← Chapters

မြစ်ပြင်ပန်းချီကား

Vol. 6 Ch. 66

မြစ်ပြင်ပန်းချီကား

Vol. 6 Ch. 66

ဓာတ်ပုံ၇ပုံအား စားပွဲ၌နေရာချလိုက်ပြီးနောက် မူလကစားပွဲပေါ်တင်ထားသော ပန်းကန်များအားလုံးကို ဘေးဘက်သို့ဖယ်ရှားပစ်ခဲ့သည်။

လူ၇ယောက်လုံးက ကိုယ်စီမတ်တပ်ထရပ်လိုက်ကြသည်။

သူတို့သည် အသက်ကြီးနေပြီဖြစ်သော်လည်း သူတို့၏မျက်နှာသည် လွန်စွာနီမြန်းနေကာ သူတို့မျက်လုံးများ၌ တောက်ပသည့်အရိပ်အယောင်များက ဖြစ်ပေါ်နေခဲ့ပြီး ပါးစပ်မှနေ၍ အသက်ကိုအမောတကောရှုရှိုက်နေကြသည်။သူတို့သည် ယခုအခါ အရာအားလုံးကို အတည်ပြုပြီးဖြစ်သည့်အတွက် လူတိုင်းလိုလိုတုန်လှုပ်သွားခဲ့ကြသည်။

"ငါတို့ရဲ့ခန့်မှန်းချက်က မှန်ကန်မယ်ထင်တယ်...ငါတို့ရှာနေတဲ့လျှို့ဝှက်ချက်က တရုတ်နိုင်ငံမှာဖြစ်မယ်လို့ ငါထင်တယ်"

အချိန်အတော်ကြာပြီးနောက် ရက်ဖ်ကပြောလိုက်သည်။

"ဖြစ်နိုင်တယ်"

ဂရိရှေးဟောင်းသုတေသနပညာရှင်ကလည်း မျက်နှာထားတည်တည်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဒီကိစ္စကို လူတချို့ကလွဲပြီးတော့ ဘယ်သူကမှမယုံကြည်ကြဘူး...ဒီတစ်ခါတော့ အဖိုးတန်ရှေးဟောင်းပစ္စည်းအချို့ကို ရှာတွေ့ဖို့မျှော်လင့်ချက်နဲ့ ရှေးဟောင်းလေလံပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်...အတိတ်စျေးကြီးကြီးပေးဝယ်ခဲ့ရတဲ့အရာတွေကို အဲ့မှာလွယ်လွယ်ကူကူရောင်းချနိုင်တယ်..."

တရုတ်ရှေးဟောင်းသုတေသနပညာရှင်က ပြောလိုက်သည်။သူသည် အသက်လွန်စွာကြီးမြင့်နေပြီဖြစ်သော်လည်း သူ၏မျက်လုံးများကတောက်ပနေဆဲဖြစ်ကာ သူ၏ခန့်မှန်းချက်မှန်ကန်ကြောင်း သက်သေပြလိုနေခဲ့သည်။

အမေရိကန်ရှေးဟောင်းသုတေသနပညာရှင်က ငြိမ်သက်နေရာမှ သက်ပြင်းရှည်ကြီးချလိုက်ကာ မျှော်လင့်တောင့်တနေသည့်အကြည့်ဖြင့် ပြောလိုက်သည်။

"ဟူး....အသက်ရှည်ခြင်းရဲ့လျှို့ဝှက်ချက်...အဲ့ဒါကိုသာရှာတွေ့ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာအကြီးကျယ်ဆုံးသော အံ့ဖွယ်အမှုဖြစ်လာမှာသေချာတယ်...အဲ့လူကခုချိန်ထိအသက်ရှင်နေမလား ငါမပြောတတ်ဘူး"

သူထိုသို့ပြောလိုက်ချိန်တွင် သီးသန့်ခန့်တွင်းရှိလေထုက ရုတ်တရက်အေးစက်သွားခဲ့သည်။

အဲ့လူအသက်ရှင်နေသေးတာလား...

လူ၇ယောက်သည် စားပွဲပေါ်ရှိဓာတ်ပုံများကို တဖန်ပြန်လည်စိုက်ကြည့်လိုက်ကြသည်။

ဒီစာလုံးတွေက...

