လီယန်မြို့တော်....
Vol. 63 Ch. 902
လီယန်ရှေးဟောင်းနိုင်ငံက ကမ္ဘာပေါ်ရှိ အင်အားအကြီးဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး ကျယ်ပြောလှသော နယ်မြေကို စိုးမိုးထားသည်။ နတ်ဘုရားအရှင်သခင်တစ်ယောက်ပင် လီယန်ရှေးဟောင်းနိုင်ငံကို ဖြတ်ကျော်နိုင်ရန် ခက်ခဲပေလိမ့်မည်။
နတ်ဘုရားအရှင်သခင်တစ်ယောက်က အချိန်လေဟာနယ်ကို ကျွမ်းကျင်သော်လည်း ရှေးဟောင်းနိုင်ငံ၏ အစွန်းတစ်ဖက်မှ အခြားတစ်ဖက်သို့ သွားရန် ဟင်းလင်းပြင်ဖြတ်ကျော်မှုကို အကြိမ်ပေါင်းသန်းချီပြုလုပ်ရပေလိမ့်မည်။ အမှန်တကယ် အရေးကြီးကိစ္စတစ်ခုရှိလျှင် နောက်ကျသွားပေလိမ့်မည်။
သို့သော် လီယန်မြို့တော်ရှိ အချိန်လေဟာနယ် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များက ရှေးဟောင်းနိုင်ငံအတွင်းရှိ မည်သည့်နေရာကိုမဆို ပို့ဆောင်ပေးနိုင်သည်။ ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေကြား စစ်ပွဲတွင် လင်းရှန်ဘုရင်က အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက် စွမ်းအားကို ထုတ်ဖော်ချိန်မှစ၍ ချီပေါင်ဘုရင် ရောက်လာသည့်အချိန်က စုစုပေါင်း အသက်ရှူချိန် သုံးဆယ်သာ ကြာမြင့်ခဲ့သည်။
လီယန်ရှေးဟောင်းနိုင်ငံက နယ်မြေအသီးအသီးကို ထိန်းချုပ်နိုင်ခြင်းမှာ လီယန်ဘိုးဘေး၏ ခြိမ်းခြောက်မှုကိုသာ အားကိုးခြင်းမဟုတ်ဘဲ ပင့်ကူအိမ်သဖွယ် ဖြန့်ကျက်ထားသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကြောင့် ဖြစ်သည်။
အစီအရင်များကို ပြင်ပလူများ အသုံးပြုနိုင်သော်လည်း စျေးနှုန်းက အလွန်မြင့်မားသောကြောင့် လွှမ်းမိုးခြင်းအဆင့်အောက်များ အသုံးမပြုနိုင်ပေ။ လွှမ်းမိုးခြင်းအဆင့်များပင် အရေးကြီးကိစ္စမရှိလျှင် ၎င်းကို အသုံးမပြုကြပေ။
ယခုအချိန်တွင် မြို့တော်၏ တည်နေရာရွှေပြောင်းခြင်းအစီအရင်နေရာတွင် အင်အားကြီးသူများစွာက သွားလာနေကြပြီး သတင်းအချက်အလက်များ ဖလှယ်နေကြသည်။ သူတို့က အများဆုံး ကြောကြသည်မှာ ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေကြားမှ တိုက်ပွဲအကြောင်းနှင့် အရှင်သခင် နဂါးငွေ့တန်အကြောင်းပင်ဖြစ်သည်။
အစီအရင်နေရာ၏ နက်ရှိုင်းသောနေရာတွင် လူအချို့စောင့်ဆိုင်းနေကြသည်။ ခေါင်းဆောင်ဖြစ်သူ အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးက အခြားသူများ၏ စကားများကို ကြားသော်လည်း သူမ၏ အမူအရာက ပြောင်းလဲခြင်းမရှိပေ။
" အရှင်မင်းကြီးက အရှင်သခင်နဂါးငွေ့တန်းကို အသစ်ဆောက်ထားတဲ့ နန်းတော်ဆီပို့ဆောင်ခိုင်းတာ အရှင်သခင်နဂါးငွေ့တန်းက အရင်က နန်းတော်မရှိဘူးလား။ "
ပြင်ပတွင် လှည့်လည်သွားလာနေကြသော ပင်မတော်ဝင်သွေးမျိုးဆက်များက ခရီးမထွက်မီ မြို့တော်တွင် နန်းတော်တစ်ခု ရှိကြစမြဲဖြစ်သည်။ တော်ဝင်မိသားစုဝင်ဖြစ်စေ နတ်ဘုရင်အရှင်သခင်များဖြစ်စေ ဘုရင်အဆင့်ရှိသူတိုင်း မြို့တော်တွင် နန်းတော်တစ်ခု ပိုင်ဆိုင်ကြသည်။
