← Chapters

ရှေးဟောင်းနိုင်ငံ၏ ဘဏ္ဍာတိုက်...

Vol. 63 Ch. 904

ရှေးဟောင်းနိုင်ငံ၏ ဘဏ္ဍာတိုက်...

Vol. 63 Ch. 904

" ငါ့ဆီလာလည်တဲ့သူတွေက တော်ဝင်မိသားစုဝင်တွေပဲ။ နတ်ဘုရားအရှင်သခင်တွေရဲ့ နောက်လိုက်တွေ တစ်ယောက်မှမပါဘူး။ " လင်းယွမ်က စိတ်ဲမှ တွေးလိုက်သည်။

" ကြည့်ရတာ အဲ့ဒီနတ်ဘုရားအရှင်သခင်တွေက ငါ ရောက်လာတာကို သဘောမကျကြဘူးထင်တယ်။ " လင်းယွမ်က အကြောင်းရင်းကို နားလည်လိုက်သည်။

လီယန်ရှေးဟောင်းနိုင်ငံ၏ အရေးကြီးသော အရင်းအမြစ်များက တော်ဝင်မိသားစုဆီသို့သာ ရောက်ကြသည်။ ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက် တိုးလာတိုင်း အရင်းအမြစ် တစ်စိတ်တစ်ပိုင်းကို ခွဲဝေပေးရမည်ဖြစ်ပြီး ၎င်းက နတ်ဘုရားအရှင်သခင်များကို ကျေနပ်စေမည်မဟုတ်ပေ။

အထူးသဖြင့် လင်းယွမ်၏ စွမ်းအားက သာမန်ပင်မတော်ဝင်သွေးမျိုးဆက်ထက် ကျော်လွန်နေပြီး နတ်ဘုရားအရှင်သခင်အဆင့် အတားအဆီးကို ချိုးဖျက်ရန် မျှော်လင့်ချက်ရှိသူဖြစ်သည်။ ၎င်းက နတ်ဘုရားအရှင်သခင်များကို ပို၍ သတိထားစေသည်။

လင်းယွမ်က ၎င်းကို စိုးရိမ်ခြင်းမရှိပေ။ လီယန်ရှေးဟောင်းနိုင်ငံအတွင်း တော်ဝင်မိသားစုက အကြွင်းမဲ့အုပ်ချုပ်သူဖြစ်ပြီး နတ်ဘုရားအရှင်သခင်များက မကျေနပ်လျှင်တောင် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရဲပေ။

လာရောက်လည်ပတ်သော တော်ဝင်မိသားစုများကို ဧည့်ခံပြီးနောက် လင်းယွမ်က ချီပေါင်ဘုရင်နှင့် လမ်းခွဲကာ နိုင်ငံတော်ဘဏ္ဍာတိုက်သို့ ဦးတည်လိုက်သည်။

လင်းယွမ်က စွမ်းဆောင်မှုရမှတ် တစ်သိန်းနှစ်သောင်းကို ပိုင်ဆိုင်ထားသောကြောင့် နိုင်ငံတော်ဘဏ္ဍာတိုက်ထဲမှ အမွေအနှစ်ရတနာများကို တွေ့မြင်လိုစိတ်ပြင်းပြနေသည်။ ၎င်းမှာ လင်းယွမ် မြို့တော်သို့ လာရခြင်း၏ အဓိကရည်ရွယ်ချက်လည်း ဖြစ်သည်။ ထိုအရင်းအမြစ်များ၏ အကူအညီဖြင့် ကျင့်ကြံခြင်းကို အရှိန်မြှင့်တင်ရန် ဖြစ်သည်။

လီယန်မြို့တော်မှာ အချိန်လေဟာနယ်ဝင်္ကဘာကြီးတစ်ခုကဲ့သို့ ကျယ်ပြောလှသည်။ လင်းယွမ်က ချီပေါင်၏ လမ်းညွှန်မှုဖြင့် ခန်းမတစ်ခုရှေ့သို့ ရောက်လာသည်။ ခန်းမ၏ အပြင်ဘက်တွင် စောင့်ကြပ်နေသူမရှိဘဲ ရုပ်တုနှစ်ခုသာရှိသည်။

" ဟမ် " လင်းယွမ်က ထိုရုပ်တုအစောင့်နှစ်ခုကို သေချာလေ့လာကြည့်ပြီးနောက် ၎င်းတို့ထံမှ ဖော်ပြမရနိုင်သော အော်ရာများကို ခံစားနေရသည်။

" ဒီရုပ်တုအစောင့်တွေက အနည်းဆုံး နတ်ဘုရားအရှင်သခင်အဆင့် တိုက်ခိုက်ရေးစွမ်းအား ရှိနေကြတာပဲ။ " လင်းယွမ်က ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် မျက်ခုံးများတွန့်သွားသည်။

