စစ်မှန်သော အမြုတေဖွဲ့စည်းခြင်း ခန္ဓာကိုယ်သန့်စင်နည်းပညာ
Vol. 12 Ch. 114
လေပြင်းမုန်တိုင်းများနှင့် အရိုးထဲကိန်းအောင် အေးစက်သော အအေးဒဏ်။
သုံးကျန်း ခန့်ရှည်သော ရွှေရောင်ကျားခန္ဓာကိုယ်ကြီးသည် မြင့်မားစွာ ခုန်တက်ပြီး တောင်ကုန်းများကြားတွင် ရူးသွပ်စွာ ပြေးလွှားနေသည်။
လမ်းတစ်လျှောက်ရှိ သစ်ပင်ကြီး အများအပြားကို တိုက်မိလဲပြိုစေကာ မြေပြင်နှင့်တောင်များကို တုန်ခါသွားစေသည်။
ကျားနတ်ဆိုးကြီး၏ရင်ဝကို လက်ဝါးဖြင့် ထိုးခွဲခံလိုက်ရသည့် အခိုက်အတန့်ကတည်းက ကျားနတ်ဆိုးငယ်သည် နောက်သို့ လှည့်မကြည့်ဘဲ ဆန့်ကျင်ဘက် အရပ်ဆီသို့ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော နည်းလမ်းဖြင့် ကျားဘုရင်ဖြစ်လာလိမ့်မည်ဟု၊ ဖခင်၏တစ်ဦးတည်းသော ရွေးချယ်မှု ဖြစ်လာလိမ့်မည်ဟု ၎င်း ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
သို့သော် ရင်ထဲတွင် ပျော်ရွှင်မှု အစအနပင် မရှိဘဲ တစ်ကိုယ်လုံး တုန်ရီနေအောင် အေးခဲနေလေသည်။
အဘယ်ကြောင့်ဆိုသော် နောက်တွင် မိမိထက် အနည်းဆုံး နှစ်ပေါင်း တစ်ထောင်ခန့် ပိုရင့်သော ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးတစ်ကောင် လိုက်ပါလာသောကြောင့် ဖြစ်သည်။
"စီနီယာ"
ကျားနတ်ဆိုးငယ်သည် ပြေးလွှားနေရင်း အော်ဟစ်လိုက်သည်။
"ကျုပ်အဖေက ရှီထိုက်တောင်ရဲ့တောင်သခင်ပါ၊ ကျုပ်ရဲ့မွေးစားအဖေက သမင်ဖြူနတ်ဆိုးသခင်ပါ၊ သူတို့မျက်နှာကို ထောက်ပြီး ဒီလူငယ်လေးကို အသက်ချမ်းသာပေးပါဗျာ"
လေတိုးသံများကြားတွင် မဲနက်သော ဓားရှည်တစ်လက်သည် သာမန်မျက်စိဖြင့် မမြင်နိုင်သော အမြန်နှုန်းဖြင့် ပျံသန်းလာပြီး ၎င်း၏နောက်ခြေထောက်ကို ဖောက်ထွင်းကာ ကျောက်ကမ်းပါးယံတွင် သံမှိုစွဲသကဲ့သို့ စိုက်ဝင်သွားလေသည်။
"ဝေါင်း"
စူးရှသော နာကျင်သံနှင့်အတူ ကျားနတ်ဆိုးငယ် မျက်လုံးများ နီရဲလာပြီး အော်ဟစ်လိုက်သည်။
"ငါ့အဖေက ယုံအန်းမြို့မှာ ရှိနေတာကွ"
မိုးရေစက်များကြားမှ ပိန်ပါးသော လူရိပ်တစ်ခု ထွက်ပေါ်လာပြီး ကျားနတ်ဆိုးရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
ရှန်းယီသည် ၎င်း၏ကြီးမားသော ခေါင်းကို ဆွဲကိုင်လိုက်ပြီး လက်သီးဖြင့် တစ်ချက်ပြီး တစ်ချက် ထိုးနှက်လိုက်လေသည်။
တစ်ကိုယ်လုံးရှိ နတ်ဆိုးစွမ်းအားများကို တန်ဖိုးမရှိသည့်အလား ထုတ်သုံးနေပြီး ထိုးနှက်ချက်တိုင်းတွင် ကျားနတ်ဆိုး၏ဦးခေါင်းခွံများ ကြေမွသွားကာ မျက်လုံးများ ပြာဝေသွားပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
ဘုန်း... ဘုန်း...
