← Chapters

အခန်း (၂၉၈)

Vol. 30 Ch. 298

အခန်း (၂၉၈)

Vol. 30 Ch. 298

ပုံရိပ်ကို မြင်လိုက်ရသောအခါ တုပိုင် ရုတ်တရက် လန့်ဖျပ်သွားလေ၏။ ဤသည်မှာ ယွင်ကျုံးရှဲ့လော။ ဤကောင်မှာ တုပိုင်ထင်ထားသလောက် မချောမောသော်လည်း အလွန်အမင်းတော့ ဆွဲဆောင်မှုရှိနေလေသည်။

အကြည့်တစ်ချက်ဖြင့်ပင် လူယုတ်မာ တစ်ယောက်ဖြစ်ကြောင်း သိနိုင်လေ၏။ ပြင်ဆင်စရာပင်မလိုဘဲ ဤကောင်သည် ပန်းမုဆိုးတစ်ယောက်ဖြစ်ကြောင်း မှန်းဆနိုင်သည်။ ယုတ်မာသည့် မျက်နှာပေးဖြစ်သော်လည်း ဗီလိန်ဆန်ဆန် ဆွဲဆောင်မှုရှိလွန်းရာ အမျိုးသမီးများ သူ၏ဆွဲဆောင်မှုကို မခံနိုင်သည်မှာ မထူးခြားချေ။

သူ့နာမည်သည် တိမ်တိုက်အောက်ကမိစ္ဆာသခင် ဖြစ်နေသည်မှာ အံ့သြစရာမဟုတ်ချေ။ တုပိုင်သာ ဤကဲ့သို့ ရုပ်ဖျက်ထားမည်ဆိုပါက လမ်းပေါ်တွင် အရိုက်ခံရမည်မာ ကျိန်းသေ၏။

တုပိုင်က မေးလိုက်သည်။ “ဒီလူရဲ့ မူရင်းအထောက်အထားက ဘာထူးခြားလို့လဲ။ ဥပမာ သူက ဘယ်သူ့သားလဲ”

“အရမ်းထူးခြားတယ်” ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ဒါပေမဲ့ ဒီလောကကသူ​တွေ မသိကြဘူး။ မင်းကို ပြောပြရမယ့်အချိန်လည်း မရောက်သေးဘူး။ သူ့မိဘတွေ ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိကြဘူး”

တုပိုင်က ပြောလိုက်သည်။ “ဒါဆို သူ့သိုင်းပညာအဆင့်အတန်းကရော”

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “အရင်တုန်းက သိပ်ကို မြင့်မားခဲ့ဖူးတယ်။ သူက သိုင်းပညာအရာမာ ဉာဏ်ကြီးရှင်တစ်ယောက်ပဲ။ ဒါပေမဲ့ မိန်းမတစ်ယောက်ရဲ့ ကောက်ကျစ်စဉ်းလဲမှုကို ခံခဲ့ရပြီး အကုန် ဆုံးရှုံးသွားခဲ့ရတယ်။ မင်းရဲ့ သိုင်းပညာထက်တောင် ပိုအားနည်းသွားပြီး အသတ်ခံလိုက်ရတာပဲ”

တုပိုင်က မေးလိုက်သည်။ “ဘယ်မိန်းမက သူ့ကို ဒုက္ခပေးလိုက်တာလဲ”

“နီရှန် နတ်မိမယ်” ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။

“သူက ဘယ်သူလဲ။ ငါ တစ်ခါမှ မကြားဖူးပါလား” တုပိုင်က ပြောလိုက်သည်။

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ဒါကြောင့်မို့ ငါပြောခဲ့တာပေါ့။ နန်းတွင်းနဲ့ သိုင်းလောကဆိုတာ ကမ္ဘာနှစ်ခုလိုပဲလို့။ သူက သိပ်ကို ကျော်ကြားတယ်။ မြင့်မြတ်ခြင်း ၊ ဆန်းကြယ်ခြင်း ၊ နတ်သမီးဆန်ခြင်းနဲ့ အလှတရားတို့ရဲ့ ပြယုဂ်ပဲ”

