← Chapters

လီယန်ရှေးဟောင်းနိုင်ငံ၏ အတွင်းရေးပဋိပက္ခ...

Vol. 63 Ch. 899

လီယန်ရှေးဟောင်းနိုင်ငံ၏ အတွင်းရေးပဋိပက္ခ...

Vol. 63 Ch. 899

ဖရိုဖရဲဟင်းလင်းပြင်တွင် ဖရိုဖရဲမဟာသူတော်စင်များနှင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်များက အလွှာဆယ့်သုံး အချိန်သက်ရှိ၏ သဲလွန်စကို ခက်ခဲစွာ ရှာဖွေနေရသည်။ သို့သော ရင်းမြစ်ကမ္ဘာတွင် သူတို့နှင့် ဆက်သွယ်နိုင်ရန အခွင့်အရေးတစ်ခု ရှိနေသည်။

လင်းယွမ်က ထိုအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။ အလွှာဆယ့်နှစ်မှ အလွှာဆယ့်သုံးသို့ တက်လှမ်းရန် အခက်ခဲဆုံး အတားအဆီးမှာ အချိန်စက်ဝန်းကို ဖြတ်ကျော်ခြင်းဖြစ်သည်။ ထိုအချိန်စက်ဝန်းကို မည်သို့ဖြတ်ကျော်ရမလဲ။ လမ်းစဉ်တစ်သောင်းမျက်လုံးက နည်းလမ်းမရှိဟု ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။

မိမိ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ပြီး ကျောက်ဆူးမှတ်များနှင့် လမ်းညွှန်မှတ်များကို ပိုမိုသန်မာစေခြင်းတို့မှာ စနစ်တကျပြောရလျှင် အထောက်အကူပြုနည်းလမ်းများမဟုတ်ပေ။

သို့သော် လမ်းစဉ်တစ်သောင်းမျက်လုံးက အလွှာဆယ့်သုံး အချိန်သက်ရှိချန်ခဲ့သော လျို့ဝှက်ရတနာတစ်ခုသာ ဖြစ်ပြီး စစ်မှန်သော အလွှာဆယ့်သုံး အချိန်သက်ရှိနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ လမ်းစဉ်တစ်သောင်းမျက်လုံးက နည်းလမ်းမရှိဟု ပြောသော်လည်း အလွှာဆယ့်သုံး အချိန်သက်ရှိက နည်းလမ်းမရှိဟု မဆိုလိုပေ။

ထိုအပြင် အလွှာဆယ့်သုံးက လက်ရှိ လင်းယွမ်နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။ သူက ယခုအချိန်တွင် လွှမ်းမိုးခြင်းအဆင့်သာ ရှိသေးသည်။ သို့သော် အရင်းအမြစ်များနှင့် အမွေအနှစ်များကို ရရှိနိုင်သည့် အကျိုးကျေးဇူးများစွာ ရှိနေသည်။

အဆုံးမဲ့ဟင်းလင်းပြင်က အလွှာဆယ့်သုံး အမွေအနှစ်ဖြစ်ပြီး လင်းယွမ်၏ အခြေခံကို ကြောက်စရာကောင်းသော အဆင့်ထိ ရောက်ရှိစေခဲ့သည်။ လီယန်ဘိုးဘေးကလည်း အလွှာဆယ့်သုံး အချိန်သက်ရှိဖြစ်သဖြင့် သက်ဆိုင်ရာ အလွှာဆယ့်သုံး အမွေအနှစ်ကို ချန်ထားခဲ့လိမ့်မည်ဟု ယူဆနိုင်သည်။

အကယ်၍ လင်းယွမ်က ၎င်းကို ရရှိနိုင်လျှင် သူ၏ စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်ပေလိမ့်မည်။ အလွှာဆယ့်သုံးသို့ တက်လှန်းရန် အလှမ်းဝေးနေသော်လည်း သူ၏ အခြေခံစွမ်းအားကို မြှင့်တင်ရန်မှာ မည်သည့်အချိန်တွင်မဆို လိုအပ်သည်။

