← Chapters

ဣတ္ထိယတိုင်းပြည်

Vol. 38 Ch. 521

ဣတ္ထိယတိုင်းပြည်

Vol. 38 Ch. 521

ချစ်စရာလေးတဲ့လား။

သူ ခေါ်ဝေါ်ခံရပုံကို ကြားသောအခါ ကျန်းရီက ချက်ချင်းပင် ကြက်သီးထသွားတော့၏။ သို့သော် သူ မျက်မြင်တွေ့ခဲ့ရသည့် အရာများကို ပြန်တွေးမိသည့်အခါ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။

ဖီးနစ်အော်သံနယ်မြေ၊ ဖီးနစ်အော်တာလား။ ဤလောကထဲတွင် နဂါးများက အမျိုးသားများကို ကိုယ်စားပြုပြီး ဖီးနစ်က အမျိုးသမီးများကို ကိုယ်စားပြုသည်။ ဖီးနစ်အော်ခြင်းသည် ဤနယ်မြေက အမျိုးသမီးများ စိုးမိုးသည်ဟု ဆိုလိုသည်မလား။

မြို့ထဲက စစ်သည်တော်တွေအားလုံးက အမျိုးသမီးတွေလား၊ အမျိုးသမီးတွေက လက်နက်ကိုင်နေတဲ့အချိန် အမျိုးသားတွေ အားလုံးက သိုင်းမတတ်ကြတာလား။ သူတို့က သူလျှိုတစ်ယောက် ရှာတွေ့ရင်တောင် အမျိုးသမီးတွေက ရှေ့ထွက်ပြီး အမျိုးသားတွေက နောက်မှာ နေနေရတာပဲ။

ပိုအရေးကြီးသည်က ကျန်းရီသည် အမျိုးသားများ၏ အမူအကျင့်ကို မြင်လိုက်ရသည့်အချိန် သူတို့အားလုံးက ကျွန်များသဖွယ် ပြုမူနေကြတာပဲ ဖြစ်သည်။ သူတို့က အနိုင်ကျင့်ခံနေကျ ဖြစ်ပုံပေါ်သည်။ ကိုယ့်အားကိုယ်ကိုးနိုင်စွမ်း ရှိပုံမပေါ်။ တစ်မြို့လုံးရှိ အမျိုးသားများက အမျိုးသမီးများအတွက် ကျွန်များ ဖြစ်နေပုံရ၏။ ကျန်းရီက သူ၏ ကောင်းကင်စိတ်အာရုံကို တိတ်တဆိတ် ဖြန့်ကျက်လိုက်ပြီးနောက် အမျိုးမျိုးသော ခြံဝန်းများကို မြန်မြန်ဆန်ဆန် စစ်ဆေးကြည့်ပြီး သူ၏ ကောက်နုတ်ချက်ကို သက်သေပြရန် လုံလောက်သွားခဲ့ပြီ ဖြစ်သည်။

ခြံဝန်းထဲတွင် အမျိုးသားများစွာက အိမ်အလုပ်များ လုပ်နေပြီး သူတို့၏ အမူအရာက ကျွန်များသဖွယ် ဖြစ်နေရာ သူတို့၏ အမူအရာက အရှင်သခင်များနှယ် အိမ်ထဲတွင် ထိုင်နေ၏။ အမှန်တကယ်တွင် ထိုအမျိုးသားများထဲမှ အချို့က ခွေးများသဖွယ် ချိန်းကြိုးများဖြင့် ချုပ်နှောင်ခံထားရပြီး ခြံဝန်းထဲတွင် နေနေရသည်။

ဖြန်း ဖြန်း ဖြန်း..

