← Chapters

အခန်း (၁၆၉၅-၁၆၉၇)

Vol. 89 Ch. 1695-1697

အခန်း (၁၆၉၅-၁၆၉၇)

Vol. 89 Ch. 1695-1697

အခန်း (၁၆၉၅) - ဘာလို့လဲ... ကြောက်နေပြီလား

~ယဲ့ဖန်က ဟင်နရီကို မေးခွန်းထုတ်စဉ်က... မည်သူကမှ သူ့ကို ကူညီရန် ထွက်မလာခဲ့ကြချေ။

သို့သော် ရော်ဘင်ကို မေးခွန်းထုတ်သောအခါတွင်မူ... ရှယ်ယာရှင် အများအပြား၏ ဝိုင်းဝန်း ထောက်ခံမှုကို ရရှိခဲ့၏။

ရော်ဘင်သည် ယဲ့ဖန်ကို မာနတက်စွာ ကြည့်လိုက်သည်။ 'မင်းရဲ့ ပေါက်ကရ စကားတွေကို ဘယ်သူက ယုံမှာလဲ' ဟု ဆိုလိုသည့် သဘောဖြစ်၏။

ယဲ့ဖန် လူတိုင်း၏ အငြင်းပွားမှု ပြီးဆုံးသည်အထိ စောင့်ဆိုင်းလိုက်ပြီးမှ မထီမဲ့မြင် ပြုံး လိုက်၏။

"ဒုတိယ ဥက္ကဋ္ဌ ရော်ဘင်က သူ့ဇနီးအပေါ် ဒီလောက်တောင် မြတ်နိုးသူ ဖြစ်နေမှတော့... 'ရိုမန်တစ် ပန်းခြံ' (Romantic Park) ထဲက ဗီလာ (၁၁) မှာ နေတဲ့ မိန်းမက ဘယ်သူလဲ ဆိုတာ သိခွင့် ရှိမလား..."

ရော်ဘင်သည် ထိုစကားကို ကြားလိုက်ရသောအခါ... မာနတက်နေသော အမူအရာ ချက်ချင်း ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုဖြင့် အစားထိုးခံလိုက်ရလေ၏။

"မင်း... မင်း ဘယ်လို သိတာလဲ..."

သူ စကားမှားသွားမှန်း သိလိုက်သောအခါ... ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။

သို့သော် ယဲ့ဖန်၏ စကားကြောင့် ရရှိလိုက်သော တုန်လှုပ်မှုကတော့ ပြန်ငြိမ်သွားရန် ခက်ခဲလှသည်။

သူ ဒီကိစ္စကို အလွန် လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ပြီး... ဘယ်သူမှ သိမှာ မဟုတ်ဘူးဟု ယုံကြည်ထားခဲ့သည်။

သူ့ရှေ့က သူစိမ်းက ဘယ်လိုလုပ် သိနေရသနည်း...

အန်းကျူ တေလာက သူ့ကို တိတ်တဆိတ် စုံစမ်းပြီးမှ... ယဲ့ဖန်ကို အသုံးချပြီး မေးမြန်းခိုင်းတာများ ဖြစ်နေမလား...

သီးသန့်ခန်းထဲရှိ ကျန်လူများလည်း ရော်ဘင်၏ မျက်နှာထား ပုံမမှန်သည်ကို မြင်လိုက်ရသောအခါ... တိတ်တဆိတ် သံသယ ဝင်လာကြတော့သည်။

ယဲ့ဖန် ခန့်မှန်းတာ ထပ်မှန်ပြန်ပြီလား...

ဒီ 'မြတ်နိုးသူ' ဒုတိယ ဥက္ကဋ္ဌ ရော်ဘင်မှာ တကယ်ပဲ ဖောက်ပြန်နေသူ ရှိနေတာလား...

ယဲ့ဖန် ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပြီး ရော်ဘင်၏ ရှေ့သို့ လျှောက်သွားသည်။

"အဲ့ဒီ မိန်းမက ခင်ဗျားရဲ့ ဖောက်ပြန်ဖက် (Mistress) မဟုတ်လား..."

"မဟုတ်ပါဘူး..."

ရော်ဘင် ငြင်းဆိုရန် ပြင်လိုက်သော်လည်း... ယဲ့ဖန်က လက်မြှောက်ကာ သူ့စကားကို ဖြတ်တောက်လိုက်၏။

"ခင်ဗျား ရိုးသားစွာ ပြောပြတာ ပိုကောင်းမယ်... ဒီမိန်းမ ရှိနေတာကို ကျွန်တော် သိနေတယ် ဆိုရင်... သူ့ကို ရှာတွေ့ဖို့ နည်းလမ်းလည်း ကျွန်တော့်မှာ ရှိတာပေါ့... ငြင်းဆန်နေလည်း အလကားပဲ..."

ရော်ဘင် ပြောစရာ စကား မရှိတော့ဘဲ... ထပ်မံ ငြင်းဆန်နိုင်ခြင်း မရှိတော့ပေ။

တကယ်တမ်း... ထိုမိန်းမ ရှိနေတာကို သိနေပြီး... ရိုမန်တစ် ပန်းခြံထဲက ဗီလာမှာ နေသည် ဆိုတာကိုပါ သိနေမှတော့... ပိုပြီး အသေးစိတ် စုံစမ်းဖို့ နည်းလမ်း ရှိမှာ သေချာသည်။

ငြင်းလို့ မရမှန်း သိသောအခါ... သူက တိုက်ရိုက် ဝန်ခံလိုက်တော့သည်။

"ကျွန်တော့်မှာ... ဖောက်ပြန်ဖက် ရှိပါတယ်..."

"ဟာ..."

ရောက်ရှိနေသူ အားလုံး ချက်ချင်း ပါးစပ် အဟောင်းသား ဖြစ်သွားကြတော့သည်။

...

ရှချိုးလည်း ရော်ဘင်နှင့် သူ၏ ဇနီးအကြောင်း ကြားတုန်းက စိတ်ထိခိုက်ခဲ့ရသည်။

ယောက်ျား တစ်ဦးက အိပ်ရာထဲ လဲနေသော ဇနီးကို (၁၀) နှစ်ကျော် ပြုစုစောင့်ရှောက်နိုင်တယ် ဆိုတော့... ဒီလို သစ္စာတရားက တကယ်ကို လေးစားစရာပဲလေ။

ယဲ့ဖန်က မိနစ်ပိုင်းအတွင်းမှာပင် သူ့ကို မညှာမတာ ဖွင့်ချလိုက်လိမ့်မည်ဟု ဘယ်သူက ထင်ထားမှာလဲ။

ဒီလူက... နတ်ဆိုး တစ်ကောင်များလား...

"ကျွန်တော် တကယ်ပဲ ကျွန်တော့် ဇနီးကို ချစ်ပါတယ်... သူ့ကို တစ်သက်လုံး ပြုစုစောင့်ရှောက်နိုင်ပါတယ်... သူ အိပ်ရာထဲ လဲနေတာ (၁၀) နှစ်ကျော်ပြီ... ကျွန်တော် နေ့မအား ညမအား ပြုစုခဲ့ပါတယ်... ကျွန်တော် နောင်တ မရပါဘူး..."