မကြာမီပင် ကျားမျက်နှာတစ်ခုလုံး သွေးများဖြင့် ရဲရဲနီသွားလေသည်။
ထိုလူငယ်၏ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများ လျင်မြန်စွာ လျော့ကျသွားသည်ကိုပင် ၎င်း သတိမထားမိလိုက်ပေ။
ရှန်းယီ သူဘယ်နှချက် ထိုးလိုက်မိမှန်း မမှတ်မိတော့ပေ။လက်သီးအောက်မှ ကျားနတ်ဆိုးခေါင်းသည် မူလပုံစံ မပေါ်တော့သည့်အချိန်ကျမှသာ သူ၏မျက်ဝန်းထဲမှ နီရဲနေသော အငွေ့အသက်များ အနည်းငယ် လျော့ပါးသွားလေသည်။
[အမြုတေဖွဲ့စည်းခြင်းအဆင့် ကျားနတ်ဆိုးကို သတ်ဖြတ်ခြင်း၊ စုစုပေါင်းသက်တမ်း ၃၈၂၀ နှစ်၊ လက်ကျန်သက်တမ်း ၁၉၁၂ နှစ်၊ စုပ်ယူမှု ပြီးဆုံး]
[လက်ကျန် နတ်ဆိုးသက်တမ်း - ၄၃၇၈ နှစ်]
အမြုတေဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးတစ်ကောင်၏နှလုံးသားသွေးနီတစ်စက်သည် ခေါင်းလောင်းလေးထဲသို့ ဝင်ရောက်သွားပြန်သည်။
သူ လမ်းလျှောက်သွားပြီး ဓားရှည်ကို ဆွဲနှုတ်လိုက်သည်။ ကျွမ်းကျင်စွာ ဗိုက်ခွဲ၍ ကိုယ်တွင်းအမြုတေကို ထုတ်ယူကာ တန်ဖိုးရှိသော နတ်ဆိုးအစိတ်အပိုင်းအချို့ကို ဖယ်ရှားပြီး ခေါင်းလောင်းထဲသို့ ထည့်လိုက်လေသည်။
ထို့နောက် ကျားနတ်ဆိုးအလောင်းပေါ်တွင် အားအင်ကုန်ခမ်းစွာဖြင့် လှဲချလိုက်မိသည်။
ရှန်းယီ အသက်ပြင်းပြင်း ရှူလိုက်ပြီး ညာဘက်လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ရာ ဝတ်ရုံလက် စောကျသွားပြီး တောက်ပသော အနီရောင်အစင်းရာများ ပြည့်နှက်နေသည့်လက်ကောက်ဝတ် ပေါ်လာလေသည်။
ဤအရာသည် ကောင်းကင်နတ်ဆိုးပြင်ပအမြုတေ၏စွမ်းအားအကုန်ကို ပထမဆုံးအကြိမ် ထုတ်သုံးဖူးခြင်း ဖြစ်သည်။
ကြည်လင်နက်မှောင်သော အရောင် ပြန်ပြောင်းသွားသည့် မျက်ဝန်းထဲတွင် စိုးရိမ်မှုအရိပ်အယောင်များ ဖြတ်သန်းသွားသည်။
သာမန် အမြုတေဖွဲ့စည်းခြင်းအဆင့်က ဘယ်လိုပုံစံလဲ ဆိုတာ မသိသော်လည်း ဤအရာကတော့ ပုံပန်းသဏ္ဌာန်ကလွဲလျှင် ကိုယ်တွင်းအမြုတေနှင့် ဘာမှမဆိုင်တာ သေချာသည်။
ရှေ့ပိုင်းတုန်းက ကောင်းကင်နတ်ဆိုး ပြင်ပအမြုတေအတွက် လမ်းကြောင်းလေး နည်းနည်း ဖွင့်ပေးလိုက်ရုံဖြင့် ရှန်းယီသည် ထိုအနည်းငယ်သော နတ်ဆိုးစွမ်းအားကို ဓားထဲသို့ စီးဝင်စေပြီး ဗာဂျာရာဂိုဏ်း ကျောင်းထိုင်ဆရာတော်ကို ဓားတစ်ချက်တည်းဖြင့် အဆုံးသတ်နိုင်ခဲ့သည်။
သို့သော် ယခုကဲ့သို့ နေမင်းလောင်ကျွမ်းခြင်း ရတနာမီးပြင်းဖို၏ဖိနှိပ်ထားသော စွမ်းအားကို တိုက်ရိုက် ဖယ်ရှားလိုက်သည့်အခါ...
