တော်ဝင်မိသားစုသို့ ဖိတ်ခေါ်ခြင်း....
Vol. 63 Ch. 898
" အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက် " လင်းယွမ်က အဝေးမှ အဘိုးအိုဆီမှ ကြောက်စရာကောင်းသော အော်ရာတစ်ခု ထွက်ပေါ်နေသည်ကို အာရုံခံမိလိုက်သည်။
၎င်းက လင်းရှန်ဘုရင်ထက် မနိမ့်သော အော်ရာတစ်ခုဖြစ်သည်။ မကြာမီ အနီရောင်မုတ်ဆိတ်နှင့် အဘိုးအိုက ရောက်လာသည်။
" ဒါက ညီအကို နဂါးငွေ့တန်းဖြစ်ရမယ်။ " ချီပေါင်ဘုရင်က လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။
" သွားကြစို့။ ပြန်ရောက်မှ ဖြည်းဖြည်းချင်း စကားပြောကြတာပေါ့။ " ချီစုန်ဘုရင်က ပြောလိုက်သည်။ " အားလုံး စားရင်းသောက်ရင်း စကားပြောလို့ရအောင် အကောင်းဆုံးအစားအစာတွေ ပြင်ဆင်ခိုင်းထားပါပြီ။ "
ချီစုန်ဘုရင်က အရာအားလုံး စီစဉ်ထားပြီဖြစ်ရာ အားလုံးကို သူ၏ နေရာသို့ ခေါ်ဆောင်သွားသည်။
ယုမိသားစု။
ယုရှောင်လုံနှင့် ဘိုးဘေးများက ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေကြားရှိ စစ်ပွဲနှင့် ပက်သက်သော အသေးစိတ်အချက်အလက်များကို ရရှိလိုက်ကြသည်။ နယ်မြေနှစ်ခုကြားရှိ စစ်ပွဲက သူတို့၏ မိသားစု အနာဂတ်ကံကြမ္မာကို ဆုံးဖြတ်ပေးမည်ဖြစ်သဖြင့် ယုမိသားစုက သဘာဝအတိုင်း အလွန်စိုးရိမ်နေသည်။
" ဘာလဲ။ " ယုရှောင်လုံက ရှေ့ရှိ သတင်းပို့ချက်ကို ကြည့်ပြီး အံ့အားသင့်နေကြသည်။
နယ်မြေနှစ်ခုကြား တိုက်ပွဲတွင် အရှင်သခင်နဂါးငွေ့တန်းက ရုတ်တရက် ဝင်ရောက်လာပြီး တလင်းနိုင်ငံတော်ဝင်မျိုးနွယ်၏ လင်းရှန်ဘုရင်ကို သတ်ပစ်ခဲ့သည်။ ထိုတုန်လှုပ်ဖွယ်ရာသတင်းက ချင်းဖန်နယ်မြေတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။
တလင်းရှေးဟောင်းနိုင်ငံ၏ ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက် စစ်မြေပြင်တွင် သေဆုံးသွားခြင်းက စစ်သည်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးမည်ဖြစ်သည်။ သို့သော် ယုရှောင်လုံနှင့် ဘိုးဘေးများက စိတ်ရှုပ်ထွေးနေကြသည်။
" အရှင်သခင်နဂါးငွေ့တန်းလား။ ဘာလို့ဒီနာမည်က ရင်းနှီးနေတာလဲ။ "
" ယန်အာရဲ့ ဘွဲ့နာမည်ကလည်း နဂါးငွေ့တန်းမဟုတ်လား။ "
အမှန်တကယ် အရှင်သခင်နဂါးငွေ့တန်းဟု မြင်လိုက်ချိန်တွင် သူတို့က လင်းယွမ်ကို ချက်ချင်း သတိရသွားခဲ့သည်။ ၎င်းက သူတို့ကို မယုံကြည်နိုင် ဖြစ်စေခဲ့သည်။ အကြောင်းမှာ သတင်းပို့ချက်မှာ အရှင်သခင်နဂါးငွေ့တန်း၏ စွမ်းဆောင်မှုက မယုံကြည်နိုင်စရာကောင်းနေသောကြောင့် ဖြစ်သည်။
မဟာအရှင်သခင်များကြားတွင် ပြိုင်ဘက်ကင်းဟု ကျော်ကြားသော အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်သည့် လင်းရှန်ဘုရင်က အရှင်သခင်နဂါးငွေ့တန်း၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်။ ထိုအရှင်သခင်နဂါးငွေ့တန်းက သူတို့၏ ယုရန်ဖြစ်နိုင်လေသည်။