ရော်ဘင် ငြင်းလို့ မရတော့မှန်း သိသောအခါ... စတင် ညည်းညူလိုက်၏။

"ဒါပေမဲ့ ကျွန်တော်လည်း သာမန် ယောက်ျား တစ်ယောက်ပါ... အလုပ်ကနေ ပြန်လာတဲ့ အခါ... ကိုယ့် အခြေအနေကို မေးမယ့်သူ ရှိချင်တယ်... ပုံမှန် ဘဝ တစ်ခုကို ပိုင်ဆိုင်ချင်တယ်... ဒါက ဘာများ မှားနေလို့လဲ..... ဘာများ မှားနေလို့လဲ..."

ပရိသတ်က သူ့ကို လက်ခံဖို့ ခက်ခဲသော်လည်း... သူ့နေရာမှာ ဝင်ရောက် ခံစားကြည့်လိုက်သောအခါ... သူ ပြောတာ အဓိပ္ပာယ် ရှိနေသည်။

သာမန်လူသား တစ်ဦးအနေဖြင့်... ပုံမှန် လူနေမှုဘဝတစ်ခုကို တောင့်တမိခြင်းမှာ လူ့သဘာဝပင် ဖြစ်လေသည်။

သူ၏ ဇနီးသည်ကို (၁၀) နှစ်ကျော်တိုင်အောင် အနစ်နာခံ ပြုစုစောင့်ရှောက်ခဲ့သည်မှာပင် လောက၌ အလွန်ရှားပါးလှသည့် လုပ်ရပ်မျိုး ဖြစ်နေချေပြီ။ ထို့ထက်ပို၍ သူ၏အပေါ်၌ တောင်းဆိုနေရန် မသင့်တော့ပါချေ။

သို့သော် ယဲ့ဖန်က သူ၏ ပေါက်ကရ စကားများဖြင့် လှည့်စားခြင်းကို လက်မခံပေ။

"ဟဲဟဲ... ခင်ဗျားက လိမ်ညာရာမှာ တော်တော် ကျွမ်းကျင်တာပဲ... ခင်ဗျား ဇနီးကို ချစ်လို့ ပြုစုတာ သေချာလား... အပြစ်ရှိစိတ်ကြောင့် မဟုတ်ဘူးလား..."

ရော်ဘင် ဒေါသတကြီး စိုက်ကြည့်လိုက်၏။

"ပေါက်ကရ... ငါက ဘာကို အပြစ်ရှိစိတ် ရှိရမှာလဲ..."

ယဲ့ဖန်က သူ ခုခံနေသေးသည်ကို မြင်သောအခါ... ပေါက်ကရ စကားများ ဆက်ပြောမနေတော့ပေ။

"ခင်ဗျား ရိုးသားစွာ ပြောပြတာ ပိုကောင်းမယ်... ခင်ဗျား ဇနီး မိသားစုထဲ ဝင်တုန်းက... ယောက္ခမတွေက ခင်ဗျားကို ကိုယ့်သားလို သဘောထားခဲ့တာ... ခင်ဗျားက ကျေးဇူး မသိတတ်ရုံတင် မကဘူး... နည်းလမ်းပေါင်းစုံ သုံးပြီး ယောက္ခမတွေရဲ့ ပိုင်ဆိုင်မှုကို သိမ်းပိုက်လိုက်ပြီး... သူတို့ စိတ်ဓာတ်ကျပြီး သေဆုံးသွားစေခဲ့တယ်... ဒါ ခင်ဗျား မလုပ်ခဲ့ဘူးလို့ ပြောရဲလား..."

ရော်ဘင်၏ မျက်နှာထား ပြင်းထန်စွာ ပြောင်းလဲသွားသည်။

“ ပေါက်ကရတွေ ပြောနေတာ.... သက်သေ မရှိရင်... မင်း.. ဥပဒေ အရ အပြစ်ပေးခံရလိမ့်မယ်…”

"ပြဿနာ မရှိပါဘူး... ကျွန်တော် ဒီအခွင့်အရေးကို ယူပြီး ခင်ဗျားရဲ့ ဇနီး ပိုင်ဆိုင်မှုတွေကို ဘယ်လို လုယူခဲ့လဲ ဆိုတာ စုံစမ်းလိုက်မယ်... တကယ်လို့ ကျွန်တော် မှားခဲ့ရင်... အပြစ်ပေးခံရတာကို လက်ခံပါ့မယ်..."

ယဲ့ဖန်က သူ့ကို ကြောက်ရွံ့ခြင်း မရှိဘဲ စိုက်ကြည့်၏။

ရော်ဘင် အပြစ်ရှိသလို အကြည့်လွှဲလိုက်ရသည်။ သူ၏ ညစ်ပတ်သော အပြုအမူများက စစ်ဆေးခံရရန် မသင့်တော်သည်ကို သူ သိသည်။

ယဲ့ဖန်က အေးစက်စွာ ပြုံးလိုက်၏။

"ဘာလဲ... ကြောက်နေပြီလား... ကြောက်နေရင်... ဦးလေး တေလာကို ခင်ဗျား ဘယ်လို သစ္စာဖောက်ခဲ့လဲ ဆိုတာ ပြောပြလိုက်... ကျွန်တော် ခင်ဗျားကို လွှတ်ပေးမယ်..."

ရော်ဘင်က အန်းကျူ တေလာကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းမာနေဆဲပင်။

"ကျွန်တော့် နည်းလမ်းတွေက သိပ် ဂုဏ်ယူစရာ မကောင်းတာ မှန်ပါတယ်... ဒါပေမဲ့ ကျွန်တော် ဘောစ့်ကို သစ္စာရှိပါတယ်... မလုပ်တဲ့ ကိစ္စကို အတင်းအကျပ် ဝန်ခံဖို့ မစဉ်းစားနဲ့..."

ယဲ့ဖန်က သူ့စကားကို ဆက်နားထောင်မနေတော့ဘဲ... ဖြတ်တောက်လိုက်၏။

"ခင်ဗျား ဒီလောက်တောင် ခေါင်းမာနေရင်... ခင်ဗျားရဲ့ ဆရာကို ကျေးဇူး မသိတတ်တဲ့ အကြောင်း ဆက်ပြောကြတာပေါ့..."

"ဟိုတုန်းက ခင်ဗျား ဒုက္ခရောက်နေတုန်း... ပန်းပုဆရာကြီး တစ်ယောက်က ခင်ဗျားကို တပည့် အဖြစ် လက်ခံခဲ့တယ်... ပြီးတော့ ပန်းပုထုနည်း ပညာတွေကို သင်ပေးခဲ့တယ်..."

"ခင်ဗျား ပညာတွေ တတ်သွားတဲ့ အခါကျတော့... စက်ဆုပ်စရာကောင်းတဲ့ နည်းလမ်းတွေ သုံးပြီး... ဆရာ့ကို မျက်စိကန်းအောင် လုပ်ခဲ့တယ်... ဆရာ့ ဖောက်သည်တွေနဲ့ အဆက်အသွယ်တွေကိုပါ လုယူခဲ့တယ်... ပြီးတော့ ဆရာ့ကို အိမ်ကနေ ရက်ရက်စက်စက် မောင်းထုတ်ခဲ့တယ်... ဆရာကြီးက နောက်ပိုင်းမှာ ဆင်းဆင်းရဲရဲ သေဆုံးသွားခဲ့ရတယ်..."

