လောင်မီးအကြွင်း
Vol. 16 Ch. 216
‘ကြယ်တာရာများမှာ တောက်ပလှသည်... ကြယ်တာရာများမှာ ပြန်လည်ရောက်ရှိလာကြသည်...’
ကြယ်တာရာများကြားရှိ မှောင်မိုက်လှသော ဝဲဂယက်ကြီးထဲမှ ဝေဝေဝါးဝါး ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ပုံသဏ္ဍာန်မှာ သဲသဲကွဲကွဲ မရှိသော်လည်း အဝါရောင် ဝတ်ရုံနှင့် ဦးထုပ်အောက်တွင် တွန့်လိမ်နေသည့် မရေမတွက်နိုင်သော နှာမောင်းများ ရှိနေသည်ကို ခပ်ရေးရေး မြင်တွေ့ရသည်။
ဇူအီကာကူ တစ်ယောက် ပထမဆုံး အနေဖြင့် မှင်သက်သွားပြီးနောက် တစ်ကိုယ်လုံးမှာ ရူးသွပ်သွားတော့မတတ် တုန်ယင်လာတော့သည်။
အဘယ်ကြောင့်နည်း။ နှာမောင်းတစ်ခုတည်းပင်လျှင် ပေ ၃၀ ခန့် မြင့်မားလှသည့် မသန့်စင်သော ဘီလူးကြီး ထက်ပင် ပိုမို ကြီးမားနေသောကြောင့်ပင်။
ကြယ်တာရာ ကောင်းကင်ယံမှ ထွက်ပေါ်လာသော ထိုပုံရိပ်မှာ အာကာသပြင်ပမှ ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှင်သခင်ကြီး တစ်ပါးကဲ့သို့ပင်။
၎င်းက... နက်နဲသိမ်မွေ့လှသည့် ကြယ်တာရာ ပင်လယ်ပြင်ကြီး၏ အုပ်စိုးရှင်...
မိမိအလိုရှိပါက ကြယ်တံခွန်များကို မွှေနှောက်ကာ ဂြိုဟ်များကို တစ်စစီ ဖျက်ဆီးပစ်နိုင်သည့် အရာမျိုး...။
ရှူး...
နှာမောင်းကြီး တစ်ခုမှာ ရုန်းကန်ဟိန်းဟောက်နေသည့် ဘီလူးကြီးကို အသာအယာပင် ပတ်ချည်လိုက်ရာ ဘီလူးကြီးမှာ ရွှံ့ပုံတစ်ခုကဲ့သို့ တစ်စစီ ပျက်စီးသွားတော့၏။
ဇူအီကာကူမှာ ထိုဘီလူးကြီးနှင့် စိတ်ချင်း ဆက်နွယ်ထားသဖြင့် ချက်ချင်း သွေးများ အန်ထွက်လာကာ သူ၏ ပတ်ဝန်းကျင်ရှိ မှော်အစီရင်များမှာလည်း လုံးဝ ပျက်စီးသွားတော့သည်။
ဇူအီကာကူ တစ်ယောက် ပြန်လည် ဆုတ်ခွာသွားသော နှာမောင်းကြီးနှင့် အဝါရောင်ဦးထုပ်အောက်မှ နက်ရှိုင်းလှသော အမှောင်ထုကြီးကို ငေးကြည့်နေမိလေ၏။
...
ဂျိုးဇက် တစ်ယောက် ဇူအီကာကူကို ဖမ်းမိပြီး လက်သီးဖြင့် ထိုးနှက်လိုက်ချိန်တွင် ဇူအီကာကူမှာ သတိမရှိတော့ဘဲ ပါးစပ်မှ သွားရည်များ ကျလျက် အရူး တစ်ယောက်ကဲ့သို့ ဖြစ်နေပြီဖြစ်သည်။
ဘုတ်...
ဇူအီကာကူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နှစ်ပတ်ခန့် လိမ့်သွားကာ ရပ်တန့်သွား၏။ သို့သော်လည်း... သူက မရပ်မနား ရယ်မောနေဆဲပင်။ ထို့နောက်... ပြန်ထလာကာ ခြေပစ်လက်ပစ် ကခုန်လျှက် အဓိပ္ပာယ်မရှိသော စကားများကို ရေရွတ်နေတော့၏။
ဂျိုးဇက် ဇူအီကာကူ၏ လက်ကို ကိုင်ကြည့်လိုက်ရာ၊ ထိုသူမှာ စိတ်ဖောက်ပြန်သွားပြီ ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
ဂျိုးဇက်ကိုယ်တိုင်ပင် အနည်းငယ် တုန်လှုပ် နေမိ၏။
"ဆိုင်ရှင်လင်က တကယ့်ကို ကြောက်စရာကောင်းတာပဲ... ဒီလောက်အဆင့်ရှိတဲ့ ဆင့်ခေါ်မှုမျိုး... နောက်ပြီး အဲဒါက ဘာကြီးလဲ...”
