← Chapters

စစ်တုရင်အပိုင်းအစ

Vol. 7 Ch. 71

စစ်တုရင်အပိုင်းအစ

Vol. 7 Ch. 71

ပြခန်းတံခါးဝ၌...

ဝမ်ရှို့သည် ယခုလိုခြိမ်းခြောက်ခံလိုက်ရသည့်အတွက်ကြောင့် သူ့စိတ်ထဲ၌မပျော်မရွှင်ဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။

"လက်ရေးလှနဲ့ပန်းချီကားကအတုဖြစ်တယ်ဆိုရင် မင်းတို့ကိုယ်တိုင်တောင်အတည်မပြုနိုင်တဲ့အရာတစ်ခုကို ဘာလို့ပိုပြီးတော့ရှုပ်ထွေးအောင် လုပ်ချင်နေကြတာလဲ..."

ဝမ်ရှို့ကလေသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။

"ဟုတ်တယ်...ငါကအမှန်တရားကိုသိတယ်...ဒါပေမဲ့ ငါတို့နဲ့ဆွေးနွေးဖို့မလုပ်နဲ့...အဘိုးကြီးဝမ်က ဘယ်သူ့ကိုစော်ကားထားတယ်ဆိုတာကို ဝိညာဉ်တွေပဲသိလိမ့်မယ်...ငါတို့သုံးယောက်ဟာ ပိုက်ဆံယူပြီးတော့ အခြားသူတွေကိုယ်စား လုပ်ဆောင်ပေးတာပဲ"

နားကပ်တပ်ထားသည့်လူငယ်က ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုလိုက်သည်။

"ဟုတ်တယ်...အပိုမပြောနဲ့"

အင်္ကျီအဖြူဝတ်ဆင်ထားသည့်ကောင်လေးကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။

"အဘိုးကြီး...မင်းကတော်တော်လေးအသက်ကြီးနေပြီဆိုတော့ ငါအကြံနည်းနည်းပေးပါရစေ...နိုင်ငံခြားကရှေးဟောင်းသုတေသနပညာရှင်တွေထဲက တစ်ယောက်ချင်းစီတိုင်းဟာ ဆက်စပ်မှုရှိပြီးတော့ ထူးခြားတဲ့နောက်ခံသမိုင်းကြောင်းတွေ အများကြီးပိုင်ဆိုင်ထားတယ်...ဒီတိုင်းသာဆို ဘာဆက်ဖြစ်မလဲဆိုတာ မင်းပဲစဉ်းစားကြည့်ပေါ့...မတော်တဆမှုတစ်ခုလည်း ဖြစ်ရင်ဖြစ်သွားနိုင်တာပဲ"

ဆံပင်အနီနှင့်လူငယ်က သူ၏လက်များကိုပွတ်သပ်ရင်း ရယ်မောလိုက်သည်။

"မင်း..."

ဝမ်ရှို့က မကျေမနပ်ဖြစ်ကာ ဆက်ပြောလိုခဲ့သည်။

"ယင်ချွန်း..."

ယဲ့ပိုင်က ခပ်တိုးတိုးဟိန်းဟောက်လိုက်ရာ ဝမ်ရှို့၏ခန္ဓာကိုယ်က ရပ်တန့်သွားခဲ့သည်။ယခုပြဿနာကို သူကောင်းစွာနားလည်လိုက်ပြီဖြစ်သည်။ယခုတစ်ကြိမ်တွင် ရှေးဟောင်းသုတေသနပညာရှင်များဟု ခေါ်ဆိုကြသူများသည် ယဲ့ပိုင်အားအတိအကျရည်ရွယ်၍ ပြသနာရှာကြခြင်းဖြစ်သည်။ထို့ကြောင့်သူသည် ချက်ချင်းပင်ငြိမ်သက်သွားကာ အနည်းငယ်အပြစ်ရှိသောခံစားချက်ဖြင့် ယဲ့ပိုင်အားကြည့်ရှုနေခဲ့သည်။

"ဟမ့်...ဒီမှာလူတွေထပ်ရှိသေးတာလား...ညီလေး မင်းရဲ့ဝတ်စုံကတော်တော်လေးထူးခြားတာပဲ...မင်းကရှေးခေတ်ရဲ့cosplyဇာတ်ကောင်တစ်ယောက်လား..."