ဤနေရာတွင် ကြုံရာတရုတ်လူမျိုးတစ်ယောက်က တချက်ကြည့်လိုက်မည်ဆိုလျှင် ချက်ချင်းမှတ်မိနိုင်ပေသည်။

ထိုစာလုံးများက ထက်မြက်ပြီး အစွမ်းထက်ပုံရပေသည်။

ဤဓာတ်ပုံများမှတဆင့် နှစ်ကာလများကုန်လွန်သွားခြင်းနှင့်ကမ္ဘာကြီး၏အသွင်ကူးပြောင်းမှုတို့ကို တွေ့မြင်နိုင်ပေသည်။

ထိုစာလုံးနှစ်လုံးသည် ယဲ့ပိုင်ကိုယ်တိုင်အမည်ပေးခဲ့သည့် နာမည်အတိအကျပင်ဖြစ်သည်။ထိုစကားလုံးကို ရှန့်ပုဟုခေါ်ဆိုနိုင်သော်လည်း ထိုနှစ်များကဆိုလျှင် ရှန့်ဟူသောစာလုံးသည် ထွင်းထုရန်အတွက်အလွန်ရှုပ်ထွေးကြောင်း ယဲ့ပိုင်ခံစားမိသည့်အတွက်ကြောင့် အနည်းငယ်ရိုးရှင်းအောင် ထပ်မံပြုပြင်ပေးခဲ့သည်။အမှန်တော့ ထိုစာလုံးများက အတူတူပင်ဖြစ်ကြပေသည်။

(TN - ဒီနေရာမှာ ရှန့်ဆိုတဲ့စကားလုံးက ရိုးရာစကားလုံးတစ်ခုဖြစ်ပြီးတော့ နောက်တစ်ခုကရိုးရှင်းအောင်ပြုပြင်ထားတဲ့ တူညီတဲ့အဓိပ္ပါယ်ရတဲ့စကားလုံးပဲဖြစ်တယ်)

...

ညတာကုန်ဆုံးသွားပြီးနောက်...

ပြခန်းအတွင်း၌....

ကောင်းကင်ယံ၌ နွေးထွေးသောနေရောင်ခြည်က ရောက်ရှိလာချိန်တွင် မနေ့ညက ပြန်လည်ပြင်ဆင်ထားသော ဝါးကလစ်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။

ခြံဝင်းထဲရှိ မိုးမခပင်သည်ကား တက်ကြွမှုအပြည့်ဖြင့် လှုပ်ယမ်းနေခဲ့သည်။

မြေပြင်ကို အပြာရောင်ကျောက်ခြေနင်းကျောက်အလွှာဖြင့် ဖုံးလွှမ်းထားပေသည်။သေးငယ်သည့် လမ်းကြောင်းအချို့မှလွဲရင် အခြားသောအပြာရောင်ခြေနင်းကျောက်များရှိ ကွက်လပ်များကို စိမ်းပြာမြက်ပင်များက ဖုံးအုပ်ထားပေသည်။လေထုထဲ၌ ပျံ့နှံ့သောဝိုင်ရနံ့အား မြက်၏မွှေးရနံ့က တိတ်ဆိတ်စွာအစားထိုးလာခဲ့သည်။

ယဲ့ပိုင်သည် ငြိမ်သက်စွာရပ်နေလိုက်သည်။

သူသည် တိမ်ကင်းစင်နေသော အပြာရောင်မိုးကောင်းကင်အား အချိန်အတော်ကြာမော့ကြည့်ပြီးမှ တိုးတိုးလေးညဉ်းညူလိုက်သည်။

"နှစ်ပေါင်း၈၀ကုန်လွန်သွားခဲ့ပြီ...ငါအမှတ်မထင်ချန်ထားမိခဲ့တဲ့ ခြေရာလက်ရာတွေပြန်ပေါ်လာတာပဲ...ရှန့်ပု...ဒီစကားလုံးကို ဘယ်သူကမှအချိန်အကြာကြီး မှတ်မိနေမှာမဟုတ်ဘူး..."

