ဗီဒီယို
Vol. 7 Ch. 80
သီးသန့်အခန်း အမှတ် ၁...
အတွင်းဘက်ရှိ အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ နောက်ကျောကို တွေ့မြင်လိုက်ရသည့်အချိန်တွင် ရက်ဖ်၏ခြေထောက်များက အနည်းငယ်တုန်ယင်သွားခဲ့သည်။
အစောပိုင်းတွင် သူ၏မျက်နှာ၌ယုံကြည်မှုဖြင့်ပြည့်နှက်နေသော်လည်း မကြာမှီ စက္ကူတစ်စလိုဖျော့တော့သွားခဲ့သည်။
သူ့နှလုံးသားထဲရှိ မေးခွန်းအချို့အားအဖြေသိခဲ့ရပြီဖြစ်သော်လည်း မကြာမှီ သူသည်ပိုမိုကြောက်စရာကောင်းသည့် ချောက်နက်တစ်ခုထဲ ကျရောက်သွားကြောင်း ရက်ဖ်ခံစားလိုက်ရသည်။တစ်ချိန်တည်း၌ ကြောက်မက်ဖွယ်ခံစားချက်က သူ၏နှလုံးသားထဲ၌ ပျံ့နှံ့သွားခဲ့သည်။
ထို့ကြောင့်သီးသန့်ခန်းတံခါး ပွင့်ဟလာသည့်အချိန်တွင် သူသည်တံခါးဝ၌သာ ရပ်နေနိုင်ခဲ့သည်။သူ၏ခန္ဓာကိုယ်သည်ကား အဆက်မပြတ်တုန်ယင်နေခဲ့ကာ အတွင်းသို့မဝင်ဝံ့ခဲ့ပေ။
"မစ္စတာရက်ဖ်..."
ကောင်မလေးသည် ရက်ဖ်၏တုန်ယင်နေသောခန္ဓာကိုယ်အားကြည့်ကာ အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။
ရက်ဖ်ကမူ မည်သည့်စကားမှပြန်မပြောဘဲ ဝင်ပေါက်၌ရပ်နေဆဲဖြစ်ကာ သူ၏အမူအရာကမပြောင်းလဲသွားပေ။
"အထဲကိုဝင်ခဲ့..."
ခဏအကြာတွင် ယဲ့ပိုင်၏ဂရုမစိုက်သောလေသံက ထွက်ပေါ်လာခဲ့သည်။သူ၏အသံသည် လူငယ်တစ်ယောက်၏အသံနှင့်ဆင်တူသော်လည်း လွန်စွာလေးနက်သောအရိပ်အယောင်ကို ခံစားရနိုင်ပေသည်။
"ဟုတ်ကဲ့..."
ရက်ဖ်ကခေါင်းညိတ်ပြလိုက်သည်။ထိုအခိုက်အတန့်တွင် သူ၏နှလုံးသားထဲ၌ဖြစ်ပေါ်နေသော ရူးသွပ်မှုနှင့်သောကအပူများ ပျောက်ကွယ်သွားခဲ့ကာ အကြောက်တရားများက အစားထိုးဝင်ရောက်လာခဲ့သည်။
ယဲ့ပိုင်ကမထူးခြားသည့်အမူအရာဖြင့် ငြိမ်သက်စွာထိုင်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် လက်ညိုးတစ်ချက်အရွေ့၌ နှစ်ပေါင်းထောင်ချီကုန်ဆုံးသွားသလိုမျိုး ရက်ဖ်ခံစားလိုက်ရသည်။ထိုအခိုက်အတန့်တွင် သူ၏မကောင်းကြံစည်ထားသော စိတ်ဆန္ဒများအားလုံးက ပျက်စီးပျောက်ကွယ်သွားခဲ့ရသည်။
