← Chapters

အခန်း (၁၆၉၂-၁၆၉၄)

Vol. 89 Ch. 1692-1694

အခန်း (၁၆၉၂-၁၆၉၄)

Vol. 89 Ch. 1692-1694

အခန်း (၁၆၉၂) - ဆရာကြီး ယဲ့ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ် ယုံကြည်တယ်

~"ဆရာကြီး ယဲ့ တစ်ခုခု ဝှက်ထားတာ ရှိပါလား... ပွင့်ပွင့်လင်းလင်းသာ ပြောပါ... ကျုပ်က လောကဓံကို ခံနိုင်ရည် ရှိပါတယ်..."

အန်းကျူ တေလာသည် ယဲ့ဖန်၏ မျက်နှာထား ခက်ခဲနေသည်ကို မြင်သောအခါ... ချက်ချင်းပင် နှစ်သိမ့် လိုက်၏။

"အန်းကျူ စွမ်းအင် ကုမ္ပဏီထဲမှာ... ရှယ်ယာရှင် တချို့က နှစ်ခွ စိတ်ဝင်နေပြီး... ခင်ဗျားကို ယှဉ်ပြိုင်ချင်နေကြပြီ ထင်တယ်..."

ယဲ့ဖန်က နာမည်ကို ထုတ်မပြောဘဲ စကားလုံးများကို ဂရုတစိုက် ရွေးချယ်ပြီး ဖွင့်ဟ လိုက်သည်။

"မဖြစ်နိုင်တာ... ကျွန်တော့် ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေ အားလုံးက ကျွန်တော့် စကားကို နားထောင်ကြတာ... ဘယ်သူကများ နှစ်ခွ စိတ်ရှိရမှာလဲ..."

အန်းကျူ တေလာ၏ ခန္ဓာကိုယ်မှ အင်အားကြီးမားသော ဖိအားများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

တခြားလူသာ ဆိုရင်... ကြောက်လန့်ပြီး စကားပင် မပြောနိုင်အောင် ဖြစ်သွားလိမ့်မည်။

သို့သော် ယဲ့ဖန်ကမူ တည်ငြိမ်စွာပင် ရင်ဆိုင်နိုင်သေးသည်။

"ကျွန်တော် မြင်တာကိုပဲ ပြောပြတာပါ... ယုံကြည်ဖို့၊ မယုံကြည်ဖို့က မစ္စတာ တေလာရဲ့ သဘောပါ..."

အန်းကျူ တေလာ ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။

သူနှင့် နှစ်ပေါင်းများစွာတိုင်အောင် လက်တွဲကာ အတူတကွ တိုက်ပွဲဝင်လာခဲ့ကြသည့် မိတ်ဆွေဟောင်းများအပေါ် သံသယဝင်ရန် သူ မလိုလားခဲ့ပါချေ။

သို့သော်လည်း ယဲ့ဖန်ကမူ သူ၏ ရှေ့ဖြစ်ဟောပညာရပ်သည် မည်မျှလောက်အထိ တိကျမှန်ကန်ကြောင်း လက်တွေ့ သက်သေပြခဲ့ပြီး ဖြစ်လေရာ... သူသည်လည်း အလေးအနက်ထား၍ စဉ်းစားချင့်ချိန်ရပေတော့မည်။

"ဘယ်သူလဲ ဆိုတာ ပြောပြလို့ ရမလား..."

"ဘယ်သူလဲ ဆိုတာတော့ ကျွန်တော် အတိအကျ မသိသေးဘူး... တကယ်လို့ မစ္စတာ တေလာ အခက်အခဲ မရှိဘူး ဆိုရင်... ရှယ်ယာရှင် တချို့ကို ခေါ်ပြီး လက်ဖက်ရည် သောက်ခိုင်းပါ... ကျွန်တော် သူတို့နဲ့ စကားပြောကြည့်ပါ့မယ်..."

ယဲ့ဖန်က ယုံချင်ယုံ မယုံချင်နေ ဟူသော ပုံစံဖြင့် တည်ငြိမ်စွာ အကြံကို တင်ပြ လိုက်သည်။

အန်းကျူ တေလာ မျက်လုံးများ မှိတ်ထားပြီး စားပွဲကို လက်ချောင်းများဖြင့် ခေါက်လျက် အတွေးနက်နေ၏။

အန်းကျူ စွမ်းအင် ကုမ္ပဏီ၏ ရှယ်ယာရှင်များမှာ သူနှင့်အတူ နှစ်ပေါင်းများစွာတိုင် လက်တွဲလုပ်ကိုင်လာခဲ့သူများသာ ဖြစ်ကြလေ၏။

ယဲ့ဖန်၏ စကားတစ်ခွန်းတည်းနှင့်ပင် သူတို့ကို ခေါ်ယူစစ်ဆေးရမည်မှာ...

အကယ်၍သာ ပြဿနာ တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိခဲ့လျှင်မူ တော်ပေသေး၏။

သို့သော်လည်း အဆုံးသတ်တွင် မည်သည့် ပြဿနာမျှ ရှာမတွေ့ခဲ့ပါက... ရှယ်ယာရှင်များအကြား မကျေနပ်မှုများ ဖြစ်ပေါ်လာစေပြီး၊ သူတို့၏ ဆက်ဆံရေးမှာလည်း အဖတ်ဆယ်မရအောင် တင်းမာသွားနိုင်ပေသည်။

အန်းကျူ တေလာ ဆုံးဖြတ်ချက် ချရခက်နေသည်ကို ယဲ့ဖန် သိလိုက်၏။ သူ ပြုံးလိုက်ပြီး မတ်တတ်ထရပ်လိုက်၏။

"မစ္စတာ တေလာ စိတ်မဆုံးဖြတ်နိုင်သေးရင်... ကျွန်တော် ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ... ကျွန်တော် မှားတာလည်း ဖြစ်နိုင်ပါတယ်... စိတ်ထဲ မထားပါနဲ့..."

ပြောပြီးသည်နှင့် သူ လှည့်ထွက်ရန် ပြင်လိုက်၏။

"ဆရာကြီး ယဲ့... ခဏလေးပါ..."

အန်းကျူ တေလာက အလျင်အမြန် လှမ်း တားဆီး လိုက်သည်။

"ဆရာကြီး ယဲ့ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ် ယုံကြည်ပါတယ်... အခုပဲ သူတို့ကို ခေါ်လိုက်ပါ့မယ်... ချက်ချင်း လာဖို့ ပြောလိုက်မယ်..."

ပြောပြီးသည်နှင့် သူ ချက်ချင်း ဖုန်းထုတ်ပြီး ကုမ္ပဏီ၏ ရှယ်ယာရှင်များကို ဆက်သွယ်လိုက်၏။

အန်းကျူ စွမ်းအင် ကုမ္ပဏီ၏ ရုံးချုပ်သည် မြူခိုးမြို့တော် (Queen’s Hotel) မှ (၁၀) ကီလိုမီတာသာ ဝေးသည်။ ရှယ်ယာရှင်များ တစ်နာရီ အချိန်အတွင်း ရောက်ရှိလာနိုင်ပေသည်။

သူတို့ နှစ်ဦး သမ္မတ အခန်းသို့ ပြန်လာပြီး ဆက်လက် သောက်စားကြ၏။

"ခင်ဗျားတို့ နှစ်ယောက် ခုနက ဘာတွေ ပြောနေကြတာလဲ... လျှို့ဝှက်ချက်တွေနဲ့..."

ယွီကျင်းနမ်က သူတို့ နှစ်ဦး ပြန်လာသည်ကို မြင်သောအခါ... စိတ်ဝင်တစား မေးမြန်း လိုက်၏။

"အခုထိ ပြောလို့ မရသေးဘူး..."

