← Chapters

အခန်း (၁၀၀၉-၁၀၁၁)

Vol. 68 Ch. 1009-1011

အခန်း (၁၀၀၉-၁၀၁၁)

Vol. 68 Ch. 1009-1011

အခန်း (၁၀၀၉) ထျန်ကျောက်၊ ကျန်ရစ်စစ်တုရင်တောင်ထိပ်

"ဘယ်သူလဲ"

ချိုက်မိသားစုဝင်များအားလုံး လန့်ဖျပ်သွားကြသည်။ ထို့နောက် လေဟာနယ်အတွင်းမှ ဓားအလင်းတန်းတစ်ခု စတင် ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားသော ဓားကြီးတစ်လက်သည် ကောင်းကင်ယံကို ဖြတ်သန်းလျက် ချိုက်မိသားစု၏ ပျံသန်းယာဉ်ရှေ့တွင် ပေါ်လာသည်။ ထို့နောက် ရွှယ်အန်၏ အသံသည် ချိုက်မိသားစုဝင်တိုင်း၏ နားထဲသို့ ရောက်ရှိလာသည်။

"မင်းတို့သာ လိမ္မာပြီး ထွက်သွားရင် အားလုံးအဆင်ပြေမှာကို... ဝမ်းနည်းစရာပဲ၊ အခွင့်အရေးပေးတာတောင် တန်ဖိုးမထားကြဘူးကိုး... ဒါကြောင့် ဒီဓားနဲ့ပဲ မင်းတို့ကို ခရီးဆက်ခိုင်းလိုက်တော့မယ်"

"မလုပ်ပါနဲ့..."

စိုင်းမိသားစုခေါင်းဆောင်သည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။ သို့သော် ယခုအချိန်တွင် ရုန်းကန်မှုအားလုံးက အဓိပ္ပာယ်မရှိတော့ပေ။ ဓားသွားသည် လေဟာနယ်ကို ဖြတ်သန်းကာ ပျံသန်းယာဉ်၏ အလယ်တည့်တည့်ကို ပိုင်းဖြတ်လိုက်သည်။

ကွပ်!

ကျိုးပဲ့သံနှင့်အတူ ချိုက်မိသားစု၏ ပျံသန်းယာဉ်အလယ်တွင် အက်ရာပါးပါးတစ်ခု ပေါ်လာပြီး ချက်ချင်းပင် တစစီ ကွဲအက်သွားသည်။ ကြယ်တာရာ ကောင်းကင်ယံမှ ကြီးမားသော စုပ်ယူအားက ပျံသန်းယာဉ်ကို ချက်ချင်း ဆွဲဖြဲပစ်လိုက်သည်။ သို့သော် ဤအရာများအားလုံးသည် ချိုက်မိသားစုဝင်များအတွက် အဓိပ္ပာယ်မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဓားသွားမကျရောက်မီကပင ဓားအလင်းတန်းထဲတွင် ပါဝင်သော အမြင့်ဆုံးသော ဓားဆန္ဒကြောင့် ယာဉ်ပေါ်ပါသူ အားလုံး၏ ဝိညာဉ်များ ကြေမွပျက်စီးခဲ့ပြီး ဖြစ်သောကြောင့်ဖြစ်သည်။

ဤသို့ဖြင့် ချိုက်မိသားစုသည် ရွှယ်အန်း သီးသန့် ချန်ထားရစ်ခဲ့သော ဓားဆန္ဒဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ နောက်တစ်နေ့တွင် ဖြတ်သန်းသွားသော အခြားပျံသန်းယာဉ်တစ်စင်းက သတင်းပေးပို့မှသာ ယွဲ့ကျန်းဂြိုလ်သို့ သတင်းရောက်ရှိသွားသည်။ ကျူကောရွှမ်ချင်သည် ထိုသတင်းကို ကြားသောအခါ မှင်သက်သွားပြီး အချိန်အတော်ကြာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။ ထိုအချိန်က ရွှယ်အန်း ပြောခဲ့သော အချိန်ကျပြီ ဆိုသည့်စကား၏ အဓိပ္ပာယ်ကို နောက်ဆုံးတွင် သူမ နားလည်သွားသည်။

မစ္စတာရွှယ်က အစကတည်းက ချိုက်မိသားစု ရန်ငြိုးထားပြီး ထျန်ကျောက် ကြယ်တာရာနယ်မြေဘက် ကူးပြောင်းသွားမယ်ဆိုတာ သိလို့ ကြိုတင်ပြင်ဆင်ထားတာများလား၊ တကယ်လို့ ဒါသာ အမှန်ဆိုရင် မစ္စတာရွှယ်က တကယ်ကို ကြောက်စရာကောင်းလွန်းတယ်

ကျူကောရွှမ်ချင်း၏ ရင်ထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသည်။ သတင်းကြားရသော အခြားလူများမှာလည်း ရွှယ်အန်း၏ ပြတ်သားသော လုပ်ရပ်ကြောင့် တုန်လှုပ်သွားကြသည်။ တစ်ချိန်တည်းမှာပင် ထျန်ကျောက်ကြယ်ရှိ ကျန်ရစ်စစ်တုရင်တောင်ထိပ်ခြေရင်းတွင် လူအုပ်ကြီးမှာ သမုဒ္ဒရာပြင်ကြီးပမာ စုရုံးရောက်ရှိနေကြသည်။ ဤနေရာတွင် ထျန်ကျောက် ကြယ်တာရာနယ်မြေတစ်ခုလုံးမှ စစ်တုရင်ဆရာတိုင်းနီးပါး ရောက်ရှိနေကြခြင်းဖြစ်သည်။ ထိာမျှများပြားသော အစွမ်းထက်ပုဂ္ဂိုလ်များ စုရုံးနေမှုသည် ရိုးရိုးတွေ့ဆုံပွဲဆိုလျှင်ပင် မြင်ရသူကို ကျောချမ်းသွားစေနိုင်သည်။

တောင်ခြေရင်းတွင်တော့ ထျန်ကျောက် ကြယ်တာရာနယ်မြေ၏ စစ်တုရင်မျိုးရိုးမြင့် မိသားစုကြီးများ နေရာယူထားကြသည်။ သူတို့အထဲတွင် တိုက်၊ ကူနှင့် ယွမ် မိသားစုတို့က ခေါင်းဆောင်များ ပါ၀င်ကြသည်။ ဟုတ်ပေသည်။ ရွှယ်အန်းလက်ချက်ဖြင့် သေဆုံးသွားသော တိုက်ချင်ရှင်းကဲ့သို့သော သူများသည် ဤမိသားစုကြီးများမှ ဖြစ်ကြသည်။ ထျန်ကျောက် စစ်တုရင်အကယ်ဒမီတစ်ခုလုံးကို ဤမိသားစုကြီးများက ထိန်းချုပ်ထားသည်ဟုပင် ပြောနိုင်သည်။ ထို့ကြောင့် ရွှယ်အန်းက စစ်တုရင်အကယ်ဒမီကို ဖျက်ဆီးလိုက်ခြင်းသည် ဤမိသားစုကြီးများ၏ အကျိုးစီးပွားကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ထို့ကြောင့် သူတို့ ပူးပေါင်းကာ ဤနေရာတွင် စုရုံးရောက်ရှိနေကြခြင်း ဖြစ်သည်။

"ငါ့သဘောကတော့ ဒီမှာ ထိုင်စောင့်မနေဘဲ ယွဲ့ကျန်းဂြိုလ်ကို တိုက်ရိုက်သွားပြီး ရွှယ်ဆိုတဲ့ကောင်နဲ့ စာရင်းရှင်းသင့်တယ်လို့ ထင်တယ်ကွ"