"ခင်ဗျားလို ကျေးဇူး မသိတတ်တဲ့ လူယုတ်မာ တစ်ယောက်က... သစ္စာရှိတယ်လို့ ပြောရဲသေးလား... ခင်ဗျား ဘယ်သူ့ကို သစ္စာရှိရှိ... အဲ့ဒီလူ ကောင်းကောင်း အဆုံးသတ်ရမှာ မဟုတ်ဘူးဗျ..."

ယဲ့ဖန်က ရော်ဘင်၏ အတိတ်က အကြောင်းအရာများကို တစ်ခါတည်း ဖွင့်ဟလိုက်၏။ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

ဒီကိစ္စက အရမ်း ယုတ်မာလွန်းလှသည်။

ကိုယ် ဒုက္ခရောက်တုန်းက တပည့်ခံခဲ့ပြီး... အောင်မြင်သွားသည့် အခါ ကျေးဇူးကို အငြိုးနှင့် ဆပ်ခဲ့သည်။

တိရစ္ဆာန်ထက်တောင် ဆိုးရွားသည်။

ရော်ဘင် ကြောက်လွန်းသဖြင့် ရူးမတတ် ဖြစ်သွားရ၏။ သူက မျက်လုံးများ ပြူးကျယ်စွာဖြင့် ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

…

ဤကိစ္စအရပ်ရပ်တို့သည် အလွန်တရာ နက်နဲလှသော လျှို့ဝှက်ချက်များသာ ဖြစ်ကြလေ၏။

အထူးသဖြင့် မိမိ၏ ဆရာရင်းကို သစ္စာဖောက်ဖျက်ခဲ့သည့် ကိစ္စမှာ... ဆရာဖြစ်သူ ကွယ်လွန်အနိစ္စရောက်သွားပြီးသည့်နောက် ထာဝရ ပြီးဆုံးသွားပြီဟု သူ မှတ်ထင်ခဲ့မိသည်။

မိမိကိုယ်တိုင်မှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်မျှ သိရှိနိုင်လိမ့်မည်မဟုတ်ဟု သူ အခိုင်အမာ ယုံကြည်ခဲ့မိခြင်း ဖြစ်၏။

သို့သော် ယနေ့တွင်မူ... လုံးဝစိမ်းသက်လှသော သူစိမ်းတစ်ယောက်က ထိုလျှို့ဝှက်ချက်များကို လူပုံအလယ်၌ လာရောက်ဖွင့်ချနေသည် ဆိုသည့်အခါတွင်မူ...၊

"မင်း... မင်းက လူလား... သရဲလား..."

သူ ကြောက်လန့်တကြား နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်မိသည်။

သူ ကြောက်တတ်လို့ မဟုတ်ဘူး... ဒီကိစ္စက အရမ်း ထူးဆန်းလွန်း၍ပင်။

တစ်ဖက်လူက သရဲ မဟုတ်ရင်... ဘယ်လိုလုပ် ဒီလောက် ရှင်းရှင်းလင်းလင်း သိနေရမှာလဲ။

လူတိုင်းက ရော်ဘင်၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ... ယဲ့ဖန် ပြောတာ မှန်ကန်ကြောင်း သိလိုက်ကြပြီး... တုန်လှုပ်သွားရ၏။

ယဲ့ဖန်က ဒီ လျှို့ဝှက်ချက်တွေကို ဘယ်လိုများ ထွင်းဖောက် မြင်နိုင်ခဲ့တာလဲ...

အရှေ့တိုင်းက ရှေ့ဖြစ်ဟော ပညာရပ် ဆိုတာ ဒီလောက်တောင် စွမ်းတာလား...

လူတိုင်းက ယဲ့ဖန် ရှေ့မှာ ကိုယ်တုံးလုံး ချွတ်ထားသလို ခံစားနေကြရသည်။ ဘာ လျှို့ဝှက်ချက်မှ သူ့မျက်လုံးတွေက လွတ်မြောက်နိုင်မှာ မဟုတ်ချေ။

ယဲ့ဖန်က ရော်ဘင်ကို ပြုံးပြလိုက်သည်။

"ဘာလဲ... အမှန်အတိုင်း မပြောချင်သေးဘူးလား... ဒါဆိုရင်...ကျွန်တော် ဆက်ပြောလိုက်ဦးမယ်... ခင်ဗျား လုပ်ခဲ့တဲ့ ညစ်ပတ်တဲ့ ကိစ္စတွေ အကုန်လုံးကို ဖော်ထုတ်ပြီး... လူတိုင်းကို ခင်ဗျား ဘယ်လို လူစားမျိုးလဲ ဆိုတာ ပြလိုက်မယ်..."

"မလုပ်ပါနဲ့... ရပ်ပါ... ငါ ပြောပါ့မယ်..."

ရော်ဘင် နောက်ဆုံးတော့ မခံနိုင်တော့ဘဲ... ယဲ့ဖန်ကို အသနားခံ လိုက်၏။

မိမိ၏ ရှေ့မှောက်၌ ရှိနေသော ဤလူသားသည်... မည်သို့မျှ ခန့်မှန်းရခက်လှသည့် ပုဂ္ဂိုလ်ထူးတစ်ဦး ဖြစ်ကြောင်း သူ ကောင်းကောင်း သိမြင်သွားခဲ့၏။

ဤသူ၏ ရှေ့မှောက်တွင်မူ သူ၏ လျှို့ဝှက်ချက်ဟူသမျှမှာ လုံးဝ ဖုံးကွယ်ထား၍ မရနိုင်တော့ပါချေ။

ဤအခိုက်အတန့်မှာ... သူ ခုခံချင်စိတ် လုံးဝ မရှိတော့ပေ။

သူ အံကြိတ်လိုက်ပြီး... အန်းကျူ တေလာဘက်သို့ လှည့်လိုက်၏။

"ဘောစ့်... တောင်းပန်ပါတယ်...ကျွန်တော် ခင်ဗျားကို သစ္စာဖောက်ခဲ့ပါတယ်... အပြစ်ပေးပါ..."

အန်းကျူ တေလာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။

"မင်းလို လူမျိုးကပါ ငါ့ကို သစ္စာဖောက်တယ် ဆိုတော့..."

"ငါ အန်းကျူ တေလာက ဒီလောက်တောင် အရှုံးသမား ဖြစ်နေတာလား... ကုမ္ပဏီမှာ အယုံကြည်ဆုံး လူတွေက ငါ့ကို နောက်ကျော ဓားထိုးနေကြတာလား…”

အခန်း (၁၆၉၆) - မင်းရဲ့ အနာဂတ်က အကန့်အသတ် မရှိတော့ဘူး

~အန်းကျူ တေလာသည် ဤတစ်ကြိမ်တွင် တကယ်ပင် ဒေါသထွက်ခဲ့လေ၏။ သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများ တုန်ယင်နေကြသည်။

ရော်ဘင်မှာမူ ရှက်ရွံ့ခြင်းဖြင့် ခေါင်းငုံ့ထားပြီး စကားမဆိုရဲချေ။

အန်းကျူ တေလာသည် ကျန်ရှိသော ရှယ်ယာရှင်များကို လှည့်ကြည့်လိုက်၏။

"မင်းတို့ထဲမှာ ဘယ်သူတွေက ငါ့ကို သစ္စာဖောက်ခဲ့တာလဲ... အကုန် ထွက်လာကြ..."