"ဟူး... ထားလိုက်ပါတော့... ငါကိုယ်တိုင်လည်း ရူးမသွားချင်ဘူး..."
ဂျိုးဇက်က ခေါင်းခါယမ်းလိုက်ပြီး လှည့်ကြည့်လိုက်ရာ စာအုပ်ကဖေးအတွင်းရှိ တိုက်ပွဲမှာလည်း ပြီးဆုံးသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
...
ဇူအီကာကူ၏ မှော်ဆရာအဖွဲ့တွင် အဖွဲ့ဝင် စုစုပေါင်း ၅၀ ရှိသည်။ ဤအရေအတွက်မှာ နည်းသည်ဟု ထင်ရသော်လည်း တစ်ဖွဲ့လုံးမှာ ငရဲဘုံအဆင့် ထိပ်သီးမှော်ဆရာများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် အင်အားမှာ အလွန်ပင် ကြီးမားလှသည်။
အမှန်စင်စစ် နော်ဇင်ရှိ အဖွဲ့အစည်း အတော်များများ၌ ငရဲဘုံအဆင့်ဝင် ဦးရေမှာ ပျမ်းမျှအားဖြင့် ၂၀ မှ ၃၀ ခန့်သာ ရှိတတ်ကြသည်။ ကျန်ရှိသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ထူးခြားအဆင့် များ ဖြစ်ကြပြီး၊ ၉ ရာခိုင်နှုန်းမှာ အဆင့်ပင် မသတ်မှတ်နိုင်သူများ ဖြစ်သည်။ ၁ ရာခိုင်နှုန်းသာလျှင် ဖျက်ဆီးခြင်းအဆင့် သို့ ရောက်ရှိကြခြင်း ဖြစ်သည်။
အခရာအဆင့် များမှာမူ လက်ချိုးရေတွက်၍ ရလောက်အောင် နာမည်အနည်းငယ်သာ ရှိကာ လူတိုင်းက လက်ဖဝါးပေါ်တွင် အပ်တင်ထားသကဲ့သို့ သိကြပြီးသား ဖြစ်သည်။
ဇူအီကာကူမှာ အရေအတွက်ထက် အရည်အသွေးကိုသာ ဦးစားပေးကာ သူ့ အမိန့်ကို လုံးဝ နာခံမည့် တပည့်ရင်း ၅၀ ကိုသာ ပျိုးထောင်ထားခဲ့ခြင်း ဖြစ်သည်။ သူတို့က သူ့အတွက် အရာအားလုံးပင်။ နော်ဇင်သို့ မရောက်မီက ဇူအီကာကူမှာ အထက်လမ်း မှော်ဆရာ တစ်ဦးဖြစ်ရုံသာမက နိုင်ငံတစ်ခု၏ စစ်သူကြီးတစ်ဦးလည်း ဖြစ်ခဲ့ဖူးသည်။
ဝမ်းနည်းစရာ ကောင်းစွာပင် ယခုအခါတွင်တော့ ဤထင်ရှားကျော်ကြားလှသည့် မှော်ဆရာကြီးမှာ ရူးသွပ်သွားသည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း... စာအုပ်ကဖေးအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရန် တာဝန်ပေးခံထားရသော သူ့ တပည့်များမှာ ဤအချက်ကို မသိသေးပေ။ သူတို့သည် စာအုပ်ကဖေးအတွင်းရှိ လူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် အသင့်ပြင်ထားကြသည်။
သူတို့အမြင်တွင် ထိုနေရာ၌ ရှိနေသူ အများစုမှာ သာမန်လူများသာ ဖြစ်ကြပြီး အစွမ်းအစရှိသူ အနည်းငယ် ရှိနေလျှင်ပင် သူတို့ ၅၀ ဦး၏ အင်အားဖြင့် အေးဆေး အနိုင်ယူနိုင်သည်။
သို့သော်လည်း... အမှန်တကယ်တွင်မူ ပထမဆုံးသော မှော်ဆရာမှာ ပြတင်းပေါက်မှ ခုန်ဝင်လိုက်သည်နှင့် တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူ မှော်တုတ်ကို မြှောက်လိုက်စဉ်မှာပင် အမြင်အာရုံမှာ အမှောင်ကျသွားပြီး ခေါင်းထဲ၌ ပြင်းထန်သော နာကျင်မှုနှင့်အတူ သတိလစ်သွားတော့၏။
ဗင်းဆင့်၏ ဘေးတွင် ရှိနေသည့် ကလောက်က သူ့ ငွေရောင်လက်အိတ်ကို ချွတ်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ နောက်ထပ် ဝင်လာသည့် မှော်ဆရာတစ်ဦးကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။ ကလောက်၏ ခန္ဓာကိုယ်မှ အီသာစွမ်းအင်များမှာ မီးလျှံတစ်ခုကဲ့သို့ တောက်ပနေသည်။
ကလောက်မှာ ဂျိုးဇက်၏ တပည့်ဖြစ်သဖြင့် အီသာကို အသုံးပြုပုံမှာ သူ့ ဆရာနှင့် ဆင်တူသည်။ ဂျိုးဇက်၏ ပြင်းထန်လှသော မီးလျှံများနှင့် ယှဉ်ဖို့ ဆိုလျှင် အဝေးကြီး လိုနေသေးသော်လည်း ဝင်ရောက်လာသည့် မှော်ဆရာများကို ပညာပေးရန်အတွက်မူ လုံလောက်လှသည်။
ဒုတ်... ဒုတ်... ဒုတ်...
