← Chapters

ဟေးရှီရေကန်သို့ စာပို့ခြင်း

Vol. 12 Ch. 119

ဟေးရှီရေကန်သို့ စာပို့ခြင်း

Vol. 12 Ch. 119

ယုံအန်းမြို့တွင် ရယူစရာ ကုသိုလ်ကောင်းမှုမှတ်တမ်း မကျန်တော့သည်ကို အတည်ပြုပြီးနောက် ကျန်ရှိနေသော နတ်ဆိုးဖမ်းဆီးသူများသည် လျင်မြန်စွာပင် ထိုနေရာမှ ဆုတ်ခွာသွားကြလေသည်။

ငါးရက်ခန့် အနားယူပြီးနောက် ကျန်းချန်ယွင်သည် အခြေအနေ အတော်အတန် ပြန်လည်ကောင်းမွန်လာခဲ့သည်။

တိန့်ကျန်းယွမ်သည် သူ့အတွက် မြင်းလှည်းတစ်စီးကို ကိုယ်တိုင် ပြင်ဆင်ပေးပြီး မိသားစုဝင်များကို ဦးဆောင်ကာ ချင်ပြည်နယ်မြို့တော်သို့ သွားရာ လမ်းမကြီးအထိ လေးစားစွာ လိုက်လံပို့ဆောင်ပေးလေသည်။

မြင်းလှည်း အဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း အဘိုးအိုသည် လှည့်ပြန်လာကာ သက်ပြင်းချလိုက်မိသည်။

တကယ်တမ်းဆိုလျှင် သူ့ကို အထင်သေးသော မျက်နှာထားနှင့် ဆက်ဆံခဲ့သည့် ကျန်းချန်ယွင်ထက်စာလျှင် ထိုလူငယ်လေးကို ကောင်းမွန်စွာ ဧည့်ခံချင်ခဲ့ခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် တစ်ဖက်လူက အလွန် အလျင်လိုနေခဲ့ရာ ရက်များကို တွက်ချက်ကြည့်လိုက်လျှင် ယခုအချိန်လောက်ဆို ထင်ယန်စီရင်စု နယ်နိမိတ်ကိုပင် ကျော်လွန်သွားလောက်ပြီ ဖြစ်ပေသည်။

...

ချင်ပြည်နယ်၏စီရင်စု ၁၂ ခုနှင့် နတ်ဆိုးပိုင်နက် နယ်မြေကြားတွင် တိကျပြတ်သားသော နယ်နိမိတ်မျဉ်းဟူ၍ မရှိပေ။

ထိုနေရာများတွင် မည်သူမှ ဂရုမစိုက်သောကြားနေနယ်မြေများစွာ ရှိလေသည်။

ယခုအချိန်တွင် အေးစက်မှောင်မဲနေသော တောအုပ်တစ်ခု၌သစ်ပင်ထက်မှ လျင်မြန်သော အရိပ်တစ်ခု ရုတ်တရက် ခုန်ဆင်းလာသည်။

သုံးပေရှည်သော ဓားရှည်သည် လေကို ခွင်းလျက် ဖြတ်သန်းသွားကာ သွေးစက်များ လွင့်စင်သွားစေသည်။

ရှန်းယီသည် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး မြေပြင်ပေါ်ရှိ ခေါင်းပြတ်ကို ကျော်ခွကာ အသိဉာဏ်ပွင့်စ နတ်ဆိုးငယ်တစ်ကောင်ကို သတ်ဖြတ်ခြင်းမှ ရရှိသော နတ်ဆိုးသက်တမ်း နှစ်၆၀ကျော်ကို ရိတ်သိမ်းလိုက်လေသည်။

"တကယ်တော့ နင် ဒီလိုလုပ်စရာ မလိုပါဘူး၊ တောဘုရင်ရဲ့အငွေ့အသက်ကို သုံးရတာ တန်တယ်လို့ ငါ့ကို ထင်စေချင်တာလား"

