ရုပ်ပြောင်းခြင်း
Vol. 38 Ch. 519
ကျန်းရီသည် ခရမ်းရောင်ဆံနွယ် မိန်းမပျိုနောက် လိုက်ပြီး ရီဖျောင်ဖျောင်ကို သူမ သိမသိနှင့် သူ့မိခင်နှင့် သူမ သက်ဆိုင်နေခြင်း ရှိ၊ မရှိကို မေးချင်နေသည်။ သို့သော် ရှေးဟောင်းခေါင်းတလား၏ အရှိန်ကို သူ အမှတ်ရသွားမိသည့် အချိန်၌ သူတို့ ယခုလောက်ဆို ငါးကီလိုမီတာ အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်မှန်း သဘောပေါက်လိုက်၏။ ထိုကြောင့် သူက ပါးစပ်သာ ပိတ်ပြီး အနေရခက်နေတော့သည်။ အကြောင်းအရင်းမှာ ထိုမိန်းမပျို၏ စကားလုံးများက သူ၏ဂုဏ်သိက္ခာကို နာကျင်စေသောကြောင့် ဖြစ်သည်။
“ရှင် ပြန်ပေးဆပ်ဖို့ မလိုဘူး၊ ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်နိုင်မယ် ဆိုရင် ကျွန်မကို လာရှာ ရှင့်အတွက် တောက်ပတဲ့ အနာဂတ်တစ်ခု ပေးမယ်”
ယင်းက မိန်းမပျိုလေး၏ ရည်ရွယ်ချက် မဟုတ်တာ ဖြစ်နိုင်ပေ၏။ သို့သော် သူမ၌ သဘာဝအားဖြင့် နှိမ့်ချတတ်သော လေသံမျိုး ရှိပြီး သာမန်အရပ်သားကို မင်းသမီးတစ်ပါးက ပြောနေသည့်နှယ် ဖြစ်နေသည်။ ကျန်းရီက သူမ၏ မျက်နှာသာပေးမှုကို ပြန်ပေးဆပ်ချင်၏။ သို့သော် ကျန်းရီ၏ ခွန်အားဖြင့် သူမကို ဘာမှ မကူညီနိုင်ဟု သူမ တွေးခဲ့သည်။ ကျန်းရီက ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်ခဲ့လျှင် သူမက သူ့အတွက် အနာဂတ်ကောင်းကို ပေးမည်ဟုတောင် ဆိုခဲ့သေးသည်။
“ပေးအပ်မှာ..”
ထိုစကားလုံးက ကျန်းရီကို ဆိုးဆိုးဝါးဝါး နာကျင်စေသည်။ သူသည် အခြားသူများထံမှ မည်သည့်အရာကိုမှ တစ်ခါမှ မတောင်းခံခဲ့ချေ။ သူ ရရှိခဲ့သည့် အရာအားလုံးက သူ၏ ကြိုးစားမှုကြောင့်သာ ဖြစ်သည်။ သူ တစ်စုံတစ်ခုကို လိုချင်လျှင် သူ၏ အရည်အချင်းဖြင့် ထိုအရာအတွက် တိုက်ခိုက်ပေမည်။ သူ့အသက်ကို စွန့်စားကောင်း စွန့်စားပေမည်။ သို့သော် တစ်ဖက်လူ၏ သနားဂရုဏာစွန့်ကျဲမှုတို့အပေါ် ဘယ်တော့မှ မှီခိုမှာ မဟုတ်ပေ။