" ညီအကိုနဂါးငွေ့တန်း ဒီကမ္ဘာက အင်အားကြီးသူတွေက အထူးသဖြင့် နတ်ဘုရားအရှင်သခင်တွေက ရှေးဟောင်းနိုင်ငံခြောက်ခုထဲက တစ်ခုခုမှာ ဝင်ရောက်ပူဖးပေါင်းဖို့ ရွေးချယ်ကြတယ်။ ဒါက ရှက်စရာမဟုတ်ဘူး။ "

ချီပေါင်ဘုရင်က ဆက်ပြောလိုက်သည်။ " ကျန်တဲ့ ရှေးဟောင်းနိုင်ငံငါးခုကို ထားလိုက်ဦး။ ငါတို့ လီယန်ရှေးဟောင်းနိုင်ငံမှာတောင် ဘိုးဘေးပေးအပ်ခဲ့တဲ့ အမွေအနှစ်နဲ့ ရတနာတွေ ရှိတယ်။ နတ်ဘုရားအရှင်သခင်တွေက အဆင့်တက်ချင်ကြတယ်မလား။ သူတို့ရဲ့ ကိုယ်ပိုင်ကျင့်ကြံမှုအပေါ်မှာ အားကိုးနေရင် ဘယ်လောက်တောင် ကြာမလဲ။ နောက်ဆုံးမှာ အောင်မြင်နိုင်မလားဆိုတာလည်း မသေချာဘူး။ "

" ဒါပေနယ့် ငါတို့ လီယန်ရှေးဟောင်းနိုင်ငံကို ဝင်ရောက်လိုက်ရင် ရှင်းလင်းတဲ့ အမွေအနှစ် လမ်းကြောင်းရှိတဲ့အတွက် အများကြီး ပိုလွယ်ကူသွားလိမ့်မယ်။ မဟာအရှင်သခင်တွေက ချုပ်နှောင်ခံရမှာကို မလိုလားတဲ့အတွက် ရှေးဟောင်းနိုင်ငံတွေကို မဝင်ရောက်ကြဘူး။ ဒါပေမယ့် နတ်ဘုရားအရှင်သခင်တွေက ရှေးဟောင်းနိုင်ငံတစ်ခုခုကို ဝင်ရောက်ထားကြတယ်။ "

" ငါသိတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အရှင်သခင်ဟုန်ယဲနှင့် အရှင်သခင်မီးတေပုဆိန်တို့က လီယန်ရှေးဟောင်းနိုင်ငံသို့ ဝင်ရောက်ထားခြင်းမရှိကြပေ။ မဟာအရှင်သခင်အဆင့်က ကြားနေအင်အားကြီးသူများအတွက် အမြင့်ဆုံး ကန့်သတ်ချက်ဖြစ်သည်။ မဟာအရှင်သခင်တစ်ယောက်က ကိုယ့်ကိုကိုယ် အားကိုးနေလျှင် နတ်ဘုရားအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်ခြေအလွန်နည်းပါးသည်။

သူတို့က ကံကောင်းပြီး နတ်ဘုရားအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်တောင် ကျင့်ကြံခြင်းက အဆပေါင်းများစွာ ပိုမိုခက်ခဲသည်ကို သိလိုက်ရချိန်တွင် ရှေ့ဆက်တိုးတက်နိုင်ရန် ရှေးဟောင်းနိုင်ငံတစ်ခုခုသို့ ဝင်ရောက်ကြလေသည်။

" တကယ်လို့ ညီအကိုနဂါးငွေ့တန်းသာ ငါတို့ တော်ဝင်မိသားစုထဲဝင်ရင် ငါကိုယ်တိုင် ဧကရာဇ်ကို အကြောင်းကြားပေးမယ်။ ပြီးတော့ မင်းရရှိမယ့် အရင်းအမြစ်က သေချာပေါက် ထိပ်တန်းအဆင့် ဖြစ်လိမ့်မယ်။ " ချီပေါင်ဘုရင်က ချက်ချင်း အာမခံလိုက်သည်။

