ကောင်းကင်နတ်ဆိုးယာမာ
Vol. 12 Ch. 113
ရှန်းယီ၏ခန္ဓာကိုယ်သည် ကျားနတ်ဆိုးကြီး၏ရှေ့တွင် သေးငယ်ပုံပေါက်သော်လည်း တည်ငြိမ်စွာ အသာစီးရယူထားလေသည်။
လျှို့ဝှက်အလင်းတန်းများ ယှက်သန်းနေသော သွယ်လျသည့် လက်ချောင်းငါးချောင်းသည် ၎င်း၏ခန္ဓာကိုယ်ပေါ်သို့ ဆက်တိုက် ရိုက်နှိပ်လိုက်ပေ၏။
ဆိတ်ငြိမ်သေဆုံးခြင်း အငွေ့အသက်များသည် ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ သွေးကြောများကို တိုက်စားသွားလေသည်။
ဤအခိုက်အတန့်တွင် သေခြင်းရှင်ခြင်းဇင်ခန္ဓာကိုယ်နှင့် သွေးကြောဖြတ်နဂါးဖမ်းသိုင်းတို့ ပေါင်းစပ်သွားကာ ယခင်ကထက် များစွာ သာလွန်သော အစွမ်းသတ္တိကို ထုတ်ဖော်လိုက်ပေသည်။
နတ်ဆိုးများသည် မူလကတည်းက ခွန်အားကြီးမားကြသည်၊အမြုတေဖွဲ့စည်းခြင်းအဆင့် ကျားနတ်ဆိုးဆိုလျှင် ဆိုဖွယ်ရာ မရှိပေ။
၎င်းသည် နတ်ဆိုးသခင် ဟု ခေါ်ဆိုထိုက်သော အရည်အချင်း ပြည့်မီနေပြီဖြစ်သည်။
သို့သော် ထိုသာမန်လက်ဝါးရိုက်ချက်များရှေ့တွင် ကျားကြီးမှာ ဆက်တိုက် နောက်ဆုတ်နေရပြီး တစ်ကိုယ်လုံး ထုံကျင်ကိုက်ခဲကာ စူးရှသော နာကျင်မှုကို ခံစားနေရသည်။
သိသာထင်ရှားစွာပင် ပိတ်ဆို့ခြင်းနည်းလမ်းတစ်ခုခု မိထားသကဲ့သို့ ဖြစ်နေလေသည်။
၎င်း၏မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။
ဤမျှ ပြင်းထန်သော လက်ဝါးစွမ်းအားမျိုးကို ကျောက်စိမ်းအဆင့် သိုင်းပညာရှင်တစ်ဦးက မည်သို့ ထုတ်ဖော်နိုင်မည်နည်း။
အလစ်အငိုက် တိုက်ခိုက်ခြင်း မဟုတ်လျှင်ပင် မိမိထက် အများကြီး အားနည်းနေမည် မဟုတ်ပေ။
ပြင်ပခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်လော။
"ဝေါင်း"
ဟိန်းဟောက်သံနှင့်အတူ ၎င်း၏ကျောကုန်းပေါ်မှ ဓားရှည်သည် ပြင်းထန်စွာ တုန်ခါသွားသည်။ ဤသည်မှာ ကြွက်သားများ အားယူလိုက်ခြင်း၏ သင်္ကေတဖြစ်သည်။
သန်မာသော ကျားခြေထောက်များသည် မြေကြီးကို ဆောင့်ကန်လိုက်ပြီး ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်လေသည်။
လက်မောင်းများပေါ်တွင် စူးရှသော ရွှေရောင်အလင်းများ ပေါ်ထွက်လာပြီး အစိုင်အခဲအဖြစ် စုစည်းထားသော ကန်းချီစွမ်းအင်များ ပေါက်ကွဲထွက်လာပေသည်။
၎င်းသည် လက်နှစ်ဖက်ကို ယှက်ကာ ခေါင်းကို ကာကွယ်လိုက်ပြီး ခြေကွက်ပြင်ကာ ရှန်းယီ၏ လက်ဝါးချက်ကို ထပ်မံ ခုခံရန် ပြင်ဆင်လိုက်သည်။
ထိုစဉ် ကျားနတ်ဆိုးငယ်သည် ရုတ်တရက် ခုန်တက်လာပြီး အစ်ကိုဖြစ်သူ၏ခါးကို ကန်လိုက်လေသည်။
ဤလုပ်ရပ်ကြောင့် ကျားနတ်ဆိုးကြီးသာမက ရှန်းယီပင် အနည်းငယ် အံ့အားသင့်သွားရပေသည်။