ခြံဝန်းများထဲမှ တစ်ခုထဲတွင် ကျန်းရီက အမျိုးသားတစ်ဦးကို အနိုင်ကျင့်နေသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။ ကျာပွတ်ဖြင့် အမျိုးသားကို ရိုက်နှက်နေတာပဲ ဖြစ်သည်။ ထိုအမျိုးသားက မအော်ရဲဘဲ သူ၏ မျက်လုံးကိုသာ သုံးလျက် သနားညှာတာပေးရန်သာ တိတ်တဆိတ် တောင်းဆိုပြီး ခုခံရန် ရည်ရွယ်ချက် မရှိပေ။

ဒီမြို့ထဲက အမျိုးသားတွေက မျှော်လင့်ချက် မဲ့နေတာပဲ။

ကျန်းရီက သက်ပြင်းချလိုက်သည်။ ကျန်သည့် မြို့အကြောင်း သူ မသိပေ။ သို့သော် ဤမြို့ထဲရှိ အမျိုးသားများကမူ ကျွန်များအဖြစ် အဆင့်လျှော့ချခံရပြီး အမျိုးသမီးများအတွက် အပန်းဖြေစရာ ဖြစ်နေသည်။

နယ်မြေတစ်ခုလုံးက ဤအတိုင်း ဖြစ်နေခဲ့လျှင် ဖီးနစ်အော်သံနယ်မြေက ဣတ္ထိယတိုင်းပြည်တစ်ခုဆိုတာ သေချာနေပေ၏။

အမျိုးသမီးများက အုပ်စိုးသည့် နေရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူ‌ပေါ်လာသည့် အချိန်၌ ကျန်သည့်သူများက သူ့ကို သူလျှိုဟု သတ်မှတ်သည့်အကြောင်းအရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

မြို့ထဲရှိ ကျန်သည့် အမျိုးသားများ၏ အရှိန်အဝါက သူ၏ အရှိန်အဝါနှင့် ကွဲပြားခြားနားနေပေသည်။ ထိုအမျိုးသားများ အားလုံးသည် အမျိုးသမီးများကို ရိုးတိုးရှန်းတန့် ကြည့်နေပြီး ကျန်းရီ၏ အဟန့်အတားမရှိ မျက်နှာပြောင်တိုက်သည့် ပုံနှင့် မတူပေ။

သူ၏ ရုပ်ရည်သွင်ပြင်က မြို့ထဲရှိ ကျန်သည့်အမျိုးသားများနှင့် ကွဲပြားခြားနားခြင်း မရှိချေ။ သူက စကားတစ်ခွန်းတောင် မပြောခဲ့သော်ငြား အကြည့်များက ထုတ်ဖော်ခဲ့သည်။ သူ့အရှိန်အဝါက သာလွန်နေခဲ့ပြီး ဖြစ်ရာ တစ်ချက် ကြည့်ရုံဖြင့် သူက ကွဲပြားနေကြောင်း သိရန် လုံလောက်ပေသည်။

ကျန်းရီက သူ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ခဲ့ပြီ ဖြစ်သောကြောင့် သူက ထပ်မံဖုံးကွယ်ရန် မဆုံးဖြတ်တော့ပေ။ မြို့ထဲတွင် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦး ရှိနေခဲ့လျှင် သူ၏ခွန်အား အစစ်အမှန်ကို ချက်ချင်း ရှာတွေ့လောက်ပြီ ဖြစ်သည်။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင် မရှိခဲ့လျှင် သူတို့နားသို့ ကောင်းကင်စိတ်အာရုံ ဖြတ်သန်းသွားလျှင် တစ်စုံတစ်ခု ထူးဆန်းနေသည်ကိုသာ အာရုံခံမိမှာ ဖြစ်သည်။ သူတို့က အလွန်အကျွံတုံ့ပြန်တာမျိုး မရှိလောက်ပေ။

ကျန်းရီက မြို့ထဲသို့ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးနေစဉ် မြို့၏ အခမ်းနားဆုံး ခြံဝန်းထဲတွင် ရှိနေသော ကျက်သရေရှိသည့် မိန်းမပျိုကို မြန်မြန်ဆန်ဆန် ကြည့်မိသွား၏။ သူက ကောင်းကင်စိတ်အာရုံကို ရုပ်သိမ်းပြီးနောက် စိတ်အေးသွားတော့သည်။ မြို့ထဲ၌ သိုင်းပညာရှင် ရှိမနေဘဲ သူတို့ထဲတွင် အသန်မာဆုံးက စိတ်ဝိညာဉ်မျောလွင့် ခရီးသွား အမြင့်ဆုံးအဆင့်တွင် ရှိသည့် မြို့အရှင်မ ဖြစ်သည်။ သူက သူမကို အေးအေးဆေးဆေး ဖိနှိပ်နိုင်ပေ၏။