သူသည် ခြေထောက်ကိုမြှောက်ကာ အခန်းထဲသို့လှမ်းဝင်လိုက်သည်။ထိုအခိုက်အတန့်၌ သူ၏ခန္ဓာကိုယ်က အနည်းငယ်အောက်ကျို့သွားကာ သူ၏အမူအရာများက လေးစားဖွယ်ဖြစ်နေခဲ့သည်။
ရက်ဖ်သည် သီးသန့်ခန်းထဲသို့ဝင်ပြီးနောက် တံခါးအားညင်သာစွာပိတ်ဆို့လိုက်သည်။
တံခါးဝ၌ရပ်နေသော ကောင်မလေး၏နှလုံးသားသည်ကား မုန်တိုင်းထန်နေခဲ့ပြီဖြစ်သည်။ရက်ဖ်သည် မည်သူမည်ဝါဖြစ်ကြောင်း သူမအတိအကျသိရှိထားပေသည်။သူမသည် ဤလေလံပွဲ၏အစပြုသူဖြစ်သလို ဂုဏ်သရေရှိပုဂ္လိုလ်များအတွက် ဖိတ်စာများကိုပင် ကိုယ်တိုင်ကိုယ်ကျပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း သူသည်အခန်းထဲသို့ချက်ချင်းမဝင်ဝံ့ဘဲ အခန်းထဲရှိ ဝတ်စုံဖြူဝတ်လူငယ်၏ ခွင့်ပြုချက်ကိုရရှိမှသာ အခန်းထဲသို့ဝင်ဝံ့ခဲ့သည်။
အဲဝတ်စုံဖြူဝတ်လူငယ်က ဘယ်သူလဲ...
ထိုအကြောင်းအားတွေးမိချိန်၌ ကောင်မလေး၏ပါးပြင်ကနီမြန်းလာခဲ့သည်။တစ်ချိန်တည်းမှာပင် သီးသန့်ခန်းအတွင်း၌ သူမ၏မဆင်မခြင်ပြုလုပ်မိခဲ့သော လုပ်ရပ်များကိုပြန်သတိရလာခဲ့ကာ ကြောက်ရွံ့မှုကို စတင်ခံစားလာခဲ့ရသည်။
...
အေးချမ်းသာယာစားသောက်ဆိုင်၏ ဧည့်ခန်း၌ လေလံပွဲအား ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ခရမ်းရောင်ကျောက်၏ စျေးနှုန်းသည် သန်း၅၀ထိရောက်ရှိသွားပြီးနောက် မည်သူကမှထပ်မံ၍လေလံမဆွဲဝံ့ကြတော့ပေ။ယဲ့ပိုင်သည် မီးပုံးအားချိတ်ဆွဲထားသည့်အတွက်ကြောင့် အဆုံးသတ်တွင်ယဲ့ပိုင်ကသာ ခရမ်းရောင်ကျောက်အား ရရှိမှာဖြစ်သည်။
