← Chapters

အခန်း (၁၆၈၃-၁၆၈၅)

Vol. 88 Ch. 1683-1685

အခန်း (၁၆၈၃-၁၆၈၅)

Vol. 88 Ch. 1683-1685

အခန်း (၁၆၈၃) - တရားဝင် လုပ်ထုံးလုပ်နည်းအတိုင်း သွားမလား... ဒါမှမဟုတ် ဆက်ပြီး ငြင်းနေဦးမလား

~"မြို့စားကြီး... ဒီလူက ဘောစ့် ယဲ့ ဖိတ်လိုက်တာပါတဲ့..."

အစေခံက ဝင်လာပြီး ဘက်ကင်ဟမ် မြို့စားကြီးကို ရိုသေစွာ အသိပေးလိုက်၏။

ဘက်ကင်ဟမ် မြို့စားကြီးက ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။

"မစ္စတာ ယဲ့... ဒါ မင်း ပြောတဲ့ သူငယ်ချင်းလား..."

"ဟုတ်ပါတယ်..."

ယဲ့ဖန်က ပြုံးလိုက်ပြီး ဖယ်ရီကို ကြည့်လိုက်၏။

"မစ္စစ် ဖယ်ရီ... အခု တရားဝင် လုပ်ထုံးလုပ်နည်း အတိုင်း သွားကြမလား... ဒါမှမဟုတ် ဆက်ပြီး ငြင်းနေဦးမလား..."

ဖယ်ရီလည်း ဂျွန်ဘူးကို မှတ်မိလိုက်ပြီ ဖြစ်သည်။ သူမ၏ မျက်နှာထား လုံးဝ ပျက်ယွင်းသွားတော့သည်။

"သမီး... သမီး..."

သူမ ဂျွန်ဘူးကို မကြည့်ရဲရုံသာမက... ဂျွန်ဘူး သူမ မျက်နှာကို မမြင်ရအောင် ခေါင်းကိုပါ အလျင်အမြန် လွှဲလိုက်၏။

"ဘာဖြစ်တာလဲ..."

ဘက်ကင်ဟမ် မြို့စားကြီး နားမလည်နိုင် ဖြစ်နေ၏။

"မစ္စတာ ယဲ့ရဲ့ သူငယ်ချင်းက ဘာထူးခြားလို့လဲ..."

ယဲ့ဖန်က ဖယ်ရီကို ဖျော့တော့စွာ ပြုံးပြလိုက်၏။

"မစ် ဖယ်ရီက ပြောဖို့ ဆန္ဒ မရှိသေးဘူး ထင်တယ်..."

"ဒါဆိုရင် ကျွန်တော့် သူငယ်ချင်းကိုပဲ မြို့စားကြီးကို ရှင်းပြခိုင်းလိုက်ပါ့မယ်..."

"ဂျွန်ဘူး... လွန်ခဲ့တဲ့ တစ်နာရီလောက်က မစ္စစ် ဖယ်ရီ ဘာလုပ်ခဲ့လဲ ဆိုတာ မြို့စားကြီးကို ပြောပြလိုက်ပါဦး..."

ဂျွန်ဘူးက ဘက်ကင်ဟမ် မြို့စားကြီးကို ကျေးဇူးတင် လေးစားသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

"မြို့စားကြီး... ကျွန်တော်က မေရီဆူး (Mary Sue) မိဘမဲ့ ဂေဟာမှာ ကြီးပြင်းလာခဲ့တာပါ... လွှတ်တော်က မိဘမဲ့ ဂေဟာ တချို့ကို ထောက်ပံ့မှု ရပ်ဆိုင်းတော့မယ့် အချိန်တုန်းက... မြို့စားကြီး အတင်း တိုက်တွန်းပြီး ဆက်လက် ထောက်ပံ့ပေးခဲ့တဲ့ ဂေဟာတွေထဲက တစ်ခုပါ..."

"ဒီနှစ်တွေ အတွင်း... ဂေဟာမှာ ကြီးပြင်းလာခဲ့တဲ့ ကလေးတွေ အားလုံး... အထူးသဖြင့် ကျွန်တော်က မြို့စားကြီးရဲ့ ကျေးဇူးကို အမြဲတမ်း အောက်မေ့ သတိရနေပါတယ်..."

"မင်းက မေရီဆူး မိဘမဲ့ ဂေဟာကလား..."

ဘက်ကင်ဟမ် မြို့စားကြီး အနည်းငယ် အံ့သြသွား၏။

ဂျွန်ဘူး လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်ပါတယ်..."

"ကျွန်တော်တို့ ကျောင်းအုပ်ကြီးက မြို့စားကြီး အကြောင်း ခဏခဏ ပြောပြလေ့ ရှိပါတယ်... မြို့စားကြီး ကျေးဇူးကြောင့်သာ ကျွန်တော်တို့ ဂေဟာမှာ ဘေးကင်းလုံခြုံစွာ ကြီးပြင်းခွင့် ရခဲ့တာပါတဲ့..."

"ဒါကြောင့် ခုနက ဘောစ့် ယဲ့ က ဖောက်သည် တစ်ယောက်ကို သက်သေခံပေးဖို့ လှမ်းခေါ်တုန်းက... ကျွန်တော်က လုပ်ငန်း ကျင့်ဝတ်နဲ့ မညီလို့ ငြင်းပယ်ခဲ့ပါသေးတယ်... ဒါပေမဲ့ မြို့စားကြီးနဲ့ ပတ်သက်နေတယ် ဆိုတာ သိလိုက်ရတော့မှ..."

ဘက်ကင်ဟမ် မြို့စားကြီး ဝမ်းသာပီတိ ဖြစ်သွားရ၏။

"မင်း ဘေးကင်းလုံခြုံစွာ ကြီးပြင်းလာတာ မြင်ရလို့ ဝမ်းသာပါတယ်ကွာ... ဒါနဲ့... မင်း ဘာအလုပ် လုပ်လဲ ဆိုတာ ပြောပြလို့ ရမလား..."

"ကျွန်တော်က မှောင်ခို ကုန်သည်ပါ..."

ဂျွန်ဘူး ရိုသေစွာ ပြန်ဖြေလိုက်၏။

"မီးခိုးရောင် နယ်ပယ် (Gray Area) မှာ စီးပွားရှာတဲ့ အလုပ်မျိုးပါ..."

"အော်..."

ဘက်ကင်ဟမ် မြို့စားကြီး အံ့သြသွား၏။

"မှောင်ခို ကုန်သည် ဟုတ်လား..."

"မင်း ပြောပုံအရ ဆိုရင်... ဖယ်ရီက မင်းရဲ့ ဖောက်သည် ပေါ့..."

"ဖောက်သည်ဟောင်း (Regular Customer) ပါ..."

ဂျွန်ဘူး ဘာမှ ဖုံးကွယ်မထားတော့ပေ။

"ကျွန်တော်က မနီးမဝေးက လူနေ ရပ်ကွက်ထဲမှာ... ခိုးရာပါ ပစ္စည်းတွေကို အဓိက ထားပြီး ရောင်းဝယ်တဲ့ အဝတ်လျှော်ဆိုင် တစ်ဆိုင် ဖွင့်ထားပါတယ်..."