တောင်ကြီးတစ်လုံးပမာ ပြိုကျလာသော ခန္ဓာကိုယ်ကြီးကို ရှောင်တိမ်းရန် မဖြစ်နိုင်တော့သဖြင့် လက်ဝါးရိုက်ချက်ကို ရပ်တန့်ကာ တံတောင်ဆစ်ဖြင့် တစ်ဖက်လူ၏မျက်နှာကို ထုချလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ကျားနတ်ဆိုးငယ်သည် ဝင့်ကြွားစွာ ခုန်တက်လိုက်ပြီး ကျယ်ပြန့်သော ကျားလက်ဖဝါးများပေါ်မှ သံမဏိဓားသဖွယ် ထက်ရှသော လက်သည်းများကို ထုတ်ဖော်လိုက်သည်။
ထိုလူသားက အစ်ကိုဖြစ်သူနှင့် ရှုပ်ထွေးနေသည်ကို အခွင့်ကောင်းယူကာ သုံးကျန်း ခန့် ကျယ်ဝန်းသော ရွှေရောင် ကန်းစွမ်းအင်များကို ထုတ်လွှတ်ပြီး နှစ်ယောက်စလုံးဆီသို့ ပစ်လွှတ်လိုက်ပေ၏။
ဤတိုက်ကွက်သည် အလွန် ပါးနပ်ပြီး ရှန်းယီကို အသက်ရှူချိန်ပင် မပေးချေ။ထိုသို့ ပြုလုပ်ရခြင်း၏ပေးဆပ်မှုအနေဖြင့် ၎င်း၏အစ်ကိုဖြစ်သူသည်လည်း တိုက်ခိုက်မှု၏ပစ်မှတ်တစ်ခု ဖြစ်သွားရလေသည်။
ထိုအခြေအနေကို မြင်သောအခါ ရှန်းယီသည် ပြင်းထန်သော ဒူးတိုက်ချက်ဖြင့် ကျားနတ်ဆိုးကြီး၏ပေါင်ကြားကို တိုက်လိုက်ပြီး တစ်ဖက်လူ နာကျင်၍ အော်ဟစ်လိုက်ချိန်တွင် တောင်ကုန်းသဖွယ် ခန္ဓာကိုယ်ကြီးကို ဆွဲယူကာ အကာအကွယ်အဖြစ် အသုံးပြုလိုက်ပေသည်။
ဖပ် ဖပ်
ထက်ရှသော ရွှေရောင် ကန်းစွမ်းအင်များသည် သားမွေး၊အရေပြားနှင့် အသားများကို စုတ်ဖြဲကာ အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာများကို ဖြစ်ပေါ်စေခဲ့သည်။
စွမ်းအင်များ ပျောက်ကွယ်သွားချိန်တွင် သွေးသံရဲရဲ ဖြစ်နေသော ကျားနတ်ဆိုးကြီးမှာ ဘာပြန်လုပ်ရမှန်း မသိဘဲ ဖြစ်နေဆဲပင်။
ရှန်းယီသည် လေပေါ်သို့ ခုန်တက်ကာ ခြေကန်ချက်ဖြင့် ၎င်း၏လည်ပင်းကို ရိုက်ချလိုက်ရာ ပြင်းထန်လွန်းသော အားကြောင့် မြေကြီးပေါ်သို့ ဝပ်ဆင်းသွားရပေသည်။
ထို့နောက် ကျောကုန်းပေါ်မှ သုံးပေရှည်သော ဓားကို ဆွဲထုတ်လိုက်လေသည်။
သွေးများ ပန်းထွက်လာချိန်တွင် ဓားသွားသည် ထပ်မံ ကျဆင်းလာခဲ့ပေ၏။
ကျားနတ်ဆိုးကြီးသည် လည်ပင်းနောက်မှ စွမ်းအားကို ခံစားလိုက်ရပြီး ခေါင်းထောင်ရန် အစွမ်းကုန် ရုန်းကန်လိုက်သည်။ သို့သော် ထိတ်လန့်ဖွယ် ကောင်းသည်မှာ သူ အစွမ်းကုန် အားထုတ်ထားသည့်တိုင် ခန္ဓာကိုယ် ပြိုလဲကျဆင်းမှုကို တားဆီးနိုင်ခြင်း မရှိပေ။
ဒုတ်
မာကျောသော အရာဝတ္ထုတစ်ခုနှင့် တိုက်မိသံ ထွက်ပေါ်လာပြီး မဲနက်သော ဓားရှည်သည် ၎င်း၏ မျက်နှာကို ပိုင်းဖြတ်ကာ ဦးခေါင်းခွံထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားလေသည်။
ကျားနတ်ဆိုးကြီး၏ ခေါင်းမှာ တုန်ခါသွားသည်။
မျက်နှာတွင် ဓားစိုက်ဝင်လျက် သွေးများ တွင်တွင် စီးကျနေသော်လည်း လက်မောင်းကြွက်သားများကိုဖောင်းကြွစေကာ ခန္ဓာကိုယ် လုံးဝပြားဝပ်သွားခြင်း မရှိစေရန် အားပြု ထောက်ထားလိုက်ပေသည်။
"ကောင်လေး၊ မင်းမှာ အရည်အချင်း နည်းနည်း ရှိသားပဲ..."
အမြုတေဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးများအတွက် ခန္ဓာကိုယ်တစ်ပိုင်း ပြတ်သွားလျှင်ပင် အဝေးသို့ တွားသွားနိုင်ကြသေးရာ ဤမျှ ဒဏ်ရာလောက်က ဘာမှ မဟုတ်ပေ။
နားဘေးတွင် လေတိုးသံများ ကြားလိုက်ရသည်။
ရှန်းယီသည် တိုက်ခိုက်မှုကို ခေတ္တရပ်နားကာ ဘေးသို့ တိမ်းရှောင်လိုက်ပြီး အခွင့်ကောင်းချောင်းကာ ဝင်ရောက်တိုက်ခိုက်လာသော ကျားနတ်ဆိုးငယ်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်လေသည်။
"ကျွတ်၊ မဆိုးပါဘူး။"
နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်သော်လည်း တစ်ဖက်လူကို မထိခိုက်စေနိုင်သဖြင့် ကျားနတ်ဆိုးငယ်မှာ မျက်နှာပျက်သွားသည်။
သွားဖြဲကာ အောက်သို့ ဝပ်ဆင်းလိုက်ပြီး လက်သည်းကုတ်အားဖြင့် ခန္ဓာကိုယ်ကို ထိန်းလိုက်ကာ လည်ပင်းကို ပေါ့ပါးစွာ လှည့်လိုက်လေသည်။
ကလစ်... ကလစ်... အရိုးသံများ မြည်ဟည်းသွားသည်။
နောက်တစ်ခိုက်တွင် သုံးကျန်းခန့်ရှည်သော မူလပုံစံအစစ် ထွက်ပေါ်လာပြီး တုတ်ခိုင်သော ကျားမြီးသည် ကြာပွတ်ကဲ့သို့ ရမ်းခါကာ သစ်ပင်ကြီးအချို့ကို ရိုက်ချိုးပစ်လိုက်လေသည်။
ဤမျှ သန်မာသော ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာရှင်ကို အနိုင်ယူလိုလျှင် မူလပုံစံအစစ်ကို ထုတ်ဖော်မှသာ ရနိုင်မည် ဖြစ်သည်။
ထိုအချိန်မှာပင် ရှန်းယီဘေးရှိ ကျားနတ်ဆိုးကြီး၏ ခန္ဓာကိုယ်သည်လည်း ရုတ်တရက် ဖောင်းပွလာသည်။
မြေကြီးပေါ်တွင် ဝပ်နေသည့်တိုင် လူငယ်လေးထက် များစွာ မြင့်မားနေသေးသည်။
၎င်းသည် မျက်နှာပေါ်မှ ဓားရှည်ကို ခါထုတ်လိုက်ရာ ကျားမျက်လုံးတစ်စုံတွင် အနီရောင်ဖျော့ဖျော့များ တဖြည်းဖြည်း လွှမ်းခြုံလာသည်။
"မင်းရဲ့ ပြင်ပခွန်အားသိုင်းပညာက တကယ် ရှားပါးတာပဲ၊ ဒါပေမဲ့ ခဏနေ ငါတို့ စားတဲ့အခါ သွားကြားညပ်မလားတော့ မသိဘူး။"
စကားပြောနေစဉ်မှာပင် ၎င်းတို့သည် သားမွေးခြုံထားသော တောင်ကုန်းငယ် နှစ်ခုသဖွယ် ဖြည်းညှင်းစွာ လှုပ်ရှားလာပြီး ရှန်းယီကို ဝိုင်းရံလျက် လျှောက်လှမ်းလာကြသည်။
ညှီစော်နံသော နတ်ဆိုးအငွေ့အသက်များသည် ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး တောင်ကုန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ညီအစ်ကိုချင်း ဆော့ကစားခြင်းမှာ ပုံမှန်ပင် ဖြစ်သော်လည်း ပြိုင်ဘက်ကောင်းနှင့် တွေ့လျှင်မူ အခြေအနေ ပြောင်းလဲသွားတတ်ပေသည်။
