← Chapters

လာရောက်နှုတ်ဆက်ကြခြင်း...

Vol. 63 Ch. 903

လာရောက်နှုတ်ဆက်ကြခြင်း...

Vol. 63 Ch. 903

ဧကရာဇ်က အင်ပါယာစစ်သင်္ဘောကို ကြိုးဆိုရေးအတွက် နောက်ဆုံးအကြိမ် အသုံးပြုခဲ့သည်မှာ ရွှမ်ယင်ရှေးဟောင်းနိုင်ငံနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲတွင် အနိုင်ရရှိခဲ့ချိန်က စစ်သေနာပတိချုပ် မြို့တော်သို့ ပြန်လာချိန်တွင် ကြိုဆိုခဲ့ခြင်း ဖြစ်သည်။

ရွှမ်ယင်ရှေးဟောင်းနိုင်ငံက လီယန်ရှေးဟောင်းနိုင်ငံနှင့် တလင်းရှေးဟောင်းနိုင်ငံကဲ့သို့ ဤကမ္ဘာ၏ အင်အားကြီးနိုင်ငံ ခြောက်နိုင်ငံထဲမှ တစ်ခုဖြစ်သည်။ သို့သော် နှစ်ပေါင်းသိန်းချီသော ကာလအတွင်း လီယန်ရှေးဟောင်းနိုင်ငံက အခြားနိုင်ငံငါးခုနှင့် စစ်ပွဲမဖြစ်ခဲ့ဘဲ နယ်မြေအတွင်း ပဋိပက္ခလေးများသာ ရှိခဲ့သည်။

အနိုင်ရရှိလျှင်တောင် မြို့တော်သို့ ပြန်လာပြီး ဆုလာဘ်များ လက်ခံရုံသာဖြစ်ပြီး အင်ပါယာစစ်သင်္ဘောနှင့် ကြိုဆိုခြင်းမရှိပေ။

စစ်သင်္ဘောပေါ်တွင် လင်းယွမ်က အောက်သို့ ငုံ့ကြည့်နေသည်။

" ဟားဟား... ဒီစစ်သင်္ဘောပေါ် မတက်ရတာ အတော်ကြာပြီ။ " ချီပေါင်ဘုရင်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ဒါက မင်းရဲ့ ကျေးဇူးတွေကြောင့်ပဲ။ "

မကြာမီ စစ်သင်္ဘောက ခန့်ညားထည်ဝါသော နန်းတော်ကြီးတစ်ခုရှေ့တွင် ရပ်တန့်သွားသည်။ လင်းယွမ်နှင့် ချီပေါင်ဘုရင်တို့က ထွက်လာကြပြီး သူတို့နောက်မှ ခေါင်းဆောင်အမျိုးသမီးနှင့် အခြားသူများက လိုက်ပါလာကြသည်။

" ဒါက အရှင်သခင်နဂါးငွေ့တန်းရဲ့ နန်းတော်ပါ။ " ခေါင်းဆောင်အမျိုးသမီးက လက်ကို ဝှေ့ရမ်းလိုက်ပြီး လင်းယွမ်အား တိုကင်တစ်ခု ပေးလိုက်သည်။ " ဒါက နန်းတော်ရဲ့ တိုကင်ပါ။ ဒါကို သန့်စင်လိုက်ရင် နန်းတော်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။ "

လင်းယွမ်က တိုကင်ကို ယူပြီး ချက်ချင်း သန့်စင်လိုက်သည်။ တိုကင်မှတစ်ဆင့် လင်းယွမ်က နန်းတော်၏ အသေးစိတ်အချက်အလက်များကို သိနိုင်ပြီး နန်းတော်ကို ဝန်းရံထားသော အစီအရင်များအပါအဝင် အားလုံးကို ထိန်းချုပ်နိုင်သည်။

နန်းတော်၏ အစီအရင်များက မြို့တော်၏ အစီအရင်များမှ ဆင်းသက်လာခြင်းဖြစ်ပြီး မြို့တော်၏ အစီအရင်စွမ်းအားအချို့ကိုပင် ဆွဲယူအသုံးပြုနိုင်သည်။

" နဂါးငွေ့တန်း ဒီနန်းတော်ကို နာမည်တစ်ခုပေးလိုက်ပါဦး။ " ချီပေါင်ဘုရင်က ပြောလိုက်သည်။

" နာမည်လား။ နဂါးငွေ့တန်းနန်းတော်လို့ပဲ ခေါ်လိုက်တာပေါ့။ " လင်းယွမ်က ပြောလိုက်သည်။