သို့သော် သူက ထိုမိန်းမပျိုလေးကို ဒေါသ မထွက်ပေ။ လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာက အဆင့်အတိုင်း အလိုက် ပြောင်းလဲနေပေ၏။ သူမ၏ ထိုကဲ့သို့ အစွမ်းထက်သော ရတနာတစ်ပါး ရှိနေပြီး အထီးကျန်အရှေ့ပိုင်း ပင်လယ်ထဲသို့ သူမဆန္ဒရှိသလို လှည့်လှည် သွားလာနိုင်၏။ နတ်ဆိုးဧကရီတောင် သူမကဲ့သို့ မလုပ်နိုင်ပေ။ သူမ၌ အတိုင်းထက်အလွန် ထူးကဲသော နောက်ခံ ရှိနေသည်မှန်း ပြောရန် မလိုပေ။
သူမက အမြင့်ဆုံးအဆင့် နတ်ဆိုးဧကရာဇ်နှင့် ကောင်းကင်ဧကရာဇ်ကို ဆက်တိုက်ပြောခဲ့၏။ သံသယဖြစ်ဖွယ် မလိုဘဲ သူမ၏ ဂိုဏ်းထဲ၌ သူမ၏မျိုးနွယ်စုတွင် ကောင်းကင်ဧကရာဇ်သိုင်းပညာရှင် များစွာ ရှိပေလိမ့်မည်။ သူမက ကျန်းရီကဲ့သို့ ဒုက္ခိတကို အထင်သေးတာ သာမန်သာ ဖြစ်၏။ ကျန်းရီက ထူးဆန်းသော အရည်အချင်း ရှိနေရာ မိုးကြိုးပင်လယ်ထဲသို့ သူ ဝင်ရောက်ခဲ့သည့် မသိရသော အခြေအနေမျိုးသည် မိန်းမပျိုကို စိတ်ဝင်စားစေသည့် ထူးဆန်းသော အရည်အချင်းရှိတာ ဖြစ်နိုင်ပေ၏။ မည်သို့ပင် ဆိုစေကာမူ သူသည် ကောင်းကင်အဆင့် ကျောက်တုံးများစွာကို သန့်စင်ခဲ့ပြီး သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့သည့် ဒုက္ခိတတစ်ဦးသာ ဖြစ်သည်။ ထိုမိန်းမပျိုလေးက သူ့ကို အထင်သေးတာ လူ့သဘာဝသာ ဖြစ်၏။
ကျန်းရီက သူ့တွင် နဂါးညှိုးခြောက် မြက်ပင် မရှိဘဲ သူက ဒုက္ခိတတစ်ဦးသာ ဖြစ်မည်မှန်း သိနေသည်။ သူ ယခုအချိန်တွင် ကျင့်ကြံနိုင်ခြင်း မရှိပေ။ တတိယမြောက် ကြယ်ပွင့်ထဲတွင် ရှိသော အတွင်းအားများက လွှမ်းမိုးနိုင်ပြီဖြစ်သည်။ သူက စတုတ္ထမြောက်ကြယ်ပွင့်ကို ကျင့်ကြံရဲခဲ့လျှင် သူ့ခန္ဓာကိုယ်က သေချာပေါက် ပေါက်ကွဲသွားပေလိမ့်မည်။ ထို့ကြောင့် မှော်ပညာများနှင့် တာအိုကို နားလည်သဘောပေါက်အောင် ဆင်ခြင်ခြင်း အပြင် ကျန်သည့်အရာများကို သူ မကျင့်ကြံနိုင်ပေ။ သူ့အရည်အချင်း တိုးတက်ဖို့က ကန့်သတ်ခံလိုက်ရပြီ ဖြစ်သည်။
ကျန်းရီက ကောင်းကင်ကြယ်တာရာနယ်မြေ၏ အုပ်စိုးသူ ဖြစ်ပြီး လှည့်လှည်သွားလာနေစဉ် သူက တစ်မူထူးခြားသည့် အရည်အချင်းရှိပြီး ဒုက္ခိတဖြစ်နေကာသူ့ဘဝ၌ ဗာဂျရာနယ်ပယ်အဆင့်သို့ ချိုးဖျက်တက်နိုင်ရန် မျှော်လင့်ချက် မရှိသော စိတ်ဝိညာဉ်မျောလွင့် ခရီးသွား သိုင်းပညာရှင်ကို ကယ်တင်ပြီး ထိုသိုင်းပညာရှင်ကို ကောင်းကင်ကြယ်တာရာ နယ်မြေသို့ ပြန်ခေါ်လာရမည်လော။