တုပိုင်က ပြတ်သားစွာ ပြောလိုက်သည်။ “သေချာပေါက် မိန်းမယုတ်တစ်​ယောက် ဖြစ်ရမယ်”

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “မင်း ဒီမှာတော့ အဲဒီလို ပြောလို့ရတယ်။ ဒါပေမဲ့ သိုင်းလောကထဲရောက်ရင် အဲဒီစကားကို ပြောလိုက်တာနဲ့ သူ့ကို ကြည်ညိုလေးစားနေတဲ့ သူ့ပရိသတ်တွေက မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်ကြလိမ့်မယ်”

တုပိုင်က ပြောလိုက်သည်။ “သေချာတာပေါ့။ ဒီလို လူ့လောကနဲ့ မတူသယောင်ရှိတဲ့ နတ်မိမယ်ဆိုတာ သေချာပေါက် သူတော်ကောင်းယောင်ဆောင်ထားတဲ့ မိန်းမယုတ်ပဲ”

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “အချိန်တန်ရင် မင်းကိုယ်တိုင် ကြုံရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်က တိုက်ခိုက်ဖို့ ရေစက်ပါလာပြီးသားပဲ”

ထို့နောက် ထူးဆန်းသော အလင်းရိပ်က ဆက်ပြောသည်။ “ဘွဲ့ယူစာမေးပွဲ မစ်ရှင်တုန်းက မင်း အန္တရာယ်တွေ အများကြီး ကြုံခဲ့ရပေမဲ့ မင်းဘေးနားမှာ အကာအကွယ်တွေ အမြဲရှိခဲ့တယ်။ ဖန်လုံအိမ်ထဲက ပန်းပွင့်လေးလိုပဲ။ ဒါပေမဲ့ အခု ဒုတိယပင်မတာဝန်ဖြစ်တဲ့ ကောင်းကင်ကို အာခံပြီး ထိုးတက်ခြင်းမှာတော့ အဲဒီလောက် သက်တောင့်သက်သာ ရှိတော့မှာ မဟုတ်ဘူး။ အချိန်တော်တော်များများမှာ မင်းဆီမှာ သက်တော်စောင့် ရှိမှာမဟုတ်သလို သေစေနိုင်တဲ့ အန္တရာယ်နဲ့ ကြုံလာတဲ့အခါ မင်းကိုယ်မင်းပဲ အပြည့်အဝ အားကိုးရလိမ့်မယ်။ အရင်စနစ်ရှင် အများစုက မစ်ရှင်ရဲ့ ဒုတိယအဆင့်မှာ သေဆုံးခဲ့ကြတယ်ဆိုတာ ငါ ပြောပြနိုင်တယ်”

တုပိုင်က မေးလိုက်သည်။ “သူတို့ရဲ့ မစ်ရှင်တွေက ငါ့ဟာနဲ့ တူတူပဲလား”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “ငါ ထပ်ပြီး အလေးအနက် ပြောမယ်။ ဒါက တကယ့်လက်တွေ့ကမ္ဘာပဲ။ မင်း ပြီးမြောက်အောင် လုပ်ရမယ့် တာဝန်တွေကလည်း တကယ့်တာဝန်တွေပဲ။ ဂိမ်းကစားနေတာ မဟုတ်ဘူး။ ဂိမ်းမဟုတ်ဘူး။ ငါတို့က ဒီကမ္ဘာလည်ပတ်နေတဲ့ လမ်းကြောင်းအပေါ် မူတည်ပြီး မင်းအတွက် အမြန်ဆုံးတိုးတက်မယ့် လမ်းကြောင်းကို ညွှန်ပြပေးထားတာ ဖြစ်တယ်။ မင်းသာ နည်းနည်းလောက် ပေါ့ဆလိုက်တာနဲ့ အဲဒါက သေဆုံးခြင်းပဲ။ တကယ့် သေဆုံးခြင်းပဲ”

တုပိုင်က ပြောလိုက်သည်။ “ငါ နားလည်ပြီ”