သူ၏ ဘွဲ့နာမည်က နဂါးငွေ့တန်း ဖြစ်သဖြင့် နန်းတော်ကိုလည်း ထိုနာမည်ကို ပေးခြင်းက သဘာဝကျပေသည်။ လင်းယွမ်က ပြောပြီးသည်နှင့် နန်းတော်တိုကင်ကို ထိန်းချုပ်ပြီး နန်းတော်၏ ထိပ်ဆုံးတွင် နဂါးငွေ့တန်းဟူသော စာလုံးကို ရေးထွင်းလိုက်သည်။

" နဂါးငွေ့တန်း တော်ဝင်နန်းတော်လား။ " နောက်မှလူများက ရေရွတ်လိုက်ကြသည်။ များသောအားဖြင့် နန်းတော်၏ အမည်များက ဘုရင်များ၏ ဘွဲ့အမည်များကို အသုံးပြုကြသည်။

အစတွင် နဂါးငွေ့တန်းဆိုသည်မှာ နာမည်ဝှက်တစ်ခုဟုသာ သူတို့က ထင်ခဲ့ကြသော်လည်း ယခုအခါ လင်းယွမ်က ထိုနာမည်ကို နန်းတော်နာမည်အဖြစ် အသုံးပြုလိုက်သောကြောင့် သူက ထိုနာမည်ကို တရားဝင်ဘွဲ့အမည်အဖြစ် သတ်မှတ်လိုက်သည်မှာ ထင်ရှားသည်။

" အဆင်ပြေပါတယ်။ " ချီပေါင်ဘုရင်က ခေါင်းညိမ့်လိုက်သည်။

လီယန်ရှေးဟောင်းနိုင်ငံ၏ တော်ဝင်မျိုးနွယ်များက သူတို့၏ တရားဝင်ဘွဲ့နာမည်များတွင် ချီစာလုံးကို ထည့်သွင်းလေ့ရှိကြသည်။ ဥပမာ ချီပေါင်ဘုရင်၊ ချီကျွယ်ဘုရင်နှင့် ချီစုန်ဘုရင်တို့ ဖြစ်ကြသည်။ သို့သော် ၎င်းက အမိန့်တစ်ခုမဟုတ်ဘဲ ဘုရင်အဖြစ် ခန့်အပ်ခံရသူများအပေါ်တွင်သာ မူတည်သည်။

" ဒီနန်းတော်က အခု မင်းရဲ့ နန်းတော်ဖြစ်သွားပြီဆိုတော့ ငါ အထဲကို ဝင်ကြည့်လို့ရမလား။ " ချီပေါင်ဘုရင်က ပြုံး၍ ပြောလိုက်သည်။ " ဒါက ကျင့်ကြံခြင်းအတွက် တကယ်မြင့်မြတ်တဲ့နေရာပဲ။ ဒီနန်းတော်က မြို့တော်ရဲ့ နေမင်းသွေးကြောအနီးမှာရှိတာ။ ဒါပေမယ့် အရှင်မင်းကြီးက အရင်က ဘယ်သူမှ မပေးခဲ့ဘူး။ "

" ဝင်ခဲ့ပါ။ " လင်းယွမ်က တိုကင်ကို ထိန်းချုပ်ပြီး နန်းတော်၏ ဝင်ပေါက်ကို ဖွင့်ပေးလိုက်သည်။

" လီယန်နေမင်း မူလရင်းမြစ်တွေက အတော်သိပ်သည်းတာပဲ။ " လင်းယွမ်က နန်းတော်ထဲသို့ ဝင်လိုက်သည်နှင့် ပတ်ဝန်းကျင်တွင် ပြည့်နှက်နေသော ပူပြင်းလှသည့် အော်ရာကို ခံစားလိုက်ရသည်။

ထိုအော်ရာ၏ လွှမ်းမိုးမှုအောက်တွင် လင်းယွမ်က ရေပူစမ်းထဲတွင် စိမ်နေရသကဲ့သို့ အလွန်သက်သောင့်သက်သာရှိပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ လီယန်သွေးမျိုးဆက်က ပိုမိုချောမွေ့စွာ လည်ပတ်လာသည်။

" ဘယ်လိုလဲ။ " ချီပေါင်ဘုရင်က လင်းယွမ်ကို ပြုံး၍ မေးလိုက်သည်။

သူ၏ နန်းတော်အတွင်း ထိုကဲ့သို့ ပြင်းထန်သော လီယန်နေမင်း မူလရင်းမြစ်မရှိသော်လည်း နိမ့်ကျသည်ဟုတော့ မဆိုလိုပေ။ လင်းယွမ်က ထိုကဲ့သို့ ကျင့်ကြံခြင်းပတ်ဝန်းကျင်နှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်းဖြစ်သည်။