ရှောင်ချမ်ဝေ သည် ရိုးရှင်းသော အစိမ်းရောင် ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး မျက်နှာပေါ်မှ ထူထဲသော မိတ်ကပ်များကို ဆေးကြောထားသဖြင့် ယခင်ကကဲ့သို့ ပြည့်တန်ဆာ အငွေ့အသက်များ မရှိတော့ပေ။

သို့သော် သပ်ရပ်သော မျက်နှာသွင်ပြင်ကမူ ဆွဲဆောင်မှု ရှိနေဆဲပင်။

သူမသည် လူငယ်ကိုကြည့်ရင်း စကားမပြောနိုင် ဖြစ်နေရသည်။ လမ်းတစ်လျှောက်တွင် ဤသည်မှာ တတိယအကြိမ် ရှိပြီဖြစ်သည်။

သူမသည် ဒဏ်ရာရထားလျက် ခရီးနှင်နေရခြင်း ဖြစ်သည်။ အစွမ်းကုန် ဖုံးကွယ်ထားသော်လည်း မငြိမ်မသက်ဖြစ်နေသော ချီအငွေ့အသက်များက ယိုစိမ့်ထွက်နေဆဲပင်။

ရှောင်ချမ်ဝေ နားမလည်နိုင်သည်မှာ တစ်ဖက်လူသည် ဒဏ်ရာရထားခြင်း မရှိဘဲ အဘယ်ကြောင့် သူ့အငွေ့အသက်ကို လုံးဝ မပေါ်အောင် လိပ်အသက်ရှူနည်းစနစ်ဖြင့် ဖုံးကွယ်ထားပြီး သူမ၏ အနောက်မှ တကောက်ကောက် လိုက်နေရသနည်း ဆိုသည်ကိုပင်။

ရှန်းယီသည် သူမကို တစ်ချက်ကြည့်လိုက်သော်လည်း လိပ်အသက်ရှူနည်းစနစ်ကို ရုပ်သိမ်းမည့်ပုံ မပေါ်ပေ။

ခြင်သားက သေးတယ်ဆိုပေမယ့် အသားပါပဲ။တကယ်လို့ တန်ဖိုးရှိတဲ့ ကောင်ကြီးကြီးနဲ့ တွေ့ရင် ပိုပြီး ရိတ်သိမ်းရနိုင်တာပေါ့။

ဒီတိုင်းနေနေတာထက်စာရင် ဟန်ဆောင်နေတာက ပိုကောင်းပါတယ်။ ဒီနည်းလမ်းကိုလည်း ဟိုနတ်ဆိုးဖမ်းဆီးသူတွေဆီကနေပဲ သင်ယူခဲ့တာလေ။

"ရောက်ခါနီးပြီ"

ရှောင်ချမ်ဝေသည် ကိုယ်ပေါ်တွင် သွေးညှီနံ့များ ထပ်စွန်းထင်းမခံချင်တော့သဖြင့် လူငယ်၏ဘေးသို့ တိုးကပ်လျှောက်လိုက်သည်။

"နင်က နတ်ဆိုးနှိမ်နင်းရေးဌာနမှာ မနေဖူးတော့ သိမှာမဟုတ်ဘူး။ ဒီလို အစောက်အရှောက်စစ်မှူးနေရာမျိုးမှာ နတ်ဆိုးကြီးတွေ မရှိသလောက် ရှားတယ်။ သူတို့ကို ကြောက်လို့ မဟုတ်ဘူး၊ သူတို့ စောင့်ကြည့်နေတဲ့ နတ်ဆိုးက နယ်မြေရှင် ဖြစ်နေလို့ တခြားနတ်ဆိုးတွေ ဝင်မလာရဲကြတာ"

"လျိုပင်းရဲ့ စိတ်သဘောထားက သိပ်မကောင်းဘူး၊ ခဏနေရင် နင် ဘာမှ ဝင်မပြောနဲ့၊ ငါပဲ သူ့ကို စကားပြောလိုက်မယ်"

"အင်း"

ရှန်းယီ ခေါင်းညိတ်လိုက်သည်။ အစောက်အရှောက်စစ်မှူးထက်စာလျှင် ဤနေရာတွင် စောင့်ကြပ်ထားသော နတ်ဆိုးကို သူက ပိုစိတ်ဝင်စားသည်။