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “အခု ငါ မင်းဆီကို ကျိုယန်ကျမ်းရင်း ပထမအဆင့်ကို လွှဲပြောင်းပေးမယ်။ အကြောင်းရင်း တချို့ကြောင့် ငါက မင်းရဲ့ ခန္ဓာကိုယ်နဲ့ သွေးကြောတွေကို တိုက်ရိုက် ပြုပြင်ပြောင်းလဲပေးမယ်။ ဒါမှ သင်ယူလေ့လာတဲ့ လုပ်ငန်းစဉ် မလိုဘဲ ဒီကျင့်စဉ်ကို မင်း တိုက်ရိုက် တတ်မြောက်နိုင်မှာ ဖြစ်တယ်”

တုပိုင်က ပြောလိုက်သည်။ “သဘောပေါက်ပြီ။ ဒီကျင့်စဉ်က သဘာဝလွန်ပြီး ထူးခြားလွန်းတဲ့အတွက် အပြင်ကို ပေါက်ကြားလို့ မရဘူးဆိုတဲ့ သဘောပေါ့”

“ပြင်ဆင်ထားပါ” ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “လုပ်ငန်းစဉ်တစ်ခုလုံးက နည်းနည်း ထူးဆန်းနေလိမ့်မယ်”

“စမယ်”

ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော အလင်းရိပ်များနှင့် ဆန်းကြယ်သော သင်္ကေတများသည် တုပိုင်၏ မျက်လုံးများမှတစ်ဆင့် စိတ်ထဲသို့ ဝင်ရောက်လာသည်။

ဤမရေမတွက်နိုင်သော ဆန်းကြယ်သည့် သင်္ကေတများသည် တုပိုင်၏ ဦးနှောက်ကို ချက်ချင်း ပြည့်နှက်သွားစေသည်။ သူ့စိတ်အာရုံများ ဗလာဖြစ်သွားသလို ခံစားလိုက်ရပြီးနောက် ဘာကိုမှ မသိတော့ပေ။

အိပ်မက်စနစ်ထဲတွင်ပင် သူသည် ဟင်းလင်းပြင်တစ်ခုထဲသို့ လုံးဝ ကျရောက်သွားလေ၏။ ထို့နောက် ဤစွမ်းအားကြီးပြီး ဆန်းကြယ်သော စွမ်းအင်သင်္ကေတများသည် သူ့ဦးနှောက်မှ နှလုံးဆီသို့ စီးဆင်းသွားပြီး နှလုံးမှတစ်ဆင့် ပျံ့နှံ့ကာ သွေးကြောများနှင့် သွေးကြောမကြီးတိုင်းကို လျင်မြန်စွာ ပြုပြင်ပြောင်းလဲပေးပြီး နောက်ဆုံးတွင် သူ့ဒန်တျန်ကို ပြောင်းလဲပေးလိုက်လေ၏။

လုပ်ငန်းစဉ်တစ်ခုလုံးသည် ဝူရှနှင့် လုံးဝမတူဘဲ ရွှမ်းဟွမ်ဆန်လွန်းလှသည်။

ဤကမ္ဘာ၌ အတွင်းအား လျှို့ဝှက်ကျမ်းများကို ကျင့်ကြံရာတွင် ဤကဲ့သို့ လုံးဝ မဟုတ်ပေ။ သေချာပေါက် ကြိုးစားပမ်းစား လေ့လာပြီး နားလည်သဘောပေါက်အောင် လုပ်ရမည်။ ထို့နောက် ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်ပြီးမှ တဖြည်းဖြည်းချင်း တတ်မြောက်လာရမည် ဖြစ်သည်။

သို့သော် တုပိုင်မှာမူ ကျိုယန်ကျမ်းရင်း ကျင့်စဉ်ဖြင့် တိုက်ရိုက် ပြုပြင်ပြောင်းလဲခြင်း ခံလိုက်ရသည်။

ဤဝူရှကမ္ဘာတွင် တုပိုင်တစ်ယောက်သာလျှင် ရွှမ်းဟွမ်သိုင်းလမ်းစဉ်ကို ပိုင်ဆိုင်ထားလေသည်။ ဤသည်မှာ သူ၏ အကြီးမားဆုံးသော ရွှေလက်ချောင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ တုပိုင် သူ့စိတ်အာရုံကို ပြန်လည်ရရှိလာသောအခါ သူ့ဒန်တျန်နှင့် သွေးကြောတစ်ခုလုံး လုံးဝ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

