← Chapters

ဇီမန်နယ်မြေကို ကျုးကျော်ကြမလား...

Vol. 63 Ch. 896

ဇီမန်နယ်မြေကို ကျုးကျော်ကြမလား...

Vol. 63 Ch. 896

လင်းယွမ်က ဇီမန်နယ်မြေမှ မဟာအရှင်သခင်များကို ဖမ်းဆီးပြီး စစ်ပွဲပြီးဆုံးချိန်တွင် တလင်းရှေးဟောင်းနိုင်ငံမှ လျော်ကြေးပေးပြီး ပြန်ရွေးခိုင်းနိုင်လေသည်။ ထို့အပြင် သူနှင့် ထိုမဟာအရှင်သခင်မဖားက အငြိုးအတေးများမရှိပေ။

သူက သူတို့ကို သတ်ပစ်လျှင်တောင် လုံးဝ သေဆုံးသွားမည်မဟုတ်ဘဲ အသက်ကယ်နည်းလမ်းများနှင့် ပြန်လည်ရှင်သန်လာနိုင်ကြသည်။ ၎င်းမှာ အဓိပ္ပါယ်မရှိပေ။ သူတို့ကို လျော်ကြေးဖြင့် လဲလှယ်ခြင်းကသာ လင်းယွမ်အတွက် အကျိုးရှိနိုင်လေသည်။

မဟာအရှင်သခင်များက တလင်းရှေးဟောင်းနိုင်ငံအတွက် တိုက်ခိုက်ပေးခဲ့ကြခြင်းဖြစ်သောကြောင့် ယခုဖမ်းဆီးခံရသောအခါ တလင်းရှေးဟောင်းနိုင်ငံက လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။

" စိတ်ဝိညာဉ်ဘုရင် " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် တည်ရှိမှုတစ်ခုက လျင်မြန်စွာ ဆုတ်ခွာနေသည်။

ဝှစ်...

လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။ ခဏအကြာတွင် သူပြန်ပေါ်လာသောအခါ စိတ်ဝိညာဉ်ဘုရင်၏ အနီးသို့ ရောက်နေပြီဖြစ်သည်။

သွေးမျိုးဆက်စွမ်းအားကို အသုံးပြုသော တော်ဝင်မျိုးနွယ်များနှင့် ယှဉ်လျှင် လင်းယွမ်၏ နိယာမများအပေါ် ကျွမ်းကျင်မှုကလည်း အလားတူပင်ဖြစ်ပြီး အထူးသဖြင့် သူအောင်မြင်ထားသော အချိန်လေဟာနယ် အဋ္ဌမအဆင့်ပင် ဖြစ်သည်။

ယခင် ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို နားလည်အောင် ကြိုးစားခြင်းဖြင့် ဖရိုဖရဲနိယာမအပေါ် သူ၏ နားလည်မှုကို မြှင့်တင်နိုင်ခဲ့ပြီး ၎င်းကလည်း နိယာမများစွာ နားလည်ခြင်းကို မြှင့်တင်နိုင်ခဲ့သည်။

" နဂါးငွေ့တန်း မင်းက ငါ့ကို ဖမ်းချင်တာလား။ " စိတ်ဝိညာဉ်ဘုရင်က လင်းယွမ်၏ အော်ရာ နီးကပ်လာသည်ကို ခံစားမိသဖြင့် ထွက်ပြေးခြင်းကို ရပ်တန့်လိုက်ပြီး ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။

" မဖြစ်နိုင်ဘူး။ " စိတ်ဝိညာဉ်ဘုရင်က ခေါင်းခါလိုက်ပြီး ချက်ချင်းပင် သး၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က စတင်ပျက်စီးလာခဲ့သည်။

အခြားမဟာအရှင်သခင်များကို ဖမ်းဆီးပြီး တလင်းရှေးဟောင်းနိုင်ငံက လျော်ကြေးပေး၍ ပြန်ရွေးနိုင်သော်လည်း သူ စိတ်ဝိညာဉ်ဘုရင်ကတော့ ထိုသို့ အဖြစ်မခံနိုင်ပေ။ လျော်ကြေးထက် တလင်းရှေးဟောင်းနိုင်ငံ၏ တော်ဝင်မျိုးနွယ်တစ်ယောက်က လီယန်ရှေးဟောင်းနိုင်ငံ၏ စစ်သုံ့ပန်းဖြစ်လာခြင်းမှာ တလင်းရှေးဟောင်းနိုင်ငံ၏ အရှက်ရစရာပင်ဖြစ်သည်။

