အဝတ်အစားများ
Vol. 7 Ch. 73
အေးချမ်းသာယာစားသောက်ဆိုင် သီးသန့်အခန်းတွင်း၌...
အဖြူရောင်ဝတ်စုံဝတ်ထားသော အဘိုးအိုတစ်ယောက်သည် နံရံကိုမျက်နှာမူလျက်ရှိကာ သူ၏မျက်လုံးများက တောက်လောင်လျက်ရှိသည်။
နံရံပေါ်တွင် လက်ရေးလှပန်းချီကားတစ်ချပ်နှင့် အခြားဓာတ်ပုံများစွာ ချိတ်ဆွဲထားပေသည်။
ထိုလက်ရေးလှပန်းချီကားကို ယဲ့ပိုင်ကဖန်တီးခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံများသည်ကား ကမ္ဘာတစ်ဝှမ်းရှိ အထင်ကရနေရာများရှိ တူညီသောလက်ရေးမှုများကို ရိုက်ကူးထားခြင်းဖြစ်သည်။
"အရှေ့ဘက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ နိုင်ငံတစ်ခုရှိတယ်ဆိုတာ မှန်နေတာပဲ...ငါသတင်းစကားတစ်ခုရထားတယ်...အဲ့လူကမကြာခင်ပြန်ပေါ်လာလိမ့်မယ်...ကောင်လေးသုံးယောက်ပြောတဲ့အတိုင်းဆို သူကအဘိုးကြီးတစ်ယောက်လား...ဒါမှမဟုတ်လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်လား"
အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုသည် လက်ရေးလှနှင့်ပန်းချီကားကို မိနစ်ပေါင်းများစွာကြာအောင် ကြည့်လိုက်ပြီးနောက် တိုးတိုးလေးရေရွတ်လိုက်သည်။
"ဒါပေမဲ့...ဘာတွေပဲဖြစ်ဖြစ် ဒီပဟေဠိကိုအဖြေရှာဖို့ ငါ့ဘဝတသက်တာ ရုန်းကန်နေခဲ့ရတယ်...ဒီလျှို့ဝှက်ဆန်းကြယ်မှုကို ကမ္ဘာကြီးကနားမလည်ဘူးဆိုရင်တောင်မှ အရေးမကြီးဘူး...ငါထာဝရအသက်ရှင်ချင်တယ်"
ထိုအခိုက်အတန့်တွင် ဝတ်စုံဖြူဝတ် အဘိုးအို၏လေသံသည် မကြုံစဖူးရူးသွပ်မှုအနည်းငယ်ပါဝင်နေကာ သတ်ဖြတ်လိုစိတ်အနည်းငယ် ပါဝင်နေခဲ့သည်။ဤလျှိ့ဝှက်ချက်အားသိရှိသူမှာ နောက်ထပ်ခြောက်ဦးရှိနေသေးသည်။
ထိုအဘိုးကြီးမှာ ရက်ဖ်ဖြစ်သည်။
ကောလဟာလများအရဆိုလျှင် အီဂျစ်နိုင်ငံ၏အသိအမှတ်ပြုခြင်းကို မခံရသော ဤရှေးဟောင်းသုတေသနပညာရှင်ထံ၌ နောက်ထပ်လူမသိသေးသော အထောက်အထားတစ်ခုရှိနေသေးသည်။တစ်ခါကသူသည် အီဂျစ်ပြည်ဖာရောဘုရင်၏ ဂန္တဝင်ကျမ်းအချို့အား အမှတ်မထင်ရရှိခဲ့ပေသည်။ထိုဂန္တဝင်ကျမ်းတွင် အသက်ရှည်ခြင်း၏ လျှို့ဝှက်ဆန်းကြယ်မှုတစ်စိတ်တစ်ပိုင်းအား မှတ်တမ်းတင်ထားကြောင်း တွေ့ရှိရပေသည်။
ထိုဖာရောဘုရင်သည် ထာဝစဉ်အသက်ရှင်ရန်အတွက် သူသေဆုံးခါနီးသည့်အချိန်တွင် အဖြူရောင်ပိတ်စဖြင့်သူတို့ကိုယ်သူတို့ပတ်ရစ်ကာ ကမ္ဘာကြီးကိုတုန်လှုပ်စေမယ့် ပိရမစ်တစ်ခုကိုပင် တည်ဆောက်ပြခဲ့သည်။
ထိုမှတ်တမ်းထဲမှ သဲလွန်စအားလိုက်လံရှာဖွေရင်း ရက်ဖ်သည် မရေမတွက်နိုင်သော ခရီးများကိုသွားလာခဲ့ကာ ထိုအရာကပင် သူ၏စစ်မှန်သောရည်ရွယ်ချက်ဖြစ်ပေသည်။
....