ရှယ်ယာရှင်များ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသော်လည်း... မည်သူကမှ ရှေ့သို့ မတိုးရဲကြပေ။

ယဲ့ဖန်က သူတို့ ကံကောင်းမည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်ကို မြင်သောအခါ... တစ်ဖန် ရှေ့သို့ တိုးလာလိုက်တော့သည်။

"ဘယ်သူမှ ကိုယ့်အပြစ်ကိုယ် ဝန်ခံချင်စိတ် မရှိကြဘူး ဆိုရင်... ကျွန်တော်ကပဲ ခင်ဗျားတို့နဲ့ ဆက်ပြီး စကားပြောကြည့်ရတော့မပေါ့..."

သူ စကားမဆုံးခင်မှာပင်... ရှယ်ယာရှင်များ၏ မျက်နှာထားများ ပြင်းထန်စွာ ပြောင်းလဲသွားကြတော့၏။

ယဲ့ဖန်၏ နက်နဲလှသော ရှေ့ဖြစ်ဟော ပညာရပ်သည် သူတို့ကို အံ့အားသင့်စေပြီးဖြစ်သည်။

လျှို့ဝှက်ချက် ဘယ်လောက် နက်နက်... သူက တူးဖော်နိုင်ခဲ့သည်လေ။

သူတို့လို ရာထူး အဆင့်အတန်း ရောက်ရှိနေသူများထဲမှာ ဘယ်နှစ်ယောက်ကများ အပြစ် ကင်းနိုင်ကြမည်နည်း။

ထိုသို့ တွေးလိုက်မိသောအခါ... သူတို့ထဲမှ အချို့သည် အလျင်အမြန် မတ်တတ်ထရပ်လိုက်ကြသည်။

"ဥက္ကဋ္ဌ... ကျွန်တော် တောင်းပန်ပါတယ်..."

"ဥက္ကဋ္ဌ... အပြစ်ပေးပါ..."

"ဥက္ကဋ္ဌ..."

ဤ ရှယ်ယာရှင် ခုနစ်၊ ရှစ်ဦးလုံးသည် မတ်တတ်ထရပ်ပြီး တောင်းပန် ဝန်ခံကြတော့သည်။

အန်းကျူ တေလာသည် ထိုလူများကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိ၏။

သူ၏ ရင်ဘတ်မှာ ရုတ်တရက် အပြင်းအထန် လှုပ်ရှားလာပြီး... သွေးတစ်ပွက် အန်ချတော့မည့်အလား ဖြစ်ပေါ်လာ၏။

"မင်းတို့ အားလုံးက ငါ့ကို သစ္စာဖောက်ခဲ့ကြတာပေါ့... ငါ အန်းကျူ တေလာက မင်းတို့ အပေါ် ဘာများ မှားယွင်းခဲ့လို့လဲ... ငါက အန်းကျူ စွမ်းအင် ကုမ္ပဏီမှာ လူတိုင်းရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရတာလား..."

အန်းကျူ တေလာသည် အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦး ဖြစ်သည်။ မည်သည့် အရာကိုမဆို တည်ငြိမ်စွာ ရင်ဆိုင်နိုင်သည်ဟု သူ ယုံကြည်ထားခဲ့သည်။

သို့သော်... ဤအခိုက်အတန့်တွင်... သူ့နှင့်အတူ အန်းကျူ စွမ်းအင် ကုမ္ပဏီကို တိုက်ခိုက် တည်ထောင်ခဲ့သော ညီအစ်ကိုများ အားလုံးက သူ့ကို သစ္စာဖောက်ခဲ့ကြ၏။

ဤ ထိုးနှက်ချက်သည် စီးပွားရေး လုပ်ငန်း ဆုံးရှုံးမှုထက် အဆပေါင်း တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း ပိုမို ပြင်းထန်လေ၏။

"ဥက္ကဋ္ဌ... ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော့် နာမည်နဲ့ ရှိတဲ့ ရှယ်ယာတွေ အားလုံးကို အလကား လွှဲပေးပါ့မယ်..."

"ကျွန်တော်လည်း ကျွန်တော့် ရှယ်ယာတွေ အားလုံးကို ရှင်းလင်းပြီး... အန်းကျူ စွမ်းအင် ကုမ္ပဏီ ကိစ္စတွေမှာ လုံးဝ မပါဝင်တော့ပါဘူး..."

"ကျွန်တော် ဥက္ကဋ္ဌရဲ့ ယုံကြည်မှုကို ဖျက်ဆီးမိခဲ့ပါတယ်... ကျွန်တော်လည်း ကျွန်တော့် ရှယ်ယာတွေကို အလကား လွှဲပေးပါ့မယ်..."

ရှယ်ယာရှင် အချို့သည် အန်းကျူ တေလာ၏ မေးမြန်းမှုကို ရှက်ရွံ့လွန်း၍... သူတို့၏ ရှယ်ယာများကို အလကား လွှဲပြောင်းပေးရန် ဆန္ဒပြုကြ၏။

သို့သော် အန်းကျူ တေလာသည် အနည်းငယ်မျှပင် မပျော်ရွှင်ချေ။ သူက သူတို့ကို အေးစက်စွာ စိုက်ကြည့်နေဆဲ ဖြစ်သည်။

"ငါ အမှန်တရားကိုပဲ သိချင်တယ်..."

"မင်းတို့ ဘာလို့ ဒီလို လုပ်ခဲ့တာလဲ... ငါ မင်းတို့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မိလား... ဒါမှမဟုတ် တစ်ယောက်ယောက်က မင်းတို့ကို ဖျားယောင်း သွေးဆောင်ခဲ့တာလား..."

ရှယ်ယာရှင်များ သူ၏ မေးခွန်းကို ကြားသောအခါ... မျက်နှာထား ခက်ခဲသွားကြ၏။

"ဥက္ကဋ္ဌ... ဆက်မမေးပါနဲ့... ဆက်ပြီး စုံစမ်းရင် ဘယ်သူ့အတွက်မှ မကောင်းပါဘူး..."

"ဟုတ်ပါတယ်... ကျွန်တော်တို့ ရှယ်ယာတွေ အကုန်လုံးကို ဥက္ကဋ္ဌကို လွှဲပေးပါ့မယ်... ဥက္ကဋ္ဌရဲ့ ရာထူးက ခြိမ်းခြောက်ခံရတော့မှာ မဟုတ်ဘူး... ဆက်မတူးဆွပါနဲ့တော့..."

"ဥက္ကဋ္ဌ... ကျွန်တော်တို့ မျက်ကန်း ဖြစ်ခဲ့ကြပါတယ်... အပြစ်ပေးချင်ရင် ပေးပါ..."

သူတို့ အားလုံး ကိုယ့်အပြစ်ကို ကိုယ်ယူကြသည်။

အန်းကျူ တေလာ၏ အကြည့်သည် သူတို့၏ မျက်နှာများပေါ်သို့ လှည့်ပတ်သွားပြီး... နောက်ဆုံးတွင် ခေါင်းခါလိုက်၏။

"မင်းတို့ ပြောတာ မဟုတ်သေးဘူး... ငါ့လက်ထဲမှာ ကုမ္ပဏီ ရှယ်ယာ (၆၅%) ရှိတယ်... မင်းတို့ အားလုံး ပေါင်းရင် (၃၅%) ပဲ ရှိတာ... မင်းတို့ ရှယ်ယာတွေချည်းနဲ့ ငါ့ရဲ့ အာဏာကို ဘယ်လို သိမ်းနိုင်မှာလဲ..."