ယခုအချိန်တွင် သူ့ဒန်တျန်အတွင်း၌ လည်ပတ်နေသော အတွင်းအားသည် နေမင်းတစ်စင်းကဲ့သို့ ဖြစ်နေသည်။

မရေမတွက်နိုင်သော ရွှမ်းချီအတွင်းအားများသည် အလင်းရိပ်တစ်ခုအဖြစ် စုစည်းကာ တောက်ပသော အလင်းရောင်များ ထုတ်လွှတ်ပြီး လျင်မြန်စွာ လည်ပတ်ကာ စွမ်းအင်ဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေသည်။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များအားလုံး ပွင့်သွားကြသည်။

သူ့စိတ်စွမ်းအင်ကို စုစည်းလိုက်သည်နှင့် မီတာဆယ်ဂဏန်း အချင်းဝက်အတွင်းရှိ ကောင်းကင်နှင့် မြေကြီး မူလချီစွမ်းအင်အားလုံးကို ချက်ချင်း အာရုံခံမိလိုက်သည်။ ယင်းတို့သည် အခြားကမ္ဘာမှ စွမ်းအင်များက ဤကမ္ဘာသို့ ယူဆောင်လာသော ရွှမ်းချီစွမ်းအင်များ ဖြစ်ကြသည်။

ဤရွှမ်းချီစွမ်းအင်များကို မူလက စိတ်အာရုံဖြင့် အလင်းစက်ကလေးများသဖွယ် အာရုံခံနိုင်ပြီး အလင်းရောင်များ ထုတ်လွှတ်နေကြသည်။

တုပိုင်၏ စိတ်စွမ်းအင် ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး မူလချီစွမ်းအင်များကို ချက်ချင်း ဖမ်းယူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ဒန်တျန်အတွင်း လျင်မြန်စွာ လည်ပတ်နေသော အတွင်းအားဝဲကတော့သည် ကြီးမားသော စုပ်ယူအားကို ထုတ်လွှတ်လိုက်သည်။

မရေမတွက်နိုင်သော ကောင်းကင်နှင့် မြေကြီး ရွှမ်းချီစွမ်းအင်များသည် တုပိုင်၏ သွေးကြောပေါက်များမှတစ်ဆင့် စီးဝင်လာပြီး ဒန်တျန်ဆီသို့ ရောက်ရှိကာ စွမ်းအင်ဝဲကတော့၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

ချက်ချင်းပင် တုပိုင် လုံးဝ အံ့အားသင့်သွားလေ၏။

အခြားသူများ ကျင့်ကြံကြသည်မှာ ရွှမ်းချီကို ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ် လုပ်ရပြီး ပါးစပ်ဟကာ ရေကို ဖြည်းဖြည်းချင်း သောက်နေရသူနှင့် တူသည်။

သို့သော် သူ တုပိုင်မှာမူ ရေစုပ်စက်ကြီးတစ်ခုကဲ့သို့ ရူးသွပ်မတတ် ဝါးမြိုပစ်နေခြင်း ဖြစ်သည်။

ဤကျိုယန်ကျမ်းရင်း၏ ကျင့်ကြံမှုနှုန်း အံ့မခန်း မြန်ဆန်နေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ သာမန် အတွင်းအား စိတ်ကျင့်စဉ်များထက် ဆယ်ဆနီးပါး မြန်ဆန်လေသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ဤဖြစ်စဥ်ကို မြင်တွေ့လိုက်လျှင် အလွန်အမင်း အံ့သြသွားကြပေလိမ့်မည်။

ယခုအချိန်တွင် ဝူမိသားစုအိမ်တော်အတွင်းရှိ ကောင်းကင်နှင့် မြေကြီး မူလချီစွမ်းအင်များသည် လျင်မြန်စွာ လျော့နည်းသွားပြီး အားလုံးကို တုပိုင်က သူ့ဒန်တျန်ထဲသို့ ဝါးမြိုထည့်လိုက်သည်။