၎င်းအထဲမှ ပြင်းထန်သော နတ်ဆိုးသခင် ကျင့်ကြံခြင်းစွမ်းအားများကို ရှန်းယီ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
ဥပမာအားဖြင့် အစပိုင်းတွင် ကျားနတ်ဆိုးကြီးကို ရိုက်လိုက်သော လက်ဝါးချက်သည် ရိုးရှင်းပုံရသော်လည်း လက်တွေ့တွင် စုဆောင်းထားသော စွမ်းအား ငါးပုံတစ်ပုံခန့်ကို တိုက်ရိုက် ကုန်ဆုံးသွားစေပြီး တစ်ဖက်လူ၏တစ်ကိုယ်လုံးရှိ သွေးကြောများကို တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်နိုင်ခဲ့သည်။
သို့သော် ထိုနည်းတူစွာ မိမိကိုယ်ကို ထိခိုက်စေမှုသည်လည်း လျစ်လျူရှု၍ မရပေ။
မရီဒျန်များ၊ချီလမ်းကြောင်းများနှင့် ချိတ်ဆက်နေသော ပုံမှန် ကိုယ်တွင်းအမြုတေသာ ဆိုပါက ဤမျှ များပြားသော စွမ်းအားကို တစ်ပြိုင်နက်တည်းထုတ်ယူသုံးစွဲရန် မည်သို့ ဖြစ်နိုင်မည်နည်း။
"ခန္ဓာကိုယ်သန့်စင်ခြင်းပညာ မရှိဘဲနဲ့တော့ ဒီပစ္စည်းကို သုံးလို့ မရနိုင်ဘူးပဲ။"
ရှန်းယီ မျက်လုံးထောင့်များ နှစ်ချက်ခန့် လှုပ်သွားပြီး စိတ်အာရုံကို အတွင်းသို့ ပို့လွှတ်လိုက်သည်။
ရတနာမီးပြင်းဖိုသည် ပြင်ပအမြုတေကို အလွယ်တကူ ပြန်လည် ဖိနှိပ်ထားလိုက်သည်။
အထဲတွင် မူလက နတ်ဆိုးစွမ်းအား ငါးပုံတစ်ပုံခန့် ရှိသော်လည်း ယခုအခါ သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်။
"..."
ရှန်းယီ သက်ပြင်းချလိုက်ပြီး ပြင်ပအမြုတေကို လက်ထဲသို့ ထုတ်ယူလိုက်သည်။ ထို့နောက် အာချမ်ပေးထားသော ကျောင်းနဂါးလေးအမြုတေကို ထုတ်ယူလိုက်သည်။
ဤတစ်ခါတော့ မျိုချမည့်အစား နှစ်ခုကို အတူတကွ ပေါင်းစပ်ပေးလိုက်သည်။
ကောင်းကင်နတ်ဆိုးယမမင်း ပြင်ပအမြုတေမှ ပြင်းထန်သော စုပ်ယူအားများ ချက်ချင်း ထွက်ပေါ်လာပြီး ကျောင်းနဂါးအမြုတေကို ဝါးမျိုလိုက်သကဲ့သို့ ဖြစ်သွားသည်။
၎င်းအတွင်းမှ စွမ်းအားများသည် လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာပြီး ငါးပုံတစ်ပုံခန့်သို့ ပြန်ရောက်သွားသည်။ ဤသည်မှာ လက်ရှိ ရတနာမီးပြင်းဖို လက်ခံနိုင်သော အကန့်အသတ် ဖြစ်သည်။
ရှန်းယီသည် ၎င်းကို ဖယ်ရှားလိုက်ပြီး ချီပင်လယ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်သည်။
လက်ထဲမှ ကျောင်းနဂါးအမြုတေကို ပြန်လည် လေ့လာကြည့်လိုက်သည်။
သူ ခန့်မှန်းထားသည့်အတိုင်းပင်၊ ကျောင်းနဂါးအမြုတေ တစ်လုံးသည် နှစ်ပုံခွဲခန့် ဖြည့်ဆည်းပေးနိုင်သည်။