သူ၏ လက်ရှိစွမ်းအားအရ နတ်ဘုရားအရှင်သခင်တစ်ယောက်သာ သူ့ကို ခြိမ်းခြောက်မှုပေးနိုင်စွမ်းရှိသည်။

" သွေးမျိုးဆက်နဲ့ စွမ်းဆောင်မှုကို အတည်းပြုပါပြီ။ ဝင်ခွင့်ပြုပါတယ်။ " လင်းယွမ်က ဝင်ပေါက်တွင် ရပ်နေရင်း အသံတစ်ခုကို ကြားလိုက်ရသည်။

" အခုဝင်လို့ရပြီလား။ " လင်းယွမ်က ရှေ့သို့ လှမ်းလိုက်သည်။

ခန်းမတံခါးပွင့်သွားပြီး လင်းယွမ်က အထဲသို့ ဝင်ရောက်သွားသည်။ ထိုအချိန်တွင် သူက သီးခြားနေရာတစ်ခုသို့ ရောက်ရှိသွားကြောင်း တွေ့လိုက်ရသည်။ အနီးတွင် မီးတောက်များစုစည်းသွားပြီး ပုံရိပ်တစ်ခု အသွင် ပြောင်းသွားခဲ့သည်။

" လီယန်ရဲ့ မျိုးဆက် မင်းလဲလှယ်ချင်တဲ့ အမွေအနှစ်ကို ရွေးချယ်ပါ။ ကြည့်ပါ။ " မီးတောက်ပုံရိပ်က လက်ဝှေ့ရမ်းလိုက်ပြီး မီးတောက်များ စုစည်းကာ ရတနာများ၊ အရင်းအမြစ်များနှင့် အမွေအနှစ်များ၏ အချက်အလက်များ ပေါ်လာသည်။

" အားလုံးကို စွမ်းဆောင်မှုရမှတ်တွေအလိုက် စီထားပေးပါတယ်။ " မီးတောက်ပုံရိပ်က ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိမ့်ပြီး အမြင့်ဆုံးနေရာမှ စတင်စစ်ဆေးလိုက်သည်။ ရှေ့ဆုံးတွင်ရှိနေသည်မှာ အရင်းအမြစ်၊ အမွေအနှစ်များမဟုတ်ဘဲ အခွင့်အလမ်းတစ်ခုဖြစ်နေသည်။ ၎င်းကို လဲလှယ်ရန် စွမ်းဆောင်မှုရမှတ် တစ်ထရီလီယံလိုအပ်သည်။

ဘိုးဘေးနှင့် တစ်သားတည်းဖြစ်စေနိုင်သော အခွင့်အရေးက ဘိုးဘေး၏ နက်ရှိုင်းသော လျို့ဝှက်ချက်များကို နားလည်ခြင်းများ ပါဝင်သည်။ လင်းယွမ်၏ မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားသည်။

လီယန်ဘိုးဘေးနှင့်တစ်သားတည်းဖြစ်မှာလား။ လီယန်ဘိုးဘေးက အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့သော တည်ရှိမှုနှင့် ပေါင်းစည်းပြီး အလွှာဆယ့်သုံး ရှုထောင့်မှ ကြည့်ရှုနိုင်သည်မှာ လင်းယွမ်အနေဖြင့် စိတ်ကူးမယဉ်နိုင်သော ကိစ္စဖြစ်သည်။

အလွှာဆယ့်သုံး အချိန်သက်ရှိက ဘယ်လိုတည်ရှိမှုမျိုးလဲ။ ပုရွက်ဆိတ်တစ်ကောင်ကို သူတို့နှင့် ဘယ်လိုပေါင်းစည်းခွင့်ပြုမှာလဲ။ သူတို့က တပည့်များကို လေ့ကျင့်ပေးရန်လည်း မလိုအပ်ပေ။ အကယ်၍ သူတို့က စိတ်ဝင်စားလျှင် အဆုံးမဲ့ဟင်းလင်းပြင်ကဲ့သို့သော အမွေအနှစ်ကို ဖန်တီးလိုက်ရုံနှင့် အမွေဆက်ခံသူက ကျင့်ကြံနိုင်မည်ဖြစ်သည်။

ပေါင်းစည်းခြင်းဆိုသည်မှာ အဘယ်နည်း။ အလွှာဆယ့်သုံး မပြောနှင့် လင်းယွမ်ကိုယ်တိုင်ပင် အခြားသက်ရှိများကို သူနှင့်ပေါင်းစည်းခွင့်ပြုမည်မဟုတ်ပေ။ အကြောင်းမှာ ပေါင်းစည်းထားချိန်တွင် လင်းယွမ်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို သိသွားရုံသာမက လျို့ဝှက်များကိုလည်း ဖုံးကွယ်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။