နားကပ်တပ်ထားသည့်လူငယ်သည် ဆိုင်ထဲ၌ အခြားသောလူတစ်ယောက်ရှိနေသည်ကို သတိထားမိလိုက်သည်။သူသည် ယဲ့ပိုင်၏ဝတ်စားဆင်ယင်ပုံအား သတိပြုမိချိန်တွင် အနည်းငယ်ရွဲ့စောင်းသည့်လေသံဖြင့် ပြောလိုက်သည်။

"ဖိတ်စာကိုထားခဲ့ပြီး သွားလို့ရပြီ"

ယဲ့ပိုင်၏မျက်နှာပေါ်၌ မည်သည့်ခံစားချက်ကိုမှမတွေ့ရပေ။ယဲ့ပိုင်အနေဖြင့် လူငယ်များနှင့်ဖက်ပြိုင်လိုခြင်းမရှိ၍ ထိုသို့ပြောသည့်အချိန်တွင် သူ၏စိတ်အခြေအနေသည် လွန်စွာတည်ငြိမ်နေခဲ့သည်။

နားကပ်ဝတ်ထားသောလူငယ်သည် သူ၏ခန္ဓာကိုယ်ထဲသို့ မှော်အစွမ်းတစ်စုံတစ်ခု ထိုးသွင်းဝင်ရောက်လာသကဲ့သို့ ယဲ့ပိုင်၏စကားကိုကြားချိန်၌ ထိတ်လန့်သွားခဲ့သည်။ထို့နောက်တွင် အိတ်ကပ်ထဲမှ ဖိတ်စာနှစ်စောင်ကိုထုတ်ယူ၍ တံခါးဝ၌ထားလိုက်သည်။

ထို့နောက်တွင် အခြားနှစ်ယောက်နှင့်အတူ ဆိုင်ထဲမှနေ၍ ခပ်ကုပ်ကုပ်လေးထွက်ခွာသွားခဲ့သည်။

သူတို့သည် ရှေးဟောင်းလမ်းမပေါ်၌ မီတာရာနှင့်ချီ၍လမ်းလျှောက်ခဲ့ပြီးနောက်တွင် သူတို့၏ခန္ဓာကိုယ်များ ရုတ်တရက်ရပ်တန့်သွားခဲ့ကြပြီး သူတို့၏နောက်ကျော၌လည်း ချွေးများစိုရွဲနေခဲ့သည်။

"ရှန်းဇီ....ငါတို့ဘာလုပ်နေကြတာလဲ...ငါတို့ကဘာလို့ဖိတ်စာမပို့ရသေးဘဲ လေလံခန်းမဆီ အမြန်ဆုံးပြန်ပြေးနေကြတာလဲ"

အဖြူရောင်အင်္ကျီနှင့်လူငယ်သည် ရပ်တန့်လိုက်ပြီးနောက် အံ့သြနေသည့်လေသံဖြင့် မေးမြန်းလိုက်သည်။

"ဟုတ်တယ်...ငါတို့ဘာလုပ်နေကြတာလဲ..."

