← Chapters

အခန်း (၂၉၂)

Vol. 30 Ch. 292

အခန်း (၂၉၂)

Vol. 30 Ch. 292

ကွေ့မင်းသား ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ဝူကျိုးစီရင်စုမှူးနှင့် ဝူကျိုးစစ်ဘက်လက်ထောက်အရာရှိတို့ အကြီးအကျယ် တုန်လှုပ်သွားကြသည်။

ဤအင်ပါယာမင်းသားသည် အမြဲတမ်း အလွန်နှိမ့်ချပြီး သတိကြီးစွာ နေထိုင်လေ့ရှိကာ နေ့တိုင်းနီးပါး အိမ်တော်အတွင်း၌သာ နေလေ့ရှိသည်။ ရံဖန်ရံခါမှသာ နောက်ဘက်တောင်တန်းများဆီသို့ အမဲလိုက်ထွက်လေ့ရှိပြီး ဝူကျိုးမြို့ထဲသို့ပင် ခဲယဉ်းစွာ လာရောက်လေ့ရှိသည်။

နန်းတွင်းလှုပ်ရှားမှုများနှင့် သက်ဆိုင်သော အထူးအခါသမယအချို့ သို့မဟုတ် ကြီးမားသော သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှလွဲ၍ ပုံမှန်အားဖြင့် ကွေ့မင်းသားကို တွေ့မြင်ရန် ခဲယဉ်းလှသည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းသည် မင်းသား၏ တည်ရှိမှုကို မေ့လျော့လုနီးပါး ဖြစ်နေကြပြီး သူ့ကို ကျောင်းတော်ထဲမှ ရွှံ့ဘုရားရုပ်တုတစ်ဆူကဲ့သို့ သဘောထားကြသည်။ တွေ့လျှင် ဦးညွှတ်ကြသော်လည်း မတွေ့လျှင် မရှိသကဲ့သို့ ဆက်ဆံကြသည်။

သူ ယခုည ထွက်ပေါ်လာလိမ့်မည်ဟု ဘယ်သူမှ မထင်မှတ်ထားခဲ့ကြပေ။ ထို့အပြင် သာမန် မိန်းမစိုးဂိုဏ်းဝင် အသေးအဖွဲလေးဖြစ်သော တုပိုင်ဘက်မှ ရပ်တည်ပေးလိမ့်မည်ဟု ပို၍ပင် မထင်မှတ်ထားခဲ့ကြချေ။

သို့သော် ဤနေရာသည် ဝူကျိုးစီရင်စုဖြစ်ပြီး အမည်ခံအားဖြင့် ကွေ့မင်းသား၏ ပိုင်နက်နယ်မြေဖြစ်သည်။ မင်းသား ကိုယ်တိုင် ပေါ်လာပြီဆိုလျှင် သူသည် ပြိုင်ဘက်ကင်းသော ဟန့်တားနိုင်စွမ်းအာဏာကို ပိုင်ဆိုင်လေသည်။

ကွေ့မင်းသားသည် မြင်းကိုစီးလျက် ဝူကျိုးစီရင်စုမှူးနှင့် စစ်ဘက်လက်ထောက်အရာရှိတို့၏ ရှေ့သို့ ရောက်လာပြီး ပြောလိုက်သည်။ “ဝူကျိုးစီရင်စုမှူး… မင်းက ဘာကိစ္စကြောင့် စစ်သည်တစ်ထောင်ကို လှုပ်ရှားရတာလဲ။ ငါ့ရဲ့ ဝူကျိုးစီရင်စုမှာ ပုန်ကန်မှု ဖြစ်နေလို့လား”

ဝူကျိုးစီရင်စုမှူးက မြေတွင် ဦးခိုက်ပြီး ပြန်လည်လျှောက်တင်လိုက်သည်။ “အရှင်မင်းသားကို လျှောက်တင်ပါရစေ။ အရှေ့ဘက်ကွပ်ကဲရေးရုံးက လူတွေအဖြစ် ဟန်ဆောင်ထားတဲ့ လူရမ်းကားတွေက အမိန့်တော်ရ အရာရှိတစ်ဦးရဲ့ မိသားစုဝင်တွေကို တိုက်ခိုက်ပြီး ဒဏ်ရာရစေခဲ့တယ်လို့ ကျွန်တော်မျိုး ကြားသိရပါတယ်။ ဒါကြောင့် သူတို့ကို ကယ်တင်ဖို့နဲ့ လူရမ်းကားတွေကို ဖမ်းဆီးအပြစ်ပေးဖို့ ကျွန်တော်မျိုးကိုယ်တိုင် စစ်သည်တွေကို ဦးဆောင်လာခဲ့တာပါ”