" နားလည်မှုတစ်ခုခုလွဲတာများရှိမလား။ " ယုရှောင်လုံက ပြောလိုက်သည်။
" နားလည်မှုလွဲတာမဟုတ်ဘူး။ မဟာအရှင်သခင်တစ်ယောက်က ငါ့ကို ကိုယ်တိုင် ဆက်သွယ်ခဲ့တာပဲ။ " ယုမိသားစု၏ ဘိုးဘေးတစ်ယောက်က တုန်လှုပ်စွာ ပြောလိုက်သည်။
ယုမိသားစုက မဟာအရှင်သခင်တစ်ယောက်ဖြစ်သော ယုရန်ကို မွေးထုတ်ပေးခဲ့သော်လည်း မဟာအရှင်သခင်တစ်ယောက်က ယုမိသားစုကို အကြောင်းပြချက်မရှိ ဆက်သွယ်လာမည်မဟုတ်ပေ။
" အဲ့ဒါက..." ယုရှောင်လုံက မယုံကြည်နိုင်ဖြစ်သွား၏။
" ဒါကို ကိုယ်တိုင်အတည်ပြုဖို့လိုတယ်။ " ယုမိသားစု၏ ဘိုးဘေးတစ်ယောက်က ယုရှောင်လုံကို ကြည့်ပြီး ပြောလိုက်သည်။ " ရှောင်လုံ မင်း ချင်းဖန်မြို့ကို သွားပြီး အခြေအနေကို စစ်ဆေးကြည့်။ "
" ဟုတ်ကဲ့။ " ယုရှောင်လုံက စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
သတင်းပို့ချက်ထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ဖော်ပြခံထားရသော အရှင်သခင်နဂါးငွေ့တန်းမှာ သူ၏ သား တကယ်ဟုတ်မဟုတ် သူလည်း သိချင်နေသည်။
ချီစုန်ဘုရင်၏ မြို့တော်ရှိ ခန်းမတစ်ခုအတွင်း လင်းယွမ်နှင့် ချီပေါင်ဘုရင်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ချီစုန်ဘုရင်နှင့် ချီကျွယ်ဘုရင်တို့က စကားခဏပြောပြီးနောက် ချီပေါင်ဘုရင်နှင့် လင်းယွမ်တို့ ဆွေးနွေးစရာရှိသည်ကို သိသဖြင့် အလိုက်တသိ ထွက်ခွာသွားကြသည်။
" ညီအကိုနဂါးငွေ့တန်း မင်းက ခရီးသွားနေတဲ့ ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက် မဟုတ်ဘူးမလား။ " ချီပေါင်ဘုရင်က စမ်းသပ်မေးမြန်းလိုက်သည်။
ချီစုန်ဘုရင်နှင့် ချီကျွမ်ဘုရင်တို့က ထိုမျှအထိ မသိကြပေ။ ချီကျွယ်ဘုရင်က ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်သော်လည်း အထွတ်အထိပ်သို့ မရောက်သေးသောကြောင့် သတင်းအချက်အလက် များစွာမသိပေ။
ထို့ကြောင့် သူတို့က လင်းယွမ်ကို ချင်းဖန်နယ်မြေသို့ ရောက်လာသော အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ဟုသာ ထင်နေကြသည်။ သို့သော် ချီပေါင်ဘုရင်က အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက်အနေဖြင့် သူက ရှေးဟောင်းနိုင်ငံအတွင်းရှိ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်အများစုကို သိရှိထားပြီး လင်းယွမ်နှင့် တူသူမရှိကြောင်း သိထားသည်။
" ဟုတ်ပါတယ်။ " လင်းယွမ်က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။ " ငါက အရင်ကတည်းက ကျင့်ကြံခဲ့ပြီး လီယန်မျိုးစေ့တွေ တစ်ခုပြီး တစ်ခု စုစည်းရင်းနဲ့ အခုလိုစွမ်းအားကို ရရှိခဲ့တယ်။ "