ညသည် လျှပ်တပြက် ကုန်ဆုံးသွားခဲ့သည်။
နွေဦးမိုး၏ခြေရာများသည်လည်း ပျောက်ကွယ်သွားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ရှေးဟောင်းလမ်းပေါ်ရှိ ခရီးသွားများသည် တောက်ပနေသောကောင်းကင်ကို အခွင့်ကောင်းယူကာ မနက်စောစောလေကောင်းလေသန့်ကိုရှုရှိုက်ရင်း လျှောက်ပတ်သွားလာနေကြသည်။
ယနေ့သည် ခါတိုင်းနေ့နှင့်မတူသည့်အတွက် ရှေးဟောင်းလမ်း၌ စိတ်လှုပ်ရှားမှုအငွေ့အသက်များ ဖြစ်ပေါ်နေခဲ့သည်။
ဆိုင်ရှင်များနှင့်ဆိုင်အကူများကလည်း ယခင်ကလိုပျင်းရိနေခြင်းမရှိကြပေ။ထို့အစား သူတို့သည်ထူးခြားသည့် အမျိုးသားဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ခရီးသွားများကိုတွေ့တိုင်း ရိုးရိုးရှင်းရှင်းပြုံးပြလေ့ရှိကြသည်။
လမ်းပေါ်၌ လမ်းဘေးစျေးသည်များနှင့်စျေးဆိုင်များက အရေအတွက် တဖြည်းဖြည်းတိုးများလာခဲ့သည်။
ယဲ့ပိုင်သည် အဖြူရောင်ဝတ်စုံကိုဝတ်ထားကာ လက်နှစ်ဖက်ကိုနောက်ကျောပိုက်၍ ဖြည်းညှင်းစွာဖြင့် လမ်းလျှောက်လာခဲ့ကြသည်။
သူ၏မျက်လုံးများက ထူးခြားမှုမရှိတည်ငြိမ်နေကာ သူ၏ခန္ဓာကိုယ်မှ အေးစက်သည့်အငွေ့အသက်များက အလိုအလျောက်ထွက်ပေါ်လာခဲ့သည်။
သို့တိုင်အောင် ယဲ့ပိုင်၏ချောမောလှပသည့်မျက်နှာကိုကြည့်ရင်း လှပသည့်အမျိုးသမီးအချို့သည် စိတ်ကူးယဉ်နေကြသည့်အမူအရာဖြင့် ရှေ့သို့ပင်တိုးကပ်လာလေ့ရှိကြသည်။
များမကြာမှီ ယဲ့ပိုင်သည် ရှေးဟောင်းလမ်းမှထွက်ခွာလာကာ မြို့ထဲသို့ဝင်ရောက်လာခဲ့သည်။
နွေဦးရာသီက ရှေးဟောင်းမြို့၌ ကျရောက်နေခဲ့ပြီဖြစ်သည်။တစ်ညလုံးရွာသွန်းခဲ့သော နွေဦးမိုးကြောင့် လမ်းဘေးရှိမိုးမခပင်များက အရောင်အသွေးတောက်ပလာကြသည်။
ရှေးဟောင်းမြို့ထဲ၌ အေးချမ်းသာယာစားသောက်ဆိုင်သို့ဦးတည်၍ ကတ္တရာလမ်းမကို ဖောက်လုပ်ထားပေသည်။
ရှေးဟောင်းမြို့၏ အလယ်ဗဟိုကျရောက်ရာနေရာတစ်ခုအနေဖြင့် ဤနေရာသည် ပုံမှန်ရက်သတ္တပတ်များ၌ပင် အမြဲလိုလိုစည်ကားနေကာ မရေမတွက်နိုင်သောကားများ ဖြတ်သန်းသွားလာနေကြသည်။သို့သော်လည်း ထိုအရာက ဥပဒေနှင့်ကိုက်ညီခြင်းမရှိပေ။ယနေ့သည် အထူးနေ့ဖြစ်သည်နှင့်အညီ ယခင်ကထက်ပို၍ လုံခြုံရေးတင်းကျပ်ထားပေသည်။ယဉ်ကျေးမှုအမွေအနှစ်များအား ကာကွယ်စောင့်ရှောက်ရေးဆိုင်းဘုတ်အောက်၌ အထူးရဲအရာရှိအမြောက်အများသည် ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုအောက်၌ အနီးအနားရှိလမ်းများကို ပိတ်ဆို့ထားခဲ့ကြသည်။သူတို့သည် ဖြတ်သွားဖြတ်လာများကို တင်းတင်းကျပ်ကျပ်စစ်ဆေးသွားကြမည်ဖြစ်ကာ အန္တာရယ်ရှိသောအရာဝတ္ထုများအား သယ်ဆောင်ခြင်းကိုလည်း တားမြစ်ထားကြသည်။
