ဒုတိယအမိန့်
Vol. 20 Ch. 298
"ရှင်တို့အားလုံး ကျွန်မမောင်လေး ပိုင်ကျီဟန် ကို အနိုင်တိုက်ရမယ်။ အဲဒါသာ လုပ်နိုင်မယ်ဆိုရင် ရှင်တို့ရဲ့ လက်ထပ်ခွင့် တောင်းဆိုမှုကို ကျွန်မ စဉ်းစားပေးပါ့မယ်"
ထိုသို့ဖြစ်လာနိုင်ခြေ လုံးဝမရှိသည်ကို သိထားသဖြင့် ပိုင်ရွှယ်ချင်းသည် ဤကဲ့သို့ မဖြစ်
နိုင်သော သတ်မှတ်ချက်ကို ထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။
ပိုင်ကျီဟန်ကို အနိုင်ယူရမည်လား?
ဂိုဏ်းများနှင့် မျိုးနွယ်စုများမှ အကြီးအကဲများပင်လျှင် ထိုအရာကို မလုပ်နိုင်ကြချေ။ သူမကိုပင် အနိုင်မတိုက်နိုင်သော ဤလူများက ဘာလုပ်နိုင်မည်နည်း
ဤသတ်မှတ်ချက်သည် ထိုသူများကို လက်ခံစေရန် လုံလောက်လိမ့်မည်ဟု သူမ ထင်မှတ်ထားသည်။ ၎င်းမှာ မည်မျှ မဖြစ်နိုင်ကြောင်း သူတို့ သိရှိသွားသည့်အခါ လက်ထပ်ဖို့ လက်လျှော့သွားကြလိမ့်မည်။
"ပိုင်ကျီဟန်ကို အနိုင်တိုက်ရမယ် ဟုတ်လား? ဟား! ဒါက သူ့ကို ရယ်အောင်လုပ်ဖို့ ကြိုးစားရတာထက် အများကြီး ပိုကောင်းသေးတယ်”
"အနည်းဆုံးတော့ ဒါက ရှင်းလင်းတာပေါ့။ ခွန်အားဆိုတာ ငါတို့ တိုင်းတာလို့ရတဲ့ အရာပဲ”
"သူ ဘယ်လောက်ပဲ သန်မာပါစေဦးတော့၊ ငါတို့အားလုံးကို တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် တိုက်နိုင်မှာ မဟုတ်ပါဘူး"
ချစ်ရေးဆိုသူများအကြားတွင် စိတ်လှုပ်ရှားမှုများ ပျံ့နှံ့သွားသည်။ အများစုမှာ စိတ်သက်သာရာရသွားသည့် အမူအရာဖြင့် ကျောကို မတ်လိုက်ကြ၏။
ပိုင်ကျီဟန်၏ ထူးဆန်းသော ဟာသစမ်းသပ်ချက်နှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ သူတို့ နားလည်သဘောပေါက်နိုင်သော၊ ကျင့်ကြံသူများလောကနှင့် ကိုက်ညီသော စိန်ခေါ်မှုမျိုး ဖြစ်သည်
သို့သော်လည်း လူတိုင်းက ထိုသို့ စိတ်မလှုပ်ရှားကြပေ။
ပိုင်ကျီဟန်၏ စွမ်းအားကို ယခင်က မြင်တွေ့ခဲ့ဖူးသူများ—မိုထျန်းကျီ ကဲ့သို့သော သူများကိုပင် မညှာမတာ အလွယ်တကူ အရှက်ခွဲခဲ့ပုံနှင့် တတိယမြောက် နတ်ဆိုးစစ်သူကြီး ကုံးယောင်ကို ရင်ဆိုင်ကာ အသက်ရှင်ကျန်ရစ်ခဲ့ပုံကို သိထားသူများမှာမူ ပို၍ သတိကြီးကြသည်။
ထိုအကြောင်းကို အားလုံးထက် ပိုသိသူမှာ အဖြစ်အပျက်အားလုံးကို ကိုယ်တိုင်မြင်ခဲ့ရသည့် တတိယမင်းသား ယုဝမ်ကျောက်ပင် ဖြစ်သည်။
ဂလု!