ဘုရင်အဖြစ် အမိန့်မထုတ်ပြန်မီကတည်းက နန်းတော်တစ်ခုကို အဆင်သင့်ပြင်ထားကြသည်။ သို့သော် အရှင်သခင်နဂါးငွေ့တန်းကို နန်းတော်အသစ်သို့ လမ်းပြပေးရန် လိုအပ်သည်မှာ အရင်က နန်းတော်မရှိသည်မှာ ထင်ရှာသည်။
၎င်းက အမှန်တကယ် ထူးဆန်းလှသည်။ ခရီးမထွက်ခင်က အရှင်သခင်နဂါးငွေ့တန်းက ဘုရင်အဆင့်မရှိခဲ့ဘူးလား။ သို့သော မည်သည့် ပင်မတော်ဝင်မျိုးနွယ်မဆို အထွတ်အထိပ်သို့ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ ဘုရင်အဖြစ် ကြေညာခံရလေ့ရှိသည်။
အရှင်သခင်နဂါးငွေ့တန်းနှင့် ပက်သက်သော သတင်းများက မြို့တော်တွင် ပျံ့နှံ့နေပြီး အားလုံးက သူ့ကို အထွတ်အထိပ် ပင်မတော်ဝင်မျိုးဆက်အဖြစ် လက်ခံထားကြသည်။ အကယ်၍ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်မဟုတ်လျှင် အရှင်သခင်အဆင့်နှင့် လင်းရှန်ဘုရင်ကို သတ်နိုင်မည်မဟုတ်ပေ။
နတ်ဘုရားအရှင်သခင်များပင် သူတို့ မဟာအရှင်သခင်အဆင့်တွင် ဤကဲ့သို့ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ နတ်ဘုရားအရှင်သခင်များက သူတို့၏ အဆင့်ကို အားကိုးပြီး ပင်မတော်ဝင်မျိုးနွယ်များကို ဖိနှိပ်ထားသည်။
အကယ်၍ အဆင့်တူဖြစ်လျှင် နတ်ဘုရားအရှင်သခင်များက တော်ဝင်မိသားစုကို ယှဉ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် တော်ဝင်မျိုးဆက်တိုင်းက နတ်ဘုရားအရှင်သခင်အဆင့်သို့ တက်လှမ်းရန် ဆန္ဒရှိကြခြင်းဖြစ်သည်။
" ဒါပေမယ့် အရှင်မင်းကြီးက အရှင်သခင်နဂါးငွေ့တန်းကို တန်ဖိုးထားပုံပဲ။ ငါတို့ရှေးဟောင်းနိုင်ငံရဲ့ နေမင်းသွေးကြောအနီးက နန်းတော်ကို ပေးတယ်။ "
" ငါမှတ်မိသလောက်ဆို နတ်ဘုရားအရှင်သခင်အများစုက အဲ့ဒီနန်းတော်ကို လိုချင်နေကြတာမဟုတ်လား။ ဒါပေမယ့် အရှင်မင်းကြီးက အားလုံးကို ငြင်းပယ်ခဲ့ပြီး အခုကျမှ အဲ့ဒီနန်းတော်ကို အရှင်သခင် နဂါးငွေ့တန်းဆီ ပေးလိုက်တာလား။ " တတိယမြောက်လူက ပြောလိုက်သည်။
လီယန်ရှေးဟောင်းနိုင်ငံ၏ နေမင်းသွေးကြောက ကျင့်ကြံခြင်းအတွက် အထူးကောင်းမွန်သော နေရာတစ်ခုဖြစ်ပြီး ၎င်းနှင့်ပို၍ နီးကပ်လေ အကျိုးကျေးဇူးက ပိုများလေဖြစ်သည်။ ဧကရာဇ်နန်းတော်ကို ထိုနေမင်းသွေးကြောပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။
အရှင်သခင်နဂါးငွေ့တန်းအတွက် နန်းတော်အသစ်မှာလည်း နေမင်းသွေးကြောနှင့် ထိစပ်နေပြီး ကျင့်ကြံခြင်းအတွက် အကျိုးကျေးဇူးမှာ ဧကရာဇ်နန်းတော်ထက် သိပ်မနိမ့်ပေ။ ဘုရင်အများစု၏ နန်းတော်များက နေမင်းသွေးကြောနှင့် ဝေးကွာသော နေရာတွင် ရှိသည်။