“ဖြောင်းးးး” ကွေ့မင်းသား၏ နှာမောင်းကြိမ်က ပြင်းထန်စွာ ကျရောက်သွားသည်။

ထိုရိုက်ချက်ကြောင့် ဝူကျိုးစီရင်စုမှူး၏ အရေပြားများ ပွင့်ထွက်သွားပြီး ကွေ့မင်းသားက အေးစက်သောအသံဖြင့် ပြောလိုက်သည်။ “မင်း မလိမ်ခင် ကိုယ့်ကိုယ်ကိုယ် အရင်မေးကြည့်ဦး ၊ ငါက အရူးလားလို့”

ဝူကျိုးစီရင်စုမှူး စကားထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် ကွေ့မင်းသား၏ နှာမောင်းကြိမ်က နောက်ထပ်တစ်ကြိမ် ပြင်းထန်စွာ ကျရောက်သွားပြန်သည်။

ကွေ့မင်းသားသည် ဧကရာဇ်မဟုတ်သော်လည်း ဧကရာဇ်ကို ကိုယ်စားပြုနိုင်သည်။ အမိန့်တော်ရ အရာရှိတစ်ဦးက ဤမျှ ပြောင်ပြောင်တင်းတင်း လိမ်ညာခြင်းသည် ဧကရာဇ်ကို လှည့်စားခြင်းတစ်မျိုးပင်ဖြစ်ရာ ရိုက်သတ်ခံရလျှင်လည်း ထိုက်တန်ပေသည်။

“ဖြောင်းးးး၊ ဖြောင်းးးး၊ ဖြောင်းးးး၊ ဖြောင်းးးး၊ ဖြောင်းးးး” ကွေ့မင်းသား၏ ကြိမ်ဒဏ်များ အဆက်မပြတ် ကျရောက်လာပြီး ဝူကျိုးစီရင်စုမှူးကို သွေးသံရဲရဲ ဖြစ်သွားအောင် ရိုက်နှက်လိုက်လေသည်။

“ကျွန်တော်မျိုး အပြစ်ကို သိပါပြီ ၊ ကျွန်တော်မျိုး အပြစ်ကို သိပါပြီ” ထိုအခါမှ ဝူကျိုးစီရင်စုမှူးက အသည်းအသန် ဦးခိုက်တောင်းပန်တော့သည်။ သူ တကယ် ကြောက်လန့်နေပြီ ဖြစ်သည်။ ယခင်က ကွေ့မင်းသားကို ရွှံ့ဘုရားရုပ်တုဟု သဘောထားခဲ့သော်လည်း ဒေါသထွက်လာလျှင် ဤမျှအထိ လွှမ်းမိုးနိုင်စွမ်းရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အခုအချိန်မှာ အလျှော့မပေးလျှင် သူ တကယ်ပင် သေလုမျောပါး အရိုက်ခံရတော့မည် ဖြစ်သည်။

ကွေ့မင်းသားက ဝူကျိုးစစ်ဘက်လက်ထောက်အရာရှိအနားသို့ သွားပြီး အေးစက်စွာ မေးလိုက်သည်။ “မင်းက ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ အမိန့်နဲ့ စစ်တပ်ကို လှုပ်ရှားတာလား။ ဒါမှမဟုတ် လျန်ကျန်းဘုရင်ခံချုပ်ရဲ့ အမိန့်နဲ့လား”

ဝူကျိုးစစ်ဘက်လက်ထောက်အရာရှိက ပြန်ဖြေသည်။ “အချိန်ဆွဲနေရင် အရာရှိမင်းရဲ့ မိသားစုဝင်တွေ အန္တရာယ်ဖြစ်မှာစိုးလို့ ကျွန်တော်မျိုးက…”

