← Chapters

အဲလ်ဖရက်

Vol. 15 Ch. 207

အဲလ်ဖရက်

Vol. 15 Ch. 207

အဲလ်ဖရက်

သူ၏ နာမည်ရင်းမှာ အဲလ်ဖရက် ဖြစ်သည်။

အလင်းဒြပ်စင် ပညာရှင်ကြီး၊ ယဇ်ပုရောဟိတ်ချုပ်၊ အနာဂတ်ကို သိမြင်သူနှင့် ခန့်အပ်ခံရသူ...

ပြောရလျှင်... အဲလ်ဖရက်မှာ နော်ဖင်၌ ဒဏ္ဍာရီများထဲတွင်သာ သိကြသည့် ဖြစ်တည်မှုကြီးတစ်ခု ဖြစ်လာခဲ့သည်။ သို့သော်လည်း... သက်တမ်းကန့်သတ်ချက်၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ပြီးနောက်တွင် သူ မိမိ၏ လူမျိုးစုကို စွန့်ခွာခဲ့သည်။

အကယ်၍ ယနေ့၌သာ နဂါးတစ်ကောင်၏ အရှိန်အဝါကို ထပ်မံ မခံစားခဲ့ရလျှင် သူ မိမိကိုယ်မိမိ မည်သူဖြစ်ကြောင်းကို ဘယ်တော့မှ သတိရတော့မည် မဟုတ်ချေ။

လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာ ရှေးဟောင်းနဂါးများ တည်ရှိခဲ့စဉ် ကာလများမှာတုန်းက အခြားသော သက်ရှိများ အားလုံးမှာ နဂါး၏ အရှိန်အဝါရှေ့တွင် တုန်လှုပ်ခြောက်ခြားနေရုံမှ လွဲ၍ ဘာမှ မတတ်နိုင်ခဲ့ကြချေ။

အလင်းဒြပ်စင် သက်ရှိများသည်လည်း အတူတူပင် ဖြစ်သည်။ မိုက်ကယ်မှာ ကြောက်ရွံ့မှုကို နောက်တစ်ဖန် ခံစားလိုက်ရပြီးနောက် အမှန်တရားကို သဘောပေါက်သွားခဲ့သည်။ သူ ထိုကြောက်ရွံ့မှုကို အမှန်တကယ် ကျော်လွှားနိုင်ခဲ့ခြင်း မရှိသေးပေ။

အလင်းဒြပ်စင် သက်ရှိတစ်ဦး၏ ဗီဇမှာ သူ့ အရိုးများထဲတွင် နက်ရှိုင်းစွာ စွဲထင်နေဆဲ ဖြစ်သည်။

"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး..."

"မဖြစ်နိုင်... အား..."

မိုက်ကယ် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း သိရှိသွားချိန်တွင် အသံကို တားဆီးရန် လည်ချောင်းကို လက်ဖြင့် အတင်းဆုပ်ကိုင်လိုက်သည်။ သူ ရွှေရောင် မျက်လုံးတစ်လုံးကို လှမ်းကြည့်လိုက်၏။ နောက်ဆုံးတွင် သူ့ စိတ်ထဲမှ တိုက်ပွဲမြင်ကွင်းများမှာ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

နဂါးတစ်ကောင်၏ အရှိန်အဝါဆိုသည်မှာ အကြွင်းမဲ့ လွှမ်းမိုးမှုကို ကိုယ်စားပြုသည်။ အထူးသဖြင့် ဤမျှ နီးကပ်သော အကွာအဝေးတွင် ဖြစ်သည်။

သူ၏ စိတ်လွတ်သွားသည့် ထိုအချိန်တိုလေးမှာ သာမန် အခရာ အဆင့် တစ်ဦးအတွက် တစ်ကြိမ် သေဆုံးရန် လုံလောက်သော အချိန်ပင် ဖြစ်သည်။

မိုက်ကယ် သူ့ ညာဘက်ကို ငိုင်တိုင်တိုင် ကြည့်လိုက်၏။ အနီရောင် လက်ဝါးကပ်တိုင်မှာ ကြမ်းပြင်ပေါ်သို့ ကျသွားပြီး ပုံပျက်ပန်းပျက် ဖြစ်နေခဲ့ပြီဖြစ်ရာ ထိုတိုက်ပွဲမှာ မည်မျှ ပြင်းထန်ခဲ့သည်ကို ထင်ရှားစွာ ပြသနေသည်။

တစ်ချိန်တည်းမှာပင် သူ့ တစ်ကိုယ်လုံးတွင် ပြင်းထန်သည့် နာကျင်မှုများကို ခံစားနေရပြီး ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများစွာမှာလည်း ကျိုးပဲ့ပျက်စီးနေသည်ကို သူ ရှင်းလင်းစွာ သိရှိလိုက်သည်။

‘ဒီခန္ဓာကိုယ်ကိုတော့ ဆက်သုံးလို့ မရတော့ဘူး...’

