ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်များ...
Vol. 63 Ch. 905
ဖရိုဖရဲနိယာမက ကောင်းကင်နှင့် မြေကြီး ဖြစ်ပေါ်လာချိန်ကတည်းက နိယာမပေါင်းများစွာအဖြစ် ဆင်းသက်လာခြင်းဖြစ်သည်။ အခြားနိယာမများနှင့် လမ်းစဉ်များကို နားလည်ရန်အတွက် သက်ဆိုင်ရာ နိယာမများကို နားလည်အောင် လုပ်ရန်သာ လိုအပ်သည်။
သို့သော် ကမ္ဘာပေါ်တွင် လည်ပတ်နေသော နိယာမများစွာထဲတွင် ဖရိုဖရဲနိယာမဟူ၍ မရှိပေ။ ထို့ကြောင့် ဖရိုဖရဲနိယာမကို နားလည်ရန် ပုံမှန်နည်းလမ်းမှာ နိယာမအားလုံးကို နားလည်ခြင်းဖြင့်သာ ရရှိနိုင်သည်။
သို့သော် ဖရိုဖရဲလျို့ဝှက်သင်္ကေတများက ဖရိုဖရဲနိယာမ၏ ပုံဖော်ပြသမှုဖြစ်သည်။ ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို နားလည်အောင် ကျင့်ကြံခြင်းဖြင့် ဖရိုဖရဲနားလည်မှုကို တိုက်ရိုက်မြှင့်တင်နိုင်သည်။
" ဒီဖရိုဖရဲလျို့ဝှက်သင်္ကေတတွေကို ဘဏ္ဍာတိုက်ထဲမှာ လဲလှယ်လို့ရလိမ့်မယ်လို့ မထင်ထားဘူး။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
" အင်း လီယန်ဘိုးဘေးနဲ့ ပေါင်းစည်းနိုင်မယ့် အခွင့်အရေးတောင် ရှိနေတာပဲ။ ဖရိုဖရဲလျို့ဝှက်သင်္ကေတကို ပြောစရာတောင်မလိုဘူး။ "
" ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ် စုစုပေါင်း ၈၁ချပ် ရှိတယ်။ အဲ့ဒီထဲမှာ ဖရိုဖရဲနိယာမ ပထမအဆင့်ကို ကိုယ်စားပြုတာ ကိုးချပ်ရှိတယ်။ ဒုတိယအဆင့်က ၁၈ ချပ်ရှိတယ်။ ကျန်တာတွေကတော့ ဖရိုဖရဲနိယာမ တတိယအဆင့်ကို ရှင်းပြထားတာပဲ။ " လင်းယွမ်က ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်များ၏ အချက်အလက်များကို ကြည့်လိုက်သည်။
ပထမအဆင့် ကားချပ်ကိုးချပ်က တစ်ချပ်ကို စွမ်းဆောင်မှုရမှတ် တစ်သောင်းကျသင့်ပေသည်။ အားလုံးပေါင်း စွမ်းဆောင်မှုရမှတ် ကိုးသောင်းဖြစ်သည်။
ဒုတိယအဆင့် ကားချုပ်များက ၁၈ ချပ်ရှိပြီး တစ်ချပ်လျှင် စွမ်းဆောင်မှုရမှတ် နှစ်သောင်းကျသင့်မည်ဖြစ်သည်။ တတိယအဆင့် ကားချပ်များက တစ်ချပ်လျှင် စွမ်းဆောင်မှုရမှတ် တစ်သိန်းရှိပေသည်။
" ဖရိုဖရဲနိယာမအပေါ် ငါ့ရဲ့ နားလည်မှုက ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်နေပြီ။ ဒါကြောင့် ပထမကိုးချပ်ကို လဲဖို့ မလိုဘူး။ ဒုတိယအဆင့် ၁၈ ချပ်ထဲက နောက်ဆုံးတစ်ချပ် ဒါမှမဟုတ် နှစ်ချပ်လောက်ပဲ လဲဖို့လိုမယ်ထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
စွမ်းဆောင်မှုရမှတ် တစ်သိန်းနှစ်သောင်းသာရှိသောကြောင့် သူက သဘာဝအတိုင်း ချွေတာရမည်ဖြစ်သည်။ ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်များက ဖရိုဖရဲနိယာမကို အဆင့်အလိုက် ရှင်းပြထားခြင်းဖြစ်သည်။