အန်းကျူ တေလာက အကွက်ဆင်ကာ လျှို့ဝှက် ထားလိုက်သော်လည်း... ဝိုင်ခွက်ကို မြှောက်လိုက်၏။

"ဒီနေ့ အစ်ကို ယွီကို ကျေးဇူးတင်ပါတယ်... ဆရာကြီး ယဲ့ လို ပုဂ္ဂိုလ်နဲ့ မိတ်ဆက်ပေးလို့... ကျွန်တော် အကျိုးကျေးဇူးတွေ အများကြီး ရလိုက်တယ်..."

ယွီကျင်းနမ်က အလျင်အမြန် ဝိုင်ခွက်ကို မြှောက်လိုက်ပြီး စနောက် လိုက်သည်။

"အစ်ကို တေလာ... ခင်ဗျားက 'ဂျင်းထည့်ရင် အိုမှ ပိုစပ်တယ်' ဆိုပြီး ထင်ခဲ့တာ မဟုတ်လား... အခုတော့ ဒီ လူငယ်လေး မစ္စတာ ယဲ့ ကို စတင် ယုံကြည်လာပြီလား..."

"ဟားဟားဟား... အစကတော့ မယုံခဲ့ပါဘူး... ဒါပေမဲ့ ဆရာကြီး ယဲ့ရဲ့ စွမ်းရည်ကို မြင်လိုက်ရတော့... မယုံရဲတော့ပါဘူး..."

အန်းကျူ တေလာက ယဲ့ဖန်ကို လေးနက်စွာ ကြည့်လိုက်ပြီး... သူ့မျက်လုံးများတွင် ချီးကျူး လေးစားမှုများ ပြည့်နှက်နေ၏။

"မစ္စတာ တေလာ... ကျွန်တော့်ကို 'ဆရာကြီး' လို့ ခေါ်မနေပါနဲ့ဗျာ... နားထဲမှာ တစ်မျိုးကြီး ဖြစ်နေတယ်... မစ္စတာ ယွီ ခေါ်သလို မစ္စတာ ယဲ့ လို့ပဲ ခေါ်ပါ..."

ယဲ့ဖန်သည် "ဆရာကြီး" ဟူသော စကားလုံးကို ကြားတိုင်း... နှုတ်ခမ်းမွေးပါးပါး၊ မျက်မှန်နက်ကြီး တပ်ထားသော လူလိမ် တစ်ယောက် ပုံရိပ်က သူ့ခေါင်းထဲတွင် လင်းခနဲ ပေါ်လာတတ်သည်။

အန်းကျူ တေလာ ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်၏။

"ကောင်းပြီလေ... ဒါဆိုရင် နောက်ဆို မစ္စတာ ယဲ့ လို့ပဲ ခေါ်ပါ့မယ်... မစ္စတာ တေလာ လို့ မခေါ်ပါနဲ့... ဦးလေး တေလာ လို့သာ ခေါ်ပါ..."

"ကောင်းပါပြီ... ဦးလေး တေလာ..."

ယဲ့ဖန်လည်း မစိမ်းကားတော့ပေ။

‘ဘာပဲဖြစ်ဖြစ်... ဒီလူနဲ့ မကြာခင်မှာ ထပ်တွေ့ရဦးမှာပဲ... အန်ကယ် (Uncle) လို့ ခေါ်ရမှာက သေချာတယ်လေ။’

‘အခု ကြိုခေါ်လိုက်လို့လည်း ဘာမှ မနစ်နာပါဘူး။’

ထိုစဉ်၊ ရှချိုး စကားမပြောနိုင်တော့ပေ။

"ဦးလေး" တောင် ခေါ်လိုက်ပြီလား...

အန်းကျူ မိသားစုနဲ့ ဆက်ဆံရေး တည်ဆောက်လိုက်ပြီပေါ့လေ...

ယဲ့ဖန်သည် အန်းကျူ တေလာနှင့် ယွီကျင်းနမ်တို့နှင့် စကားပြောနေရင်း အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

အန်းကျူ စွမ်းအင် ကုမ္ပဏီ၏ ရှယ်ယာရှင် (၇) ဦး (သို့) (၈) ဦးခန့် ရောက်ရှိလာကြလေသည်။

ယောကျ်ားရော မိန်းမရော ပါဝင်ပြီး... အသက်အရွယ်က (၄၀) ဝန်းကျင်မှ (၆၀) ဝန်းကျင်အထိ ရှိကြ၏။

"ဥက္ကဋ္ဌ... ကျွန်တော်တို့ကို ဧည့်ခံတာလားဗျ... ကျွန်တော် ခုနကမှ ညစာ စားခဲ့တာ... ဧည့်ခံမယ်မှန်း သိရင် ဗိုက်ချောင်ထားတာပေါ့ဗျာ..."

စကားပြောလိုက်သူက အသက် (၅၀) ခန့် ရှိပြီး... မုတ်ဆိတ်မွေး အပြည့်နှင့် ရိုးသားဖြောင့်မတ်သော ခံစားချက်ကို ပေးစွမ်းနိုင်သူ ဖြစ်သည်။

သူက သီးသန့်ခန်းထဲ ဝင်ဝင်ချင်း... အန်းကျူ တေလာ ဘေးတွင် ဝင်ထိုင်လိုက်ပြီး... အန်းကျူ တေလာ၏ တူကို ယူကာ အစာ စတင် စားသောက်၏။

အန်းကျူ တေလာက မကျေမနပ် ဖြစ်မည့်အစား... သူ့ပခုံးကို ပုတ်ကာ မှာကြား လိုက်၏။

"ဒီအထိ လာရတာ မလွယ်ဘူး... အားလုံး ထိုင်ကြပါဦး..."

ကျန်ရှိသော သူများကတော့ မုတ်ဆိတ်မွေးနှင့် လူလောက် ရဲတင်းခြင်း မရှိပေ။ လိမ္မာစွာပင် နေရာယူ ထိုင်လိုက်ကြ၏။

"ဒီနေ့ ကျုပ် လူတိုင်းကို ခေါ်လိုက်တာက... မိတ်ဆွေသစ် တစ်ယောက်ကို မိတ်ဆက်ပေးချင်လို့ပါ..."

အန်းကျူ တေလာက မတ်တတ်ထရပ်ပြီး... ယဲ့ဖန်ကို ညွှန်ပြလိုက်၏။

"ဒါက ယဲ့... ယဲ့ဖန်... ကျုပ် အခုလေးတင် တွေ့ခဲ့တဲ့ မိတ်ဆွေငယ်လေးပါ..."

ထို ရှယ်ယာရှင် အချို့က ယဲ့ဖန်ကို ခေါင်းညိတ်ပြလိုက်ကြပြီး... အံ့သြနေကြ၏။

‘အန်းကျူ တေလာက သူတို့ကို ဒီအထိ လာခိုင်းတာ... တရုတ်လူငယ်လေး တစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ သက်သက်ပဲလား...

ဒီ လူငယ်လေးက ဘယ်သူလဲ...

ဒီလောက် လူအများကြီးကို ခေါ်စရာ လိုလို့လား...။’

အန်းကျူ တေလာ စကားပြောပြီးနောက်... ယဲ့ဖန်ကို တစ်ချက် လှမ်းကြည့်လိုက်၏။

သူ့ဘက်က စတင် လှုပ်ရှားရန် အချက်ပြလိုက်ခြင်း ဖြစ်သည်။

ယဲ့ဖန် တူကို ချလိုက်ပြီး... မုတ်ဆိတ်မွေးနှင့် လူကို တစ်ချက် ကြည့်လိုက်၏။

"ဦးလေး တေလာ... ဒီလူကြီးမင်းကို မိတ်ဆက်ပေးပါဦးခင်ဗျာ..."

