← Chapters

ရက်ဖ်

Vol. 7 Ch. 77

ရက်ဖ်

Vol. 7 Ch. 77

အေးချမ်းသာယာစားသောက်ဆိုင်...

လေလံချိန်နီးကပ်လာသည်နှင့်အမျှ လေလံဆွဲသူများက တဖြည်းဖြည်းပိုမိုများပြားလာခဲ့သည်။

သာမန်အခြေအနေအောက်တွင် ထိုလူချမ်းသာများသည် လေလံပွဲမစတင်မှီ၌ သူတို့အချင်းချင်းဆက်သွယ်ပြောဆိုကြပြီး စီးပွားရေးလုပ်ငန်းအကြောင်းကို ပြောဆိုခဲ့ကြသည်။

သို့သော်လည်း လက်ရှိအချိန်တွင် လေလံဆွဲရန်လာရောက်သူများ အေးခဲတောင့်တင်းသွားခဲ့ကြသည်။

လူအချို့၏ မျက်လုံးများသည် ထိုမြင်ကွင်းကိုကြည့်၍ ပြူးကျယ်သွားကြပြီး ထိတ်လန့်သွားခဲ့ကြသည်။

အချို့သည်ကား ပါးစပ်များဟနေခဲ့ကြပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ခဲ့ကြပေ။

သူတို့သည်မီးပုံးနှင့်ပတ်သက်၍ တာ၀န်ရှိသူများထံမှ အကြောင်းကြားမှုအား လက်ခံရရှိထားပြီးဖြစ်ပေသည်။ထို့ကြောင့်သူတို့သည် ဤနေရာသို့ရောက်ရှိသည်နှင့် မီးပုံးချိတ်မယ့်သူရှိမရှိ စတင်၍ဆွေးနွေးနေကြသော်လည်း အဆုံးသတ်တွင် ရလဒ်က အနုတ်လက္ခဏာဆောင်ခဲ့ပေသည်။

ထိုသို့သောဂိမ်းမျိုးအား ၀ူမိသားစုသည်ပင် ကစားနိုင်ခြင်းမရှိပေ။

သို့သော်လည်း သူတို့ခန်းမထဲ၀င်ပြီး လေလံတင်သည့်နေရာသို့ ရောက်ရှိပြီးမကြာမည့်အချိန်တွင် သီးသန့်အခန်းအမှတ်၁ပြတင်းပေါက်မှ အနီရောင်မီးပုံးအား ချိတ်ဆွဲလိုက်သည်ကို တွေ့လိုက်သည်။

ဤသို့ဖြင့် လေလံခန်းမတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ရကာ အခန်းထဲ၌ လူတိုင်း၏အသက်ရှုသံကိုသာ ကြားနေခဲ့ရသည်။

လူတိုင်းနီးပါးသည် သီးသန့်အခန်းအမှတ်၁ပြတင်းပေါက်သို့ လှမ်းကြည့်လိုက်ကြပြီး အထဲ၌ မည်သူကနေရာယူထားကြောင်း သိချင်စိတ်အပြည့်ဖြင့် လှမ်းကြည့်နေခဲ့ကြသည်။ကံမကောင်းစွာဖြင့် သူတို့သည် မည်မျှပင်အမြင်ကျယ်နေပါစေ အခန်းထဲ၌ မည်သူရှိနေ‌ကြောင်း မတွေ့မြင်နိုင်ခဲ့ကြပေ။

အချိန်အတော်ကြာပြီးနောက်တွင် တိတ်ဆိတ်နေသော လေထုကပျောက်ကွယ်သွားကာ ရုတ်ရုတ်သဲသဲဖြစ်မှုက အစားထိုး၀င်ရောက်လာခဲ့သည်။

“သီးသန့်အခန်းအမှတ်၁ကလူဟာ ၀ူမိသားစုကမဟုတ်ဘူးလား...သူတို့မိသားစုကလွဲရင်ဘယ်သူက လေလံပွဲစရုံရှိသေး မီးပုံးကိုချိတ်ဆွဲဖို့ သတ္တိရှိမှာလဲ...နောက်ပြီးတော့ သီးသန့်အခန်း၁က သူတို့အတွက်သီးသန့်ဖယ်ထားတာမဟုတ်ဘူးလား...”