ရှောင်ချမ်ဝေသည် ကျွမ်းကျင်စွာဖြင့် တောအုပ်ထဲမှ ထွက်လာရာ မျက်စိရှေ့တွင် သစ်သားအဆောက်အအုံတန်းကို တွေ့လိုက်ရသည်။

တိမ်ကွက်ပုံစံ အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသော တပ်မှူးအချို့သည် မီးပုံဘေးတွင် ဝိုင်းဖွဲ့၍ မီးလှုံနေကြသည်။

သူမ ခြေလှမ်းကို တဖြည်းဖြည်း ရပ်တန့်လိုက်ပြီး အသံပြုလိုက်သည်။

"စစ်သူကြီး ယို ရဲ့ အမိန့်အရ အစောက်အရှောက်စစ်မှူး ဒု-စစ်သူကြီးလျှို ဆီကို စာလာပို့တာပါ၊ ကျေးဇူးပြုပြီး သတင်းပို့ပေးပါဦး"

ကိစ္စက ဤနေရာမှာတင် ပြီးပြီဟု ရှန်းယီ ထင်ထားခဲ့သည်။ သို့သော် သူ့ကို အံ့သြသွားစေသည်မှာ ထိုတပ်မှူးများသည် ခေါင်းကိုပင် မမော့ဘဲ အေးစက်စွာ ပြောလိုက်ခြင်းကြောင့်ပင်။

"နတ်ဆိုးဖမ်းဆီးသူလား ဒု-စစ်သူကြီးလျှိုဆီက အမိန့်ရှိတယ်။ဟေးရှီရေကန် က နတ်ဆိုးဖမ်းဆီးသူတွေကိုဧည့်မခံဘူး တဲ့။ မတွေ့နိုင်ဘူး"

ဤကဲ့သို့ ညီညာသော တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် ဒါက ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိသာနေသည်။

ရှောင်ချမ်ဝေ၏မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ယှက်သန်းလာသည်။

"ပထမတစ်ခါက နေမကောင်းလို့တဲ့၊ ဒုတိယတစ်ခါက အပြင်သွားနေလို့တဲ့၊ အခု စစ်သူကြီး ယို ကိုယ်တိုင် ငါ့ကို လွှတ်လိုက်တာတောင် နတ်ဆိုးဖမ်းဆီးသူမို့ မတွေ့ဘူး ဆိုပါလား။ ဒု-စစ်သူကြီး လျှို ကို ပြောလိုက်စမ်းပါ၊ သက်ကြီးဝါကြီးပြီး ဂုဏ်မောက်မယ်ဆိုရင်လည်း အတိုင်းအတာ ရှိသင့်တယ်လို့"

သူမ၏လေသံတွင် စူးရှမှုများ ပါဝင်လာသည်။

"စစ်သူကြီး ယို က သူ့အသက်အရွယ်ကို ထောက်ထားပြီး လေးစားသမှု ပြထားတာ၊ အထက်အောက် အဆင့်အတန်း ခွဲခြားမှု မရှိဘူးလို့တော့ မထင်နဲ့"

ရှန်းယီသည် လက်ကို နောက်ပစ်လျက် ရပ်နေသော်လည်း စိတ်ထဲတွင် သံသယ ဝင်နေသည်။

နတ်ဆိုးနှိမ်နင်းရေးဌာနနှင့် နတ်ဆိုးဖမ်းဆီးသူများသည် ဌာနမတူညီကြသော်လည်း ကျောက်စိမ်း အဆင့်ပင် မရှိသေးသော တပ်မှူးလေးများက အမြုတေဖွဲ့စည်းခြင်း အဆင့် နတ်ဆိုးဖမ်းဆီးသူကို ဤမျှ အေးစက်စွာ ဆက်ဆံရဲသည်မှာ ထူးဆန်းနေသည်။

