← Chapters

သီးသန့်အခန်း

Vol. 7 Ch. 75

သီးသန့်အခန်း

Vol. 7 Ch. 75

ရှေးဟောင်းမြို့ရှိ အေးချမ်းသာယာစားသောက်ဆိုင်သို့ ဦးတည်သောလမ်း၏အလယ်၌...

ဟူး...ဟူး...

နံနက်စောစောလေနုအေး၏ တိုက်ခတ်မှုနှင့်အတူ ကောင်းကင်မှဖြာကျလာသည့် နေရောင်ခြည်က ပျော့ပျောင်းနေခဲ့သည်။

ဝတ်ကောင်းစားလှဝတ်ဆင်ထားသူ အထက်တန်းစားများနှင့် သာမန်လူအများစုသည် လမ်းဘေးနှစ်ဖက်တွင်ရပ်နေကြသည်။

သို့သော်လည်း ယခုအချိန်၌ လူတိုင်း၏မျက်လုံးများက ခြွင်းချက်မရှိ ယဲ့ပိုင်နှင့်သခင်လေးဝူတို့အား အာရုံစိုက်နေကြသည်။

သူတို့၏စိတ်ထဲတွင် မရေမတွက်နိုင်သော သံသယများ ၊ မေးခွန်းများဖြစ်ပေါ်နေခဲ့ကြသည်။

သို့သော်လည်း ယခုအချိန်တွင် မည်သူကမှစကားမပြောရဲကြပေ။သူတို့သည် ဤတိတ်ဆိတ်မှုအား စတင်၍မချိုးဖျက်ရဲကြပေ။

"သ...သခင်လေး"

သခင်လေးဝူသည် ယဲ့ပိုင်၏ရှေ့တွင် ဒူးထောက်ချလိုက်သော်လည်း သူ၏အသံကအနည်းငယ်တုံ့ဆိုင်းနေခဲ့သည်။လက်ရှိအချိန်တွင် သူတွေးထားသမျှ စကားလုံးတိုင်းက မေ့ပျောက်သွားခဲ့ပြီဖြစ်သည်။သူ့ခေါင်းထဲ၌ ကွက်လပ်တစ်ခုရှိနေခဲ့ကာ အချိန်အတော်ကြာစဉ်းစားပြီးမှသာ သူ၏ပါးစပ်မှ စကားလုံးနှစ်လုံးသာ ထွက်လာခဲ့သည်။

ယဲ့ပိုင်သည် နောက်ပြန်လှည့်မကြည့်ခဲ့ပေ။

သူ၏မျက်လုံးများက ရှေးဟောင်းမြို့၏လမ်းမပေါ်၌ တိတ်ဆိတ်ငြိမ်သက်နေသော ရှုခင်းများအား ကြည့်ရှုခံစားနေခဲ့သည်။သူသည် ဒူးထောက်နေသောသခင်လေးဝူအား လုံးဝဂရုမစိုက်သလိုဖြစ်နေခဲ့သည်။

ပတ်ဝန်းကျင်လေထုအခြေအနေသည် ဆယ်စက္ကန့်ကျော်လောက် တိတ်ဆိတ်သွားပြီးနောက် ယဲ့ပိုင်သည် ဒူးထောက်နေသောသခင်လေးဝူအား ဂရုမစိုက်သည့်လေသံဖြင့် ဖြည်းညှင်းစွာပြောလိုက်သည်။

"မင်းပြန်သွားလိုက်တော့..."

ယဲ့ပိုင်သည် ထိုသို့ပြောပြီးနောက်တွင် သူ၏အဖြူရောင်ဝတ်စုံက လေအဝှေ့၌ လှုပ်ခါသွားခဲ့ကာ ရှေ့သို့ခြေလှမ်းအနည်းငယ်တိုး၍ ဆက်သွားခဲ့သည်။သူ့ရှေ့၌ရပ်နေသော ဝန်ထမ်းကလည်း ရိုရိုသေသေပင်လမ်းဖယ်ပေးလိုက်ပြီး သူ့အားတားဆီးဝံ့ခြင်းမရှိတော့ပေ။

ယဲ့ပိုင်သည် မီတာရာနှင့်ချီကွာဝေးသွားပြီး အေးချမ်းသာယာစားသောက်ဆိုင်၏ဝင်ပေါက်သို့ ရောက်ရှိသွားသည့်အခါမှသာ မြေပြင်ပေါ်၌ဒူးထောက်နေသော သခင်လေးဝူ၏အခြေအနေသည် ပြန်လည်ကောင်းမွန်လာခဲ့သည်။

