← Chapters

ကြည်လင်သောည

Vol. 6 Ch. 64

ကြည်လင်သောည

Vol. 6 Ch. 64

အဘိုးအိုနှင့်လူငယ်တစ်ယောက်တို့သည် မျက်နှာချင်းဆိုင်ထိုင်နေခဲ့ကြသည်။

စားပွဲပေါ်၌ ထူးခြားသည့်ပန်းကန်လုံး၉လူံးအားနေရာချထားပြီး ဝိုင်းအိုးအနည်းငယ်ကိုလည်း ထိုပန်းကန်လုံးများဘေး၌ နေရာချထားပေးသည်။ဝိုင်၏မွှေးရနံ့က အခန်းတစ်ခုလုံးအား ပျံ့နှံ့သွားခဲ့ကာ ပြင်းထန်လှသည့်မွှေးရနံ့က တစ်စုံတစ်ယောက်ကို ချက်ချင်းမူးယစ်သွားစေနိုင်သည်။

“ဆရာ...ဒီရက်ပိုင်းတကယ်ထွက်သွားတော့မှာလား...”

အဘိုးအို၏အသံသည်အနည်းငယ်မတည်မငြိမ်ဖြစ်နေကာ သူ၏မျက်လုံးထောင့်စွန်း၌ မျက်ရည်စများ တွဲခိုနေခဲ့သည်။

ထိုအခိုက်အတန့်တွင် ဆယ်ကျော်သက်ကောင်လေးက တိုးတိုးလေးပြောလိုက်သည်။

“ဒီဝိုင်တစ်ခွက်ကိုအရင်သောက်လိုက်...”

အဘိုးအိုသည် ဝိုင်ကိုဖြေးဖြေးချင်းသောက်လိုက်ပြီး သူ၏တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

“ဆရာဘာလို့ ဒီဝိုင်ကို ကြည်လင်သောညလို့ခေါ်တာလဲ”

“နေ၀င်ခါနီးရင် ကောင်းကင်က အရောင်တောက်ပလာတယ်...နွေဦးရာသီမှာ လေပြေလေညှင်းတွေက တိုက်ခတ်လာတတ်တယ်...ညဘက်ရောက်လာချိန်မှာ မိန်းမချောလေးတွေက ချိုသာတဲ့အသံတွေနဲ့ သီချင်းဆိုကြပြီး အာရုဏ်ဦးကို ကြိုဆိုခဲ့ကြတယ်”

“ဝိုင်ကိုသီချင်းတစ်ပုဒ်လို ခံစားပြီးအမည်ပေးထားတာပဲ...ဘ၀ကတကယ်ကို ဆန်းကြယ်တာပဲ...ကြည်လင်သောညက တယ့်ကိုနာမည်ကောင်းတစ်ခုပါ...ဒီလိုဝိုင်ပုလင်းမျိုးနည်းနည်းပဲရှိတာ နှ‌မြောဖို့ကောင်းတယ်...ဒါပေမဲ့ ဆရာစိတ်ချပါ....ဒီဝိုင်ပုလင်းကို ကောင်းကောင်းထိန်းသိမ်းထားပါမယ်....ဒါဆိုရင် တနေ့မှာ ငါတို့ ၀မ်မိသားစုမျိုးဆက်တွေနဲ့ တွေ့တဲ့ အခါကျရင် ဆရာဒီဝိုင်ကို ထပ်သောက်လို့ရပြီပေါ့”

အဘိုးအိုသည် သူ၏ဘ၀သက်တမ်းအဆုံးသတ်တော့မည်ဖြစ်ကြာင်း သိရှိထားပြီဖြစ်ရာ သူလုပ်ဆောင်နိုင်သည့်အရာများစွာမရှိတော့ကြောင်း နားလည်ထား‌ပေသည်။သို့ဖြစ်ရာ ဤဝိုင်အား ၀မ်မိသားစု၏သားစဉ်မြေးဆက်များအား အမွေဆက်ခံခွင့်ပေးပြီး သတ်မှတ်ထားသည့်ကံကြမ္မာအတိုင်း ဖြစ်လာစေရန် မျှော်လင့်ရမည်သာဖြစ်သည်။

“ကောင်းပြီလေ...”