မျက်နှာတွင် အမာရွတ်များနှင့် ကြမ်းတမ်းသော ရုပ်ရည်ရှိသည့် လူသန်ကြီးတစ်ဦးက ဟိန်းဟောက်လိုက်သည်။

"ဟဲဟဲ... ခေါင်းဆောင်ကူက စိတ်မြန်နေပုံရတယ် ဒါပေမဲ့ အဲ့ဒီကောင်လေးက သာမန်ပြိုင်ဘက် မဟုတ်ဘူးလေ၊ တိုက်ရိုက်သွားတိုက်ရင် ရလဒ်က မသေချာဘူးရှင့်"

တိုက်ချင်ရှင်းနှင့် အသံတူသော နူးညံ့သည့် အသံတစ်ခုသည် ဘေးမှအမျိုးသမီးတစ်ဦးထံမှ ထွက်ပေါ်လာသည်။ ကူအီးက ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်သည်။

"တိုက်ယွဲ့ရှင်း... မင်းကြောက်နေတာနဲ့ပဲ တခြားလူတွေပါ ကြောက်မယ်မထင်နဲ့၊ ရွှယ်ဆိုတဲ့ကောင်က ဒဏ္ဍာရီတွေထဲကလို ကြောက်စရာကောင်းတယ်ဆိုတာ ငါတော့ မယုံပါဘူး၊ သူ့မှာ ခေါင်းနှစ်လုံး ပေါက်နေရင်တောင် ငါ ဆွဲဖြုတ်ပစ်လိုက်မယ်"

တိုက်ယွဲ့ရှင်းက မဲ့ပြုံးပြုံးလိုက်သည်။

"ကူအီး... ရှင်က လေကြီးမိုးကြီး ပြောရတာပဲ တော်တယ်... ဒါဆို ရှင်ပဲ သွားပါလား... ဘာလို့ ဒီမှာ ကြွက်သား လာပြနေတာလဲ... ဒီနေ့ ရှင်တို့ကို အမှန်အတိုင်း ပြောလိုက်မယ်... ရှင် သေချင်ရင် တစ်ယောက်တည်းသွားသေ၊ ငါတို့ကိုပါ ဆွဲထည့်ဖို့ မစဉ်းစားနဲ့"

"မင်း..."

ကူအီး ဒေါသထွက်သွားသည်။

"တော်ကြပါတော့ဗျာ... လျှော့ကြပါတော့... ငါတို့ မိသားစုသုံးခုစလုံးက လူတွေ ရွှယ်အန်းလက်ချက်နဲ့ သေခဲ့ရတာပဲ၊ ခံစားချက်ချင်း တူတူပါပဲ... အချင်းချင်း ရန်ဖြစ်နေစရာ မလိုပါဘူး"

ယခုအချိန်ထိ တိတ်ဆိတ်နေသော ယွမ်ကျန်းထျန်က ဝင်ရောက် ဖျန်ဖြေလိုက်သည်။

"ဟွန်း... ငါ နားမလည်တာက ဒီကောင် ဘယ်လောက်စွမ်းစွမ်း ငါတို့ လူအများကြီးနဲ့ ဝိုင်းတိုက်ရင် သေမှာပဲကို... ဘာလို့ ဒီမှာ အချိန်ဖြုန်းနေရတာလဲ"

ကူအီးက ညည်းတွားလိုက်သည်။

"ဒါဆိုလည်း ကောင်းပြီလေ... အချိန်ကျရင် ခေါင်းဆောင်ကူအီးက ရှေ့ဆုံးကနေ ပြေးတိုက်မယ်ဆိုရင် ငါတို့ တိုက်မိသားစုကလည်း နောက်ကျကျန်ခဲ့မှာ မဟုတ်ပါဘူး... ဘယ်လိုလဲ"

တိုက်ယွဲ့ရှင်းက အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။ ကူအီး ပါးစပ်ပိတ်သွားသည်။

"ဟွန်း... သူများကို ဓားစာခံလုပ်ချင်နေတာ ဘယ်သူမှ မသိဘူးများ မှတ်နေလား... ဟုတ်တယ်မလား... အစ်ကိုကြီး ကျန်းထျန်"

တိုက်ယွဲ့ရှင်းက ငြူတူတူအသံဖြင့် ပြောလိုက်သည်။ ထိုအသံနှင့် သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အချိုးအစားတို့ ပေါင်းစပ်လိုက်သောအခါ သာမန်ယောက်ျားတစ်ယောက်၏ ရင်ကို ဗလောင်ဆူသွားစေနိုင်သည်။ သို့သော် ယွမ်ကျန်းထျန်၏ မျက်နှာမှာ ရုတ်တရက် ဖြူဖျော့သွားပြီး အဆိပ်ပြင်းသော မြွေတစ်ကောင်ကို ရှောင်သည့်ပမာ နောက်ဆုတ်လိုက်သည်။

"ခေါင်းဆောင်တိုက်... ကိုယ့်ကိုယ်ကိုယ် လေးစားမှုလေး ရှိပါဦး"

"ဟွန်း... ရိုမတ်တစ်မဆန်လိုက်တာ"

တိုက်ယွဲ့ရှင်းက မထီမဲ့မြင်ပြုရင်း နှာခေါင်းရှုံ့လိုက်သည်။ ယွမ်ကျန်းထျန်မှာ တိတ်တဆိတ် ချွေးပြန်သွားသည်။ တိုက်ယွဲ့ရှင်းသည် အပြင်ပန်းတွင် မှီခိုလိုသောပုံစံ ပေါက်နေသော်လည်း ယောက်ျားများကို အရိုးပါမကျန် ဝါးမြိုတတ်သော ကြောက်မက်ဖွယ်ကောင်းသည့် အမျိုးသမီးဖြစ်သည်။ မိသားစုကြီးသုံးခုတွင် အားအနည်းဆုံးဖြစ်သော ယွမ်ကျန်းထျန်အနေဖြင့် သူမကို တတ်နိုင်သမျှ ရှောင်ရှားရမည် ဖြစ်သည်။

ထိုအချိန်တွင် တိုက်ယွဲ့ရှင်းသည် ခေါင်းမော့လိုက်ပြီး တိမ်တိုက်များ ဖုံးလွှမ်းနေသော ကျန်ရစ်စစ်တုရင်တောင်ထိပ်ကို ကြည့်ကာ မျှော်လင့်တကြီး ပြောလိုက်သည်။

"စစ်တုရင်သူတော်စင်ကြီး အခု ဘာလုပ်နေမလဲ မသိဘူးနော်၊ ရွှယ်အန်းကို ဘယ်လိုသတ်ရမလဲဆိုတာ ပြင်ဆင်နေတာများလား"

တောင်ခြေတွင် လူအများအပြား ရှိနေကြသော်လည်း မိုးကြိုးရေကန် နယ်နိမိတ်ကို ကျော်ရဲသူ တစ်ယောက်မျှ မရှိပေ။ သတ္တိနည်းသူ အချို့ဆိုလျှင် ဤမြင့်မားသော တောင်ကြီးအနီးသို့ပင် ကပ်မလာရဲကြပေ။ အဘယ်ကြောင့်ဆိုသော် တောင်ထိပ်တစ်ခုလုံးတွင် စစ်တုရင်သူတော်စင် ထျန်ကျောက်၏ စိတ်ဝိညာဉ်အာရုံများ လွှမ်းခြုံထားသောကြောင့် ဖြစ်သည်။