အန်းကျူ တေလာ မျက်တောင်မခတ်ဘဲ မိတ်ဆက် လိုက်၏။

"ဒါက ဟင်နရီ (Henry) ပါ... ကျုပ်ရဲ့ လက်ထောက်လိုပဲ... နှစ်တွေ အများကြီး ကုမ္ပဏီအတွက် အများကြီး စွမ်းဆောင်ပေးခဲ့တယ်..."

ဟင်နရီက အန်းကျူ တေလာသည် ယဲ့ဖန်ကို အလွန် အရေးပေးသည်ကို မြင်သောအခါ... ချက်ချင်း မတ်တတ်ထရပ်ပြီး ယဲ့ဖန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်၏။

"မင်္ဂလာပါ... ညီလေး ယဲ့..."

ယဲ့ဖန် သူ့နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး... ထိပ်တန်း လျှို့ဝှက် ဖိုင်ထဲက အချက်အလက်များကို ခဏလောက် စဉ်းစားကြည့်လိုက်၏။ ထို့နောက် နေရာတွင် ပြန်ထိုင်လိုက်၏။

"မစ္စတာ ဟင်နရီ... ဦးလေး တေလာ နဲ့ လက်တွဲတာ ဘယ်နှစ်နှစ်လောက် ရှိပြီလဲဗျ..."

ဟင်နရီ ခေါင်းစောင်းကာ ခဏမျှ စဉ်းစားလိုက်၏။

"၁၇ နှစ်၊ ၁၈ နှစ် လောက် ရှိပြီ ထင်တယ်..."

"၁၇ နှစ်၊ ၁၈ နှစ်တောင် ရှိပြီလား..."

ယဲ့ဖန် အံ့သြဟန် ပြုလိုက်၏။

"ဒါဆို ခင်ဗျားက ဦးလေး တေလာရဲ့ စိတ်ချရတဲ့ လူယုံ ပေါ့နော်..."

"ဟုတ်ပါတယ်... ဥက္ကဋ္ဌရဲ့ ကျေးဇူးတရားက ကျုပ်အတွက် တောင်လို မြင့်မားပါတယ်... ကျုပ်ရဲ့ မိဘတွေလိုပါပဲ..."

ဟင်နရီက အန်းကျူ တေလာကို လေးစားချစ်ခင်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။

ယဲ့ဖန် ရေတစ်ငုံ ငုံပြီး တည်ငြိမ်စွာ မေးမြန်း လိုက်၏။

"ဒါဆို... တကယ်လို့ တစ်စုံတစ်ယောက်က ဦးလေး တေလာကို သစ္စာဖောက်ရင်... ခင်ဗျား ဘာလုပ်မလဲ..."

ရှယ်ယာရှင်များ ထိုစကားကို ကြားသောအခါ... မျက်နှာထားများ ပြောင်းလဲသွားကြ၏။

ဟင်နရီ ခဏတာ မှင်သက်သွားပြီးနောက်... စားပွဲကို ဒုန်းခနဲ ရိုက်ကာ မတ်တတ်ထရပ်လိုက်၏။

"ဘယ် ငနဲက ဥက္ကဋ္ဌကို သစ္စာဖောက်ရဲတာလဲ... ငါ အဲ့ဒီကောင်ကို အပိုင်းပိုင်း ခုတ်ပြီး ခွေးစာ ကျွေးပစ်မယ်..."

ယဲ့ဖန် ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။

"အဲ့လောက်တောင် အရေးကြီးတာ မဟုတ်ပါဘူး..."

"အရေးမကြီးစရာ လိုလို့လား... ဥက္ကဋ္ဌကို သစ္စာဖောက်ရဲတဲ့ ဘယ်သူမဆို... အပြစ်ပေးခံရမှာပဲ... အဲ့ဒီလူသာ ငါ့လက်ထဲ ရောက်လာရင်... ငါ အသက် ပေးပြီးတောင် သူ့ကို ပေးဆပ်ခိုင်းမယ်..."

ဟင်နရီ၏ စကားများက ကျယ်လောင် ပြတ်သားနေ၏။

အခန်း (၁၆၉၃) - မိသွားပြီ

~အန်းကျူ တေလာ စိတ်လှုပ်ရှား ဝမ်းမြောက်သွားလေ၏။

ဤမျှ သစ္စာရှိသော လက်အောက်ငယ်သားများကို ပိုင်ဆိုင်ထားရခြင်းသည် သူ့အတွက် အလွန် ဂုဏ်ယူစရာ ဖြစ်ပေသည်။

ယွီကျင်းနမ်၊ ယွီဖုန်းရှန်း၊ ရှချိုးနှင့် အခြားသူများလည်း ဟင်နရီ၏ သစ္စာရှိမှုကို မြင်တွေ့ရသဖြင့် စိတ်ခံစားမှုများ လှုပ်ရှားသွားကြသည်။

ဤခေတ်ကာလတွင်... အသင်းအဖွဲ့များ၌ပင် ဤမျှ သစ္စာရှိသူ ရှားပါးလှချေ၏။

သို့သော် ထိုအခိုက်အတန့်၌ ယဲ့ဖန် ရုတ်တရက် ထပ်မံ မေးမြန်း လိုက်၏။

"တကယ်လို့ ခင်ဗျားက ဦးလေး တေလာကို သစ္စာဖောက်တဲ့ သူ ဖြစ်နေမယ် ဆိုရင်ကော... ခင်ဗျား ဘာလုပ်မလဲ..."

သူ ဤစကားကို ပြောလိုက်သည်နှင့် တပြိုင်နက်... လူတိုင်း၏ မျက်နှာထားများ ပြင်းထန်စွာ ပြောင်းလဲသွားကြတော့သည်။

အထူးသဖြင့် ဟင်နရီသည် သူ့ဖင်ကို မီးလောင်နေသည့်အလား ခုန်ထရပ်လိုက်ပြီး ဒေါသတကြီး ငြင်းဆန် လေ၏။

"မင်း ဘာတွေ ပေါက်ကရ ပြောနေတာလဲ... ငါက ဘယ်လိုလုပ် ဥက္ကဋ္ဌကို သစ္စာဖောက်နိုင်မှာလဲ..."

"စိတ်လှုပ်ရှား မနေပါနဲ့... ကျွန်တော်က 'တကယ်လို့' လို့ပဲ ပြောတာပါ..."

"ဘာ 'တကယ်လို့' လဲ... အဲ့လို 'တကယ်လို့' ဆိုတာ မရှိဘူး... ဥက္ကဋ္ဌရဲ့ ကျေးဇူးတရားက ငါ့အပေါ် တောင်လို မြင့်မားတယ်... ငါ ဘယ်တော့မှ ဥက္ကဋ္ဌကို သစ္စာဖောက်မှာ မဟုတ်ဘူး... တကယ်လို့ လိမ်ပြောတယ် ဆိုရင်... သေဘေးဆိုးနဲ့ ကြုံပါစေ..."

ဟင်နရီသည် စိတ်ခံစားမှု ပြင်းထန်စွာဖြင့် ကျိန်ဆိုလိုက်၏။

အန်းကျူ တေလာသည် သူ၏ သစ္စာရှိမှုကို ထိမိသွားသဖြင့်... သူ့ကို နှစ်သိမ့်ရန် အလျင်အမြန် မတ်တတ်ထရပ်လိုက်၏။

"ဟင်နရီ... စိတ်ထိန်းပါ... မစ္စတာ ယဲ့က မင်းကို စနောက်နေတာပါ... အတည် မယူပါနဲ့..."