ယဲ့ပိုင်သည် ကတ္တရာလမ်းမပေါ်၌ လမ်းလျှောက်လာစဉ်တွင် ဤနေရာသို့ဝင်ရောက်လာနေသော ကားအရေအတွက်က အလွန်နည်းပါးနေခဲ့သည်။သို့သော်လည်း ဇိမ်ခံဝတ်စုံများအား ဝတ်ဆင်ထားသည့်အမျိုးသမီးများနှင့် အားကောင်းသောအော်ရာများကို ထုတ်လွှတ်နေသာ အမျိုးသားများရှိပေသည်။သူတို့သည် တောက်ပြောင်သောသားရေဖိနပ်များကိုစီး၍ လမ်းမပေါ်သွားလာနေကြသည်။
ထိုလူအများစုသည် တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးကြပေသည်။
သူတို့သည် အထက်တန်းစား အသိုင်းအဝိုင်းမှဖြစ်ကာ သာမန်လူအများစုက ဤနေရာသို့မတိုးဝင်နိုင်ကြပေ။
ယဲ့ပိုင်၏ရှေ့တွင် ဆူဖြိုးသောမျက်နှာနှင့် အသက်၄၀ကျော်အရွယ်ခန့်ရှိသော လူလတ်ပိုင်းတစ်ယောက်ရှိပေသည်။ထိုလူသည် အသက်၂၀ထက်မပိုသည့် မိန်းကလေးတစ်ယောက်၏လက်ကို ကိုင်ဆောင်ထားပေသည်။
"ဒီရှေးဟောင်းမြို့လေလံပွဲက နောက်ဆုံးတော့စလာပြီပဲ...ဒီလေလံပွဲအတွက် လွန်ခဲ့တဲ့၇ရက်လောက်က ငါသေချာပြင်ဆင်ထားခဲ့တာ...ဒီလေလံပွဲမှာ ပစ္စည်းကောင်းတွေအများကြီးပါမယ်လို့ ငါသတင်းရထားတယ်...အထူးသဖြင့် ဆဌမမြောက်လားမားဘုန်းတော်ကြီးရဲ့ လက်ရေးကဗျာပဲ..."
မိန်းကလေး၏အသံသည် ပြတ်သားကာ နားဝင်ချိုသလိုခံစားရပေသည်။
သက်လတ်ပိုင်းအရွယ်လူက မိန်းကလေး၏စကားကို နားထောင်လိုက်ပြီး အနည်းငယ်တပ်မက်သောအကြည့်ဖြင့် မိန်းကလေးကိုကြည့်ကာ ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။
"ဒီပစ္စည်းကိုရဖို့ ငါဆုံးဖြတ်ထားပြီးပြီ...စိတ်မပူပါနဲ ငါပိုက်ဆံဘယ်လောက်ကုန်နေပါစေ မင်းအတွက်ငါဝယ်ပေးမယ်လို့ အာမခံတယ်"
"ငါသိချင်တာတစ်ခုရှိတယ်...ဆန်ယန်ဂရာချိုဆိုတဲ့လားမားဘုန်းတော်ကြီးက တကယ့်ဘုန်းတော်ကြီးဟုတ်လို့လား...ဘုန်းကြီးတစ်ပါးက ဒီလိုလှပတဲ့စကားတွေကိုရေးနိုင်တာ အရမ်းကိုထူးဆန်းတာပဲ"
ကောင်မလေးသည် သူ၏ခန္ဓာကိုယ်အား အနည်းငယ်တွန့်ခါရင်း ညုတုတုဖြစ်နိုင်သောလေသံဖြင့် ပြောလိုက်သည်။
"သူက ကဗျာရေးတတ်တဲ့ဘုန်းတော်ကြီးလို့ပြောရမှာပေါ့..."