ရှည်လျားသည့်ဆံပင်နှင့် အနက်ရောင်ညနေခင်းဂါ၀န်အား ၀တ်ဆင်ထားကာ ဒေါက်မြင့်ဖိနပ်အား၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်သည် သူမ၏ခန့်မှန်းချက်အား တိုးတိုးလေးပြောလိုက်သည်။

“၀ူမိသားက တကယ်ကြီးလုပ်ရှားတော့မှာလား...သူတို့က လေလံပွဲရဲ့ပထမဆုံးပစ္စည်းကို အနိုင်ရဖို့အတွက် ဆုံးဖြတ်ထားကြပြီထင်တယ်...”

ထိုမိန်းမ၏နံဘေးရှိအခြားတစ်ယောက်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

“ငါတို့က သီးသန့်အခန်းထဲမှာရှိနေတဲ့လူဆီကို အလည်အပတ်သွားသင့်လား...ဒါမှမဟုတ် ၀ူမိသားစုကို ငါတို့မျက်နှာသာပေးသင့်လား...လေလံပွဲရဲ့ ပထမဆုံးပစ္စည်းကို ငါတို့လေလံမဆွဲဘဲ အလွတ်ပေးလိုက်ကြမယ်လေ...”

တစ်စုံတစ်ယောက်သည် ထိတ်လန့်နေရာမှ အသိပြန်၀င်လာပြီးနောက် သူ၏မျက်လုံးများက အရောင်တောက်ပလာခဲ့သည်။ဤအရာသည် ၀ူမိသားစုနှင့် ဆက်ဆံရေးကောင်းတစ်ခုအားတည်ဆောက်ရန် အခွင့်ကောင်းတစ်ခုဖြစ်နိုင်ပေသည်။ထိုအကြံအစည်သာအောင်မြင်သွားပါက သူ၏မိသားစုအတွက် ထင်မှတ်မထားလောက်သော အကျိုးအမြတ်များကို ယူဆောင်ပေးလာနိုင်ပေသည်။

“အဲ့အကြံမဆိုးဘူး...”

“ငါသဘောတူတယ်...”

“ဒါဆိုရင် ဘာလုပ်နေမှာလဲ,,,ငါတို့အတူတူသွားကြရအောင်လေ...”

ခန်းမထဲ၌ အကျေအလည်ဆွေးနွေးကြပြီးနောက်တွင် ချမ်းသာပြီးသြဇာရှိသောလူအချို့သည် သူတို့၏ထင်မြင်ချက်များအား အသီးသီးအတည်ပြုလိုက်ကြပြီးနောက် တူညီသောဆုံးဖြတ်ချက်တစ်ခုအား မြန်မြန်ဆန်ဆန်ချမှတ်လိုက်ကြသည်။ထို့နောက်တွင် သူတို့သည် သီးသန့်ခန်းသို့အလည်သွားရန် ပြင်ဆင်လိုက်ကြသည်။သူတို့၏စိတ်ထဲတွင် သီးသန့်ခန်းအတွင်း၌ ရှိနေသူမှာ ၀ူမိသားစုမှလွဲ၍ အခြားမဖြစ်နိုင်ကြောင်းမှတ်ယူထားကြ‌ပေသည်။

သို့သော်လည်း သူတို့သည်ခြေလှမ်းမလှမ်းရသေးမှီ အေးချမ်းသာယာစားသောက်ဆိုင်၏အ၀င်၀မှ ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာခဲ့ကာ လွန်စွာအသက်၀င်သည့် မြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။

“ကျေးဇူးပြုပြီးဖယ်ပေးကြပါ...လမ်းပိတ်မနေကြနဲ့...”

အမိန့်ပေးနေသော၀န်ခမ်းများသည် အဆက်မပြတ်ကျယ်လောင်စွာ အော်ဟစ်နေခဲ့ကြသည်။

“မစ်စတာဝူ...ငါကတင်းယွမ်သဲလေ...ငါတို့အရင်ကတွေ့ဖူးကြတယ်မဟုတ်လား...”