နတ်ဆိုးနှစ်ကောင်သည် လူငယ်ကို အလယ်တွင် ထားကာ တဖြည်းဖြည်း တိုးကပ်လာကြသည်။
ဒေါင်လိုက် ကျဉ်းမြောင်းသော မျက်လုံးအိမ်များထဲတွင် လောဘစိတ်များ ယိုဖိတ်လာလေသည်။
၎င်းတို့သည် အဆင့်တက်ခါစ နတ်ဆိုးသခင်များ ဖြစ်ကြပြီး ဖခင်ဖြစ်သူနှင့် မယှဉ်နိုင်သေးသော်လည်း ဒေသတစ်ခုကို လွှမ်းမိုးထားနိုင်သော နတ်ဆိုးကြီးများ ဖြစ်ကြပေသည်။
ကောင်းကင်သို့ ထိုးတက်နေသော နတ်ဆိုးအငွေ့အသက်များ သောင်းကျန်းနေပြီး နတ်ဆိုးသခင်လေးများ၏အရှိန်အဝါကို ထုတ်ဖော်ပြသနေလေသည်။
ဤအရှိန်အဝါ၏ဖိနှိပ်မှုအောက်တွင် တောင်ကုန်းအပြင်ဘက်ရှိ ဆူညံနေသော ယုံအန်းမြို့ပင်လျှင် တိတ်ဆိတ်ငြိမ်သက်သွားရပေသည်။
"..."
ခေတ္တမျှ ယှဉ်ပြိုင်တိုက်ခိုက်ပြီးနောက် ရှန်းယီ အခြေအနေကို သုံးသပ်မိလိုက်သည်။
မိမိ၏ကိုယ်ပိုင်စွမ်းရည် သက်သက်ဖြင့် အစွမ်းကုန် တိုက်ခိုက်လျှင် တစ်ကောင်ကို အနိုင်ယူနိုင်ကောင်း ယူနိုင်မည်။
သို့သော် နှစ်ကောင်လုံး ပေါင်းတိုက်လာလျှင်မူ အနည်းငယ် ခက်ခဲနိုင်ပေသည်။
အရင်းအနှီးမစိုက်ဘဲ အမြတ်လိုချင်လျှင် လက်ရှိခွန်အားက မလုံလောက်သေးပေ။
သူ ခါးကို ကုန်း၍ မဲနက်သော ဓားရှည်ကို ကောက်ယူကာ ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။
ဤလှုပ်ရှားမှုသည် နတ်ဆိုးနှစ်ကောင်၏မျက်လုံးထဲတွင် သနားစရာကောင်းသလို ဖြစ်နေပြီး နောက်ဆုံးသေဆုံးခြင်းကိုငြင်းဆန်မှု ပြုလုပ်နေသကဲ့သို့ ထင်ရစေသည်။
သို့သော် လူငယ်က မျက်လွှာပင့်ကြည့်လိုက်သော ခဏတွင် ရင်းနှီးနေသော အနီရောင်အလင်းတန်း တစ်ခုကြောင့် ကျားနှစ်ကောင်လုံး တောင့်ခဲသွားရပေသည်။
နတ်ဆိုးသခင် အငွေ့အသက်နှစ်ခု၏ကြားတွင် ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်သော်လည်း ပိုမို ထူထဲခိုင်မာသော တတိယမြောက် အငွေ့အသက်တစ်ခုသည် တဖြည်းဖြည်း ပျံ့နှံ့လာလေသည်။
ချင်းဖုန်းတောင်ပေါ်တွင် ဖြစ်ပျက်ခဲ့ပြီးနောက် ဤသည်မှာ နေမင်းလောင်ကျွမ်းခြင်းရတနာမီးပြင်းဖိုကို ဒုတိယအကြိမ်မြောက် အပြည့်အဝ ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပေသည်။
ကောင်းကင်နတ်ဆိုးပြင်ပအမြုတေသည် အနည်းငယ် တုန်ခါသွားပြီး သိပ်သည်းသော သွေးရောင် နတ်ဆိုးစွမ်းအားများသည် ရေကာတာကျိုးသကဲ့သို့ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင် စီးဆင်းသွားလေသည်။