"မစ္စစ် ဖယ်ရီက လွန်ခဲ့တဲ့ တစ်လ အတွင်း... ကျွန်တော့် ဆိုင်ကို အနည်းဆုံး (၁၅) ကြိမ်၊ (၁၆) ကြိမ်လောက် ရောက်ခဲ့ပါတယ်..."

"ဒီမနက်လည်း သူ ရောက်လာပြီး... ရွှေစစ် ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ် အတု (Replica) တစ်ခုကို ရောင်းပေးဖို့ ပြောလာလို့... ကျွန်တော် ဒေါ်လာ (၇,၀၀၀) ပေးလိုက်ပါတယ်..."

ဘက်ကင်ဟမ် မြို့စားကြီး၏ မျက်နှာထား ပြောင်းလဲသွား၏။

ဖယ်ရီ ချက်ချင်း ငြင်းလိုက်၏။

"မဟုတ်ပါဘူး... သူ ပေါက်ကရတွေ လျှောက်ပြောနေတာ..."

"သူက ဟို ယဲ့ ဆိုတဲ့ လူနဲ့ ပေါင်းကြံနေတာ..."

"အဲ့ဒီ ယဲ့ ဆိုတဲ့ လူက သမီးကို ချောက်ချဖို့ သူ့ကို ကြိုတင် စည်းရုံးထားတာ နေမှာ..."

"သမီး ဒီလူကို သိတောင် မသိဘူး... ခိုးရာပါ ပစ္စည်း ရောင်းဖို့ နေနေသာသာ... သူ့ဆီက ပိုက်ဆံ ယူတယ် ဆိုတာ ဝေလာဝေး..."

"..."

ဂျွန်ဘူးက ကြိုတင် ပြင်ဆင်လာပုံ ရ၏။ သူ ဖုန်းကို ချက်ချင်း ထုတ်ပြလိုက်၏။

"သူ ထပ်လိမ်ပြန်ပြီ..."

"ဒါ ကျွန်တော် သူ့ဆီကို ငွေလွှဲပေးထားတဲ့ မှတ်တမ်းတွေပါ..."

"ကျွန်တော် အခုပဲ သူ့အကောင့်ထဲကို နောက်ထပ် ပိုက်ဆံ ထပ်လွှဲပြလိုက်မယ်... မြို့စားကြီး ကိုယ်တိုင် ကြည့်လိုက်ပါ... ခုနက ဒေါ်လာ (၇,၀၀၀) လွှဲပေးတဲ့ အကောင့်က ကျွန်တော့် အကောင့် ဟုတ် မဟုတ် ဆိုတာ..."

ပြောပြောဆိုဆိုပင်... သူက ဘက်ကင်ဟမ် မြို့စားကြီး ရှေ့မှောက်တွင်ပင် ဖယ်ရီ့ ဘဏ်အကောင့်ထဲသို့ (၁) ဒေါ်လာ လွှဲပြလိုက်၏။

"ရှင့်ရဲ့ ၀၁၅၅ နဲ့ ဆုံးတဲ့ HSBC ဘဏ်အကောင့်ထဲသို့ ငွေ (၁) ဒေါ်လာ ဝင်ရောက်လာပါသည်..."

အစ္စဘဲလ်လာ လက်ထဲရှိ ဖယ်ရီ့ ဖုန်းဆီသို့ ဘဏ် အသိပေးချက် (Notification) ဝင်ရောက်လာ၏။

အစ္စဘဲလ်လာ မိုဘိုင်း ဘဏ်လုပ်ငန်း အက်ပ် (App) ထဲ ဝင်ပြီး ဝင်ငွေထွက်ငွေ စာရင်းများကို ကြည့်လိုက်၏။

ထင်ထားသည့် အတိုင်းပင်... (၁) ဒေါ်လာ လွှဲလိုက်သော အကောင့် နံပါတ်နှင့်... စောစောက ဒေါ်လာ (၇,၀၀၀) လွှဲလိုက်သော အကောင့် နံပါတ်မှာ အတူတူပင် ဖြစ်နေ၏။

ဘက်ကင်ဟမ် မြို့စားကြီး၏ မျက်နှာထား ပို၍ ဆိုးရွားလာ၏။

"ဖယ်ရီ... အခု ဘာပြောချင်သေးလဲ..."

"သမီး... သမီး..."

ဖယ်ရီ သူ့အကြည့်ကို ရှောင်ဖယ်လိုက်၏။

သို့သော် သူမ ဝန်ခံမည့်ပုံ မပေါ်သေးပေ။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ... ယဲ့ဖန်က ဂျွန်ဘူးကို ဆက်ပြောရန် အချက်ပြလိုက်၏။

ဂျွန်ဘူး ဘာမှ ဆက်မပြောတော့ဘဲ... သူ ယူလာသော အိတ်ထဲမှ ပစ္စည်း အသေးအမွှားလေး အချို့ကို ထုတ်ပြလိုက်၏။

"ဒါတွေက ဒီ အမျိုးသမီးလေး ရောင်းခိုင်းထားတဲ့ ပစ္စည်းတွေပါ..."

"ကျွန်တော် မရောင်းရသေးပါဘူး..."

ဘက်ကင်ဟမ် မြို့စားကြီး၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး... ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားရ၏။

"ဒါက မင်းသမီးလေး ဆီက ပျောက်သွားတဲ့... ဒေါ်လာ တစ်သိန်းကျော်တန် နားကပ်..."

"ဒါက အန်းကျူ မြို့စားကြီး နှစ်ပေါင်းများစွာ တန်ဖိုးထား သိမ်းဆည်းခဲ့တဲ့... ဒေါ်လာ တစ်သိန်းကျော်တန် ကမ္ဘာ့ ပထမဆုံး ဇစ်ပို (Zippo) မီးခြစ်..."

"ဒါက မြို့စား ရိုစ်ဂျာ (Count Roseger) မိသားစုရဲ့ တန်ဖိုးကြီး အဂိတ် (Agate) ကျောက်မျက်..."

"..."

"ဒါတွေ အကုန်လုံး... မင်း လက်ချက်တွေချည်းပဲလား..."

သက်သေ အထောက်အထားများက ခိုင်လုံလွန်းနေသဖြင့်... ဖယ်ရီ ငြင်း၍ မရတော့ကြောင်း သိလိုက်ပုံ ရ၏။ သူမ၏ မျက်နှာထား အရုပ်ဆိုး အကျည်းတန်သွား၏။

ဘက်ကင်ဟမ် မြို့စားကြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

"ငါ လုံးဝ မထင်ထားခဲ့ဘူး..."

"မင်းသမီးလေးဆီ ခေါ်သွားတုန်းက နားကပ် ပျောက်သွားတယ်... အန်းကျူ မိသားစုဆီ အလည်သွားတုန်းက မီးခြစ် ပျောက်သွားတယ်... မြို့စား ရိုစ်ဂျာ အိမ် သွားတုန်းက ကျောက်မျက် ပျောက်သွားတယ်..."