နားကပ်ဝတ်ထားသည့်လူငယ်က အံ့သြတကြီးရေရွတ်လိုက်မိသည်။

"ဒါကိုသိပ်ပြီးဂရုစိုက်မနေနဲ့...ငါတို့ကိုဒီလိုလုပ်ဖို့အတွက် ပိုက်ဆံကပေးပြီးသွားပြီ...အခုပြခန်းထဲကအခြေအနေကို လေလံခန်းမဆီပြန်ပြီးပြောပြဖို့ စဉ်းစားသင့်တယ်"

ခေါင်းနီက ဝင်ရောက်ပြောဆိုလိုက်သည့်။

"ငါတို့ဘယ်လိုပြောကြမှာလဲ...ဒီနေရာမှာဆိုးရွားတဲ့အရာတစ်ခုခုဖြစ်လာတော့မယ်လို့ ငါအမြဲခံစားနေရတယ်"

နားကပ်ဝတ်ထားသည့်လူငယ်က မျက်မှောင်ကြုတ်လိုက်မိသည်။

ခေါင်းနီက သူ၏ခြေထောက်များကိုခါယမ်းကာ ရေရွတ်လိုက်သည်။

"ဘယ်ကဆိုးရွားတဲ့အရာလဲ...ငါတို့ပြခန်းကိုရောက်ချိန်မှာ မြေကြီးထဲဝင်လုနီးနီးဖြစ်နေတဲ့ လူအိုတစ်ယောက်ကိုပဲတွေ့ခဲ့တာမဟုတ်လား...အခြားဘယ်သူ့ကိုမှမတွေ့ခဲ့ရဘူးလေ...ငါတို့တွေ့ခဲ့ရတဲ့အဘိုးကြီးက ငါတို့ကိုတစ်ခုခုလုပ်နိုင်မယ်လို့ မင်းထင်လို့လား...ရှန်းဇီ...မင်းမနေ့ညကပြည့်တန်ဆာအိမ်ကို အလည်သွားတာများသွားတာလား"

"မင်းကဘာစကားပြောလိုက်တာလဲ...ငါကယဉ်ကျေးတဲ့လူတစ်ယောက်ပဲ...ယဉ်ကျေးတဲ့လူဆိုတာဘာလဲသိလား...အဲလိုယဉ်ကျေးတဲ့သူဆိုတာငါပဲ...ပြည့်တန်ဆာအိမ်ဆီအလည်သွားတယ်ဆိုတာထက် ဒေသခံယဉ်ကျေးမှုအမွေအနှစ်တွေကိုစုဆောင်းနေတာလို့ ယဉ်ယဉ်ကျေးကျေးသုံးနှုန်းသင့်တယ်...နောင်အနာဂတ်မှာ ဒီအကိုကြီးကမင်းတို့ကို စကားကောင်းကောင်းပြောတတ်အောင် သင်ကြားပေးရမယ်ထင်တယ်"

နားကပ်ဝတ်ထားသည့်လူငယ်က ခေါင်းနီအား ပေါ့ပေါ့တန်တန်ကန်ကျောက်ပစ်လိုက်သည်။

...

ရှေးဟောင်းလမ်းပြခန်း...

ဝမ်ရှို့သည် ခါးငုံ့ကာဝပ်တွားလိုက်ပြီး အနည်းငယ်တုန်ခါနေသည့်လက်နှစ်ဖက်ဖြင့် ဖိတ်စာနှစ်ခုအား ကောက်ယူလိုက်သည်။

"ဘိုးဘေး...ဒါက"

သူသည် ဖိတ်စာတစ်စောင်အား ကိုင်ဆောင်ကာ ယဲ့ပိုင်ဆီသို့လျှောက်လာပြီး လက်ကမ်းပေးရန်ကြိုးစားလိုက်သော်လည်း အချိန်အတော်ကြာသည်ထိ လက်လှမ်းမမှီခဲ့ပေ။

"ယူလာခဲ့..."

ယဲ့ပိုင်၏အသံက အလွန်ပင်တိုးညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ဒုန်း...