ခွင့်ပြုချက်မရှိဘဲ တောင်ပေါ်တက်သူ မည်သူမဆို တောင်စောင့်ရှောက်ရေး အစီအရင်းထဲသို့ ကျရောက်သွားမည်ဖြစ်ပြီး ထွက်ပေါက်မရှိသော စစ်တုရင်ကစားပွဲထဲတွင် ပိတ်မိသွားမည်ဖြစ်သည်။ ရှေးယခင်ကတည်းက ယခုအချိန်ထိ မည်သူမျှ မဖြေရှင်းနိုင်ခဲ့သော ပုစ္ဆာဖြစ်သောကြောင့် ထွက်ပေါက်မရှိဟု ပြောရခြင်းဖြစ်သည်။

နှစ်များစွာအတွင်း ပါရမီရှင်များစွာသည် ဤတောင်ထိပ်ကို အောင်နိုင်ရန် ကြိုးစားခဲ့ကြသော်လည်း အားလုံး ရှုံးနိမ့်ခဲ့ကြရသည်။ ယခုအခါတွင် မည်သူမျှ ဤစစ်တုရင်ကစားပွဲအပေါ် စိတ်ကူးယဉ်ခြင်း မရှိကြတော့ပေ။ စစ်တုရင်သူတော်စင် ထျန်ကျောက်ကိုယ်တိုင်က ဤကစားပွဲသည် အဖြေမရှိဟု ကြေညာထားဖူးသည်။ ထို့ကြောင့် ဤတောင်ထိပ်ကို ကျန်ရစ်တောင်ထိပ်ဟု အမည်ပေးထားခြင်း ဖြစ်သည်။

တိုက်ယွဲ့ရှင်း၏ တိုးညှင်းသော ရေရွတ်သံကို ကြားသောအခါ ကူအီးနှင့် ယွမ်ကျန်းထျန်တို့လည်း ခေါင်းမော့ပြီး တောင်ထိပ်ကို ကြည့်လိုက်ကြသည်။

"စစ်တုရင်သူတော်စင်ကြီးက ရွှယ်အန်းကို ဘယ်လိုသတ်မလဲဆိုတာ စဉ်းစားနေလောက်တယ်"

ကူအီးက ရက်စက်သောလေသံဖြင့် ပြောလိုက်သည်။ သို့သော် သူတို့ တောင်ခြေတွင် ထင်ကြေးပေးနေကြချိန်၌ တောင်ထိပ်ရှိ လျှို့ဝှက်သော ချိုင့်ဝှမ်းတစ်ခုတွင် မြင့်မြတ်သော သံဖြင့် ပြုလုပ်ထားသည့် ဧရာမသံကြိုးကြီးများသည် တောင်နံရံကို ဖောက်ထွင်းထားပြီး ကြောက်မက်ဖွယ်ကောင်းသော အလှတရားတစ်ခုအဖြစ် တည်ရှိနေသည်။ ထိုသံကြိုးများသည် ပင့်ကူအိမ်ကဲ့သို့ ချိုင့်ဝှမ်းအတွင်း ယှက်သန်းနေကြသည်။

ထိုပင့်ကူအိမ်၏ အလယ်ဗဟိုတွင် မရေမတွက်နိုင်သော သံကြိုးများဖြင့် ချည်နှောင်ခံထားရသော အဝတ်အစားစုတ်ပြဲနေသည့် လူငယ်လေးတစ်ဦး ခေါင်းငိုက်စိုက်ကျနေသည်။ ထိုလူငယ်လေးသည် ခေါင်းငုံ့ထားပြီး ရင်ဘတ် အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်မှလွဲ၍ သေနေသူတစ်ဦးနှင့် တူနေသည်။ အချိန်ကာလ မည်မျှကြာသွားမှန်း မသိ ရုတ်တရက် လူငယ်လေး၏ ရှေ့ရှိ လေထုက တုန်ခါသွားသည်။ ထို့နောက် ဝိုးတဝါး ပုံရိပ်တစ်ခု သူ၏ ရှေ့တွင် ပေါ်လာသည်။ လူငယ်လေး ဖြည်းညှင်းစွာ ခေါင်းမော့လာသည်။

သူ၏ မျက်နှာသည် ကျူကောရွှမ်ချင်းနှင့် အလွန်တူသော်လည်း သူရဲကောင်းဆန်သော ဟန်ပန်ပိုရှိသည်။ အထူးသဖြင့် သူ၏ မျက်ဝန်းများသည် လက်ရှိအခြေအနေဆိုးကို ကြုံတွေ့နေရသော်လည်း တောက်ပသော ကြယ်များကဲ့သို့ လင်းလက်နေဆဲဖြစ်သည်

"ထပ်ပြီး ရိတ်သိမ်းဖို့ လာပြန်ပြီလား"

လူငယ်လေးက တိုးညှင်းစွာ ပြောလိုက်ပြီး နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင် အပြုံးတစ်ခု ပေါ်လာသည်။

အခန်း (၁၀၁၀) ငါ့ကို တွေ့ချင်ရင် အရင်ဆုံး ကျန်ရစ်စစ်တုရင်ကို ဖြေရှင်းပြလိုက်ဦး

ထိုပေါ်လာသော ပုံရိပ်သည် စစ်တုရင်သူတော်စင် ထျန်ကျောက်၏ စိတ်ဝိညာဉ်အာရုံ ကိုယ်ပွားပင် ဖြစ်သည်။ သူက ပါးပါးလေး ပြုံးပြလိုက်သည်။

"ကျူကောပန်ဇန်... ရိတ်သိမ်းချိန်ရောက်မှပဲ ငါက လာလည်ရမှာလား၊ ဘာပဲပြောပြော ငါက မင်းရဲ့ စီနီယာပဲလေ"

မှန်သည်။ ချိုင့်ဝှမ်းထဲတွင် အဖမ်းခံထားရသော လူငယ်လေးသည် တခြားသူမဟုတ်ပဲ တစ်ချိန်က နယ်ပယ်ပေါင်းစုံတွင် ကျော်ကြားခဲ့သော ပါရမီရှင် ကျူကောရွှမ်ချင်း၏အစ်ကို ကျူကောပန်ဇန်ပင် ဖြစ်သည်။ ကျူကောပန်ဇန်က အေးစက်စက် ပြန်ပြုံးပြလိုက်သည်။

"စီနီယာတဲ့လား... ကျွန်တော့်ကို ဒီမှာ ဖမ်းချုပ်ထားပြီး စိတ်ဝိညာဉ်အာရုံကို လတိုင်း ရိတ်သိမ်းယူနေတာက တကယ်ကို စီနီယာပါပဲ"

"ကျူကောပန်ဇန်... ရိတ်သိမ်းတယ်ဆိုတဲ့ စကားလုံးကို မသုံးဘဲ နေလို့မရဘူးလား၊ ငါက ခဏ ငှားသုံးရုံပါ"

ကျူကောပန်ဇန် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် မဲ့ပြုံးပြုံးလိုက်သည်။

"အခုမှ သဘောပေါက်တော့တယ်"

"ဘာကို သဘောပေါက်တာလဲ"