အချိန်တိုအတွင်း သူ၏ ပတ်ဝန်းကျင် မီတာဆယ်ဂဏန်းအတွင်းရှိ ကောင်းကင်နှင့် မြေကြီး မူလချီစွမ်းအင်များသည် လုံးဝ ဝါးမြိုခံလိုက်ရသည်။ သို့သော် ကောင်းကင်နှင့် မြေကြီး ရွှမ်းချီစွမ်းအင်သည် ပင်လယ်ရေနှင့် တူညီသည်။ နေရာတစ်ခုတွင် စုပ်ထုတ်ခံလိုက်ရသည်နှင့် ပတ်ဝန်းကျင်မှ စွမ်းအင်များ စီးဝင်လာကြစမြဲ ဖြစ်သည်။

ဤနည်းအားဖြင့် တုပိုင်၏ ကျိုယန်ကျမ်းရင်း ကျင့်စဉ် လည်ပတ်နေပြီး မရပ်မနား ဝါးမြိုနေတော့သည်။ တုပိုင်၏ အတွင်းအား ကျင့်ကြံမှုနှင့် စိတ်စွမ်းအင်တို့သည်ပင် မျက်မြင်ကိုယ်တွေ့ မြန်ဆန်သော နှုန်းထားဖြင့် တိုးတက်လာနေသည်။ ဤကျင့်စဉ်သည် အမှန်တကယ်ပင် ကောင်းကင်ကို အာခံနိုင်ပေသည်။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် ဖန်းချင်းယီသည် အိပ်မပျော်သေးပေ။ ညဝတ်အင်္ကျီကို ဝတ်ဆင်ထားသော သူမ၏ ကိုယ်လုံးလေးသည် အထူးတလည် ကျော့ရှင်းပြီး ဆွဲဆောင်မှု ရှိနေသည်။ သူမ၏ အသားအရေသည် အမှန်တကယ်ပင် နူးညံ့သိမ်မွေ့ပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့ကာ နူးညံ့ပြီး ဆွဲဆောင်မှုရှိကာ မွှေးပျံ့နေသည်။

သူမသည် ပုံတူပန်းချီကားတစ်ချပ်ကို ရေးဆွဲပြီးစီးကာ နံရံတွင် ချိတ်ဆွဲလိုက်သည်။ အကယ်၍ တုပိုင်သာ မြင်လိုက်ပါက ပုံထဲမှလူကို အနည်းငယ် ရင်းနှီးနေကြောင်း သေချာပေါက် တွေ့ရှိလိမ့်မည်။

ထိုသူမှာ သိုင်းလောက၏ အမှိုက်သရိုက် ၊ တိမ်တိုက်အောက်ကမိစ္ဆာသခင် ယွင်ကျုံးရှဲ့ပင် ဖြစ်လေ၏။

“ယွင်ကျုံးရှဲ့… ရှင် ပိုင်ဆယ်စီရင်စုမှာ နောက်ဆုံးပေါ်လာတယ်လို့ သတင်းကြားတယ်။ ရှင် မသေသေးရင် ကောင်းမယ်။ မြေကြီး သုံးပေလောက်အထိ တူးပြီး ရှာရမယ်ဆိုရင်တောင် ရှင့်ကို ရှာပြီး အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်။ ရှင့်အရိုးတွေကို ပြာချပစ်မယ်” ဖန်းချင်းယီသည် အံကိုကြိတ်ပြီး အမုန်းတရားများဖြင့် ပြောလိုက်သည်။

ထို့နောက် သူမသည် ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ပြီး ပန်းချီကားကိုသ မွှန်းပစ်လိုက်လေ၏။ ချက်ချင်းပင် ပန်းချီကားထဲရှိ ယွင်ကျုံးရှဲ့၏ ပုံရိပ်သည် အပိုင်းပိုင်း စုတ်ပြတ်သွားလေသည်။

သူမသည် မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်လာပြီး အစွမ်းထက်သော သိုင်းပညာကို ပိုင်ဆိုင်ထားသူဖြစ်ရာ ယခုအချိန်ထိ တစ်ခါမှ အရှုံးမပေးခဲ့ရဖူးပေ။