လူငယ်က အဘိုးကြီး၏စကားကို ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ထိုအဘိုးကြီးသည် ဤဝိုင်အားနှစ်ထောင်ပေါင်းများစွာတိုင်အောင် သိမ်းဆည်းထားလိမ့်မည်ဟု ယဲ့ပိုင်အမှန်တကယ်မမျှာ်လင့်ထားခဲ့ပေ။ဤဝိုင်အား ယဲ့ပိုင်ကိုယ်တိုင် ချက်လုပ်ထားခြင်းဖြစ်ပေသည်။ထိုဝိုင်အား နှစ်ထောင်ပေါင်းများစွာကြာမှ ပြန်လည်သောက်သုံးရခြင်းသည် သူ့အတွက် အမှန်ပင်ဆန်းကြယ်လှပေသည်။

....

ညစာစားပွဲမတိုင်မှီက...

၀မ်ရှို့သည် တုန်လှုပ်နေခဲ့သော်လည်း ၀မ်ရှီကျစ်၏လက်ရာများသည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက တည်ရှိခဲ့သည့် ကျင်းမင်းဆက်မှစတင်၍ မြစ်ဖျားခံလာခဲ့ခြင်းဖြစ်ကြောင်း တွေးမိလိုက်ချိန်တွင် စိတ်သက်သာရာ ရသွားခဲ့သည်။

သူ့ရှေ့မှလူငယ်သည် ၀မ်ရှီကျစ်နှင့် တူညီသောခေတ်မှ ဆင်းသက်လာသူဖြစ်သည်။သို့ဖြစ်ရာ ၀မ်မိသားစု၌ ကြင်လင်သောညရှိနေကြောင်းကို သိရှိနေသည်မှာ မထူးဆန်းပေ။ယနေ့ညတွင် သူသည် ယဲ့ပိုင်အား ထိုဝိုင်ဖြင့် တည်ခင်းရမည်ဖြစ်သည်။

“ကူအာ...ခြံ၀င်းအနောက်တောင်ဘက်မှာ ရှေးဟောင်းမိုးမခပင်တစ်ခုရှိတယ်...အဲ့မိုးမခပင်ကို ၃ပေတူးလိုက်ရင် မြုပ်နှံ့ထားတဲ့ ဘိုးဘေးကိုယ်တိုင် လက်ဆင့်ကမ်းလာတဲ့ ဝိုင်အိုးနှစ်ခုကိုတွေ့လိမ့်မယ်...အဲ့ဒါကိုသွားယူလိုက်...၀မ်အိမ်ကိုအလည်လာတဲ့သူတစ်ယောက်က ဝိုင်နာမည်ကို ပြောနိုင်ခဲ့မယ်ဆိုရင် ကြည်လင်သောညကိုတူးဖော်ပြီးတော့ မြည်းစမ်းခိုင်းရမယ်”

ခဏကြာငြိမ်သက်သွားပြီးနောက်တွင် ၀မ်ရှို့က၀မ်ကူအားကြည့်၍ ညင်သာစွာပြောလိုက်သည်။

“အဖေ...ငါတို့က ဝိုင်တွေကိုဖွက်ထားတာလား...ဝိုင်နာမည်က ကြည်လင်သောညလို့ခေါ်တာလား...နာမည်ကောင်းပဲ...ငါချက်ချင်းသွားပြီးတူးဖော်လိုက်မယ်...”

၀မ်ကူကလေသံတိုးတိုးဖြင့် ပြောလိုက်ပြီး သူ၏မျက်နှာပေါ်၌ အနည်းငယ်အံ့သြသင့်နေသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။သူ၏အဖေသည် မိုးမခပင်အောက်၌ ဝိုင်အိုးများဖွက်ထားကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။အကယ်၍ တစ်စုံတစ်ယောက်ကသာ ဤဝိုင်နှင့်ပတ်သက်သည့် ကုတ်ကိုထုတ်မပြောပါက ဝိုင်ကိုသောက်ရမဟုတ်ပေ။

သူသည် အတွင်းခြံ၀င်းထဲသို့လျှောက်လာပြီး တစ်ချက်ကြည့်လိုက်ရာ အသစ်စက်စက်ဝါးညှပ်များနှင့်အလှဆင်ထားသည့် ထုတ်ကုန်အချို့အား သတိထားမိသော်လည်း လျင်မြန်စွာပင် အကြည့်လွဲလိုက်သည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက်....