ထိုအချိန်တွင် လေပြင်းတိုက်ခတ်လာ၍ သူ၏ဝတ်စုံအစက လေထဲ၌ ကခုန်နေခဲ့သည်။

ထို့နောက်ယဲ့ပိုင်သည် သူ၏အင်္ကျီလက်ကိုဝှေ့ယမ်း၍ ပြခန်းထဲသို့ လျှောက်လာခဲ့သည်။

ယဲ့ပိုင်သည် တစ်စုံတစ်ယောက်အား စောင့်မျှော်နေသည့်အပြင် ပြသနာအချို့အားဖြေရှင်းရန်အတွက် ရှေးဟောင်းမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အဆုံးသတ်တွင် သူသည် အသက်ရှည်ရှည်နေထိုင်ခဲ့သည်။သူသည် အမှောင်ထုထဲမှနေ၍ လူသားယဉ်ကျေးမှုသမိုင်းကြောင်းတလျှောက် ဖွံဖြိုးတိုးတက်မှုများကို လမ်းညွန်ပြခဲ့ပြီး အရာအားလုံးကို လျှို့ဝှက်စွာထိန်းချုပ်ထားခဲ့သော်လည်း သူဂရုစိုက်ရန် အချိန်မရှိသည့် အသေးအဖွဲ့အရာအချို့ အမြဲရှိနေပေသည်။ဤကမ္ဘာကြီးတွင် ထိုသို့ပြသနာမျိုးအား ရံဖန်ရံခါကြုံတွေ့ရတတ်ပေသည်။

ပြခန်းအတွင်းပိုင်း၌...

ယဲ့ပိုင်သည် ပြခန်းထဲသို့ဝင်လာပြီးနောက် ရှေးဟောင်းသစ်သားစားပွဲ၌ ငြိမ်သက်စွာဝင်ထိုင်လိုက်သည်။

ထို့နောက် သူသည်စားပွဲပေါ်ရှိလက်ချောင်းများကို အနည်းငယ်တီးခေါက်လိုက်သည်။

တောက်...တောက်...

ခဏအကြာတွင် မူလကပိတ်ထားသော ပြခန်းတံခါးက အလိုလိုပွင့်ဟလာခဲ့သည်။

မနက်စောစော၌ ရှေးဟောင်းလမ်းက အလွန်ပင်သက်ဝင်လှုပ်ရှားနေခဲ့သည်။

နွေဦးရာသီက ပိုမိုနီးကပ်လာပြီဖြစ်သည်။နွေးထွေးသောနေရောင်ခြည်ရရှိပြီး လေကောင်းလေသန့်ပေါများသော တောင်ဘက်အရပ်ဒေသဖြစ်သောကြောင့် လမ်းများပေါ်၌ ခရီးသွားအရေအတွက်ပိုမိုတိုးပွားလာခဲ့သည်။

ဝမ်ရှို့နှင့်ဝမ်ကူတို့သည် မနိုးသေးဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲဖြစ်သည်။မနေ့က သူတို့သောက်သုံးခဲ့သောဝိုင်ပမာဏသည် အနည်းငယ်များပြားသွားခဲ့သည်။

ယဲ့ပိုင်သည် စားပွဲဝိုင်း၌ထိုင်နေရင်း လမ်းသွားလမ်းလာများကို တည်ငြိမ်သည့်အမူအရာဖြင့် ကြည့်နေခဲ့သည်။

လမ်းများပေါ်၌ လူများသွားလာလှုပ်ရှား၍ ဆူညံပွက်လောရိုက်နေသော်လည်း ယဲ့ပိုင်၏အမြင်တွင် လက်ရှိကမ္ဘာကြီးသည် အလွန်အေးချမ်းကာ တိတ်ဆိတ်နေသည်ဟု ခံစားမိပေသည်။

ယဲ့ပိုင်သည် ထိုမြင်ကွင်းကို အချိန်အတော်ကြာအောင် ကြည့်နေခဲ့သည်။

ယဲ့ပိုင်သာ် သူ၏လက်ကောက်ဝတ်ကို လှုပ်ခါလိုက်သည်နှင့် စားပွဲပေါ်၌ စာရွက်ဖြူတစ်ရွက် ထွက်ပေါ်လာခဲ့သည်။