ထိုအချိန်တွင် လမ်းပေါ်မှလူများကလည်း အသံထွက်လာခဲ့ကြသည်။

"သခင်လေးဝူက ဝတ်စုံဖြူဝတ်ထားတဲ့ကောင်လေးကို ဒူးထောက်လိုက်တာလား"

လုံဟိုင်၏အမူအရာသည် အနည်းငယ်ရယ်စရာကောင်းနေခဲ့ကာ သူ့ဘေးနားရှိရွယ်လန်အား ကြောက်လန့်တကြားမေးမြန်းလိုက်သည်။

"ဖြစ်နိုင်တယ်..."

ရွယ်လန်ကလည်း ခေါင်းညိတ်ပြလိုက်သည်။သူမသည် လုံဟိုင်၏လက်ကို ယခင်က တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော်လည်း မည်သည့်အချိန်က လက်လွှတ်မိလိုက်မှန်းမသိပေ။သူမသည် ခန္ဓာကိုယ်ကိုလှည့်ပတ်ရင်း ယဲ့ပိုင်ထွက်သွားရာ လမ်းကြောင်းဆီအကြည့်ရောက်သွားခဲ့သည်။သူမသည် အချိန်အတော်ကြာသည်အထိ ပုံမှန်ပြန်မဖြစ်သေးဘဲ သူမ၏မျက်လုံးထဲ၌ ဆုံးရှုံးမှုနှင့်နောင်တတရားက ရောထွေးနေခဲ့သည်။

လမ်းဘေးနှစ်ဖက်ရှိလူများကလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။

"ဝတ်ရုံဖြူဝတ်ဆင်ထားတဲ့ ကောင်လေးကဘယ်သူလဲ...သခင်လေးဝူက သူ့ကိုတကယ်ကြီးဒူးထောက်လိုက်တာလား"

သခင်လေးဝူကဲ့သို့ အသက်၂၀အရွယ် လူငယ်တစ်ယောက်က ဖြူဖတ်ဖြူရော်မျက်နှာဖြင့်ပြောလိုက်သည်။သူ၏အမြင်တွင် သခင်လေးဝူသည် ထိပ်တန်းဖြစ်တည်မှုတစ်ခုဖြစ်သည်။သို့သော်လည်း ယနေ့ဖြစ်ပျက်ခဲ့သောအရာက သူ၏အယူအဆအချို့အား လုံးဝပျက်စီးသွားစေခဲ့သည်။

အသက်၆၀နှင့်၇၀ကြားရှိ အဘိုးအိုတစ်ဦးကလည်း တုန်ယင်နေသည့်လေသံဖြင့်ပြောလိုက်သည်။

"ဝတ်စုံဖြူဝတ်ထားတဲ့ကောင်လေးက စကားတစ်ခွန်းပဲပြောခဲ့ပြီး သခင်လေးဝူကိုထွက်သွားခိုင်းခဲ့တယ်"

"သူကဘယ်သူလဲ...ငါအရင်ကတစ်ခါမှမမြင်ဖူးဘူး...သူ့ကိုကြည့်ရတာရှေးဟောင်းမြို့ကမဖြစ်နိုင်ဘူး"

ရှေးဟောင်းမြို့မှအရာရှိတစ်ယောက်သည် မျက်မှောင်ကြုတ်ကာ တွေးတောနေရင်း သူ၏မှတ်ညဏ်ထဲဝင်ရောက်ရှာဖွေနေသော်လည်း ယဲ့ပိုင်လိုလူမျိုးအား ရှာမတွေ့ခဲ့ပေ။

ထိုနေရာတဝိုက်တွင် ယခုလိုအသံများက အဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။

အထူးသဖြင့် ယခင်က ယဲ့ပိုင်အားလှောင်ပြောင်ခဲ့သည့် လူတစ်စုသည် ယခုအခါတွင် ချွေးအေးများဖြင့်စိုရွဲနေခဲ့ကာ တစ်ကိုယ်လုံးတောင့်တင်းနေခဲ့ကြသည်။