ယခုအခါ ၎င်းထဲတွင် အငွေ့အသက် သိပ်မကျန်တော့သဖြင့် အခွင့်အခါသင့်လျှင် စားသုံးပစ်ရမည်။ သို့မဟုတ်ပါက စွမ်းအင်များ လုံးဝ ပျောက်ကွယ်သွားပြီး အသုံးမဝင်သော ပစ္စည်း ဖြစ်သွားပေလိမ့်မည်။
ခေတ္တမျှ ဆက်လက် လှဲလျောင်း အနားယူလိုက်သည်။
ရှန်းယီသည် စိတ်ထဲမှ ရုတ်တရက် ဖြစ်ပေါ်လာသော ရက်စက်ကြမ်းကြုတ်သည့် ခံစားချက်များကို တဖြည်းဖြည်း မောင်းထုတ်လိုက်ပြီးနောက် ကိုယ်ကို မတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤအရာသည် သူ ဤကမ္ဘာသို့ ရောက်လာပြီးနောက်ပိုင်း အကြီးမားဆုံးသော ရိတ်သိမ်းမှုပင် ဖြစ်သည်။
သူ စနစ်မျက်နှာပြင်ကို ခေါ်ယူလိုက်ပြီး စိတ်အာရုံကို လှုပ်ရှားလိုက်သည်။
နှစ်တစ်ထောင် နတ်ဆိုးသက်တမ်းသည် နတ်ဆိုးရတနာ ပုံဆောင်ခဲတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
[လက်ကျန် နတ်ဆိုးသက်တမ်း - ၃၃၇၈ နှစ်]
[အမြုတေဖွဲ့စည်းခြင်း . သေခြင်းရှင်ခြင်ဇင်ခန္ဓာကိုယ် (အထက်အတွဲ) - ပြီးပြည့်စုံခြင်း]
လွန်ခဲ့သော အကြိမ်တုန်းကလို စိုးရိမ်စိတ်များ ရှန်းယီတွင် မရှိတော့ပေ။ ဤသည်မှာ နတ်ဆိုးသက်တမ်း ထောင်ပေါင်းများစွာက ပေးသော ယုံကြည်မှုပင် ဖြစ်သည်။
'အရမ်းကြီး ကောင်းမွန်နေဖို့ မမျှော်လင့်ပါဘူး၊ပြီးပြည့်စုံတဲ့ အမြုတေဖွဲ့စည်းခြင်း ခန္ဓာကိုယ်သန့်စင်နည်း တစ်ခု ဖြစ်ရင် ရပါပြီ။ ကောင်းကင်နတ်ဆိုးယာမာ ပြင်ပအမြုတေလို ပြဿနာကောင်မျိုး ထပ်မဖြစ်လာရင် ပြီးတာပါပဲ။'
ထိုအတွေးဖြင့် သူသည် နတ်ဆိုးရတနာ ပုံဆောင်ခဲကို ဖြည်းညှင်းစွာ အသုံးပြုလိုက်လေသည်။
...
[ပထမနှစ်တွင် သင်သည် နတ်ဆိုးရတနာ ပုံဆောင်ခဲကို မျိုချလိုက်ပြီး သေခြင်းရှင်ခြင်းဇင်ခန္ဓာကိုယ်၏အောက်အတွဲကို စတင် ဆင်ခြင်သည်။ နတ်ဆိုးနာကြည်းချက် အများအပြား တဖြည်းဖြည်း နိုးထလာကြသည်။]
[သက်တမ်း အနှစ် ၂၀ တိုးလာသည်။]
[တတိယနှစ်တွင် မြေခွေးနတ်ဆိုးပေါက်စလေးသည် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို မကျွမ်းကျင်ပေ။၎င်းက ဤအရာသည် ဦးနှောက်မရှိသော သိုင်းပညာရှင်များ လုပ်ရပ်ဖြစ်ပြီး အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု ပြောဆို ဝေဖန်သည်။]
[ပဉ္စမနှစ်တွင် မျောက်ဝံနတ်ဆိုး နိုးထလာသည်။ ၎င်းက သင့်ကို တကယ်သေအောင် လုပ်ကြည့်လိုက်ပါလားဟု အကြံပေးသည်။ သေပြီးမှ အသက်ဓာတ်က သင့်ကို ပြန်လည် ကယ်တင်နိုင်မလား ကြည့်ရအောင်၊ အကယ်၍ အောင်မြင်ခဲ့လျှင် သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုက အကြီးအကျယ် တိုးတက်လာလိမ့်မည်ဟု ဆိုသည်။]
"..."