သူ၏ စိတ်ထဲ အတွေးများ လျင်မြန်စွာ ပေါ်လာပြီးနောက် မြို့အရှင်မကို ဖြေရှင်းရမည့် နည်းကို တွေးနေ၏။ သူ ကောင်းကောင်း မဆုံးဖြတ်နိုင်ရင် သူ့ကို သတ်ရမလား။ သူ့ကို မသတ်ဘဲ အဆင်အခြင်မဲ့ လှုပ်ရှားခဲ့ရင် သူမနဲ့ အပေးအယူ လုပ်ဖို့ သူကိုယ်တိုင် လိုက်ပါ ဖျော်ဖြေရမှာလား။

မဖြစ်နိုင်ဘူး၊ ငါ အညံ့မခံနိုင်ဘူး။ ကျန်းရီက လက်သီးကျစ်ကျစ် ဆုပ်လိုက်၏။ သို့သော် ထိုအမျိုးသမီးက ရုတ်တရက် သူမ၏ လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး သူ၏ ကြွက်သားများ ရှိနေသော ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။ သူမ၏ လက်တစ်ဖက်က ရံဖန်ရံခါ၌ သူ၏ ခွကြားနေရာဆီသို့ ရောက်လာ၏။ သူက ချက်ချင်းပင် ဒေါသထွက်သွားကာ အော်ဟစ်လိုက်တော့သည်။

“ခင်ဗျား ဘာလုပ်နေတာလဲ ခင်ဗျားက.. ကိုယ်ကျင့်တရား ဖောက်ဖျက်မှုကို ကျူးလွန်နေတာပဲ အရှက်မဲ့လိုက်တာ”

“ခစ် ခစ် ခစ်ခစ်..”

ကျန်းရီ အော်ပြီးသည်နှင့် အမျိုးသမီးစစ်သည်တော်များက ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး သူ့နောက်ရှိ အမျိုးသမီးကမူ ပိုတောင် ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူမ ရင်ဘတ်ရှေ့ရှိ လက်နက်တစ်စုံကလည်း နိမ့်တုန်မြင့်တုန် ဖြစ်နေပြီး ရံဖန်ရံခါ၌ သူ့နောက်ကျောကို ပွတ်တိုက်သွားသည်။ ယင်းက သူ့ကို မသက်မသာ ဖြစ်စေ၏။

“ချစ်စရာလေး ဒေါသမထွက်နဲ့ လိမ်မာတဲ့ ကောင်လေးလိုပဲ နေ..”

အမျိုးသမီးက တသိမ့်သိမ့် ရယ်မောပြီးနောက် သူမကို နိမ့်လိုက်ပြီး သူ့နားကပ်ကာ တီးတိုးပြောလိုက်၏။

“မင်းစကား နားမထောင်ရင် ဂရုစိုက်နေ၊ ဒီအစ်မက မင်းရဲ့ရတနာလေးကို ဖြတ်ထုတ်လိုက်ပြီး နေရာမှာတင် သတ်ပစ်လိုက်မယ်”

“သေစမ်း”

ကျန်းရီက မျက်လုံးလှန်ကြည့်လိုက်၏။ ယင်းက သူ့ကို အားနည်းသည့် မိန်းမပျိုလေးအသွင် ပြောင်းလဲသွားစေပြီး လူရမ်းကားတစ်စု အမိဖမ်းတာ ခံနေရသည့်ပုံ ဖြစ်သွားစေ၏။ လူရမ်းကားတစ်စုက သူ့ကို ခြိမ်းခြောက်နေပြီး သူ စကားနားမထောင်လျှင် အကြမ်းဖက်ပေလိမ့်မည်။