"ဒါ့အပြင်... ငါ့ရဲ့ နောက်ကွယ်မှာ ဘယ်လို အင်အားတွေ ရှိလဲ ဆိုတာ မင်းတို့ ကောင်းကောင်း သိကြတယ်..."

"ငါ အန်းကျူ စွမ်းအင် ကုမ္ပဏီမှာ နာမည်ခံ ခေါင်းဆောင် တစ်ယောက် ဖြစ်နေရင်တောင်... ဒီလို ဖြစ်လာရင် မင်းတို့ ဘာဖြစ်မယ် ဆိုတာ သိထားသင့်တယ်..."

ထိုအခါ၊ ရှယ်ယာရှင်များ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး... ခေါင်းငုံ့ကာ ဘာမှ မကြားဟန် ဆောင်လိုက်ကြ၏။

အန်းကျူ တေလာ ချက်ချင်း ဒေါသ အလွန်ထွက်သွားသည်။

"အားလုံး... အမှန်အတိုင်း ပြောကြစမ်း... ဘယ်သူက မင်းတို့ကို လှုံ့ဆော်ခဲ့တာလဲ... အမှန်အတိုင်း မပြောရင်... မင်းတို့ အားလုံးကို ထောင်ထဲ ပို့ပစ်မယ်..."

သူ၏ ခြိမ်းခြောက်မှု အောက်တွင်... ရှယ်ယာရှင်များ နောက်ဆုံးတွင် ကြောက်ရွံ့လာကြပြီး... အခြားသူများ အမှန်အတိုင်း ပြောပြမည်ကို စောင့်နေသည့်အလား တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်နေကြ၏။

အန်းကျူ တေလာသည် အသက် အကြီးဆုံး လူကို လက်ညှိုးထိုးလိုက်၏။

"မော့ဆီကာ (Moxica)... မင်း ငါနဲ့ အကြာဆုံး လုပ်ခဲ့တာ... ပြောစမ်း... တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ..."

အသက် (၆၀) ခန့်ရှိသော 'မော့ဆီကာ' သည် အန်းကျူ တေလာ၏ နာမည် တပ်ခေါ်ခြင်းကို ခံလိုက်ရသောအခါ... သက်ပြင်းချကာ ဖွင့်ဟ လိုက်တော့သည်။

"ဘောစ့်... ဘောစ့်က... မဒမ်ပါ..."

"မဒမ် (Madam)"

အန်းကျူ တေလာ ထိုစကားကို ကြားသောအခါ... မှင်သက်သွားရချေသည်။

တစ်ဖက်လူ ပြောလိုက်သည့် "မဒမ်" ဆိုသည်မှာ... သူ၏ ဇနီးကို ဆိုလိုခြင်း ဖြစ်သည်မှာ သေချာသည်။

နောက်ဆုံးတွင် ခိုးသူက အိမ်တွင်း၌ ရှိနေလိမ့်မည်ဟု ဘယ်သူက ထင်ထားမှာလဲ။

"မဒမ်က... ကျွန်တော်တို့ကို အချိန်တချို့ကတည်းက လာတွေ့ပြီး... ဥက္ကဋ္ဌရဲ့ အာဏာကို ဖယ်ရှားဖို့ ပူးပေါင်းလုပ်ဆောင်ဖို့ ပြောခဲ့တာပါ..."

"ကျွန်တော် အစက သဘောမတူခဲ့ပါဘူး... ဒါပေမဲ့ မဒမ်က ကျွန်တော့်ရဲ့ အားနည်းချက်ကို သိမ်းပိုက်ပြီး... ခြိမ်းခြောက်ခဲ့တာပါ..."

ရှယ်ယာရှင်များ အခြေအနေကို ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်ကြ၏။

အန်းကျူ တေလာ မခံနိုင်တော့ဘဲ... သွေးတစ်ပွက် အန်ချလိုက်တော့သည်။

"ဘောစ့်..."

ရှယ်ယာရှင် အချို့ ထိတ်လန့်သွားကြပြီး... အလျင်အမြန် စစ်ဆေးရန် ပြင်လိုက်ကြသည်။

ယဲ့ဖန်၊ ယွီကျင်းနမ်နှင့် အခြားသူများလည်း စိုးရိမ်လာကြ၏။

အန်းကျူ တေလာ ဤကိစ္စကြောင့် ဒေါသ အလွန်ထွက်ပြီး တစ်ခုခု ဖြစ်သွားလျှင်... သူတို့ ဒုက္ခရောက်ကုန်ကြမည်ပင်။

"ငါ အဆင်ပြေပါတယ်..."

အန်းကျူ တေလာသည် အီဗန် ဟူရှန်း၏ အကူအညီဖြင့် ပြန်လည် မတ်တတ်ထရပ်လိုက်ပြီး... လူတိုင်း၏ ကူညီမှုကို ငြင်းဆိုလိုက်သည်။

"လက်ထောက် ဟူရှန်း... မင်း သူတို့နဲ့ သွားပြီး ရှယ်ယာ လွှဲပြောင်းရေး ကိစ္စ ဆောင်ရွက်လိုက်... ရှယ်ယာ တန်ဖိုးကို ပေါက်ဈေး အတိုင်း ဝယ်ပါ... ပိုက်ဆံ တစ်ပြားမှ လျှော့မယူနဲ့..."

"ဟုတ်ကဲ့ပါ..."

အီဗန် ဟူရှန်း အလျင်အမြန် သဘောတူလိုက်ပြီး... သူတို့ကို ခေါ်ထုတ်ရန် ပြင်လိုက်သည်။

"ခဏလေး..."

အန်းကျူ တေလာ ရုတ်တရက် တားလိုက်၏။

"ဒီ ရှယ်ယာတွေ အားလုံးကို... ငါ့ သမီး နာမည်နဲ့ လွှဲပေးလိုက်ပါ..."

"ပြီးတော့... ဒီကိစ္စကို လောလောဆယ် လျှို့ဝှက်ထား... စကားတစ်လုံးမှ အပြင်ကို မပေါက်ကြားပါစေနဲ့..."

"ဟုတ်ကဲ့ပါ ဆရာ..."

အီဗန် ဟူရှန်းနှင့် ကျန် ရှယ်ယာရှင်များ သဘောတူလိုက်ပြီးနောက် သီးသန့်ခန်းထဲမှ ထွက်ခွာသွားကြတော့သည်။

အခုဆိုရင် အခန်းထဲမှာ ယဲ့ဖန်၊ အန်းကျူ တေလာ၊ ယွီကျင်းနမ်၊ ယွီဖုန်းရှန်းနှင့် ရှချိုးတို့သာ ကျန်ရစ်ခဲ့သည်။

"ဟား... ကျွန်တော် ရှက်စရာ ကောင်းတဲ့ ကိစ္စ လုပ်မိသွားပြီ..."

အန်းကျူ တေလာ ခါးသက်စွာ ရယ်မောလိုက်၏။ သူ သွေးအန်ထားသဖြင့် မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေ၏။

"အစ်ကို တေလာ... အဲ့ဒီလို မပြောပါနဲ့... ဘယ်သူမှ ဒီလို ကိစ္စမျိုးကို မလိုလားကြပါဘူး..."