သူ နှစ်သိမ့်စကား မဆုံးခင်မှာပင်... ယဲ့ဖန်က ထပ်မံ ဝင်ရောက် ပြောဆို လိုက်၏။

"ကျွန်တော် စနောက်နေတာ မဟုတ်ပါဘူး... တစ်ချို့လူတွေက လုံးဝ အစွမ်းကုန် လုပ်ရဲကြတာကို နည်းနည်း အံ့သြသွားတာပါ... ကိုယ့်အသက်ကိုပါ ပုံအောပြီး ကျိန်ဆိုရဲတယ်... သူ ကိုယ်တိုင်တောင် ယုံကြည်လုနီးပါး ဖြစ်နေပြီ ထင်တယ်..."

ဟင်နရီ ချက်ချင်း ဒေါသထွက်သွားရချေသည်။ သူသည် ကုလားထိုင်ကို ခြေထောက်ဖြင့် ကန်ပစ်လိုက်ပြီး ယဲ့ဖန်နှင့် ရန်ဖြစ်ရန် ပြင်လိုက်၏။

"လူယုတ်မာလေး... မင်း ဘယ်သူရဲ့ အမိန့်နဲ့ ငါနဲ့ ဥက္ကဋ္ဌ ကြားထဲ လာပြီး သွေးခွဲနေတာလဲ... ဒီနေ့ မရှင်းပြရင်... ငါ မင်းကို အရင် သတ်ပစ်မယ်..."

ယွီဖုန်းရှန်းနှင့် ရှချိုးတို့ အလျင်အမြန် မတ်တတ်ထရပ်ကာ ယဲ့ဖန် ဘေးသို့ ပြေးသွားပြီး ဟင်နရီကို စိမ်းစိမ်းကြည့်လိုက်ကြသည်။

အန်းကျူ စွမ်းအင် ကုမ္ပဏီ၏ ရှယ်ယာရှင်များလည်း ဟင်နရီကို ဝိုင်းဝန်း ထိန်းချုပ်လိုက်ကြ၏။

"လွှတ်... လွှတ်စမ်း... ဒီကောင်လေးကို ဒီနေ့ ငါ ပညာမပေးရရင်... မခံနိုင်ဘူး..."

ဟင်နရီသည် ဒေါသထွက်နေသော ခြင်္သေ့ တစ်ကောင်ပမာ ဖြစ်နေပြီး... လူအချို့ ဝိုင်းထိန်းထားတာတောင် မရပေ။

"တော်တော့..."

အန်းကျူ တေလာ ရုတ်တရက် ဒေါသတကြီး ကြွေးကြော် လိုက်၏။

"ဥက္ကဋ္ဌ... ဒီကောင်လေးက ကျွန်တော်တို့ ကြားထဲ သွေးခွဲဖို့ ရဲရဲတင်းတင်း လုပ်နေတာ... ဒီနေ့ ကျွန်တော် သူ့ကို အလွတ်မပေးနိုင်ဘူး..."

ဟင်နရီ၏ မျက်နှာ နီရဲနေပြီး အန်းကျူ တေလာကို ဒေါသတကြီး ကြည့်လိုက်၏။

"သူ စကားဆုံးအောင် ပြောပါစေဦး..."

အန်းကျူ တေလာ၏ မျက်နှာက မည်းမှောင်နေပြီး... အစောပိုင်းက ခင်မင်ရင်းနှီးမှု လုံးဝ ပျောက်ဆုံးသွားပြီ ဖြစ်သည်။

သူက ဤသို့ အမိန့်ပေး လိုက်မှသာ... ဟင်နရီ ဆက်မပြောနိုင်တော့ဘဲ... လှည့်ကြည့်ကာ ယဲ့ဖန်ကို မုန်းတီးစွာ စိုက်ကြည့်လေ၏။

"ကောင်လေး... ဒီနေ့ မင်း အမှန်အတိုင်း ရှင်းပြမှ ဖြစ်မယ်... မဟုတ်ရင် ငါ မခွင့်လွှတ်ဘူး..."

ယဲ့ဖန်က သူ့ ခြိမ်းခြောက်မှုကို လျစ်လျူရှုလိုက်ပြီး... နေရာတွင် ဆက်ထိုင်နေ၏။

"ခင်ဗျား ကျွန်တော့်ကို ခြိမ်းခြောက်စရာ မလိုပါဘူး... ကျွန်တော် ရှင်းပြပါ့မယ်... ခင်ဗျားရဲ့ ပထမဆုံးသော ရွှေပုံး (First Bucket of Gold) ကို ဘယ်က ရခဲ့လဲ ဆိုတာ... ပြောရဲလား..."

[ဘာသာပြန်သူ၏ မှတ်ချက်]

ဒီနေရာမှာ သုံးနှုန်းထားတဲ့ "First Bucket of Gold" (သို့မဟုတ်) "First Pot of Gold" (第一桶金) ဆိုတာက စီးပွားရေးလောကမှာ သုံးတဲ့ အသုံးအနှုန်း တစ်ခုပါ။

သူ့ရဲ့ အဓိပ္ပာယ်ကတော့ စီးပွားရေး လုပ်ငန်းတစ်ခုကို စတင် တည်ထောင်ဖို့အတွက် (သို့မဟုတ်) ချမ်းသာတဲ့ လူတစ်ယောက် ဖြစ်လာဖို့အတွက် "ပထမဦးဆုံး အမြတ်အစွန်း အများအပြား ရရှိခဲ့တဲ့ ရင်းနှီးငွေ" ကို ဆိုလိုတာ ဖြစ်ပါတယ်။ ]

"ဟဲဟဲ... ဘာကြောက်စရာ ရှိလဲ... ဥက္ကဋ္ဌ သိပါတယ်... ကျွန်တော့်ရဲ့ ပထမဆုံး ရွှေပုံးက စိုက်ပျိုးရေး ထွက်ကုန် ရောင်းလို့ ရခဲ့တာပါ..."

ဟင်နရီသည် ဖြောင့်မတ်တည်ကြည်သော အမူအရာကို ဖော်ပြလိုက်သည်။

အန်းကျူ တေလာ ခေါင်းညိတ်လိုက်၏။

"ဒါရိုက်တာ ဟင်နရီရဲ့ ပထမဆုံး ရွှေပုံးက စိုက်ပျိုးရေး ထွက်ကုန် ရောင်းလို့ ရခဲ့တာ အမှန်ပါ... ဟိုတုန်းက သူက ဝေးလံတဲ့ လယ်ယာစခန်း တစ်ခုကနေ ဒေသထွက် ပစ္စည်း အမြောက်အမြား စုဆောင်းပြီး မြူခိုးမြို့တော်မှာ ဈေးကြီးပေး ရောင်းခဲ့တယ်... အဲ့ဒီတုန်းက ကျုပ် သူ့ကို မတော်တဆ တွေ့ခဲ့ရတာ... စီးပွားရေး ဉာဏ် ရှိတယ်လို့ ခံစားမိလို့... ကျုပ်တို့ ရင်းနှီးသွားကြတာပေါ့..."

"အဲ့ဒါ မဟုတ်လောက်ပါဘူး..."

ယဲ့ဖန်က အန်းကျူ တေလာ၏ စကားကို ဖြတ်တောက်လိုက်ပြီး... ခေါင်းမော့ကာ ဟင်နရီကို စိုက်ကြည့်၏။

"ခင်ဗျားရဲ့ ပထမဆုံး ရွှေပုံးက... ခင်ဗျား မိဘတွေရဲ့ အသက်အာမခံကြေး (Insurance Money) မဟုတ်ပါလား..."

ဟင်နရီသည် ယဲ့ဖန်၏ စကားကို ကြားလိုက်ရသောအခါ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။

"မင်း... မင်း ဘာတွေ ပေါက်ကရ ပြောနေတာလဲ... ဘာ... ဘာ အာမခံကြေးလဲ..."