" စွမ်းဆောင်မှုရမှတ် တစ်သိန်းနှစ်သောင်း ဒုတိယအဆင့်ရဲ့ နောက်ဆုံးကားချပ် နှစ်ချပ်နဲ့ တတိယအဆင့်ရဲ့ ပထမဆုံးကားချပ် တစ်ချပ်ကို လဲလှယ်လိုက်မယ်။ " လင်းယွမ်က ကားချပ်များကို ကြည့်ပြီး သူဝယ်ယူထားသော ကားချပ်များက သူနားမလည်သေးသော ဖရိုဖရဲနိယာမ၏ အစိတ်အပိုင်းများ ဖြစ်ကြောင်း သေချာအောင် စစ်ဆေးလိုက်သည်။
" ဖရိုဖရဲနိယာမ တတိယအဆင့်ရဲ့ ကားချပ် ၅၄ ချပ်။ ကံမကောင်းတာက အခု ပထမဆုံး ကားချပ်ကိုပဲ လဲလှယ်နိုင်ဦးမယ်။ " လင်းယွမ်က ကျန်ရှိသော ကားချပ် ၅၃ချပ်ကို ကြည့်လိုက်သည်။
ထို့အပြင် သူက အခြားအမွေအနှစ် လမ်းညွှန်ချက်များကို စိတ်ဝင်စားမိသော်လည်း နောက်ဆုံးတွင် ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်ကိုသာ ရွေးချယ်လိုက်သည်။
" အခုချိန်ထိ ဆင်းရဲနေတုန်းပဲ။ " လင်းယွမ်က တွေးလိုက်သည်။ " ဒါပေမယ့် ငါ့အတွက် ဖရိုဖရဲနိယာမ တတိယအဆင့်ရဲ့ ပထမဆုံးကားချပ်က လောလောဆယ်တော့ လုံလောက်ပါတယ်။ ကျန်တဲ့ ကားချပ်တွေအတွက်တော့ စွမ်းဆောင်မှုရမှတ်တွေ လုံလောက်အောင် စုဆောင်းနိုင်တဲ့အထိ စောင့်လို့ရသေးတယ်။ "
နတ်ဘုရားအရှင်သခင်များနှင့် ပင်မတော်ဝင်မျိုးဆက်များအတွက် ပုံသေသတ်မှတ်ထားသော စွမ်းဆောင်မှုရမှတ်များ ရရှိနိုင်သည့် ရှိပြီး ၎င်းက လီယန်ရှေးဟောင်းနိုင်ငံ တည်ငြိမ်မှု၏ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ကြောင်း ချီပေါင်ဘုရင်က သူ့ကို ပြောပြခဲ့သည်။
တော်ဝင်မိသားစုဖြစ်စေ နတ်ဘုရားအရှင်သခင်များဖြစ်စေ အတွင်းရေး ပဋိပက္ခများ ရှိသော်လည်း ၎င်းက အဓိကအားဖြင့် ရှေးဟောင်းနိုင်ငံ၏ အကျိုးစီးပွားအတွက်သာ ဖြစ်သည်။ ရှေးဟောင်းနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်လာလျှင် တော်ဝင်မိသားစုနှင့် နတ်ဘုရားအရှင်သခင်များက ညီညွှတ်စွာဖြင့် ပြင်ပရန်သူကို ဖြေရှင်းကြမည်ဖြစ်သည်။
မီးတောက်ပုံရိပ်က လင်းယွမ်၏ ဘေးတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ ဘဏ္ဍာတိုက်၏ ရတနာများ၊ အရင်းအမြစ်များနှင့် အမွေအနှစ်များက များပြလွန်းသဖြင့် ပထမဆုံးအကြိမ် လဲလှယ်သည့် မည်သူမဆို မဝယ်လျှင်တောင် ခဏကြည့်ရှုကြပေလိမ့်မည်။
" ဒီဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်သုံးချပ်ကို လဲလှယ်မယ်။ " လင်းယွမ်က မီးတောက်ပုံရိပ်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
မီးတောက်ပုံရိပ်က အနည်းငယ် အံ့အားသင့်သွားသည်။ " မင်းက လက်နက်တစ်ခုနဲ့ မလဲချင်ဘူးဆိုတာ သေချာပြီလား။ စွမ်းဆောင်မှုရမှတ် တစ်သိန်းနှစ်သောင်းက နတ်ဘုရားအရှင်သခင်အဆင့်ရှိတဲ့ လက်နက်တွေနဲ့ လဲလှယ်လို့ ရတယ်။ "
မဟာအရှင်သခင်ဖြစ်စေ နတ်ဘုရားအရှင်သခင်ဖြစ်စေ သင့်တော်သော လက်နက်တစ်ခုက တိုက်ခိုက်ရေးစွမ်းအားကို အမြင့်ဆုံးထိ မြှင့်တင်ပေးနိုင်သည်။ ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်များမှာ ဖရိုဖရဲနိယာမက နက်ရှိုင်းလှပြီး အခြေခံအနှစ်သာကို ဖော်ပြထားသည့် ဖရိုဖရဲလျို့ဝှက်သင်္ကေတများ ရှိနေလျှင်တောင် ၎င်းတို့ကို ဘယ်လောက်ကြာအောင် လေ့လာရမလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။
" သေချာပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သင့်တော်သော ရတနာများနှင့် လက်နက်များကို အပြင်လောကတွင် ဝယ်ယူနိုင်သော်လည်း ဤကဲ့သို့ ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်များကိုမူ ဘဏ္ဍာတိုက်ထဲတွင်သာ ရရှိနိုင်သည်။
ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေကြား တိုက်ပွဲကို အနိုင်ယူပြီးနောက် သူက အတော်လေး ချမ်းသာနေပြီဖြစ်သည်။ သူ၏ အကျင့်စရိုက်နှင့် မလိုအပ်ဘဲ တိုက်ခိုက်လေ့မရှိသဖြင့် ယခုအချိန်တွင် လက်နက်များနှင့် ရတနာများက သူ့အတွက် မလိုအပ်သေးပေ။
" ဒါတွေက ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်သုံးချပ်ပဲ။ " မီးတောက်ပုံရပ်က လက်ဝှေ့ရမ်းလိုက်ရာ ဖရိုဖရဲစွမ်းအားများ ဝန်းရံနေသော ကားချပ်သုံးချပ် ပေါ်လာသည်။
" လီယန်ရဲ့ မျိုးဆက် ဒီဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်သုံးချပ်ကို အခြားသူတွေကို မဖြန့်ဝေပါဘူးလို့ လီယန်ရဲ့ နာမည်နဲ့ ကျိန်ဆိုပေးပါ။ " မီးတောက်ပုံရိပ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" လီယန်ရဲ့ နာမည်နဲ့...." လင်းယွမ်က မီးတောက်ပုံရိပ်၏ နောက်မှ လိုက်ဆိုလိုက်သည်။
လင်းယွမ် ပြောပြီးသည်နှင့် တပြိုင်နက် ကောင်းကင်ရှိ ထာဝရနေမင်းထံမှ နက်နဲဆန်းကြယ်သော အကြည့်တစ်ချက်က သူ့ပေါ်သို့ ကျရောက်လာသည်။ အကယ်၍ သူသာ ကတိဖျက်ခဲ့လျှင် ထာဝရနေမင်း၏ တိုက်ခိုက်မှုကို ခံရလိမ့်မည်ဟု ခံစားလိုက်ရသည်။
အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်၏ တိုက်ခိုက်မှုကို ဘယ်သူမှတောင့်ခံနိုင်မည်မဟုတ်ပေ။ ပြန်လည်ရှင်သန်ခြင်းနည်းလမ်းများကလည်း အသုံးဝင်မည်မဟုတ်ဘဲ အားလုံး ဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။
" ဒါကြောင့်လည်း ဘဏ္ဍာတိုက်ထဲမှာ အမွေပနှစ်တွေ ဒီလောက်အများကြီးရှိတာတောင် တစ်ခုမှ အပြင်ကို မပေါက်ကြားခဲ့တာကိုး။" လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
အခြားရှေးဟောင်းနိုင်ငံများမှ အင်အားကြီးရန်သူများက လီယန်မြို့တော်သို့ ခိုးဝင်လာပြီး အမွေအနှစ်အချို့ကို ရရှိသွားလျှင်တောင် ၎င်းတို့ကို ပြင်ပသို့ မဖြန့်ဝေနိုင်သဖြင့် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
" တကယ်လို့ ငါက ဒီကားချပ်တွေကို ဖရိုဖရဲဟင်းလင်းပြင်မှာ ပေါက်ကြားအောင်လုပ်လိုက်ရင် ဘာဖြစ်မလဲမသိဘူး။ "