" တကယ်ကောင်းပါတယ်။ " လင်းယွမ်က လေးနက်စွာ ပြောလိုက်သည်။

ထိုကဲ့သို့ ပတ်ဝန်းကျင်တွင် ကျင့်ကြံခြင်းဖြင့် လင်းယွမ်၏ ကျင့်ကြံမှုက မယုံကြည်နိုင်လောက်အောင် မြန်ဆန်ပေလိမ့်မည်။ အထူးသဖြင့် လီယန်နေမင်းနှင်လ ပက်သက်သော ကျင့်ကြံမှုများတွင် အရှိန်အဟုန်ဖြင့် တိုးတက်ပေလိမ့်မည်။

" ဟားဟား ဒါဆို အားလုံး အဆင်ပြေသွားပြီပေါ့။ " ချီပေါင်ဘုရင်က ပြုံး၍ ပြောလိုက်သည်။ " မနက်ဖြန်ကျရင် အရှင်မင်းကြီးက မင်းနဲ့ တွေ့လိမ့်မယ်။ ဒီနေ့တော့ အနားယူလိုက်ပါဦး။ "

" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ထိုအချိန်တွင် ချီပေါင်ဘုရင်က သတင်းအချက်အလက်အချို့ကို လက်ခံရရှိလိုက်ပြီး လင်းယွမ်ကို ပြောလိုက်သည်။

" နဂါးငွေ့တန်း ချင်းဖန်နယ်မြေနဲ့ ဇီမန်နယ်မြေကြားက စစ်ပွဲရဲ့ စွမ်းဆောင်မှုရမှတ်တွေကို သတ်မှတ်ပြီးသွားပြီ။ "

" စွမ်းဆောင်မှုရမှတ်တွေ သတ်မှတ်ပြီးပြီလား။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။

ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေကြား စစ်ပွဲတွင် ချီစုန်ဘုရင်က ဦးဆောင်သူဖြစ်သည်။ ချင်းဖန်နယ်မြေက အနိုင်ရရှိခဲ့သောကြောင့် ချီစုန်ဘုရင်က အကြီးမားဆုံး ဆုလာဘ်ကို ရရှိမည်ဖြစ်သည်။ သို့သော် ချီစုန်ဘုရင်က စစ်ပွဲ၏ စွမ်းဆောင်မှုရမှတ်အားလုံးကို လင်းယွမ်အား လွှဲပြောင်းပေးခဲ့သည်။

ထိုစွမ်းဆောင်မှုရမှတ်အားလုံးက ရှေးဟောင်းနိုင်ငံ၏ ဘဏ္ဍာတိုက်ထဲတွင် အဖိုးတန်သော အရင်းအမြစ်များ၊ ရတနာများနှင့် တိုက်ရိုက်လဲလှယ်နိုင်သည်။ ထိုအချက်ကြောင့်လည်း လီယန်ရှေးဟောင်းနိုင်ငံ၏ ဘုရင်များက စစ်ပွဲကို အနိုင်ယူရန် ကြိုးစားကြခြင်းဖြစ်သည်။

နတ်ဘုရားအရှင်သခင်များက တော်ဝင်မိသားစု၏ အမိန့်ကို နာခံကြခြင်းမှာ ရှေးဟောင်းနိုင်ငံ၏ ဘဏ္ဍာတိုက်အတွင်း များပြားသော အရင်းအမြစ်များနှင့် အမွေအနှစ်များကြောင့်ပင်ဖြစ်သည်။

" နဂါးငွေ့တန်း မင်းရဲ့ စွမ်းဆောင်မှုရမှတ်က တစ်သိန်းနှစ်သောင်းရှိတယ်။ " ချီပေါင်ဘုရင်က ပြောလိုက်သည်။ " စွမ်းဆောင်မှုရမှတ် တစ်သိန်းနှစ်သောင်းက နည်းတဲ့ပမာဏမဟုတ်ဘူး။ သာမန်နတ်ဘုရားအရှင်သခင်အဆင့် လက်နက်တစ်ခုက စွမ်းဆောင်မှုရမှတ် ခုနှစ်သောင်း ရှစ်သောင်းလောက်ပဲရှိတာ။ "

" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေကြားစစ်ပွဲတွင် လင်းယွမ်က ဆုလာဘ်များစွာ ရရှိခဲ့ပြီး စွမ်းဆောင်မှုရမှတ်များက တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ ထို့အပြင် တလင်းရှေးဟောင်းနိုင်ငံက ဖမ်းဆီးထားသော မဟာအရှင်သခင်များကို ပြန်လည်ရွေးယူရဦးမည်ဖြစ်သည်။

" စွမ်းဆောင်မှုရမှတ် တစ်သိန်းနှစ်သောင်းကို ခွဲဝေပေးပြီးပြီ။ နဂါးငွေ့တန်း မင်း အဲ့ဒါတွေကို လဲလှယ်ချင်ရင် အဲ့ဒီနေရာကို တိုက်ရိုက်သွားလို့ရတယ်။ " ချီပေါင်ဘုရင်က လင်းယွမ်ကို နိုင်ငံတော် ဘဏ္ဍာတိုက်၏ တည်နေရာ ပေးလိုက်သည်။