သို့သော် လွန်ခဲ့သော နှစ်နှစ်က ဤလူယုတ်မာ ယွင်ကျုံးရှဲ့၏ လက်ချက်ဖြင့် အရှက်ကွဲမှုကို ခံစားခဲ့ရသည်။ ထိာသည်မှာ လုံးဝ သိက္ခာကျစရာပင်။ ဤလျှို့ဝှက်ချက်ကို သူမကလွဲ၍ မည်သူမှ မသိကြပေ။

**--**--**--**--**--**--**--**

နောက်တစ်နေ့တွင် ကျော့အန် အမည်ရှိ အဆင့် ၄ သိုင်းပညာရှင်တစ်ဦးသည် တုပိုင်၏ ရှေ့တွင် ဦးညွှတ်လိုက်သည်။

“သခင်လေးကို နှုတ်ခွန်းဆက်သပါတယ်”

သူသည် တစ်ချိန်က အပြာရောင်နဂါးဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ပိုင်ဆယ်စီရင်စုမှ ထွက်ခွာလာပြီး ကွေ့မင်းသားအိမ်တော်၏ အစောင့်တစ်ဦး ဖြစ်လာခဲ့သည်။

ကွေ့မင်းသားသည် တုပိုင် ပိုင်ဆယ်စီရင်စုသို့ သွားမည်ကို စိတ်မချသဖြင့် ကျော့အန်ကို တုပိုင်ထံ စေလွှတ်လိုက်ခြင်း ဖြစ်သည်။ အနည်းဆုံးတော့ သူက ပိုင်ဆယ်စီရင်စုအကြောင်း အတန်အသင့် နားလည်ထားသည်။

တုပိုင်က မေးလိုက်သည်။ “ခင်ဗျားက ဘာလို့ အပြာရောင်နဂါးဂိုဏ်းကနေ ထွက်လာခဲ့တာလဲ”

ကျော့အန်က ဖြေလိုက်သည်။ “ကျွန်တော် အမှားလုပ်မိလို့ ဂိုဏ်းထုတ်ခံလိုက်ရတာပါ”

တုပိုင်က မေးလိုက်သည်။ “ခင်ဗျား ဘာအမှား လုပ်မိလို့လဲ”

“ကျွန်တော်က ရန်သူရဲ့ မိသားစုကို အကုန်မသတ်ဘဲ ၁၃ နှစ်အရွယ် ကလေးတစ်ယောက်ကို ချန်ထားခဲ့မိလို့ပါ။ ဒါကြောင့် ကြိမ်ဒဏ်အချက် ၁၀၀ အရိုက်ခံရပြီး အပြာရောင်နဂါးဂိုဏ်းကနေ မောင်းထုတ်ခံလိုက်ရပါတယ်”

တုပိုင် မျက်မှောင်ကြုတ်လိုက်မိသည်။ ကျော့အန်၏ လုပ်ရပ်က မှားသည်ဟု မဆိုနိုင်ပေ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် အပြာရောင်နဂါးဂိုဏ်း၏ မောက်မာမှုကို သိသာထင်ရှားစေသည်။

“ပိုင်ဆယ်စီရင်စုမှာ ကျီချင်းကျူရဲ့ အဆင့်အတန်းက ဘယ်လိုလဲ” တုပိုင် မေးလိုက်သည်။

“သူက အင်ပါယာ အနောက်တောင်ပိုင်းရဲ့ သိုင်းလောက ခေါင်းဆောင်ပါပဲ။ သူ့စကားက ဥပဒေဖြစ်နေတဲ့ မြေအောက်ဧကရာဇ် တစ်ပါးပါ။” ကျော့အန်က ဖြေလိုက်သည်။ “သူက နန်းတွင်းကို ရန်လိုပြီး လီမိသားစုစော်ဘွားနဲ့ ကြားနေသဘောထားကို ထိန်းသိမ်းထားပါတယ်”

တုပိုင် ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည်။ “ပိုင်ဆယ်စီရင်စုက အရမ်း ရှုပ်ထွေးလား”

အပိုင်း ၂၉၈ ပြီး။

All Chapters