မရေမတွက်နိုင်သောလူများသည် ကြောက်လန့်တကြားပြောဆိုနေကြသည့်အချိန်တွင် အနက်ရောင်ကားထဲမှနေ၍ သခင်လေးဝူ၏အဖေက ယိမ်းထိုးကာထွက်ပေါ်လာခဲ့သည်။သူ၏လက်ရှိသွင်ပြင်သည် သခင်လေးဝူထက်ပင် ပိုမိုလှုပ်ရှားနေကာ သူ၏ပြေးနှုန်းကလည်း ထူးထူးခြားခြားမြန်ဆန်နေခဲ့သည်။

ထိုအခြေအနေသည် လူများကိုတဖန်တုန်လှုပ်သွားစေခဲ့ကာ ယဲ့ပိုင်၏အထောက်အထားအား ပို၍ပင်သိချင်စိတ်ပြင်းပြလာခဲ့ကြသည်။

...

တစ်ဖက်မှ အေးချမ်းသာယာစားသောက်ဆိုင်တွင်...

ယဲ့ပိုင်သည် လက်နှစ်ဖက်အားနောက်ကျောပိုက်ရင်း စားသောက်ဆိုင်အဝင်ဝ၌ မတ်တပ်ရပ်နေခဲ့သည်။သူသည် အေးချမ်းသာယာစားသောက်ဆိုင်၏ သစ်သားဆိုင်းဘုတ်အားကြည့်ရင်း သူ၏မျက်လုံးများက ထူးထူးခြားခြားတည်ငြိမ်နေခဲ့သည်။

အေးချမ်းသာယာစားသောက်ဆိုင်ဟူသော စကားလုံးနှစ်ခုနှင့်ပတ်သက်၍ ထွေထွေထူးထူးပြောစရာမရှိပေ။

အထက်ဖော်ပြပါ စကားလုံးများအား ခေတ်မှီလက်မှုပညာဖြင့် ထွင်းထုထားပြီး စာလုံးတစ်ခုစီသည် နေ၏အလင်းယိုင်မှုအောက်တွင် တောက်ပစွာဖြင့် ထွန်းလင်းနေခဲ့ကာ ဇိမ်ခံမှုသင်္ကေတဖြစ်သည့် ရွှေရောင်အလွှာဖြင့် ဖုံးအုပ်ထားပေသည်။

စားသောက်ဆိုင်၏အလုံးစုံအခြေအနေအား ပြောရမည်ဆိုပါက မျက်နှာပြင်ပေါ်တွင် ရွှေရောင်အုတ်နီရောင်နံရံ ၊ တံခါးရှေ့၌ချိတ်ဆွဲထားသော မီးပုံးကြီး၂လုံး ၊ ၎င်းပေါ်တွင်ထွင်းထားသော နဂါးပုံစံ ဂန္တဝင်လက်ရေးများဖြစ်ကြသည်။

သို့သော်လည်း ယဲ့ပိုင်သည် ထိုမြင်ကွင်းအား တိတ်တဆိတ်ကြည့်နေရင်း သူ၏မျက်လုံးများက နက်ရှိင်းသောမြင်ကွင်းတစ်ခုအား ပုံဖော်မိလာခဲ့သည်။

အငြိမ်သက်ဆုံးနှစ်များတွင် အရက်စက်ဆုံးအချိန်အခါများ ကျရောက်လာခဲ့သည်။

ထိုနှစ်ကာလများက မြေကြီးတုန်ခါလုမတတ် အပြောင်းအလဲများစွာကို တိတ်တဆိတ်ကြုံတွေ့နေခဲ့ရသည်။

အစက်အပြောက်ကင်းသော စဉ့်ကြွေပြားများသည် သပ်သပ်ရပ်ရပ်စီစဉ်ထားကာ နံရံများကိုလည်း သန့်ရှင်းသပ်ရပ်စွာ ဆေးခြယ်ထားသည်။တံခါးရှေ့တွင်မူ ကော်ဇောနီခင်းကျင်းထားပေသည်။

ထို့ကြောင့် အေးချမ်းသာယာစားသောက်ဆိုင်ဟုခေါ်သည့် ဆိုင်၏အသွင်အပြင်သည် အလွန်ထူးခြားပြီး ထူးဆန်းနေခဲ့သည်။

"ဆရာ...လေလံပွဲမှာပါဝင်ဖို့ရောက်လာတာလား...ကျေးဇူးပြုပြီးဖိတ်စာလေးပြပေးပါလား"