မနက်စောစောအချိန်၌ သူ့ထံတွင်အလုပ်မရှိပေ။

ယဲ့ပိုင်သည် လက်တစ်ဖက်ဖြင့်စုတ်တံအားကိုင်ဆောင်လိုက်ပြီး အပြင်ဘက်ရှုခင်းအား တချက်ကြည့်လိုက်သည်။ထို့နောက် စာရွက်အဖြူပေါ်၌ ကောက်ကြောင်းအချို့အား စတင်ရေးဆွဲလိုက်သည်။ထိုအခိုက်အတန့်တွင် ယဲ့ပိုင်၏အမူအရာက လုံးဝထူးခြားမှုမရှိဘဲ တည်ငြိမ်နေခဲ့သည်။

ယဲ့ပိုင်၏လှုပ်ရှားမှုများက ရံဖန်ရံခါတွင်ပြေပြစ်ကာ ရံဖန်ရံခါ၌ အာရုံစူးစိုက်မှုရှိပေသည်။

သို့သော်လည်း ပုံဆွဲစာရွက်ပေါ်၌ သူလုပ်လိုက်သည့်စုတ်ချက်တိုင်းက အဓိကစုတ်ချက်များဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ စာရွက်အဖြူပေါ်တွင် တုနိုင်းမယှည်နိုင်သော စည်ကားလှသည့်ခေတ်ပြိုင်လမ်းမြင်ကွင်းတစ်ခုက တဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။

ပန်းချီကားထဲတွင် အမျိုးမျိုးသောလူများပါဝင်ကြပြီး လူတစ်ဦးချင်းစီတိုင်း၏ ပုံစံများနှင့်စိတ်လှုပ်ရှားမှုတို့က ဆင်တူခြင်းမရှိပေ။

ကြည်လင်သောမြစ်ပြင် နှင့် အရွယ်အစားအမျိုးမျိုးရှိသော သဘောင်္များ...

အိမ်များ၊တံတားများ၊တာဝါတိုင်များ...

တရုတ်နှစ်သစ်ကူးအချိန်အခါ၌ ဆိုင်အဝင်ဝတွင်ချိတ်ဆွဲထားသော ဆိုင်းဘုတ်လေးတစ်ခု...

ယဲ့ပိုင်သည် အလွန်ပေါ့ပါးသည့်အမူအရာဖြင့် ပန်းချီရေးဆွဲနေခဲ့သည်။သို့သော်လည်း သူသည် တဖြည်းဖြည်းဖြင့် လေးနက်သောအမူအရာအနည်းငယ်ကို စတင်၍ဖော်ပြလာခဲ့သည်။

စာရွက်ပေါ်ရှိပုံသည် ပိုမိုထင်ရှားလာသည်နှင့်အမျှ ယဲ့ပိုင်၏အတွေးများက အဝေးတစ်နေရာသို့ ထပ်မံ၍လွှင့်မျောသွားခဲ့သည်။

ထိုနှစ်ကသူသည် တောင်နှင့်တိမ်များကိုဖြတ်ကျော်ကာ မြို့ငယ်လေးတစ်ခုဆီသို့ ခရီးဆက်ခဲ့ပေသည်။

ထိုနှစ်ကာလက ကမ္ဘာပေါ်ရှိလူများအားလုံးသည် သက်ရှင်နေထိုင်စားဝတ်နေရေးအတွက် ပြေးလွှားလှုပ်ရှားနေကြရသည်။ဤမြို့ငယ်လေးသည် အလွန်ပင်သာယာကာ မြို့တွင်း၌ ပြခန်းလေးတစ်ခုရှိပြီး လုပ်ငန်းဆောင်တာသည် အနည်းငယ်နှေးကွေးပေသည်။

ပြခန်းထဲရှိ လူငယ်လေးတစ်ဦးနှင့်အဘိုးအိုတစ်ဦးသည် သာယာဝပြောသည့်ကမ္ဘာကြီးရှိ အခြားသောသူများကို မမြင်တွေ့ရသကဲ့သို့ ငြိမ်သက်စွာရပ်နေခဲ့သည်။