(ပိုင်ကျီဟန်ကို အနိုင်ယူရမယ် ဟုတ်လား?)
ပိုင်ကျီဟန် တစ်ယောက်တည်းကပင် မျိုးနွယ်စုနှင့် ဂိုဏ်းအားလုံးမှ ပါရမီရှင်များ၏ အသက်ဖြင့် ခြိမ်းခြောက်ကာ အားလုံးကို ငြိမ်သက်သွားအောင် လုပ်ခဲ့သည့် အချိန်အား သူ ကောင်းကောင်း မှတ်မိနေသေးသည်။
ပိုင်ကျီဟန် လုပ်ခဲ့သည့် တစ်ခုကို သူ မှတ်မိနေပြီး လက်ဖျောက်တစ်ချက်တီးရုံဖြင့် အသတ်ခံရနိုင်သည်ဟု တွေးမိတိုင်း သူ ကြောက်လန့်နေမိဆဲ ဖြစ်သည်။
သူ့ကို အနိုင်ယူဖို့သည် အခွင့်အရေးတစ်ခု မဟုတ်ဘဲ အရှက်ကွဲဖို့အတွက် လောင်းကြေးထပ်ရသလို ဖြစ်နေလိမ့်မည်။ အခြားသော သူအချို့လည်း ထိုအတိုင်းပင် ခံစားနေရသည်။
ပိုင်ကျီဟန်နှင့် ပတ်သက်သည့် ကောလာဟလများကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အနည်းဆုံးတော့ သူသည် ဝိညာဉ်ဖွဲ့စည်းမှုအဆင့်တွင် ရှိနေဆဲဖြစ်ပြီး ဤနေရာ၌ စုဝေးနေသူ အများအပြားသည် ထိုကျင့်ကြံမှုအဆင့်ကို ယှဉ်နိုင်စွမ်း မရှိကြပေ။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နေသူ အချို့ရှိသော်လည်း ကောင်းကင်အဆင့် ပညာရပ်ကို သင်ယူထားသည့် ပိုင်မျိုးနွယ်စု၏ အမွေဆက်ခံသူနှင့် တိုက်ခိုက်ရသည်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။
"သခင်မလေးပိုင်... ကျွန်တော့်ရဲ့ ရဲတင်းမှုကို ခွင့်လွှတ်ပါ၊ ဒါပေမဲ့ ဒါက တစ်ဦးချင်း တိုက်ခိုက်ရမှာလား? ဒါမှမဟုတ်... ကျွန်တော်တို့ အုပ်စုလိုက် တိုက်ခိုက်လို့ ရမလား?"