ပါးလွှာသောဆံပင်အားပိုင်ဆိုင်ထားသည့် အမျိုးသားတစ်ယောက်သည် မျက်နှာအမူအရာကို အစွမ်းကုန်ချိုသာအောင် လုပ်ဆောင်ရင်း နှုတ်ဆက်လိုက်သည်။

“သခင်လေးဝူ...နောက်ဆုံးတော့ မင်းပြန်ရောက်လာပီပဲ...ခွန်းလွန်းတောင်က ရှေးဟောင်းအင်မော်တယ် အကြီးအကဲနဲ့တွေ့ခွင့်ရခဲ့လား...”

ရူးသွပ်ပုံရသည့်လူငယ်တစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်၊။

“သခင်လေးဝူ...”

“မစ္စတာကျောက်...”

၀န်ထမ်းများက အတတ်နိုင်ဆုံးတားဆီးနေသော်လည်း အပြင်ဘက်မှနေ၍ အသံများက ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

မရေမတွက်နိုင်သော ဂုဏ်သရေရှိပုဂ္ဂိုလ်များသည် သူတို့နှင့်သိကျွမ်းခွင့်ရရန် ကြိုးစားနေကြရသည်။

ထိုလူမြား၏အသံကိုကြားရလျှင် သာမန်အချိန်များ၌ သခင်လေးဝူနှင့် သူ၏အဖေသည် ပြုံးရွှင်နေမည်ဖြစ်သည်။သို့သော်လည်း ယခုအချိန်တွင်မူ သူတို့၏ မျက်နှာအမူအရာသည် ဖြူဖျော့နေခဲ့ကာ လမ်းလျောက်နေစဉ် သူတို့၏ခြေထောက်များ ပျော့ခွေနေခဲ့သည် ။

“မင်းတို့ကောင်တွေဖယ်ကြစမ်း...ဘာလို့ဒီလောက်တောင်စိတ်ရှုပ်ဖို့ကောင်းနေရတာလဲ...”

ထိုအခိုက်အတန့်တွင် ပတ်၀န်းကျင်တစ်ခုလုံး ရုတ်တရက်တိတ်ဆိတ်သွားခဲ့သည်။

မူလက အေးချမ်းသာယာ စားသောက်ဆိုင်၏ နံပါတ်၁ သီးသန့်အခန်းသို့ သွားရောက်ရန် ပြင်ဆင်နေကြသူများသည် သခင်လေးဝူနှင့် သူ့အဖေကို တွေ့လိုက်ရသည့်အခါတွင် သူတို့၏ အမူအရာများက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ထိုအခိုက်အခန့်တွင် သူတို့၏ မျက်နှာအမူအယာများသည် ဆိုးဆိုးရွားရွား ပျက်ယွင်းသွားခဲ့ကာ နှလုံးသားထဲ၌ မုန်တိုင်း ထန်သွားခဲ့သည်။

“သီးသန့်အခန်း၁ထဲက ၀ူမိသားစုမဟုတ်ဘူးလား...”

“၀ူမိသားစုကအခုမှလာတာလေ...ဒါဆိုရင် အခန်း၁ထဲကလူက ဘယ်သူလဲ...”

“လက်ရှိအခြေအနေကို ကြည့်ရတာတော့ ဝူမိသားစုက အရမ်းကို ဒေါသထွက်နေသလိုပဲ… သူတို့ သီးသန့်အခန်းထဲကလူနဲ့ မကြေလည်မှု့တွေ ရှိနေတယ်ဆိုရင် ဒီနေ့တော့ ကြီးကြီးမားမား အဖြစ်ပျက်တစ်ခု ဖြစ်လာနိုင်တယ်…အဲဒီလူက အခန်း နံပါတ်၁မှာတောင် အနီရောင် မီးပုံးကို ချိတ်ဆွဲဝံ့တာပဲ...”