"အားလုံးပဲ...ခုဆိုရင်ဖြင့် ကျနော်တို့ဟာ ဒုတိယမြောက်ပစ္စည်းကိုလေလံတင်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ...ဒါဟာ ထန်မင်းဆက်က ထန်ပါးဟူရဲ့ အစစ်အမှန်အမွေအနှစ်တစ်ခုပဲဖြစ်ပါတယ်...ငါတို့ရှေးဟောင်းသုတေသနအဖွဲ့က ဒါကိုနိုင်ငံရပ်ခြားကနေ မတော်တဆရရှိလာခဲ့တာဖြစ်တယ်...တိကျသေချာတဲ့ဆန်းစစ်မှုတွေကို လုပ်ဆောင်အပြီးမှာတော့ ဒါကိုမူရင်းလို့သတ်မှတ်နိုင်ခဲ့ပါတယ်...ဒါကအဖြူရောင်ဝတ်လုံနဲ့အဘိုးအိုတစ်ယောက်ရဲ့ပုံပါ"
(TN - ထန်ပါးဟူက ကျော်ကြားတဲ့ပန်းချီဆရာနဲ့ကဗျာဆရာတစ်ယောက်ဖြစ်တယ်...သူဟာမင်တွေရဲ့ကြီးမြတ်တဲ့စွမ်းရည်၄မျိုးအနက်ကဖြစ်တယ်)
ပထမလေလံတင်ပစ္စည်းအပြီးတွင် လေလံပွဲ၏တာဝန်ရှိသူများက ဒုတိယမြောက်ပစ္စည်းအား ထုတ်ယူလာခဲ့သည်။
ထိုအချိန်တွင် အမှတ်၁သီးသန့်အခန်းမှမီးပုံးအား ပြန်လည်ရုပ်သိမ်းလိမ့်မည်ဟု လူအများကထင်မှတ်ခဲ့ကြသည်။
သို့သော်လည်း ဒုတိယမြောက်လေလံပစ္စည်းအား ထုတ်ယူလာသည့်အချိန်ထိ အပြင်၍ချိတ်ဆွဲထားသည့်မီးပုံးအား ပြန်လည်ရုပ်သိမ်းရန် အစီအစဉ်ရှိပုံမရပေ။
ရုတ်ချည်းဆိုသလိုပင် လေလံပွဲကျင်းပရာနေရာ၌ နောက်ထပ်အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
"သီးသန့်အခန်း အမှတ်၁ကဘာဖြစ်ချင်နေတာလဲ...ခုချိန်ထိမီးပုံးကိုပြန်မသိမ်းသေးဘူးဆိုတော့ အထဲကလူကရှေးဟောင်းပစ္စည်းအားလုံးကို စုဆောင်းချင်နေတာလား"
တစ်စုံတစ်ယောက်က သီးသန့်အခန်းအမှတ်၁သို့စိုက်ကြည့်ကာ အော်ပြောလိုက်သည်။ယခုအချိန်၌ ထိုသို့လုပ်ဆောင်ဝံ့သူမှာ အရူးတစ်ယောက်သာဖြစ်ကြောင်း သူတို့အားလုံးယူဆထားကြသည်။
"ဘယ်သူက အဲလောက်ထိချမ်းသာနေတာလဲ...ခရမ်းရောင်ပုလဲကိုတောင်မှ သန်း၁၀၀ပေးဝယ်ထားတာမလား"
တစ်စုံတစ်ယောက်က စူးရှသောအကြည့်ဖြင့် သီးသန့်အခန်း၁အားကြည့်၍ သက်ပြင်းချမိလိုက်သည်။ထိုအမှတ်၁အခန်း၌ရှိနေသူမှာ သူဖြစ်နေစေရန် ဆုတောင်းနေမိသည်။
"အမှတ်၂သီးသန့်ခန်းထဲက ဝူမိသားက ဘယ်လိုလုပ်ဆောင်ချက်ကိုမှ မပြသခဲ့ဘူး...ဒါကရှုံးနိမ့်မှုကိုဝန်ခံတယ်ဆိုတဲ့ လက္ခဏာပဲလား..."