စစ်တုရင်သူတော်စင် ထျန်ကျောက် အံ့အားသင့်သွားသည်။

"ခင်ဗျား ကြောက်နေတာပဲ၊ ကျွန်တော် ခန့်မှန်းကြည့်ရမလား... ခင်ဗျားကြောက်နေတာ ကျွန်တော်တို့ ကျူကောမိသားစုကြောင့်တော့ မဟုတ်လောက်ဘူး၊ ခင်ဗျားရဲ့ ပြိုင်ဘက်က တော်တော်လေး အစွမ်းထက်ပုံရတယ်၊ ခင်ဗျားကိုတောင် ကြောက်အောင် လုပ်နိုင်တဲ့အထိပဲ... ဟုတ်တယ်မလား"

ကျူကောပန်ဇန်က ထျန်ကျောက်ကို ကြည့်ရင်း လှောင်ပြောင်လိုက်သည်။ ပုံရိပ်ယောင်မျှသာ ဖြစ်သော်လည်း စစ်တုရင်သူတော်စင်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်ကို မြင်တွေ့နိုင်သည်။

"ကျူကောပန်ဇန်... မင်းက တကယ် ဉာဏ်ကောင်းတာပဲ၊ ဟုတ်တယ်... ငါ့ကို ဒုက္ခနည်းနည်းပေးတဲ့ ကောင်တစ်ကောင်တော့ ရှိတယ် ဒါပေမဲ့ ဒါနဲ့ပဲ အရာအားလုံး ပြောင်းလဲသွားမယ်လို့ မထင်လိုက်နဲ့၊ ဘာပဲဖြစ်ဖြစ် ငါက ပြိုင်ဘက်ကင်းတဲ့ စစ်တုရင်သူတော်စင်၊ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ပဲ"

"အော်... ဟုတ်လား၊ ခင်ဗျား စစ်တုရင်သူတော်စင်ဆိုတဲ့ ဘွဲ့ကို ဘယ်လိုရခဲ့လဲဆိုတာ ပြောပြရဲလား"

ကျူကောပန်ဇန်က ခပ်ပြတ်ပြတ် မေးလိုက်သည်။

"မင်း..."

ထျန်ကျောက် အလွန်အမင်း ဒေါသထွက်သွားသော်လည်း လျင်မြန်စွာ စိတ်ပြန်ထိန်းလိုက်ပြီး ရက်စက်စွာ ပြုံးလိုက်သည်။

"ကျူကောပန်ဇန်... မင်းက ပြီးခဲ့တဲ့ ရာစုနှစ်တွေအတွင်း အထူးချွန်ဆုံး ပါရမီရှင်ဆိုတာ မှန်ပါတယ် ဒါပေမဲ့ မင်းသိထားရမှာက အခုလက်ရှိအချိန်မှာ မင်းက ငါ့လက်ထဲက အသုံးချခံ စစ်တုရင်ရုပ်လေး တစ်ရုပ်ပဲ ရှိတော့တယ်ဆိုတာကို"

"ကျန်းထျန်ယွေ့ သေသွားပြီလား"

ကျူကောပန်ဇန် ရုတ်တရက် မေးလိုက်သည်။ ကျူကောပန်ဇန်၏ တုံ့ပြန်မှု မြန်ဆန်လွန်းသဖြင့် စစ်တုရင်သူတော်စင် ထျန်ကျောက် အနည်းငယ် တုန်လှုပ်သွားသည်။ ယခင်က သူသည် ကျူကောပန်ဇန်ကို ဖမ်းဆီးထားပြီး သူ၏ ဉာဏ်ပညာနှင့် စိတ်ဝိညာဉ်အာရုံကို ခွဲထုတ်ကာ သားဖြစ်သူ ကျန်းထျန်ယွေ့ကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ခဲ့သည်။ သို့သော် ယခု ကျန်းထျန်ယွေ့ သေဆုံးသွားပြီဖြစ်ရာ ထိုအစီအစဉ်များအားလုံး အဓိပ္ပာယ်မရှိတော့ပေ။

ထို့ကြောင့် ကျူကောပန်ဇန်ဆိုသည်မှာ ရွှယ်အန်း ရောက်မလာခင်အထိ အပေးအယူလုပ်ရန် အပေါင်ပစ္စည်းအဖြစ်သာ ဖြစ်တော့သည်။ စကားတစ်ခွန်းတည်းနှင့် အရာအားလုံးကို သဘောပေါက်သွားသော ကျူကောပန်ဇန်ကို ကြည့်ရင်း ထျန်ကျောက်၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းလာသည်။ အဘယ်ကြောင့်ဆိုသော် သူနှင့် ကျူကောမိသားစုကြား ရန်ငြိုးသည် မည်သည့်အခါမျှ ပြေပျောက်နိုင်မည် မဟုတ်ကြောင်း သူ ကောင်းကောင်းသိနေသောကြောင့် ဖြစ်သည်။

"ခင်ဗျား အခု ကျွန်တော့်ကို သတ်ချင်နေတာမလား"

ကျူကောပန်ဇန်က တည်ငြိမ်စွာ မေးလိုက်သည်။

"ဟွန်း..."

ထျန်ကျောက်က နှာခေါင်းရှုံ့လိုက်သည်။

"ကျူကောပန်ဇန်... ငါ မင်းကို တကယ် သတ်ချင်နေတာ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး၊ မင်းက ငါ့အတွက် အသုံးဝင်နေသေးလို့ ဒါပေမဲ့ နောက်သုံးရက်နေလို့ ဟို ရွှယ်မျိုးရိုးဆိုတဲ့ကောင် ငါ့တောင်ထိပ်ကို ရောက်လာတဲ့အခါ မင်းရဲ့ တန်ဖိုးက ကုန်သွားပြီ၊ ဒါကြောင့် ကျန်နေသေးတဲ့ အချိန်လေးကို တန်ဖိုးထားလိုက်ပါဦး... ဒါ မင်းရဲ့ နောက်ဆုံးနေ့ရက်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်... ဟားဟားဟား"

စစ်တုရင်သူတော်စင် ထျန်ကျောက်က ရူးသွပ်စွာ ရယ်မောလိုက်သည်။

"ခင်ဗျား နိုင်မယ်လို့ အဲ့လောက်တောင် သေချာနေလား"

ကျူကောပန်ဇန်က တည်ငြိမ်စွာ မေးလိုက်သည်။ ရယ်သံ ရုတ်တရက် ရပ်တန့်သွားသည်။ ထျန်ကျောက်သည် ရုတ်တရက် ကျူကောပန်ဇန်ထံသို့ ပြေးသွားပြီး ရှုံ့မဲ့နေသော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။

"ငါ သေချာပေါက် နိုင်မှာပေါ့၊ ဘာလို့လဲဆိုတော့ ငါက ပြိုင်ဘက်ကင်းတဲ့ တစ်ဦးတည်းသော စစ်တုရင်သူတော်စင် ဖြစ်နေလို့ပဲ၊ ပြီးတော့ တောင်ထိပ်က မပြီးပြတ်သေးတဲ့ စစ်တုရင်ပုစ္ဆာကို ဘယ်သူမှ မဖြေရှင်းနိုင်ဘူး... ငါ တောင်ပေါ်က မဆင်းသရွေ့ ကောင်းကင်ဘုံဧကရာဇ် ကိုယ်တိုင် ဆင်းလာရင်တောင် ငါ့ကို ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး"