"ငါ မင်းကို သံသယ ဝင်ခဲ့သင့်တာ..."

"ဘယ်လိုလုပ် ဒီလောက်တောင် တိုက်ဆိုင်နိုင်မှာလဲ... ငါ မင်းကို ခေါ်သွားတဲ့ နေရာတိုင်းမှာ ပစ္စည်း ပျောက်ရတာလဲ..."

ဖယ်ရီ ခေါင်းငုံ့ထားပြီး ဘာမှ ပြန်မပြောပေ။

"မင်းက ခိုးရတာကို ဒီလောက်တောင် သဘောကျနေတာလား..."

ဘက်ကင်ဟမ် မြို့စားကြီး၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေပြီး... စိတ်ပျက်မှုများ အထင်းသား ပေါ်လွင်နေ၏။

ဖယ်ရီ ရုတ်တရက် ခေါင်းမော့လာပြီး... မနာလို ဝန်တိုမှုများနှင့် အငြိုးအတေးများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။

"ဘိုးဘိုးတို့က အရမ်း ချမ်းသာနေတာပဲ... သမီး နည်းနည်းလောက် ခိုးတာ ဘာဖြစ်သွားမှာမို့လို့လဲ..."

"ပြီးတော့... ဒါတွေက အသုံးမဝင်တဲ့ တံဆိပ်တွေ၊ ရွှေချောင်းတွေ၊ နားကပ်တွေ၊ မီးခြစ်တွေ၊ ကျောက်မျက်တွေပဲလေ... ဒါလေးတွေ ပျောက်သွားရုံနဲ့ ဘိုးဘိုးတို့ သေသွားမှာမှ မဟုတ်တာ... ဘာလို့ ဒီလောက်တောင် ပြောနေရတာလဲ..."

ဘက်ကင်ဟမ် မြို့စားကြီး ဒေါသ အထွတ်အထိပ် ရောက်သွားတော့သည်။

သူ မနေနိုင်တော့ဘဲ လက်မြှောက်ကာ ဖယ်ရီ့ ပါးကို ရိုက်ချလိုက်မိ၏။

"ဖျန်း..."

"မင်း ဘာတွေ ပေါက်ကရ ပြောနေတာလဲ..."

"မင်းမှာ လူစိတ် ဆိုတာရော ရှိသေးရဲ့လား..."

ဖယ်ရီ နောင်တရမည့်ပုံ မပေါ်ပေ။ သူမ၏ မျက်နှာထားက ပို၍ပင် မုန်းတီးစရာ ကောင်းလာ၏။

"သမီး ပြောတာ မှားလို့လား... ဘိုးဘိုးတို့ဆီမှာ ပိုက်ဆံတွေ အများကြီး ရှိနေတာပဲ... သမီး နည်းနည်းလောက် ယူသုံးတော့ ဘာဖြစ်လဲ..."

မြို့စားကြီးက အစ္စဘဲလ်လာဘက်သို့ ချက်ချင်း လှည့်လိုက်၏။

"ဦး ..အချိန် နည်းနည်း လိုတယ်... လူခေါ်ပြီး သူ့ကို ခေါ်ထုတ်သွားလိုက်ပါ..."

"နေမဝင် အင်ပါယာရဲ့ ဥပဒေ အတိုင်း စီရင်ချက်ချပါ..."

"ဘာမှ ညှာတာစရာ မလိုဘူး..."

အစ္စဘဲလ်လာသည် ဖယ်ရီ လို လူစားမျိုးကို ရွံရှာစက်ဆုပ်နေပုံ ရ၏။

ဘက်ကင်ဟမ် မြို့စားကြီးက သူမကို ဥပဒေ လက်ထဲ ထည့်လိုက်မည် ဟု ကြားသောအခါ... ဖယ်ရီ အံ့အားသင့်သွားပြီး မြို့စားကြီးကို ဆဲရေးရန် ပြင်လိုက်သည်ကို မြင်လိုက်ရသဖြင့်... အစ္စဘဲလ်လမက ဖယ်ရီ့ ပါးစပ်ကို ချက်ချင်း လှမ်းပိတ်လိုက်၏။

ထို့နောက် ဖယ်ရီကို ကြမ်းပြင်ပေါ်သို့ ဖိချလိုက်ပြီး ချုပ်နှောင်လိုက်လေတော့သည်။

အခန်း (၁၆၈၄) - လူငယ်လေး... ခရီးလမ်း ပွင့်သွားပြီပဲ

~"ဖယ်ရီ... သမီး တန်ဖိုးကြီး ပစ္စည်းတွေ ခိုးယူတဲ့ အမှုတွေ အများကြီးမှာ ပါဝင်ပတ်သက်နေတယ်... ဥပဒေ အရ ဖမ်းဆီးရလိမ့်မယ်..."

"နောက်တစ်ခါ... သေလမ်း မရှာပါနဲ့..."

"မဟုတ်ရင်... နေမဝင် အင်ပါယာရဲ့ တော်ဝင် အေးဂျင့်တွေက ရက်စက်တယ်လို့ အပြစ်မတင်နဲ့နော်..."

အစ္စဘဲလ်လာက ဖယ်ရီကို ဖိချုပ်ထားရင်း... လက်နှင့် ခြေထောက်များကို ချည်နှောင်လိုက်၏။ သူမ၏ မျက်ဝန်းများက အလွန် အေးစက်နေ၏။

တစ်ချီတည်းနှင့် ဖယ်ရီ လုံးဝ ငြိမ်ကျသွား၏။

သို့သော် သူမ နည်းနည်းတော့ ပြာယာခတ်နေသေးသည်။

"သမီးက ဘိုးဘိုးရဲ့ တူမလေ..."

သူမက ဘက်ကင်ဟမ် မြို့စားကြီးကို လှမ်းကြည့်ပြီး အသနားခံ လိုက်သည်။

"ဘိုးဘိုးက သမီးကို ထောင်ထဲ ပို့ရက်တာလား..."

"သမီး တောင်းပန်ပါတယ်..."

သို့သော် ဘက်ကင်ဟမ် မြို့စားကြီး၏ နှလုံးသားက ပြာပုံအတိုင်း ဖြစ်သွားခဲ့လေပြီ။ သူက ဖယ်ရီကို လှည့်မကြည့်ဘဲ အစ္စဘဲလ်လာကို အမိန့်ပေး လိုက်၏။

"ခေါ်သွားလိုက်ပါ..."

"ငါ သူ့ကို နောက်တစ်ခါ ထပ်မမြင်ချင်တော့ဘူး..."

"ဟုတ်ကဲ့ပါ..."

အစ္စဘဲလ်လာက ပြန်ဖြေလိုက်၏။ သူမက ယဲ့ဖန်ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်ကာ... ဖယ်ရီကို ခေါ်ဆောင်ပြီး ထွက်ခွာသွားလေတော့သည်။

...

"ကျေးဇူးပါပဲ..."