ထိုသို့မေးလိုက်သူကို အချို့က အုပ်စုလိုက် တိုက်ခိုက်ချင်သည့် သူ၏ သူရဲဘောကြောင်မှုအပေါ် အထင်အမြင်သေးစွာ ကြည့်လိုက်ကြသည်။
သို့သော် အချို့ကတော့ မျှော်လင့်ချက်အရောင်လေးများ မြင်လာကြ၏။ လူအင်အားသာ များမည်ဆိုလျှင် သူတို့ အောင်မြင်နိုင်ခြေ ပိုများလာမည် မဟုတ်ပါလော
ထို့နောက် လူတိုင်း၏ အကြည့်များသည် ပိုင်ရွှယ်ချင်းထံသို့ ရောက်ရှိသွားပြီး သူမ၏ အဖြေကို စောင့်ဆိုင်းနေကြတော့သည်။
သူမ၏ မျက်နှာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး အကြည့်များသည် လေငြိမ်သက်နေသော ညမှ လမင်းကဲ့သို့ တည်ကြည်နေသည်။
"တစ်ဦးချင်းပဲဖြစ်ဖြစ်၊ အုပ်စုလိုက်ပဲဖြစ်ဖြစ်... အရေးမကြီးပါဘူး။ ရှင့်တို့ သူ့ကို အနိုင်ယူနိုင်သရွေ့ ရှင်တို့ရဲ့ စိတ်ရင်းစေတနာကို ကျွန်မ ထည့်သွင်းစဉ်းစားပေးပါ့မယ်။"
ပိုင်ရွှယ်ချင်းသည် ထပ်မံစဉ်းစားနေစရာမလိုဘဲ ပြန်ဖြေလိုက်သည်။
လူအုပ်ကြားတွင် တီးတိုး ပြောသံများ ဟုန်းခနဲ ထွက်ပေါ်လာသည်။
အချို့က လက်သီးကို တင်းတင်းဆုပ်လိုက်ကြပြီး မျက်လုံးထဲတွင် တောက်လောင်လာသည်။ အုပ်စုလိုက်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိ၏
အချို့ကတော့ တံတွေးကို ခက်ခဲစွာ မြိုချလိုက်ကြသည်။ စုပေါင်းတိုက်ခိုက်လျှင်ပင် အောင်ပွဲမှာ သေချာပေါက် ရနိုင်လိမ့်မည် မဟုတ်ကြောင်း သဘောပေါက်သွားကြ၍ ဖြစ်သည်။ ထိုအချိန်တွင်ပင် ဆူညံသံများကို ဖြတ်ကျော်ကာ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"တော်ပြီ”
ပိုင်ကျီဟန်သည် အနည်းငယ် ရှေ့သို့ ကိုင်းညွှတ်လိုက်သည်။
"အစ်မ... အစ်မက ကျွန်တော့်ဆီက ခွင့်ပြုချက်တောင် မတောင်းခဲ့ပါလား။ ကိုယ့်ရဲ့ လက်ထပ်ပွဲကို ရှောင်ချင်ရုံနဲ့ ဒီလို နုနယ်တဲ့ မောင်လေးကို ဒီလူရိုင်းတွေကြားထဲ ဘယ်လိုလုပ် ပစ်ထည့်နိုင်ရတာလဲ?"
ပိုင်ကျီဟန်က ပြောလိုက်သည်။
ပိုင်ရွှယ်ချင်းသည် မျက်လုံးအသာဝေ့လိုက်သည်။
ဘာ နုနယ်တဲ့ မောင်လေးလဲ?
၎င်းသည် ခြင်္သေ့တစ်ကောင်ကို ယုန်လှောင်အိမ်ထဲ ပစ်ထည့်လိုက်တာထက် မပိုပေ။
ထိုအတောအတွင်း ချစ်ရေးဆိုသူများမှာမူ သူတို့ကို လူရိုင်းများအဖြစ် ပိုင်ကျီဟန် ရည်ညွှန်းလိုက်ခြင်းအပေါ် လျစ်လျူမရှုနိုင်ကြချေ။
"ဟေး... ငါတို့က မင်းလောက် ရုပ်မချောရင်တောင် ငါတို့မှာ ကိုယ်ပိုင် ကျော့ရှင်းမှုနဲ့ ခန့်ညားမှုတွေ ရှိပါသေးတယ်ကွ"
သို့သော် စောင့်ကြည့်နေသော မိန်းကလေးများကတော့ ထိုသူများကို ပိုင်ကျီဟန်နှင့် နှိုင်းယှဉ်လျှင် လူရိုင်းများနှင့် တူနေသည်ကို သေချာပေါက် သဘောတူကြလိမ့်မည်။ နှစ်ဦးနှစ်ဖက်မှာ နှိုင်းယှဉ်စရာပင် မရှိပေ။
"နင့်ကို အဖေက ငါ့အတွက် ခင်ပွန်းတစ်ယောက် ရွေးချယ်ပေးဖို့ ဒီကို လွှတ်လိုက်တာ မဟုတ်ဘူးလား?"