" ကောင်းပါပြီ။ " လင်းယွမ်က စိတ်ထဲတွင် မျှော်လင့်နေသည်။

လီယန်ရှေးဟောင်းနိုင်ငံ၏ ဘဏ္ဍာတိုက်တွင် အရင်းအမြစ်များနှင့် အမွေအနှစ် မျိုးစုံပါဝင်ပြီး ထိုအရင်းအမြစ်အများစုက ပြင်ပကမ္ဘာတွင် ဘယ်တော့မှ ရနိုင်မည်မဟုတ်ပေ။

" ဟမ် " လင်းယွမ်က ချီပေါင်ဘုရင်နှင့် စကားဆက်ပြောရန် ပြင်နေစဉ် ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

" ဘာဖြစ်လို့လဲ။ " ချီပေါင်ဘုရင်က မေးလိုက်သည်။

" တစ်ယောက်ယောက် ငါ့ဆီ လာလည်နေတယ်။ " လင်းယွမ်က ပြောလိုက်သည်။ သူက မြို့တော်သို့ ရောက်ခါစဖြစ်ပြီး အသိအကျွမ်းမရှိဘဲ တစ်စုံတစ်ယောက် လာလည်ခြင်းက ထူးဆန်းလှပေသည်။

" အော် ငါမေ့နေတာ။ " ချီပေါင်ဘုရင်က ပြုံး၍ ပြောလိုက်သည်။ " ဒီနန်းတော်ကို လူတိုင်းက စောင့်ကြည့်နေတာ။ အရှင်မင်းကြီးက တရားဝင်မကြေညာရင်တောင် ဒါက ဖုံးကွယ်ထားလို့ရမှာမဟုတ်ဘူး။ "

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" ညီကိုနဂါးငွေ့တန်း အပြင်ထွက်ကြည့်ကြမလား။ " ချီပေါင်ဘုရင်က ပြောလိုက်သည်။ " မင်းဆီ ချက်ချင်း လာပြီး ဂါရဝပြုတဲ့သူတွေက တကယ်စိတ်ထားကောင်းတဲ့သူတွေပဲ။ "

" ဒါဆိုရင် တွေ့ကြတာပေါ့။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ချီပေါင်ဘုရင်နှင့်အတူ အပြင်သို့ ထွက်လာသည်။

" ညီအကိုနဂါးငွေ့တန်း..."

" ညီအကိုနဂါးငွေ့တန်း..."

တစ်ယောက်ပြီးတစ်ယောက် လျင်မြန်စွာ ရောက်လာကြသည်။

" ခုနက အရှင်မင်းကြီးက ဘယ်သူကို ကြိုဆိုဖို့ အင်ပါယာစစ်သင်္ဘောကို စေလွှတ်လိုက်တာလဲလို့ တွေးနေတာ။ ဒါက ညီအကိုနဂါးငွေ့တန်း ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ "

" အဲ့ဒါကြောင့်ကိုး။ မထူးဆန်းပါဘူး။ "

လင်းယွမ်အား လာရောက်ဂါရဝပြုသူများက တော်ဝင်မိသားစုများဖြစ်ကြပြီး အားလုံးက သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ လင်းယွမ်က အားလုံးနှင့် စကားပြောဆိုလိုက်သည်။ မြို့တော်သို့ မရောက်မီကတည်းက ချီပေါင်ဘုရင်က မြို့တော်၏ အခြေအနေများကို ပြောပြထားခဲ့သည်။

လီယန်မြို့တော်တွင အဓိကအားဖြင့် အုပ်စုနှစ်ခုရှိသည်။ တစ်ခုမှာ တော်ဝင်မိသားစုဖြစ်ပြီး တစ်ခုမှာ နတ်ဘုရားအရှင်သခင်များ ဖြစ်ကြသည်။ တော်ဝင်မိသားစုတွင် အုပ်စု ၁၇ခု ရှိပြီး အုပ်စုတစ်ခုတွင် ပင်မတော်ဝင်သွေးမျိုးဆက် တစ်ယောက်ရှိသည်။

ထိုအုပ်စု ၁၇ခု၏ အပြင် အခြားတော်ဝင်မျိုးနွယ်များရှိသော်လည်း သူတို့က အင်အားကြီးမားခြင်းမရှိဘဲ အဓိအုပ်စု ၁၇ခုကိုသာ အမှီပြုနေကြသည်။ သီအိုရီအရ လင်းယွမ်၏ စွမ်းအားနှင့် ၁၈ခုမြောက် အုပ်စုကို အပြည့်အဝ တည်ထောင်နိုင်လေသည်။

All Chapters