အရှင်ချင်းဖန်က လင်းယွမ်၏ သွေးမျိုးဆက်မှာ ဘိုးဘေးအဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီး ပင်မတော်ဝင်သွေးမျိုးဆက်အဆင့်သို့ ရောက်ရှိသွားသည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် လင်းယွမ်ကလည်း သူ့ကိုသူ ပင်မတော်ဝင်သွေးမျိုးဆက်အဆင့်သို့ ပြန်လည်ရောက်ရှိသွားသူအဖြစ် ဟန်ဆောင်လိုက်သည်။
လီယန်ရှေးဟောင်းနိုင်ငံက နှစ်ပေါင်းများစွာ တည်ရှိခဲ့ရာ တစ်စုံတစ်ယောက်၏ သွေးမျိုးဆက်မှာ ပင်မတော်ဝင်သွေးမျိုးဆက်အဆင့်သို့ ပြန်ရောက်သွားပြီး အစွမ်းထက်လာသော အလားတူအဖြစ်အပျက်များ ရှိခဲ့ဖူးသည်။ ၎င်းက လင်းယွမ်အတွက် အသင့်တော်ဆုံး အကြောင်းပြချက်ပင်ဖြစ်သည်။
လီယန်မျိုးစေ့များကို သာမန်ထက် ကျော်လွန်စွာ စုစည်းနိုင်သူများမှာ ပင်မတော်ဝင်သွေးမျိုးဆက်များမှလွဲ၍ အခြားလူများအတွက် မဖြစ်နိုင်သော အရာဖြစ်သောကြောင့် ဖြစ်သည်။
" အဲ့ဒါကြောင့်ကိုး..." ချီပေါင်ဘုရင်က လင်းယွမ်ဆီမှ လီယန်နေမင်းအရှိန်အဝါကို အာရုံခံမိသဖြင့် ထိုအကြောင်းပြချက်ကို ချက်ချင်း လက်ခံလိုက်သည်။
" သွေးမျိုးဆက်က ပင်မတော်ဝင်သွေးမျိုးဆက်အဆင့်ကို ပြန်ရောက်သွားတယ်ဆိုရင်တောင် ပြင်ပအမွေအနှစ် အကူအညီမပါဘဲ ဒီအဆင့်ထိ ကျင့်ကြံနိုင်ဖို့ဆိုတာ မလွယ်ဘူး။ " ချီပေါင်ဘုရင်က လင်းယွမ်ကို လေးနက်စွာ ကြည့်လိုက်သည်။
ရှေးဟောင်းနိုင်ငံရှိ တော်ဝင်မိသားစုဝင်များက ပြင်ပအထောက်အပံများ ရရှိထားသူများပင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် မလွယ်ကူပေ။ ချီကျွယ်ဘုရင်က ဥပမာတစ်ခုပင် ဖြစ်သည်။
သို့သော် လင်းယွမ်က ပင်မသွေးမျိုးဆက်နိုးထလာပြီး ငယ်စဉ်ကတည်းက မည်သည့်အကူအညီမှ မရှိဘဲ လက်ရှိအဆင့်သို့ ရောက်ရှိလာရန် မလွယ်ကူပေ။ ချီပေါင်ဘုရင်က လင်းယွမ်ကို အံ့ဩစွာ ကြည့်နေသည်။
သက်ရှိတစ်ယောက် အမြင့်သို့ ရောက်ရှိရန အချက်နှစ်ချက်ပေါ်တွင် မူတည်သည်။ တစ်ချက်မှာ မွေးရာပါပါရမီနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းဖြစ်သည်။ နောက်တစ်ချက်မှာ ပြင်ပစွမ်းအား လွှမ်းမိုးမှုဖြစ်သည်။ ထိုနှစ်ချက်လုံးက မရှိမဖြစ်လိုအပ်သည်။
အမှန်တကယ် ဒုတိယအချက်မှာ ပထမအချက်ထက် ပို၍ အရေးကြီးနိုင်သည်။ ပြင်ပအကူအညီမပါဘဲ အစွမ်းထက်သော ပါရမီနှင့် အရည်အချင်းရှိနေလျှင်တောင် လမ်းလွဲသို့ လျှောက်လှမ်းသွားနိုင်သည်။
အပြန်အလှန်အနေဖြင့် ပြင်ပစွမ်းအားနှင့် အကူအညီများ ရှိလျှင် သာမန်ပါရမီနှင့် အရည်အချင်းရှိနေလျှင်တောင် နောက်ဆုံးရရှိမည့် အောင်မြင်မှုများက များစွာနိမ့်ကျနေမည်မဟုတ်ပေ။
ပါရမီနှင့် အရည်အချင်းက အမြင့်ဆုံး ကန့်သတ်ချက်ကို ဆုံးဖြတ်ပေးသည်။ ပြင်ပစွမ်းအားများက အနိမ့်ဆုံးကန့်သတ်ချက်ကို ဆုံးဖြတ်ပေးခြင်းဖြစ်သည်။
ချီပေါင်ဘုရင်၏ အမြင်အရ လင်းယွမ်၏ သွေးမျိုးဆက်က ဘိုးဘေးအဆင့်သို့ ပြန်လည်ရောက်ရှိသွားခြင်းဖြစ်သည်။ သူ၏ ပါရမီနှင့် အရည်အချင်းက ပြောစရာပင်မလိုဘဲ ထိပ်တန်းအဆင့် ဖြစ်ပေလိမ့်မည်။
