← Chapters

လက်သီးချင်း ထိုးနေသော မိန်းကလေး နှစ်ယောက်

Vol. 16 Ch. 220

လက်သီးချင်း ထိုးနေသော မိန်းကလေး နှစ်ယောက်

Vol. 16 Ch. 220

"အဟမ်း"

အကြိမ်ကြိမ် အဖန်ဖန် တွေးတောပြီး နောက်တွင်တော့ လင်ကျဲ မျက်နှာပူပူနှင့်ပင် ဂျိုးဇက်ကို ကြည့်ရင်း ချောင်းတစ်ချက် ဟန့်လိုက်၏။

‘ကျွန်တော်က ယုံကြည်မှုအသစ်အတွက် နေရာပေးထားသလို အမိုးခုံး ဘုရားကျောင်းတော်ရဲ့ သရုပ်မှန်ကို ဖော်ထုတ်ဖို့အတွက်လည်း အသုံးခံပေးထားတာလေ... နောက်ပြီး ခင်ဗျားတို့ ရဲတွေ တရားဥပဒေ စိုးမိုးရေး လုပ်ဖို့ အတွက် နေရာပေးထားတာ ဆိုတော့ ဒါက တရားမျှတမှုအတွက် အနစ်နာခံတာ မဟုတ်လား...’

‘ခင်ဗျားတို့ဘက်က ကျေးဇူးတင်ကြောင်း ဖော်ပြသင့်တယ် မဟုတ်လား...’

‘ဖြောင့်မတ်တဲ့သူတွေရဲ့ စိတ်ဓာတ်ကို အေးစက် သွားအောင် မလုပ်ပါနဲ့... တရားမျှတမှုအတွက် အနစ်နာခံလိုက်ရတဲ့ ၁၇,၀၀၀ ကတော့ ငိုကြွေးနေပြီဗျ...’

ဂျိုးဇက်သည် လင်ကျဲ၏ မျက်လုံးများကို ကြည့်ကာ စိတ်လှုပ်ရှားသွား၏။ သူက ရယ်ရမလို ငိုရမလို ဖြစ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့ မစ္စတာလင်... ဒါတွေအားလုံးက ကျွန်တော်တို့ တာဝန်ပါ... ကျွန်တော်တို့ဘက်က ပြန်လည် ပြုပြင်ပေးပါ့မယ်"

တစ်ချိန်တည်း၌... ဂျိုးဇက် စိတ်ထဲမှ တွေးလိုက်မိသည်။

‘မစ္စတာလင်က တကယ့်ကို ထူးဆန်းတဲ့ စရိုက်ရှိတာပဲ...’

တစ်ချိန်တည်း၌... လင်ကျဲကတော့ ဂျိုးဇက်၏ အာမဘန္တေခံမှုကို ကြားလိုက်ရသည့် အခါတွင်မှ စိတ်အေးသွားတော့သည်။

ဂျိုးဇက် ကလောက်နှင့် စကားပြောကာ ဖြစ်ပျက်ခဲ့သမျှကို ရှင်းလင်းစေခဲ့သည်။ ထို့နောက်... သူက ကလောက်ကို ချီးမွမ်းစကား ဆိုရင်း ပခုံးကို ပုတ်ပေးလိုက်၏။ ထို့နောက် ဇူအီကာကူကို ကလောက်ထံ လွှဲပြောင်းပေးကာ ဖြေရှင်းခိုင်းလိုက်သည်။

ကလောက်မှာ တတွတ်တွတ် ရေရွတ်နေသည့် ဇူအီကာကူကို ကြည့်ရင်း ပြုံးလျက် သူ၏ အလုပ်ဖိအားများမှာ နောက်ထပ် တစ်ဆင့် တိုးသွားပြီဟု ခံစားလိုက်ရသည်။

နေမင်းယုံကြည်သူ အသစ်များ ဖြစ်လာကြသည့် အမိုးခုံး ဘုရားကျောင်းတော်၏ ယုံကြည်သူ အဟောင်းများမှာမူ မှင်သက်နေကြ၏။