သူ စိုးရိမ်လွန်းသဖြင့် အသံများ တုန်ယင်နေ၏။

ရောက်ရှိနေသူ အားလုံးက ဉာဏ်ကြီးရှင်များ ဖြစ်ကြသဖြင့်... ဟင်နရီ၏ ပုံမှန် မဟုတ်သော အပြုအမူကို ဘယ်လိုလုပ် သတိမထားမိဘဲ နေကြမည်နည်း။

သူတို့ အားလုံး စူးစမ်းလိုစိတ် ပြင်းပြနေကြသည်။

‘အသက်အာမခံကြေး ဆိုတာ သာမန်ကိစ္စလေးပဲလေ... ဘာလို့ ဒီလောက်တောင် ကြောက်ရွံ့နေရတာလဲ။’

"မစ္စတာ ဟင်နရီက မေ့တတ်လွန်းတယ်... ဒါပေမဲ့ ခင်ဗျားရဲ့ မှတ်ဉာဏ်က ဘယ်လောက်ပဲ ဆိုးဆိုး... ခင်ဗျားရဲ့ မိဘတွေ ကားမတော်တဆမှုနဲ့ သေဆုံးခဲ့ပြီး... အာမခံ ကုမ္ပဏီကနေ ပိုက်ဆံ အများကြီး လျော်ကြေးရခဲ့တာကို မမေ့သင့်ဘူး မဟုတ်လား..."

ယဲ့ဖန်က ဟင်နရီကို ဖျော့တော့စွာ ပြုံးပြီး စိုက်ကြည့်နေ၏။

ဟင်နရီ၏ အကြည့်က ဟိုရှောင်ဒီရှောင် ဖြစ်နေရရှာသည်။

"ကျွန်... ကျွန်တော့် မိဘတွေက ကားမတော်တဆမှုနဲ့ သေဆုံးခဲ့တာ မှန်ပါတယ်... ဒီကိစ္စက နှစ်ပေါင်းများစွာ ကျွန်တော့် ရင်ထဲက ဝေဒနာပါ... အပြင်လူတွေကို မပြောချင်ဘူး... ဘာလို့လဲ ဆိုတော့ အဲ့ဒီနေ့ကစပြီး ကျွန်တော် မိဘမဲ့ ဖြစ်ခဲ့တာ... တခြားသူတွေ မိဘတွေနဲ့ ပေါင်းဆုံတာ မြင်တိုင်း... ကျွန်တော် အရမ်း အားကျတယ်..."

သူ စကားဆုံးသောအခါ ရှိုက်ကြီးတငင် ငိုကြွေးနေပြီ ဖြစ်သည်။

ရောက်ရှိနေသူ အားလုံး သူ၏ စိတ်ခံစားမှုများကြောင့် ကူးစက်ခံလိုက်ရပြီး... သနားစိတ် ဝင်သွားကြ၏။

တွေးကြည့်လျှင်... သူ့မိဘများ တစ်နေ့တည်း သေဆုံးခဲ့ရသည် ဆိုတော့... ကြီးမားသော ထိခိုက်မှုပင် ဖြစ်သည်။

လူတိုင်း ဟင်နရီ၏ အခြေအနေကို သနားနေစဉ်... ယဲ့ဖန်က မထီမဲ့မြင် ပြုံးလိုက်၏။

"ခင်ဗျားရဲ့ သရုပ်ဆောင်စွမ်းရည်က အားနည်းနေတုန်းပဲ... တခြားလူတွေကို လိမ်လို့ ရပေမယ့်... ကျွန်တော့်ကို လိမ်လို့ မရဘူး..."

ဟင်နရီက ခေါင်းမော့ကြည့်လိုက်ရာ... သူ့မျက်နှာမှာ မျက်ရည်၊ နှပ်ရည်များဖြင့် ပြည့်နှက်နေ၏။

"မင်းက အရမ်း အေးစက်တဲ့ သူပဲ... ငါ့မိဘတွေ ကံဆိုးမိုးမှောင်ကျပြီး သေဆုံးခဲ့ရတာ... သနားခြင်း မရှိတာ ထားဦး... လှောင်နေသေးတယ်..."

တခြားသူများလည်း ယဲ့ဖန်က အလွန် အေးစက်လွန်းသည်ဟု ခံစားလိုက်ကြရသည်။

ဒီလိုအချိန်မျိုးမှာ လှောင်ပြောင် စကား ပြောတာက တကယ်ကို မသင့်လျော်ပေ။

ယဲ့ဖန်က ပြုံးလိုက်၏။

"ခင်ဗျားရဲ့ မိဘတွေကို ကျွန်တော် သနားတယ်... သူတို့က ခင်ဗျားလို ကျေးဇူး မသိတတ်တဲ့ သားတစ်ယောက်ကို မွေးထုတ်ခဲ့တာ... ခင်ဗျား အတွက်တော့ ကျွန်တော့်ရဲ့ သနားခြင်းကို မခံထိုက်ပါဘူး..."

"မင်း ဘာပြောလိုက်တာလဲ... သတ္တိရှိရင် ထပ်ပြောစမ်း..."

ဟင်နရီ ချက်ချင်း ဒေါသထွက်သွားရပြီး... ထပ်မံ ရှေ့တိုးရန် ပြင်လိုက်သည်။

ထိုအချိန်တွင်... ယဲ့ဖန်၏ စကားတစ်ခွန်းက သူ့ကို ချက်ချင်း ရပ်တန့်သွားစေ၏။

"ခင်ဗျား မိဘတွေ သေဆုံးရတဲ့ အကြောင်းရင်းကို... ကျွန်တော့်ကို ပြောရဲလား..."

ဟင်နရီ ထိုမေးခွန်းကို ကြားသောအခါ... စက္ကန့် အနည်းငယ်ကြာအောင် မှင်သက်သွားရ၏။

"သေဆုံးရတဲ့ အကြောင်းရင်းကို ခုနက ပြောပြီးသား မဟုတ်ဘူးလား... ငါ့ မိဘတွေက ကားမတော်တဆမှုနဲ့ သေဆုံးခဲ့တာ..."

"မှန်ပါတယ်... ကားမတော်တဆမှုနဲ့ သေဆုံးခဲ့တာ... ဒါပေမဲ့ ဒီ ကားမတော်တဆမှုကို ဘယ်သူ ဖန်တီးခဲ့တာလဲ ဆိုတာ... ခင်ဗျား မပြောခဲ့ဘူး..."

ယဲ့ဖန်က ပြုံးပြီး သူ့ကို ကြည့်လိုက်သည်။ အရာအားလုံးကို ထွင်းဖောက် မြင်နေသကဲ့သို့ ရှိ၏။

ဟင်နရီ၏ မျက်နှာ ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။

"မင်းက ဘယ်သူလဲ... ဘာလိုချင်တာလဲ..."

လူတိုင်းက ဟင်နရီကို နားမလည်နိုင်စွာ စိုက်ကြည့်နေကြသည်။

‘ဒီ ကားမတော်တဆမှု နောက်ကွယ်မှာ တခြား ဇာတ်လမ်း ရှိနေတာလား...