စားသောက်ဆိုင်ရှေ့တွင် အတိတ်မြင်ကွင်းများကို ပြန်လည်မြင်ယောင်နေသည့်ယဲ့ပိုင်အား စားပွဲထိုးတစ်ယောက်က လာရောက်ကြိုဆိုခဲ့သည်။သို့သော်လည်း ယဲ့ပိုင်သည် ဆယ်မိနစ်ကျော်ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမျိုးမှ မပြသခဲ့၍ စားပွဲထိုးလည်းစိတ်မရှည်တော့ဘဲ ယဲ့ပိုင်ဆီတိုးကပ်၍ လေးလေးစားစားမေးမြန်းလိုက်သည်။

ထိုစားပွဲထိုးသည် အတန်ငယ်ထက်မြက်ပေသည်။

ယဲ့ပိုင်၏အဝတ်အစားများသည် အလွန်ပင်ထူးဆန်းသော်လည်း ယနေ့တွင် အေးချမ်းသာယာစားသောက်ဆိုင်သို့ ရောက်ရှိလာသူများသည် အရှေ့မှစစ်ဆေးရေးဂိတ်အား ဖြတ်ကျော်လာသူများဖြစ်ကာ နယ်နယ်ရရမဟုတ်ကြောင်း ကောင်းစွာနားလည်ထားပေသည်။

"အင်း..."

ယဲ့ပိုင်သည် သူ့အားလာရောက်ကြိုဆိုသည့် စားပွဲထိုး၏အသံကိုကြားချိန်တွင် စားသောက်ဆိုင်အားကြည့်နေသော သူ၏အကြည့်အားဖြည်းညှင်းစွာရွေ့လျားလိုက်ကာ တိုးတိုးလေးညည်းညူလိုက်သည်။

ထို့နောက် သူ၏အဖြူရောင်အင်္ကျီလက်ကို လှုပ်ရှားလိုက်ရာ ဖိတ်စာကတ်တစ်ခုက ထူးဆန်းစွာပင် ထွက်ပေါ်လာခဲ့သည်။

စားပွဲထိုးလေးသည် ထိုမြင်ကွင်းကိုတွေ့မြင်ချိန်တွင် အံ့အားသင့်သွားသော်လည်း သူ့ရှေ့မှလူငယ်သည် မှော်ဆရာတစ်ယောက်ဖြစ်သည်ဟုထင်ကာ လျင်မြန်စွာတုံ့ပြန်၍ ဖိတ်စာကိုလေးလေးစားစားလက်ခံလိုက်သည်။သို့သော်လည်း သူသေချာစစ်ဆေးကြည့်ချိန်တွင် သူ၏မျက်လုံးများ၌ အံ့သြသင့်နေသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ထိုဖိတ်စာသည် ယနေ့လေလံပွဲ၏ ပရီမီယံသီးသန့်အခန်းဖြစ်ပေသည်။

ယနေ့လေလံပွဲတွင် ပရီမီယံသီးသန့်အခန်း ၉ခန်းသာရှိကြောင်း သိထားရမည်ဖြစ်သည်။ထိုသို့ဖိတ်ခေါ်မှုမျိုးအား ရရှိနိုင်သူများသည် အလွန်အားကောင်းသော နောက်ခံကိုပိုင်ဆိုင်ထားကြပေသည်။

"ကျေးဇူးပြုပြီးလိုက်ခဲ့ပါဆရာ...ငါလမ်းပြပေးပါမယ်"

စားပွဲထိုးသည် ဖိတ်စာကတ်ကို ယဲ့ပိုင်လက်ထဲသို့ပြန်ထည့်ပေးလိုက်ကာ ရိုရိုသေသေဦးညွတ်လိုက်သည်။ထို့နောက် ယဉ်ကျေးသောအမူအရာဖြင့် လက်ကိုဆန့်တန်း၍ ယဲ့ပိုင်အားနောက်မှလိုက်လာရန် ဖိတ်ခေါ်လိုက်သည်။

"ကောင်းပြီ..."

ယဲ့ပိုင်သည် စကားများများမပြောသေးဘဲ ထူးခြားမှုမရှိတည်ငြိမ်သည့်အမူအရာဖြင့် စားသောက်ဆိုင်ဆီသို့ ညင်သာစွာလျှောက်လာခဲ့သည်။သူသည် စားသောက်ဆိုင်၏တံခါးဝသို့ ခြေထောက်တစ်ဖက်လှမ်းချလိုက်ချိန်တွင် မုန်တိုင်းက စတင်၍တိုက်ခတ်လာခဲ့ပြီဖြစ်သည်။

...