သက်လတ်ပိုင်းအရွယ်လူက ပေါ့ပေါ့ပါးပါးပြုံး၍ ပြန်ဖြေလိုက်သည်။
နောက်၌ရပ်နေသော ယဲ့ပိုင်သည် ထိုစကားများအားနားထောင်ရင်း သူ၏မျက်လုံးများက အနည်းငယ်အရောင်မှိန်ဖျော့သွားခဲ့ကာ သူ၏အတွေးများက အတိတ်တစ်နေရာသို့ တိတ်ဆိတ်စွာလွှင့်မျောသွားခဲ့သည်။
ဆန်ယန်ဂရာချို....
ထိုဘုန်းတော်ကြီးသည် လွန်ခဲ့သောနှစ်ရာပေါင်းများစွာက တိဗက်တောင်ပိုင်းရှိ သဲတံတိုင်းကြီးရှေ့တွင် ယဲ့ပိုင်နှင့်ဆွေးနွေးခဲ့ဖူးပေသည်။ကံမကောင်းစွာဖြင့် ထိုကာလမှ သမိုင်းမှတ်တမ်းများက မေ့ပျောက်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ယဲ့ပိုင်သည် တဖြည်းဖြည်းဖြင့် အတွေးထဲနစ်မြောသွားတော့မည့်အချိန်တွင် ရုတ်ချည်းဆိုသလိုပင် ကွဲလွဲနေသည့်အသံတစ်ခုက သူ့နားထဲသို့ ရုတ်တရက်တိုးဝင်လာခဲ့သည်။
"တောင်းပန်ပါတယ်ဆရာ...ဒီမှာထပ်ပြီးတော့ဝင်ခွင့်မပြုပါဘူး...ဒီနေ့မှာ အရမ်းကိုကြီးကျယ်ခမ်းနားတဲ့လေလံပွဲတစ်ခုရှိတယ်...ဒါကြောင့်အထဲကိုဝင်ဖို့ ဖိတ်စာတစ်စောင်လိုအပ်လိမ့်မယ်...မဟုတ်ရင် အထဲဝင်ခွင့်မပြုနိုင်ဘူး"
ဝန်ထမ်းတစ်ယောက်က ထိုသို့ပြောပြီး လက်ကိုဆန့်တန်းလိုက်ကာ အေးစက်သည့်လေသံဖြင့် ယဲ့ပိုင်အားဟန့်တားလိုက်သည်။
သူ၏မျက်လုံးထဲ၌ သံသယစိတ်အနည်းငယ် ဖြစ်ပေါ်နေခဲ့သည်။ဝန်ထမ်း၏အသံက ထွက်ပေါ်လာချိန်တွင် အခြားဧည့်သည်များ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
မူလက ထိုအထက်တန်းစားများသည် ယဲ့ပိုင်၏တည်ရှိမှုအား လျစ်လျူရှုထားခဲ့သော်လည်း ယခုအချိန်တွင် သူတို့၏အကြည့်များက ယဲ့ပိုင်အပေါ်ကျရောက်လာကာ မှတ်ချက်ပေးလာခဲ့ကြသည်။
ခုနကစကားပြောနေသည့် အပြစ်ကင်းစင်ပုံရသောမိန်းကလေးသည် ယဲ့ပိုင်အားလှည့်ကြည့်လိုက်ရာ သူမ၏ကြည်လင်သောမျက်လုံးများ၌ အံ့သြနေသည့်အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။သူမ၏ပါးပြင်သည် နီမြန်းလာသော်လည်း မကြာမှီမူလပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့ကာ သူမ၏ဘေးရှိ သက်လတ်ပိုင်းအရွယ်လူအား တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
"လုံဟိုင်...ဒီလူကိုကြည့်ရတာနည်းနည်းလောက်ထူးဆန်းနေတာမဟုတ်ဘူးလား...သူကလေလံပွဲမှာပါဝင်ဖို့ ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားတာလား...သူကပွဲစီစဉ်သူတွေပြင်ဆင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်လား"
