← Chapters

ဟင်းပွဲများ

Vol. 6 Ch. 63

ဟင်းပွဲများ

Vol. 6 Ch. 63

ဟူး...ဟူး...

ဂူသချိုင်းအတွင်း၌ ရှုရှိုက်သံများကိုသာ ကြားနေရသည်။

ဝူစန်းရီ၏မျက်နှာပေါ်၌ အစွန်းအထင်းများရှိနေသလို အေးစက်သောချွေးများဖြင့်လည်း ဖုံးလွှမ်းထားပေသည်။

ဖန်ရှန့်ချန်နှင့် ကျောက်ချီထျန်းတို့၏ခြေထောက်များကလည်း ဖျားနာနေသကဲ့သို့ တုန်ခါနေခဲ့ကြသည်။

"မင်းက လူလား...သရဲလား..."

အချိန်အတော်ကြာပြီးမှသာ ဝူစန်းရီက သတိပြန်ဝင်လာခဲ့သည်။သူသည် ဂူသချိုင်းများစွာကို ဖောက်ထွင်းဖူးသူဖြစ်ပေရာ ထူးဆန်းသောအရာများစွာကို ကြုံတွေ့ဖူးသော်လည်း ယနေ့အချိန်လိုမျိုး အခြေအနေမျိုးအား တစ်ခါမှမကြုံတွေ့ဖူးပေ။

ဤလျှို့ဝှက်ဂူသချိုင်းအား မြေအောက်အနက်ပိုင်း၌ တည်ဆောက်ထားသည်မှာ ထင်ရှားပေသည်။

သို့သော်လည်း အတွင်းထဲ၌ အလှဆင်ထားသည့်ပစ္စည်းများက အသစ်အတိုင်းဖြစ်နေကာ စိမ်းစိုသောဝါးညှပ်များကိုပင် တွေ့မြင်နေရသည်။

သို့သော်လည်း သူတို့အားအမှန်တကယ်တုန်လှုပ်စေသူမှာ သူတို့၏ရှေ့၌ရပ်နေသော ယဲ့ပိုင်ပင်ဖြစ်သည်။

သို့သော်လည်း ဝူစန်းရီ၏မေးခွန်းအပြီးတွင် ယဲ့ပိုင်ကပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။

ဖန်ရှန့်ချန်သည် နောက်ဆုံးမှဝင်ရောက်လာသူဖြစ်သည်။သူသည် ယဲ့ပိုင်ကိုတွေ့မြင်ပြီးနောက်တွင် သူ၏မျက်လုံးများက ပေါက်ထွက်လုမတတ် ပြူးကျယ်လာပြီး သူ၏ပါးစပ်ကအထိန်းအကွပ်မဲ့စွာ တုန်ယင်လာခဲ့သည်။

"ငါမပြောခဲ့ဘူးလား...သူကတွင်းထဲကိုခုန်ဆင်းသွားတာ ငါမြင်လိုက်တာပဲ...ငါထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ဘူးလို့ ငါဒီလောက်ပြောနေတာတောင်မှ မင်းတို့ကငါ့ကိုမယုံကြဘူး"

သူထိုစကားကိုပြောလိုက်ချိန်တွင် လျှို့ဝှက်ခန်းတစ်ခုလုံးက ထူးထူးဆန်းဆန်းတိတ်ဆိတ်နေခဲ့သည်။

ကျန်းချီထျန်း၏တုံ့ပြန်မှုအရှိန်သည် အလွန်မြန်ဆန်ကာ ချက်ချင်းဝင်ရောက်ပြောဆိုလိုက်သည်။

"ငါမှန်တယ်ဆိုရင်...ဒီသချိုင်းမှာနောက်ထပ်ဝင်ပေါက်တစ်ခုရှိရမယ်...ကောင်လေး မင်းကနောက်ထပ်ဝင်ပေါက်တစ်ခုကိုတွေ့ခဲ့တာလား...ဒီကရှေးဟောင်းပစ္စည်းတွေအားလုံးကို မင်းဘယ်ယူသွားတာလဲ"

ဟမ်...

ထိုစကားကိုကြားချိန်၌ ဝူစန်းရီသည် ကြီးမားသည့်လှုံဆော်မှုတစ်ခုအား ရရှိလိုက်သည်။

မူလက သူ၏ခန္ဓာကိုယ်၌ ချွေးစေးများအဆက်မပြတ် ထွက်ပေါ်နေသော်လည်း ရုတ်ချည်းဆိုသလိုပင် သတိပြန်ဝင်လာခဲ့သည်။

ထို့နောက်သူသည် ယဲ့ပိုင်အားစိုက်ကြည့်လိုက်ကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။

"သားလေး...မင်းငါတို့နဲ့ကစားနေတာလား..."