ကျန်းရီက သူ ငိုသင့်သည်လား။ ရယ်သင့်သည်လား မသိတော့ပေ။ သို့သော် သူ့ဒေါသကို ဖိနှိပ်ပြီး တိတ်တိတ်နေလိုက်သည်။ နောက်ကျောရှိ အမျိုးသမီးက အဆင်အခြင်မဲ့ မလှုပ်ရှားရဲတော့ဘဲ အနီရောင်ကျားများက မြို့၏ အလယ်တွင် ရှိသော ဧရာမခြံဝန်းဆီသို့ မြန်မြန်ဆန်ဆန် ရောက်လာကြသည်။

“သွားရအောင် အချစ်လေး..”

အမျိုးသမီးစီးနင်းသူက ကျားပေါ်မှ ခုန်ဆင်းပြီးနောက် ကျန်းရီကို ဆွဲချလိုက်သည်။ သူမက ကျန်းရီ၏ တင်ပါးကို ပွတ်သပ်ပြီးနောက် ညှို့ငင်နေသော မျက်လုံးများဖြင့် ပြောလိုက်၏။

“အချစ်လေး မြို့အရှင်မကို အရင်သွားတွေ့ရအောင် သူ မင်းနဲ့ ကိစ္စပြီးတဲ့ အချိန် ဒီကညီအစ်မတွေက မင်းကို မြတ်နိုးပေးမှာပါ ကျွတ်ကျွတ် ဒီလို ချစ်ဖို့ကောင်းတဲ့ လူငယ်လေးက အမှန်တကယ် ရှားပါးတာပဲ နှမြောစရာပဲ”

“သေစမ်း”

ကျန်းရီသည် ဆဲချင်သွားသည်။ သူက အရပ်ရှည်ပြီး ဝင့်ဝင့်ကြွားကြွားရှိသူ ဖြစ်၏။ ချစ်စရာလေးဟူသော စကားလုံးနှင့်သူ သက်ဆိုင်မှုရော ရှိပါရဲ့လား။ ကျန်းရီက မြို့အရှင်မ၏ ခြံဝန်းတွင် ရောက်နေပြီဖြစ်ရာ သူ ဤနေရာတွင် မလှုပ်ရှားချင်ပေ။ မြို့အရှင်မနှင့် ဦးစွာ တွေ့ခြင်းက အကောင်းဆုံး ဖြစ်သည် မဟုတ်လော။

သူက အမျိုးသမီးစစ်သူကြီး တစ်ဦး၏ ပုခုံးမှ ဆွဲခြင်းကို ခံနေရပြီး အထဲသို့ လျှောက်ဝင်သွား၏။ သူ လျှောက်နေစဉ် အမျိုးသမီး အစောင့်များစွာကို တွေ့နေရပြီး သူတို့အားလုံးက အတော်အသင့်ကြည့်ကောင်းကြသည်။ ကြီးမားသည့်ဓားမော့များကို ကိုင်ဆောင်လျက် တည်ကြည်သော သွင်ပြင် အမူအရာဖြင့် တံခါးကြီးများ၌ စောင့်ကြပ်နေတာကို တွေ့နေရသည်။ ထိုအမျိုးသမီးများသည် ကျန်းရီကို မြင်သည့် အချိန်၌ ဆာလောင်နေသော ကျားများနှယ် မျက်လုံးများ လင်းလာပြီး ကျန်းရီ၏ ကြည့်ကောင်းသော ခန္ဓာကိုယ်ကို စိုက်ကြည့်နေကြ၏။

“သေစမ်း..”