တိတ်ဆိတ်သွားပြီးနောက်... ဘက်ကင်ဟမ် မြို့စားကြီးက ယဲ့ဖန်ကို ကျေးဇူးတင်စကား ဆို လိုက်၏။

သူ့အသံတွင် နာကျင်မှု အရိပ်အယောင်များ စွန်းထင်းနေသည်။

"တကယ်လို့ ဒီနေ့ မစ္စတာ ယဲ့ သာ မရှိခဲ့ရင်... ကျွန်တော် တစ်သက်လုံး အမှောင်ထဲမှာပဲ နေသွားရမှာ..."

"ဖယ်ရီက (၁၂) နှစ် အရွယ် အထိ အရမ်း လိမ္မာတဲ့ ကလေးပါ..."

"ကျွန်တော်ရော အိမ်တော်က အစေခံတွေရော... သူ့ကို ကလေးကောင်းလေး တစ်ယောက် အနေနဲ့ပဲ ဆက်ဆံခဲ့ကြတာ... သူ ကျွန်တော်တို့ဆီကနေ နှစ်အနည်းငယ်လောက် ခွဲခွာသွားပြီးတဲ့ နောက်မှာ... ဒီလောက် အပြောင်းအလဲကြီး ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး..."

ယဲ့ဖန်လည်း နားလည်ကြောင်း ဖော်ပြ လိုက်၏။

‘လူကြီး တစ်ယောက်တောင်မှ မထင်မှတ်ထားတဲ့ အခြေအနေတွေ ကြုံလာရရင် အကြီးအကျယ် ပြောင်းလဲသွားတတ်တာ... ကိုယ်ရည်ကိုယ်သွေး မတည်ငြိမ်သေးတဲ့ ဆယ်ကျော်သက် အရွယ် ဆိုရင် ပြောစရာ လိုသေးလို့လား။

ရှေးလူကြီးတွေ ပြောခဲ့တဲ့... "သုံးရက်လောက် ခွဲခွာသွားတဲ့ လူတစ်ယောက်ကို အရင်လိုပဲ ဆက်ဆံလို့ မရတော့ဘူး" ဆိုတဲ့ စကားက တကယ် မှန်ကန်လှသည်။’

"ဒီကိစ္စက မြို့စားကြီးနဲ့ မဆိုင်ပါဘူး..."

"သူ့ရဲ့ ဘိုးဘိုး တစ်ယောက် အနေနဲ့... ခင်ဗျား တော်တော်လေး လုပ်ပေးခဲ့ပြီးပါပြီ... ခင်ဗျားက အရမ်း သဘောထားကြီးပြီး ကြင်နာတတ်ပါတယ်..."

ဘက်ကင်ဟမ် မြို့စားကြီး လက်ကာပြလိုက်၏။

"ဒီအကြောင်း ဆက်မပြောကြပါစို့..."

"သူ့ရဲ့ အမြစ်က ပုပ်သိုးနေပြီ..."

"သူ အဲ့ဒီ စကားတွေ ပြောလိုက်တဲ့ အချိန်ကတည်းက... သူက ဖယ်ရီရဲ့ ကောင်းကင်တမန် အရေခွံကို ဝတ်ထားတဲ့ မိစ္ဆာ တစ်ကောင် ဖြစ်သွားပြီ ဆိုတာ ငါ သိလိုက်ရပြီ..."

"ငါ့မာ အဲ့ဒီလို တူမမျိုး မရှိခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါတော့မယ်..."

ထို့နောက် သူက ဂျွန်ဘူး ဘက်သို့ လှည့်လိုက်ပြီး မေးမြန်း လိုက်၏။

"မစ္စတာ... အဲ့ဒီ လီမိတက် အဒီရှင်း ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ်က ငါ့အတွက် အရမ်း အရေးကြီးပါတယ်... ကျွန်တော့်ကို ပြန်ပေးလို့ ရနိုင်မလား..."

"ဒါပေါ့... စိတ်မပူပါနဲ့... ငါ မင်း ပစ္စည်းကို အလကား မယူပါဘူး..."

"ပေါက်ဈေး အတိုင်း ပြန်ပေးပါ့မယ်... မင်းဆီကနေ ဝယ်လိုက်တယ်လို့ပဲ သဘောထားလိုက်ပါ..."

ဂျွန်ဘူး မျက်နှာထား ခက်ခဲသွား၏။

ပုဂ္ဂိုလ်ရေး အရ ဆိုလျှင်တော့... ပစ္စည်းက သူ့ဆီမှာ ရှိနေလျှင်... သူက ဘက်ကင်ဟမ် မြို့စားကြီးကို အလကားတောင် ပြန်ပေးလိုက်မှာ။ တုံ့ဆိုင်းနေမှာ မဟုတ်ပေ။

သို့သော်၊ ပြဿနာက... သူ အဲ့ဒါကို ယဲ့ဖန်ဆီ ရောင်းပြီးသွားပြီလေ။

ဘက်ကင်ဟမ် မြို့စားကြီးက သူ၏ ကျေးဇူးရှင်။

ယဲ့ဖန်က သူ့ ကျေးဇူးရှင်၏ ဘောစ့်။

အများနှင့်ပဲ ဆိုင်ဆိုင်၊ ပုဂ္ဂလိကနှင့်ပဲ ဆိုင်ဆိုင်... သူက ဘက်ကင်ဟမ် မြို့စားကြီးကို ပစ္စည်း ဘယ်ရောက်သွားလဲ ဆိုတာ ထုတ်ပြော၍ မရချေ။

သို့သော်... သူ အခက်တွေ့နေစဉ်မှာပင်... ယဲ့ဖန်က လီမိတက် အဒီရှင်း ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ်ကို ထုတ်ပြလိုက်၏။

"ကျွန်တော် ဒီပစ္စည်းကို ဝယ်လိုက်ပါပြီ..."

"ဂျွန်ဘူး ဆိုင်နား ဖြတ်သွားတုန်းက... ဒီပစ္စည်းလေးက တော်တော် သေသပ်ပြီး ထူးခြားနေတာ တွေ့လိုက်လို့... ကျွန်တော့်ရဲ့ စုဆောင်းချင်စိတ်ကို နှိုးဆွလိုက်တာနဲ့ ဝယ်လိုက်တာပါ..."

"ဒါက မြို့စားကြီး ပစ္စည်း ဖြစ်နေပြီး... မြို့စားကြီး အတွက်လည်း အဓိပ္ပာယ် အများကြီး ရှိနေမှတော့... မူလ ပိုင်ရှင်ဆီ ပြန်ပေးရမှာပေါ့..."

ပြောပြောဆိုဆိုပင်... ယဲ့ဖန်က နှမြောတွန့်တိုခြင်း မရှိဘဲ... တံဆိပ်ကို ဘက်ကင်ဟမ် မြို့စားကြီး လက်ထဲသို့ ထည့်ပေးလိုက်၏။

"ဒီပစ္စည်းက ရှိသေးတာလား..."

ဘက်ကင်ဟမ် မြို့စားကြီး ဝမ်းသာအားရ ဖြစ်သွား၏။ သူက တံဆိပ်ကို အလျင်အမြန် ယူလိုက်ပြီး သေချာ စစ်ဆေးကြည့်လိုက်၏။

"ရွှေစစ် ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ်..."