မှော်ဆရာ သုံးဦးမှာ ကလောက်၏ လက်ချက်ဖြင့် ဆက်တိုက် လဲကျသွား၏။ သို့သော်လည်း... တိုက်ပွဲအတွင်း ကလောက်လည်း အနည်းငယ် ဒဏ်ရာရရှိခဲ့ပြီး အီသာစွမ်းအင်များလည်း ကုန်ဆုံးလာသည်။ ရန်သူများမှာမူ အဆုံးမရှိ ဝင်ရောက်လာနေဆဲပင်။
ပြဿနာက ရန်သူ ၅၀ စလုံးမှာ ငရဲဘုံအဆင့်များ ဖြစ်နေကြပြီး ကလောက်၏ ဘက်တွင်မူ သာမန်လူများသာ အများစု ရှိနေခြင်း ဖြစ်သည်။
"ကံကောင်းတာက သူတို့မှာ နယ်မြေခံ အားသာချက် မရှိလို့ပဲ..."
ကလောက်က ရေရွတ်ရင်း ရန်သူ့ မှော်အစီအရင်များကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။
သာမန်လူ အများစုမှာ ဗင်းဆင့်၏ အီသာ အကာအကွယ် နောက်ကွယ်တွင် ခိုလှုံနေကြသည်။ သူတို့မှာ အစွန်းရောက် ဝါဒီဝင် ပြာဖြစ်သွားသည်ကို မြင်ခဲ့ရစဉ်က ထိတ်လန့်ခဲ့ကြသော်လည်း ယခုအခါတွင်မူ သဘာဝလွန် စွမ်းအားရှင်များ တကယ်ရှိနေကြောင်း လက်တွေ့ မြင်တွေ့လိုက်ရသဖြင့် အံ့သြခြင်း၊ စိုးရိမ်ခြင်းများနှင့်အတူ ဝေခွဲမရ ဖြစ်နေကြသည်။
ဗင်းဆင့် မျက်မှောင်ကြုတ်လိုက်၏။ ဤမှော်ဆရာ ၅၀ မှာ အစွန်းရောက် ဝါဒီဝင်ကဲ့သို့ အလွယ်တကူ နှိမ်နင်း၍ ရသည့် လူစားများ မဟုတ်ပေ။ သာမန်လူ၏ အီသာမှာ မီးခြစ်ဆံလေးနှင့် တူသော်လည်း ထူးခြားစွမ်းအားရှင်များ၏ အီသာမှာမူ မီးလောင်လျှင် ပေါက်ကွဲနိုင်သည့် ဂတ်စ်အိုးများနှင့် တူသည်။ စာအုပ်ကဖေးကို မထိခိုက်စေဘဲ ဤလူအုပ်ကြီးကို ရှင်းထုတ်ရန်မှာ မလွယ်ကူလှပေ။
ဗင်းဆင့် ထာဝရ ပျက်သုဉ်းခြင်း၏ အစွမ်းကို စမ်းသပ်ရန် ပြင်လိုက်စဉ်မှာပင် ဝတ်ရုံနီနှင့် အရိုးခေါင်းစွပ်ထားသည့် မှော်ဆရာတစ်ဦးက အကာအကွယ်ကို ဖောက်ထွက်ကာ ရေခဲဓားဖြင့် သာမန်လူများကို ပစ်မှတ်ထား တိုက်ခိုက်လာ၏။
ရွှမ်း... ရွှမ်း...