သူတို့မှာ သာမန် အရပ်သားများ ဖြစ်ကြပြီး ကလောက်မှာ ရဲဌာနမှ အရာရှိတစ်ဦး ဖြစ်ကြောင်း သိထားကြသည်။ သာမန်လူများအနေဖြင့် ရဲဌာနအပေါ် ရိုသေကြောက်ရွံ့စိတ် ရှိကြသည်မှာ သဘာဝပင်။ ယခုမူ ဗလတောင့်တောင့် အဘိုးအိုကြီးမှာ ကလောက်၏ ဆရာဖြစ်ကြောင်း သိလိုက်ရသဖြင့် ထိုပုဂ္ဂိုလ်မှာ ရဲဌာနတွင် ပိုမို မြင့်မားသည့် ရာထူးရှိသူ ဖြစ်ကြောင်း သိသာလှသည်။

သို့သော်လည်း... ထိုမျှ ရာထူးကြီးသူတစ်ဦးက စာအုပ်ဆိုင်ရှင်အပေါ် ယခုကဲ့သို့ ရိုရိုသေသေ ဆက်ဆံနေခြင်းမှာ သူတို့ ရဲဌာနကို ရိုသေကြောက်ရွံ့ရသကဲ့သို့ပင် ဖြစ်နေသည်။

ထို့ပြင် သူ၏ စကားများအရ အမိုးခုံး ဘုရားကျောင်းတော်နှင့် အက်ရှ် ကုန်သည်ကြီးများ အသင်းတို့မှာ ထိုဆိုင်ရှင်၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်နေပုံရသဖြင့် သူတို့အားလုံးမှာ စာအုပ်ဆိုင်ရှင်၏ မည်သူမည်ဝါဖြစ်ကြောင်းကို အမျိုးမျိုး ခန့်မှန်းနေကြတော့သည်။

သို့သော်လည်း... လင်ကျဲမှာမူ ထိုသူများ၏ အတွေးကို မသိပေ။ သူက ဂျိုးဇက် အလုပ်ကိစ္စ ပြီးဆုံးသည်အထိ စောင့်ဆိုင်းကာ ဂျိုးဇက်ကို စာအုပ်ဆိုင်သို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။

စာအုပ်ဆိုင်ထဲသို့ ခြေလှမ်းလိုက်သည့် ခဏမှာပင် လင်ကျဲ၏ ခြေလှမ်းများ ရပ်တန့်သွား၏။ မိုက်ကယ်၏ အလောင်းရှိခဲ့သော နေရာကို သူ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

ထိုနေရာတွင် ဘာမှ မရှိတော့ပေ...။

စောစောက လင်ကျဲမှာ ဗီဇအရ မိုက်ကယ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အိပ်မက်ထဲတွင် ဆစ်ဗာ သင်ကြားပေးလိုက်သည့် သိုင်းကွက်များမှာ အလကား မဟုတ်ပါချေ။ ၎င်းက မိုက်ကယ်ကို သေဆုံးစေခဲ့သည်။

မိုက်ကယ်မှာ အသက်ရှူ ရပ်သွားပြီး နှလုံးခုန်သံလည်း မရှိတော့ကြောင်း သူ သေချာပေါက် သိသည်။ သို့သော်လည်း... ယခုမူ ထိုလူမှာ သူ၏ မျက်စိအောက်တွင်တင် မျက်လှည့်ပြကာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

မိုက်ကယ် ပျောက်သွားလေပြီ...။

...

လင်ကျဲ ခေတ္တမျှ ကြောင်အသွားပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။ ထို့နောက် သူက ဘာမှမဖြစ်သကဲ့သို့ ဂျိုးဇက်ကို ပြုံးပြရင်...

"အရင်ထိုင်ပါဦးဗျာ... ဒါနဲ့ ခင်ဗျား ပြောချင်တဲ့ကိစ္စက ဘာလဲ... ခင်ဗျားပြောတဲ့ ဖောက်သည်ဆိုတာ ကျိကျစ်ရှို့ကို ပြောတာ မဟုတ်လား..."