ကျူကောပန်ဇန် တိတ်ဆိတ်နေပြီး လှောင်ပြောင်သလို အပြုံးဖြင့်သာ ထျန်ကျောက်ကို ကြည့်နေသည်။ ထိုအထင်သေးသော အကြည့်က ထျန်ကျောက်ကို ထပ်မံ ရူးသွပ်သွားစေပြန်သည်။ သူ လက်ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက် သံကြိုးများ တင်းကျပ်သွားပြီး လေထဲတွင် ဝှေ့ယမ်းကာ ကျူကောပန်ဇန်ကို လှည့်ပတ်မွှေ့ယမ်းပစ်လိုက်သည်။ အသားစများ စုတ်ပြဲသံများပင် ထွက်ပေါ်လာသည်။ သာမန်လူတစ်ယောက်ဆိုလျှင် ရူးသွပ်သွားစေနိုင်သော နာကျင်မှုမျိုး ဖြစ်သော်လည်း ကျူကောပန်ဇန်သည် သတိကပ်နေဆဲဖြစ်ပြီး မျက်မှောင်ပင် မကြုတ်ဘဲ ဒေါသထွက်နေသော ထျန်ကျောက်ကို အေးစက်စွာ ကြည့်နေသည်။

ဒေါသထွက်နေသော်လည်း ဘာမှမတတ်နိုင်သော ထျန်ကျောက်သည် ကျူကောပန်ဇန်ကို ချက်ချင်း မသတ်ရဲသဖြင့် သူ၏ ရက်စက်သော ဒေါသများကို ခေတ္တမျှ ဖွင့်ထုတ်ပြီးနောက် မကျေမနပ်ဖြင့် ချိုင့်ဝှမ်းထဲမှ ထွက်ခွာသွားလေသည်။

သူ ထွက်သွားပြီးနောက် ဒဏ်ရာအပြင်းအထန် ရထားသော ကျူကောပန်ဇန်သည် တိုးညှင်းစွာ ရယ်မောလိုက်ပြီး အလွန်အားနည်းသော အသံဖြင့် ပြောလိုက်သည်။

"ဘယ်သူမှ မဖြေရှင်းနိုင်ဘူး ဟုတ်လား... အခု ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံသာ မထိခိုက်ထားရင် အချိန်နည်းနည်းလောက် ပေးလိုက်တာနဲ့ ဒီအဆုံးသတ်ကစားကွက်ကို ငါ ဖြေရှင်းနိုင်တယ် ပြီးတော့ အစွမ်းထက်တဲ့သူတွေ အများကြီး ပေါ်ထွက်နေတဲ့ ဒီစကြဝဠာကြီးထဲမှာ မင်းလို စစ်တုရင်သူတော်စင် အဆင့်လောက်နဲ့ ဘာကိုများ နားလည်နိုင်မှာမို့လို့လဲ"

တောင်ထိပ်ပေါ်ရှိ စစ်တုရင်အိမ်လေး၏ အပြင်ဘက်တွင် စစ်တုရင်ကျွန်အချို့သည် အမိန့်ကို စောင့်ဆိုင်းနေကြသည်။ ထိုအချိန်တွင် အိမ်ထဲမှ ဒေါသတကြီး အော်သံကို သူတို့ ကြားလိုက်ရသည်။

"အမိန့်ထုတ်လိုက်... တောင်ထိပ်ရဲ့ တောင်စောင့်ရှောက်ရေး အစီအရင်ကို အခုကစပြီး အစွမ်းကုန် လည်ပတ်စေ ပြီးတော့ သတင်းဖြန့်လိုက်... ဟို ရွှယ်မျိုးရိုးဆိုတဲ့ကောင် ငါ့ခေါင်းကို လိုချင်ရင် တောင်ထိပ်ရဲ့ အဆုံးသတ်ကစားကွက်ကို အရင်ဆုံး ဖြေရှင်းပြလိုက်ဦးလို့"

"အမိန့်အတိုင်းပါ"

အမိန့်ရသည်နှင့် စစ်တုရင်ကျွန်များသည် သီးခြားစီ စတင်လှုပ်ရှားကြတော့သည်။ မကြာမီအချိန်အတွင်း တောင်ထိပ်တွင် တောက်ပသော အလင်းရောင်များ ရပ်တန့်လိုက် ပေါ်လာလိုက်ဖြစ်ပြီး တောင်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။

တောင်ခြေရှိ လူအုပ်ကြီးမှာ တုန်လှုပ်သွားကြသည်။

"ဘာတွေ ဖြစ်ကုန်တာလဲ"

တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်လိုက်သည်။

"ဒါ တောင်ထိပ်ရဲ့ တောင်စောင့်ရှောက်ရေး အစီအရင်ပဲ... စစ်တုရင်သူတော်စင်ကြီး နောက်ဆုံးတော့ လှုပ်ရှားလိုက်ပြီ"

အခြားတစ်ယောက်က ဝမ်းသာအားရ အော်လိုက်သည်။ ထိုအချိန်မှာပင် စစ်တုရင်ကျွန်တစ်ဦး လေထဲတွင် ပေါ်လာပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"စစ်တုရင်သူတော်စင်ကြီးက အမိန့်ရှိတယ်... ရွှယ်အန်းအနေနဲ့ သုံးရက်အကြာတွင် စိန်ခေါ်ခွင့်ရရှိလိုပါက တောင်ထိပ်ရဲြ အဆုံးသတ်ကစားကွက်ကို အရင်ဆုံး ဖြေရှင်းရမည်"

ထိုသို့ပြောပြီးသည်နှင့် စစ်တုရင်ကျွန်သည် လေထဲတွင် ပျောက်ကွယ်သွားသည်။ မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် ဆူညံပွက်လောရိုက်သွားသည်။

"ဟားဟား... ငါတို့ စစ်တုရင်သူတော်စင်ကြီးက ဒီကောင်လေးကို ဆက်ပြီး ရိုင်းစိုင်းခွင့်ပေးမှာ မဟုတ်ဘူးဆိုတာ ငါ သိသားပဲ"

ကူအီးက ကျေနပ်အားရစွာ ရယ်မောလိုက်သည်။ ယွမ်ကျန်းထျန်လည်း သက်ပြင်းချလိုက်သည်။

"ဒါဆိုရင်တော့ ငါ စိတ်အေးရပြီ... ကြည့်ရတာ ငါတို့ စစ်တုရင်သူတော်စင်ကြီးက ခြေတစ်လှမ်း သာနေတုန်းပဲ"

"ဟုတ်တာပေါ့... ဟို ရွှယ်မျိုးရိားဆိုတဲ့ကောင် အစီအရင်ကို မဖြေရှင်းနိုင်ဘဲ ရှုံးသွားတဲ့အခါ စစ်တုရင်သူတော်စင်ကြီးကို ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

ကူအီးက မောက်မာသော မျက်နှာထားဖြင့် ပြောလိုက်သည်။ တိုက်ယွဲ့ရှင်း တစ်ဦးတည်းသာ တွေဝေနေသော မျက်နှာထားဖြင့် ရှိနေသည်။

"ဒါပေမဲ့... တကယ်လို့ ရွှယ်အန်းက ဒီအဆုံးသတ်ကစားကွက်ကို ဖြေရှင်းပြီး တောင်စောင့်ရှောက်ရေး ဗျူဟာကို ဖွင့်နိုင်သွားရင် ငါတို့ ဘယ်လိုလုပ်မလဲ"

"မဖြစ်နိုင်တာ"

ကူအီးက ပြတ်သားစွာ ငြင်းလိုက်သည်။

"လုံးဝ မဖြစ်နိုင်ဘူး"

ယွမ်ကျန်းထျန်ကလည်း ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းခါလိုက်သည်။