သူမက ပြန်လည် တုံ့ပြန်လိုက်သည်။
"အဲဒါဆို ငါလုပ်တာနဲ့ နင်လုပ်တာ ဘာကွာလို့လဲ?နင် နည်းလမ်းတွေနဲ့ သူတို့ကို စမ်းသပ်တယ်၊ ငါကလည်း ငါ့နည်းလမ်းနဲ့ ငါစမ်းသပ်တာပဲ။"
"ပြီးတော့ ငါ့ရဲ့ စမ်းသပ်ချက်က နင်ထက် အများကြီး ပိုမကောင်းဘူးလား? ရှင်တို့အားလုံးလည်း သဘောတူကြတယ်မလား?"
သူမသည် ချစ်ရေးဆိုသူ အုပ်စုကို မေးလိုက်ရာ အားလုံးက ခေါင်းညိတ်ပြီး လွယ်
လွယ်ကူကူပင် သဘောတူလိုက်ကြသည်။
"ဟုတ်တယ်၊ ဒါက ပိုကောင်းပါတယ်”
"ပြီးတော့ သခင်မလေး ပိုင်ရွှယ်ချင်း ကိုယ်တိုင်က တောင်းဆိုနေတာပဲ။ သခင်လေးပိုင်အနေနဲ့လည်း အစ်မကို ကူညီရတာ ပျော်သင့်တာပေါ့။"
(ဒီမိန်းကလေး... ငါ့ကို အသုံးချချင်နေတာပဲ။)
ပိုင်ကျီဟန် စိတ်ထဲတွင် မသက်မသာ တွေးလိုက်မိသည်။ အခြားသူများကို အသုံးချရသည်မှာ သူ၏ အကြိုက်ဖြစ်ပြီး အခြားသူ၏ အသုံးချခံရခြင်းကိုမူ သူ လုံးဝ အလိုမရှိပေ။
(ဟွန်း အစ်မရဲ့ အစီအစဉ်ကို ငါ ဖျက်ဆီးပစ်
မယ်။)
ပိုင်ကျီဟန် တွေးလိုက်သည်။ ပိုင်ရွှယ်ချင်းသည် လက်ထပ်ပွဲကို ရှောင်လွှဲရန် အသည်းအသန် ကြိုးစားနေပြီး သူ့အား အသုံးချရန် ကြံစည်နေသည်ကို သူ သိနေသည်။
ဒါပေမဲ့ သူက ဘာလို့ အလွယ်တကူ အလျော့ပေးမည်နည်း
တမင်တကာ အရှုံးပေးလိုက်ပြီး လူတွေကို အောင်မြင်အောင် လုပ်ပေးလိုက်ဖို့ စဉ်းစားလိုက်သည်။ ထိုသို့ဆိုလျှင် စမ်းသပ်ပွဲအပြီးတွင် ပိုင်ရွှယ်ချင်းသည် ဤချစ်ရေးဆိုသူအုပ်စုနှင့် ဆက်လက် ရင်ဆိုင်ဖြေရှင်းရပေတော့မည်။
(ဟားဟား... ငါ့ကို အသုံးချရအောင် ဘယ်သူမို့လို့လဲ? အစ်မ.. အစ်မက အဲဒီလိုလုပ်ဖို့ အရမ်းနုသေးတယ်လေ။)
ပိုင်ကျီဟန် တွေးရင်းနှင့် လှောင်ပြုံးတစ်ခု ပြုံးလိုက်ရာ ၎င်းကို ပိုင်ရွှယ်ချင်းက သတိမထားမိဘဲ မနေပေ။
"ကောင်းပြီလေ—"
ပိုင်ကျီဟန် သဘောတူတော့မည့်ဆဲဆဲမှာပင် ပိုင်ရွှယ်ချင်းသည် သူ့ရှေ့သို့ ရုတ်တရက် ရောက်ရှိလာသဖြင့် သူ အနည်းငယ် လန့်သွားရသည်။
"နင် တမင်တကာ အရှုံးပေးဖို့တော့ မစဉ်းစားနေဘူးမလား?"