၀မ်ကူသည် ရှေးဟောင်းမိုးမခပင်အောက်မှ ဝိုင်အိုးနှစ်ခုအား အမှန်တကယ်တူးဖော်မိခဲ့သည်။

သူသည် မြေကြီးများကို ဖယ်ရှားပြီးနောက်တွင် ကြည်လင်သောဝိုင်ရနံ့က ခြံ၀င်းတစ်ခုလုံးအား ပြည့်လျှံသွားစေခဲ့သည်။မိုးမခပင်အိုကြီးကလည်း အညွန့်သစ်များပွင့်ဖူးလာသကဲ့သို့ ခြံ၀င်းအတွင်း၌ ပျော်ပျော်ရွှင်ရွှင်ကခုန်၍ လှုပ်လှုပ်ရွရွဖြစ်နေခဲ့သည်။

“အရမ်းမွှေးတာပဲ...”

၀မ်ကူသည် ဝိုင်အိုးနှစ်လုံးကိုမြေကြီးထဲမှနေ၍ ဂရုတစိုက်ထုတ်ယူလိုက်သည်။သူသည်ရံဖန်ရံခါ၌ ဝိုင်သောက်သုံးလေ့ရှိသော်လည်း များစွာဝါသနာပါခြင်းမရှိပေ။သို့သော်လည်း သူ၏နှာခေါင်း၀ကို တိုး၀င်လာသည့် ဝိုင်ရနံ့က အလွန်ကြည်လင်ကာ သိမ်မွေ့ပြေပြစ်သည့်အတွက် ထိုအခိုက်အတန့်တွင် သူ၏စိတ်ဝိညာဉ်သည်ပင် သိမ်ငယ်သွားခဲ့ရသည်။

သူသည် ဤဝိုင်ကိုမြည်းစမ်းကြည့်ရုံမှလွဲ၍ အခြားမည်သည့်အရာကိုမှ မလိုအပ်တော့ပေ။

“အဖေ...တကယ်ကြီးဝိုင်တွေရှိနေတာပဲ...”

၀မ်ကူသည် တံခါးကိုတွန်းဖွင့်ရင်း လက်တစ်ဖက်ကဝိုင်အိုးကို ကိုင်လာကာ အော်ပြောလိုက်သည်။

၀ိုင်ကူသည် ထိုသို့ပြောနေရင်း ဝိုင်ကိုမြည်းစမ်းရန် စိတ်မထိန်းနိုင်တော့သကဲ့သို့ သူ၏မျက်လုံးများက အခန်းထဲ၌ဝိုင်ခွက်အား လှည့်ပတ်ရှာဖွေနေခဲ့သည်။

“အဲ့မှာရှိနေတာကောင်းတယ်...”

၀မ်ရှို့၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ခေါ်လာခဲ့သည်။သူသည် ရှေးဘိုးဘေးတစ်ယောက်နှင့် အမှန်တကယ်တွေ့ဆုံခဲ့ကာ ၀မ်မိသားစု၏နှစ်ထောင်ပေါင်းများစွာသော တာ၀န်တစ်ခုကိုဖြေရှင်းနိုင်ခဲ့သည်။သူသည် ထိုအကြောင်းကို ထုတ်ဖော်မပြောသော်လည်း စိတ်ထဲ၌ အမှန်တကယ်ပျော်ရွှင်နေခဲ့သည်။

“ကူလေး...ဝိုင်ခွက်တွေက ဗီရိုရဲ့ ခုနှစ်ခု‌မြောက်အထပ်မှာရှိတယ်...မင်းသွားယူလိုက်”

“ကောင်းပြီ...”