အေးချမ်းသာယာစားသောက်ဆိုင်၏ ဧည့်ခန်းတစ်ခုထဲတွင် ရက်ဖ်သည် မတ်တပ်ရပ်လျက် နံရံ၌ချိတ်ဆွဲထားသော လက်ရေးလှရုပ်ပုံများကိုကြည့်ကာ အလွန်ပင်တိတ်ဆိတ်နေခဲ့သည်။

ထိုအချိန်တွင် တံခါးခေါက်သံက အနည်းငယ်ထွက်ပေါ်လာခဲ့သည်။

"အထဲဝင်ခဲ့..."

ရက်ဖ်သည် လေးနက်တည်ကြည်သောလေသံဖြင့် ပြောလိုက်သည်။

ထို့နောက်တွင် ဟိုတယ်စားပွဲထိုးအဖြစ် ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က တံခါးကိုတွန်းဖွင့်လာခဲ့သည်။

"ဘာဖြစ်တာလဲ..."

ရက်ဖ်က အေးစက်စက်အမူအရာဖြင့် စားပွဲထိုးအားမေးမြန်းလိုက်သည်။သူသည် ယခုလိုနှောင့်ယှက်ခံရသည်ကို အမှန်ပင်မနှစ်သက်ပေ။

"မစ္စတာရက်ဖ်...မင်းပြောထားတဲ့လူရောက်လာပြီ"

စားပွဲထိုးက လေးလေးစားစားပြန်ပြောလိုက်သည်။

ရက်ဖ်သည် ထိုစကားကိုကြားသောအခါ သူ၏မျက်လုံးကအနည်းငယ် တောက်ပလာခဲ့သည်။

"သူရောက်လာပြီလား..."

"ဟုတ်တယ်ဆရာ...သူကလူငယ်တစ်ယောက်ပဲ...ခုပဲသီးသန့်ခန်းထဲဝင်သွားခဲ့ပြီ..."

စားပွဲထိုးက မြန်မြန်ဆန်ဆန်ပြန်ဖြေလိုက်သည်။

ရက်ဖ်သည် သူ့စိတ်ထဲတွင် အလွန်ပျော်ရွှင်နေသော်လည်း အပေါ်ယံတွင်မူ အလွန်ပင်ငြိမ်သက်နေခဲ့သည်။သူသည် စားပွဲထိုးအားလှမ်းကြည့်လိုက်ချိန်တွင် သူ၏အသံကတည်တည်ငြိမ်ငြိမ်ရှိနေဆဲဖြစ်သည်။

"အင်း...ငါသိပြီ"

ထို့နောက်သူသည် အံဆွဲကိုဖွင့်ကာ အနီရောင်ငွေစက္ကူနှစ်ရွက်အား ထုတ်ယူကာ စားပွဲထိုးအားပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်"

စားပွဲထိုးသည် ခါးကိုကွေးညွတ်၍ ပိုက်ဆံကိုလှမ်းယူလိုက်ကာ အမြန်ပြန်ဆုတ်၍ တံခါးကိုချောမွေ့စွာပိတ်လိုက်သည်။

ထို့နောက်တွင် ရက်ဖ်သည် မည်သည့်အရာကိုမှဂရုမစိုက်တော့ဘဲ အေးစက်စက်လေသံဖြင့် ရေရွတ်လိုက်သည်။

"မင်းကဘယ်သူပဲဖြစ်ပါစေ...ဒီကိုရောက်လာပြီဆိုမှတော့ ဒီနေ့ထွက်သွားဖို့ ထပ်ပြီးစဉ်းစားမနေနဲ့တော့..."

ထိုသို့ရေရွတ်လိုက်ပြီးနောက် ရက်ဖ်သည် ကိုယ်လုံးပေါ်မှန်တစ်ခုဆီသို့ လျှောက်သွားခဲ့ကာ သူ၏အဝတ်အစားများကို လေးလေးနက်နက် စီစဉ်လိုက်သည်။

ထိုအခိုက်အတန့်တွင် အခန်းထဲရှိလေထုအခြေအနေသည် အလွန်ပင်အေးစက်တိတ်ဆိတ်နေခဲ့သည်။

All Chapters