ဝူစန်းရီက ဟိန်းဟောက်လိုက်သည်။

ဖန်ရှန့်ချန်သည်ကား သူ၏မျက်လုံးများ၌ ကြောက်ရွံ့မှုများ ကြီးစိုးခြယ်လှယ်နေဆဲဖြစ်သည်။ယဲ့ပိုင်သည် တွင်းပေါက်ထဲသို့ လူကိုယ်တိုင်ခုန်ချသွားသည်ကို ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရပေသည်။သူ၏အမြင်အာရုံသည် ယခုအချိန်ထိမှားယွင်းမှုမရှိကြောင်း သူကိုယ်တိုင်ရှင်းရှင်းလင်းလင်းယုံကြည်ပေသည်။ထို့ကြောင့် ဖန်ရှန့်ချန်သည် လက်သီးကိုခပ်တင်းတင်းဆုပ်လိုက်ကာ နောက်သို့တိတ်ဆိတ်စွာဆုတ်ခွာ၍ အချိန်မရွေးလွတ်မြောက်ရန် အသင့်ပြင်ဆင်ထားပေသည်။

သို့သော်လည်း သူတို့၏လှုပ်ရှားမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသည့် ယဲ့ပိုင်သည် နောက်သို့ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်မိသည်။

သူတို့အားကြည့်နေသော ယဲ့ပိုင်၏မျက်လုံးများ၌ မည်သည့်ထူးခြားမှုမျိုးမှ ရှာမတွေ့ပေ။

ထို့ပြင် သူ၏မျက်လုံးများ၌ မည်သည့်ခံစားချက်ကိုမှ မတွေ့ရှိရပေ။

ယဲ့ပိုင်သည် စက္ကန့်အနည်းငယ်ကြာ ငြိမ်သက်ပြီးနောက် လေသံတိုးတိုးလေးဖြင့် ပြောဆိုလိုက်သည်။

"ဒီအရာတွေကို ဖယ်လိုက်"

"ကောင်းပြီ..."

ဝူစန်းရီတို့ သုံးယောက်သည် ယဲ့ပိုင်၏စကားသံကို ကြားလိုက်ရချိန်တွင် သူတို့၏မျက်လုံးများက ရုတ်တရက်မှုန်မှိုင်းသွားခဲ့ကာ ပါးစပ်မှနေ၍ တညီတညာတည်း ပြန်ဖြေလိုက်ကြသည်။

ကလန်...

နောက်အခိုက်အတန့်တွင် သူတို့၏လက်ထဲ၌ကိုင်ထားသော ကိရိယာများသည် အောက်သို့ပြုတ်ကျသွားခဲ့သည်။

သူတို့သည် လျှိ့ဝှက်အခန်းရှိရာသို့ သတိကြီးစွာဖြင့် လျှောက်လာခဲ့ကြပြီး စာအုပ်စင်ပေါ်ရှိ ဝါးညှပ်များကိုကောက်ကိုင်၍ ပစ္စည်းများကို စတင်နေရာရွေ့လိုက်ကြသည်။

ယဲ့ပိုင်သည် ထိုသို့လုပ်ဆောင်ပြီးနောက်တွင် လျှို့ဝှက်ခန်းထဲ၌ ရပ်နေသော သူ၏ပုံရိပ်သည် လေထုထဲ၌ပျောက်ကွယ်သွားခဲ့ကာ အလင်းတန်းတစ်ခုနှင့်အတူ ပြန်လည်ထွက်ပေါ်လာပြီး ပြခန်း၏နောက်ဖေး၌ရှိနေသော တွင်းပေါက်အစွန်း၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

...

ပြခန်းအတွင်း၌...

နေရောင်ကွယ်ပျောက်သွားပြီးနောက် လမင်းကကောင်းကင်ယံ၌ထွက်ပေါ်လာပြီး ခြံဝင်းထဲ၌ အနီရောင်မီးပုံလေးများကို ချိတ်ဆွဲထားပေသည်။

ယဲ့ပိုင်ပြန်လည်ထွက်ပေါ်လာချိန်တွင် တွင်းပေါက်တူးဖော်ရာမှ ထွက်လာသည့်မြေကြီးများကြောင့် ခြံဝင်းထဲ၌ စုပုံနေသော တောင်ပို့လေးများက တခဏချင်းပျောက်ကွယ်သွားခဲ့သည်။