“သူ့ရဲ့ သံချပ်ကာအင်္ကျီကို ချွတ်ပြီး စစ်ဘက်ဆိုင်ရာ ကြိမ်ဒဏ် အချက် ၅၀ ရိုက်စမ်း” အရာရှိ၏ စကားမဆုံးခင်မှာပင် ကွေ့မင်းသားက အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် ကွေ့မင်းသားအိမ်တော်မှ စစ်သည်နှစ်ဦး ရှေ့တိုးလာပြီး ဝူကျိုးစစ်ဘက်လက်ထောက်အရာရှိကို မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ ဖိချလိုက်ကြသည်။ သူ့သံချပ်ကာနှင့် အဝတ်အစားများကို ဆွဲချွတ်လိုက်ရာ ကျောကုန်းဗလာ ဖြစ်သွားသည်။ ထို့နောက် တုတ်ခိုင်သော စစ်ဘက်သုံးကြိမ်လုံးများဖြင့် ပြင်းထန်စွာ ရိုက်နှက်လေတော့သည်။

“ဖြောင်းးး၊ ဖြောင်းးး၊ ဖြောင်းးး၊ ဖြောင်းးး”

ကွေ့မင်းသားအိမ်တော်မှ မိန်းမစိုးများသည် ညှာတာမှုမရှိကြပေ။ ခဏအတွင်းမှာပင် ဝူကျိုးစစ်ဘက်လက်ထောက်အရာရှိကို အသားစများ ပဲ့ထွက်သည်အထိ ရိုက်နှက်လိုက်ကြသည်။

အချက် ၂၀ ခန့် ရိုက်ပြီးချိန်မှာပင် ဝူကျိုးစစ်ဘက်လက်ထောက်အရာရှိ သတိလစ်မေ့မြောသွားသည်။

“ဆက်ရိုက်” ကွေ့မင်းသားက အေးစက်စွာ ပြောလိုက်သည်။

“ဖြောင်းးး၊ ဖြောင်းးး၊ ဖြောင်းးး”

မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ကြိမ်လုံးသံများသာ ထွက်ပေါ်နေကာ လူတိုင်း၏ ကျောရိုးထဲထိ စိမ့်တက်သွားစေသည်။.ထို့နောက် ကွေ့မင်းသားသည် ဝူကျိုးလီကျင်းဌာန တပ်ရင်းမှူးအနားသို့ လျှောက်သွားကာ မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမမေးပေ။

အဘယ်ကြောင့်ဆိုသော် အမိန့်တော်ရ အရာရှိတစ်ဦး၏ မိသားစုဝင်များ တစ်ခုခုဖြစ်ပွားပါက လီကျင်းဌာနသည် ကာကွယ်ရန်နှင့် ရာဇဝတ်သားများကို ဖမ်းဆီးရန် တပ်ဖွဲ့စေလွှတ်ပိုင်ခွင့် အမှန်တကယ် ရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် လီကျင်းဌာနက စစ်သည်များကို ဦးဆောင်လာခြင်းသည် အင်ပါယာဥပဒေနှင့် ညီညွတ်လေသည်။

ထို့နောက် ကွေ့မင်းသားသည် မုန်စီရင်စုခွဲ တရားသူကြီးရှေ့သို့ သွားကာ ပြောလိုက်သည်။ “အဆင့်မြင့်အရာရှိတစ်ယောက် ရောက်လာတာပဲ သူ့မိသားစုဝင်တွေက ဧည့်ရိပ်သာမှာ မနေနိုင်ဘူးလား။ ဒါမှမဟုတ် တည်းခိုခန်းမှာ မနေနိုင်ဘူးလား။ ဘာကိစ္စ ပုဂ္ဂလိကပိုင်အိမ်ကို အတင်းဝင်ပြီး နေရာယူရတာလဲ။ မင်းကို ဘယ်သူက အဲဒီလုပ်ပိုင်ခွင့် ပေးထားသလဲ”

မုန်စီရင်စုခွဲ တရားသူကြီးက အသည်းအသန် ဦးခိုက်လိုက်သည်။ “ကျွန်တော်မျိုး အမှားကို သိပါပြီ ကျွန်တော်မျိုး အမှားကို သိပါပြီ”