နေမင်းသွေးကြောနှင့် နီးကပ်နေသော ထိုနန်းတော်ကို ဘုရင်များနှင့် နတ်ဘုရားအရှင်သခင်များက မျက်စိကျနေခဲ့ခြင်းဖြစ်သည်။ သို့သော် ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်က ထိုနန်းတော်ကို တစ်စုံတစ်ယောက်အား ပေးရန် ဝန်လေးနေပြီး အလွတ်အတိုင်းသာ ထားရှိခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဘုရင်တစ်ပါးက သေဆုံးသွားရန် ခက်ခဲသဖြင့် တစ်ကြိမ်ပေးအပ်ပြီးလျှင် ရှေးဟောင်းနိုင်ငံက ၎င်းကို ပြန်လည်သိမ်းယူရန် ခက်ခဲသွားပြီဖြစ်သည်။
" တော်ကြတော့။ ဒါက အရှင်မင်းကြီးရဲ့ အမိန့်ပဲ။ နင်တို့ ဆွေးနွေးရမယ့် ကိစ္စမဟုတ်ဘူး။ " အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးက စကားပြောသူများကို တစ်ချက်ဝှေ့ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့ " အားလုံးက ချက်ချင်း တိတ်ဆိတ်သွားကြသည်။
ထိုအချိန်တွင် အစီအရင်မှ အချိန်လေဟာနယ်လှိုင်းများ ထွက်ပေါ်လာပြီး အချိန်လေဟာနယ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
" လာနေပြီ။ " အားလုံးက ချက်ချင်း အဆင်သင့်ပြင်လိုက်ကြသည်။
သူတို့က အရှင်သခင်နဂါးငွေ့တန်းကို ကြိုဆိုရန် စောင့်ဆိုင်းနေကြသူများဖြစ်သည်။ အချိန်လေဟာနယ်လမ်းကြောင်းမှ လူအချို့ထွက်ပေါ်လာသည်။ ရှေ့ဆုံးတွင် ချီပေါင်ဘုရင်နှင့် လူငယ်တစ်ယောက်တို့ ရှိနေသည်။
" ချီပေါင်ဘုရင်နဲ့ အရှင်သခင်နဂါးငွေ့တန်း..." အားလုံးက ချီပေါင်ဘုရင်ကို မှတ်မိသွားကြပြီး ဘေးမှ ရပ်နေသော လူငယ်က အရှင်သခင်နဂါးငွေ့တန်းဖြစ်သည်ကို သိလိုက်ကြသည်။
" အရှင်သခင်နဂါးငွေ့တန်းရဲ့ အော်ရာက ငါတစ်ခုမှ မခံစားဖူးဘူး။ ရှေးကျတဲ့ တော်ဝင်မျိုးနွယ်တစ်ယောက်ဖြစ်နေမလား။ "
" မသေချာဘူး။ " အားလုံးက အတွေးကိုယ်စီနှင့် ရှိနေကြသည်။
" ဒီလောက် ဝေးတဲ့ အကွာအဝေးကို အသက်ရှူချိန် ဆယ်ကြိမ်နဲ့ ဖြတ်ကျော်ဖို့ဆိုတာ အချိန်လေဟာနယ် နဝမအဆင့် အထွတ်အထိပ်ကို ရောက်နေရင်တောင် မဖြစ်နိုင်ဘူး။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။ သူက ချင်းဖန်မြို့တွင် ကိုယ်ပွားတစ်ခု ချန်ထားခဲ့သောကြောင့် အကွာအဝေးကို ချက်ချင်း ခန့်မှန်းနိုင်သည်။
" ပြီးတော့ လီယန်မြို့တော်ကလည်း..." လင်းယွမ်က ပတ်ဝန်းကျင်မှ ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
လီယန်မြို့တော်က လျို့ဝှက်ရတနာတစ်ခုကဲ့သို့ ဖြစ်နေပြီး အနည်းငယ် အသက်သွင်းလိုက်ရုံနှင့် သာမန် နတ်ဘုရားအရှင်သခင်များကို နှိမ်နင်းနိုင်စွမ်းရှိပုံရသည်။ ထိုအချိန်တွင် မမြင်နိုင်သော တုန်ခါလှိုင်းတစ်ခု ဖြတ်သန်းသွားသည်။
" သိပ်မတွေးနဲ့။ ဒါက တခြားရှေးဟောင်းနိုင်ငံက အင်အားကြီးသူတွေကို ခိုးဝင်မလာအောင် တားဆီးထားတဲ့ မြို့တော်ရဲ့ အာရုံခံအစီအရင်ပဲ။ " ချီပေါင်ဘုရင်က စိတ်ချင်းဆက်သွယ်ပြီး ပြောလိုက်သည်။
လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ မြို့တော်က လီယန်ရှေးဟောင်းနိုင်ငံ၏ အစည်ကားဆုံး မြို့တော်တစ်ခုဖြစ်သကဲ့သို့ အရေးကြီးဆုံး နေရာတစ်ခုဖြစ်သဖြင့် မြို့တော်သို့ ဝင်ရောက်လာသော မည်သူမဆို စစ်ဆေးခံရမည်ဖြစ်သည်။
" ဒါဆို ငါက စစ်ဆေးမှု အောင်မြင်သွားတာလား။ " လင်းယွမ်က မေးလိုက်သည်။
" အေးပေါ့။ " ချီပေါင်ဘုရင်က ရယ်လိုက်သည်။
လင်းယွမ်၏ ခန္ဓာကိုယ်အတွင်း လီယန်နေမင်းအရှိန်အဝါများ ပြည့်နှက်နေပြီး အခြားနိုင်ငံမှ ခိုးဝင်လာသူ လုံးဝမဖြစ်နိုင်ပေ။ မြို့တော်၏ အာရုံခံအစီအရင်က အလိုအလျောက် ဖြစ်ပေါ်ခြင်းသာဖြစ်ပြီး စစ်ဆေးမှုထဲတွင် ချီပေါင်ဘုရင်လည်း ပါဝင်နေသည်။
" အရှင်သခင်နဂါးငွေ့တန်းကို ဂါရဝပြုပါတယ်။ " ခေါင်းဆောင်အမျိုးသမီးက ရိုသေစွာ ဦးညွှတ်လိုက်ပြီး အခြားသူများလည်း ဦးညွှတ်လိုက်ကြသည်။
သူတို့က လင်းယွမ်၏ နာမည်အစစ်အမှန် သို့မဟုတ် တော်ဝင်ဘွဲ့နာမည်ကို မသိသောကြောင့် အရှင်သခင်နဂါးငွေ့တန်းဟုသာ ခေါ်ဆိုနိုင်သည်။
ချီပေါင်ဘုရင်က ထိုမြင်ကွင်းကို မြင်သောအခါ ပြုံး၍ ပြောလိုက်သည်။ " သူတို့က အရှင်မင်းကြီး မင်းကို ကြိုဆိုဖို့ လွှတ်လိုက်တာပဲ။ "
" အရှင်မင်းကြီး " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ဤနေရာတွင် အရှင်မင်းကြီးဆိုသည်မှာ လီယန်ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် ဧကရာဇ်၏ စွမ်းအားကလည်း ပြင်မစွမ်းအားပေါ်တွင အခြေခံထားသည်။
" အရှင်မင်းကြီးက မင်းကို အတော်လေးအလေးထားတဲ့ပုံပဲ။ " ချီပေါင်ဘုရင်က ပြောလိုက်သည်။ " လာ မင်းရဲ့ နန်းတော်ကို သွားရအောင်။ "
အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးက သူတို့ကို ဦးဆောင်ပြီး စစ်သင်္ဘောတစ်စင်းပေါ်သို့ ခေါ်ဆောင်သွားသည်။ လီယန်မြို့တော်အတွင်း ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းကို တားမြစ်ထားသည်။
တစ်နေရာမှ တစ်နေရာသို့ သွားရန် ပျံသန်းသွားရမည်ဖြစ်ပြီး သို့မဟုတ် စစ်သင်္ဘောကဲ့သို့သော ရတနာများကို အသုံးပြုရမည်ဖြစ်သည်။ စစ်သင်္ဘောများကို အသုံးပြုရန် ရှေးဟောင်းနိုင်ငံ၏ ခွင့်ပြုချက်လိုအပ်သည်။
စစ်သင်္ဘောက ကောင်းကင်ထက်သို့ ပျံသန်းသွားပြီး အစီအရင်နေရာ၏ အပြင်ဘက်သို့ ဦးတည်သွားသည်။ ထိုအချိန်တွင် အစီအရင်နေရာသို့ ဝင်ထွက်နေကြသော အင်အားကြီးသူများက နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသော စစ်သင်္ဘောကို သတိပြုမိသွားကြသည်။
" ဟိုစစ်သင်္ဘောက တော်ဝင်စစ်သင်္ဘောလား။ "
" အဲ့ဒါက သင်္ကေတကိုးခု အင်ပါယာစစ်သင်္ဘောပဲ။ အရှင်မင်းကြီးရဲ့ အမိန့်မရှိဘဲ ဘယ်သူမှ ဒီစစ်သင်္ဘောကို အသုံးမပြုနိုင်ဘူး။ "
" ဘယ်လိုလူမျိုးကို ကြိုဆိုဖို့အတွက် အင်ပါယာစစ်သင်္ဘောကို ထုတ်သုံးရတာလဲ။ "
စစ်သင်္ဘောထွက်သွားချိန်တွင် အင်အားကြီးသူများက အံ့အားသင့်စွာဖြင့် မော့ကြည့်နေကြသည်။