ဟေးယွိအသိုက်...
Vol. 63 Ch. 907
ဟေးယွိအသိုက်ကို ကြီးကြပ်ခြင်းမှ ရရှိသော ဟေးယွိဆယ်ပုံတစ်ပုံကို လင်းယွမ်က ကိုယ်ပိုင်စိတ်စွမ်းအားကို မြှင့်တင်ရန်အတွက် အသုံးပြုနိုင်သည်။ ရင်းမြစ်ကမ္ဘာမှ ခန္ဓာကိုယ်၏ စိတ်စိတ်အား သန်မာလာသည်နှင့်အမျှ ဖရိုဖရဲဟင်းလင်းပြင်မှ မူလခန္ဓာကိုယ်၏ စိတ်စွမ်းအားကိုလည်း သန်မာစေပေလိမ့်မည်။
" ဟေးယွိအသိုက်က လီယန်ရှေးဟောင်းနိုင်ငံနဲ့ ရွှမ်ယွမ်ရှေးဟောင်းနိုင်ငံကြားက နယ်စပ်မှာ တည်ရှိတာပဲ။ အဲ့ဒီနေရာက မလုံခြုံဘူး။ " ဧကရာဇ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
ဟေးယွိအသိုက်မှ ထွက်ရှိသော ဟေးယွိများက ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ အင်အားကြီးသူများအတွက်လည်း အသုံးဝင်သောကြောင့် ထိုနယ်မြေကို ကြီးကြပ်ရာတွင် ရွှယ်ယင်ရှေးဟောင်းနိုင်ငံမှ အင်အားကြီးသူများ၏ ကျူးကျော်မှုကို မကြာခဏ ရင်ဆိုင်ရသည်။
" ကျွန်တော်သိပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူက ဟေးယွိအသိုက်တွင် သူ၏ မူလစိတ်ဝိညာဉ်တစ်ခုကို အမြဲတမ်း စောင့်ကြပ်ထားရန် စီစဉ်ထားပြီးသားဖြစ်သည်။ ရှေးဟောင်းနိုင်ငံနှစ်ခုကြား တိုက်ပွဲများတွင် အကြီးစား စစ်ပွဲ သို့မဟုတ် အလုံးစုံစစ်ပွဲမဟုတ်လျှင် နတ်ဘုရားအရှင်သခင်များ ထွက်ပေါ်လာမည်မဟုတ်ပေ။
ဟေးယွိအသိုက်က တန်ဖိုးရှိသော အဆင့်တစ်ရတနာနယ်မြေဖြစ်သော်လည်း ရေရှည်သိမ်းပိုက်ပြီး ဟေးယွိကို ရိတ်သိမ်းနိုင်မှသာ တန်ဖိုးရှိပေလိမ့်မည်။ နတ်ဘုရားအရှင်သခင်တစ်ယောက်က ခဏသိမ်းပိုက်ပြီး နောက်တစ်ယောက်က ပြန်လုယူသွားလျှင် ၎င်းက အဓိပ္ပါယ်မရှိပေ။
လင်းယွမ်၏ မူလစိတ်ဝိညာဉ်က မူလခန္ဓာကိုယ်နှင့် မယှဉ်နိုင်သော်လည်း သာမန်ပင်မတာ်ဝင်သွေးမျိုးဆက်များထက် သန်မာပြီး ဟေးယွိအသိုက်ကို စောင့်ကြပ်ရန် လုံလောက်သည်ထက် ပိုသည်။
ဟေးယွိအသိုက်အပြင် နောက်ထပ် အဆင့်တစ် ရတနာနယ်မြေတစ်ခုကလည်း အနည်းငယ် အန္တရာယ်များသည်။ ဘင်းယွမ်က ၎င်းကို စောင့်ကြပ်ရန် နောက်ထပ် မူလစိတ်ဝိညာဉ်တစ်ခုကို စေလွှတ်မည်ဖြစ်သည်။
နောက်ဆုံး အဆင့်နှစ်ရတနာနယ်မြေမှာ ၎င်း၏ အရင်းအမြစ် ထွက်ရှိမှုက ဟေးယွိအသိုက်ကို မယှဉ်နိုင်သော်လည်း လီယန်ရှေးဟောင်းနိုင်ငံ၏ အလယ်တွင် တည်ရှိသာကြောင့် အန္တရာယ်နည်းပါးသည်။ လင်းယွမ်က ၎င်းကို စောင့်ကြပ်ရန် ဖန်တီးထားသော ကိုယ်ပွားတစ်ခုကို စေလွှတ်မည်ဖြစ်သည်။