လင်ကျဲက တတ်နိုင်သမျှ သဘာဝကျကျပင် ကောင်တာနောက်သို့ ဝင်ထိုင်လိုက်ရင်း ဂျိုးဇက်ကိုလည်း ထိုင်ရန် ညွှန်ပြလိုက်သည်။

ဂျိုးဇက် ဆိုင်ထဲသို့ ဝင်လာစဉ်ကတည်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေခဲ့ပြီး လွင့်ပြယ်သွားခြင်း မရှိသေးသည့် အီသာ လှုပ်ရှားမှုများကို အာရုံခံမိနေသည်။ ဤနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်မှာ သေချာသည်။ အတိုင်းအတာ သေးငယ်သော်လည်း အီသာလှိုင်းများမှာ အလွန်ပင် ပြင်းထန်လှသည်။

‘ဒါင မစ္စတာလင်နဲ့ အဲဒီလူသတ်သမားကြားက တိုက်ပွဲလက်ကျန်တွေ ဖြစ်ရမယ်...’

နံရံအချို့တွင် ပျက်စီးမှုများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ထားသည့် အမှတ်အသားများ ရှိနေသော်လည်း၊ အလောင်းဖြစ်စေ၊ သွေးကွက်ဖြစ်စေ တစ်စက်မှ မတွေ့ရပေ။

ဂျိုးဇက် အကြောင်းပြချက်မရှိဘဲ အားနာစိတ် တစ်ခု ဖြစ်ပေါ်လာမိသည်။ မစ္စတာလင်က အလောင်းဖျောက်ရန်နှင့် ပျက်စီးမှုများကို စစ်ဆေးရန် သူ့ကို အကူအညီတောင်းလိုသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း... ယခုကြည့်ရသည်မှာ ထိုသို့ မဟုတ်ပေ။

‘ဟုတ်သားပဲ... မစ္စတာလင်လို ပုဂ္ဂိုလ်မျိုးက ဒီလို ကိစ္စသေးသေးလေးအတွက် ငါတို့ အကူအညီကို ဘာလို့ လိုမှာလဲ... ငါ့ကို ဒီဘက် ခေါ်လာဖို့အတွက် အကြောင်းပြချက် တစ်ခု ရှာလိုက်တာပဲ ဖြစ်မှာပါ...’

‘ဘေးက စာအုပ်ကဖေးကို မွန်းက စီမံနေတာဆိုပေမဲ့ သူက မစ္စတာလင်ဆီ ရောက်တာ မကြာသေးသလို စကားလည်း သိပ်ပြောလေ့မရှိဘူး... ဒါကြောင့် မစ္စတာလင်က သူမအတွက် အခုလို ကြားကနေ ကူညီပေးနေတာပဲ... သူ့ရဲ့ တပည့်အတွက် တကယ်ကို အလေးအနက် စဉ်းစားပေးနေတာပဲ’

သူ ကိုယ်တိုင်လည်း ကလောက်ကို အလုပ်များ ခိုင်းစေချိန်တွင် ဤကဲ့သို့ပင် အလေးအနက် ထားတတ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မိပြန်သည်။ ကလောက်က သူ့ကို အလုပ်သမားတွေဆီက ဂုတ်သွေးစုပ်နေသည့် အရင်းရှင်ကြီး အဖြစ် မြင်နေလျှင်တောင်၊ ဂျိုးဇက်ကတော့ ထိုအရာမှာ ကလောက်၏ စွမ်းရည်တွေကို လေ့ကျင့်ပေးနေတာလို့သာ ယူဆသည်။

သို့သော်လည်း... လင်ကျဲမှာမူ ဆိုင်ထဲဝင်ဝင်ချင်း ကောင်တာသို့ တန်းသွားလိုက်ခြင်းမှာ အလောင်းဖျောက်ရန် ကိစ္စကို မပြောလိုတော့ခြင်းကြောင့် ဖြစ်သည်။ သူ၏ မှားယွင်းသော ခန့်မှန်းချက်ကို ဂျိုးဇက်အား မသိစေလိုတော့ဘဲ ဖောက်သည်အကြောင်းကိုသာ ပြောင်းလဲ မေးမြန်းလိုက်ခြင်း ဖြစ်သည်။

နားလည်မှုလွဲကာ အားနာစိတ် ဖြစ်နေသည့် အဘိုးကြီး ဂျိုးဇက်ကတော့ လင်ကျဲ တစ်ယောက် စိတ်ထဲမှ ချွေးပြန်နေသည်ကို လုံးဝ မသိရှာပေ။

‘ချီးပဲ... ငါ ခဏလေး အပြင်ထွက်သွားတဲ့အချိန်မှာ အလောင်းကြီး တစ်ခုလုံး ဘယ်လိုလုပ် ပျောက်သွားတာလဲ...’