သစ္စာခံ၍ ဝင်ရောက်လာသော နတ်ဘုရားအရှင်သခင်များနှင့် မတူသည်မှာ လင်းယွမ်က ဘိုးဘေးသွေးမျိုးဆက် ကြွယ်ဝပြီး ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်သောကြောင့် လီယန်ရှေးဟောင်းနိုင်ငံနှင့် ပက်သက်မှုရှိနေခြင်းပင်ဖြစ်သည်။

ရှေးဟောင်းနိုင်ငံသို့ ဝင်ရောက်သော နတ်ဘုရားအရှင်သခင်များအတွက် ကန့်သတ်ချက်များ သေချာပေါက် ထားရှိရမည်ဖြစ်ပြီး သူတို့ကို အပြည့်အဝ ပျိုးထောင်ပေးမည်မဟုတ်ဘဲ အမွေအနှစ်များကို ပေးလျှင်တောင် ၎င်းတို့မှာ အရေးကြီးသော အမွေအနှစ် ဖြစ်လိမ့်မည်မဟုတ်ပေ။

သို့သော် လင်းယွမ်က မတူပေ။ သူက ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်နေသောကြောင့် လင်းယွမ်သာ တော်ဝင်မိသားစုသို့ ဝင်ရောက်ရန် ဆန္ဒရှိလျှင် သူ၏ အဆင့်အတန်းနှင့် ရရှိနိုင်မည့်အခွင့်အရေးမှာ သစ္စာခံသော နတ်ဘုရားအရှင်သခင်များထက် များစွာ ကျော်လွန်ပေလိမ့်မည်။

" ကောင်းပြီ။ ငါဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

လက်ရှိတွင် ရှေးဟောင်းနိုင်ငံ၏ တော်ဝင်မိသားစုသို့ ဝင်ရောက်ခြင်းက အပြစ်ထက် အကျိုးက ပိုများလေသည်။ တစ်ခုတည်းသော အားနည်းချက်မှာ လင်းယွမ်တွင် စစ်မှန်သော တော်ဝင်သွေးမျိုးဆက်မရှိခြင်းဖြစ်သည်။

သို့သော် သူ၏ အတွင်းစကြာဝဠာအတွင်း လီယန်နေမင်းကို ပေါင်းစည်းထားသောကြောင့် လီယန်နေမင်း၏ အလင်းရောင်က အတွင်းစကြာဝဠာမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့သွားပြီး ပြင်ပကမ္ဘာမှ လီယန်နေမင်း ထုတ်လွှတ်သော အလင်းရောင်များကို သဘာဝအလျောက် စုပ်ယူနေခဲ့သည်။

လင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ လီယန်သွေးမျိုးဆက်ကလည်း လျင်မြန်စွာ သန့်စင်လာပြီး ယခုအခါ သာမန်တော်ဝင်သွေးမျိုးဆက်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

အချိန်ကြာလျှင် ၎င်းက ပင်မတော်ဝင်သွေးမျိုးဆက်အဆင့်သို့ ပြောင်းလဲရန် ခက်ခဲမည်မဟုတ်ပေ။ လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်က လီယန်ဘိုးဘေး၏ စွမ်းရည်တစ်ခုဖြစ်ပြီး ၎င်းကို အသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက်ကို အလိုအလျောက် သန့်စင်ပေးနိုင်သည်။