"ကျောဘက်က အလွတ်..."

"အောက်ခြေက ထူးခြားတဲ့ ကမ္ပည်း အမှတ်အသား..."

"ဟုတ်တယ်... ဟုတ်တယ်... ဒါ ကျွန်တော် ပျောက်သွားတဲ့ ဗစ်တိုးရီးယား လက်ဝါးကပ်တိုင် တံဆိပ်ပဲ... ဘုရင်မကြီး ကိုယ်တိုင် အထူး ချီးမြှင့်ထားတာ..."

"မစ္စတာ ယဲ့... ကျေးဇူးတင်ပါတယ်... တကယ်ကို ကျေးဇူးတင်ပါတယ်..."

တံဆိပ်ကို လက်ခံရရှိပြီးနောက်... ဘက်ကင်ဟမ် မြို့စားကြီးက ယဲ့ဖန်၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။

"ဒီတစ်ခါ... မင်းက ငါ့ကို ကူညီပေးရုံတင် မကဘူး... ဘုရင်မ လမ်းမကြီးပေါ်က သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေ အားလုံးကိုပါ သွယ်ဝိုက်ပြီး ကူညီပေးလိုက်တာပဲ..."

"သူတို့ ကိုယ်စား ငါ ကျေးဇူးတင်ပါတယ်..."

ထို့နောက်... ယဲ့ဖန် ဘာမှ ပြန်မပြောနိုင်ခင်မှာပင်... သူက အလျင်အမြန် ကမ်းလှမ်း လိုက်၏။

"မင်းရဲ့ ဘဏ်အကောင့် နံပါတ် ပေးပါ... ငါ လူလွှတ်ပြီး ပိုက်ဆံ လွှဲပေးလိုက်မယ်..."

"ကျွမ်းကျင်တဲ့ အကဲဖြတ် ပညာရှင် တချို့ ပြောပြချက်အရ... ဒီပစ္စည်းက အနည်းဆုံး ယွမ် သန်း (၃၀၀) လောက် တန်တယ်တဲ့..."

"ငါ ပိုက်ဆံ လွှဲခိုင်းလိုက်မယ်..."

"မင်းဆီကနေ ပြန်ဝယ်လိုက်တယ်လို့ပဲ သဘောထားလိုက်ပါ..."

ယဲ့ဖန်က ယဉ်ကျေးစွာ ငြင်းပယ်ချင်သော်လည်း...

ဘက်ကင်ဟမ် မြို့စားကြီးက သူ့လက်ကို ဆွဲထားပြီး... သဘောထားက ပုံမှန် မဟုတ်လောက်အောင် ခိုင်မာပြတ်သားနေ၏။

ရွေးချယ်စရာ မရှိတော့သဖြင့်... ယဲ့ဖန်သည် ဂျွန်ဘူး၏ အားကျသော အကြည့်များအောက်တွင် လက်ခံလိုက်ရလေတော့သည်။

ထို့နောက်... သူတို့သည် ဘက်ကင်ဟမ် စံအိမ်တော်တွင် နေ့လယ်စာ စားပြီး... ဘက်ကင်ဟမ် မြို့စားကြီး၏ ဧည့်ဝတ်ကျေပွန်မှုများနှင့် အတူ ပြန်လည် ထွက်ခွာလာခဲ့ကြ၏။

...

ဘက်ကင်ဟမ် စံအိမ်တော်မှ ထွက်ခွာလာသောအခါ... ဂျွန်ဘူး မှင်သက်နေဆဲပင်။

"သန်း (၃၀၀)..."

"ကျွန်တော် မှောင်ခို ကုန်သည် အနေနဲ့ အဆင်ပြေပါတယ်... အမြတ်အစွန်းကလည်း တော်တော်လေး ကောင်းတယ်..."

"ဒါပေမဲ့ ဒီလောက် ပိုက်ဆံ အများကြီး ရဖို့ ဆိုရင်တော့... အနည်းဆုံး နှစ်တစ်ရာလောက် မစားမသောက်ဘဲ စုမှ ရမှာ..."

ယဲ့ဖန်က သူ့ပခုံးကို ပုတ်ပြီး ပြုံးလိုက်၏။

"ဒါက ဘာမှ မဟုတ်သေးပါဘူး..."

"တကယ့် တန်ဖိုးရှိတာက... ဘက်ကင်ဟမ် မြို့စားကြီးရဲ့ မျက်နှာသာပေးမှုပဲ..."

"လူငယ်လေး... ခရီးလမ်း ပွင့်သွားပြီပဲ..."

ဂျွန်ဘူး ခါးသက်သက် ပြုံးလိုက်၏။

"ဆာမီယာလို လူမျိုးရဲ့ ဘောစ့် ဖြစ်နိုင်တာ အံ့သြစရာ မရှိပါဘူးဗျာ... ကျွန်တော် နစ်နာသွားတယ် ဆိုပေမယ့်... ခင်ဗျားကို အပြစ်မတင်ရက်ပါဘူး... ပြန်ပြီးတောင် ကျေးဇူးတင်ရဦးမယ်..."

"ဒီ လီမိတက် အဒီရှင်း ဗစ်တိုးရီးယား တံဆိပ်... ဒါမှမဟုတ် သန်း (၃၀၀) က သီအိုရီ အရ ဆိုရင် ကျွန်တော့် ပစ္စည်း ဖြစ်သင့်တာ... နောက်ဆုံးကျတော့ ခင်ဗျားပဲ ပိုက်ဆံ ရသွားတယ်... ပုံမှန် အခြေအနေမျိုး ဆိုရင်... ကျွန်တော် အပါအဝင် သာမန်လူတွေ အနေနဲ့ တစ်မျိုးတော့ တွေးမိမှာပဲ..."

"ဒါပေမဲ့ ဒီနေ့ ခင်ဗျားရဲ့ လုပ်ရပ်က... ကျွန်တော့်ကို ဘက်ကင်ဟမ် မြို့စားကြီးရဲ့ ကျေးဇူး ဆပ်ခွင့် ရစေခဲ့တယ်... ဘက်ကင်ဟမ် မြို့စားကြီးကိုတောင် ကျွန်တော့်ကို ကျေးဇူးကြွေး တင်စေခဲ့တယ်... ပြီးတော့ ကျွန်တော်လည်း ဒေါ်လာ (၆) သောင်းကျော် ရလိုက်သေးတယ်... ကျွန်တော့်မှာ ပြောမပြတတ်တဲ့ ကျေးဇူးတင်စိတ်တွေနဲ့ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ဖြစ်နေရတယ်ဗျာ..."

ယဲ့ဖန် ရယ်မောလိုက်ပြီး သူ့ပခုံးကို ထပ်မံ ပုတ်လိုက်၏။

"ပြောမပြတတ်ရင် မပြောနဲ့တော့လေ..."

"သူငယ်ချင်း တစ်ယောက်က ခေါ်လာလို့သာ... ကျွန်တော် ဒီ လီမိတက် အဒီရှင်း ဗစ်တိုးရီးယား တံဆိပ်က ဒီလောက် တန်ဖိုးရှိမှန်း သိလိုက်ရတာပါ..."