“မင်း ငါ့ကို မလိမ်ညာတဲ့အတွက် မင်းကို ရိုက်နှက်ပိုင်ခွင့် ငါ့မှာ မရှိဘူး။ မင်းရဲ့ အရာရှိဝတ်စုံကို ချွတ်ပစ်ပိုင်ခွင့်လည်း မရှိဘူး” ကွေ့မင်းသားက ပြောလိုက်သည်။ “ဒါပေမဲ့ မင်းအကြောင်းကို ဧကရာဇ်မင်းမြတ်ဆီ ငါ တိုင်စာပို့လိုက်မယ်။ မင်း စောင့်နေ”

ချက်ချင်းဆိုသလိုပင် မုန်စီရင်စုခွဲ တရားသူကြီး နေရာမှာပင် အေးခဲသွားသည်။ အင်ပါယာမင်းသားတစ်ပါးကသာ သူ့ကို စွပ်စွဲပြစ်တင်လိုက်လျှင် သူ့တရားသူကြီးရာထူးသည် သေချာပေါက် ကြာရှည်ခံတော့မည် မဟုတ်ပေ။

နောက်ဆုံးတွင် ကွေ့မင်းသားသည် တုကျန်း၏ ဇနီး သခင်မကျန်းအနားသို့ လျှောက်သွားပြီး ပြောလိုက်သည်။ “မင်းက သူများအိမ်မှာ ဝင်နေပြီး အိမ်ရှင်ကို မောင်းထုတ်ချင်ရုံတင်မကဘူး မင်းရဲ့သားက အိမ်ရှင်ရဲ့ အမျိုးသမီးကိုပါ စော်ကားဖို့ ကြိုးစားသေးတယ်။ ဒါ ဘယ်လို ယုတ္တိတန်တဲ့ကိစ္စလဲ။ ဒါ မင်းတို့ တုမိသားစုရဲ့ ကိုယ်ကျင့်တရားလား”

လေးယောက်မြောက်ကတော်ကြီး သခင်မကျန်းသည် ဒူးထောက်ကာ ဦးခိုက်လိုက်သည်။ “ကျွန်မ အမှားကို သိပါပြီ”

ထို့နောက် သူမက ခေါင်းမော့ကာ ခေါင်းမာမာဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ အရှင်မင်းသားက မိန်းမစိုးဂိုဏ်းဝင် အသေးအဖွဲလေးဖြစ်တဲ့ တုပိုင်ဘက်ကိုပဲ လုံးဝ လိုက်တော့မှာလား။ ကျွန်မက ပုဂ္ဂလိကအိမ်ရာကို အတင်းအဓမ္မ ယူပြီး အိမ်ရှင်ကို မောင်းထုတ်ခဲ့တာ မှန်ပါတယ် ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ကျွန်မ ခံယူပါ့မယ်။”

“ဒါပေမဲ့ တုပိုင်က ကျွန်မသားရဲ့ လက်ကို ဖြတ်လိုက်တဲ့ကိစ္စကော။ သူ့မှာ ဘာလုပ်ပိုင်ခွင့် ရှိလို့လဲ။ ကျွန်မသားက ဝူမိသားစုရဲ့ ချွေးမကို စော်ကားတယ်ဆိုရင်တောင် ဒါကို မုန်ဆန်းစီရင်စုရုံးက ကိုင်တွယ်ရမှာ အရှေ့ဘက်ကွပ်ကဲရေးရုံးက ကိုင်တွယ်ရမှာ မဟုတ်ဘူး။ အရှင်မင်းသားအနေနဲ့ တရားမျှတမှုကို ဘက်မလိုက်ဘဲ ဆောင်ရွက်ချင်တယ်ဆိုရင် ဒီမိန်းမစိုးဂိုဏ်းဝင် တုပိုင်ကိုလည်း အရေးယူပေးပါ။ ဒါမှ အရှင်မင်းသားက ဘက်လိုက်တယ်လို့ လူတွေ အပြောမခံရမှာပါ”