အချို့လူများက ပဟေဠိဖြစ်နေခဲ့ကြသည်။ဝူမိသားစုက တိတ်ဆိတ်ငြိမ်သက်နေခြင်းသည် သူတို့အဖို့လုံးဝနားမလည်နိုင်ဖြစ်နေသလို မှန်းဆရန်လည်းမဖြစ်နိုင်ကြောင်း ခံစားမိပေသည်။
ပထမအခန်းထဲတွင် ယဲ့ပိုင်သည် ထိုင်ခုံပေါ်၌တည်ငြိမ်စွာထိုင်နေဆဲဖြစ်သည်။သူသည် လေလံခန်းမအတွင်းရှိ ဆူညံနေသောအခြေအနေများကို ဂရုမစိုက်ပေ။
လေလံပွဲသို့ သူရောက်ရှိလာစဉ်ကတည်းကပင် လေလံဆွဲခြင်းဟု သတ်မှတ်ထားသောအရာက ဟာသဖြစ်လာခဲ့သည်။သူ၏သူငယ်ချင်းဟောင်းများကိုယ်တိုင်က လျှို့ဝှက်ဆန်းကြယ်နေပေရာ သဲလွန်စရှာဖွေရန် ဤလေလံပွဲရှိရှေးဟောင်းပစ္စည်းအားလုံးကို သူ၏အပိုင်အဖြစ်သတ်မှတ်ထားပေသည်။
သူသည် ထန်ပါးဟူ၏ ဝတ်လုံဖြူဝတ်အဘိုးအိုပန်းချီအကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများကို မသိမသာမှိတ်ထားလိုက်သည်။
ယနေ့တွင် အမည်မသိပုလဲထွက်ပေါ်လာရုံတင်မက ထန်ပါးဟူ၏စစ်မှန်သောလက်ရာကလည်း ထွက်ပေါ်လာခဲ့သည်။ယင်းအရာများသည် ယဲ့ပိုင်၏ရှည်လျားလှသော အသက်ရှင်နေထိုင်ခဲ့သည့်ကာလအတွင်း သူနှင့်အတိအကျဆက်စပ်မှုမရှိခဲ့ပေ။ထိုသို့ဆိုလျှင် ကွယ်လွန်သူ၏ရည်ရွယ်ချက်သည် အဘယ်နည်း။
"မက်မွန်တွေ့ပွင့်လန်းရာမြေမှာ မက်မွန်ပွင့်ခင်းတစ်ခုရှိတာပဲ"
ယဲ့ပိုင်သည် သူ၏အတွေးများအား ပြန်လည်ရုပ်သိမ်းလိုက်ပြီး တိုးတိုးလေးငြီးတွားလိုက်ကာ မှုန်ကုပ်ကုပ်ဖြစ်နေသောမျက်လုံးတစ်စုံဖြင့် လေလံခန်းမကိုကြည့်နေခဲ့သည်။ထို့နောက် လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
"ဘာကိစ္စရှိလို့လဲ..."
သူ၏အသံက ကျယ်လောင်ခြင်းမရှိသော်လည်း သီးသန့်အခန်းတစ်ခုလုံးအနှံ့ အဆက်မပြတ်ပဲ့တင်ထပ်သွားခဲ့သည်။
ရက်ဖ်သည် သီးသန့်ခန်းထဲသို့ဝင်ရောက်လာပြီးနောက် ယဲ့ပိုင်၏နောက်တွင် လေးလေးစားစားရပ်နေခဲ့သည်။
သူသည် ပြတင်းပေါက်၌ချိတ်ဆွဲထားသော အနီရောင်မီးပုံအားတစ်ချက်ကြည့်ကာ အပြင်ဘက်ရှိဆူဆူညံညံအသံများကိုနားထောင်ရင်း ယဲ့ပိုင်၏နောက်၌ မလှုပ်မယှက်ရပ်နေခဲ့သည်။သူသည် ယဲ့ပိုင်၏နောက်ကျောကိုကြည့်ရင်း သူ၏ခန္ဓာကိုယ်ကတောင့်တင်းနေကာ အလွန်ပင်တိတ်ဆိတ်နေခဲ့သည်။
သို့သော်လည်း ယဲ့ပိုင်၏အသံကိုကြားပြီးနောက် ရက်ဖ်၏ခန္ဓာကိုယ်တစ်ခုလုံး သွေးလှည်ပတ်စီးဆင်းမှုများ ပြန်လည်ဖြစ်ပေါ်လာခဲ့ကာ အရာအားလုံးအား လက်ရှိတွေ့မြင်နေရသကဲ့သို့ အသိစိတ်ပြန်ဝင်လာခဲ့ကာ လွန်စွာမှတုန်လှုပ်သွားခဲ့သည်။ထို့နောက် သူ၏အကြည့်ကစူးရှလာပြီး လွန်စွာမှစိတ်အားထက်သန်နေသောလေသံဖြင့် ပြောလိုက်သည်။
"ဆရာ...ငါကဒီလေလံပွဲရဲ့အဓိကတာဝန်ရှိသူဖြစ်တဲ့ရက်ဖ်ပါ...ငါကအီဂျစ်နိုင်ငံရဲ့နာမည်ကြီးရှေးဟောင်းသုတေသီနစ်ယောက်ဖြစ်ပါတယ်...ဒီတစ်ခါတော့ ငါမေးခွန်းနည်းနည်းလောက်မေးချင်လို့ရောက်လာတာပါ...ငါ့ကိုလွတ်လွတ်လပ်လပ်မေးခွင့်ပြုပါ"
"မေးလေ..."