ရှန်းယီသည် စိမ်းသက်သော အင်အားများ ခြေလက်အင်္ဂါအစိတ်အပိုင်းတိုင်းသို့ ဝင်ရောက်လာမှုကို ခံစားရင်း ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ လက်ချောင်းငါးချောင်းကို သက်သောင့်သက်သာ ဆုပ်ကိုင်လိုက်ပေ၏။
နက်မှောင်သော မျက်ဝန်းအိမ်များ ဘေးတွင် အနီရောင် အငွေ့အသက်များ ထွက်ပေါ်လာသည်။
ငြိမ်သက်နေသော မင်ရောင်ဝတ်ရုံသည် အနည်းငယ် လှုပ်ခါသွားပြီး လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ဖြူဝင်းသော လက်ကောက်ဝတ်ပေါ်တွင် သွေးရောင် အစင်းရာလေးများ ပေါ်လာလေသည်။
ဤသည်မှာ မရီဒျန်များနှင့် ချီလမ်းကြောင်းများတွင် ကြီးမားသော နတ်ဆိုးစွမ်းအားများ ပြည့်နှက်နေခြင်း၏သင်္ကေတဖြစ်သည်။
အစေပိုင်းခဏက မွှေးကြိုင်ချိုမြိန်သော လူသားဆေးဝါးဖြစ်သော်လည်း နောက်တစ်ခိုက်တွင်မူ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးတစ်ကောင် ဖြစ်ပေါ်လာသကဲ့သို့ပင်။
ကျားနတ်ဆိုးငယ်၏အမြီးသည် ကြောက်ရွံ့မှုကြောင့် လှုပ်ရှားမှု ရပ်တန့်သွားသည်။
အနည်းငယ်သေးသော(သူ့အကိုနဲ့ယှဉ်ရင်) ခန္ဓာကိုယ်သည် ကြီးမားသော အန္တရာယ် အာရုံခံစားမှုအောက်တွင် အလိုအလျောက် တောင့်တင်းသွားပြီး ရှေ့မှ လူငယ်ကို ဇဝေဇဝါ စိုက်ကြည့်နေမိသည်။
"စီနီယာ"
"မင်းက ဝက်လားကွ"
ဘာဖြစ်နေမှန်း မသိသော်လည်း ရန်ငြိုးဖွဲ့ပြီး ဖြစ်နေပြီမို့ တုံ့ဆိုင်းနေစရာ အကြောင်းမရှိပေ။
ကျားနတ်ဆိုးကြီးသည် ရုတ်တရက် ခုန်အုပ်လိုက်သည်။ ကောင်းကင်နှင့်နေကို ဖုံးကွယ်သွားသော အရိပ်ကြီးသည် သေးငယ်သော လူသားအပေါ် လွှမ်းခြုံသွားသည်။
သန်မာလှသော ကျားခန္ဓာကိုယ်ကြီးပေါ်တွင် ရွှေရောင် ကန်းစွမ်းအားများ ဖုံးအုပ်ထားပြီး အားကုန်သုံးကာ လူငယ်ဆီသို့ လက်သည်းဖြင့် ပိုင်းချလိုက်လေသည်။
လှိုင်းထနေသော ကန်းစွမ်းအားများသည် ရှေ့တွင် ပိတ်ဆို့ထားသမျှ အရာအားလုံးကို စုတ်ဖြဲပစ်လိုက်သည်။
သို့သော် ထိုမင်ရောင်ဝတ်ရုံကို ထိခါနီး ဆဲဆဲတွင် ကြီးမားသော ကျားခန္ဓာကိုယ်ကြီးသည် လေထဲတွင် ထူးဆန်းစွာ ရပ်တန့်သွားလေသည်။
လက်ဝါးတစ်ဖက်သည် ၎င်း၏ဝမ်းဗိုက်ကို ညင်သာစွာ ဖိကပ်ထား၏။
အစိုင်အခဲအဖြစ် စုစည်းထားသော ရွှေရောင် ကန်းစွမ်းအားများသည် ကြမ်းကြုတ်သော နတ်ဆိုးစွမ်းအားအောက်တွင် ချက်ချင်း အရည်ပျော် ပျောက်ကွယ်သွားသည်။