" မင်းဆုံးဖြတ်ပြီးပြီဆို့တော့ ဒါက ရတနာနယ်မြေ သုံးခုအတွက် အင်ပါယာအမိန့်တွေပဲ။ " ဧကရာဇ်က လက်ဝှေ့ရမ်းလိုက်ရာ ကျောက်စိမ်းတုံး သုံးတုံးပေါ်လာသည်။ ထိုကျောက်စိမ်းတုံးသုံးတုံးက ရတနာနယ်မြေသုံးခုနှင့် ချိတ်ဆက်ထားသည်။
နန်းတော်မှ ထွက်ခွာလာပြီးနောက် ချီပေါင်ဘုရင်က စိုးရိမ်တကြီး ပြောလိုက်သည်။
" နဂါးငွေ့တန်း အခုအချိန်မှာ ရှေးဟောင်းနိုင်ငံကိုယ်စား ဘယ်သူက ဟေးယွိအသိုက်ကို စောင့်ကြပ်ပေးနေလဲဆိုတာ မင်းသိလား။ "
ဟေးယွိအသိုက်က လီယန်ရှေးဟောင်းနိုင်ငံနှင့် ရွှမ်ယင်ရှေးဟောင်းနိုင်ငံတို့၏ နယ်စပ်တွင် တည်ရှိသေည်။ တရားဝင်ချီးမြှင့်ခြင်းမပြုရသေးသော်လည်း တစ်စုံတစ်ယောက်က ၎င်းက ယာယီစောင့်ကြပ်နေရမည်ဖြစ်သည်။
ယာယီစောင့်ကြပ်သူက ရတနာနယ်မြေကို စောင့်ကြပ်ခြင်းကြောင့် ရရှိမည့် စွမ်းဆောင်မှုရမှတ်များကို မရရှိနိုင်သော်လည်း ထွက်ရှိလာသော အရင်းအမြစ်၏ ဆယ်ပုံတစ်ပုံကို ရရှိနိုင်သည်။
" အဲ့ဒါက နတ်ဘုရားအရှင်သခင် ချီရန်ပဲ။ " ချီပေါင်ဘုရင်က ပြောလိုက်သည်။
" နတ်ဘုရားအရှင်သခင် ချီရန်က ဧကရာဇ်အမိန့်ကို ဖီဆန်ရဲမှာလား။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။
သူက အင်ပါယာအမိန့်ဖြင့် ဟေးယွိအသိုက်ကို လွှဲပြောင်းယူမည်ဖြစ်ပြီး နတ်ဘုရားအရှင်သခင် ချီရန်က အမိန့်ကို ဖီဆန်ရဲမည်မဟုတ်ပေ။
" သူကတော့ ဖီဆန်ရဲမှာမဟုတ်ဘူး။ ဒါပေမယ့် စည်းမျဉ်းတွေကို မချိုးဖောက်ဘဲ လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ " ချီပေါင်ဘုရင်က ခေါင်းခါပြီး ပြောလိုက်သည်။
" နတ်ဘုရားအရှင်သခင် ချီရန်က ဟေးယွိကို အရမ်းလိုချင်နေတာ။ ဒါကြောင့်လည်း သူက နိုင်ငံတော်ကိုယ်စား ဟေးယွိအသိုက်ကို.ယာယီစောင့်ကြပ်ပေးနေတာပဲ။ သူက မင်းလွှဲပြောင်းယူတာကို မငြင်းပေမယ့် ရွှမ်ယင်ရှေးဟောင်းနိုင်ငံက ကျူးကျော်တော့မယ်ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး မင်းလွှဲပြောင်းယူတာကို အချိန်ဆွဲထားလို့ရတယ်။ "
" အချိန်ဆွဲလေ သူက ဟေးယွိတွေ ပိုရလေပဲ။ ဒါက သူ့အတွက်လည်း အကျိုးရှိပြီး ဧကရာဇ်ရဲ့ အမိန့်ကို သိသိသာသာ ချိုးဖောက်ရာ မရောက်ဘူးလေ။ " ချီပေါင်ဘုရင်က ပြောလိုက်သည်။
" ငါ အရင်က နတ်ဘုရားအရှင်သခင် ချီရန်နဲ့ အဆက်အဆံလုပ်ဖူးတယ်။ ငါ ဟေးယွိအသိုက်ကို တစ်ခေါက်လိုက်ခဲ့ပေးမယ်။ " ချီပေါင်ဘုရင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ချီပေါင်ဘုရင်၏ စေတနာကို နားလည်လိုက်သည်။