သံသယဝင်စရာမလိုသည်မှာ ရင်မြစ်ကမ္ဘာအတွင်း၌ ရှိနေသရွေ့ ကတိသစ္စာ ဖောက်ဖျက်သည်နှင့် လီယန်ဘိုးဘေးက ချက်ချင်း သိရှိသွားပေလိမ့်မည်။ သို့သော် ဖရိုဖရဲဟင်းလင်းပြင်က အခြားဒိုင်မန်းရှင်းတစ်ခုဖြစ်သောကြောင့် အလွှာဆယ့်သုံး အချိန်သက်ရှိပင် လွှမ်းမိုးရန် ခက်ခဲပေလိမ့်မည်။
လင်းယွမ်က စွမ်းဆောင်မှုရမှတ် တစ်သိန်းနှစ်သောင်းကို ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ် သုံးချပ်ကို လဲလှယ်ယူလိုက်သည်။
" ဖရိုဖရဲနိယာမရဲ့ အခြေခံအနှစ်သာရတွေ.." လင်းယွမ်က လက်ခံလိုက်သည်နှင့် အတွင်း၌ပါဝင်သော ဖရိုဖရဲနိယာမ၏ လျို့ဝှက်ချက်များကြောင့် အံ့အားသင့်သွားသည်။
စစ်လက်နက်များအတွင်းရှိ ဖရိုဖရဲလျို့ဝှက်သင်္ကေတများနှင့်ယှဉ်လျှင် ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်များက ပို၍ တိုက်ရိုက်ကျပြီး အခြေခံကျလှသည်။
လင်းယွမ်က သူ၏ နန်းတော်သို့ ပြန်လာပြီး ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်များကို စတင်လေ့လာလိုက်သည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို လေ့လာပြီး ဖရိုဖရဲနိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
လင်းယွမ်၏ စိတ်ထဲသို့ အသိအမြင်များက ဝင်ရောက်လာခဲ့သည်။ ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်ကို လေ့လာခြင်းက စစ်လက်နက်များထက် ပိုမိုထိရောက်သည်။လေ့လာနေချိန်အတွင်း လင်းယွမ်က ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာနေသည်။
" ဖရိုဖရဲနိယာမ ဒုတိယအဆင့် အထွတ်အထိပ် " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။
သူက စစ်လက်နက်များကို တိုက်ရိုက်လေ့လာခဲ့လျှင် ဖရိုဖရဲနိယာမ၏ အထွတ်အထိပ်သို့ အပြည့်အဝ ရောက်ရှိရန် နှစ်တစ်ထောင်ကြာလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ သို့သော် ယခု ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်များကို လေ့လာခြင်းဖြင့် သူက နှစ်အနည်းငယ်အတွင်း ဖရိုဖရဲနိယာမ ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်နိုင်မည်ဖြစ်သည်။
ဖရိုဖရဲနိယာမတွင် အဆင့်သုံးဆင့်သာ ရှိပြီး ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခြင်းက အမြင့်ဆုံးအဆင့်ဖြစ်သော တတိယအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
အရေးကြီးဆုံးအချက်မှာ လင်းယွမ်က ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်သည်နှင့် ဖရိုဖရဲယင်ယန်ထိုက်ကျိကို ဆင့်ကဲပြောင်းလဲနိုင်မည်ဖြစ်သည်။ ရင်းမြစ်ကမ္ဘာမှ မဟာအရှင်သခင်များက ဖရိုဖရဲဟင်းလင်းပြင်မှ ဖရိုဖရဲအရှင်သခင်များအောက် အခြေခံနိမ့်ကျသော်လည်း မဟာအရှင်သခင်များက ဖရိုဖရဲစွမ်းအားများကို ဆင့်ကဲပြောင်းလဲနိုင်သောကြောင့် တန်းတူရပ်တည်နိုင်ကြသည်။
ဖရိုဖရဲဟင်းလင်းပြင်တွင်မူ ထိုအဆင့်သို့ မဟာသူတော်စင်များသာ ရောက်နိုင်ကြသည်။