"ဒီအဆုံးသတ်ကစားကွက်က နှစ်ပေါင်းထောင်ချီ တည်ရှိခဲ့တာ... ပါရမီရှင်တွေ၊ အစွမ်းထက်ပုဂ္ဂိုလ်တွေ အများကြီးတောင် လက်မြှောက်ခဲ့ရတာလေ၊ ဒီလို ငယ်ငယ်ရွယ်ရွယ် ကောင်လေးတစ်ယောက်က အမေဗိုက်ထဲက စပြီး စစ်တုရင်ကစားလာရင်တောင် ဒီလောက်ခက်ခဲတဲ့ ကစားကွက်ကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"

ကူအီးက ပြောလိုက်သည်။

"ဟုတ်တယ်... စစ်တုရင်သူတော်စင်ကြီး ကိုယ်တိုင်တောင် ဒီကစားကွက်က အဖြေမရှိဘူးလို့ ပြောထားတာ... သူက ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ"

ယွမ်ကျန်းထျန်က ထောက်ခံလိုက်သည်။ ထိုလူနှစ်ယောက်၏ အပြန်အလှန် ပြောဆိုမှုများကို ကြည့်ရင်း တိုက်ယွဲ့ရှင်း ပါးစပ်ပိတ်နေလိုက်သော်လည်း သူမ၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။

အခြေအနေတွေက တကယ်ပဲ ဒီလူတွေ ထင်သလောက် ကောင်းပါ့မလား...

မကြာမီတွင် ဤသတင်းသည် ထျန်ကျောက် ကြယ်တာရာနယ်မြေတစ်ခုလုံးသို့ ကြောက်ခမန်းလိလိ အရှိန်ဖြင့် ပျံ့နှံ့သွားသည်။ ထျန်ကျောက် စစ်တုရင်ဆရာ အများအပြားမှာ ပျော်ရွှင်နေကြပြီး ဤလုပ်ရပ်က ရွှယ်အန်း၏ လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်ပြီဟု ယုံကြည်နေကြသည်။

တစ်ချိန်တည်းမှာပင် အခြားနယ်ပယ်မှ စစ်တုရင်ဆရာများမှာ စိုးရိမ်ပူပန်နေကြသည်။ အဘယ်ကြောင့်ဆိုသော် တောင်ထိပ်၏ အဆုံးသတ်ကစားကွက် မည်မျှ ခက်ခဲကြောင်း လူတိုင်း သိထားကြသောကြောင့် ဖြစ်သည်။ မစ္စတာရွှယ်က တကယ် လုပ်နိုင်ပါ့မလား....

လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသော တည်းခိုခန်းတွင် ရှိနေသည့် ရွှယ်အန်းကမူ သတင်းကို ကြားသောအခါ ပြုံးရုံသာ ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ကောင်းပြီလေ သူ့ကို ပြောလိုက်... လည်ပင်းကို သန့်ရှင်းအောင် ဆေးကြောပြီး အိမ်မှာ ငြိမ်ငြိမ်လေး စောင့်နေလို့”

အခန်း (၁၀၁၁) အံ့မခန်း အဆုံးသတ်ကစားကွက်

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက် ကုန်ဆုံးသွားခဲ့သည်။ ချိန်းဆိုထားသည့်နေ့ ရောက်ရှိလာသောအခါ နယ်ပယ်အသီးသီးမှ စစ်တုရင်ကျင့်ကြံသူများသည် ပျားအုံကဲ့သို့ စုရုံးရောက်ရှိလာကြသည်။ များပြားလှသော ပျံသန်းယာဉ်များသည် ထျန်ကျောက်ဂြိုလ်ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို နေရာလပ်မကျန်အောင် ပိတ်ဆို့ထားကြသည်။

လူအများအပြားအတွက် ဤစိန်ခေါ်ပွဲသည် အဓိပ္ပာယ်များစွာ ရှိသည်။ ထျန်ကျောက် ကြယ်တာရာနယ်မြေသည် လွန်ခဲ့သော နှစ်ပေါင်းရာချီအတွင်း ထူးခြားသော အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်းမှာ စစ်တုရင်သူတော်စင် ထျန်ကျောက်ဟူသော ဧရာမကျောက်တိုင်ကြီး ရှိနေသောကြောင့်ပင် ဖြစ်သည်။ အစွမ်းထက်သော ကစားသမားများ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်နေသော စစ်တုရင်လောကတွင် စစ်တုရင်သူတော်စင် ထျန်ကျောက်သည် နူကလီးယားလက်နက်သဖွယ် အဓိက ဟန့်တားနိုင်စွမ်းရှိသူ ဖြစ်သည်။ ပါရမီရှင်များ ပေါကြွယ်ဝသော ကျူကောမိသားစုပင်လျှင် ထျန်ကျောက် ကြယ်တာရာနယ်မြေကို အရှုံးပေး ဦးညွှတ်ခဲ့ရခြင်းမှာ သူရှိနေသောကြောင့် ဖြစ်သည်။

ယခုအခါ မစ္စတာရွှယ်သည် စစ်တုရင်သူတော်စင် ထျန်ကျောက်၏ အာဏာစက်ကို လူသိရှင်ကြား စိန်ခေါ်ရဲခဲ့သည်။ အကယ်၍သာ သူ အမှန်တကယ် အောင်မြင်ခဲ့လျှင် ထျန်ကျောက် ကြယ်တာရာနယ်မြေသည် မည်သည့်အခါမျှ ပြန်လည် နာလန်မထူနိုင်တော့မည့် အဆုံးသတ်မျိုးဖြင့် ကျဆုံးသွားပေလိမ့်မည်။

သို့သော် မေးခွန်းက သူ တကယ် အောင်မြင်နိုင်ပါ့မလား ဆိုသည်ပင်။

မရေမတွက်နိုင်သော လူများသည် ထိုမေးခွန်းကို ရင်ဝယ်ပိုက်လျက် ဤရှားပါးသော မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန် အဝေးကြီးမှ လာရောက်ခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် တောင်ထိပ်ခြေရင်းတွင် မလှုပ်မယှက်နိုင်အောင် ပြည့်ကျပ်နေသော လူအုပ်ကြီးသည် နေရာလပ်မကျန်အောင် နေရာယူထားကြသည်။ သို့သော် လူအုပ်ကြီးကြားတွင် ရှင်းလင်းသော နယ်နိမိတ်မျဉ်းတစ်ခု ရှိနေသည်။ တစ်ဖက်တွင် ထျန်ကျောက် စစ်တုရင်ကစားသမားများ ရှိနေကြပြီး အခြားတစ်ဖက်တွင် ပြင်ပနယ်ပယ်မှ စစ်တုရင်ကစားသမားများ ရှိနေကြသည်။ ဘက်နှစ်ဖက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက် နယ်ကျွံခြင်း မရှိကြပေ။

"ဟေ့ရောင်... မစ္စတာရွှယ်က ဒီစိန်ခေါ်ပွဲကို တကယ်နိုင်မယ် ထင်လား"

တစ်စုံတစ်ယောက်က တိုးတိုးတိတ်တိတ် ဆွေးနွေးမေးမြန်းလိုက်သည်။

"ငါတော့ မထင်ဘူး... ဘာပဲပြောပြော စစ်တုရင်သူတော်စင်ကို တွေ့ချင်ရင် ချီတောင်ထိပ်က တောင်စောင့်ရှောက်ရေး အစီအရင်ကို အရင် ဖောက်ထွက်နိုင်မှ ရမှာလေ"

"အဲ့ဒီ တောင်စောင့်ရှောက်ရေး အစီအရင်က တကယ်ပဲ အဲ့လောက် ခက်တာလား"