ဝမ်ရှို့သည် ထိုစကားကိုကြားသောအခါ သူ၏ခန္ဓာကိုယ်က တုန်ခါသွားခဲ့ပြီး မြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်သည်။

ယဲ့ပိုင်သည် ထိုမြင်ကွင်းကိုကြည့်၍ သူ၏လက်ညိုးကို အနည်းငယ်ရွေ့လိုက်ပြီး ပြခန်းတံခါးကို ပြန်ပိတ်လိုက်ကာ ဖယောင်းတိုင်မီးများကို ထွန်းညှိလိုက်သည်။

"ဘိုးဘေး...ကူလေးက ဒီတစ်ခါရှုပ်ထွေးအောင် လုပ်လိုက်မိပြီ..."

ဝမ်ရှို့သည် မြေပြင်ပေါ်၌ဒူးထောက်ချလိုက်သောအခါ ဤကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းချက်မျိုးစုံအား ပေးစွမ်းလိုသော်လည်း အဆုံးသတ်တွင် အပြစ်ရှိသောလေသံဖြင့် စကားတစ်ခွန်းသာပြောလိုက်သည်။

စားပွဲဝိုင်း၌ထိုင်နေသောယဲ့ပိုင်သည် ခံစားချက်မရှိသောအမူအရာဖြင့် အသက်ရာကျော်ရှိပြီဖြစ်သော အဘိုးကြီးကို တိတ်ဆိတ်စွာစိုက်ကြည့်လိုက်သည်။

"ယင်ချွန်း...ဒီကိစ္စအတွက် ဝမ်ကူကိုအပြစ်တင်လို့မရဘူး"

မကြာမှီ ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးစကားတစ်ခွန်းကို ပြောလိုက်သည်။

ဝမ်ကူ၏နည်းလမ်းသည် အနည်းငယ်မှားယွင်းနေပုံရသော်လည်း

လက်ရေးလှပန်းချီကားကို ရရှိပြီးနောက်တွင် သူ့ဘာသူစစ်ဆေးရမည့်အစား ၎င်းကိုခွဲခြမ်းစိတ်ဖြာရန်အတွက် ကျွမ်းကျင်သူအချို့အား ရှာဖွေရမည်ဖြစ်သည်။သို့သော်လည်း ဝမ်ကူသည် လူပြိန်းတစ်ယောက်သာသာဖြစ်ကာ သူ၏ဘဝကို ပိုမိုလက်တွေ့ကျကျနေထိုင်တတ်သူဖြစ်သည်။

ဝမ်ကူသည် ဤလက်ရေးလှရေးသားနည်းနှင့်ပန်းချီကားတစ်ချပ်အား ရရှိပြီးနောက်တွင် ထိုအရာသည် အစစ်အမှန်ဖြစ်ကြောင်းသိရှိပြီးနောက် ဂရုမစိုက်ဘဲ ဆက်ဆံမိခဲ့ပါလျှင် အမှန်တကယ်ထူးဆန်းနေမှာဖြစ်သည်။

ဝမ်ရှို့သည် ထိုစကားကိုနားထောင်ပြီးနောက် ပို၍ပင်စိုးရိမ်လာခဲ့သည်။

"ဘိုးဘေး...မင်းကအသက်ရှင်နေထိုင်လာတာ အတော်ကြာပြီဆိုတော့ သြဇာအချို့တော့ရှိရမယ်မဟုတ်လား...လေလံအိမ်ကတာဝန်ရှိသူတွေက တစ်စုံတစ်ခုကိုအသိအမှတ်ပြုပြီးဖြစ်လိမ့်မယ်...ဒါကြောင့် ဝမ်ကူကိုသူတို့ကထိန်းသိမ်းထားခဲ့တာပဲဖြစ်ရမယ်...ဒါပေမဲ့..."