ကျန်းရီက ထိုသိုင်းပညာရှင်ကို ကယ်တင်ပြီး လမ်းတစ်ဝက်တွင် ချထားရစ်ခဲ့ကာ ထိုစကားလုံးများ ပြောရမည်လော။
“မင်း ဗာဂျရာနယ်မြေကို တက်လှမ်းနိုင်ခဲ့မယ် ဆိုရင် ကောင်းကင်ကြယ်တာရာနယ်မြေမှာ ငါ့ကို လာရှ မင်းအတွက် မဟာအနာဂတ်တစ်ခု ပေးအပ်မယ်”
သူက ခြေထောက်ကို ရွှေ့လျက် ကောင်းကင်စိတ်အာရုံကို အရှေ့သို့ ဖြန့်ကျက်လိုက်သည်။ အနီးပတ်ဝန်းကျင်ကို စစ်ဆေးနေစဉ် တစ်ချိန်တည်း၌ ပင်လယ်ရေမျက်နှာပြင်၌ ပေါ်လာတော့သည်။ သူက ဖီးနစ်အော်သံ နယ်မြေဆီသို့ ရောက်ခါနီးချိန်တွင် အချိန်မရွေး ရန်သူနှင့် တွေ့နိုင်သောကြောင့် သူ ဂရုစိုက်ရပေမည်။
သူက ယာ့ဇီသားရဲကို ခေါ်တာမျိုး နေရာရွေ့ပြောင်းတာမျိုး မလုပ်ရဲပေ။ ထိုနှစ်မျိုးလုံးက သူ၏ အမှတ်အသား ဖြစ်ပေ၏။ သူတို့ကို သူ သုံးလိုက်သည်နှင့် သံသယကို အလွယ်တကူ ဖိတ်ခေါ်ရာ ရောက်သွားပေလိမ့်မည်။ သူက အသွင်တစ်ရာ မျက်နှာဖုံးကိုလည်း ဝတ်ဆင်ထားပြီး ရုပ်ရည်ကို ပြောင်းလဲခဲ့၏။
နေ့ဝက်ခန့် ပြေးပြီးနောက် သူသည် အရှေ့၌ ကျွန်းစုလေး အချို့ကို စတင်တွေ့လိုက်ရတော့သည်။ ဖီးနစ်အော်သံနယ်မြေက သိပ်မဝေးဘဲ ကျွန်းစုများစွာ ရှိသည့် တိမ်ပါးသော ပင်လယ်ဒေသတစ်ခုသာ ဖြစ်သည်။
ဝှစ်..
ကျန်းရီက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ကြည့်လိုက်သည်။ မည်သူမျှ မရှိတာ အတည်ပြုပြီးနောက် ကျွန်းပေါ်သို့ တစ်ဟုန်ထိုး ပြေးသွားလိုက်တော့၏။ ဧကရီနန်းတော်က ဖျတ်ခနဲ လက်လာပြီး သူသည် အားလုံးကို ထုတ်ပေးလိုက်တော့သည်။
သူတို့အားလုံးက ဧကရီနန်းတော်ထဲ၌ တစ်လနီးပါးအပိတ်ခံထားရပြီးနောက် အပြင်ထွက်လာသည်နှင့် အလွန်စိတ်လှုပ်ရှားနေကြ၏။ ချမ်ဝမ်ကွမ်ကဆို တုန်ယင်နေပေသည်။
“ခေါင်းဆောင် မင်း အရှေ့ပိုင်း တော်ဝင်နယ်မြေရောက်နေတာလား မြန်လိုက်တာ တစ်လမပြည့်သေးဘူး ဟိုက်ရှားပါး ဒါ ချမ်ဝမ်ကွမ်ရဲ့ အချိန်ရောက်ပြီပဲ”
“ဖတ်.”
ကျန်းရီက သူ့ခေါင်းနောက်ကို ရိုက်ချလိုက်သည်။ စိတ်ပျက်လက်ပျက် ရယ်မြူးရိပ်တို့ဖြင့် သူက ပြောလိုက်၏။
“ငါတို့တွေ ဖီးနစ်အော်သံ နယ်မြေမှာပဲ ရှိသေးတယ်၊ နယ်မြေအပြင်ဘက်က ကျွန်းတစ်ကျွန်းမှာပဲ၊ အရှေ့ပိုင်းတော်ဝင်နယ်မြေ ဘယ်မှာလဲ ဆိုတာ ငါ မသိသေးဘူး”
“သခင်လေး..”