ချင်ပြည်နယ်မြို့တော်မှ တပ်မှုးများပင် ဤကဲ့သို့ မောက်မာခြင်း မရှိပေ။

"ဒု-စစ်သူကြီး လျှို ပြောထားပြီးသား၊ နတ်ဆိုးဖမ်းဆီးသူကို လက်မခံဘူး"

တပ်မှုးများသည် ဖြည်းညှင်းစွာ ထရပ်လိုက်ကြပြီး ခါးမှ ဓားများကို ဆွဲထုတ်လိုက်ကြသည်။

"ဒါပေမယ့် ခင်ဗျားက သိုင်းပညာ အဆင့်မြင့်တာပဲ၊ ဟေးရှီရေကန်ထဲကို အတင်း ဝင်ချင်ရင်တော့ စမ်းကြည့်လို့ ရပါတယ်၊ ကြိုက်သလိုသာ လုပ်ပါ"

စကားသံနှင့်အတူ တပ်မှူးသုံးဦး ဦးဆောင်သော စစ်သည်အယောက်တစ်ရာခန့်သည် လက်နက်များကိုယ်စီဖြင့် အိမ်များထဲမှ ထွက်လာကြပြီး အေးစက်သော မျက်လုံးများဖြင့် ရှေ့မှ ပိတ်ဆို့ထားလိုက်ကြသည်။

"ဟေးရှီရေကန်က တားမြစ်နယ်မြေပဲ၊ စစ်သူကြီး ယိုရဲ့ လက်မှတ်မပါဘဲ ကျူးကျော်ဝင်ရောက်သူ မှန်သမျှကို နတ်ဆိုးအဖြစ် သတ်မှတ်မယ်"

တဖျပ်ဖျပ် လက်နေသော သံမဏိဓားများကို ကြည့်ရင်း ရှောင်ချမ်ဝေ နောက်ဆုံးတော့ ပြုံးလိုက်သည်။သူမ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

"လက်မှတ်တော့ ငါ့မှာ မပါဘူး၊ ဒု-စစ်သူကြီး လျှို ဆီပေးဖို့ စာတစ်စောင်ပဲ ပါတယ်၊ ဒါပေမယ့်... နင်တို့ ငါ့ကို နတ်ဆိုးအဖြစ် ဘယ်လို သတ်မှတ်မလဲဆိုတာ ကြည့်ချင်သေးတယ်"

နှစ်ရှည်လများ နတ်ဆိုးများနှင့် ဖက်ပြိုင်နေရသော နတ်ဆိုးဖမ်းဆီးသူများတွင်လည်း မထိပါးအပ်သော စည်း ရှိပေသည်။

ထိုအထဲတွင် သိုင်းပညာအမြင့်ဆုံး တပ်မှုးသည်ပင် ကျောက်စိမ်းအထွတ်အထိပ် အဆင့်သာ ရှိသေးသည်။ သို့သော် ရှောင်ချမ်ဝေ လျှောက်လာသည်ကို မြင်သောအခါ သူတို့၏မျက်နှာပေါ်တွင် တွန့်ဆုတ်မှု အနည်းငယ်မျှ မရှိဘဲ ဓားရှည်များကို ချက်ချင်း မြှောက်လိုက်ကြသည်။

ဤအရာက အစောက်အရှောက်တပ်ဖွဲ့နှင့် သာမန် နတ်ဆိုးနှိမ်နင်းရေးအရာရှိများ၏ကွာခြားချက်ပင် ဖြစ်သည်။

သူတို့သည် တစ်ဦးတည်းသော အမိန့်ကိုသာ နာခံကြသည်။ထိုသူမှာ ဤနေရာကို စောင့်ကြပ်နေသော လျှိုပင်း ပင် ဖြစ်သည်။

ရုတ်တရက် လေကို ခွင်းလျက် အေးစက်သော သံမဏိလှံရှည်တစ်ချောင်း ပျံသန်းလာပြီး ရှောင်ချမ်ဝေ၏ရှေ့ သုံးလက်မ အကွာတွင် တိကျစွာ စိုက်ဝင်သွားသည်။