ကျန်းရီက သူသည် ဧကရာဇ်တစ်ပါး၏ အတွင်းဆောင်တွင် ဝင်မိပြီး သူ့ကို အရှင်လတ်လတ် ဝါးမျိုချင်ကြသည့် ရမ္မက်ကြီးသော နန်းတွင်းသူတစ်စု စိုက်ကြည့်ခြင်း ခံနေရသလို ခံစားနေရ၏။

လှပသည့် ထပ်ခိုးအပေါ်စောင်း အပြင်ဘက်၌ စစ်သူကြီးတစ်ဦးက လက်သီးကို ဆုပ်လျက် အရိုအသေပေးကာ ပြောလိုက်သည်။

“ဒီနိမ့်ကျတဲ့ အမှုထမ်းက မြို့အရှင်မကို အရိုအသေပေးပါတယ် ကျွန်မတို့တွေ သူလျှိုတစ်ယောက် ရှာတွေ့ခဲ့တယ် မြို့အရှင်မ ဆုံးဖြတ်လို့ ရအောင် သူ့ကို ခေါ်လာခဲ့ပါတယ်”

“သူလျှိုတဲ့လား..”

ပျင်းရိပြီး ညှို့ငင်နိုင်သော အသံက ပဲ့တင်သံ ထွက်လာ၏။

“သူ့ကို ခေါ်လာခဲ့”

“သွားကြမယ်”

အမျိုးသမီးစစ်သူကြီးက ကျန်းရီကို ဆွဲပြီး အထဲသို့ ဝင်လာ၏။ တံခါးမှ လမ်းတစ်လျှောက် ဖြူစွတ်သော ကော်ဇောတစ်ချပ် ရှိနေပေသည်။ ပင်မခန်းမဆောင်ဟု ဆိုရခြင်းထက် နန်းတော်ရှိ အဆောင်ခန်းနှင့် ပိုတူပေ၏။ အခန်းက အလွန်ခမ်းနားပြီး အမျိုးသမီးနှစ်ဦး ဒူးထောက်နေသည့် နေရာတွင် ဘေးတိုက် တံခါးတစ်ချပ် ရှိပေ၏။ သူတို့က ကျန်းရီကို မြင်သည့် အချိန်၌ ပြင်းပြသည့် အကြည့်များ ပေါ်လာတော့သည်။

ကျန်းရီက နန်းဆောင်ခန်းကို ကြည့်ရန် အချိန်မရသေးခင် သူက ဘေးတံခါးဆီ ဆွဲခေါ်ခံလိုက်ရပြီး အတွင်းဆောင်ထဲ ရောက်သွား၏။ အလယ်တွင် ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော ကြီးမားသည့် အရာရှိကာ အဖြူရောင်ပုဝါတို့ဖြင့် ကာရံထားသည့် အမျိုးသမီးတစ်ဦးက အိပ်ရာပေါ်၌ လဲနေပြီး အိပ်နေပေ၏။

အမျိုးသမီးက ကျက်သရေရှိပြီး အသက်(၂၀)ဝန်းကျင် ရှိပုံပေါ်သည်။ သူမ၌ တော်ဝင်ဆန်သော အငွေ့အသက်တို့ ရှိသည်။ အဝတ်အစားအနည်းအကျဉ်းသာ ဝတ်ဆင်ထား၏။ သူမက ဖွံ့ထွားသော ရင်သားများနှင့် နှင်းကဲ့သို့ ဖြူစွတ်ရှည်လျားသော ခြေတံများကို အပြည့်အဝ ထုတ်ဖော်ပြသထားပြီး အင်မတန် ဖမ်းစားနိုင်စွမ်း ရှိပေသည်။

ဘီး..

အမျိုးသမီး၏ မျက်ဝန်းက ကျန်းရီ ဝင်လာသည့် အချိန်တွင် ချက်ချင်း ပွင့်သွား၏။ သူမက ကျန်းရီ၏ မျက်ဝန်းများကို စိုက်ကြည့်ပြီး ချစ်စဖွယ် မျက်လုံးများက လင်းလာတော့သည်။ သူမက လက်ကို ဝှေ့ယမ်းလျက် နွမ်းချိသည့် အမူအရာဖြင့် ပြောလိုက်သည်။

“ကုကျီ မယ်မင်း သွားလို့ရပြီ”

“ဟုတ်ကဲ့ပါ”