ရှန်းယီ မူလကတည်းက ဤနတ်ဆိုးပေါက်စလေးများကို သိပ်အထင်မကြီးခဲ့ပေ။
နတ်ဆိုးရတနာ ပုံဆောင်ခဲသည် သေဆုံးသွားသော နတ်ဆိုးများ၏နာကြည်းချက်များကို နှိုးဆွပေးနိုင်သော်လည်း အချိန်လိုအပ်သည်။
သူမမှားဘူးဆိုလျှင် ပြီးခဲ့သောအကြိမ်တုန်းက ကျောင်းနတ်ဆိုး သည် နှစ် ၃၀ လောက်မှ နိုးထလာခဲ့ခြင်း ဖြစ်သည်။
[နှစ် ၂၈ တွင် ကျောင်းနတ်ဆိုးနှင့် ကျားနတ်ဆိုးတို့ တစ်ပြိုင်နက် အသိစိတ် အနည်းငယ် ပြန်လည် ရရှိလာကြသည်။၎င်းတို့သည် ကောင်းကင်နှင့် မြေပြင်၏မျက်နှာသာပေးမှုကို ခံရသော သတ္တဝါများ ဖြစ်ကြပြီး မွေးရာပါခန္ဓာကိုယ် သန်မာကြသည်။ ကျောင်းနတ်ဆိုးသည် သင့်ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသော အဖြူရောင် အလင်းတန်းများကို လေ့လာရန် ကြိုးစားသည်။]
[နှစ် ၄၆ တွင် ကျောင်းနတ်ဆိုးသည် သေခြင်းရှင်ခြင်း သဘောတရားကြောင့် ဒုက္ခရောက်နေသည်။ ထူးဆန်းသော အဖြူရောင် အလင်းတန်းများသည် သံကြိုးများသဖွယ် ၎င်းကို ချည်နှောင်ထားသည်။သင်သည် ထိုအခြေအနေကို ကြည့်ရင်း တစ်စုံတစ်ခုကို သဘောပေါက်လာသည်။]
[နှစ် ၁၂၇ တွင် သင်သည် သေခြင်းတရားကို အသုံးပြု၍ နတ်ဆိုးစွမ်းအားကို ဖိနှိပ်ရန် ကြိုးစားပြီး အသက်ဓာတ်ကို ကိုယ်ပိုင်အဖြစ် ပြောင်းလဲ ရယူရန် ကြိုးစားသည်။ ကျောင်းနတ်ဆိုးသည် ၎င်း၏ခံစားချက်များကို အသေးစိတ် ပြောပြပြီး သင့်ယူဆချက် ပြည့်စုံစေရန် ကူညီပေးသည်။]
[နှစ် ၁၉၃ တွင် ကျောင်းနတ်ဆိုး၏အကူအညီဖြင့် သင်သည် လမ်းစကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျောင်းနတ်ဆိုးကို ကျေးဇူးတုံ့ပြန်သော အနေဖြင့် သင်သည် ဤပညာကို နဂါးနှိမ်နှင်းခြင်းအာဟတ်ရွှေခန္ဓာကိုယ် ဟု အမည်ပေးချင်ခဲ့သည်။ထိုအချိန်တွင် နဂါးမိကျောင်းမှ ရုတ်တရက် သင့်ကို သတိပေးလာသည်။သင်သည်လည်း ၎င်းနှင့် တူညီသော ပြောင်းလဲခြင်း ပါရမီ ရှိနေသည် မဟုတ်ပါလော၊ ထိုအရာကိုပါ ပေါင်းစပ်၍ မရနိုင်ဘူးလားဟု မေးလာသည်။]
[နှစ် ၂၉၃ တွင် နဂါးမိကျောင်းသည် အသက်ရှင်စဉ်က ပုံစံကို တုပပြီး သင့်အား လုပ်ငန်းစဉ်တစ်ခုလုံးကို သရုပ်ပြသသည်။ သင် သိပ်နားမလည်သဖြင့် နောက်တစ်ခေါက် ထပ်လုပ်ပြရန် တောင်းဆိုလိုက်သည်။]
"ဒါက..."
ရှန်းယီ မူလက တိတ်ဆိတ်စွာ ကြည့်နေသော်လည်း ယခုအခါ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
ပြီးပြည့်စုံသော ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ် ရရှိရန် ခြေတစ်လှမ်းသာ လိုတော့သည့်အနေအထား ဖြစ်သော်လည်း မျက်နှာပြင်ပေါ်မှ စာများကို ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
တူညီသော အဆင့်ရှိသည့် သိုင်းပညာချင်းအတူတူပင် အနိမ့်အမြင့်အရည်အသွေး ကွာခြားချက် ရှိစမြဲဖြစ်သည်။
'ကျောက်စိမ်းအဆင့် နဂါးမိကျောင်း တစ်ကောင်က ဒီခန္ဓာကိုယ်သန့်စင်ခြင်း ပညာကို နောက်ထပ် အဆင့်တစ်ခု မြင့်အောင် ကူညီပေးချင်နေတာလား။'