သို့သော် သွေးမျိုးဆက်အသွင်ပြောင်းလဲခြင်းက ရင်းမြစ်ကမ္ဘာတွင်သာ သက်ရောက်မှုရှိသည်။ ဖရိုဖရဲဟင်းလင်းပြင်မှ မူလစိတ်ဝိညာဉ်အတွက်မူ ၎င်းက အသုံးမဝင်ပေ။ ပထမအချက်မှာ ဖရိုဖရဲဟင်းလင်းပြင်ရှိ မူလစိတ်ဝိညာဉ်တွင် လီယန်သွေးမျိုးဆက်မရှိပေ။ သွေးမျိုးဆက်သန့်စင်ခြင်းက ထိုသွေးဆက်ရှိရန် လိုအပ်သည်။

ဒုတိယအချက်မှာ ဖရိုဖရဲဟင်းလင်းပြင်တွင် ရင်းမြစ်ကမ္ဘာ၏ ကောင်းကင်မှ ထာဝရနေမင်းမရှိပေ။ လင်းယွမ်၏ လီယန်သွေးမျိုးဆက် သန့်စင်လာခြင်းမှာ အဓိကအားဖြင့် ကောင်းကင်မှ ထာဝရနေမင်း၏ အလင်းရောင်အောက်တွင် ရှိနေခြင်းကြောင့်ဖြစ်သည်။

" ကောင်းတယ်။ " ချီပေါင်ဘုရင်က ဝမ်းသာသွားသည်။ " နဂါးငွေ့တန်း မင်းသာ ဝင်ရောက်မယ်ဆိုရင် အနာဂတ်မှာ ငါတို့ တော်ဝင်မိသားစုက တကယ်အားကောင်းလာလိမ့်မယ်။ "

" အားကောင်းလာမှာဟုတ်လား။ " လင်းယွမ်က ချီပေါင်ဘုရင်ကို ကြည့်လိုက်သည်။

" မင်းက အရင်တော်ဝင်မိသားစုနဲ့ မဆင်ဆံဖူးတော့ မသိတာ ပုံမှန်ပါပဲ။ " ချီပေါင်ဘုရင်က ရှင်းပြလိုက်သည်။ " လီယန်ရှေးဟောင်းနိုင်ငံရဲ့ တော်ဝင်မိသားစုအတွင်းမှာ ပြိုင်ဆိုင်မှုတွေက အရမ်းပြင်းထန်တယ်။ "

" အဓိကကတော့ တော်ဝင်မိသားစုနဲ့ နတ်ဘုရားအရှင်သခင်တွေကြား ယှဉ်ပြိုင်နေကြတာပဲ။ တန်ဖိုးအရှိဆုံး အရင်းအမြစ်တွေက အကန့်အသတ်ရှိတယ်။ တော်ဝင်မိသားစုတွေက ဒါကို လိုချင်သလို နတ်ဘုရားအရှင်သခင်တွေကလည်း လိုချင်ကြတယ်။ "

" နတ်ဘုရားအရှင်သခင်တွေရဲ့ ဘိုးဘေးသွေးမျိုးဆက်က မသန်မာပေမယ့် သူတို့ရဲ့ စွမ်းအားက ကြီးမားတယ်။ ပြီးတော့ မြို့တော်မှာ သူတို့ရဲ့ ဩဇာအာဏာက မသေးဘူး။ ရှေးဟောင်းနိုင်ငံရဲ့ ဧကရာဇ်တွေက တော်ဝင်သွေးမျိုးဆက်ရှိရမယ်ဆိုတဲ့ အချက်သာမရှိရင် ငါတို့ တော်ဝင်မိသားစုက အဲ့ဒီနတ်ဘုရားအရှင်သခင်တွေရဲ့ ဖိနှိပ်မှုကို ခံနေရလောက်ပြီ။ " ချီပေါင်ဘုရင်က သက်ပြင်းချလိုက်သည်။