လုံဟိုင်ဟုခေါ်သော သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ယဲ့ပိုင်ကိုကြည့်ကာ မျက်ခုံးပင့်လိုက်မိသည်။ယဲ့ပိုင်အားကြည့်နေသည့် သူ၏အကြည့်များ၌ ရက်စက်ကြမ်းကြုတ်မှုများပါဝင်နေခဲ့သည်။
"သူ့ရဲ့မျက်နှာက ဖြူဖြူဖျော့ဖျော့လေးပဲ...သူဝတ်ဆင်ထားတဲ့အဝတ်တွေက အပေါစားဆန်လွန်းတယ်...ဒါဘယ်လိုအချိန်အခါမျိုးလဲဆိုတာ သူတို့မသိကြဘူးလား"
လုံဟန်ကဲ့သို့ပင် အခြားသူများကလည်း ယဲ့ပိုင်အပေါ် တူညီသည့်မှတ်ချက်များ ပေးခဲ့ကြသည်။
ယဲ့ပိုင်သည် သူတို့အားဂရုမစိုက်သော်လည်း သူ့အားကြည့်နေသည့် မျက်လုံးများထဲမှ အထင်သေးသောအရိပ်အယောင်များကို ခံစားမိပေသည်။
သူသည် လွန်စွာအသက်ကြီးနေပြီဖြစ်သည်။သူ၏ဝတ်စားဆင်ယင်မှုသည် မည်သို့ပင်ဖြစ်နေပါစေ ဤအရာကပင် သူကြိုက်နှစ်သက်သည့်ပုံစံဖြစ်သည်။သူတို့ကိုယ်သူတို့ အထက်တန်းစားဟု သတ်မှတ်ထားကြသူများသည် ယဲ့ပိုင်အားလှောင်ပြောင်နေကြချိန်တွင် သူတို့ကိုယ်သူတို့ ရေတွင်းအောက်ခြေမှဖားများဖြစ်ကြောင်း မသိခဲ့ကြပေ။သူတို့ထဲမှမည်သူကမှ ယဲ့ပိုင်၏မျက်လုံးထဲ မဝင်ရောက်နိုင်ကြပေ။
ဝန်ထမ်းက ဟန့်တားလိုက်ချိန်တွင် ယဲ့ပိုင်ကစကားမပြောဘဲ ဖိတ်စာတစ်စောင်အား ထုတ်ယူလိုက်သည်။
သူသည် ထိုနေရာ၌ရပ်နေခဲ့ကာ တစ်စုံတစ်ခုအား ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် အနက်ရောင်ဆလွန်းကားတစ်စီးသည် ကတ္တရာလမ်းမပေါ်၌ ဖြည်းညှင်းစွာမောင်းနှင်လာခဲ့သည်။
အထူးရဲအရာရှိတစ်ယောက်သည် ကတ်ကိုစစ်ဆေးရန် ရောက်လာခဲ့သည်။ထိုရဲအရာရှိသည် ကတ်ကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် ချက်ချင်းပြန်ပေးလိုက်ကာ ကားထဲမှလူအား လေးလေးစားစားဦးညွတ်လိုက်သည်။
ထိုကားထွက်ပေါ်လာသည်နှင့်...
လမ်းဘေးနှစ်ဖက်ရှိ လူအားလုံးသည် ကားကိုလှည့်ကြည့်လိုက်ကြသည်။ထိုအခိုက်အတန့်၌ ယဲ့ပိုင်အားစိုက်ကြည့်နေသည့် သူတို့၏မျက်လုံးများက ရွှံရှာဖွယ်ကောင်းသည့်အရိပ်အယောင်များ တဖြည်းဖြည်းပျောက်ကွယ်သွားကာ ရိုသေလေးစားခြင်းနှင့် အထင်ကြီးခြင်းတို့က အစားထိုးဝင်ရောက်လာခဲ့သည်။
ထိုကားပေါ်ရှိလူနှင့်ပတ်သက်လာလျှင်...
ကားထဲမှလူသည် ကားပြတင်းပေါက်မှ ယဲ့ပိုင်အားတွေ့မြင်လိုက်ရချိန်တွင် သူ၏မျက်နှာသည် ချက်ချင်းဖြူဖျော့သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ကလည်း တဆတ်ဆတ်တုန်ယင်သွားခဲ့သည်။