၀မ်ကူသည် ဝိုင်အိုးနှစ်ခုအား စားပွဲပေါ်၌ တင်ထားလိုက်ကာ ဝိုင်ခွက်များအား ယူဆောင်ရန် ထွက်ခွာသွားခဲ့သည်။သူသည် ၀မ်ရှို့၏အမိန့်အား ရင်ဆိုင်ရချိန်တွင် အကြောင်းပြချက်ပေးရန် မဖြစ်နိုင်ပေ။

၁၂စကန့်ကြာပြီးနောက်...

စားပွဲပေါ်၌ လူတိုင်းအတွက် ဝိုင်ခွက်များ ရောက်ရှိလာခဲ့သည်။

ယဲ့ပိုင်သည် စားပွဲပေါ်၌ ဝိုင်နှင့်အစားအသောက်များ အဆင်သင့်ဖြစ်နေသည်မြင်သောအခါ လက်ကိုဆန့်တန်း၍ဝိုင်ခွက်အား ပေါ့ပေါ့ပါးပါး လှမ်းယူလိုက်ပြီး ကျန်လက်တစ်ဖက်က တူချောင်းများအားကောက်ကိုင်၍ လေထုထဲမှဆွဲဆောင်မှုရှိသော ဝိုင်၏မွှေးရနံ့ကို ရှုရှိုက်လိုက်သည်။

ထိုဝိုင်ခွက်များသည် မင်မင်းဆက်မှ အပြာရောင်နှင့်အဖြူရောင်ကြွေထည်များဖြင့် ပြုလုပ်ထားသည့်အတွက်ကြောင့် ဝိုင်ခွက်တစ်ခုစီတိုင်းက တစ်သန်းတန်ကြေးရှိပေသည်။ထို့ပြင်ဝိုင်ထည့်ထားသော ကရားအိုးကလည်း ရှည်လျားသည့်သမိုင်းကြောင်းရှိပေသည်။ဝိုင်ကရားသည် ကြီးမားခြင်းမရှိသော်လည်း အနည်းငယ်သေးငယ်ကာ ဝိုင်ကရားပေါ်၌ ကြက်ခေါင်းတစ်ခုရှိပေသည်။ထိုကြက်ခေါင်းသည် သေးငယ်၍ လည်ပင်းမပါပေ။ထိုကြက်ခေါင်းကရားသည် အ‌ရှေ့ကျင်းမင်းဆက်၏ ကျော်ကြားသည့်ကြက်ခေါင်းကရားနှင့် ဆင်တူပေသည်။

ထို့ပြင် ဝိုင်ခွက်များအား ကောင်းစွာထိန်းသိမ်းထားသည့်အတွက် ကြွေရောင်တလက်လက်တောက်ပနေပြီး လေလံတင်ရောင်းချလိုက်မည်ဆိုပါက ကောင်းကင်တမျှမြင့်မားသည့်စျေးနှင့်ရောင်းချနိုင်ပေသည်။

“ဘိုးဘေး...စားဖို့အချိန်ကျပြီ...ကျေးဇူးပြုပြီးအရင်သုံးဆောင်ပါ...”

၀မ်ရှို့ကပြုံး၍ပြောလိုက်သည်။ယဲ့ပိုင်သည် အလွန်ငယ်ရွယ်ပုံရသော်လည်း အမှန်တကယ်တွင် အလွန်အသက်ကြီးနေသော ဘိုးဘေးတစ်ယောက်ဖြစ်ကြောင်း သူသိရှိထားပေသည်။

သူသည် အသက်ရာကျော်ရှိနေပြီဖြစ်၍ အချို့သောကျင့်၀တ်များက ကာလကြာရှည်စွာ အရိုးထဲထိစွဲနေပြီဖြစ်သည်။အသက်ကြီးသူများသည် စားပွဲဝိုင်း၌ အရင်ဆုံးစားသောက်ရမည်ဖြစ်ကြောင်း သူနားလည်ထားပေသည်။

“အင်း...”