" လီယန်ဘိုးဘေးက တကယ်ပါပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

လီယန်ဘိုးဘေးက သူ၏ မျိုးဆက်များကို ပြုစုပျိုးထောင်ရန် စိတ်ရောကိုယ်ပါ နစ်မြှုပ်ထားပြီး သူနှင့် ပေါင်းစည်းခွင့်အထိပါ ပေးထားလေသည်။

" အချိန်စက်ဝန်းကို ဖြတ်ကျော်ဖို့ အခွင့်အရေးကို ဘယ်လိုမြှင့်တင်ရမလဲမသိပေမယ့် အချိန်သက်ရှိတစ်ယောက်နဲ့ ပေါင်းစည်းပြီး အတိတ်နဲ့ အနာဂတ် အချိန်အတိုင်းအတာတွေကို သိမြင်တာက အချိန်ရဲ့ အနှစ်သာရကို နားလည်ဖို့ သေချာပေါက် အထောက်အကူဖြစ်လိမ့်မယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ချန်ခဲ့သော အချိန်သွေးတစ်စက်နှင့်ပင် လင်းယွမ်က များစွာနားလည်ခဲ့သည်။ အကယ်၍ အသက်ရှင်နေသော အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်နှင့် ပေါင်းစည်းရမည်ဆိုလျှင် မည်မျှထိသိမြင်နိုင်မလဲ မပြောနိုင်ပေ။

" ဒါပေမယ့် စွမ်းဆောင်မှုရမှတ် တစ်ထရီလီယံလား။ " လင်းယွမ်၏ နှုတ်ခမ်းများ တွန့်သွားသည်။

ယခင် စွမ်းဆောင်မှုရမှတ်တစ်သိန်းနှစ်သောင်းက အများကြီးထင်ခဲ့သော်လည်း ယခု တစ်ထရီလီယံနှင့် ယှဉ်လိုက်သောအခါ အလွန်ပင်နည်းပါးလှသည်။ ၎င်းမှာ လင်းယွမ်က နယ်မြေနှစ်ခုကြား စစ်ပွဲတစ်ခုလုံးကို တစ်ယောက်တည်းနှင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူက အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်သော လင်းရှန်ဘုရင်ကိုလည်း သတ်ခဲ့လေသည်။

ထိုအခြေအနေတွင် လင်းယွမ်က စွမ်းဆောင်မှုရမှတ် တစ်သိန်းနှစ်သောင်းသာ ရရှိခဲ့သည်။ ပုံမှန်အားဖြင့် ထိုအဆင့်ရှိသော စစ်ပွဲတစ်ခုကို ခုခံနိုင်ခဲ့လျှင် စွမ်းဆောင်မှုရမှတ် နှစ်သောင်းမှ သုံးသောင်းဝန်းကျင်သာ ရရှိခဲ့သည်။ ထို့ကြောင့်ပင် လင်းယွမ်ရရှိသော စွမ်းဆောင်မှုရမှတ် တစ်သိန်းနှစ်သောင်းက အလွန်ပင်များသည်ဟု ချီပေါင်ဘုရင်က ပြောခဲ့ခြင်းဖြစ်သည်။

" ဘာပဲဖြစ်ဖြစ် လီယန်ဘိုးဘေးနဲ့ တစ်သားတည်းဖြစ်နိုင်မယ့်အခွင့်အရေးကိုတော့ ရအောင်ယူရမယ်။ " လင်းယွမ်က ဆုံးဖြတ်လိုက်သည်။

စွမ်းဆောင်မှုရမှတ်တစ်ထရီလီယံက လင်းယွမ်အတွက် ယခုအချိန်တွင် အလွန်ဝေးကွာနေသော်လည်း အနည်းဆုံးတော့ မျှော်လင့်ချက် ရှိနေသည်။

ဖရိုဖရဲဟင်းလင်းပြင်ရှိ ပြိုင်ဘက်ကင်းမဟာသူတော်စင်များက အလွှာဆယ့်သုံး အချိန်သက်ရှိ၏ သဲလွန်စများကို ရှာဖွေရန် မည်မျှပေးဆပ်ခဲ့ရသည်ကို မသိနိုင်သော်လည်း လင်းယွမ်က အလွှာဆယ့်သုံး အချိန်သက်ရှိနှင့် ပေါင်းစည်းနိုင်မည့်အခွင့်အရေး ရှိနေသည်။