ယွီကျင်းနမ် အလျင်အမြန် လျှောက်လာပြီး သူ့ပခုံးကို ပုတ်လိုက်၏။

အန်းကျူ တေလာ ခေါင်းခါလိုက်ပြီး ခါးသက်စွာ ပြုံးလိုက်ပြီးနောက်... ယဲ့ဖန်ကို ကြည့်လိုက်၏။

"မစ္စတာ ယဲ့... ဒီကိစ္စရဲ့ နောက်ကွယ်က ကြံစည်သူက ကျုပ် ဇနီး ဆိုတာ... မင်း မြင်ပြီးသား ဖြစ်မှာပေါ့..."

ယဲ့ဖန် ငြင်းဆန်မနေပေ။

"ကျွန်တော် မြင်နိုင်ပါတယ်... ဒါပေမဲ့ သက်သေ မရှိဘဲ ဘာမှ ပြောလို့ မရဘူး... ဒီ ရှယ်ယာရှင်တွေကို ခေါ်ပြီး သူတို့ ကိုယ်တိုင် ရှင်းပြခိုင်းရုံပဲ တတ်နိုင်တယ်..."

အန်းကျူ တေလာ ချက်ချင်း သူ့ကို လက်မထောင်ပြလိုက်၏။

"မင်းက ရှေ့ဖြစ်ဟော ပညာရပ်မှာ တော်ရုံတင် မကဘူး... လောကဓံ အကြောင်းကိုပါ မြင်တတ်တယ်... မင်းရဲ့ အနာဂတ်က အကန့်အသတ် မရှိဘူး..."

အန်းကျူ တေလာလို ပုဂ္ဂိုလ်ကြီး တစ်ဦး၏ ချီးကျူးမှုကို ခံရလျှင်... တခြားလူသာ ဆိုလျှင် ပျော်ရွှင်လွန်း၍ အော်ဟစ်မိလိမ့်မည်။

သို့သော် ယဲ့ဖန်ကတော့ အပေါ်ယံတွင် တည်ငြိမ်နေဆဲပင်။

ရှချိုးက ဘေးမှနေ၍ သူ့ကို တိတ်တဆိတ် အကဲခတ်နေ၏။

သူမ၏ လှပသော မျက်လုံးများတွင် အရောင်အဝါများ ပြည့်နှက်နေပြီး... သူမ ဘာတွေးနေလဲ ဆိုတာ မသိနိုင်ပေ။

"ဒါနဲ့... ဦးလေး တေလာ... ခင်ဗျားရဲ့ ဇနီးမှာ... ခင်ဗျား အပေါ် ဘယ်လို အားနည်းချက်တွေ ရှိနေလဲ ဆိုတာ... သူ သိနေလောက်တယ်... သတိထားရမယ်..."

ယဲ့ဖန်က ထပ်မံ သတိပေး လိုက်သည်။

"ပြီးတော့... ကျွန်တော့် အထင် မှားရင် မှားပါစေ... ခင်ဗျားရဲ့ ဇနီးမှာ... အရမ်းကို အင်အားကြီးမားတဲ့ နောက်ခံ တစ်ခု ရှိနေတယ်ဗျ..."

"မဟုတ်ရင်... သူ ဒီလို အလုပ်မျိုး လုပ်ရဲမှာ မဟုတ်ဘူး... သူမနဲ့ ပေါင်းထားတဲ့ ရှယ်ယာရှင်တွေက... အန်းကျူ မိသားစုရဲ့ လက်စားချေတာကို ကြောက်ရမှာ မဟုတ်ဘူးလား..."

“...”

အခန်း (၁၆၉၇) - ကောင်မလေး... မင်းက ငါ့ကို မရ ရအောင် ဖမ်းဖို့ ကြိုးစားနေတာလား

~"သတိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်... သူမက ပြဿနာ ရှာနေမှန်း သိနေပြီ ဆိုတော့... ကျွန်တော့်မှာ သူ့ကို ကိုင်တွယ်ဖို့ နည်းလမ်း ရှိပါတယ်..."

အန်းကျူ တေလာသည် ဩဇာအာဏာရှိသော ပုဂ္ဂိုလ်၏ အရှိန်အဝါကို ထုတ်ဖော်ပြသလိုက်ရာ... ထိုနေရာရှိ လူတိုင်း တိတ်တဆိတ် လေးစား အထင်ကြီးသွားကြတော့၏။

ထင်ထားသည့်အတိုင်းပင်... ကျားတစ်ကောင် အိပ်ပျော်နေသော်လည်း... သူသည် ကျားတစ်ကောင်သာ ဖြစ်သည်။

မည်သူမဆို သူ့ပါးစပ်မှ အစာကို လုယူရန် အခွင့်ကောင်းယူသည်ဟု ထင်မှတ်ပါက... ကြီးမားသော အဖိုးအခကို ပေးဆပ်ရမည်မှာ မလွဲဧကန်ပင်။

"မစ္စတာ ယဲ့... ဒီတစ်ခါ မင်းကြောင့် အားလုံး အဆင်ပြေသွားတာပါ... မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေက တွေးတောင် မတွေးရဲစရာပါပဲ... ကျုပ် ကတိအတိုင်း... ခင်ဗျားကို ဒေါ်လာ (၁၈.၈၈) သန်း တန်ဖိုးရှိတဲ့ အနီရောင် စာအိတ် ပေးပါ့မယ်... အန်းကျူ စွမ်းအင် ကုမ္ပဏီ အတွင်းက လျှို့ဝှက် အန္တရာယ်တွေကို ဖြေရှင်းပြီးတဲ့ နောက်မှာတော့... ဒေါ်လာ (၁၆၈) သန်း တန်ဖိုးရှိတဲ့ အနီရောင် စာအိတ်ကြီး တစ်ခု ထပ်ပေးပါ့မယ်..."

အန်းကျူ တေလာ ဤစကားကို ပြောလိုက်သည့် အခိုက်အတန့်တွင်... ရှိနေကြသူ အားလုံး လျှာသပ်သွားကြတော့သည်။

ပါးစပ်ဖွင့်သည်နှင့် သန်း ရာဂဏန်း တန်ဖိုးရှိသော အနီရောင် စာအိတ်များ ပေးလိုက်သည်မှာ... အလွန်တရာ ရက်ရောလွန်းပေ၏။

ယဲ့ဖန် ငြင်းဆန်ရန် ပြင်လိုက်သော်လည်း... အန်းကျူ တေလာက ဖြတ်တောက် တားဆီး လိုက်၏။

"မငြင်းပါနဲ့... မင်း… ကျုပ်ကို ဒီလောက် ကြီးမားတဲ့ ပြဿနာ ဖြေရှင်းပေးခဲ့တာ... သန်း (၁၀၀) ကျော်လောက် လက်ဆောင် ပေးတာက ဘာမှ မဟုတ်သေးပါဘူး..."

ထိုအခါမှာ၊ ယွီကျင်းနမ်ကလည်း ဝင်ရောက် တိုက်တွန်းလိုက်၏။

"မစ္စတာ ယဲ့... အစ်ကို တေလာက ပေးချင်နေမှတော့ ယူလိုက်ပါ... ဘီလီယံ တစ်ခုဆိုတာ သူ့အတွက် ပင်လယ်ထဲက ရေတစ်စက်စာလောက်ပဲ ရှိတာ... မယူရင် အလကား ဆုံးရှုံးသွားမှာ..."