ဘာလို့ ယဲ့ဖန်ရဲ့ စကားကို ကြားလိုက်ရတာနဲ့ ဟင်နရီ ဒီလောက်တောင် ထိတ်လန့်သွားရတာလဲ…’

ထိုအခိုက်အတန့်မှာ၊ ယဲ့ဖန်က ပြုံးလိုက်၏။

ဟင်နရီ ကြောက်ရွံ့နေရခြင်း၏ အကြောင်းရင်းမှာ... သူ့စိတ်ထဲတွင် လျှို့ဝှက်ချက် တစ်ခုကို ဝှက်ထား၍ပင်။

သူ၏ မိဘများ ကားမတော်တဆမှု ဖြစ်ခဲ့ခြင်းမှာ... သူ ကိုယ်တိုင် ဖန်တီးထားသော ကိစ္စဖြစ်သည်။

ရည်ရွယ်ချက်က အာမခံ လျော်ကြေးကို လိမ်ယူရန်။

သူ အမှန်တကယ်ပင် အောင်မြင်ခဲ့သည်။ မိဘများ၏ အသက်ကို လဲလှယ်ပြီး ဒေါ်လာ သုံးသန်းကျော် အာမခံ လျော်ကြေး ရခဲ့၏။

ထို ဒေါ်လာ သုံးသန်းကျော် လျော်ကြေးဖြင့်... သူ အောင်မြင်စွာ ချမ်းသာလာခဲ့ခြင်း ဖြစ်သည်။

သည်လို လူမျိုးက တိရစ္ဆာန်ထက်တောင် ဆိုးရွားသေးလေ၏။

"ကျွန်တော် ဘာမှ မလိုချင်ပါဘူး... ခင်ဗျား ဦးလေး တေလာရဲ့ နောက်ကွယ်မှာ ဘာတွေ လုပ်ခဲ့လဲ ဆိုတာကို... ဦးလေး တေလာကို ပြောပြစေချင်ရုံ သက်သက်ပါ..."

"ငါ ဥက္ကဋ္ဌရဲ့ နောက်ကွယ်မှာ ဘာမှ မလုပ်ခဲ့ပါဘူး..."

ဟင်နရီ ဆက်လက် ငြင်းဆန်နေသည်။

ယဲ့ဖန် ခေါင်းခါကာ ပြုံးလိုက်၏။

"ခင်ဗျားကို အခွင့်အရေး ပေးခဲ့တယ်... ဒါပေမဲ့ ခင်ဗျား တန်ဖိုး မထားခဲ့ဘူး... ဒီလိုဆိုရင်... ခင်ဗျား မိဘတွေရဲ့ ကားမတော်တဆမှု အကြောင်း ဆက်ပြောကြတာပေါ့..."

"မလုပ်ပါနဲ့..."

ဟင်နရီ ချက်ချင်း အော်ဟစ်လိုက်၏။

"ငါ ရှင်းပြပါ့မယ်... အားလုံးကို ရှင်းပြပါ့မယ်..."

ထိုအခိုက်အတန့်တွင်... ယဲ့ဖန်သည် ဟင်နရီကို တစ်ခုခု ဖမ်းမိထားကြောင်း... လူအ အများစုပင် သိလိုက်ကြလေတော့သည်။

အခန်း (၁၆၉၄) - နောက်ထပ် စကားနည်းနည်း ပြောကြည့်ပါဦးမှ သိလိမ့်မယ်

~လူတိုင်းသည် ယဲ့ဖန်ကို မျက်လုံးများ ပြူးကျယ်လျက် စိုက်ကြည့်နေကြလေ၏။

ယဲ့ဖန်သည် ကြိုတင် ပြင်ဆင်မှု မရှိဘဲ စကားအနည်းငယ်ဖြင့်သာ ဟင်နရီကို ဤမျှအထိ ခြောက်လှန့်နိုင်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

သူ၏ နည်းလမ်းသည် အလွန်တရာ စိတ်ကူးမယဉ်နိုင်အောင် ထူးခြားလှချေ၏။

ဟင်နရီသည် အန်းကျူ တေလာဘက်သို့ လှည့်ကြည့်လိုက်၏။

"ဥက္ကဋ္ဌ.. ကျွန်တော် တောင်းပန်ပါတယ်..."

အန်းကျူ တေလာ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"မင်း ငါ့ကို ဘာတွေ လုပ်ခဲ့တာလဲ..."

"ကျွန်တော်... ကျွန်တော် ရှယ်ယာရှင် တချို့နဲ့ တိတ်တဆိတ် ပေါင်းပြီး... ခင်ဗျားရဲ့ အာဏာကို သိမ်းဖို့... ပြီးတော့... အန်းကျူ စွမ်းအင် ကုမ္ပဏီကနေ ခင်ဗျားကို ကန်ထုတ်ဖို့ ကြံစည်ခဲ့တာပါ..."

"ဒုန်း..."

သူ စကားမဆုံးသေးခင်မှာပင်... ရှယ်ယာရှင် တစ်ဦးသည် စားပွဲကို ရိုက်ကာ မတ်တတ်ထရပ်လိုက်၏။

"ဟင်နရီ... ဥက္ကဋ္ဌက မင်းအပေါ် ကောင်းခဲ့တာကို မင်းက ဒီလို အလုပ်မျိုး လုပ်ရက်တယ်ပေါ့... ဥက္ကဋ္ဌကို ဘယ်လို မျက်နှာပြရဲတာလဲ..."

"ဟုတ်တယ်... မင်း ဒီလောက်တောင် လောဘဇော တိုက်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... တိရစ္ဆာန်ထက်တောင် ဆိုးရွားတယ်..."

"ဟင်နရီ... မင်းက ဒီလို လူစားမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး... ငါ မင်းကို အထင်လွဲခဲ့တာပဲ..."

"မင်းလို လူမျိုးက အန်းကျူ စွမ်းအင် ကုမ္ပဏီမှာ ဆက်နေဖို့ မထိုက်တန်ဘူး..."

ရှယ်ယာရှင် အချို့က ဟင်နရီကို ဆဲဆိုကြိမ်းမောင်းကြတော့သည်။

ဟင်နရီမှာ သူတို့၏ အပြစ်တင် စကားများကြောင့် ခေါင်းပင် မဖော်နိုင်တော့ဘဲ... စကားရပ်သွားခဲ့ရ၏။

"မင်း ဘယ်သူတွေနဲ့ ပေါင်းထားတာလဲ..."

အန်းကျူ တေလာသည် ဤအခိုက်အတန့်တွင်ပင် တောင်တစ်လုံးလို တည်ငြိမ်နေဆဲပင်။ ဤကဲ့သို့ စိတ်တည်ငြိမ်မှုမျိုးကို သာမန်လူ တစ်ဦးက ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။

"ကျွန်တော်..."

ဟင်နရီ တုံ့ဆိုင်းသွားသည်။

အန်းကျူ တေလာက ကျန်ရှိသော ရှယ်ယာရှင်များကို တစ်ချက် ကြည့်လိုက်၏။

"မင်း မပြောချင်တာလား... ဒါမှမဟုတ် မပြောရဲတာလား..."

ဒီတစ်ကြိမ်တွင်မူ ဟင်နရီ ပါးစပ်ကို ပိတ်လိုက်ပြီး နောက်ထပ် စကားတစ်ခွန်းမှ မဆိုတော့ပေ။

အန်းကျူ တေလာသည် သူ့ကို ဆက်လက် မေးမြန်းရန် ပြင်လိုက်သော်လည်း...

ယဲ့ဖန်က ထပ်မံ ဝင်ရောက် ပြောဆို လိုက်၏။

"ဦးလေး တေလာ... သူ မပြောချင်ရင် အတင်းအကျပ် မလုပ်ပါနဲ့... တခြားသူတွေကို မေးကြည့်တာပေါ့... တချို့လူတွေ သိကောင်း သိလိမ့်မယ်..."

ဟင်နရီ လှည့်ကြည့်ကာ ယဲ့ဖန်ကို ကြည့်လိုက်လေ၏။ ဒီကောင် ဘာလို့ ဒီလောက်တောင် ကြင်နာနေရတာလဲ။ သူ့ကို ဒီလောက် လွယ်လွယ် လွှတ်ပေးလိုက်တာလား...