အိမ်ထဲမှ အက်ကွဲသော အသံကြီး ထွက်ပေါ်လာသည်။

"ကျုပ် လျှိုပင်း ဒီနေရာကို စောင့်ကြပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီ၊ အတင်း ဝင်ရဲတာ မင်းက ပထမဆုံးပဲ"

"စစ်သူကြီး ယို က ကျုပ်ကို ပြောစရာရှိရင် တခြား အရာရှိတွေနဲ့ စာပါးလိုက်မှာပေါ့၊ မင်းလို နတ်ဆိုးဖမ်းဆီးသူ တစ်ယောက်က ငါတို့ နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ ကိစ္စကို ဝင်ပါစရာ အကြောင်း ရှိလို့လား"

စကားသံနှင့်အတူ အရပ်ရှည်ရှည် ပုံရိပ်တစ်ခု တံခါးကို တွန်းဖွင့်ကာ ထွက်လာသည်။ ဆံပင်များ ဖြူဖွေးနေပြီး မုတ်ဆိတ်မွေးများက ရင်ဘတ်အထိ ကျနေသည်။ကော်လာပေါ်တွင် ရွှေရောင်နဂါးပုံစံ တံဆိပ်ပါရှိသည်။

နောက်ကျောတွင် ဝံပုလွေသားမွေး ဝတ်ရုံကို လွှမ်းခြုံထားပြီး မျက်နှာထားတွင် စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသော အရှိန်အဝါများ ကိန်းအောင်းနေသည်။

သူသည် ဖြည်းညှင်းစွာပင် ရှောင်ချမ်ဝေ၏ ရှေ့သို့ လျှောက်လာပြီး မြေကြီးတွင် စိုက်နေသော သံမဏိလှံရှည်ကို ဆွဲနှုတ်လိုက်ကာ အမျိုးသမီးကို ငုံ့ကြည့်လိုက်သည်။

"မင်း အင်အားအပြည့် ရှိနေတုန်းကဆိုရင်တော့ ငါနဲ့ ယှဉ်တိုက်ဖို့ အရည်အချင်း ရှိကောင်း ရှိလိမ့်မယ်၊ အခု ဒဏ်ရာနဲ့ ရောက်လာပြီးမှတော့ အသက်မသေချင်ရင် ပြန်လိုက်တော့"

ရှောင်ချမ်ဝေ အံကြိတ်လိုက်ပြီး ငွေရောင်ခေါင်းလောင်းထဲမှ စာအိတ်ကို ထုတ်လိုက်သည်။

"စည်းမျဉ်းအရဆိုရင် ရှင်က တာဝန်ဝတ္တရား သတင်းပို့ဖို့ သုံးကြိမ် ပျက်ကွက်ခဲ့ပြီးပြီ။ စစ်သူကြီးယို က ရှင့်မျက်နှာကို ထောက်ပြီး နတ်ဆိုးနဲ့ ပူးပေါင်းနေတယ်လို့ သံသယမဝင်ဘဲ ထားပေးတာ၊ ဒီစာကိုတော့ ရှင် ဖတ်ကို ဖတ်ရမယ်"

"ငါက အသက်ကြီးလို့ မျက်စိမှုန်နေပြီ၊ ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက် ပေးတဲ့စာကို ဖတ်ဖို့ စိတ်မဝင်စားသလို အတုလား အစစ်လားလည်း မခွဲခြားနိုင်ဘူး"

လျှိုပင်းသည် ဖြည်းညှင်းစွာ လှည့်ထွက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်းလူတွေကို ခေါ်ပြီး ထွက်သွားတော့"

ဤအေးစက်သော မောင်းထုတ်မှုက မျက်နှာသာပေးမှုကို လုံးဝ စုတ်ဖြဲပစ်လိုက်ခြင်းပင်။စစ်သည်အယောက်တစ်ရာကျော်သည် ရှောင်ချမ်ဝေထံသို့ ဓားများ ပြိုင်တူ ချိန်လိုက်ကြသည်။