ကျန်းရှောင်နူက အနည်းငယ် မခံမရပ်နိုင်ဖြစ်ကာ တီးတိုးပြောလိုက်၏။
“ယာ့ဇီသားရဲက သခင်လေး အန္တရာယ်တွေ့နေပြီး သခင်လေးနောက်ကို နတ်ဆိုးဧကရာဇ်လိုက်နေတယ်လို့ ပြောတယ်၊ သခင်လေးက ကျွန်မကို ဘာလို့ မလွှတ်ပေးတာလဲ၊ အတူတူ တိုက်ခိုက်လို့ ရတာပေါ့ ပြီးတော့ အဲဒီနတ်ဆိုးဧကရာဇ်ကို ဘယ်လို ဖယ်ရှားလိုက်တာလဲ”
ကျန်းရီသည် လူအုပ်ကြီးကို လွှတ်ပြီး လွတ်လွတ်လပ်လပ် သွားနိုင်သည် ဆိုသောကြောင့် သူ နတ်ဆိုးဧကရာဇ် အလိုက်မခံရတော့တာ သိသာနေပေ၏။ သူတို့အဖွဲ့က သူ့ခွန်အားကို ကောင်းကောင်း သိသောကြောင့် နတ်ဆိုးဧကရာဇ်ကို သူ သတ်ရန် မဖြစ်နိုင်ပေ။
“ပြောရရင် အရှည်ကြီးပဲ”
ကျန်းရီက သူတို့ကို ခရမ်းရောင်ဆံနွယ်မိန်းမပျိုအကြောင်း ပြောပြလိုက်၏။ လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ကြောက်လန့်သွားကြကာ သူတို့မျက်နှာက ပိုသုန်မှုန်လာတော့သည်။ အပြင်လောကက အင်မတန် အန္တရာယ်များပေ၏။ အစွမ်းထက်သော ခွန်အားဖြင့် ကျန်းရီတောင် ဆိုးဆိုးရွားရွား သေသွားနိုင်ပေ၏။
“ကောင်းပြီ အတွေးမလွန်ကြနဲ့၊ အရင်ဆုံး သားရဲနှစ်ကောင်ကို ဖမ်းလိုက်မယ် ကောင်းကောင်းမွန်မွန် စားသောက်ကြတာပေါ့ ပြီးရင် ဒီကျွန်းပေါ်မှာ တစ်ညလောက် နားမယ်.. ပြီးတော့ ဧကရီနန်းတော်ထဲ မင်းတို့ ထပ်သွားလိုက် အပြည့်အဝ လုံခြုံတဲ့အချိန်အထိ မင်းတို့ကို မလွှတ်ပေးနိုင်သေးဘူး မင်းတို့ နားလည်မယ်လို့ မျှော်လင့်တယ်”
သူ ပြောပြီးသည့် အချိန်၌ ကျန်းရီက ကျွန်း၏ အလယ်ဆီသို့ တစ်ဟုန်ထိုး သွားလိုက်သည်။ လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီး ခါးသက်စွာ ပြုံးလိုက်ကြသည်။ ကျန့်ဝူရွှမ်း၏ မျက်လုံးထဲတွင် ငြင်းဆန်လိုရိပ် ရှိနေ၏။ သူ၏ ကျင့်ကြံမှုက ကောင်းကင်ကြယ်တာရာနယ်မြေတွင် အဆင်ပြေကောင်း ပြေနိုင်သော်ငြား သူက စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်သာ ရှိသေးရာ ကျန်းရီကို မကူညီနိုင်ပေ။
သူတို့အဖွဲ့က ကျန်းရီ၏ စီမံမှုကို နားလည်သည်။ ယခုအချိန်တွင် သူတို့ လုပ်နိုင်သည်က ဆက်လက်ကျင့်ကြံပြီး သူတို့ခွန်အားကို တိုးတက်စေရန်သာ ဖြစ်သည်။ သို့မှသာ နောင်၌ ကျန်းရီကို ကူညီနိုင်မှာပဲ ဖြစ်သည်။ တစ်နပ်စားသောက်ပြီးနောက် ကျန်းရီသည် ဓားမြောင်တစ်လက် ထုတ်ကာ သူ၏ အနီရောင်ဆံနွယ်များကို ရိတ်လိုက်၏။ ပြီးနောက် ယွင်ဖေးဆီမှ ခရမ်းရွှေရောင် နားဆွဲကို ထုတ်ပြီးနောက် ဘယ်ဘက်နားကို အပေါက်ဖောက်ကာ ဝတ်လိုက်တော့သည်။ ပြီးနောက် သားရေတိုက်ပွဲဝင် ဝတ်ရုံကို ပြောင်းလဲကာ ဝတ်ဆင်လိုက်သည်။ သူ၏ သွင်ပြင်က ကျန်းရှောင်နူတောင် သူ့ကို မမှတ်မိလောက်တဲ့အနေအထားအထိ ပြောင်းလဲသွားသည်။