ရှေးဟောင်းနိုင်ငံတွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာနေသူဖြစ်သဖြင့် အကြောင်းအရာများစွာကို သိရှိထားသည်။ သူသာ လိုက်လာလျှင် ချီရန်က အချိန်ဆွဲချင်လျှင်တောင် ခိုင်လုံသော အကြောင်းပြချက် ရှိရပေလိမ့်မည်။
ဟေးယွိအသိုက်က လီယန်ရှေးဟောင်းနိုင်ငံ၏ အဆင့်တစ်ရတနာနယ်မြေဖြစ်သောကြောင့် တည်နေရာရွှေပြောင်းခြင်း အစီအရင်တစ်ခု ရှိနေသည်။ အချိန်လေဟာနယ်လမ်းကြောင်းတစ်ခု ပေါ်လာပြီး လင်းယွမ်နှင့် ချီပေါင်ဘုရင်တို့ ထွက်လာကြသည်။
" ဟေးယွိရတနာနယ်မြေက နှစ်တစ်သန်းကြာတိုင်း ပင်မဧရိယာက ဟေးယွိတစ်ရာကတ်တီ ထွက်တယ်။ ကိုးဆယ်ကို နိုင်ငံတော်ကို ပေးပြီး တစ်ဆယ်က ကြီးကြပ်သူရတယ်။ "
ချီပေါင်ဘုရင်က ပြောလိုက်သည်။ "ဒါပေမယ့် ငါရထားတဲ့ သတင်းအရ ဟေးယွိအသိုက်က နှစ်တစ်သန်းကြာတိုင်း ထွက်တဲ့ ဟေးယွိက တစ်ရာကတ်တီထက် အမြဲတမ်း ပိုတယ်။ ပုံမှန် ၁၁၀နဲ့ ၁၂၀ ကြားမှာရှိတယ်။ "
လင်းယွမ်နှင့် ချီပေါင်ဘုရင်တို့ ရောက်လာသည်နှင့် ဟေးယွိအသိုက်၏ နက်ရှိုင်းသော နေရာမှ အနီရောင်ဝတ်ရုံနှင့်လူတစ်ယောက် ထွက်ပေါ်လာသည်။ ထိုလူ၏ မျက်ခုံးနှစ်ခုအလယ်တွင် မီးတောက်တစ်ခုရှိနေပြီး ၎င်းက နတ်ဘုရားအရှင်သခင် ချီရန်၏ ကိုယ်ပွားတစ်ခုဖြစ်သည်။
" ချီပေါင် " ချီရန်က ချီပေါင်ဘုရင်နှင့် လင်းယွမ်တို့ကို ကြည့်လိုက်သည်။
" ချီရန်... ငါ ဧကရာဇ်ရဲ့ အမိန့်အရ နဂါးငွေ့တန်းနဲ့အတူ ဟေးယွိအသိုက်ကို လွှဲပြောင်းယူဖို့ လာခဲ့တာပဲ။ " ချီပေါင်ဘုရင်က ဧကရာဇ်၏ အမိန့်ကို ထည့်သွင်းပြောဆိုလိုက်သည်။
" ဟေးယွိအသိုက်ကို လွှဲပြောင်းယူဖို့လား။ " ချီရန်က တိတ်ဆိတ်သွားသည်။ သူကိုယ်တိုင် ဟေးယွိအသိုက်ကို လွှဲပြောင်းပေးရန် အမိန့်လက်ခံရရှိထားပြီဖြစ်သည်။
" မှန်တယ်။ အဲ့ဒါကြောင့် ငါက နဂါးငွေ့တန်းနဲ့ လာခဲ့တာပဲ။ " ချီပေါင်ဘုရင်က ချီရန်ကို စိုက်ကြည့်ပြီး လင်းယွမ်ကို အသံပို့လွှတ်ပြောလိုက်သည်။
" နဂါးငွေ့တန်း ချီရန် အချိန်ဆွဲဖို့ ဘယ်လိုအကြောင်းပြချက်ပဲပေးပေး ဘာမှဝင်မပြောနဲ့ ငါ့ကို လွှဲထားလိုက်။ သူက ဧကရာဇ်ရဲ့ အမိန့်ကို ဖီဆန်ရဲလိမ့်မယ်လို့ ငါမယုံဘူး။ "
" မင်းက နဂါးငွေ့တန်းလား။ " ချီရန်က လင်းယွမ်ကို ကြည့်လိုက်သည်။
" အတော်ပြင်းထန်တဲ့ လီယန်နေမင်းအရှိန်အဝါပဲ။ " ချီရန်က စိတ်ထဲမှ အနည်းငယ် ထိတ်လန့်သွားသည်။ သူက နတ်ဘုရားအရှင်သခင်တစ်ယောက်ဖြစ်သောကြောင့် ချီပေါင်ဘုရင်ထက် ပိုမိုသိရှိနိုင်ပြီး လင်းယွမ်၏ ကြောက်စရာကောင်းသောအော်ရာကို ခံစားနေရသည်။