အန်းကျူ တေလာသည် ယဲ့ဖန်၏ ရည်ရွယ်ချက်ကို မသိသော်လည်း... သူ့စကားကို နားထောင်လိုက်ပြီး ဟင်နရီကို စစ်ဆေးခြင်းမှ ရပ်တန့်လိုက်၏။

ယဲ့ဖန်၏ အကြည့်က ရှယ်ယာရှင်များ၏ မျက်နှာများကို လှည့်ပတ်သွားပြီး... နောက်ဆုံးတွင် အသက် (၅၀) ဝန်းကျင်ရှိ အမျိုးသား တစ်ဦး၏ မျက်နှာပေါ်သို့ ရောက်ရှိ ရပ်တန့်သွားချေသည်။

စားပွဲကို ရိုက်ပြီး ဟင်နရီကို ပထမဆုံး အပြစ်တင် ဆူပူခဲ့သော သူကား ဤသူပင် ဖြစ်၏။

"ဒီလူကြီးမင်းကို ဘယ်လို ခေါ်ရမလဲ..."

သူ၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ရှိနေသော်လည်း... ရှယ်ယာရှင်များမှာ ကြက်သီးမွေးညှင်းများ ထလာရတော့သည်။

စကားအနည်းငယ်ဖြင့်ပင်... ဤလူက ဟင်နရီကို အမှန်အတိုင်း ဝန်ခံအောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလော။

သူ၏ နည်းလမ်းသည် အမှန်တကယ်ပင် အံ့မခန်း ဖြစ်ချေ၏။

"ကျွန်တော့် နာမည်က ရော်ဘင် (Robin) ပါ... ကုမ္ပဏီရဲ့ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌပေါ့..."

ထိုလူက ယဲ့ဖန်ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

သို့သော် ယဲ့ဖန်က ပွင့်ပွင့်လင်းလင်း မေးမြန်း လိုက်၏။

"ခင်ဗျား အခုပဲ ရှင်းပြမလား... ဒါမှမဟုတ် ခဏလောက် စကားပြောပြီးမှ ရှင်းပြမလား..."

ရော်ဘင်သည် ယဲ့ဖန်၏ ခြိမ်းခြောက်မှုကို ကြားသောအခါ... မျက်နှာထား ပြောင်းလဲသွားလေ၏။

"ခင်ဗျား ဘာတွေ ပြောနေမှန်း ကျွန်တော် နားမလည်ဘူး..."

"နားမလည်ဘူး ဟုတ်လား... ကိစ္စ မရှိပါဘူး... နောက်ထပ် စကားနည်းနည်း ပြောကြည့်ပါဦးမှ သိလိမ့်မည်..."

ယဲ့ဖန်က သူက ဟန်ဆောင်နေသည်ကို သိသော်လည်း ဂရုမစိုက်ပေ။

"ဒုတိယ ဥက္ကဋ္ဌ ရော်ဘင်... ဟင်နရီရဲ့ လုပ်ရပ်ကို ခင်ဗျား ဘယ်လို ထင်လဲ..."

ရော်ဘင် လှည့်ကြည့်ကာ အရှုံးသမား ကြက်ဖတစ်ကောင်လို ခေါင်းငိုက်စိုက်ကျနေသော ဟင်နရီကို ကြည့်လိုက်၏။

"ဒီလို လူစားမျိုးက ကျေးဇူး မသိတတ်တဲ့ သူပါပဲ..."

သူက မုန်းတီးစွာ အပြစ်တင် လိုက်သည်။

သူ ပြောလေလေ ဒေါသထွက်လေလေ ဖြစ်သည်။ သူ လျှောက်သွားပြီး ဟင်နရီကို လက်သီးဖြင့် ထိုးပစ်လိုက်သည်။

"လူယုတ်မာ... ဥက္ကဋ္ဌက မင်းအပေါ် ဘယ်လောက် ကောင်းခဲ့လဲ ဆိုတာ မေ့နေပြီလား... မင်းက အကျိုးအမြတ် ရှာတဲ့ ပျောက်ကျား ကုန်သည်လေး တစ်ယောက်ပဲ ရှိသေးတာ... ဘယ်သူက မင်းကို အန်းကျူ စွမ်းအင် ကုမ္ပဏီထဲ ဝင်လာအောင် ကူညီပေးခဲ့တာလဲ... အခုကျတော့ ဥက္ကဋ္ဌကို သစ္စာဖောက်ရဲတယ်ပေါ့... မင်း လူမှ ဟုတ်သေးရဲ့လား..."

သူ ဟင်နရီကို ပြင်းထန်စွာ ထိုးလိုက်သဖြင့် ဟင်နရီ၏ မျက်ခွံများ ကွဲသွားပြီး သွေးများပင် စီးကျလာရသည်။

ယဲ့ဖန်က သူ၏ လုပ်ရပ်ကို မြင်သောအခါ... အေးစက်စွာ ပြုံးလိုက်၏။

"ဒုတိယ ဥက္ကဋ္ဌ ရော်ဘင်ကသာ ဥက္ကဋ္ဌကို တကယ် သစ္စာရှိတဲ့သူလို့ ကျွန်တော် ပြောနိုင်တယ်..."

ရော်ဘင်က ခေါင်းညိတ်လိုက်၏။

"ဒါပေါ့... ဟိုတုန်းက ကျွန်တော် ရင်းနှီးမြှုပ်နှံမှု မအောင်မြင်လို့ အဆောက်အအုံပေါ်က ခုန်ချဖို့အထိ ဖြစ်ခဲ့တာ... ဥက္ကဋ္ဌက အချိန်မီ ကယ်တင်ခဲ့တာ... ကြွေးမြီတွေကိုပါ ဆပ်ပေးရုံသာမက... ရာထူးပါ တိုးပေးခဲ့တာ... ကျွန်တော့်ရဲ့ အသက်ကို ဥက္ကဋ္ဌက ကယ်ခဲ့တာပါ... ဥက္ကဋ္ဌက ကျွန်တော့်ရဲ့ ဒုတိယ မိဘလိုပါပဲ... ဒီကမ္ဘာပေါ်မှာ ဘယ်သူပဲ ဥက္ကဋ္ဌကို သစ္စာဖောက်ဖောက်... ကျွန်တော်ကတော့ မဖောက်ဘူး..."

သူ၏ စကားများက ပြတ်သား ခိုင်မာနေပြီး... အန်းကျူ တေလာ၏ နှစ်သက်မှုကိုပါ ရရှိစေခဲ့၏။

"ဒုတိယ ဥက္ကဋ္ဌ ရော်ဘင်က ကျွန်တော် ကုမ္ပဏီမှာ အယုံကြည်ဆုံး လူပါ... သူ လုပ်ခိုင်းတဲ့ ကိစ္စတိုင်းကို အမြဲတမ်း သေသေချာချာ လုပ်ပေးနိုင်တယ်... ကျွန်တော့်အတွက် အခက်အခဲ အများကြီး လျှော့ချပေးခဲ့တယ်..."

အန်းကျူ တေလာက ရော်ဘင်အပေါ် သူ၏ ချီးကျူးမှုကို ဖုံးကွယ်မထားပေ။

ယဲ့ဖန်က မထီမဲ့မြင် ပြုံးလိုက်၏။

"ဦးလေး တေလာရဲ့ လူတွေကို ဆုံးဖြတ်နိုင်စွမ်းက တကယ် ဆိုးရွားတာပဲ..."