"အရာအားလုံးက ကံကြမ္မာပဲလို့ ပြောရမှာပေါ့..."

ပြောပြီးသည်နှင့်... သူသည် ဂျွန်ဘူးနှင့် နှုတ်ဆက် စကား အနည်းငယ် ပြောဆိုပြီးနောက် ထွက်ခွာလာခဲ့၏။

...

မေဘက်ခ် ကားကြီးဆီ ပြန်ရောက်ပြီး... ယဲ့ဖန် ကားစက်နှိုးရန် ပြင်လိုက်စဉ်မှာပင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာ၏။

"ဂုဏ်ယူပါတယ်... ရတနာ လမ်းကြောင်းပြခြင်း ပြီးမြောက်သွားပါပြီ... အန်းကျူ စွမ်းအင် ကုမ္ပဏီ (Anjou Energy Group) ရဲ့ ထိပ်တန်း လျှို့ဝှက် ဖိုင် တစ်ခုကို ရရှိလိုက်ပါပြီ..."

ထို့နောက်... အန်းကျူ စွမ်းအင် ကုမ္ပဏီနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ... ကုမ္ပဏီ ခေါင်းဆောင်၏ ဘဝသမိုင်း... ရှယ်ယာရှင်များ၏ ဘဝသမိုင်း... သူတို့၏ ဂိုဏ်းဂဏများ... နှင့် မိသားစု သမိုင်းကြောင်းများ အားလုံး သူ့ခေါင်းထဲသို့ ဝင်ရောက်လာလေတော့သည်။

ယဲ့ဖန် တစ်စိတ်တစ်ပိုင်းလောက်သာ စုပ်ယူလိုက်ရသေးသည်။ ... သူ့မျက်နှာထား အလိုအလျောက် ပြောင်းလဲသွားရ၏။

အခန်း (၁၆၈၅) - အန်းကျူ စွမ်းအင် ကုမ္ပဏီ၏ ထိပ်တန်း လျှို့ဝှက်ချက်

~အစပိုင်းတုန်းကတော့... စနစ်က ဆုလာဘ် အနေနှင့် ထိပ်တန်း လျှို့ဝှက် ဖိုင်လေး တစ်ခု ပေးလိုက်သည်ဟု ကြားလိုက်ရတုန်းက... ယဲ့ဖန်က ဒါဟာ ဆုလာဘ် သေးသေးလေးဟု ထင်ခဲ့မိသည်။

သို့သော်၊ ယခု... အချက်အလက် တစ်စိတ်တစ်ပိုင်းကို စုပ်ယူပြီးသည့် နောက်မှာတော့... သူ မှားသွားမှန်း ချက်ချင်း သိလိုက်ရ၏။ အကြီးအကျယ်ကို မှားသွားသည်။

ဒါက ဆုလာဘ် သေးသေးလေး မဟုတ်... အကယ်၍၊ သူသာ ဒါကို ကောင်းကောင်း အသုံးချနိုင်ခဲ့လျှင်... အန်းကျူ မိသားစု တစ်ခုလုံး သူ့ကို ကျေးဇူးကြွေး အကြီးကြီး တင်သွားလိမ့်မည်။

ယဲ့ဖန် မေဘက်ခ် ကားကြီးထဲမှတောင် မထွက်တော့ဘဲ... ကားထဲမှာ ထိုင်လျက်သားနှင့် ဒီဖိုင်ထဲက အချက်အလက်တွေကို စတင် ချေဖျက်ပြီး စဉ်းစားတွေးတော နေလိုက်တော့သည်။

ဖိုင်ထဲက အကြောင်းအရာတွေနှင့် အချက်အလက်တွေက အလွန် ကြီးမားများပြားလွန်းလှ၏။

သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် သိုင်းပညာ အဆင့်အတန်းက မြင့်မားနေပြီး... ဓာတ်ပုံ ရိုက်ကူးထားသလို မှတ်မိနိုင်သော စွမ်းရည် (Photographic Memory) ရှိနေသည်တောင်မှ... ဒီ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုပြီး စုပ်ယူဖို့အတွက် တစ်နာရီနီးပါးလောက် အချိန်ယူလိုက်ရသည်။

...

ထိပ်တန်း လျှို့ဝှက် ဖိုင်ထဲက အချက်အလက် အားလုံးကို အပြည့်အဝ စုပ်ယူပြီးသည့် နောက်မှာတော့... ယဲ့ဖန် ခဏလောက် မျက်စိမှိတ်ထားလိုက်ပြီး သူ့ဦးနှောက်ကို အမြန်ဆုံး အလုပ်လုပ်ခိုင်းလိုက်၏။

ဒီဖိုင်က ကြည့်လျှင်တော့ ရှုပ်ထွေးသည်ဟု ထင်ရသော်ငြား... ရိုးရိုးရှင်းရှင်း ပြောရလျှင်တော့...

ဈေးကွက် တန်ဖိုး ယွမ် ဘီလီယံ (၃၀၀) ကျော် ရှိသော အန်းကျူ စွမ်းအင် ကုမ္ပဏီ (Anjou Energy Group) ၏ခေါင်းဆောင်က... သူ လုံခြုံလှပြီဟု ထင်ထားသော ကုမ္ပဏီ အတွင်းမှာ... မထင်မှတ်ထားသည့် လူတစ်ယောက်က သူ့ကို ဖြုတ်ချဖို့ တိတ်တဆိတ် ပြင်ဆင်နေသည် ဆိုတာကို လုံးဝ မသိရှာပေ။

အန်းကျူ စွမ်းအင် ကုမ္ပဏီ ၏ တာဝန်ရှိသူ ဆိုတာ... ထိပ်တန်း လျှို့ဝှက် ဖိုင်ထဲက အတ္ထုပ္ပတ္တိ အချက်အလက်တွေ အရ... လက်ရှိ အန်းကျူ မိသားစု၏ ခေါင်းဆောင်၊ အန်းကျူ ပရင့်စ်၏ ဖခင်၊ အင်ပါယာ၏ အချမ်းသာဆုံး ပုဂ္ဂိုလ် (၂၀) စာရင်းဝင် 'အန်းကျူ တေလာ' (Anjou Taylor) ပင် ဖြစ်၏။

...