ယဲ့ပိုင်က တိုးညှင်းစွာပြန်ဖြေလိုက်သည်။

သူသည် အရံဟင်းတစ်ဖတ်အား ကြုံသလိုကောက်ယူ၍ ညင်သာစွာကောက်ဝါးလိုက်သည်။

ဟင်းအရသာသည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကထက် ပိုမိုပြည့်စုံသော်လည်း ယခင်ကလောက် ရင်းနှီးခြင်းမရှိတော့ပေ။

သူသည် ဝိုင်သေးသေးလေးတစ်ခွက်ကို တစ်ကျိုက်တည်းကောက်မော့လိုက်ပြီး နှုတ်ခမ်းနှင့်လျှာကြားတွင် မွှေးရနံ့များစွဲကျန်နေသည်အထိ ကြာရှည်စွာ အရသာခံလိုက်သည်။

စားပွဲ၌ထိုင်နေသော ယဲ့ပိုင်သည် ဝိုင်ခွက်ကိုအောက်ချလိုက်ကာ တစ်ခုခုလွဲနေကြောင်း ခံစားမိလိုက်သည်။

ဤဝိုင်ကို လွန်ခဲ့သောနှစ်ပေါင်းထောင်ချီက ယဲ့ပိုင်ကိုယ်တိုင်ချက်လုပ်ခဲ့သော်လည်း နှစ်တစ်ထောင်ကြာသိုလှောင်ထားပြီးနောက်တွင် အနံ့အရသာက ပိုမိုတောက်ပပြည့်စုံလာခဲ့သည်။သို့သော်လည်း ထိုအရသာသည် ယဲ့ပိုင်အမှန်တကယ်လိုချင်နေသော အရသာမဟုတ်ပေ။

“စားကြတော့...”

အချိန်အတော်ကြာပြီးနောက် ယဲ့ပိုင်ကလေသံတိုးတိုးဖြင့်ပြောလိုက်သည်။အစမှအဆုံးတိုင်အောင် သူ၏အမူအရာက မပြောင်းလဲခဲ့ပေ။

“ကောင်းပါပြီ ဘိုးဘေး”

၀မ်ရှို့သည် ဝိုင်ခွက်ကိုကောက်ယူလိုက်ကာ တစ်ကျိုက်တည်းမော့ချလိုက်သည်။

၀မ်ကူသည် ဤအချိန်ရောက်ရန် စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေသူဖြစ်သည်။သူသည် အသက်၈၀အရွယ်ရှိပြီဖြစ်သော အဘိုးအိုတစ်ဦးဖြစ်သော်လည်း လက်ရှိအချိန်တွင် ကလေးတစ်ယောက်လိုဖြစ်နေခဲ့သည်။၀မ်ရှို့သည် ဝိုင်ကိုသောက်သုံးပြီးနောက် သူသည်လည်း တစ်ကျိုက်တည်းမော့ချလိုက်ရာ သူ၏ပါးပြင်သည် အနည်းငယ်နီမြန်းသွားပြီး ထိုင်ခုံပေါ်သို့မှီချလိုက်သည်။

“ဒီဝိုင်ကတကယ်ကောင်းတာပဲ...အရင်ကသောက်ဖူးတဲ့ဝိုင်တွေထက် အဆပေါင်းရာချီပိုကောင်းတယ်...အဖေ မင်းကအချိန်အကြာကြီးဖုံးကွယ်ထားတာပဲ”

၀မ်ရှို့က သူ့လက်များကို‌‌‌‌ ခါယမ်း၍ပြောလိုက်သည်။

“မင်းအပိုစကားတွေမပြောနဲ့...ဘိုးဘေးတွေရဲ့ခွင့်ပြုချက်မပါဘဲ ငါဘယ်သူ့ကိုမှသောက်ခွင့်ပေးတာမဟုတ်ဘူး”