အမျိုးသမီးစစ်သူကြီးက တလေးတစား အရိုအသေ ပေးပြီးနောက် ကျန်းရီကို ဂရုဏာသက်သည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူမက ဘေးတိုက် ထွက်သွားလျက် အတွင်းဆောင် အခန်းတံခါးက ပိတ်သွားတော့သည်။ အတွင်းဆောင်၏ နံရံများက လင်းထိန်လာပြီး တားမြစ်မှုတစ်ခု ချက်ချင်းပင် အသက်ဝင်လာတော့သည်။

ထိုအမျိုးသမီး စစ်သူကြီးက အလွန်နားလည်ပြီး သူ့သခင်မ၏ အပျော်ကို မနှောင့်ယှက်ချင်ပေ။

“တိုင်းတစ်ပါးက လူငယ်လေးပဲ”

အမျိုးသမီးက ကျန်းရီ၏ မျက်နှာကို စစ်ဆေးပြီးနောက် သိမ်မွေ့စွာ ပြုံးလိုက်သည်။ ပြီးနောက် သူမက ညင်သာစွာ မေးလိုက်တော့၏။

“မင်းရဲ့နာမည်က ဘာလဲ ဘယ်က လာတာလဲ ဒီအစ်မကြီးကို ပြောပြနိုင်မလား”

ကန့်သတ်ချက် တစ်ခုကို အသက်သွင်းလိုက်တာလား။ ဟား ဟား ကောင်းကင်ဘုံကတောင် ငါ့ကို ကူညီနေပြီ။

ကျန်းရီက အတွင်းဆောင်ထဲရှိ ကန့်သတ်ချက်ကို လက်ရှိတွင် သတိပြုမိပြီး သူက ထိုအမျိုးသမီးအတွက် စိတ်အနှောင့်အယှက်တောင် ဖြစ်မနေပေ။ တစ်ခန်းလုံးကို စစ်ဆေးကြည့်လိုက်ရာ တစ်စုံတစ်ခု ဖြစ်ပွားခဲ့လျှင်တောင် တားမြစ်ချက်ကို မချိုးဖျက်မချင်း အပြင်လူများ မသိနိုင်ပေ။ စိတ်အခြေအနေက ချက်ချင်း ပိုကောင်းသွား၏။

အမျိုးသမီးက ကျန်းရီ အကြောင်းမပြန်တာကို မြင်သည့် အချိန်၌ ပုဝါစကို ဖွင့်လျက် ဖြည်းဖြည်းချင်း ဆင်းလာတော့သည်။ သူမ၏ မျက်ဝန်းထဲ၌ တပ်မက်မှုများ ပြည့်နေကာ သူမသည် အိမ်နီးချင်း၏သားငယ်လေးကို သွေးဆောင်ဖြားယောင်းရန် ကြိုးစားနေသည့် လက်ထပ်ပြီးသား အမျိုးသမီးတစ်ဦးနှင့် တူညီနေတော့သည်။ သူမက ညှို့ငင်သည့် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်တော့သည်။

“ဖီးနစ်အော်သံနယ်မြေရဲ့ စည်းမျဉ်းတွေအရ ဒီနယ်မြေကို ဘယ်တိုင်းတစ်ပါးသားမှ လာခွင့် မရှိဘူး မဟုတ်ရင် သူတို့အားလုံးကို သူလျှိုအဖြစ် သတ်မှတ်ခံရပြီး သက်ညှာမှုမရှိ အသတ်ခံရမှာ”

“ခင်ဗျားကို ခစားဖို့လား”

ကျန်းရီက နောက်ဆုံးတွင် သတိပြန်ဝင်လာပြီးနောက် ကောက်ကျစ်သည့် အပြုံးပြုံးကာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ ဒီသခင်လေးက ခင်ဗျားကို သင့်တော်စွာ ခစားပေးရမှာပေါ့ ခင်ဗျားစိတ်ကျေနပ်မယ်လို့ ကျုပ်အာမခံရဲတယ်”

***

All Chapters