အမျိုးသမီးက အသက်ပြင်းပြင်း ရှူလိုက်သည်။

ထို့နောက် သူမ၏အနောက်ရှိ လူငယ်ကို စောင်းငဲ့ကြည့်လိုက်သည်။

"လျှို့ဝှက်စာကို သူ့လက်ထဲ အရောက်ပို့ဖို့ ကာကွယ်ပေးမယ်ဆိုတဲ့ ကတိ... အခုထိ တည်သေးရဲ့လား"

ရှန်းယီသည် နတ်ဆိုးနှိမ်နင်းရေးဌာနမှအရာရှိများကို တည်ငြိမ်စွာ ကြည့်နေသည်။

သူသည် လျှိုပင်းကို စိတ်မဝင်စားပါ၊ ရှောင်ချမ်ဝေ ပို့မည့် စာကိုလည်း စိတ်မဝင်စားပါ။သို့သော် နတ်ဆိုးနှင့် ပူးပေါင်းခြင်းဆိုသည့် အချက်ကိုမူ အလွန် စိတ်ဝင်စားသွားသည်။

သူ မျှော်လင့်နေခဲ့သော မထင်မှတ်ထားသည့် ရိတ်သိမ်းမှုက လုပ်ဖော်ကိုင်ဖက်များထံမှ ရလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ရှန်းယီသည် ပေါ့ပေါ့ပါးပါးပင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။

"တည်တာပေါ့"

သူတို့နှစ်ဦး၏ရိုးရှင်းသော အပြန်အလှန် စကားကြောင့် စစ်သည်များ၏မျက်နှာထားများ ရုတ်ခြည်း ပြောင်းလဲသွားကြသည်။

နတ်ဆိုးဖမ်းဆီးသူ နှစ်ဦးက တကယ်ကြီး လုပ်ရဲကြလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

အစောက်အရှောက်စစ်မှူး စောင့်ကြပ်နေသော နယ်မြေကို အတင်း ဝင်စီးရဲသည်လော။

ဤနေရာတွင် လျှိုပင်းသည် တာဝန်အားလုံးကို ယူထားပြီး အာဏာအရှိဆုံး ဖြစ်ကာ ချင်ပြည်နယ် နတ်ဆိုးနှိမ်နင်းရေးဌာနကို ကိုယ်စားပြုနိုင်သည်။

"သတ္တိရှိလှချည်လား"

ပြိုင်တူ အော်ဟစ်လိုက်သံများကြားတွင် လျှိုပင်း ရုတ်တရက် လှည့်လာပြီး ထက်ရှသော လှံရှည်ဖြင့် ဒေါသတကြီး ထိုးစိုက်လိုက်သည်။

ရှောင်ချမ်ဝေသည် နာကျင်မှုကို အံခဲ၍ သည်းခံကာ လှံသွားကို ရှောင်တိမ်းလိုက်ပြီး လက်ဝါးနှစ်ဖက်ဖြင့် လှံတံကို အားကုန် ရိုက်ချလိုက်သည်။

သူတို့နှစ်ဦးစလုံး အင်အားအကုန် သုံးလိုက်ကြခြင်း ဖြစ်သည်။ အစိုးရပိုင်းမှ လူအချင်းချင်း ဖြစ်သော်လည်း စတိုက်သည်နှင့် သေချာပေါက် အပြတ်ရှင်းမည့် ပုံစံပင်။

အင်အားနှစ်ခု လှံတံပေါ်တွင် ဆုံတွေ့သွားချိန်၌ လျှိုပင်းသည် အရှိန်ကို အခွင့်ကောင်းယူကာ လမ်းကြောင်းလွဲသွားသော လှံသွားကို အနောက်ဘက်ရှိ လူငယ်ထံသို့ တည့်တည့်ချိန်ရွယ်၍ ထိုးစိုက်လိုက်တော့သည်။

ငွေရောင် အလင်းတန်းသည် ချောက်ကမ်းပါးမှ ထွက်လာသော နဂါးဖြူတစ်ကောင်အလား မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး လေကို ခွင်းသော အသံကနားကွဲမတတ် မြည်ဟီးသွားလေသည်။

All Chapters