"ငါသိတယ်...ယင်ချွန်း...အချိန်တွေကကုန်သွားပြီ...ငါဒီရှေးဟောင်းလမ်းကိုရောက်တာမကြာသေးဘူး...ငါဘာကိုမှသေချာမစစ်ဆေးရသေးဘူး"

ယဲ့ပိုင်သည် တိုးတိုးလေးရေရွတ်လိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်သည်။

"ကောင်းပါပြီဘိုးဘေး...ယင်ချွန်းက မင်းအတွက်တံခါးဖွင့်ပေးပါမယ်"

ဝမ်ရှို့သည် ခက်ခက်ခဲခဲဖြင့်ထရပ်လိုက်ပြီး အနည်းငယ်တုန်ယင်နေသည့်လေသံဖြင့် ပြောလိုက်သည်။

သူသည် ပြခန်းတံခါးဆီသို့ တရွေ့ရွေ့လျှောက်သွားခဲ့ပြီး သူ၏အိုမင်းရွတ်တျနေသော လက်ကိုဆန့်တန်းကာ တံခါးကိုဆွဲဖွင့်လိုက်သည်။

"အင်း..."

ယဲ့ပိုင်သည် အနောက်ဘက်၌မတ်တပ်ရပ်ကာ ငယ်ရွယ်စဉ်က ချောမောလှပခဲ့မည့် အဘိုးအို၏နောက်ကျောကို ကြည့်နေခဲ့သည်။ထိုအဘိုးအိုသည် လှပသောတောင်တန်းနှင့်မြစ်ချောင်းများကို ပန်းချီအဖြစ်ပုံဖော်ရင်း သူ၏ငယ်ရွယ်မှုအားကုန်ဆုံးခဲ့သည်။ယခု သေဆုံးရန်နီးကပ်လာချိန်မှသာ မိသားစုကိုလွမ်းဆွတ်တမ်းတရင်း သေမျိုးလောကမှ ရုန်းမထွက်နိုင်ဖြစ်ခဲ့ရသည်။

...

ရှေးဟောင်းလမ်းမ၏ မြစ်ကမ်းဘေးလမ်း၌...

အဘိုးအိုတစ်ယောက်နှင့်လူငယ်တစ်ယောက်တို့သည် ညနေခင်းအလင်းရောင်အောက်၌ ရှေ့ဆင့်နောက်ဆင့်သွားလာနေခဲ့ကြသည်။

ပန်းများ၏မွှေးရနံ့သည် ပြည့်လျှံနေကာ မြစ်ထဲ၌သွားလာနေသည့်လှေများက အဆုံးမသတ်နိုင်ပေ။

သူတို့နှစ်ယောက်သည် လမ်းဘေးရှုခင်းများကိုကြည့်ရင်း တိတ်ဆိတ်အေးချမ်းမှုကို ခံစားနေကြသည်။

နေရောင်သည် အနောက်ဘက်သို့ဖြည်းညှင်းစွာ ရွေ့လျားလာပြီဖြစ်သည်။ညနေဘက်၏ အားနည်းသောနေရောင်က လူနှစ်ယောက်၏အရိပ်ကို အချိန်အတော်ကြာအောင် ဆန့်တန်းထားခဲ့ပေသည်။

ဖြတ်သွားဖြတ်လာခရီးသွားဧည့်သည်များက တစ်ယောက်ပြီးတစ်ယောက် စူးစမ်းလေ့လာလိုစိတ်ကို ပြသနေခဲ့ကြသည်။

သို့သော်လည်း ယဲ့ပိုင်၏အသွင်အပြင်က အလွန်အေးစက်နေပေရာ ထိုခရီးသွားများသည် အနီးကပ်ဖို့မဆိုနှင့် အဝေးမှနေ၍ပင်စေ့စေ့မကြည့်ဝံ့ပေ။

နေရောင်သည် လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့်အမျှ ရှေးဟောင်းလမ်းတလျှောက် တပ်ဆင်ထားသော အနီရောင်မီးပုံများသည် တစ်ခုပြီးတစ်ခုလင်းထိန်လာခဲ့ကာ ရှေးဟောင်းလမ်းသည်လည်း တဖန်အသက်ပြန်ဝင်လာခဲ့သည်။