ပိုင်ရွှယ်ချင်းသည် သူမ၏မျက်နှာတွင် အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
"ဒါဆိုရင် ဒါက ငါ့ရဲ့ ဒုတိယအမိန့်ပဲ။ ငါ့ရဲ့လက်ထပ်ပွဲကို ရှောင်လွှဲနိုင်အောင် အမြဲတမ်း ကူညီပေးရမယ်”
ပိုင်ရွှယ်ချင်း တောင်းဆိုလိုက်သည်။
"အမြဲတမ်းလား?"
ပိုင်ကျီဟန်က ပြန်မေးသည်။
"ဟွန်း နင် ဘာလုပ်မလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒီနေ့တော့ ငါ့ကို ကူညီလိမ့်မယ်၊ ဒါပေမဲ့ မနက်ဖြန်ကျရင်တော့ ဒီချစ်ရေးဆိုသူအုပ်စုကို ခေါ်လာတဲ့သူက နင် ဖြစ်နေနိုင်တာပဲ။ ဒါကြောင့် ငါ့ရဲ့လက်ထပ်ပွဲကို ရှောင်လွှဲနိုင်အောင် အမြဲတမ်း ကူညီပေးရမယ်။"
"ဘာပဲဖြစ်ဖြစ်... နင့်ရဲ့ ပျင်းရိတဲ့ အကျင့်ကို ငါသိတာမို့၊ ဒီလူတွေကို ထပ်ခါထပ်ခါ ရင်မဆိုင်ချင်ဘူးဆိုရင်တော့ သူတို့တွေ လုံးဝ လွင့်စင်သွားအောင် တစ်ခါတည်းနဲ့ နှင်ထုတ်ပစ်နိုင်မယ်လို့ ငါထင်တယ်။"
ပိုင်ရွှယ်ချင်းက ထပ်လောင်းပြောကြားလိုက်သည်။
အမှန်စင်စစ် သူမ၏ လက်ထပ်ပွဲကိစ္စ ပြောဆိုသည့်အခါတိုင်း သူ ပါဝင်ဖြေရှင်းပေးရမည်ဟု ပိုင်ကျီဟန် သိသွားပါက သူမ နောက်ထပ် ရင်ဆိုင်နေစရာ မလိုတော့အောင် တစ်ခါတည်းနှင့် အပြီးအပြတ် ကိုင်တွယ်ဖြေရှင်းပစ်လိမ့်မည်ဟု သေချာပေါက် ယုံကြည်နေခြင်း ဖြစ်သည်။
"တောက်”
ပိုင်ရွှယ်ချင်းသည် ဘယ်အချိန်ကစပြီး ထိုကဲြသို့ ဉာဏ်ကောင်းသွားမှန်း ပိုင်ကျီဟန် မသိတော့ချေ။
(ဒီကောင် နီဖန်းကျိုး! သူ့ကို မြင်တာနဲ့ ငါ သတ်ပစ်မယ်။)
သူသည် လောင်းကြေးရှုံးခဲ့ရခြင်း၏ အကြောင်းရင်းခံဖြစ်သော နီဖန်းကျိုးကို နောက်တစ်ကြိမ် ထပ်မံ ကျိန်ဆဲလိုက်မိပြန်သည်။
ထုံးစံအတိုင်းပင် ပိုင်ကျီဟန်သည် အခြားသူများကဲ့သို့ပင် မိမိလုပ်ရပ်အတွက် တာဝန်ယူရမည့်အစား အခြားသူကို အပြစ်ပုံချရာ၌ ကျွမ်းကျင်လှသူ ဖြစ်သည်။
"ကောင်းပြီ၊ ကောင်းပြီ”
သူ့တွင် သဘောတူရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ အမှန်အတိုင်းပြောရလျှင် ဤဒုတိယအမိန့်သည် ပထမတစ်ခုထက်စာလျှင် အများကြီး ပိုလွယ်ကူပါသေးသည်။
