိစိတ်ကနေ ရှေးဟောင်း သီချင်းလေး တစ်ပုဒ်ကို ညည်းမိသွား၏။

ကွေ့ကောက်နေသော လမ်းကြားများမှ ထွက်လာပြီးနောက်... မေဘက်ခ် ကားကြီးဆီသို့ ပြန်ရန် ပြင်လိုက်၏။

မမျှော်လင့်ဘဲ... ခြေလှမ်း နှစ်လှမ်းလောက်ပဲ လှမ်းရသေးသည်... အနောက်ကနေ ဆိုင်ကယ်သံ ကြားလိုက်ရ၏။

ထို့နောက် အနည်းငယ် အံ့သြနေသော နှုတ်ဆက်သံ တစ်ခု ထွက်ပေါ်လာ၏။

"မစ္စတာ ယဲ့... ရှင် ဘာလို့ ဒီရောက်နေတာလဲ..."

လှည့်ကြည့်လိုက်ရာ... အရင်က သူ တွေ့ဖူးသော နေမဝင် အင်ပါယာ၏ တော်ဝင် အေးဂျင့် အစ္စဘဲလ်လာ (Isabella) ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

သူမသည် ခန္ဓာကိုယ်နှင့် အပ်စပ်နေသော သားရေဂျာကင် ကျပ်ကျပ်လေးကို ဝတ်ဆင်ထားပြီး... သူမ၏ ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ် အချိုးအစားကို ပေါ်လွင်စေ၏။

အထူးသဖြင့် ဆိုင်ကယ်ပေါ်တွင် ထိုင်နေသည့် အချိန်တွင်... သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများက အမြင်အာရုံကို ဖမ်းစားထား၏။

သို့သော်... အကြောင်းရင်း တစ်ခုခုကြောင့် သူမ အလျင်လိုနေပုံ ရပြီး... ဆံပင်ပုံစံနှင့် မျက်နှာ အနေအထားက အနည်းငယ် ဖရိုဖရဲ ဖြစ်နေရှာသည်။

ဒါက သူမရဲ့ ခန္ဓာကိုယ်နဲ့ ဆိုင်ကယ်ရဲ့ ဆွဲဆောင်မှု ရှိသည့် အလှတရားကို အနည်းငယ် ပျက်စီးစေ၏။

ယဲ့ဖန်က သူမ အရှိန်လျှော့ပြီး သူ့ဘေးနားတွင် ရပ်လိုက်သည်ကို မြင်သောအခါ ပြုံးလိုက်၏။

"ဒီနား ဖြတ်သွားရင်း ရောက်လာတာပါ..."

"ခင်ဗျားကရော... ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ..."

"ဂျယ်ရီ ဘားရိုး မိသားစုရဲ့ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းပစ္စည်း သဲလွန်စတွေများ တွေ့လို့လား..."

"ရှေးဟောင်းပစ္စည်း သဲလွန်စတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ယာယီ အထူး အမှုကိစ္စ တစ်ခုတော့ လက်ခံထားရတယ်..."

အစ္စဘဲလ်လာ သက်ပြင်းချလိုက်၏။

"ရှင့်အတွက် နေမဝင် အင်ပါယာက ဇီဝသုတေသန စခန်းတွေရဲ့ အချက်အလက်တွေကို စုစည်းပေးနေတုန်း... ရုတ်တရက်ကြီး ကျွန်မရဲ့ အထက်လူကြီးဆီက ဖုန်းဝင်လာတယ်..."

"ဘက်ကင်ဟမ် (Buckingham) မြို့စားကြီးရဲ့ တန်ဖိုးကြီး လီမိတက် အဒီရှင်း ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ် ပျောက်သွားတယ်တဲ့..."

"အိမ်ထဲရော အိမ်ပြင်ရော အကြာကြီး ရှာကြပေမယ့်... မတွေ့ဘူးတဲ့..."

"ဘက်ကင်ဟမ် မြို့စားကြီးရဲ့ စံအိမ်နဲ့ အနီးဆုံး ဖြစ်နေတဲ့ ကျွန်မကို... သွားကြည့်ပေးဖို့ လှမ်းခိုင်းတာ..."

ယဲ့ဖန်၏ ခန္ဓာကိုယ် တောင့်တင်းသွားရ၏။

"ဘာပြောလိုက်တာ..."

"ဘက်ကင်ဟမ် မြို့စားကြီးရဲ့ လီမိတက် အဒီရှင်း ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ် ပျောက်သွားတယ် ဟုတ်လား..."

အစ္စဘဲလ်လာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားရ၏။

"ဘာဖြစ်လို့လဲ... ရှင်က တရုတ်လူမျိုးလေ... လီမိတက် အဒီရှင်း ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ်ရဲ့ အရေးပါပုံကို သိနေတာလား..."

"အဲ့ဒါက နေမဝင် အင်ပါယာက အဆင့်မြင့် မှူးမတ်တချို့နဲ့ ကျွန်မတို့လို အထူး ဌာနက လူတချို့လောက်ပဲ သိတဲ့ ကိစ္စ မဟုတ်ဘူးလား..."

"နေမဝင် အင်ပါယာ ဘုရင်မကြီးက ဘက်ကင်ဟမ် မြို့စားကြီးကို ဒီတံဆိပ် ချီးမြှင့်ထားတယ် ဆိုတာက... နေမဝင် အင်ပါယာရဲ့ ထိပ်တန်း လျှို့ဝှက်ချက် (Top Secret) တစ်ခုလေ..."

ယဲ့ဖန်က ဒီပစ္စည်း သူ့လက်ထဲမှာ ရှိနေတယ် ဆိုတာကို ထုတ်မပြောသေးဘဲ... ဦးနှောက်ကို အမြန်ဆုံး အလုပ်လုပ်ခိုင်းလိုက်၏။

"ကျွန်တော်က ရှေးဟောင်းပစ္စည်း လောကထဲက လူပဲလေ... ကြားဖူးနားဝတော့ ရှိတာပေါ့..."

"ဈေးကွက် ပေါက်ဈေးအရ ဆိုရင်... ဒီပစ္စည်းက ဒေါ်လာ သန်း (၄၀) ကျော် တန်တယ်လို့ ကြားတယ်..."

"အဲ့ဒါက အရမ်း ရှားပါးတယ် မဟုတ်လား..."

"ရှားပါးရုံတင် မကဘူး..."

အစ္စဘဲလ်လာ ခေါင်းခါလိုက်၏။

"အမှန်အတိုင်း ပြောရရင်... ဒီ လီမိတက် အဒီရှင်း ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ်က... နေမဝင် အင်ပါယာ တစ်ခုလုံးမှာ တစ်ခုတည်း ရှိတာ..."

"ဒုတိယ တစ်ခု ရှာမတွေ့နိုင်တဲ့ ပစ္စည်းမျိုးလေ..."

All Chapters