"ခေတ်အဆက်ဆက်က သူရဲကောင်းပေါင်းများစွာတောင် လက်မြှောက်ခဲ့ရတဲ့ ကစားကွက်ပဲလေ၊ မင်း ဘယ်လိုထင်လဲ... ပြီးတော့ ထျန်ကျောက် ကြယ်တာရာနယ်မြေက မျိုးရိုးမြင့် မိသားစုကြီးတွေအကုန်လုံး ဒီရောက်နေတာ မမြင်ဘူးလား၊ ဒါကြောင့် ဒီတစ်ခါတော့ မစ္စတာရွှယ် ကံဆိုးဖို့ များတယ်လို့ ငါထင်တယ်"

"ငါကတော့ မင်းနဲ့ သဘောထားချင်း မတူဘူး... မစ္စတာရွှယ်က အရင်တုန်းက ထျန်ကျောက် စစ်တုရင်အကယ်ဒမီတစ်ခုလုံးကို တစ်ယောက်တည်း ဖြိုခွင်းခဲ့တာလေ၊ အဲ့လောက် အစွမ်းအစမျိုးနဲ့ ဒီလို ပုစ္ဆာအပျက်လေးတစ်ခုလောက်ကို မဖြေရှင်းနိုင်ဘူးလားကွာ"

"ဟက်... ထျန်ကျောက် စစ်တုရင်အကယ်ဒမီ ဟုတ်လား၊ အဲ့ဒါက မိသားစုကြီးတွေ ကြိုးဆွဲရာကနေတဲ့ ရုပ်သေးရုပ်ပဲ ရှိတာ၊ အမှန်အတိုင်း ပြောရရင် စစ်တုရင်အကယ်ဒမီက လူတွေအကုန်ပေါင်းတိုက်ရင်တောင် စစ်တုရင်သူတော်စင်ကြီးရဲ့ လက်တစ်ချောင်းစာလောက်တောင် ရှိမှာ မဟုတ်ဘူး"

ထိုလူက လှောင်ပြောင်လိုက်သည်။ ထိုစကားကို ကြားသောအခါ ဘေးပတ်ဝန်းကျင်ရှိ လူများ တိတ်ဆိတ်သွားကြသည်။ မှန်ပေသည်။ စစ်တုရင်လောကတွင် အနည်းငယ်မျှ သာလွန်ရုံဖြင့် အပြတ်အသတ် အနိုင်ယူနိုင်သော အားသာချက် ဖြစ်လာတတ်သည်။ နှစ်ပေါင်းရာချီ နာမည်ကျော်ကြားခဲ့သော စစ်တုရင်သူတော်စင်ကြီးကို လူပေါင်းများစွာ စိန်ခေါ်ခဲ့ကြသော်လည်း မည်သူမျှ မအောင်မြင်ခဲ့ကြပေ။

ဤတစ်ကြိမ်လည်း မစ္စတာရွှယ်အတွက် ရလဒ်က အတူတူပင် ဖြစ်လိမ့်မည်။

မည်သို့ပင်ဖြစ်စေ ထျန်ကျောက် စစ်တုရင်ကစားသမားများ အားလုံးသည် ယုံကြည်မှုရှိပြီး အောင်နိုင်သူအထာဖြင့် ရှိနေကြသော်လည်း အခြားနယ်ပယ်မှ ကစားသမားများမှာမူ လေးလံသော စိတ်နှလုံးများဖြင့် ရှိနေကြသည်။ ဤထူးဆန်းသော လေထုအခြေအနေကြားတွင် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

မကြာမီ နေ့လယ်စောင်းသွားပြီ ဖြစ်သည်။ လူအုပ်ကြီးမှာ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

"သူ ဘာလို့ မလာသေးတာလဲ"

"လမ်းမှာ တစ်ခုခုများ ကြန့်ကြာနေလို့လား"

"ငါထင်တာတော့ သူ ကြောက်ပြီး မလာရဲတော့တာ နေမှာပါ"

လူအုပ်ကြီးသည် တိုးတိုးတိတ်တိတ်ဖြင့် ဆူညံလာသည်။ သို့သော် လူအများစုက ရွှယ်အန်း ပေါ်မလာရဲတော့ဟု ထင်မြင်နေကြချိန်တွင် တိမ်ကင်းစင်နေသော ကောင်းကင်ယံထက်၌ ကြယ်တာရာသွား စစ်သင်္ဘောတစ်စင်း ရုတ်တရက် ပေါ်လာသည်။ ထိုစစ်သင်္ဘော၏ အရှိန်မှာ အလွန်မြန်ဆန်လှပြီး မြင်လိုက်ရသည့် ခဏမှာပင် ထျန်ကျောက်ကြယ်ပေါ်သို့ ဆင်းသက်လာပြီဖြစ်သည်။ ထို့နောက် လူတစ်စု စစ်သင်္ဘောပေါ်မှ ဆင်းလာကြသည်။

"ဟိုမှာ ကျူကောရွှမ်ချင်းပဲ"

"ဟိုက ကုန်းမောင်နှမနှစ်ယောက် မဟုတ်လား"

လူများကို မှတ်မိသော သူများက မနေနိုင်ဘဲ အော်ဟစ်လိုက်ကြသည်။ ထို့နောက် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ဦး စစ်သင်္ဘောပေါ်မှ ဆင်းလာသည်ကို သူတို့ မြင်လိုက်ရသည်။ ထိုလူငယ်သည် အရပ်ရှည်ပြီး တင့်တယ်လှပကာ အဖြူရောင် အဝတ်အစားများ တလွင့်လွင့် ဖြစ်နေသည်။ သူသည် ငယ်ရွယ်သော်လည်း ဖော်ပြ၍မရနိုင်သော ကြီးမြတ်မှုအရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ အထူးသဖြင့် သူက ဧရိယာတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သောအခါ ဆူညံနေသော လူအုပ်ကြီးသည် မှော်အတတ်နှင့် ပြုစားခံလိုက်ရသကဲ့သို့ ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ထျန်ကျောက်ဘက်မှ ကူအီးနှင့် အခြားသူများမှာ အလွန်တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ကြည့်နေကြသည်။

"ဒါ ဟို ရွှယ်မျိုးရိုးဆိုတဲ့ကောင်လား... အမွေးတောင် မစုံသေးတဲ့ပုံစံနဲ့ ဘာများ စွမ်းဆောင်နိုင်မှာမို့လို့လဲ"

ကူအီးက ကြမ်းတမ်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။ တိုက်ယွဲ့ရှင်းကမူ တောက်ပသော မျက်လုံးများဖြင့် ကြည့်နေမိသည်။

"ကျွတ် ကျွတ်... သူက တကယ့်ကို တော်တော်လေး ရုပ်ဖြောင့်တာပဲ"

သူမ၏ စကားလုံးများတွင် ရန်ငြိုးဖွဲ့သည့်လေသံ အနည်းငယ်မျှပင် မပါဝင်ပေ။ အမှန်တကယ်ဆိုရလျှင် တိုက်မိသားစု၏ ခေါင်းဆောင်အသစ် ဖြစ်လာသော တိုက်ယွဲ့ရှင်းသည် သူမ၏ အစ်မ တိုက်ချင်ရှင်း သေဆုံးသွားသည့်အတွက် ဝမ်းနည်းခြင်း အလျဉ်းမရှိဘဲ အလွန်ပင် ပျော်ရွှင်နေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသေမှသာ တိုက်ယွဲ့ရှင်းက မိသားစုကို အမှန်တကယ် ထိန်းချုပ်နိုင်မည် မဟုတ်ပါလား။ ထို့ကြောင့် မိသားစုကြီးသုံးခုအနက် လက်စားချေရန် စိတ်မဝင်စားသော တစ်ဦးတည်းသောသူမှာ သူမပင်ဖြစ်သည်။