‘တစ်ယောက်ယောက်က အခွင့်ကောင်းယူပြီး လာသမသွားတာလား... ဒါမှမဟုတ် မိုက်ကယ်က တကယ်မသေဘဲ ငါ့ကို လှည့်စားပြီး ထွက်ပြေးသွားတာလား...’

လင်ကျဲက ဒုတိယအချက်ကို ပို၍ ယုံကြည်မိသည်။ မိုက်ကယ်၏ စကားပြောပုံအရ ထိုအဖွဲ့အစည်းအတွင်းတွင် စည်းလုံးမှု သိပ်မရှိလှပေ။ အချင်းချင်း ဂရုမစိုက်ကြသည့်အပြင် တစ်ဦး ဒုက္ခရောက်လျှင် ကျန်တစ်ဦးက လှောင်ပြောင်လိုသည့် ပုံစံမျိုး ရှိသည်။ ထို့ကြောင့် အလောင်း တစ်ခုကို လာယူဖို့ စွန့်စားဝံ့သူ ရှိလိမ့်မည် မဟုတ်ပေ။

‘မိုက်ကယ်က ကြည့်ရသလောက် မရိုးရှင်းဘူးပဲ... ငါ သူ့ကို အထင်သေးမိသွားတာပဲ... သေလုမျောပါး ဖြစ်နေပြီ ထင်တာကို ငါ့ကို မျက်လှည့်ပြသွားနိုင်တယ်...’

လင်ကျဲက ထိုအဖွဲ့အစည်းအကြောင်းကို တွေးတောရင်း ခန့်မှန်းလိုက်မိသည်။

‘သူတို့ရဲ့ မီးလျှံဓားလမ်းစဉ် သုတေသနက အောင်မြင်နေပြီလား... ဒါမှမဟုတ် သူတို့က အဇီးရဲ့ သမိုင်းအမှန်ကို သိပြီး အဲဒီ နတ်ဘုရားတွေနဲ့ နီးစပ်အောင် ကြိုးစားနေတဲ့သူတွေလား...’

‘နေဦး... အဲဒီ ထူးဆန်းတဲ့ လူအရေပြားနဲ့ လုပ်ထားတဲ့ စာအုပ်ကိုလည်း သူတို့ပဲ ဖန်တီးခဲ့တာဆိုတော့ သူတို့မှာ ထူးခြားတဲ့ စွမ်းအားတွေ ရှိနေတာတော့ အမှန်ပဲ...’

‘ဒါပေမဲ့ ခုနက မိုက်ကယ်က ဓားပါတာတောင် ငါ့ကို မနိုင်ဘူး... ဒါကို ကြည့်ရင် သူတို့ရဲ့ စွမ်းအားက သိပ်တော့ မနက်နဲသေးဘူးလို့ ပြောလို့ရတယ်... ငါ့အထင် ပြောရရင် လူအရေပြား စာအုပ်ရဲ့ သတင်းပေးပို့နိုင်တဲ့ စွမ်းရည်က ဘလက်ကီ ရေကို သုံးပြီး စာရေးပြတာနဲ့ သိပ်မထူးခြားလှဘူး’

လင်ကျဲသည် ဘလက်ကီနှင့် အဆက်အသွယ် လုပ်လေ့ရှိသည့် ကောင်တာပေါ်ကို တစ်ချက် ကြည့်လိုက်သည်။

‘ဒါပေမဲ့ သူတို့က သတင်းပေးပို့ဖို့လောက်ကို လူအရေပြားကို ခွာပြီး စာအုပ်လုပ်ရလောက်အောင်အထိ ဒုက္ခခံထားကြတာ... နောက်ပြီး သူတို့ရဲ့ ကုဒ်နာမည်တွေက ကောင်းကင်တမန်တော် ၁၀ ပါးရဲ့ နာမည်တွေအတိုင်း ဆိုရင် မိုက်ကယ် ဆိုတဲ့ နာမည်ယူထားတဲ့ အဲဒီကောင်လေးက သူတို့ကြားမှာ အဆင့်အတန်းမြင့်တဲ့သူ ဖြစ်ရမယ်... ကျန်တဲ့သူတွေကလည်း ဒီအဆင့်လောက်ပဲ ရှိမှာဆိုတော့ သိပ်တော့ စိုးရိမ်စရာ မရှိလောက်ပါဘူး...’