ယဲ့ပိုင်ကခွင့်ပြုလိုက်သည်။
"ဆရာ...မနေ့ကပဲ ဝမ်ကူလို့အမည်ရတဲ့ တရုတ်လူအိုကြီးတစ်ယောက်က ဒီကိုလက်ရေးလှပန်းချီကားတစ်ချပ်ယူလာပြီး အကဲဖြတ်ဖို့ရောက်လာခဲ့တယ်...အဲ့ဒီလက်ရေးလှပန်းချီက ဆရာ့ရဲ့ဟာလားဆိုတာ မေးမြန်းလို့ရမလား"
ရက်ဖ်က ခပ်မြန်မြန်လေးမေးမြန်းလိုက်သည်။
ယဲ့ပိုင်က သူ၏အမေးကိုနားမလည်သည့်ပုံစံဖြင့် ပြန်မဖြေခဲ့ပေ။
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင် ရက်ဖ်ကပူလောင်နေသောမျက်လုံးတစ်စုံဖြင့် ယဲ့ပိုင်အားစိုက်ကြည့်ကာ ဆက်လက်မေးမြန်းခဲ့သည်။
"ဆရာ...ပိရမစ်တွေဆီရောက်ဖူးလား...ရှေးဟောင်းဘုရားကျောင်းကိုရော...နေနတ်ဘုရားရုပ်တုကိုကော ဆရာသိလား...အဲ့ဒီမှာ မြင့်မြတ်တဲ့နောခ့်လို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်လေ"
ယဲ့ပိုင်က ထွေထွေထူးထူးစကားပြန်မပြောခဲ့ပေ။ထိုခဏ၌ လေအရွေ့တွင် ကောင်းကင်ပေါ်ရှိတိမ်များ ရွေ့လျားကုန်ကြသည်။
"ဆရာ...ငါတို့ဘယ်လိုလုပ်မှ ထာဝစဉ်အသက်ရှင်နိုင်မှာလဲ..."