အဘိုးအိုသည် မှင်ကြိတ်ပေးနေပြီး လူငယ်ကပန်းချီဆွဲနေကာ ဤနေရာ၌တတိယမြောက်လူ မရှိခဲ့ပေ။

စုတ်တံတစ်ချက်ရွေ့တိုင်း ကောက်ချက်တစ်ခုက စာရွက်ပေါ်ထင်ဟပ်သွားဆဲဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ပန်းချီကားတစ်ချပ်က တိတ်ဆိတ်စွာဖြင့်ပုံဖော်လာခဲ့သည်။ထိုပန်းချီကားတွင် ထိုအချိန်က မြို့တစ်ခုလုံး၏ လက်ရှိပုံစံနှင့်သာယာဝပြောမှုကို သရုပ်ဖော်ထားကာ ကမ္ဘာကြီး၏အလှအပကို ပေါ်လွင်စေခဲ့သော်လည်း ဖော်မပြထားသည့်တစ်ဖက်ခြမ်း၌ စိတ်ဓာတ်ကျမှုအားလည်း ထုတ်ဖော်ထားခဲ့သည်။

"ဆရာ...ဒီပန်းချီကားက တော်တော်ရှည်တာပဲ..."

အဘိုးအိုသည် မှင်ကြိတ်နေဆဲဖြစ်သည်။သူသည် အချိန်အတော်ကြာပြီးမှသာ ခေါင်းကိုနောက်သို့လှည့်၍ လေးစားကြည်ညိုမှုအပြည့်ဖြင့် ပန်းချီကားကိုကြည့်ကာ ချီးကျူးလိုက်သည်။

"အင်း..."

လူငယ်က တိုးတိုးလေးပြန်ဖြေလိုက်သည်။

ထိုနေ့တွင်ပင် လူငယ်သည် သူ၏ပန်းချီကားကိုအဆုံးသတ်ကာ အဘိုးအိုအား လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။အဘိုးအိုက ထိုပန်းချီကားကို ရတနာတစ်ခုသဖွယ်ရှုမြင်ခဲ့သည်။

နှစ်ထောင်ပေါင်းများစွာ ကုန်လွန်သွားပြီးနောက်...

ထိုပန်းချီကားသည် တရုတ်နိုင်ငံ၏ထင်ရှားကျော်ကြားသော ပန်းချီကားဆယ်ချပ်အနက်မှ တစ်ခုဖြစ်လာခဲ့ပြီး ပေကျင်းမြို့ရှိ တားမြစ်မြို့တော်၌ကွယ်ဝှက်ထားသော နိုင်ငံတော်အဆင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားခြင်းကို ခံခဲ့ရသည်။

ထိုအဘိုးအိုသည် မြောက်ပိုင်းစုန့်မင်းဆက်မှဖြစ်ကာ သူ၏အမည်သည် ကျန်းဇီလွေ့ဖြစ်သည်။

ထိုပန်းချီကားသည် "ချင်မင်းပွဲတော်အတွင်း မြစ်နှင့်အတူ"ဟူ၍ အမည်ပေးခြင်းကို ရရှိထားသည်။

(TN- ချင်မင်းပွဲတော်ဆိုတာက တရုတ်နိုင်ငံမှာ ဘိုးဘွားတွေနဲ့သက်ဆိုင်တဲ့ အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ထားကြပါတယ်)

ပြခန်းတစ်ခုလုံးသည် အလွန်တိတ်ဆိတ်နေကာ ယဲ့ပိုင်တစ်ယောက်တည်းသာ ရှိနေခဲ့သည်။

မိနှစ်၂၀ခန့်ကြာပြီးနောက် စာရွက်အလွတ်တစ်ခုလုံး ကောက်ကြောင်းများနှင့်ပြည့်နှက်သွားခဲ့သည်။

စုတ်ချက်များက ပေါ့ပေါ့ပါးပါးရှိသော်လည်း ဇာတ်ကောင်များ၏စရိုက်ကို ကွက်ကွက်ကွင်းကွင်းတွေ့မြင်ရပေသည်။