“မိုက်ချက်ပဲ ခံ့ညားလိုက်တာ ခေါင်းဆောင် ခေါင်းဆောင်က သိပ်မိုက်တာပဲ၊ မိန်းကလေးတွေ အများကြီးက သူတို့ စိတ်နှလုံးတွေ အားလုံး ဆုံးရှုံးကုန်တော့မှာပဲ”
ချမ်ဝမ်ကွမ်က သူ့ကို လက်မထောင်ပြလိုက်၏။ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးကလည်း ကြိတ်ရယ်လိုက်သည်။ သို့သော် ကျန်းရှောင်နူက မရယ်ခဲ့ပေ။ သူမ၏ မျက်လုံးထဲ၌ စွဲလမ်းမှု အရိပ်အယောင် ရှိနေ၏။ သူမအဖို့ ကျန်းရီ မည်ကဲ့သို့ ဝတ်စားဆင်ယင်စေကာမူ သူမက သူ့ကို အမြဲတမ်း ကြိုက်နေမှာပဲ ဖြစ်သည်။ ကျန်းရီက အသက်(၁၈)နှစ် ပြည့်ခါနီးပြီ ဖြစ်သည်။ သူက အရပ်(၆)ပေ နီးပါး ရှိပြီး ကျယ်ပြန့်သော ပခုံး၊ သေးသွယ်သော ခါးနှင့် ခြေတံရှည်များ ရှိသည်။ သူက မပိန်လွန်း မဝလွန်းပေ။ သူ၌ ပြီးပြည့်စုံလုနီးပါး ရုပ်ခန္ဓာရှိပေ၏။
အလွန်ချောမောခံ့ညားသည် ဟူ၍ သတ်မှတ်၍ မရသော်လည်း ယောက်ျားပီသသော သွင်ပြင်ရှိသည်။ အရေးအကြီးဆုံးက သူသည် ကိစ္စရပ်များစွာကို ကြုံတွေ့ခဲ့ပြီး လူများစွာကို သတ်ဖြတ်ခဲ့၏။ သူသည် စစ်သားတစ်သန်းကျော်ကို ဦးဆောင်ခဲ့ပြီး နယ်မြေ၏ အမြင့်ဆုံးနေရာ၌ ရပ်နိုင်ခဲ့သည်။
တစ်ဆင့်တက်သွားသည်နှင့် သူ၏ ရဲဝင့်မှုတို့ကလည်း ပိုကောင်းလာခဲ့သည်။ ကျန်းရီက သူ့အမူအကျင့်ကနေ အုပ်စိုးသူတစ်ဦး၏ အရှိန်အဝါမျိုး ထုတ်ဖော်နေသည်။ သူ့မျက်ဝန်းများက စူးရှသည်။ သူ၌ မူမမှန်ထူးခြားသော အကျင့်စရိုက်ရှိသည်။ သူ၏ ဆယ်ကျော်သက် ခန္ဓာကိုယ်က အရွယ်ရောက်ပြီး လူတစ်ဦး၏ ဩဇာမျိုး ပိုင်ဆိုင်ထားကာ ထူးချွန်ထက်မြက် လွန်းပေ၏။ သူက သူတို့ဂိုဏ်းကို မှီခိုအားထားနေသည့် ရုပ်ချောချော ကောင်လေးများထက် ပိုတော်ပေသည်။ အထူးသဖြင့် ကျန်းရီက မိန်းကလေးများကို အမှန်တကယ် ဆွဲဆောင်နိုင်ပေသည်။
“ကောင်းပြီ အားလုံးနားကြတော့ မနက်ဖြန်ကျရင် ငါ ဖီးနစ်အော်သံနယ်မြေကို သွားပြီး အရှေ့ပိုင်းတော်ဝင် နယ်မြေအကြောင်း သတင်းတွေ ရှာကြည့်အုံးမယ်”
လူအုပ်ကြီး၏ တုံ့ပြန်မှုကနေ ကျန်းရီက သူ၏ရုပ်ဖျက်မှု အောင်မြင်ကြောင်း သိလိုက်သည်။ သူနှင့် ရင်းနှီးသည့် သူများတောင် သူ့ကို မှတ်မိရုံမျှသာ ရှိရာ ဖီးနစ်အော်သံ နယ်မြေထဲတွင် သူ ပိုလုံခြုံပေလိမ့်မည်။ အနည်းဆုံးတော့ ပထမဆုံး စတွေ့ချိန်တွင် သိုင်းခန်းမဆောင်မှာ လူများ ရှာတွေ့တာ မဖြစ်နိုင်တော့ပေ။
***