ရက်ဖ်၏စိတ်အားထက်သန်မှုက လျော့ကျမသွားခဲ့ပေ။သူသည် ထိုသို့မေးမြန်းလိုက်ချိန်တွင် သူ၏တစ်ကိုယ်လုံးက ရူးသွပ်မှုကြောင့်တုန်ခါလုနီးနီးဖြစ်နေခဲ့သည်။သူကိုယ်တိုင် သပ်သပ်ရပ်ရပ်လုပ်ဆောင်ထားသော အဝတ်အစားများကလည်း ရှုပ်ထွေးသွားခဲ့သည်။
သူ၏သပ်သပ်ရပ်ရပ် ဖြီးလှိန်းထားသောဆံပင်များကလည်း ညစ်ပတ်နေခဲ့သည်။
ယဲ့ပိုင်သည် ရက်ဖ်၏မေးခွန်းများကို လုံးဝကြားပုံမရပေ။သူသည် သစ်သားစားပွဲပေါ်၌ တင်ထားသည့်သူ၏ဘယ်ဘက်လက်ညိုးအား ပေါ့ပေါ့ပါးပါးပုတ်၍ အသံတိုးတိုးလေးလုပ်ဆောင်လိုက်သည်။ထို့နောက် အမိန့်ပေးသည့်လေသံဖြင့်ပြောလိုက်သည်။
"မင်းပြန်လို့ရပြီ...အဘိုးကြီးကိုတော့ဒီခေါ်လာခဲ့"
ယဲ့ပိုင်၏အသံထွက်ပေါ်လာခဲ့သည်နှင့် ရက်ဖ်၏မျက်နှာပေါ်ရှိ စိတ်အားထက်သန်သောအမူအရာများက လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးများ၌ ရှုပ်ထွေးနေသည့် အရိပ်အယောင်များ တဖြည်းဖြည်းဖြစ်ပေါ်လာခဲ့သည်။
ထို့ပြင် သူ့စိတ်ထဲရှိမှတ်ညဏ်များကလည်း တဖြည်းဖြည်းဖြင့်စတင်မှုန်ဝါးလာခဲ့သည်။
""ကောင်းပါပြီ...""
သူ၏ပါးစပ်က အလိုအလျောက်ပွင့်ဟလာကာ ယဲ့ပိုင်အားအဖြေပေးလိုက်တော့သည်။
ထို့နောက်သူ၏ အဖြူရောင်ဝတ်စုံအား သပ်သပ်ရပ်ရပ်ဖြစ်စေရန် ဆွဲချလိုက်ပြီး သူ၏ဆံပင်များအားရှင်းလင်းလိုက်ကာ သီးသန့်ခန်းတွင်းမှနေ၍ တိတ်တိတ်လေးလှည့်ထွက်လာခဲ့သည်။
"မစ္စတာရက်ဖ်...မင်းသွားတော့မှာလား..."
သီးသန့်အခန်းတံခါးဝရှိ ကောင်မလေးက ရက်ဖ်ကို တက်တက်ကြွကြွနှုတ်ဆက်လိုက်သည်။
"အင်း..."
ရက်ဖ်သည် ခေါင်းညိတ်ပြလိုက်ကာ သူ၏အရှိန်နှုန်းအား ထိန်းသိမ်းလိုက်သည်။
"ထူးဆန်းလိုက်တာ..."
ကောင်မလေးသည် ရက်ဖ်၏ခပ်မှိုင်းမှိုင်းခြေလှမ်းများကိုကြည့်ရင်း ထိုစကားတစ်ခွန်းကိုသာ ညင်သာစွာရေရွတ်၍ တံခါးကိုဆက်စောင့်ခဲ့သည်။
...
ရက်ဖ်ပြန်ထွက်လာသည်ကိုမြင်သောအခါ အဘိုးကြီးတစ်ယောက်က တိတ်ဆိတ်စွာချည်းကပ်၍ မေးမြန်းလာခဲ့သည်။
"မစ္စတာရက်ဖ်...အဲ့ဒီလူက..."
အဘိုးကြီး၏မျက်လုံးများ၌ မျှော်လင့်ချက်များနှင့်ပြည့်နှက်နေခဲ့သည်။ရက်ဖ်သည် အဘိုးကြီးစကားကို သဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ မည်သည့်အမူအရာကိုမှထုတ်မပြခဲ့ဘဲ သူ၏အဝတ်အစားတွင်းဝှက်ထားသော ကင်မရာအသေးစားလေးကို အမြန်ထုတ်ပေးလိုက်သည်။
အဘိုးကြီးသည် ဗီဒီယိုအားကြည့်ပြီး ၅မိနစ်ခန့်အကြာတွင် အလွန်ပင်အံ့အားသင့်သွားခဲ့ကာ စကားအကြာကြီးမပြောနိုင်ခဲ့ပေ။သူ၏မျက်လုံးများ၌မူ ဒေါသများကပြည့်နှက်နေခဲ့သည်။