မိုက်ကယ် စိတ်ထဲမှ တွေးလိုက်မိ၏။ သူ သတိပြန်ဝင်လာသည်နှင့်အမျှ တိုက်ပွဲမြင်ကွင်းများမှာ သူ့ စိတ်ထဲသို့ တဖြည်းဖြည်း ပြန်ရောက်လာ၏။ ပျက်စီးခြင်း၏ အလှတရားမှာ လိပ်ပြာလေးတစ်ကောင်ကို မုန်တိုင်းက ဆွဲဖြဲပစ်လိုက်သကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။

‘ကပ်ဘေးနဂါး ဘာကတ်...’

မိုက်ကယ် စိတ်ထဲမှ တွေးတောလိုက်မိ၏။ ထိုကဲ့သို့သော အရှိန်အဝါမျိုးမှာ ထိုဖြစ်တည်မှုကြီးတွင်သာ ရှိသည်။ သို့သော် သူ၏ရှေ့မှ လူသားကတော့ လုံးဝ ပြီးပြည့်စုံသည့် အသွင်ဆောင်နေပုံ မရပေ။

တစ်ဝက်တစ်ပျက် နဂါးအသွင် ပြောင်းနေပုံရသည့် စာအုပ်ဆိုင်ပိုင်ရှင်က ဖိအားပေးသော ပုံစံဖြင့် ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ရင်း မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။

"မင်းက အမိုးခုံး ဘုရားကျောင်းတော် အတွက် လာတာလား... ဒါမှမဟုတ် လူရေခွံစာအုပ်ကြောင့် လာတာလား..."

မိုက်ကယ်မှာ အသက်ရှူရ ခက်ခဲနေ၏။ ထိုစကားကို ကြားလိုက်ရချိန်တွင် သူ ရုတ်တရက် ရင်တဒိတ်ဒိတ် ခုန်သွားခဲ့သည်။

‘သူ သိနေတာလား...’

‘သူ သိနေတာပဲ...’

‘သူက လူရေခွံစာအုပ်ရဲ့ ခြေရာခံနိုင်စွမ်း အကြောင်းကို သိပြီးသားပဲ... သူက ငါ့ကို ထောင်ချောက်ဆင်ပြီး အတင်းဆွဲထုတ်လိုက်တာပဲ...’

"ဟား ဟား ဟား... တစ်ယောက်ယောက်က ငါ့စိတ်ကို အပြည့်အဝ ဖတ်နိုင်တဲ့နေ့မျိုး ရောက်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး... ဟား ဟား ဟား..."

မိုက်ကယ် ရုတ်တရက် အသံတိုးတိုးဖြင့် ရယ်မောလိုက်၏။

"ဒီတစ်ခါတော့ ငါ ရှုံးသွားပြီ... စိတ်ဝင်စားစရာပဲ... တကယ် စိတ်ဝင်စားစရာ ကောင်းတယ်... ဟား ဟား"

သို့သော်လည်း... အချိန်ကို ကြည့်ရလျှင် ဇူအီကာကူ၏ မှော်ဆရာတပ်ဖွဲ့မှာ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။ သူ ဤနေရာတွင် အချိန်အနည်းငယ် ထပ်ဆွဲထားနိုင်သရွေ့ ဘေးအိမ်ရှိ စာအုပ်ကဖေးမှာ ပြာပုံအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

လင်ကျဲ မျက်မှောင်ကြုတ်လိုက်မိ၏။

‘ဒီလူက ငါမေးတာကို မဖြေပဲ ကြောင်တောင်တောင်တွေ လျှောက်ပြောနေတယ်... ငါ့ကိုလာပြီး အရူးလုပ်နေတာလား...’

လင်ကျဲက အေးစက်စက် ရယ်လိုက်၏။

"ဒီလို လုပ်နေတာက အသုံးဝင်မယ်လို့ မင်း ထင်နေတာလား..."

မိုက်ကယ် ထိတ်လန့်တုန်လှုပ်သွား၏။

‘ငါ ဘာတွေးနေလဲဆိုတာကို သူ သိနေတာလား...’

မိုက်ကယ်၏ တုန့်ပြန်ပုံကို ကြည့်ရင်း ဤလူမှာ ရူးချင်ယောင်ဆောင်နေခြင်းဖြစ်ကြောင်း လင်ကျဲ ချက်ချင်း သိလိုက်သည်။ သူက ယုံကြည်ချက် ရှိစွာ ပြုံးလိုက်၏။

"မင်းကို ငါ တစ်ခု ပြောပြဦးမယ်... ရဲတွေ ဘေးအိမ်မှာ ရှိနေတာ... မင်း ဥပဒေလက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... မင်းလို ရာဇဝတ်သားမျိုးတွေကို ငါ အကြိမ်ပေါင်းများစွာ မြင်ဖူးပြီးသား... မင်း ဘာတွေးနေလဲဆိုတာ ငါ မသိဘူးလို့ ထင်နေတာလား..."