" ထားလိုက်တော့... အခု ဟေးယွိက ငါ့အတွက် အကျိုးသိပ်မရှိတော့ဘူး။ ပြီးတော့ နဂါးငွေ့တန်းရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားနဲ့ဆို နိုင်ငံရဲ့ အထူးပျိုးထောင်မှုကို ခံရမှာ သေချာတယ်။ နောက်တစ်ချိန်မှာ သူနဲ့ ဆက်ဆံစရာတွေ ရှိလာနိုင်တယ်။ သူနဲ့ ရန်ငြိုးဖွဲ့စရာမလိုဘူး။ " ချီရန်က တွေးလိုက်သည်။
အခြားတော်ဝင်ဘုရင်တစ်ယောက်ဆိုလျှင် ဟေးယွိများကို ပြန်ရောင်းစားနိုင်သဖြင့် သေချာပေါက် အချိန်ဆွဲပေလိမ့်မည်။ ချီရန်င အကျိုးနှင့်အပြစ်ကို ချိန်ဆပြီး မည်သည့်အချိန်ရှေ့တိုးရမည် နောက်ဆုတ်ရမည်ကို သိရှိသူဖြစ်သည်။
" ဧကရာဇ်က အမိန့်ထုတ်ပြီးပြီဆိုတော့ ငါ အခုပဲထွက်သွားပါမယ်။ ညီအကိုနဂါးငွေ့တန်း ဒီရတနာနယ်မြေကို လွှဲယူပြီးရင်တော့ ဟိုဘက်က ရွှမ်ယင်ရှေးဟောင်းနိုင်ငံကို သတိထားပါ။ " ချီရန်က လင်းယွမ်ကို ဟေးယွိအသိုက်အား လွှဲပြောင်းယူရန် ကူညီပေးခဲ့သည်။
" အရင်က ငါ့ရဲ့ စိတ်စွမ်းအားက အားနည်းချက်တစ်ခုရှိနေလို့ ဟေးယွိအသိုက်မှာ ယာယီစောင့်ကြပ်ခွင့်ရအောင် အရင်းအမြစ်တွေ အကုန်ခံပြီး ကြိုးစားခဲ့တာပဲ။ အခု အဲ့ဒီအားနည်းချက်က ပြုပြင်ပြီးသလောက် ဖြစ်သွားပြီ။ " ချီရန်က တွေးလိုက်သည်။
ဟေးယွိအသိုက်အတွင်းရှိ အထူးအရင်းအမြစ်ဖြစ်သော ဟေးယွိက သက်ရှိများ၏ စိတ်စွမ်းအားအတွက် အကျိုးဖြစ်လှသည်။ သို့သော် ဟေးယွိကို ရရှိရန် ခက်ခဲသည်။ ချီရန်သာမက အခြားနတ်ဘုရားအရှင်သခင်များကလည်း ၎င်းကို လိုချင်ကြသည်။
" စိတ်စွမ်းအားကို ပြုပြင်ပြီးပြီဆိုတော့ အဲ့ဒီအဆင့်အတွက် ပြင်ဆင်ရမယ့် အချိန်ရောက်ပြီ။ " ချီရန်က တွေးလိုက်သည်။
ရင်းမြစ်ကမ္ဘာတွင် ရှေးဟောင်းနိုင်ငံ ခြောက်ခုမှ နတ်ဘုရားအရှင်သခင်တိုင်းက ထိုအဆင့်ကို တက်လှမ်းလိုကြသည်။ ရှေးအချိန်များတွင် ရှေးဟောင်းနိုင်ငံတစ်ခုတည်းသာ ရှိခဲ့ပြီး နောက်မှသာ အခြားနိုင်ငံများထွက်ပေါ်လာခဲ့သည်။ ယခုအချိန်တွင် ရှေးဟောင်းနိုင်ငံခြောက်ခု တည်ရှိနေသည်။
" ငါသာ အဲ့ဒီအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် ဘိုးဘေးတွေလိုပဲ သတ္တမမြောက် ရှေးဟောင်းနိုင်ငံကို တည်ထောင်မယ်။ ဒီကမ္ဘာကြီးကို အလင်းပေးပြီး ထာဝရရှင်သန်နိုင်တဲ့အပြင် အတိတ်နဲ့ အနာဂတ်ကို သိမြင်နိုင်လိမ့်မယ်။ " ချီရန်က အလွန်မျှော်လင့်နေကြသည်။
နတ်ဘုရားအရှင်သခင်များက ရှေးဟောင်းနိုင်ငံများ၏ အမိန့်ကို နာခံကြခြင်းမှာ ထိုအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းကို မြှင့်တင်လိုသောကြောင့် ဖြစ်သည်။