ထိုဓား၏ အေးစက်မှုမှာ ပတ်ဝန်းကျင်ရှိ ရေငွေ့များကိုပင် ခဲသွားစေနိုင်သည်။ သူက ဓားကို ဝေ့ယမ်းကာ အနီးရှိ လူအုပ်ထဲသို့ တိုးဝင်သွားရာ၊ အန်နီလည်း ထိုလူအုပ်ထဲတွင် ပါဝင်နေသည်။
အန်နီ တစ်ယောက် အလွန်အမင်း ထိတ်လန့်ကာ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေစဉ်မှာပင် တစ်စုံတစ်ယောက်က သူမရှေ့သို့ ရောက်လာပြီး
"အန်နီ... နောက်ဆုတ်..."
ဟု အော်ဟစ်လိုက်သည်။
အန်နီ ကြောင်သွာ၏။ ထိုသူမှာ အခြားသူ မဟုတ်...။ သူမ၏ အရင်းနှီးဆုံး သူငယ်ချင်း အသီးနား ပင် ဖြစ်ပေသည်။
အမြဲတမ်း အေးအေးဆေးဆေး နေတတ်သည့် အသီးနား၏ အသားညိုညိုပေါ်တွင် ရွှေရောင် တက်တူးများမှာ ဝင်းခနဲ တောက်ပလာ၏။ သူမ၏ ပတ်ဝန်းကျင်တွင် မီးကွင်းများစွာက တောက်ပသော နေမင်းပုံသဏ္ဍာန်အဖြစ် စုစည်းသွားကြသည်။
သူမက လက်မောင်းများကို ယှက်ကာ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ သူမ၏ တက်တူးထံမှ ပြင်းထန်သော အပူရှိန်ကြောင့် ရေခဲဓားမှာ ချက်ချင်းပင် ရေနွေးငွေ့အဖြစ် ပြောင်းလဲသွားတော့၏။ အသီးနားကတော့ ထိုနေရာတွင် စစ်နတ်သမီးတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါစွာ ရပ်နေသည်။
ထိုမှော်ဆရာမှာ ဇူအီကာကူ၏ တပည့်ဖြစ်သဖြင့် ဗဟုသုတ ကြွယ်ဝသူ ဖြစ်သည်။ သူက အသီးနား၏ တက်တူးများကို မြင်လိုက်သည်နှင့် ထိတ်လန့်တကြား ရေရွတ်လိုက်၏။
"လောင်မီးအကြွင်း... ဒါက ဒဏ္ဍာရီထဲက နေမင်းကို ကိုးကွယ်တဲ့ စစ်သည်တော် မျိုးနွယ်စု မဟုတ်လား..."
အသီးနားက နဖူးပေါ်တွင် တောက်ပနေသော အလင်းကွင်းနှင့်အတူ လှောင်ပြုံးပြုံးလိုက်၏။
"ဒီမျိုးနွယ်မှာ ငါတစ်ယောက်ပဲ ကျန်တော့တာ... ငါသာ သာမန်လူတစ်ယောက်လို သေဆုံးသွားခဲ့ရင် ဒီမျိုးနွယ်ဟာ တကယ်ပဲ ဒဏ္ဍာရီ ဖြစ်သွားမှာ"
မှော်ဆရာက ရေခဲမိစ္ဆာတစ်ကောင်ကို ဆင့်ခေါ်လိုက်ရင်း မေးလိုက်၏။ "
ဒါဆို ဘာလို့ အခုမှ လူလုံးထွက်ပြတာလဲ..."
အသီးနား၏ ဆံပင်များမှာ မီးလျှံများကဲ့သို့ လေထဲတွင် ဝေ့ယမ်းနေရင်း အနီရောင်ရင့်ရင့်သို့ ပြောင်းလဲသွားခဲ့သည်။ သူမက လက်သီးချင်း တိုက်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်၏။
"ဘာလို့လဲဆိုတော့... နေမင်းက သူ့ရဲ့ လူတွေကို ခေါ်နေပြီလေ..."
ဗင်းဆင့်မှာ စောစောကတည်းကပင် အသီးနား၏ စိတ်နှလုံးထဲမှ မီးတောက်ကို တွေ့မြင်ထားပြီး ဖြစ်သည်။ သူက ကောင်းကင်ယံရှိ ထာဝရ ပျက်သုဉ်းခြင်း နှင့် ဆက်သွယ်ထားသဖြင့် နေမင်း၏ ဝမ်းမြောက်မှုကို ခံစားလိုက်ရပြီး ပြုံးလျက် လက်ဖျောက်တစ်ချက် တီးလိုက်တော့သည်။
***