မိုက်ကယ် ဘာပြန်ပြောရမှန်း မသိ။ သူ မျက်မှောင်ကြုတ်ကာ စာအုပ်ဆိုင်ပိုင်ရှင် ပြောသွားသည့် စကား၏ အဓိပ္ပာယ်ကို စဉ်းစားနေမိသည်။

‘ရဲတွေ... သူပြောတာ သာမန်ရဲတွေကို ဆိုလိုတာတော့ မဖြစ်နိုင်ဘူး... ဒီလူက ငါ့ထက်တောင် ပိုပြီးတော့ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ မဟာဗျူဟာရှင်နဲ့ တူနေတာ... သူက သာမန်ရဲတွေကို ရည်ညွှန်းနေတာ မဟုတ်နိုင်ပါဘူး... ဟုတ်တယ်မလား...’

အကယ်၍ ဤလူမှာ အစကတည်းကပင် သူ ငါးစာကို ဟပ်မိစေရန် စောင့်ဆိုင်းနေပြီး အရာအားလုံးကို ကြိုတင် စီစဉ်ထားသည်ဆိုပါက... အမှန်တကယ်ပင် နောက်ကွယ်မှ အစီအစဉ်ဆွဲသူ မာစတာမိုင်း ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူပြောသည့် 'ရဲ' ဆိုသည်မှာ သဘာဝလွန် လောက၏ ဥပဒေသကို ထိန်းသိမ်းပြီး တရားမျှတမှု အသိစိတ်ရှိကြသည့် 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' မှ လူများကို ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။

ဤနေရာသို့ မလာရောက်မီ မိုက်ကယ် အခြေအနေကို အကြမ်းဖျင်းသာ လေ့လာခဲ့သည်။ အီသာကို အသုံးပြု၍ စုံစမ်းဖို့ပင် ဂရုမစိုက်ခဲ့ချေ။ ဘေးအိမ်တွင် အမိုးခုံး ဘုရားကျောင်းတော်၏ သစ္စာဖောက် ဗင်းဆင့်က ကိုးကွယ်သူများကို စုရုံးကာ သူ၏ ယုံကြည်မှု အသစ်ကို ဟောပြောရန် စီစဉ်နေသည်ကိုသာ သူ သိထားသည်။ သို့သော်လည်း... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ပါဝင်ပတ်သက်မှုကိုမူ သူ သတိမထားမိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ထိုလူများအားလုံးမှာ ပုရွက်ဆိတ်များကဲ့သို့ပင် ဖြစ်ရာ သူတို့ ဘာဖြစ်သွားသည်ကို မိုက်ကယ် ဂရုမစိုက်ပါချေ။ သူ စိုးရိမ်သည့် တစ်ခုတည်းသော အရာမှာ ဤစာအုပ်ဆိုင်ပိုင်ရှင် တစ်ဦးတည်းသာ ဖြစ်သည်။

သို့သော်လည်း... အရာအားလုံး မျက်မှောက်တွင်ပင် လွဲချော်သွားလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း... ထို့အပြင်... သူ၏ ဤခန္ဓာကိုယ်မှာလည်း ပျက်စီးသွားပြီဖြစ်ရာ အခြေအနေမှာ အနည်းငယ် ရှုပ်ထွေးသွားသည်။

စာအုပ်ဆိုင်ပိုင်ရှင် ပြောပုံအရဆိုလျှင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က ဤနေရာတွင် ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ထားပုံ ရသည်။ ဇူအီကာကူနှင့် သူ၏ မှော်ဆရာတပ်ဖွဲ့မှာ တော်တော်လေး သန်မာသော်လည်း လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကိုတော့ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

အရေးကြီးဆုံးက လင်ကျဲမှာ မိုက်ကယ်၏ အတွေးများကို ရှင်းလင်းစွာ သိမြင်နေပုံရပြီး အရာရာကို အသင့်ပြင်ထားပုံ ရခြင်းပင်။

"ဟမ့်..."

မိုက်ကယ် မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။ ဤလူသည် သူ့ထက် သန်မာသည်မှာ အမှန်ဖြစ်သော်လည်း 'အရာရာကို သိမြင်သူ' ဖြစ်သည် ဆိုသည်ကိုတော့ သူ မယုံကြည်သေးပေ။

၎င်းမှာ စာအုပ်ဆိုင်ပိုင်ရှင်၏ ထက်မြက်သော ဉာဏ်ပညာကြောင့်ဟုသာ သူ သတ်မှတ်လိုသည်။ ခြေတစ်လှမ်း လှမ်းတိုင်းတွင် ရှေ့ခြေလှမ်း ဆယ်လှမ်းစာကို ကြိုတင် အစီအစဉ်ဆွဲထားခြင်းလိုမျိုးပင်...။ ၎င်းမှာ သူတို့လို အဆင့်အတန်းမြင့်သူများ ကစားလေ့ရှိသည့် ကစားပွဲမျိုး ဖြစ်သည်။

"ကြည့်ရတာ 'ဉာဏ်ပညာ' ဆိုတဲ့ အမည်က ဖီးလစ်ထက် မင်းနဲ့ ပိုလိုက်ဖက်လိမ့်မယ်... မင်းရဲ့ ပုံစံ အမှန်ကို ဘယ်သူ့ကိုမှ တစ်ခါမှ ထုတ်မပြခဲ့ဖူးဘူး ထင်တယ်"

***

All Chapters