ထို့ကြောင့် သူ မလွတ်မြော်နိုင်မှန်း သိလိုက်ရချိန်တွင် စိတ်ဝိညာဉ်ဘုရင်က ထိုရုပ်ခန္ဓာကို ဖျက်ဆီးပစ်ရန် ပြတ်သားစွာ ရွေးချယ်ခဲ့သည်။ စစ်သုံ့ပန်းအဖြစ် သိက္ခာကျခံမည့်အစား စိတ်ဝိညာဉ်ဘုရင်က ထိုရုပ်ခန္ဓာကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

လင်းယွမ်က ၎င်းကို မြင်သောအခါ အနည်းငယ် နှမြောမိသွားသော်လည်း သူမျှော်လင့်ထားပြီးသားဖြစ်သည်။ သူက လင်းရှန်ဘုရင်ကို အသက်မချမ်းသာပေးဘဲ တိုက်ရိုက်သတ်ပစ်ခဲ့သည့် အကြောင်းရင်းမှာ သူက လင်းရှန်ဘုရင်ကို ဖိနှိပ်ထားရန် မဖြစ်နိုင်ကြောင်းခံစားမိသောကြောင့်ဖြစ်သည်။

လင်းရှန်ဘုရင်ကလည်း လင်းယွမ်၏ ပြိုင်ဘက်မဟုတ်ကြောင်း သိလိုက်သည်နှင့် သူကလည်း သူ့ကိုသူ ဖျက်ဆီးပစ်ပေလိမ့်မည်။ ၎င်းက တော်ဝင်မျိုးနွယ်များ လုပ်ဆောင်နိုင်သော တစ်ခုတည်းသော အရာဖြစ်သည်။

" ရတနာတွေများသားပဲ။ " လင်းယွမ်က စိတ်ဝိညာဉ်ဘုရင်၏ ရတနာများကို သိမ်းဆည်းလိုက်သည်။

သူက လင်းရှန်ဘုရင်လောက် မချမ်းသာသော်လည်း မဟာအရှင်သခင်များထက်တော့ ကြွယ်ဝနေဆဲ ဖြစ်သည်။

" ဒီတစ်ခါ လှုပ်ရှားရတာတော့ တန်သွားပြီ။ "

လင်းရှန်ဘုရင်နှင့် စိတ်ဝိညာဉ်ဘုရင်ကဲ့သို့ တော်ဝင်မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများ၊ မဟာအရှင်သခင်များ၏ ရတနာများကို တွေးပြီး လင်းယွမ်က ပြုံးလိုက်သည်။ ထိုမဟာအရှင်သခင်များကို လင်းယွမ်အနေဖြင့် လျော်ကြေးနှင့် လဲလှယ်ရန် တွေးထားသော်လည်း မလဲလှယ်မီ လင်းယွမ်က သူတို့ဆီမှ ရတနာများနှင့် လက်နက်များကို သေချာပေါက် ယူထားမည် ဖြစ်သည်။

အကြမ်းဖျင်းတွက်ချက်ပြီးနောက် လင်းယွမ်က အကြီးအကျယ်အမြတ်ထွက်သွားပြီကို သိလိုက်ရသည်။ ထို့အပြင် သူက စစ်မြေပြင်မှ စွမ်းဆောင်မှုများကို အသုံးပြုပြီး ရှီစုန်ဘုရင်ထံမှ ရတနာများနှင့် လဲလှယ်နိုင်သည်။

တလင်းရှေးဟောင်းနိုင်ငံ၊ မြို့တော်အတွင်းရှိ စံအိမ်တစ်ခု၌ အစီအရင်အလွှာပေါင်းများစွာအတွင်း အဖြူရောင်သလင်းကျောက်က ရုတ်တရက် လင်းလက်လာပြီး ပုံရိပ်တစ်ခုပေါ်လာသည်။ ထိုပုံရိပ်က လင်းရှန်ဘုရင်ပင် ဖြစ်သည်။

အသက်ကယ်နည်းလမ်းကို အသုံးပြုပြီး ပြန်လည်ရှင်သန်လာသော လင်းရှန်ဘုရင်က အလွန်အားနည်းနေပုံရသည်။ သို့သော် ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်မှ အားနည်းမှုထက် လင်းရှန်ဘုရင်၏ စိတ်က ပို၍ ထိခိုက်သွားခဲ့သည်။

" ငါ တကယ်ပဲ သေသွားခဲ့တာလား။ တော်ဝင်မျိုးနွယ်ဖြစ်တဲ့ငါက နတ်ဘုရားအရှင်သခင်အောက်က သက်ရှိတစ်ယောက်ရဲ့ လက်ထဲမှာ သေခဲ့ရတာလား။ "

လင်းယွမ်က နတ်ဘုရားအရှင်သခင်တစ်ယောက်မဟုတ်ဘဲ အများဆုံး သူနှင့်အဆင့်တူ လီယန်ရှေးဟောင်းနိုင်ငံမှ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက်သာ ဖြစ်လိမ့်မည်မှာ သေချာသည်။

အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်များ၏ တိုက်ခိုက်ရေးစွမ်းအားက မဟာအရှင်သခင်များကြားတွင် ပြိုင်ဘက်ကင်းပြီး အဆင့်တူ ပင်မတော်ဝင်သွေးမျိုးဆက်များ အချင်းချင်း ရင်ဆိုင်ရလျှင်တောင် အနိုင်ရရှိရန် မလွယ်ကူသကဲ့သို့ သေဆုံးရန်လည်း မဖြစ်နိုင်ပေ။

" ငါ့ရဲ့ သွေးမျိုးဆက်စွမ်းရည်ကို နဂါးငွေ့တန်းက ဖိနှိပ်ခဲ့တယ်။ " လင်းရှန်ဘုရင်က ပြန်စဉ်းစားလိုက်သည်။

သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်သော အရာအားလုံး၏ စိတ်ဝိညာဉ်ထဲသို့ ပေါင်းစည်းခြင်းကို အသုံးပြုခဲ့သော်လည်း နောက်ဆုံးတွင် နဂါးငွေ့တန်းက နည်းလမ်းအချို့ အသုံးပြုကာ ပတ်ဝန်ကျင်ရှိ ကမ္ဘာနှင့် ဟင်းလင်းပြင်ကို ထိန်းချုပ်ပြီး သူ့ကို အတင်းအကျပ် ထွက်ပေါ်လာစေခဲ့သည်။

" တကယ်လို့ ငါက စိတ်ဝိညာဉ်ပြောင်းလဲခြင်းတိုက်ကွက်ကို မသုံးခဲ့ရင် နည်းနည်းလောက် တောင့်ခံနိုင်လောက်တယ်။ " လီရှန်ဘုရင်က တွေးလိုက်သည်။

သို့သော် ၎င်းက နည်းနည်းပိုကြာအောင် တောင့်ခံနိုင်ရုံသာဖြစ်သည်။ နဂါးငွေ့တန်း၏ အမြင့်ဆုံးထိန်းချုပ်နိုင်စွမ်းကြောင့် လင်းရှန်ဘုရင်က သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

" နဂါးငွေ့တန်း... လီယန်ရှေးဟောင်းနိုင်ငံရဲ့ တော်ဝင်မျိုးနွယ်က နတ်ဘုရားအရှင်သခင်အဆင့်ရဲ့ အတားအဆီးကို ချိုးဖျက်ဖို့ တိုးတက်မှုတွေ ရလာတာလား။ အဲ့ဒါကြောင့် နဂါးငွေ့တန်းက အဲ့ဒီတိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်တာလား။ " လင်းရှန်ဘုရင်က စဉ်းစားနေသည်။

လင်းယွမ်၏ စွမ်းအားက ပုံမှန်အတိုင်းအတာထက် ကျော်လွန်နေပြီး ပင်မတော်ဝင်သွေးမျိုးဆက်များထက် ကျော်လွန်နေသော်လည်း နတ်ဘုရားအရှင်သခင်အဆင့်ကို မရောက်ရှိသေးပေ။ ထို့ကြောင့် လင်းရှန်ဘုရင်က သံသဝင်မိခြင်းဖြစ်သည်။

" ဒါက ကောင်းတဲ့အချက်လည်း ဖြစ်နိုင်တယ်။ ပင်မတော်ဝင်သွေးမျိုးဆက်က အထွတ်အထိပ်ကို ရောက်သွားရင် ပိတ်ဆို့မနေဘဲ တိုးတက်ဖို့ အလားအလာရှိသေးတယ်ဆိုတာ ပြနေတာပဲ။ " လင်းရှန်ဘုရင်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။

သူ၏ ရှုံးနိမ့်မှုထက် ရှေ့ဆက်တက်နိုင်မည့် နည်းလမ်းရှိနေကြောင်း သိလိုက်ခြင်းက သူ့အတွက် ပို၍ အထောက်အကူဖြစ်စေသည်။

လင်းယွမ်က စိတ်ဝိညာဉ်ဘုရင်၏ ရတနာများကို သိမ်းဆည်းပြီးနောက် သူ၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိလာသည်။

" စီနီယာနဂါးငွေ့တန်း..." ချီကျွယ်ဘုရင်က စိတ်လှုပ်ရှားစွာဖြင့် ရှေ့တိုးလာသည်။ " စီနီယာ ဒီနေရာကို ဖြတ်သွားရင်းနဲ့ ကူညီပေးလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ ဒီတစ်ခါ စီနီယာသာမရှိရင် ပတ်ဝန်းကျင်နယ်မြေတွေ ဆုံးရှုံးသွားရလောက်ပြီ။ "