အန်းကျူ တေလာက သူ့ကို မျက်စောင်းထိုးလိုက်၏။

"အစ်ကို ယွီ... ခင်ဗျားက ခင်ဗျားရဲ့ ကလေးကို အကာအကွယ် ပေးလွန်းနေပြီ... မစ္စတာ ယဲ့ကို ကျွန်တော့်ဆီကနေ အခွင့်ကောင်း ယူဖို့တောင် ကူညီပေးနေတာလား..."

ယွီကျင်းနမ်က တဟဲဟဲ ရယ်မောလိုက်၏။

"လူငယ်လေးတွေက ခင်ဗျားလို သူဌေးကြီးတွေရဲ့ ထောက်ပံ့မှုကို လိုအပ်တာပေါ့..."

"ဟားဟားဟား..."

ပြောရမည် ဆိုလျှင်... အန်းကျူ တေလာသည် အမြော်အမြင် ရှိသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ ဤမျှ ကြီးမားသော အရေးအခင်းကြီးကို ရင်ဆိုင်ခဲ့ရသော်လည်း... မျက်စိတစ်မှိတ် အတွင်း စတင် ရယ်မော စကားပြောနိုင်ပြီ ဖြစ်ချေသည်။

ခဏအကြာတွင် သူ ရုတ်တရက် လှည့်ကြည့်ကာ ယဲ့ဖန်ကို မေးမြန်း လိုက်၏။

"မစ္စတာ ယဲ့... မင်း လက်ထပ်ပြီးပြီလား..."

"အာ..."

ယဲ့ဖန်၏ အပြုံးက သူ့မျက်နှာပေါ်တွင် ခဲသွားရသည်။

စကားလမ်းကြောင်း ပြောင်းလဲသွားသည်မှာ အနည်းငယ် မြန်လွန်းသည်။ သူ အရှိန်အဟုန်ကို မလိုက်နိုင်တော့ပေ။

ဘေးတွင် ရပ်နေသော ရှချိုးလည်း အန္တရာယ် ရှိသော ကြောင်တစ်ကောင်ကဲ့သို့ စိုးရိမ်ပူပန်လာရသည်။

အန်းကျူ တေလာက ယဲ့ဖန်၏ အဖြေကို စောင့်မနေတော့ဘဲ စကားစလိုက်လေ၏။

"ငါ့မှာ သမီးလေး တစ်ယောက် ရှိတယ်... အရမ်း လှပတယ်... စွမ်းရည်လည်း ထက်မြက်တယ်... မင်းနဲ့ဆိုရင် စုံတွဲ လိုက်ဖက်မှာ သေချာတယ်... မင်း လက်မထပ်ရသေးရင်... ချိန်းတွေ့ကြည့်ကြပါလား..."

သူက ယဲ့ဖန်အပေါ် နှစ်သက်မြတ်နိုးမှုကို လုံးဝ ဖုံးကွယ်မထားပေ။ သူ့သမီးနှင့် ယဲ့ဖန်ကို ပေးစားရန်ပင် ဆန္ဒရှိနေခြင်း ဖြစ်သည်။

ယွီကျင်းနမ်ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

"အစ်ကို တေလာ... ခင်ဗျား နည်းနည်း လောနေတယ် မဟုတ်လား..."

အန်းကျူ တေလာက ချက်ချင်း သတိထားသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။

"ဘာလဲ... ခင်ဗျားက ကျွန်တော့် သမက်ကို လုယူချင်နေတာလား..."

ယွီကျင်းနမ် ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။

"ကျွန်တော် လုယူချင်တာ မှန်ပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ သမီး မရှိဘူးလေ... အခု သမီး တစ်ယောက် ရှိနေရင်တောင် နောက်ကျနေပြီ..."

ထိုအခါမှ အန်းကျူ တေလာ စိတ်အေးသွားပြီး... ယဲ့ဖန်ဘက်သို့ လှည့်ကြည့်ကာ တိုက်တွန်း လိုက်၏။

"မစ္စတာ ယဲ့... စဉ်းစားကြည့်ပါဦး..."

"မင်းသာ ကျုပ် သမက် ဖြစ်လာရင်... မင်းရဲ့ ဘဝ ခရီး တဝက်လောက်ကို လျှော့ချလိုက်နိုင်မယ်နော်..."

ဤ သွေးဆောင်မှုက သေးငယ်သော အရာ မဟုတ်ပေ။

အန်းကျူ တေလာ၏ ပိုင်ဆိုင်မှုက ဘီလီယံ ရာချီ တန်ဖိုးရှိသည်။ ဒါက တကယ့် ရွှေတွင်းကြီးပင်။

ထို့အပြင်... သူ့သမီး အန်းကျူ ပရင့်စ် သည်လည်း ကမ္ဘာ့အဆင့်မီ အလှပဂေး တစ်ဦး ဖြစ်ကြောင်း ယဲ့ဖန် သိထားခဲ့သည်။

ဤသည်မှာ တခြားလူများ ဘယ်လိုမှ မျှော်လင့်လို့ မရနိုင်သော ကံကောင်းခြင်း တစ်ခုပင်။

ရှချိုး ကိုယ်တိုင်ပင်လျှင် ယဲ့ဖန် နေရာတွင် ဝင်ခံစားကြည့်လိုက်သောအခါ... သူမသည် ထို သွေးဆောင်မှုကို ခုခံနိုင်မည် မဟုတ်ဟု တွေးမိသည်။ သူမ ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်လိုက်၏။

သို့သော် ယဲ့ဖန်သည် ကောင်းကင်မှ ကျလာသော ဤကြီးမားသော လက်ဆောင်ကြောင့် စိတ်လှုပ်ရှားခြင်း မရှိပေ။ သူက တည်ငြိမ်စွာ ခေါင်းခါလိုက်၏။

"ဦးလေး တေလာရဲ့ မျက်နှာသာပေးမှုကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော် တောင်းဆိုမှုကို ငြင်းဆိုပါရစေ..."

"ဘာလို့လဲ... ကျုပ် သမက် ဖြစ်လာရင်... ခက်ခဲတဲ့ ဘဝ ခရီး တစ်ဝက်လောက်ကို လျှော့ချလို့ ရတာပဲ..."

အန်းကျူ တေလာသည် သူ၏ ရွေးချယ်မှုကို နားမလည်နိုင် ဖြစ်သွားရ၏။

"အဘယ်ကြောင့်ဆိုသော်... ကျွန်တော် ချစ်တဲ့သူ တစ်ယောက် ရှိနေလို့ပါ..."

ယဲ့ဖန် ပြုံးလိုက်၏။

အန်းကျူ တေလာက ရှချိုးကို တစ်ချက် ကြည့်လိုက်ပြီး တစ်စုံတစ်ရာ နားလည်လိုက်သကဲ့သို့ သက်ပြင်းချလိုက်ပြီး... အတင်းအကျပ် မတိုက်တွန်းတော့ချေ။

ရှချိုး ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်မိ၏။ သူမ၏ မျက်နှာ နီရဲသွားရသည်။

‘သူ ပြောနေသော "ချစ်တဲ့သူ" ဆိုသည်မှာ သူမများလား...

မဖြစ်နိုင်ပါဘူး...