ယဲ့ပိုင်သည် အညွန့်အဖူးများ သစ်လွင်စွာထွက်ပေါ်နေသည့် မိုးမခပင်အောက်၌ ရပ်နေခဲ့သည်။အနီရောင်မီးပုံး၏အကူအညီဖြင့် လေတိုက်ခတ်လာချိန်တွင် အနီရောင်ဖျော့ဖျော့ရှိသည့်ပန်းပွင့်များ လွှင့်မျောနေသည်ကိုကြည့်ရင်း လေသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။

"မနေ့ကပန်းတွေပွင့်ပြီး သစ်ပင်တွေကအနီရောင်ပြောင်းကုန်တယ်...ဒီနေ့တော့ပန်းတွေကြွေကျချိန်မှာ သစ်ပင်ကဘာမှဖြစ်မလာတော့ဘူး"

ထိုကဗျာသည် လက်ရှိဖြစ်ပေါ်နေသောရှုခင်းနှင့် လုံးဝကိုကွဲပြားနေသော်လည်း ထိုကဗျာကိုနားထောင်ပြီးနောက်တွင် ဝမ်ရှို့သည် ဘဝ၏အဓိပ္ပါယ်အားနားလည်သွားခဲ့သည်။ထို့နောက်လက်ရှိမြင်ကွင်းနှင့်အံဝင်ခွင်ကျဖြစ်စေမယ့် ကဗျာတစ်ပိုဒ်အား ရွတ်ဆိုလိုက်သည်။

"ညလေညှင်းရဲ့ကျီစားမှုအောက်မှာ ဖူးပွင့်လာတဲ့ပန်းတွေကြွေကျလာရတယ်"

ယဲ့ပိုင်သည် မည်သို့မှမတုံ့ပြန်ခဲ့ပေ။မိုးမခပင်အောက်တွင် အဖြူအမည်းစစ်တုရင်ခုံနှင့်ကျောက်တုံးထိုင်ခုံနှစ်ခုပါသည့် ရှေးဟောင်းကျောက်စားပွဲနှစ်ခုရှိပေသည်။

ယဲ့ပိုင်သည် သူ၏အင်္ကျီလက်များကိုခေါက်တင်လိုက်ပြီး မည်သည့်ထူးခြားမှုမှမဖြစ်သလိုပင် ကျောက်တုံးထိုင်ခုံ၌ထိုင်ချလိုက်သည်။ထို့နောက်သူ၏လက်ကိုဆန့်တန်း၍ စစ်တုရင်အပိုင်းအစတစ်ခုအား ညင်သာစွာကောက်ကိုင်လိုက်သည်။သူသည် အနည်းငယ်အေးဆေးသည့်အမူအရာဖြင့် စတင်ခဲ့သော်လည်း သူ၏အကြည့်များက မြစ်ကမ်းဘေး၌ဖြတ်သန်းသွားလာနေကြသည့် လှေများနှင့်ခရီးသွားများအပေါ် ကျရောက်နေခဲ့သည်။မိနစ်များစွာကြာပြီးနောက်တွင် ယဲ့ပိုင်ကတိုးတိုးလေးပြောလိုက်သည်။

"ယင်ချွန်း...ငါနဲ့အတူစစ်တုရင်လာကစားလှည့်..."

"ဟုတ်ကဲ့..."

ဝမ်ရှို့သည် အတွေးများနေရာမှ ပြန်လည်၍အသိစိတ်ဝင်လာခဲ့သည်။ထိုအခိုက်အတန့်တွင် သူ၏စိတ်အခြေအနေသည် ယခင်ကနှင့်မတူကွဲပြားနေခဲ့သည်။ထို့ကြောင့်သူသည် ယဉ်ကျေးမနေတော့ဘဲ ကျောက်တုံးထိုင်ခုံပေါ်ထိုင်ချလိုက်ကာ ယုံကြည်မှုရှိသည့်အကြည့်ဖြင့် ယဲ့ပိုင်အားတောင်းဆိုလိုက်သည်။

"ဘိုးဘေး...ကျေးဇူးပြုပြီးစပါ..."

All Chapters