ထိုကိစ္စက ကိုင်တွယ်ရခက်ခဲလှသည်။ ၎င်းက လီယန်ရှေးဟောင်းနိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး နတ်ဘုရားအရှင်သခင်များတွင်လည်း လီယန်ဘိုးဘေး၏ သွေးများ စီးဆင်းနေကြသည်။ သွေးမျိုးဆက်က အားနည်းသော်လည်း သူတို့ကို ဘိုးဘေး၏ မျိုးဆက်များအဖြစ် သတ်မှတ်ကြသည်။

အကယ်၍ ပြင်ပရန်သူကျူးကျော်လာလျှင် ဘိုးဘေးကို အကူအညီတောင်းနိုင်သော်လည်း သွေးမျိုးဆက်တူချင်း ယှဉ်ပြိုင်ရာတွင် ဘိုးဘေးက ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။

" နားလည်ပြီ။ " လင်းယွမ်က စိတ်ထဲတွင် ရှင်းလင်းသွားသည်။

နတ်ဘုရားအရှင်သခင်များက ရှေးဟောင်းနိုင်ငံ၏ တော်ဝင်မိသားစုကို အထင်သေးကြသည်ဟု သူကြားဖူးခဲ့သည်။ ထိုအထင်သေးမှုက အကျိုးအမြတ်အတွက် ပဋိပက္ခများလည်း ပါဝင်နေပေလိမ့်မည်။ ရှေးဟောင်းနိုင်ငံ၏ အာဏာက ဧကရာဇ်၏ လက်ထဲတွင် အများဆုံးရှိပြီး ဧကရာဇ်အနေဖြင့် တော်ဝင်မိသားစုကို မျက်နှာသာ ပေးမည်ဖြစ်သော်လည်း အလွန်အကျွံ ဘက်လိုက်မည်မဟုတ်ပေ။

အကယ်၍ နတ်ဘုရားအရှင်သခင်များကို စိတ်ဆိုးအောင် လုပ်မိလျှင်လည်း ကိုင်တွယ်ရလွယ်ကူမည်မဟုတ်ပေ။ ဥပမာ ရှေးဟောင်းနိုင်ငံများကြား စစ်ပွဲများတွင် သူတို့အားလုံးက ရည်ရွယ်ချက်ရှိရှိ နောက်ဆုတ်နေကြလျှင် အလွန်ပင် ဒုက္ခများပေလိမ့်မည်။

ထို့ကြောင့် ဧကရာဇ်က တော်ဝင်မိသားစုနှင့် နတ်ဘုရားအရှင်သခင်များကြား မျှတမှုကို ထိန်းသိမ်းရန် ကြိုးစားရသည်။ သို့သော် ရှေးဟောင်းနိုင်ငံ၏ အရေးကြီးသော အမွေအနှစ်များနှင့် အရင်းအမြစ်များကိုမူ တော်ဝင်မိသားစုကသာ ယှဉ်ပြိုင်ခွင့်ရှိပြီး ၎င်းက တော်ဝင်မိသားစုများ၏ အားသာချက်ဖြစ်သည်။ ထိုအချက်ကြောင့် နတ်ဘုရားအရှင်သခင်များက တော်ဝင်မိသားစုကို အထင်သေးကြခြင်းဖြစ်သည်။

" ဒါပေမယ့် မင်းရဲ့ ပါရမီနဲ့ဆိုရင် တော်ဝင်မိသားစုထဲ ဝင်လိုက်တာနဲ့ ငါတို့ ရဲ့ စစ်မှန်တဲ့ အမွေအနှစ်၊ အရင်းအမြစ်တွေနဲ့ဆို အလျင်အမြန် တိုတက်လာလိမ့်မယ်။ အနာဂတ်မှာ နတ်ဘုရားအရှင်သခင်အဆင့်ရဲ့ အတားအဆီးကိုတောင် ချိုးဖျက်ကောင်းချိုးဖျက်နိုင်လိမ့်မယ်။ " ချီပေါင်ဘုရင်က လင်းယွမ်ကို မျှော်လင့်ချက်များနှင့် ကြည့်လိုက်သည်။

All Chapters