သူ ဤစကားကို ပြောလိုက်သည်နှင့် တပြိုင်နက်... ရှိနေကြသူ အချို့၏ မျက်နှာထားများ ပြောင်းလဲသွားကြတော့သည်။

ဒီ မြို့တော် တစ်ခုလုံးမှာ အန်းကျူ တေလာ၏ လူတွေကို ဆုံးဖြတ်နိုင်စွမ်း ဆိုးရွားတယ်လို့ ပြောရဲတဲ့လူက လက်ချိုးရေလို့ ရသည်။

ယဲ့ဖန်က အန်းကျူ တေလာ ရှေ့မှောက်တွင်ပင် သူ့ကို ဝေဖန်လိုက်သည်မှာ အလွန်တရာ မာနကြီးလွန်းသည်။

ယွီကျင်းနမ် အလျင်အမြန် အန်းကျူ တေလာကို ကြည့်လိုက်၏။ တစ်ခုခု မှားယွင်းမှု ရှိသည်ကို တွေ့လျှင် လေထုကို ပြေလျော့စေရန် ဝင်ရောက် စွက်ဖက်ရမည်။

သို့သော် အန်းကျူ တေလာသည် ယဲ့ဖန်၏ ဝေဖန်မှုကို ဒေါသ မထွက်သည့်အပြင်... ဟင်နရီကို တစ်ချက် ကြည့်လိုက်ပြီး ခါးသက်သော အပြုံးဖြင့် ခေါင်းခါလိုက်၏။

"မင်း ပြောတာ မှန်ပါတယ်... ကျုပ် အရင်က လူတွေကို ဆုံးဖြတ်နိုင်စွမ်း ကောင်းတယ်လို့ ထင်ခဲ့ပေမယ့်... အခုကျတော့ ကျုပ် ဆုံးဖြတ်ချက်တွေက သိပ် မကောင်းမှန်း သိလိုက်ရပြီ..."

ယဲ့ဖန်က သူ့ကို ဂရုမစိုက်တော့ဘဲ ရော်ဘင့်ဘက်သို့ လှည့်လိုက်၏။

"ကျွန်တော် အကြံပေးချင်တာက... ခင်ဗျား ကိုယ့်အပြစ်ကို ကိုယ် ဝန်ခံသင့်တယ်... ခင်ဗျား ဘယ်လို လူတွေနဲ့ ပေါင်းပြီး ဦးလေး တေလာကို သစ္စာဖောက်ခဲ့လဲ ဆိုတာ ဝန်ခံလိုက်... မဟုတ်ရင်... ခင်ဗျားရဲ့ အတိတ်က ကိစ္စတွေကို ကျွန်တော် ဖွင့်ချလိုက်လို့ အပြစ်မတင်ပါနဲ့..."

အခန်းထဲရှိ လူတိုင်း ထပ်မံ ထိတ်လန့်သွားရပြန်သည်။

ယဲ့ဖန်၏ စကားများက တိုက်ရိုက်လွန်းနေသည်။ သူတို့ လက်ခံနိုင်စွမ်း မရှိတော့ပေ။

ဒုတိယ ဥက္ကဋ္ဌ ရော်ဘင်ကပါ အန်းကျူ တေလာကို သစ္စာဖောက်ခဲ့တာလား...

ရော်ဘင်သည် ဤတစ်ကြိမ်တွင်မူ လုံးဝ ဒေါသထွက်သွားရချေသည်။ သူက ယဲ့ဖန်၏ နှာခေါင်းကို လက်ညှိုးထိုးပြီး ကြိမ်းမောင်း လိုက်၏။

"ကောင်စုတ်လေး... မင်း ငါ့ကို စွပ်စွဲနေတာ... ငါ ဘယ်တုန်းက ဘောစ့်ကို သစ္စာဖောက်ခဲ့လို့လဲ..."

ယဲ့ဖန်က ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

"ကြည့်ရတာ ခင်ဗျားက ကိုယ်တိုင် ရှင်းပြဖို့ ဆန္ဒ မရှိဘူး ထင်တယ်... ဒါဆိုရင်... ခင်ဗျား ဘယ်လို အိမ်ထောင်ပြုခဲ့လဲ ဆိုတဲ့ အကြောင်း စပြောကြရအောင်..."

ရော်ဘင်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

"ငါ အိမ်ထောင်ပြုတာ ဘာဖြစ်လဲ... ကုမ္ပဏီထဲက လူတိုင်း သိတယ်... လျှို့ဝှက်ချက်မှ မဟုတ်တာ..."

အန်းကျူ တေလာနှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။

ရော်ဘင် ငယ်စဉ်က 'အိမ်ထောင်ဦးစီး' သမက် အဖြစ် နေထိုင်ခဲ့သည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။

ယဲ့ဖန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းလာ၏။

"အိမ်ထောင်ဦးစီး သမက် ဖြစ်တာက ရှက်စရာ မဟုတ်ပါဘူး... ဒါပေမဲ့ ခင်ဗျားက အခုကျတော့ အလှည့်အပြောင်း လုပ်ပြီး... ခင်ဗျား အမျိုးသမီးရဲ့ ပိုင်ဆိုင်မှုတွေကိုပါ သိမ်းပိုက်လိုက်တာက... နည်းနည်း များလွန်းမနေဘူးလား..."

ရော်ဘင် ထိုစကားကို ကြားသောအခါ... ပို၍ ဒေါသထွက်သွားရ၏။

"ပေါက်ကရ... ငါ ဘယ်တုန်းက ငါ့မိန်းမရဲ့ ပိုင်ဆိုင်မှုကို သိမ်းပိုက်ခဲ့လို့လဲ... ပြောစမ်း... ကုမ္ပဏီထဲက လူတိုင်းက ငါ ငါ့မိန်းမကို ဘယ်လောက် ချစ်တယ် ဆိုတာ သိတယ်... သူ အိပ်ရာထဲ လဲနေတာ (၁၀) နှစ်ကျော်ပြီတောင်... ငါ ဘယ်တော့မှ ပစ်မထားခဲ့ဘူး... မင်းက ငါတို့ရဲ့ ဆက်ဆံရေးကို ဘယ်လိုလုပ် စွပ်စွဲရဲသလဲ..."

ရှယ်ယာရှင်များကလည်း ရော်ဘင် အတွက် ထောက်ခံ ပေးကြ၏။

"ဟုတ်တယ်... ဒုတိယ ဥက္ကဋ္ဌ ရော်ဘင်နဲ့ သူ့ဇနီးရဲ့ ဆက်ဆံရေးကို ငါတို့ အားလုံး အရမ်း ကြည်နူးရပါတယ်..."

"သူ့ဇနီးက မတော်တဆ ချော်လဲပြီး အိပ်ရာထဲ လဲနေတာ နှစ်တွေ အများကြီး ရှိပြီ... ဒုတိယ ဥက္ကဋ္ဌ ရော်ဘင်က (၁၀) နှစ်လုံးလုံး ပြုစုစောင့်ရှောက်ခဲ့တာ... ဒီလို ယောကျ်ားကောင်းမျိုး ဘယ်မှာ ရှာလို့ ရမှာလဲ..."

"တခြားသူတွေက ကျေးဇူး မသိတတ်ဘူး... ဇနီးရဲ့ မိသားစု ပိုင်ဆိုင်မှုကို လုယက်တယ် ဆိုရင်တောင် ယုံချင်ယုံ... ဒါပေမဲ့ ဒုတိယ ဥက္ကဋ္ဌ ရော်ဘင် ကတော့ မယုံနိုင်ဘူး..."

"ကျွန်တော် ထင်တယ်... ဒီကောင်လေးက ပေါက်ကရတွေ လျှောက်ပြောပြီး... ဒုတိယ ဥက္ကဋ္ဌ ရော်ဘင်ကို တမင် စွပ်စွဲနေတာပဲ..."

ဟင်နရီထက် ရော်ဘင်က ဤလူတွေကြားမှာ ပိုမို ရေပန်းစားကြောင်း သိသာထင်ရှား၏။

All Chapters