၀မ်ကူကအနည်းငယ်မူးနေသော လေသံဖြင့်ပြောလိုက်သည်။

“အဖေ...နောက်နှစ်ရက်လောက်ကြာရင် ‌ရှေးဟောင်းမြို့ကနွေဦးကာလကို ဖြတ်သန်းတဲ့အခါကျ လေလံပွဲတစ်ခုကို ကျင်းပလိမ့်မယ်...ရှေးဟောင်းမြို့နဲ့အနီးတဝိုက်က ချမ်းသာပြီး စွမ်းအားကြီးတဲ့လူတွေတော်တော်များများ လာကြလိမ့်မယ်...အဲ့ချိန်ကျရင် ဒီလက်ရေးလှနဲ့ပန်းချီကားကို ‌ရောင်းကြမလား”

“အဲ့ဒါက ဘိုးဘေးရဲ့အပိုင်ဘဲ...”

၀မ်ရှို့က ချက်ချင်းငြင်းဆန်လိုက်သည်။

၀မ်ကူသည် ဤလက်ရေးလှနှင့်ပန်းချီကားကို လူအများအသိအမှတ်မပြုမည်ကို အနည်းငယ်မလိုလား၍ ၀မ်ရှို့ကို ထပ်မံဖျောင်းဖြလိုက်ကာ ယဲ့ပိုင်ထံမှလည်း အကြံညဏ်တောင်းလိုက်သည်။

“ဒါပေမဲ့ အဖေ...ဘိုးဘေးကငါတို့ကို ဒီလက်ရေးလှနဲ့ပန်းချီကားကိုပေးပြီးတော့ ငါတို့ရဲ့ပြခန်းကိုလည်း ဘိုးဘေးရဲ့အပိုင်အဖြစ်လွဲပြောင်းပေးခဲ့တာပဲမဟုတ်လား”

“ကောင်းပြီလေ...”

ယဲ့ပိုင်ကခေါင်းညိတ်ကာ ခွင့်ပြုပေးလိုက်သည်။သူသည် ထိုလက်ရေးလှနင့် ပန်းချီကားကို အခြားတစ်ယောက်ထံလက်ဆောင်ပေးခဲ့ပြီဖြစ်ရာ ထိုအရာများအား မည်သို့ပင်လုပ်ဆောင်ပါစေ သူဂရုမစိုက်တော့ပေ။

သောက်စားပြီး အတိတ်အကြောင်းကိုပြောဆိုရင်း ညစာစားပွဲက မြန်မြန်ဆန်ဆန်ပြီးဆုံးသွားခဲ့သည်။

ဟင်းပွဲ၉ပွဲလုံး ကုန်ဆုံးသွားသည့်အချိန်တွင် သုံးယာက်သား တူများကိုအောက်သို့ချထားလိုက်ကြသည်။ထို့နောက် ၀မ်ရှို့နှင့်၀မ်ကူတို့သည် ပန်းကန်များအား စတင်၍ သန့်ရှင်း‌ရေးလုပ်လိုက်သည်။

ယဲ့ပိုင်ကလည်း ယဉ်ကျေးမနေတော့ဘဲ ထရပ်ကာ အ‌‌ဝေးသို့ထွက်ခွာသွားခဲ့သည်။သူသည် တံခါးကိုဖွင့်၍ ခြံ၀င်းကို အေးအေးဆေးဆေးကြည့်ရှုနေခဲ့သည်။ခြံ၀င်းအတွင်း၌ ဝါးညှပ်များ၊လက်‌ရေးလှနှင့်ပန်းချီကားများ အမြှောက်အများရှိနေကာ တစ်ခုချင်းစီတိုင်းက အဖိုးဖြတ်မရနိုင်ပေ။

ယဲ့ပိုင်သည် ထိုအရာများကိုကြည့်ရင်း သူ၏မျက်လုံးများက ပြောင်းလဲခြင်းလုံး၀မရှိဘဲ တည်ငြိမ်နေခဲ့သည်။သို့သော်လည်း ပင်ပန်းနွမ်းနယ်နေကြသော ဝူစန်းရီနှင့် အခြားသူများသည်ကား တုန်လှုပ်ခြောက်ခြားနေသည့်အကြည့်များဖြင့် အဖိုးတန်လက်ရာများကို ကြည့်နေခဲ့ကြသည်။

All Chapters