ထို့နောက် လေးယောက်မြောက်ကတော်ကြီးက အေးစက်စွာ ပြောလိုက်သည်။ “အင်ပါယာဥပဒေအရ တစ်ပါးသူရဲ့ လက်ကို ဖြတ်တောက်သူ မည်သူမဆို လက်ပြန်ဖြတ်ခံရမယ်။ ရာဇဝတ်သားအမှတ်တံဆိပ် ခတ်နှိပ်ခံရမယ်။ ပြီးရင် နယ်စပ်တပ်မှာ ကျွန်အဖြစ် အမှုထမ်းဖို့ နယ်နှင်ဒဏ်ပေးရမယ်”

ကွေ့မင်းသား ချက်ချင်း ဒေါသထွက်လာပြီး တင်းမာစွာ ပြောလိုက်သည်။ “မင်းက တာ့နင်အင်ပါယာရဲ့ ဥပဒေတွေကို နားလည်သေးတယ်ပေါ့။ မင်းက ငါ့ကို တာ့နင်အင်ပါယာရဲ့ ဥပဒေအကြောင်း လာပြောနေသေးတာလား။ တုပိုင်က တုဖိန်အာနဲ့ ဘာတော်သလဲ မောင်နှမတော်တယ်။ သူ့အစ်မ အစော်ကားခံရတာကို မြင်လို့ လက်တစ်ဖက်ဖြတ်တာ မပြောနဲ့၊ အဲဒီလူကို သတ်လိုက်ရင်တောင် မတော်တဆ လူသတ်မှုလို့ပဲ သတ်မှတ်လို့ရတယ်။ အခု မင်းရဲ့သားက အပြစ်ကင်းတဲ့ ကောင်မလေးကို အဓမ္မကျင့်ဖို့ ကြိုးစားတဲ့ ပြစ်မှုကို ပြောကြရအောင်”

“ကိုယ်ရံတော်တို့ တရားခံ တုယွီကို သွားဖမ်းကြစမ်း” ကွေ့မင်းသားက ဒေါသတကြီး အမိန့်ပေးလိုက်သည်။

“အမိန့်တော်အတိုင်းပါ အရှင်မင်းသား” စစ်သည်နှစ်ဦးသည် ရထားလုံးကြီးဆီသို့ သွားပြီး တုယွီကို အရှင်လတ်လတ် ဆွဲထုတ်လာကြသည်။ သူ့ပြတ်သွားသော လက်ကို ပြန်ဆက်ထားပြီးဖြစ်ကာ ဖူးရောင်နေသော မျက်နှာကို ပတ်တီးစည်းထားသည်။

လောလောဆယ်တွင် ဆရာဝန်လေးဦးက သူ့ကို ပြုစုစောင့်ရှောက်နေကြသည်။ ကွေ့မင်းသားအိမ်တော်မှ စစ်သည်များက သူ့ကို ဆွဲထုတ်လိုက်သောအခါ သူသည် ကြောက်လန့်တကြား အော်ဟစ်လေတော့သည်။

ကွေ့မင်းသားက အေးစက်စွာ ပြောလိုက်သည်။ “မုန်ဆန်းစီရင်စုခွဲ တရားသူကြီး မင်း အမိန့်ချစမ်း။ တာ့နင်အင်ပါယာ ဥပဒေအရ အပြစ်ကင်းတဲ့ အမျိုးသမီးတစ်ယောက်ကို အဓမ္မကျင့်ဖို့ ကြိုးစားတဲ့ ပြစ်ဒဏ်က ဘာလဲ”

မုန်ဆန်းစီရင်စုခွဲ တရားသူကြီးက ခေါင်းငုံ့ပြီး ပြောလိုက်သည်။ “အရှင်မင်းသားကို လျှောက်တင်ပါရစေ။ ကျွန်တော်မျိုး နေမကောင်းဖြစ်နေလို့ အမှုကို မစစ်ဆေးနိုင်ပါဘူးခင်ဗျာ”

ထိုစကားကို ကြားလိုက်ရသောအခါ ကွေ့မင်းသား၏ မျက်နှာအမူအရာက အကြီးအကျယ် တုန်လှုပ်သွားသည်။ ထို့နောက် သူက ဝူကျိုးစီရင်စုမှူးဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ “ဝူကျိုးစီရင်စုမှူး စီရင်စုရဲ့ အကြီးအကဲ အရာရှိအနေနဲ့ မင်းမှာလည်း အမှုကို စစ်ဆေးစီရင်ပိုင်ခွင့် ရှိတယ်။ ငါ့ကို ပြောစမ်း အပြစ်ကင်းတဲ့ အမျိုးသမီးကို အဓမ္မကျင့်ဖို့ ကြိုးစားတဲ့ ပြစ်ဒဏ်က ဘာလဲ”