အခု ဒီဖိုင် အကြောင်း သိသွားပြီ ဆိုတော့... သူ၏ ရွေးချယ်မှုက ရှင်းလင်းသွားပြီ။

သူက ဒီအချက်ကို အသုံးချပြီး... ဟို ကြံစည်သူတွေကို ခြိမ်းခြောက်ကာ အကျိုးအမြတ် အများကြီး ရယူ၍ ရသည်။

သို့တည်းမဟုတ်... ဉာဏ်နီဉာဏ်နက်သုံးကာ ပါးနပ်သော နည်းလမ်းတစ်ခုဖြင့် အန်းကျူတေလာကို အသိပေးလိုက်ပြီး... ထိုသူ၏ ကျေးဇူးကြွေးကို ရယူလိုက်ခြင်းပင် ဖြစ်၏။

အကယ်၍ ပထမနည်းလမ်းကို ရွေးချယ်လိုက်မည် ဆိုပါက... ထိုလုပ်ကြံသူများသည် နှစ်ပေါင်းများစွာတိုင်တိုင် စီစဉ်လာခဲ့ကြခြင်း ဖြစ်ရာ... ယဲ့ဖန်အနေဖြင့် ယွမ် (၁) ဘီလီယံခန့် တောင်းဆိုလျှင်ပင် သူတို့ ငြင်းဆန်ရဲကြမည် မဟုတ်ပေ။

သို့သော် ထိုသို့ ပြုလုပ်လိုက်ပါက... အင်အားကြီးမားလှသော လူအုပ်စုကြီး တစ်ခုလုံးနှင့် ရန်သူဖြစ်သွားရပေလိမ့်မည်။ ထို့ပြင် အန်းကျူတေလာ အပါအဝင် အန်းကျူ မိသားစုကြီး တစ်ခုလုံးနှင့်ပါ ရန်ဘက် ဖြစ်သွားနိုင်ချေ ရှိနေပြန်၏။

ကောင်းကျိုးနှင့် ဆိုးကျိုးမှာ ဒွန်တွဲနေပေသည်။

ဆိုးကျိုးက ကောင်းကျိုးထက်ပင် ပိုမို များပြားနေနိုင်သေး၏။

သို့သော်... ပါးနပ်သော နည်းလမ်းတစ်ခုခုကို အသုံးပြု၍ အန်းကျူတေလာအား သတင်းပေးလိုက်မည် ဆိုလျှင်မူ... အခြေအနေက ကွာခြားသွားတော့၏။

နည်းလမ်းသာ မှန်ကန်ခဲ့ပါက... လုပ်ကြံသူများကို ခြိမ်းခြောက်၍ ရရှိနိုင်မည့် ပမာဏထက် မလျော့နည်းသော အကျိုးအမြတ်ကို အန်းကျူတေလာထံမှ ရရှိနိုင်ပေသည်။ ထို့ပြင် အန်းကျူတေလာကိုလည်း ကြီးမားသော ကျေးဇူးကြွေးကြီး တင်ရှိသွားစေနိုင်မည် မဟုတ်ပါလော။

…

ထို့ကြောင့်... ယဲ့ဖန်၏ လက်ရှိ လိုအပ်ချက်အရ ဆိုလျှင်မူ... ရွေးချယ်စရာလမ်းမှာ ရှင်းလင်းပြတ်သားနေချေ၏။

နောက်ထပ် စဉ်းစားရမည့် မေးခွန်းမှာ... အန်းကျူတေလာနှင့် မည်သို့ သဘာဝကျကျ ဆက်သွယ်ရမည်နည်း ဆိုသည့် အချက်ပင် ဖြစ်သည်။ သူသည် အန်းကျူ စွမ်းအင် ကုမ္ပဏီ၏ ထိပ်တန်း လျှို့ဝှက်ချက် အချို့ကို သိရှိနေကြောင်း အန်းကျူတေလာ သိရှိသွားအောင် မည်သို့ လုပ်ဆောင်ရမည်နည်း... သို့မှသာလျှင် အန်းကျူတေလာ ကိုယ်တိုင်က သူ့ထံသို့ လာရောက်ပြီး အကူအညီ တောင်းခံလာမည် ဖြစ်လေသည်။

အန်းကျူ ပရင့်စ်၏ ထောက်ခံချက်ဖြင့် သွားရောက် ဆက်သွယ်မည်လော...။

သို့တည်းမဟုတ်... ထိပ်တန်း လျှို့ဝှက်ဖိုင် အတွင်း၌ ဖော်ပြထားသော အန်းကျူတေလာ၏ ကွန်ရက်ကို အသုံးပြုကာ... ဘက်ကင်ဟမ် မြို့စားကြီးထံမှ ထောက်ခံချက်ကို ရယူမည်လော...။

ထိုသို့မှ မဟုတ်လျှင်လည်း... ဖိုင်ထဲ၌ ပါရှိသည့်အတိုင်း... အန်းကျူတေလာနှင့် ဆက်ဆံရေး ကောင်းမွန်လှသည့် 'ကြွယ်ဝခြင်း အသင်း' မှတဆင့် ချဉ်းကပ်မည်လော…။

...

မေဘက်ခ် ကားကြီးထဲတွင်... ယဲ့ဖန်သည် အန်းကျူ တေလာနှင့် ဆက်သွယ်နိုင်မည့် နည်းလမ်း အားလုံးကို ချရေးလိုက်ပြီး... သူ အသုံးပြုနိုင်မည့် မဟာဗျူဟာ အားလုံးကိုလည်း စဉ်းစားလိုက်၏။

သို့သော်... မိုးချုပ်တဲ့ အထိ စဉ်းစားသော်လည်း... အန်းကျူ တေလာ ကိုယ်တိုင်က အကူအညီ လာတောင်းစေမည့် သဘာဝအကျဆုံး နည်းလမ်းကို ရှာမတွေ့သေးပေ။

သူ ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

အလျင်အမြန်ပင် ညစာ စားရန် နေရာတစ်ခု ရှာလိုက်ပြီး... ခဏလောက် စဉ်းစားကာ အိပ်ပျော်သွားတော့သည်။

ပြန်နိုးလာပြီး ဒီပြဿနာကို ဆက်လက် စဉ်းစားရန် ပြင်လိုက်စဉ်မှာပင်... မမျှော်လင့်ထားသော ဖုန်းခေါ်ဆိုမှု တစ်ခု ဝင်ရောက်လာ၏။

ယွီဖုန်းရှန်း။

ယဲ့ဖန် ဖုန်းကိုင်လိုက်သည်နှင့် တပြိုင်နက် သူမက အလျင်စလို မေးလိုက်၏။

"မစ္စတာ ယဲ့... မနက်ဖြန် ည အားလား..."

"ဘာဖြစ်လို့လဲ... ကျန်းနန် မြေအောက်လောက ဘုရင်မက ကျွန်တော့်ကို ဒိတ် (Date) လုပ်ဖို့ ဖိတ်ခေါ်ချင်လို့လား..."

ယဲ့ဖန် အသိစိတ် လွတ်ပြီး နောက်ပြောင်လိုက်မိသည်။

"အဟမ်း..."

ယွီဖုန်းရှန်း၏ အသံက သဘာဝ မကျတော့ပေ။

"ကျွန်မ ဘေးမှာ ဦးလေး ရှိနေတယ်..."

ယဲ့ဖန် နေရခက်သွားရ၏။ သူ စကားကို အလျင်အမြန် ပြောင်းလိုက်၏။

"ဦးလေးကို နှုတ်ဆက်ပေးပါဦး..."

ယွီဖုန်းရှန်း ခဏတာ တိတ်ဆိတ်သွား၏။

"ကြည့်ရတာ... မစ္စတာ ယဲ့ နဲ့ ဖုန်းရှန်း တို့ ဆက်ဆံရေးက မဆိုးဘူးနဲ့ တူတယ်..."