‘ဘာပဲဖြစ်ဖြစ်... ဂျိုးဇက်နဲ့ ဗင်းဆင့်တို့ကတော့ ဒီထူးဆန်းတဲ့ အခြေအနေကို နားလည်ဖို့ ခက်လိမ့်မယ် ထင်တယ်... ဟူး... မတတ်နိုင်ဘူး... ငါကိုယ်တိုင်ပဲ ဒီကိစ္စကို ဖြေရှင်းကြည့်ရတော့မယ်...’

လင်ကျဲမှာ လပြည့်ဝန်း အဆီအနှစ် ပြဿနာကို စတင်တွေ့ရှိခဲ့သူဖြစ်ပြီး ဗင်းဆင့်ကို အမိုးခုံး ဘုရားကျောင်းတော်အား စမ်းသပ်ရန် တိုက်တွန်းခဲ့သူ ဖြစ်သဖြင့် ဖြစ်ပေါ်လာသမျှ အကျိုးဆက်များအတွက် သူကိုယ်တိုင် တာဝန်ယူသင့်သည်ဟု ခံစားရသည်။

ထို့ပြင် 'မှော်ပညာကို မှော်ပညာနှင့်သာ အောင်နိုင်လိမ့်မည်' ဖြစ်သည်။

ဆစ်ဗာ၏ ပြောပြချက်အရ သူသာ အိပ်မက်ဘုံ တစ်ခုကို အပြည့်အဝ တည်ဆောက်နိုင်ပါက မိမိကိုယ်ကို အပြည့်အဝ ကာကွယ်နိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ အိပ်မက်ဘုံကို အခြေခံပြီး အိပ်မက်မြေဆီလွှာကို လက်တွေ့ကမ္ဘာအထိ လွှမ်းမိုးအောင် လုပ်နိုင်လျှင် သူက ထိုအိပ်မက်ပညာကို အမှန်တကယ် ကျွမ်းကျင်သူ ဖြစ်လာလိမ့်မည်။

ထူးဆန်းသည့် အိပ်မက်သတ္တဝါတစ်ကောင် သူ့ အိပ်မက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး လောင်ကျွမ်းသွားခဲ့ကတည်းက လင်ကျဲ၏ အိပ်မက်နယ်ပယ်မှာ သိသိသာသာ ခိုင်မာလာခဲ့သည်။ သူ အိပ်မက်၏ ပုံစံကို အလျင်အမြန် တည်ဆောက်နေပြီး မကြာမီ နောက်ထပ် ခြေလှမ်းတစ်ခုကို စမ်းသပ်နိုင်တော့မည် ဖြစ်သည်။

ထို့ကြောင့်ပင်... ဤတစ်ကြိမ်တွင် အမိုးခုံး ဘုရားကျောင်းတော်မှာ သူ၏ စမ်းသပ်ကွင်း ဖြစ်လာပေလိမ့်မည်။

လင်ကျဲ အတွေး အာရုံထဲ နစ်မြောနေစဉ် ဂျိုးဇက်မှာမူ အားနာစိတ်များ ပျောက်ကွယ်သွားပြီး မစ္စတာလင်၏ ကြိုတင် မြင်တွေ့နိုင်စွမ်းကို အံ့သြနေမိသည်။ အဘယ်ကြောင့်နည်း။ သူ သူ ပြောမည့် ဖောက်သည်မှာ တကယ်ပင် ကျိကျစ်ရှို့ ဖြစ်နေသောကြောင့်ပင်။

"ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က အက်ရှ် ကုန်သည်ကြီးများ အသင်းရဲ့ တရားမဝင် အရောင်းအဝယ်အချို့ကို စုံစမ်းတွေ့ရှိခဲ့ပြီး ကျွန်တော်တို့ဆီကို တိုင်ကြားလာပါတယ်... သက်သေတွေလည်း တင်ပြထားသလို အက်ရှ် ကုန်သည်ကြီးများ အသင်းရဲ့ လက်အောက်ခံ ကုမ္ပဏီ ၅၀ ရာခိုင်နှုန်းကို ကုန်ပစ္စည်း တင်ပို့မှု ကန့်သတ်ပြီး 'သံရည်ကျို ကုန်သွယ်ရေး အသင်း' ဆီကိုပဲ ပြောင်းလဲ ရောင်းချတော့မယ်လို့ အကြောင်းကြားစာ ထုတ်ပြန်ထားပါတယ်"