" ကိစ္စမရှိဘူး။ " လင်းယွမ်က ချီကျွယ်ဘုရင်ကို ကြည့်လိုက်ပြီး သူ၏ စကားကို ချက်ချင်း နားလည်သွားသည်။

ချီကျွယ်ဘုရင်က သူ့ကို လီယန်ရှေးဟောင်းနိုင်ငံ၏ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ဟု မှတ်ယူနေပုံရသည်။ မည်သို့ပင်ဖြစ်စေ လင်းယွမ်၏ စွမ်းအားက ကြီးမားလွန်းပြီး လီယန်နတ်ခန္ဓာနှင့် သက်ဆိုင်သော နည်းလမ်းများက ၎င်းကို ပို၍ ခိုင်မာစေခဲ့သည်။

လင်းယွမ်က ပင်မတော်ဝင်သွေးမျိုးဆက် မဟုတ်ဟု ချီကျွယ်ဘုရင်က ယုံကြည်လိမ့်မည်မဟုတ်ပေ။ လင်းယွမ်ကလည်း ငြင်းဆိုခြင်းမပြုပေ။ လက်ရှိအချိန်တွင် ထိုအချက်ကသာ သူ၏ စွမ်းအားကို ရှင်းပြနိုင်မည်ဖြစ်သည်။

" စီနီယာနဂါးငွေ့တန်း " ရှီစုန်ဘုရင်က ရောက်လာပြီး အားနာသော လေသံဖြင့် ပြောလိုက်သည်။ " စီနီယာဘယ်သူလဲဆိုတာ မသိလို့ ကျွန်တော်ပြောခဲ့မိတာတွေကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ "

လင်းယွမ်က မိုးကြိုးလှံကို အနိုင်ယူလိုက်ချိန်တွင် ရှီစုန်ဘုရင်က သူ့ကို ခေါ်ယူပြီး စကားများပြောဆိုခဲ့သည်။ အမှန်တော့ ထိုအချိန်က ရှီစုန်ဘုရင်က ရင်းနှီးစွာ ပြောဆိုခဲ့ပြီး ဘုရင်တစ်ပါး၏ မောက်မာမှုမျိုး မရှိခဲ့ပေ။ သို့သော် လင်းယွမ်၏ အထောက်အထားကို သိရသောအခါ ရှီစုန်ဘုရင်က အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့သည်။

"ဒီလိုတွေ ပြောနေဖို့ မလိုပါဘူး။ " လင်းယွမ်က သိပ်ဂရုမစိုက်ပေ။

" နောက်ထပ် ဘာဆက်လုပ်ကြမလဲ။ ဇီမန်နယ်မြေကို ကျုးကျော်ကြမလား။ " လင်းယွမ်က ဘုရင်နှစ်ပါးကို ကြည့်ပြီး မေးလိုက်သည်။

ယခုအခါ ဇီမန်နယ်မြေနှင့် အခြားနယ်မြေများမှ မဟာအရှင်သခင်များက လင်းယွမ်၏ ဖမ်းဆီးခြင်းကို ခံထားရသောကြောင့် ရန်သူနယ်မြေက အခွံသက်သက်သာ ကျန်ရှိတော့သည်။ အကယ်၍ ရှီစုန်ဘုရင်သာ တိုက်ခိုက်လိုလျှင် ဇီမန်နယ်မြေ၏ ခုခံမှုက အလွန်အားနည်းနေပေလိမ့်မည်။

" ဇီမန်နယ်မြေကို ကျူးကျော်ဖို့လား။ " ရှီစုန်ဘုရင်က အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက် ခေါင်းခါလိုက်သည်။ " ထားလိုက်ပါတော့။ လင်းရှန်ဘုရင် ကျဆုံးသွားတာနဲ့ တလင်းရှေးဟောင်းနိုင်ငံက သေချာပေါက် လှုပ်ရှားတော့မှာပဲ။ အခု ဇီမန်နယ်မြေကို သိမ်းပိုက်နိုင်ရင်တောင် ကာကွယ်ဖို့ ခက်ခဲလိမ့်မယ်။ ဒီလိုလုပ်ဖို့ မလိုပါဘူး။ "

ရှီစုန်ဘုရင်က ရည်မှန်းချက်မကြီးပေ။ သူက အမှားမရှိရန်သာ အလေးထားပြီး ချင်းဖန်နယ်မြေကို ထိန်းသိမ်းနိုင်လျှင် လုံလောက်ပြီဟု ယူဆထားသည်။

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ ရှီစုန်ဘုရင်၏ အတွေးကလည်း ယုတ္တိရှိပေသည်။

All Chapters