ကြည်လင်ပြတ်သားသော လူလတ်ပိုင်း အမျိုးသား တစ်ဦး၏ အသံက ဖုန်းတစ်ဖက်ခြမ်းမှ ထွက်ပေါ်လာ၏။

"ဒါဆိုရင်... မင်းတို့ ကလေးတွေပဲ ဆက်ပြောလိုက်ကြတော့..."

"ဦး အပေါ်ထပ် တက်ပြီး သတင်းစာ ဖတ်လိုက်ဦးမယ်..."

"ဟားဟား..."

ဒီ ရယ်သံထဲမှာ ပြောမပြတတ်သည့် အဓိပ္ပာယ်တွေ ပါနေသလိုပဲဟု ယဲ့ဖန် ခံစားလိုက်ရသည်။

ထို့နောက်... ယွီဖုန်းရှန်း၏ အသံက ပို၍ သဘာဝ မကျ ဖြစ်လာ၏။

"နောက်ဆို စကားပြောရင် အချိန်အခါလေးလည်း ကြည့်ပါဦး..."

"ဒီတစ်ခါ ရှင့်ကို ဖုန်းဆက်တာက... နေမဝင် အင်ပါယာရဲ့ အထက်တန်းလွှာတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ အခွင့်အရေးကောင်း တစ်ခု ရှိနေလို့..."

"ဘာ အခွင့်အရေးလဲ..."

ယဲ့ဖန် ချက်ချင်း မေးလိုက်၏။

"ကျွန်မ ဦးလေးရဲ့ 'ကြွယ်ဝခြင်း အသင်း' က နေမဝင် အင်ပါယာရဲ့ တရုတ်တန်း (Chinatown) ကနေ ရုန်းထွက်ပြီး တဖြည်းဖြည်း ကြီးထွားလာနိုင်တာက... အန်းကျူ မိသားစုရဲ့ အကြီးဆုံး သားဖြစ်တဲ့ မစ္စတာ အန်းကျူ တေလာ နဲ့ ဆက်ဆံရေး ကောင်းမွန်လို့ပဲ..."

ယွီဖုန်းရှန်းက လိုရင်းတိုရှင်း ပြောပြလိုက်၏။

တကယ်တော့... အန်းကျူ တေလာက တရုတ် ယဉ်ကျေးမှုကို နှစ်သက်သူ တစ်ဦး ဖြစ်ပြီး... တရုတ်လူမျိုးတွေ အပေါ်မှာလည်း သဘောထား ကောင်းမွန်သူ ဖြစ်၏။

လွန်ခဲ့သော နှစ်တွေတုန်းက... ယွီကျင်းနမ် က သူ့ကို မတော်တဆ ကူညီပေးခဲ့ဖူးရာကနေ... မိတ်ဆွေကောင်းတွေ ဖြစ်သွားကြသည်ပင်။

ယွီကျင်းနမ်နှင့် သူ၏ 'ကြွယ်ဝခြင်း အသင်း' လည်း ချောချောမွေ့မွေ့နှင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

ယဲ့ဖန် သူမ၏ ရှင်းပြချက်ကို နားထောင်ရင်း... စနစ်က ပေးထားသော အန်းကျူ တေလာ၏ ကိုယ်ရေးရာဇဝင်နှင့် တိုက်ဆိုင်နေသည်ကို တွေ့လိုက်ရသဖြင့်... ဒီ ထိပ်တန်း လျှို့ဝှက် ဖိုင်ကို ပိုပြီး အလေးထားလိုက်မိ၏။

ယွီဖုန်းရှန်းက ဆက်ပြောလိုက်၏။

"မစ္စတာ အန်းကျူ တေလာက ရုတ်တရက် ဖုန်းဆက်လာပြီး... ဒီရက်ပိုင်း သူ စိတ်မသန့်ဘူး ဖြစ်နေတယ်တဲ့... အိပ်မက်ဆိုးတွေလည်း မက်နေတယ်တဲ့... အဲ့ဒါကြောင့် ရှေ့ဖြစ်ဟော ပညာရပ် (Physiognomy) တတ်တဲ့သူ တစ်ယောက်လောက် ရှာပေးပါလို့ ဦးလေးကို အကူအညီ တောင်းလာတယ်..."

"ဒါနဲ့ ကျွန်မက ဦးလေးနဲ့ မစ္စတာ အန်းကျူ တေလာကို ရှင့်အကြောင်း ပြောပြလိုက်တယ်... ကျွန်မ မိတ်ဆွေ တစ်ယောက်က အရာရာကို ကျွမ်းကျင်ပြီး တရုတ်ပြည်မှာလည်း အဆက်အသွယ် ကျယ်ပြန့်တယ် ဆိုပြီး ထောက်ခံပေးလိုက်တာ..."

"ဦးလေးကလည်း ဝင်ပြီး ကူညီပြောပေးတယ်... မစ္စတာ အန်းကျူ တေလာ ကြားတော့ စိတ်ဝင်စားသွားပြီး... မနက်ဖြန် ညကျရင် ညစာ အတူတူ စားကြမယ်တဲ့..."

"မစ္စတာ အန်းကျူ တေလာက... ရှေ့ဖြစ်ဟော ပညာရပ် တတ်တဲ့ အရှေ့တိုင်းသား တစ်ယောက်ကို ရှာနေတာ ဟုတ်လား..."

ယဲ့ဖန် အဓိက သော့ချက် စကားလုံးကို ချက်ချင်း ဖမ်းမိလိုက်၏။

"ဟုတ်တယ်..."

ယွီဖုန်းရှန်း ပြန်ဖြေလိုက်၏။

"အသေးစိတ် အခြေအနေကိုတော့ သူ သိပ်မပြောပါဘူး..."

"အတိုချုပ် ပြောရရင်... သူက ရှေ့ဖြစ်ဟော ပညာရပ် တတ်တဲ့သူကို အရမ်း စိတ်ဝင်စားနေပုံ ရပြီး... အဲ့ဒီလို လူမျိုးကို အရေးတကြီး လိုအပ်နေတာ..."

"ဒါဆိုရင်တော့... ခင်ဗျားတို့ လူမှန်ကို ထောက်ခံပေးလိုက်တာပဲ..."

ယဲ့ဖန် မရယ်ဘဲ မနေနိုင်တော့ပေ။

‘မိုးရွာတုန်း ထီး လာပေးသလို... အိပ်ချင်နေတုန်း ခေါင်းအုံး လာပေးသလိုပါပင်။

အန်းကျူ တေလာ သူ့ကို အကူအညီ လာတောင်းအောင် ဘယ်လို လုပ်ရမလဲ ဆိုပြီး ခေါင်းစားနေတာ... ဒါမှ ဟို လျှို့ဝှက် ဖိုင်ကို သဘာဝကျကျ ထုတ်သုံးလို့ ရမှာလေ။

ဒါ အခွင့်အရေးပဲ။

ဒီထက် ပိုကောင်းတာ ဘာရှိဦးမှာလဲ…’’

All Chapters