သွေးများထွက်နေသော ဝူကျိုးစီရင်စုမှူးသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ပြောလိုက်သည်။ “အရှင်မင်းသားကို လျှောက်တင်ပါရစေ။ ကျွန်တော်မျိုး နေမကောင်းဖြစ်နေလို့ အမှုကို မစစ်ဆေးနိုင်ပါဘူးခင်ဗျာ”

ချက်ချင်းပင် တုပိုင်၊ လီလင်း၊ ကျုံးထိန်နှင့် အထူးသဖြင့် ကွေ့မင်းသားတို့သည် ဒေါသကြောင့် တုန်ရီလာကြသည်။

ဤအရပ်ဘက်အရာရှိများသည် အင်ပါယာမင်းသားဖြစ်သော သူ့ကို ဤကဲ့သို့ သဘောထားမျိုးဖြင့် ဆက်ဆံရဲကြသည်။ သူတို့ ဒူးထောက်နေကြပြီး အပေါ်ယံ လေးစားမှု ပြသနေကြသော်လည်း သူ့ကို လုံးဝ အရေးမလုပ်ကြပေ။

ကွေ့မင်းသားက အင်ပါယာဥပဒေကို အမြဲတမ်း အလေးထားသည် မဟုတ်ပါလော။ ယခု အမှုကို စစ်ဆေးမည့် အကြီးအကဲအရာရှိ မရှိဘဲနှင့် တုယွီကို သူ ဘယ်လို အပြစ်ပေးမည်နည်း။ အရှေ့ဘက်ကွပ်ကဲရေးရုံးက အမှုမစစ်နိုင်သလို ကွေ့မင်းသားကလည်း အမှုမစစ်နိုင်ပေ။

လေးယောက်မြောက်ကတော်ကြီး သခင်မကျန်းက ပြောလိုက်သည်။ “အရှင်မင်းသား မြင်တဲ့အတိုင်းပါပဲ ဒါက ပြည်သူ့ဆန္ဒပါ”

ချက်ချင်းပင် ကွေ့မင်းသား ဒေါသကြောင့် တုန်ရီသွားသည်။ သူ၏မျက်လုံးများကလည်း ဒေါသကြောင့် နီရဲလာလေ၏။

တုပိုင် ရှေ့သို့ တိုးလာပြီး လေးယောက်မြောက်ကတော်ကြီး သခင်မကျန်း၏ လှပပြီး ပြည့်ဖြိုးသော မျက်နှာကို ရိုက်ချလိုက်သည်။

“ဖြောင်းးး”

လေးယောက်မြောက်ကတော်ကြီး သခင်မကျန်း လန့်ဖျပ်သွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ “တိရစ္ဆာန်ကောင် နင် ငါ့ကို ရိုက်ရဲတယ်ပေါ့။ အားလုံး မြင်ကြတယ်နော် အရှေ့ဘက်ကွပ်ကဲရေးရုံးက ဒီမိန်းမစိုးဂိုဏ်းသားက အမိန့်တော်ရ ကတော်ကြီးကို ကိုယ်ထိလက်ရောက် စော်ကားတယ်။ သူ့ကို ဖမ်းကြ”

တုပိုင်က သူမ၏ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး ထိုအမျိုးသမီးကို ဒေါသတကြီးဖြင့် အကြိမ်ကြိမ် ပါးရိုက်လေတော့သည်။ ခဏအတွင်းမှာပင် ပါးရိုက်ချက်ပေါင်း ဒါဇင်နှင့်ချီ ကျရောက်သွားသည်။

သူမ၏ မျက်နှာ ဖူးရောင်ပြီး သွားများ ကျွတ်ထွက်သည်အထိ တုပိုင် ရိုက်နှက်လိုက်လေသည်။

အပိုင်း ၂၉၂ ပြီး။

All Chapters