ထိုအရာနှင့်အတူ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများလည်း တစစီ ကြေမွသွားလေသည်။
အရိုးအဆစ်များ ထင်းနေသော လက်ချောင်းများသည် အရေပြားကို ဖောက်ထွင်းဝင်ရောက်သွားပြီး သွေးသားများနှင့် ဆက်နွယ်နေသောကိုယ်တွင်းအမြုတေကို ကျွမ်းကျင်စွာ ဆွဲယူကာ တဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်လေသည်။
"အာ... အား"
စူးရှသော အော်ဟစ်သံကြီးသည် တောင်ကုန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
သွေးများသည် လက်ကောက်ဝတ်တစ်လျှောက် စီးကျလာပြီး ဝတ်ရုံလက်ကို စိုရွှဲသွားစေသည်။
ရှန်းယီ၏မျက်နှာထားသည် ပြောင်းလဲခြင်း မရှိဘဲ မျက်ဝန်းထဲတွင်သာ ရက်စက်သောအရိပ်အယောင်များ ပေါ်လာလေသည်။
ကျောင်းနတ်ဆိုးခွန်အား၊ နဂါးမိကျောင်း ခန္ဓာကိုယ်သန့်စင်ခြင်း၊ သေခြင်းရှင်ခြင်းဇင်ခန္ဓာကိုယ်။
ဤအရာများအပြင် ကျောင်းနတ်ဆိုးသခင်၏နှစ်ပေါင်းသုံးထောင် ကျင့်ကြံခြင်း စွမ်းအားများ ပေါင်းစပ်လိုက်သောအခါ တိန့်မိသားစု ဘိုးဘေးထက် သိပ်မသာသော ဤကျားနတ်ဆိုးသည် မည်သို့ ခုခံနိုင်မည်နည်း။
၎င်း၏မျက်စိရှေ့မှောက်တွင်ပင်၊ကိုယ်တိုင် ပြူးပြူးကြည့်နေစဉ်မှာပင်။
ရှန်းယီသည် ပုံစံပေါ်ခါစ ကိုယ်တွင်းအမြုတေကို လွယ်ကူစွာ ဆွဲထုတ်လိုက်ပြီး ငွေရောင်ခေါင်းလောင်းလေးထဲသို့ ထည့်လိုက်လေသည်။
ထိုအချိန်ရောက်မှသာ ကျားနတ်ဆိုးကြီးသည် မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားသည်။ ၎င်း၏အသက်ရှူသံမှာ အလွန် ဖျော့တော့နေပြီး လူငယ်ဘက်သို့ ရူးသွပ်စွာ တိုးကပ်သွားသည်။
"ပြန်ပေး... ငါ့ဟာ ပြန်ပေး"
ရှန်းယီ ဘေးသို့ စောင်းငဲ့ကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
"ငြိမ်ငြိမ်လေး အိပ်နေစမ်းပါ၊ မလှုပ်နဲ့။"
သူ၏အသက်ရှူသံများ ပူနွေးနေပြီး ကျားနတ်ဆိုးကို ဆက်လက် နှိပ်စက်လိုသော စိတ်ဆန္ဒကို ထိန်းချုပ်လိုက်ကာ ဓားရှည်ကို ကိုင်လျက် တိကျသေချာသော လှုပ်ရှားမှုဖြင့် ခေါင်းကို ဖြတ်ချလိုက်ပေသည်။
နှလုံးသား သွေးနီတစ်စက်သည် ကျားနတ်ဆိုးကြီး၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ခါးကြားရှိ ခေါင်းလောင်းလေးထဲသို့ ဝင်ရောက်သွားလေသည်။
[အမြုတေဖွဲ့စည်းခြင်းအဆင့် ကျားနတ်ဆိုးကို သတ်ဖြတ်ခြင်း၊ စုစုပေါင်းသက်တမ်း ၃၉၆၀ နှစ်၊ လက်ကျန်သက်တမ်း ၁၈၂၃ နှစ်၊ စုပ်ယူမှု ပြီးဆုံး]