"ဒါက ကွန်ဂရိရဲ့ မသန့်ရှင်းတဲ့ စီးပွားရေး လုပ်ရပ်တွေကြောင့် ဖြစ်ရမှာပါ... ဒါပေမဲ့ အက်ရှ် ကုန်သည်ကြီးများ အသင်း တစ်ခုလုံးရဲ့ ပူးပေါင်းကြံစည်မှုလို့ သူတို့က အထင်မှားသွားပုံရတယ်"

ဂျိုးဇက်က လေးနက်သည့် လေသံဖြင့် ပြောလိုက်၏။ ဤကိစ္စ တစ်ခုလုံးမှာ ကွန်ဂရိ လျှို့ဝှက် ကုန်သွယ်ရေး ပလက်ဖောင်းတစ်ခု တည်ဆောက်ခဲ့ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် လောဘကြီးသည့် အထက်လမ်း မှော်ဆရာအချို့က သူတို့၏ သစ္စာခံ တံဆိပ်များကို ဖယ်ရှားနည်းများကို ရောင်းချခဲ့ကြသည်။ တိုက်ဆိုင်စွာပင် ထိုမှော်ဆရာများထဲမှ တစ်ဦးမှာ ကျိမိသားစုတွင် အလုပ်လုပ်နေသော ကျိကျစ်ရှို့၏ လက်အောက်ငယ်သား ဖြစ်နေသည်။

ကျိကျစ်ရှို့မှာ ယခင်က သစ္စာဖောက်ခံခဲ့ရဖူးသည့် ဒဏ်ရာ ရှိထားသဖြင့် ဤကဲ့သို့သော ကိစ္စမျိုးကို အလွန်ပင် မုန်းတီးလှသည်။ ဤဖြစ်ရပ်ကြောင့် ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က အက်ရှ် ကုန်သည်ကြီးများ အသင်းကို အလွန် ပြင်းထန်သော သတိပေးချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

"အမိုးခုံး ဘုရားကျောင်းတော်ရဲ့ အခြေအနေက မသေချာသေးသလို အရာအားလုံးကိုလည်း အပြင်ကို ထုတ်မပြောနိုင်သေးပါဘူး... ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ကို အမှန်တရား ပြောပြဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမဲ့ ဒီကြားထဲမှာတော့ အက်ရှ် ကုန်သည်ကြီးများ အသင်းကတော့ အကြီးအကျယ် ထိခိုက်ရပါလိမ့်မယ်"

ဂျိုးဇက်က လင်ကျဲကို ကြည့်ကာ ဆက်ပြောလိုက်၏။

"ပုံမှန်အတိုင်းဆိုရင်တော့ စီးပွားရေး ကိစ္စတွေမှာ ကျွန်တော်တို့ ဝင်မစွက်ဖက်ပါဘူး... ဒါပေမဲ့ အခု အက်ရှ် ကုန်သည်ကြီးများ အသင်းရဲ့ ခွဲဝေရေးမှူး ချယ်ရီ ချပ်ပ်မန်းကလည်း မစ္စတာလင်ရဲ့ ဖောက်သည် ဖြစ်နေတော့ မစ္စတာလင်ရဲ့ အကြံဉာဏ်ကို တောင်းခံချင်လို့ပါ"

‘ဒါဆိုရင် ကျိကျစ်ရှို့နဲ့ ချယ်ရီတို့ မကြာခင် တိုက်ပွဲ ဖြစ်ကြတော့မယ် ဆိုတဲ့ သဘောလား...’

လင်ကျဲ လက်နှစ်ဖက်ကို ယှက်ကာ မေးထောက်လိုက်ရင်း ချယ်ရီနှင့် ကျိကျစ်ရှို့တို့ တစ်ဦးကို တစ်ဦး လက်သီးချင်း ထိုးနှက်နေကြမည့် ထူးဆန်းသော မြင်ကွင်းကို စိတ်ကူးကြည့်နေမိတော့သည်။

All Chapters