ထိုလူများ၏စိတ်ထဲ၌ မရေမတွက်နိုင်သော အတွေးစများ ဖြစ်ပေါ်လာခဲ့သည်။ထိုအရာသည် သူတို့နှင့်မသက်ဆိုင်သော်လည်း ယခုအချိန်၌ သူတို့၏နဖူးမှနေ၍ ချွေးအေးများစီးကျလာခဲ့သည်။

မကြာမှီ သခင်လေးဝူနှင့် သူ၏အဖေတို့သည် ဝန်ထမ်းများ၏ လန်းညွှန်မှု့အောက်တွင် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

ထို့နောက် လူတိုင်း၏ အကြည့်အောက်တွင် အမှတ်၂ သီးသန့်အခန်းထဲသို့ လျောက်ဝင်သွားခဲ့ကြသည်။

ထိုမြင်ကွင်းကိုကြည့်၍ ပထမသီးသန့်ခန်းအတွင်းရှိ ပုဂ္ဂိုလ်၏အမည်ကို လူအများက မှန်းဆရုံသာ တတ်နိုင်ခဲ့သည်။

.....

ထိုအချိန် ဧည့်ခန်းတွင်း၌...

ရက်ဖ်သည် ကိုယ်လုံးပေါ်မှန်ရှေ့၌ရပ်ကာ သူ၏လက်ကိုဆန့်တန်း၍ အ၀တ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်နေခဲ့သည်။လက်ရှီအချိန်၌ သူသည်အသစ်စက်စက်အဖြူရောင်၀တ်စုံအား ၀တ်ဆင်ထားပေသည်။ရက်ဖ်သည် အဖြူရောင်၀တ်စုံ၌ တွန့်ခေါက်နေသော နေရာအချို့အား လက်ဖြင့်ဖိချနေခဲ့သည်။

ရက်ဖ်သည် အ၀တ်အစားများကို စနစ်တကျဖြစ်အောင် နေရာချထားပြီးနောက်တွင် သင်တုန်းဓားကိုထုတ်ယူလိုက်ပြီး သူ၏ပါးပြင်နှင့်မေးစေ့ရှိ မုတ်ဆိတ်မွှေးများကို စတင်ရိတ်သိမ်းခဲ့သည်။

သူ၏လှုပ်ရှားမှုများက နှေးကွေးခြင်းလျင်မြန်ခြင်းမရှိပေ။ရက်ဖ်သည် မုတ်ဆိတ်အားရိတ်ပြီးနောက်တွင် တခဏလောက်ကြာသည်ထိငြိမ်သက်သွားခဲ့သည်။

အရာအားလုံးအဆင်သင့်ဖြစ်ပြီး အသေးစိတ်အချက်အလက်များမကျန် စီစဥ်ပြီးနောက်တွင် ရက်ဖ်သည် သူ၏ခန္ဓာကိုယ်အား ရေမွှေးဆွတ်လိုက်ပြီး ကော်လာအား လက်ဖြင့်ဆွဲထုတ်လိုက်ကာ ဧည့်ခန်းထဲမှထွက်လာခဲ့သည်။

သူထွက်ခွာလာပြီးနောက်တွင် တံခါးကိုသေချာသော့ခတ်ခဲ့ပြီး ပြဿနာတစ်စုံတစ်ရာမရှိကြောင်း အတည်ပြုရန် နှစ်ကြိမ်နှစ်ခါစစ်ဆေးခဲ့သည်။ထို့နောက်ယုံကြည်မှုအပြည့်ဖြင့် အခန်းထဲမှထွက်ခွာလာခဲ့သည်။

ရက်ဖ်၏ခြေလှမ်းများက နှေးကွေးခြင်း မြန်ဆန်ခြင်းမရှိဘဲ စည်းချက်နှင့်အညီ ခြေလှမ်းများကို လှုပ်ရှားနေခဲ့သည်။

“မစ္စတာရက်ဖ်...”

“တွေ့ရတာ ၀မ်းသာပါတယ်”

“မစ္စတာရက်ဖ် တွေ့ရတာ၀မ်းသာပါတယ်...”