ထိုအချိန်တွင် ရွှယ်အန်းသည် လေဟာနယ်အလယ်တွင် ရပ်လျက် မြင့်မားသော စစ်တုရင်တောင်ထိပ်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးပါးပါးလေးတစ်ခု ပေါ်လာသည်။

"ဒါ စစ်တုရင်တောင်ထိပ်ပေါ့လေ"

ရွှယ်အန်းသည် ခြေတစ်လှမ်းလှမ်းလိုက်ရာ ချက်ချင်းပင် တောင်ထိပ်အနီးသို့ ရောက်ရှိသွားသည်။ သို့သော် ထိုအချိန်မှာပင် ပါးလွှာသော အလင်းအလွှာတစ်ခု ထွက်ပေါ်လာပြီး ရွှယ်အန်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ အလင်းအလွှာပေါ်တွင် တောက်ပသော စစ်တုရင်အရုပ်များ ယှက်သန်းနေသည်ကို တွေ့ရသည်။ လူအုပ်ကြီးထံမှ ညည်းတွားသံများ ထွက်ပေါ်လာသည်။

"ဒါက ဟို နာမည်ကျော် အဆုံးသတ်ကစားကွက်ကြီးလား"

တစ်စုံတစ်ယောက်က အံသြသံဖြင့် အော်လိုက်သည်။ ရွှယ်အန်းက လက်ကို ဆန့်ထုတ်ပြီး အလင်းအလွှာကို ဖွဖွလေး ထိလိုက်သည်။ သူ့လက်ချောင်းထိပ်များ ထိလိုက်သည်နှင့် အခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားသည်။ ငြိမ်သက်နေသော စစ်တုရင်ကစားကွက်သည် ရုတ်တရက် ကြမ်းတမ်းလာပြီး ဧရာမဝံပုလွေကြီးတစ်ကောင်ကဲ့သို့ ရွှယ်အန်းကို တိုက်ခိုက်လာသည်။ လူအုပ်ကြီး အသက်ရှူမှားသွားကြသည်။

သို့သော် ရွှယ်အန်းက တွန့်ဆုတ်သွားခြင်းမရှိပေ။ ကြမ်းတမ်းသော စစ်တုရင်လှိုင်းလုံးကြီးသည် သူ့အနား ကိုက်အနည်းငယ်အကွာသို့ ရောက်သည်နှင့် အလိုအလျောက် ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် မောက်မာသော အသံတစ်သံသည် တောင်ထိပ်မှ ထွက်ပေါ်လာသည်။

"မစ္စတာရွှယ်... ဒီလက်ဆောင်ကို ဘယ်လိုသဘောရလဲ"

ရွှယ်အန်းက စကားတစ်ခွန်းမျှ မပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေသည်။ စစ်တုရင်သူတော်စင် ထျန်ကျောက်က ပို၍ပင် မောက်မာလာသည်။

"မစ္စတာရွှယ်... မင်းရဲ့ အင်အားက မဆိုးပါဘူး၊ ဒါပေမဲ့ မင်းက သိပ်မောက်မာလွန်းတယ်၊ စစ်တုရင်လောကမှာ ငါက အမြင့်မြတ်ဆုံး ဘုရင်ပဲဆိုတာကို မင်း နားမလည်သေးဘူး... ဒီနေ့ ဒီအဆုံးသတ်ကစားကွက်က မင်းအတွက် သင်ခန်းစာပဲ"

"ငါ့ကို နိုင်ချင်ရင် ဒီကစားကွက်ကို အရင် ဖြေရှင်းပြရမယ်... အဲ့လိုမှ မဟုတ်ရင် မင်းက ငါ့ကို တွေ့ဖို့ အရည်အချင်းတောင် မရှိသေးဘူး... ဟားဟားဟား"

လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

"စစ်တုရင်သူတော်စင်ကြီးပဲ၊ သူတော်စင်ကြီး ကိုယ်တိုင် စကားပြောလာတာပဲ"

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော မျက်လုံးများသည် အလင်းအလွှာရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေသော ရွှယ်အန်းအပေါ်သို့ ရောက်ရှိနေကြသည်။ အချို့က မြင်ကွင်းကို ကြည့်ရင်း ခေါင်းခါမိကြသည်။

တကယ်ပဲ ဘာမှော်ဆန်မှုမှ ဖြစ်မလာဘူးပဲ...၊ ဒီလောက် ခက်ခဲတဲ့ အဆုံးသတ်ကစားကွက်ကို ရင်ဆိုင်နေရတာ၊ သူလို လူငယ်လေးတစ်ယောက်က ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ...

ကျူကောရွှမ်ချင်းနှင့် ကုန်းမောင်နှမများမှာ ရင်တမမ ဖြစ်နေကြရှာသည်။

မစ္စတာရွှယ်... အကောင်းဆုံး ကြိုးစားပါနော်

ထိုအချိန်တွင် ရွှယ်အန်း ခေါင်းမော့လာပြီး အလင်းအလွှာကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ခင်ဗျားက တကယ်ပဲ... ဒါလေးက ကျုပ်ကို တားနိုင်မယ် ထင်နေတာလား"

ရွှယ်အန်းသည် စကားဆုံးသည်နှင့် မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏ စိတ်ဝိညာဉ်အာရုံသည် ကစားပွဲထဲသို့ ချက်ချင်း ဝင်ရောက်သွားကာ စစ်တုရင်အရုပ်များကို ထိန်းချုပ်ပြီး အခြေအနေကို ဖြေရှင်းလိုက်သည်။ တစ်ခဏချင်းစီမှာပင် အလင်းအလွှာပေါ်ရှိ စင်မြင့်သည် ဖရိုဖရဲ လည်ပတ်သွားပြီး စစ်တုရင်အရုပ်များ လျင်မြန်စွာ ရွေ့လျားသွားကြသည်။

လူတိုင်း တိတ်ဆိတ်သွားသည်။ ကုန်းရွှယ်မန်သည် သူအ၏ ကျင့်ကြံမှုအဆင့်ဖြင့် စစ်တုရင် အစီအရငါများကို နားမလည်နိုင်သဖြင့် တိုးတိုးလေး မေးလိုက်သည်။

"အစ်ကို... မစ္စတာရွှယ်က ဒီဟာကို ဖြေရှင်းနိုင်ပါ့မလား"

ကုန်းချန်ယွဲ့က လေးနက်သော မျက်နှာထားဖြင့် ကြည့်နေပြီးမှ ခေါင်းခါလိုက်သည်။

"ငါလည်း မသိဘူး၊ ဒါပေမဲ့ သိပ်တော့ မလွယ်လောက်ဘူး ထင်တယ်"

ထိုအချိန်တွင် ပြောင်းလဲနေသော စစ်တုရင်ကစားပွဲကို အာရုံစိုက် ကြည့်ရှုနေသော ကျူကောရွှမ်ချင်းသည် ရုတ်တရက် တုန်လှုပ်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။

"အစ်မရွှမ်ချင်း... ဘာဖြစ်လို့လဲ"

သူမ၏ အဖြစ်အပျက်ကို သတိထားမိသော ကုန်းရွှယ်မန်က အမြန်မေးလိုက်သည်။

All Chapters