မိုးမခင်ပင်များကလည်း စိမ်းလန်းသည့်ရွက်နုများအား ထုတ်ဖော်ကာ လေထဲ၌ယိမ်းထိုးကခုန်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် လေထုထဲ၌ အစားအစာများနှင့်သက်ဆိုင်သည့် ချိုမြိန်သောမွေးရနံ့က ပျံ့နှံ့လာခဲ့သည်။

ခဏအကြာတွင် ဝမ်ရှို့သည် သူ၏ခနော်ခနဲ့ခန္ဓာကိုယ်အား သယ်မ၍ ခြံဝင်းထဲသို့ ဖြည်းညှင်းစွာလျှောက်လာခဲ့သည်။

သူသည် သပ်ရပ်သန့်ရှင်းနေသာ အတွင်းခြံဝင်းကို သတိထားမိလိုက်ပြီးနောက် ခုနေလေးတင်ဤနေရာ၌ရှိမနေသော ယဲ့ပိုင်သည် အတွင်းခြံဝင်းထဲ၌ ရုတ်တရက်ပေါ်လာကြောင်း တွေ့လိုက်ရသည်။

ဝမ်ရှို့၏ခန္ဓာကိုယ်သည် ခဏလောက် ထိတ်လန့်သွားခဲ့သော်လည်း နောက်အခိုက်အတန့်တွင် စိတ်သက်သာရာရသွားခဲ့သည်။သူသည် နှစ်ပေါင်းတစ်ရာကျော်ကြာသည်အထိ အသက်ရှင်သန်လာခဲ့သူဖြစ်ရာ မည်သည့်ကိစ္စမျိုးကိုမဆို ကြုံတွေ့ဖူးပေသည်။ယခုသူကြုံတွေ့ရသောအရာသည် ယဲ့ပိုင်၏အသက်ရှည်ခြင်းနှင့်ယှည်လျင် မည်သို့မှမထူးခြားပေ။

သူသည် ယဲ့ပိုင်ကိုကြည့်ရင်း ဖြည်းညှင်းစွာပြောလိုက်သည်။

"ဘိုးဘေး...မင်းဒီကိုရောက်ကတည်းက တစ်ရက်လေးမှစားသောက်တာမျိုး မလုပ်သေးဘူး...ဒီမျိုးဆက်သစ်က အစားအသောက်တွေပြင်ဆင်ပြီးသွားပါပြီ...ဒိအိမ်ကဘိုးဘေးရဲ့အပိုင်ဖြစ်နေပြီ...ငါကဒီမှာအလကားနေလို့ အဆင်မပြေဘူး...ဒါကြောင့်ငါတို့ရဲ့နေထိုင်ခအတွက် အစားအသောက်တွေနဲ့ပြုစုပါရစေ"

ထိုသို့စကားပြောနေစဉ် သူသည် ဂူသချိုင်း၏အဝင်ဝသို့ တိတ်တဆိတ်ကြည့်လိုက်သော်လည်း မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရ၍ အပိုစကားမပြောတော့ပေ။

"ကောင်းပြီလေ..."

ယဲ့ပိုင်ကခေါင်းညိတ်ပြလိုက်သည်။

ခဏအကြာတွင် သူတို့နှစ်ယောက်သည် အခန်းထဲသို့ဝင်လာကြသည်။

အခန်းအရွယ်အစားက များစွာမကြီးလှပေ။အခန်းနံရံ၌ ဝမ်ရှို့နှင့်ဝမ်ကူတို့ ရေးဆွဲထားသည့် ပန်းချီကားအမျိုးမျိုးရှိပေသည်။

အခန်းအလယ်တွင် ဟောင်းနွမ်းနေသော သစ်သားစားပွဲဝိုင်းတစ်ခုရှိနေခဲ့သည်။ထိုစားပွဲဝိုင်းသည် အလွန်သန့်ရှင်းကာ အညစ်အကြေးကင်းစင်ပေသည်။

ယဲ့ပိုင်သည် အခန်းထဲသို့ဝင်လာပြီးနောက်တွင် ဝမ်ကူရောက်နှင့်နေသည်ကို တွေ့လိုက်ရသည်။ထို့ကြောင့်သူသည်လည်း စားပွဲဝိုင်းတွင်နေရာယူရန် ထိုင်ခုံတစ်လုံးအားရှာဖွေလိုက်သည်။

ဝမ်ရှို့သည် ယဲ့ပိုင်အားလေးစားသော်လည်း သူသည်ဝမ်အန်းမဟုတ်သည့်အတွက်ကြောင့် ယဲ့ပိုင်၏အကြောင်းကို များများစားစားမသိသေးရာ များစွာကြောက်ရွံ့ခြင်းမရှိပေ။သူသည် ယဲ့ပိုင်ထိုင်နေသည်ကိုမြင်သောအခါ ယဲ့ပိုင်၏ဘေးနားတွင် ဝင်ထိုင်လိုက်သည်။