ရက်ဖ်သည် အေးချမ်းသာယာစားသောက်ဆုင်၏ လေလံခန်းမရှိရာသို့ ဖြည်းညှင်းစွာဖြင့် လျှောက်လာခဲ့သည်။သူသည် လမ်း၌ပထမဆုံးအကြိမ်ဆုံတွေ့ခဲ့သည့် စားသောက်ဆိုင်၏စားပွဲထိုးများကိုပင် ပြုံးပြုံးရွှင်ရွှင်ဖြင့် ခေါင်းညိတ်ကာနှုတ်ဆက်နေခဲ့သည်။သူ့အားကြည့်ရသည်မှာ ချည်းကပ်ရလွယ်ကူသော ဖော်ရွှေသည့် လူအိုကြီးတစ်ယောက်နှင့် ဆင်တူနေခဲ့သည်။

သူ၏အကြည့်များကနက်ရှိင်းနေပြီး ထိုမျက်လုံးများထဲ၌ ဖော်မပြနိုင်သော ဉာဏ်ပညာနှင့်ဂုဏ်သိက္ခာတို့အား ဖုံးကွယ်ထားခဲ့ပေသည်။သူ၏လက်ရှိပုံပန်းသွင်ပြင်အရ သူ့အားပထမဆုံးအကြိမ်တွေ့ဖူးသူများအတွက်ဆိုလျှင် ရှေးဟောင်းမိသားစုတစ်ခုမှ စေ့စေ့စပ်စပ်လေ့ကျင့်ပေးထားသော မှူးမတ်တစ်ယောက်ဖြစ်သည်ဟု အထင်ရောက်သွားကြမည်ဖြစ်သည်။

သို့သော်လည်းမျက်ကွယ်ထောင့်တစ်နေရာသို့ ရောက်သွားချိန်တွင် သူ၏ဟန်ဆောင်မျက်နှာဖုံးကကွာကျသွားခဲ့ကာ သူ၏မျက်လုံးများ၌ ရူးသွပ်မှုနှင့် လောဘတရားတို့က အစားထိုး၀င်ရောက်လာခဲ့သည်။

သူ၏နံဘေးတွင် အဘိုးကြီးတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ထိုအဘိုးကြီးသည်လည်း သူနှင့်ပူးပေါင်းဆောင်ရွက်ထားသည့် အဖွဲ့၀င်တစ်ယောက်ဖြစ်ပေသည်။

“ရက်ဖ်...မင်းသူနဲ့တွေ့မှာ သေချာပြီလား...”

“သေချာတယ်...”

“သူက လက်မခံဘူးဆိုရင် ဘယ်လိုလုပ်မှာလဲ...”

“ငါရအောင်လုပ်ပြမယ်...”

“ကောင်းပြီလေ...ဒါဆိုရင် အသံသွင်းဖို့ရော ဗီဒီယိုရိုက်ထားဖို့ကော မမေ့နဲ့...”

သူတို့နှစ်ဦးကြား ဆွေးနွေးမှုက အလွန်ပင်ရိုးရှင်းပေသည်။

ထို့နောက်တွင် ရက်ဖ်သည် လမ်းဆက်လျောက်လာခဲ့ပြီး သူ၏ဦးတည်ချက်မှာ ယဲ့ပိုင်ရှိနေသော သီးသန့်အခန်း အမှတ် ၁ ဖြစ်သည်။ရက်ဖ်သည် သူ၏ ပန်းတိုင်နှင့် အကွာအဝေး တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ စိတ်လှုပ်ရှားမှု့က ပိုမို ပြင်းထန်လာခဲ့သည်။

သူသည် ဤကိစ္စအား နှစ်ပေါင်းများစွာကြာအောင် သုတေသနပြုလုပ်ခဲ့သည်။ယခုအခါတွင် အမှန်တရားကိုအဖြေရှာရန် နောက်ဆုံးခြေလှမ်းနှင့်နီးကပ်လာချိန်၌ သူ၏ရင်ထဲတွင် စိတ်လှုပ်ရှားမှုများက ပေါက်ဖွားလာခဲ့သည်။

All Chapters