ဤပန်းချီကားကို ဗဟုသုတရှိသူတစ်ယောက်မြင်တွေ့ပါက ထိတ်လန့်အံ့သြသွားကြမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ပိုင်၏ပန်းချီကားသည် "ချင်မင်းပွဲတော်၏ မြစ်ပြင်ပန်းချီကား"နှင့်ဆင်တူနေ၍ဖြစ်သည်။

အသုံးပြုသောစုတ်တံနှင့်မှင်များ ၊ ရေးဆွဲသည့်ပန်းချီနည်းလမ်း နှင့် ဇာတ်ကောင်များ၏ရုပ်ပုံများသည်ပင်လျှင် မူရင်း"ချင်မင်းပွဲတော်၏ မြစ်ပြင်ပန်းချီကား"ထက်သာလွန်ကာ များစွာပိုမိုသန့်စင်နေပုံရပေသည်။

စာရွက်ပေါ်၌ပုံဆွဲပြီးနောက်တွင် ယဲ့ပိုင်သည် စုတ်တံကိုချထားလိုက်ပြီး သူ၏လက်ကိုမြှောက်ကာ ပုံဆွဲစာရွက်ကို ဘေးသို့ပစ်ချလိုက်သည်။

သူသည် ခေါင်းကိုအနည်းငယ်စောင်းကြည့်လိုက်ရာ ပြခန်း၏အပြင်ဘက်၌ ခေါင်းသုံးလုံးလှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။

သူတို့သည် ချီတုံချတုံဖြစ်နေပုံရသော်လည်း မကြာမှီ သူတို့၃ယောက်လုံးသည် ပြင်းထန်ခြေလှမ်းကျဲကြီးများနှင့် ပြခန်းထဲသို့ဝင်ရောက်လာခဲ့ကြသည်။

ဦးဆောင်လာသူမှာ ယဲ့ပိုင်နှင့်အလွန်ပင်ရင်းနှီးပေသည်။

"ဘာဖြစ်တာလဲ..."

ယဲ့ပိုင်၏အမူအရာသည် အေးအေးဆေးဆေးရှိနေဆဲပင်ဖြစ်သည်။သူသည် ခေါင်းဆောင်ဖြစ်သူအားကြည့်ကာ လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။သူသည် ထိုလူနှင့်ပထမဆုံးအကြိမ်တွေ့ဖူးသကဲ့သို့ သူ၏မျက်လုံး၌ မည်သည့်အရိပ်အယောင်မှ မရှိခဲ့ပေ။

သူတို့၃ယောက်သည် ဧည့်ခန်းစားပွဲ၌ထိုင်နေသော ယဲ့ပိုင်အားတွေ့မြင်လိုက်ချိန်တွင် သူတို့၏ခန္ဓာကိုယ်က အလိုအလျောက်တုန်ခါသွားခဲ့သည်။ထို့ပြင် ထိုလူငယ်၏မူလဇတ်မြစ်ကိုခန့်မှန်းမရ၍ သူတို့၏စိတ်နှလုံးကအေးစက်တုန်ရီလာခဲ့သည်။

သို့သော်လည်း သူတို့၏စိတ်ထဲတွင် ဤလူငယ်အကြောင်းနှင့်ပတ်သက်၍ မည်သည့်အမှတ်တရမျိုးမှရှိမနေခဲ့ပေ။ထိုအရာသည် သူတို့၏ဦးနှောက်အပိုင်းအစထဲမှ ဖယ်ရှားခံလိုက်ရပုံပေါ်သည်။ထို့ကြောင့် သူတို့သည် ဤလူငယ်နှင့်ထူးထူးဆန်းဆန်း ရင်းနှီးနေသလိုခံစားနေကြရသည်။

ဒါပေမယ့်... သူတို့စိတ်ထဲမှာ သူတို့ရှေ့မှာ လူတစ်ယောက်အကြောင်း ဘာအမှတ်တရမှ မရှိခဲ့ဘူး၊ အဲဒါက သူတို့ရဲ့ ဦးနှောက်အပိုင်းအစကို ဖယ်ထုတ်လိုက်သလိုပါပဲ၊ အဲဒါက ထူးဆန်းပေမဲ့ ရင်းနှီးပြီးသားပါ။

All Chapters