လင်းယွမ်က သူ၏ အတွေးများကို စုစည်းပြီး အောက်သို့ ဆက်လက်ကြည့်ရှုလိုက်သည်။ အောက်တွင် ရတနာများ၊ အမွေအနှစ်များ၊ အရင်းအမြစ်များနှင့် လျို့ဝှက်နေရာများကို ဝင်ရောက်နိုင်သော အခွင့်အရေးများကလည်း လင်းယွမ်ကို မနာလိုပင် ဖြစ်စေသည်။

ဥပမာအားဖြင့် ဤကမ္ဘာ၏ မူလနယ်မြေတွင် လေ့ကျင့်နိုင်မည့်အခွင့်အရေးမျိုးဖြစ်သည်။ လင်းယွမ်က အင်မော်တယ်ကမ္ဘာ၏ မူလနယ်မြေသို့ တစ်ကြိမ်ရောက်ဖူးသည်။ ထိုနေရာတွင် ကမ္ဘာ၏ စည်းမျဉ်းများက အမှန်ပင် ထင်ရှားနေပြီး နိယာမများကို နားလည်ခြင်းက အမှန်ပင် လွယ်ကူလှသည်။

ဤကမ္ဘာ၏ မူလနယ်မြေမှ နိယာမများက မည်မျှထင်ရှားနေမလဲ စိတ်ကူးကြည့်ရန်ပင်မလိုပေ။ ထိုအခွင့်အရေးက စွမ်းဆောင်မှုရမှတ် ကိုးဆယ်ဘီလီယံလိုအပ်လေသည်။

" ငါ့အတွက်တော့ လက်နက်တွေကို လဲလှယ်ဖို့ မလိုဘူး။ " လင်းယွမ်က တွေးလိုက်သည်။ သူက အမွေအနှစ် လမ်းညွှန်မှုများကိုသာ လိုအပ်သည်။

အမွေအနှစ်လမ်းညွှန်မှုများကို နားလည်ခြင်းက ဖရိုဖရဲဟင်းလင်းပြင်မှ သူ၏ မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့အတွက် အသုံးဝင်သောကြောင့်ဖြစ်သည်။ လျို့ဝှက်ရတနာများနှင့် လက်နက်များက ဖရိုဖရဲဟင်းလင်းပြင်သို့ ယူဆောင်သွားရန် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အသုံးပြုရမည်ဖြစ်သည်။

လင်းယွမ်က လက်ရှိ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများစွာရှိနေသာ်လည်း ၎င်းတို့ကို ဤကိစ္စအတွက် အသုံးမပြုလိုပေ။ထို့အပြင် လျို့ဝျက်ရတနာများထက် လင်းယွမ်က သူ၏ ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ရန်သာ ပို၍ သဘောကျသည်။

" ငါ ဘယ်ဟာကို လဲလှယ်ရမလဲ။ " လင်းယွမ်က စွမ်းဆောင်မှုရမှတ်တစ်သိန်းအောက် တန်ဖိုးရှိသော အမွေအနှစ်များကိုသာ ပစ်မှတ်ထားသည်။

" အဲ့ဒါပဲ။ " လင်းယွမ်က အချိန့အတော်ကြာအောင် ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။

လင်းယွမ်၏ စံနှုန်းများနှင့် ကိုက်ညီသောအရာများက သူ့အတွက် အကျိုးအရှိဆုံးအရာ၊ အမွေအနှစ်လမ်းညွှန်မှုဖြစ်မည့်အရာ၊ စွမ်းဆောင်မှုရမှတ် တစ်သိန်းနှစ်သောင်းအောက် တန်ဖိုးရှိသောအရာဖြစ်သည်။

ထိုအချက်သုံးချက်နှင့် ကိုက်ညီသောအရာ အနည်းငယ်သာ ရှိသည်။ အမှန်တကယ်တော့ ရတနာစာရင်းတွင် စွမ်းဆောင်မှုရမှတ် ရာဂဏန်းမှ ထောင်ဂဏန်းသာ တန်ဖိုးရှိသော အမွေအနှစ်လမ်းညွှန်မှုများ ရှိသော်လည်း ၎င်းတို့က လင်းယွမ်အတွက် သက်ရောက်မှုမရှိပေ။

" ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ် " လင်းယွမ်က အမွေအနှစ်၏ အကြောင်းအရာများကို ကြည့်ရှုလိုက်သည်။

ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်က ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို ရေးထွင်းထားပြီး ထိုသင်္ကေတများက ဖရိုဖရဲနိယာမ၏ အခြေခံအနှစ်သာရများပင်ဖြစ်သည်။ ၎င်းတို့က ဖရိုဖရဲနိယာမ နားလည်မှုကို တိုက်ရိုက်မြှင့်တင်ပေးနိုင်သော ယခုအချိန်ထိ လင်းယွမ် သိရှိထားသော တစ်ခုတည်သော နည်းလမ်းဖြစ်သည်။

All Chapters