"ဘိုးဘေး...စားလို့ရပြီ"

ဝမ်ရှို့သည် တူကိုကောက်ကိုင်လိုက်ကာ လေးလေးစားစားစကားဆိုလိုက်သည်။

ဝမ်ကူသည် ပန်းကန်လုံး၃လုံးထဲသို့ ထမင်းဖြည့်လိုက်ပြီးနောက် ထမင်းပန်းကန်လုံးများအား ဝမ်ရှို့နှင့်ယဲ့ပိုင်တို့ထံ လက်နှစ်ဖက်ရိုရိုသေသေ ပေးကမ်းလိုက်သည်။

ဝမ်ရှို့ကထိုသို့ပြောလိုက်သော်လည်း ယဲ့ပိုင်သည် မည်သည့်စကားမှပြန်မပြောသလို သူ၏လက်ကိုလည်းမလှုပ်ရှားခဲ့ပေ။ထို့အစားသူသည် စားပွဲပေါ်ရှိဟင်းပွဲများကိုကြည့်ကာ တစ်စုံတစ်ခုအားတွေးတောနေသကဲ့သို့ သူ၏အကြည့်များက ငြိမ်သက်နေခဲ့သည်။

စားပွဲပေါ်၌ ဟင်းပွဲကိုးမျိုးရှိပေသည်။

ဟင်းပွဲအတွက် အသုံးပြုသည့် ပန်းကန်ပြားများသည် ချင်မင်းဆက်၏ အပြာနှင့်အဖြူစပ်ကြွေပန်းကန်ပြားများဖြစ်ကာ ၎င်းတို့သည်ရှားပါးခြင်းမရှိသော်လည်း အလွန်ပင်စျေးကြီးလှပေသည်။

ဟင်းပွဲများမှာ ငါးတစ်ပန်းကန်၊အသားဟင်းတစ်ပန်းကန်နှင့် အဓိကအားဖြင့် ဟင်းသီးဟင်းရွက်များဖြစ်ကြသည်။

ဟင်းပွဲတစ်ခုစီတိုင်းကို အလွန်နူးညံ့သိမ်မွေ့စွာဖြင့် စိတ်ရှည်လက်ရှည်ပြုလုပ်ထားပုံရသည်။ဟင်းပွဲတိုင်းသည် အရောင်တောက်ပနေကာ ပြေပြစ်သည့်သွင်ပြင်ရှိပြီး အနံ့အရသာမွေးကြိုင်၍ လူတိုင်း၏စားသောက်ချင်စိတ်အား တိုးပွားစေနိုင်သည်။

"ဒီဟင်းပွဲက မဆိုးဘူး ယင်ချွန်း"

(TN - ယင်ချွန်းဆိုတာ ဆောင်းစံပယ် (ဝါ)ဆောင်းမြတ်လေးဟုအဓိပ္ပါယ်ရသည့် ဝမ်ရှို့၏နာမည်ပြောင်ဖြစ်သည်

အချိန်အတော်ကြာပြီးနောက် ယဲ့ပိုင်သည် သူ၏တူချောင်းများကို ကောက်ကိုင်လိုက်ပြီး ဟင်းလျာအား ပါးစပ်ထဲသို့ထည့်သွင်းကာ နူးညံ့သည့်လေသံဖြင့် စကားဆိုလိုက်သည်။

ဝမ်ရှို့သည် ယဲ့ပိုင်၏ချီးမွန်းစကားကိုကြားချိန်၌ ပြုံးလိုက်မိကာ အလွန်သက်တောင့်သက်သာဖြစ်သလို ခံစားလိုက်ရသည်။

"ဟုတ်ပါတယ်...ဒီဟင်းပွဲတွေအားလုံးကို ဘိုးဘေးတွေကိုယ်တိုင်လက်ဆင့်ကမ်းထားတဲ့ နည်းစနစ်တွေနဲ့ချက်လုပ်ထားတာဖြစ်တယ်...ဟင်းပွဲတစ်ခုစီတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်လက္ခဏာရပ်တွေရှိတယ်...ချက်ပြုတ်ရာမှာအသုံးပြုတဲ့ မြေသားမီးဖိုနဲ့မီးဖိုချောင်သုံးပစ္စည်းတွေအားလုံးက မူရင်းပစ္စည်းတွေပါ...ခေတ်တွေတဖြည်းဖြည်းတိုးတက်ပြောင်းလဲလာပေမဲ့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲမလုပ်ဆောင်ရဲဘူး"