ချစ်ရေးဆိုသူ အုပ်စုမှာလည်း ပြင်ဆင်မှုများ စတင်နေကြပြီ ဖြစ်သည်။
အချို့သည် ပိုင်ကျီဟန်ကို စုပေါင်းတိုက်ခိုက်ရန် အုပ်စုဖွဲ့နေကြပြီး အချို့ကမူ ပိုင်ကျီဟန် အင်အားကုန်ခမ်းသွားချိန်ကျမှ တိုက်ခိုက်ရန် နောက်နားတွင် စောင့်ဆိုင်းနေကြသည်။
ဘေးမှ စောင့်ကြည့်နေသူများသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုနေကြသည်။ အမှန်စင်စစ် ပိုင်ကျီဟန်နှင့် ပတ်သက်သည့် ကောလာဟလများစွာ ရှိသော်လည်း သူ၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးသူမှာမူ မရှိသလောက်ပင်။ သူသည် တစ်ချိန်က သိခဲ့ကြသည့် အသုံးမကျသူမှ အတိုင်းအဆမရှိ စွမ်းအားကြီးမားသည့် ပါရမီရှင်တစ်ဦးအဖြစ် တကယ်ပဲ ပြောင်းလဲသွားပြီလား?
"ငါတို့ ဒါကို ဘယ်လို စလုပ်ကြမလဲ?"
"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူတွေ အရင်စတိုက်သင့်တာပေါ့?"
"မင်းတို့ သိထားရမှာက ငါတို့ထဲက တစ်ယောက်ယောက်က ပိုင်ကျီဟန်ကို အနိုင်ယူလိုက်တာနဲ့ ကျန်တဲ့သူတွေအားလုံး အရည်အချင်း မပြည့်မီတော့ဘဲ ပြုတ်ကုန်မှာနော်၊ ဟုတ်တယ်မလား?"
သူတို့သည် မည်သည့်အချိန်တွင် တိုက်ပွဲဝင်ရမည်ကို တွက်ချက်ရင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
အရင်စတိုက်လျှင် ချက်ချင်း ရှုံးနိမ့်သွားနိုင်သည့် အန္တရာယ်ရှိသည်။
သို့သော် နောက်ဆုံးမှ တိုက်မည်လား?
အကယ်၍ ရှေ့က စိန်ခေါ်သူသာ ပိုင်ကျီဟန်ကို အနိုင်ယူသွားခဲ့လျှင် သူတို့သည်လည်း သဘာဝကျကျပင် အရည်အချင်း မမှီ ဖြစ်သွားပေလိမ့်မည်။
ပိုင်ကျီဟန်သည် သူတို့ကို အထင်အမြင်သေးသော အကြည့်များဖြင့် ကြည့်ရင်း ပေါ့ပေါ့ပါးပါး ရှေ့သို့ လှမ်းတက်လိုက်သည်။
(ငတုံးတွေ)
သူ၏ စမ်းသပ်ချက်ကိုသာ သဘောတူခဲ့ကြလျှင် သူတို့အနေနဲ့ အောင်မြင်ဖို့ အခွင့်အရေး ပိုများနေဦးမည်။ သူ သဘောထားကြီးခဲ့ပါလျက်နှင့် ယခုတော့ ရလဒ်သည် ဤသို့ ဖြစ်လာခဲ့ချေပြီ။
"ဒါကို တကယ်ပဲ သေချာရဲ့လား?"