သူက သူမအပေါ် ချစ်ကြောင်း တစ်ခါမှ ထုတ်မပြောဖူးဘူး။

ဒါပေမဲ့ တကယ်လို့ သူမ မဟုတ်ရင်... ဘယ်သူ ဖြစ်နိုင်မှာလဲ...။’

ရှချိုး ရင်ထဲ၌ ဝေခွဲမရ ဖြစ်သွားသည်။

ဤသို့ အတက်အကျများစွာ ကြုံတွေ့ပြီးနောက်... သူတို့ အစာစားချင်စိတ် ပျောက်ဆုံးသွားကြ၏။

ထိုင်ပြီး စကားပြောနေရင်း... ညစာစားပွဲ ပြီးဆုံးသွားတော့သည်။

ယဲ့ဖန်နှင့် အန်းကျူ တေလာတို့ ဆက်သွယ်ရန် အချက်အလက်များ လဲလှယ်ပြီးနောက် ထွက်ခွာလာခဲ့ကြ၏။

"မစ္စတာ တေလာက သူ့သမီးနဲ့ ပေးစားချင်တာကို... ဘာလို့ သဘောမတူလိုက်ရတာလဲ..."

ယဲ့ဖန် အရက်မူးနေသဖြင့် ကားမမောင်းနိုင်တော့ပေ။ ရှချိုးက သူ့ကို ကားမောင်းပြီး လိုက်ပို့ပေးနေခြင်း ဖြစ်သည်။

"ဘာလို့ သဘောတူရမှာလဲ..."

ယဲ့ဖန်က ခရီးသည် ထိုင်ခုံတွင် ထိုင်ရင်း... မျက်လုံးထောင့်ဖြင့် သူမကို ကြည့်လိုက်၏။

"အန်းကျူ တေလာကို ပြောနေတာလေ... သူ့သမက် ဖြစ်သွားရင်... မိုးပေါ် တက်သွားသလိုပဲ... ဒါက ယောက်ျားတွေ အများကြီး မက်မက်မောမော ဖြစ်နေတဲ့ ကိစ္စလေ..."

ရှချိုးက သူ့ကို မရိုးသားသော မျက်လုံးများဖြင့် စိုက်ကြည့်ပြီး မေးမြန်း လိုက်သည်။

"သွား... ဘယ်သူက ရှင့်အတွက် ဝမ်းနည်းနေမှာလဲ..."

ရှချိုးက ဆွဲဆောင်မှု ရှိစွာဖြင့် နှုတ်ခမ်းစူလိုက်၏။

ယဲ့ဖန်က အနက်ရောင် ခြေအိတ်န ဝတ်ထားသော သူမ၏ ခြေထောက်ပေါ် လက်တင်လိုက်၏။

"ကောင်မလေး... မင်းက ငါ့ကို မရ ရအောင် ဖမ်းဖို့ ကြိုးစားနေတာလား..."

ရှချိုး၏ လှပသော မျက်နှာလေး လည်ပင်းအထိ ရဲတက်သွားရ၏။ တခြားအချိန်သာ ဆိုလျှင်... သူမ ပြင်းထန်စွာ ခုခံမိလိမ့်မည်။

သို့သော် ယနေ့မူ... အကြောင်းရင်း တစ်ခုခုကြောင့် သူမက ခွင့်ပြု လိုက်သည့် သဘော သက်ရောက်နေသည်။

ယဲ့ဖန် မထိန်းချုပ်နိုင်တော့ဘဲ... စတီယာရင်ကို ဆုပ်ကိုင်လိုက်ပြီး ကားကို လမ်းဘေးတွင် ရပ်တန့်လိုက်၏။ ထို့နောက် သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့၏။

ရှချိုး အော်သံ မထွက်နိုင်ခင်မှာပင်... သူက သူမ၏ နှုတ်ခမ်းကို ဖိကပ် နမ်းရှိုက်လိုက်တော့၏။

"အာ..."

ရှချိုးသည် လျှပ်စစ် ဓာတ်လိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ ကိုယ်ခန္ဓာ ချက်ချင်း တောင့်တင်းသွားပြီး... ဦးနှောက် လုံးဝ လွတ်သွားတော့သည်။ ယဲ့ဖန်၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ လက်နက်ချလိုက်ရလေ၏။

ထိုအခြေအနေကို မြင်သောအခါ... ယဲ့ဖန်က ပို၍ ရဲတင်းလာပြီး... လက်ကို ဖြည်းညင်းစွာ ရွှေ့လိုက်၏။

"မလုပ်နဲ့..."

ရှချိုး နောက်ဆုံးတွင် အသိပြန်ဝင်လာပြီး... စတင် ခုခံလိုက်၏။ ယဲ့ဖန်က သူမ၏ မူဝါဒကို ကျော်လွန်သွားပြီ ဖြစ်သည်။

ယဲ့ဖန် ဖြည်းညင်းစွာ သူမ၏ နှုတ်ခမ်းကို လွှတ်လိုက်၏။

ပျော်ရွှင် ကျေနပ်နေသော အမူအရာ။

ရှချိုး၏ မျက်နှာလေး နီရဲနေပြီး... အပေါက်ရှာပြီး ပုန်းချင်စိတ် ပေါက်နေသည်။

"ရှင်က မစ္စတာ တေလာကို ငြင်းလိုက်တုန်းက... ချစ်တဲ့သူ ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား..."

"ဟုတ်တယ်... ရှိပါတယ်..."

"ဒါဆို ရှင့် ချစ်သူက ဘယ်သူလဲ..."

ရှချိုး မေးပြီးသည်နှင့်... ယဲ့ဖန်ကို မျှော်လင့်တကြီး ကြည့်လိုက်၏။

"သိချင်လား..."

ယဲ့ဖန်က သူမကို ဖျော့တော့စွာ ပြုံးပြီး ကြည့်လိုက်၏။

"ဟုတ်တယ်..."

ရှချိုး ခေါင်းညိတ်လိုက်သည်။

"ကိုယ့်ကို အရင် နမ်းလိုက်... အဲ့ဒါဆို ပြောပြမယ်..."

ယဲ့ဖန်က သူ့မျက်နှာကို မရှက်မကြောက် ညွှန်ပြလိုက်၏။

"သွား... ရှင် ပြောချင်ပြော မပြောချင်နေ..."

ရှချိုးက ဒေါသတကြီး ဟန်ဆောင်ပြီး လှည့်ထွက်သွားသည်။

"ကောင်းပါပြီ... ပြောပြပါ့မယ်... မင်း.. သိတဲ့ လူပါ..."

ယဲ့ဖန်က သူမကို လေးလေးနက်နက် ကြည့်လိုက်၏။

"ကျွန်မ သိတဲ့သူ... ဘယ်သူလဲ..."

ရှချိုးက သူတို့ နှစ်ယောက် အတူတူ သိတဲ့ မိန်းမ တစ်ယောက်ကို ရှာဖွေဖို့ ဦးနှောက်ကို ညှစ်ထုတ်နေသော်လည်း... အဖြေ မရပေ။

"သူက ရုပ်ရှင်မင်းသမီး တစ်ယောက်..."

"မင်းသမီး..."

"ဟုတ်တယ်... ပြီးတော့ သူ ရိုက်တဲ့ ရုပ်ရှင်တွေကို မင်း.. ကြည့်ဖူးမှာပါ..."

"ဘယ်သူလဲ..."

"သူက..."

ယဲ့ဖန်၏ မျက်လုံးများ ကောက်ကျစ်စွာ လင်းလက်သွားသည်။

"မီကာမီ ယူအာ (Mikami Yua) ..."

"

“...”

All Chapters