သို့သော် လီယန်ရှေးဟောင်းနိုင်ငံမှ တော်ဝင်မျိုးနွယ်၏ အရင်းအမြစ်များနှင့် အမွေအနှစ်များမရှိဘဲ သူဘာသာသူ အထွတ်အထိပ်ရောက်အောင် တိုးတက်လာပြီး အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်သော လင်းရှန်ဘုရင်ကို အနိုင်ယူခဲ့သည်ဟု ဆိုလျှင် ၎င်းက လုံးဝမယုံကြည်နိုင်စရာကောင်းသော အရာဖြစ်သည်။
အနည်းဆုံးတော့ ခေတ်အဆက်ဆက်တွင် လီယန်ရှေးဟောင်းနိုင်ငံက ထိုကဲ့သို့သော ပါရမီရှင်ကို တစ်ခါမှ မမွေးထုတ်နိုင်ခဲ့ပေ။ အတိတ်တွင် ဘိုးဘေးသွေးမျိုးဆက် ပြန်လည်နိုးထလာသူများ တိုးတက်လာသည့်အခြေအနေများ ရှိခဲ့သည်။ သို့သော် သူတို့က အထွတ်အထိပ်သို့ ရောက်ရန် ရှေးဟောင်းနိုင်ငံ၏ ပြုစုပျိုးထောင်မှုကို ခံယူရလေသည်။
သို့သော် ချီပေါင်ဘုရင်က ယနေ့အထိ နဂါးငွေ့တန်းဟူသော နာမည်ကို မကြားဖူးခဲ့ပေ။ လင်းယွမ်က သွေးမျိုးဆက် နိုးထလာသော်လည်း ရှေးဟောင်းနိုင်ငံ၏ တော်ဝင်မျိုးနွယ်ကို ဆက်သွယ်ခြင်းမပြုပေ။
" ညီအကိုနဂါးငွေ့တန်း မင်းမှာ ဘိုးဘေးရဲ့ လီယန်နတ်ခန္ဓာရှိတယ်။ အခု ငါမင်းကို ငါတို့ လီယန်ရှေးဟောင်းနိုင်ငံရဲ့ တော်ဝင်မိသားစုထဲကို ဝင်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ " ချီပေါင်ဘုရင်က စိတ်ကို တည်ငြိမ်အောင်ထိန်းပြီး ပြောလိုက်သည်။
လင်းယွမ်က စစ်မှန်သော လီယန်မျိုးဆက်ဖြစ်သည်ကို အတည်ပြုပြီးနောက် ချီပေါင်ဘုရင်၏ ပထမဆုံးအတွေးမှာ သူ့ကို စည်းရုံးရန်ဖြစ်သည်။ လင်းယွမ်ကို ရှေးဟောင်းနိုင်ငံ၏ တော်ဝင်မိသားစုထဲသို့ စည်းရုံးသိမ်းသွင်းရန်ဖြစ်သည်။
အကယ်၍ လင်းယွမ်ကိုသာ လက်လွှတ်လိုက်လျှင် ချီပေါင်ဘုရင်က နှစ်ပေါင်းများစွာ နောင်တရနေပေလိမ့်မည်။ လင်းယွမ်၏ အထောက်အထားက ပြဿနာတစ်စုံတစ်ရာဖြစ်လာမည်ကို ချီပေါင်ဘုရင်က သိပ်မတွေးပေ။
ပထမအချက်မှ လင်းယွမ်ထံမှ ထွက်ပေါ်နေသော လီယန်နေမင်းအရှိန်အဝါက အတုအယောင်မဟုတ်ပေ။ ဒုတိယအချက်မှာ မည်သည့်ပြဿနာရှိနိုင်မလဲ။ လီယန်ရှေးဟောင်းနိုင်ငံက ဤကမ္ဘာ၏ အင်အားကြီးအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး လင်းယွမ်က မည်သည့်ပက်သက်မှုများ ရှိနေပါစေ သူတို့က ထိန်းချုပ်နိုင်သည်။ ထိုအချက်နှစ်ချက်နှင့်ပင် လုံလောက်နေပြီဖြစ်သည်။
" လီယန်ရှေးဟောင်းနိုင်ငံရဲ့ တော်ဝင်မိသားစုထဲကို ဝင်ရောက်ဖို့လား။ " လင်းယွမ်က ချီပေါင်ဘုရင်ကို ကြည့်လိုက်သည်။
အမှန်တကယ် ချီပေါင်ဘုရင်က မဖိတ်ခေါ်လျှင်တောင် လင်းယွမ်က မကြာမီ လီယန်ရှေးဟောင်းနိုင်ငံ၏ မြို့တော်သို့ သွားရောက်ရန် စီစဉ်ထားသည်။ လီယန်ရှေးဟောင်းနိုင်ငံ၏ ဘိုးဘေးက အလွှာဆယ့်သုံး အချိန်သက်ရှိ တစ်ယောက်ဖြစ်ပြီး ၎င်းက လင်းယွမ် အတည်ပြုနိုင်သောအရာဖြစ်သည်။ အခြားရှေးဟောင်းနိုင်ငံများကိုမူ ထည့်မတွက်သေးပေ။