ဝမ်ကူသည် ထိုစကားကိုကြားချိန်၌ သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူနေသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"အဖေပြောတာအမှန်ပဲ...ဝမ်မိသားဝင်တိုင်းဟာ ဟင်းချက်တဲ့နေရာမှာကျွမ်းကျင်မှုရှိကြတယ်...မိသားစုဝင်တစ်ယောက်ဟာ စဉ်းစားတွေးခေါ်တတ်ချိန်ကစပြီး ဟင်းချက်တာကိုလေ့ကျင့်ခဲ့ရတယ်...နှမြောစရာကောင်းတာက ဒီဘက်ခေတ်ကာလက မြန်မြန်ဆန်ဆန်တိုးတက်ပြောင်းလဲလာတာပဲ...ငါ့သားသမီးတွေက နိုင်ငံရပ်ခြားကို ပြောင်းရွေ့သွားကြတော့ ငါ့မှာသူတို့ကိုကြီးကြပ်ခွင့်မရခဲ့ဘူး"

ယဲ့ပိုင်၏မျက်နှာအမူအရာသည် တည်ငြိမ်နေဆဲဖြစ်သည်။အမှန်တော့ ခြံဝင်းအတွင်းရှိ ဟင်းပွဲများ၏ရနံ့ကို ရရှိချိန်ကပင် သူခန့်မှန်းထားပြီးဖြစ်သည်။

ထိုဟင်းပွဲများအားလုံးသည် လွန်ခဲ့သောနှစ်ပေါင်းထောင်ချီက သူအကြိုက်ဆုံးဟင်းလျာများဖြစ်ကြသည်။

ထိုဟင်းပွဲများသည် တစ်ချိန်က ဝမ်ရှို့ကို သူသင်ပေးခဲ့သော ဟင်းပွဲများဖြစ်ကြသည်။

နှစ်ပေါင်းတစ်ထောင်ကြာပြီးနောက်တွင် သူနှင့်အကျွမ်းတဝင်ရှိသော ဟင်းလျာများကို တဖန်ပြန်တွေ့ရချိန်တွင် ယဲ့ပိုင်က အနည်းငယ်အံ့သြသွားခဲ့သည်။ဟင်းပွဲများ၏အရသာနှင့် အသေးစိတ်အချက်အလက်များက အနည်းငယ်ပြောင်းလဲသွားခဲ့သော်လည်း ရင်းနှီးသောခံစားချက်ကို ရရှိခြင်းက မဆိုးရွားလှပေ။

"ဟင်းလျာတွေကကောင်းပေမဲ့ ဝိုင်တစ်ခွက်လောက်လိုအပ်နေတယ်"

ယဲ့ပိုင်က ရေရွတ်လိုက်သည်။

သူသည် ဝမ်ရှို့အား ဟင်းလျာများကို ချက်ပြုတ်တတ်အောင် သင်ကြားပေးခဲ့သည့်အချိန်တွင် ဝိုင်အိုးအနည်းငယ်ကိုလည်း ချက်လုပ်ပေးခဲ့သည်။မည်သို့ပင်ဆိုစေ ယဲ့ပိုင်က ဤအတိုင်းသာ စကားစမိလိုက်ခြင်းဖြစ်သည်။နှစ်ပေါင်းထောင်ချီ ကြာမြင့်ပြီးနောက်တွင်ပင် ဟင်းချက်ခြင်းအတတ်ပညာကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့ခြင်းကပင် ရှားပါးပြီးအထင်ကြီးစရာကောင်းနေပြီဖြစ်သည်။

"ဘိုးဘေး...မင်းကကြည်လင်သောညကို ပြောချင်တာလား..."

သို့သော်လည်း ဘေးနားတွင်ထိုင်နေသော ဝမ်ရှို့အတွက် ယဲ့ပိုင်၏စကားက မည်သည်ကိုရည်ညွန်းသည်ကား သိရှိနေခဲ့၍ သူ၏ခန္ဓာကိုယ်က တုန်ခါသွားခဲ့သည်။ဝမ်မိသားစု၏ဝိုင်အမည်ကို ကြည်လင်သောညဟုအမည်ပေးထားပြီး ဝမ်မိသားစု၏ သာယာဝပြောမှုကို ကိုယ်စားပြုနိုင်ပေသည်။သူတို့သည် ထိုဝိုင်အား နှစ်ထောင်ပေါင်းများစွာထိန်းသိမ်းထားခဲ့ကာ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့သည်။ဝမ်ကူသည်ပင် ထိုအကြောင်းအားမသိရှိသေးပေ။

All Chapters