ငါ့လူတွေကို စော်ကားတဲ့သူတိုင်း သေရမယ်
Vol. 116 Ch. 1740
သို့သော်လည်း ဝူကျန်းယွဲ့ မသိခဲ့သည်မှာ ကျုံးဝမ်၏ ယုံကြည်မှုအားလုံးသည် လူတစ်ယောက်ထံမှသာ လာခြင်း ဖြစ်သည်၊ ထိုသူမှာ ယဲ့ဖန်ပင် ဖြစ်သည်။
“ငါ ဝမ်ရှန်းမြို့မှာ သုံးရက်စောင့်နေမယ်။ အဲ့ဒီ ယဲ့ဖန်ဆိုတဲ့ကောင် တကယ်ပဲ ပြန်လာနိုင်ခဲ့ရင် ပြီးတော့ ငါ့ဆီကို တကယ်ပဲ လာရှာဝံ့ရင်ပေါ့လေ”
ဝူကျန်းယွဲ့က မထီမဲ့မြင် ပြုံးလိုက်ပြီးနောက် ရထားပျံပေါ်သို့ တက်လိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
တစ်ဖက်တွင်မူ အိုးရန်ယိနှင့် ဝူရို့ဟုန်တို့မှာ ဝူကျန်းယွဲ့၏ လက်ချက်ဖြင့် မသန်စွမ်း ဖြစ်သွားခဲ့ရပြီဖြစ်ရာ ယခုအခါ ဤနေရာကို ဟေးရှန်းညီအစ်ကိုများက လွှမ်းမိုးချုပ်ကိုင်ထားတော့သည်။
ဟေးဖုန်းက ယဲ့ဖန်၏ အမျိုးသမီးများကို နှမြောတသသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဟူး ... ဒီလိုဖြစ်သွားလိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး။ ငါက သူတို့နဲ့ ပျော်ပျော်ပါးပါး ကစားဖို့ ရည်ရွယ် ထားတာကို”
နတ်မိမယ်သဖွယ် လှပသော အမျိုးသမီးအုပ်စုမှာ အိုမင်းရင့်ရော်နေသော အဘွားအိုများအဖြစ်သို့ ပြောင်းလဲ သွားခြင်းမှာ တကယ်ကိုပင် ရွံရှာဖွယ်ရာ ဖြစ်နေတော့သည်။
“မင်းတို့ ကောင်စုတ်တွေ ... ခုနက သိပ်မောက်မာနေကြတယ် မဟုတ်လား၊ ကဲ... နောက်တစ်ခါ ထပ်ပြီး မောက်မာကြည့်စမ်းပါဦး”
ဟေးရှန်းသည် အိုးရန်ယိ၏ ခေါင်းကို ခြေထောက်ဖြင့် နင်းကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
အိုးရန်ယိက သူ့ကို အစိမ်းလိုက်ဝါးစားမတတ် စိုက်ကြည့်နေမိပြီး သူ့ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်ချင်စိတ်များ ပေါက်နေတော့သည်။
“မင်းက ငါ့ကို စိုက်ကြည့်ရဲသေးတယ်ပေါ့လေ”
ဟေးရှန်းသည် ဒေါသထွက်သွားပြီး သူ့ကို အဆက်မပြတ် ကန်ကျောက်တော့ရာ တဘုန်းဘုန်း အသံများပင် ထွက်ပေါ်လာသည်။
အိုးရန်ယိသည် ရုတ်တရက် ခေါင်းမူးသွားပြီး တစ်ခေါင်းလုံးလည်း သွေးများဖြင့် ဖုံးလွှမ်းသွားတော့သည်။
“ဝူရို့ဟုန် ... မင်းက တကယ့်ကို ရှားပါးလှပတဲ့ မိန်းမလှလေးတစ်ယောက်လို့ ငါကြားတာ ကြာပြီ၊ ဒီနေ့ မျက်မြင် တွေ့လိုက်ရတော့မှ ပိုသေချာသွားတာပဲ”
ဟေးဖုန်းက ရမ္မက်ဇောဖြင့် ပြောဆိုရင်း ဝူရို့ဟုန် ထံသို့ လျှောက်လှမ်းသွားသည်။
ဝူရို့ဟုန်၏ ချောမောလှပသော မျက်နှာလေးမှာ ချက်ချင်းပင် တောင့်တင်းသွားခဲ့ရသည်။ တစ်ဖက်လူ ဘာလုပ်ချင် နေသည်ကို သူမ ရှင်းရှင်းလင်းလင်း သိလိုက်ရသဖြင့် သူမ၏ မျက်နှာအမူအရာမှာလည်း ရုတ်တရက်ပင် ဆိုးရွား သွားတော့သည်။
“နင် ဘာလုပ်ဖို့ ကြံနေတာလဲ”
“မိန်းမတစ်ယောက်ရဲ့ အရသာဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ငါ မင်းကို ပြပေးမလို့လေ”
ဟေးဖုန်းသည် ယုတ်မာစွာဖြင့် တဟားဟား ရယ်မောလိုက်သည်။ ဤမျှအထိ မာန်မာနကြီးပြီး လှပလွန်းသည့် အမျိုးသမီးတစ်ဦးကို ပိုင်ဆိုင်ရတော့မည်ဟု တွေးမိသည်နှင့် တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင် နေတော့သည်။
“ညီအစ်ကိုတို့ ... မိန်းမတွေနဲ့ ပျော်ချင်ရင် အခုချက်ချင်း လုပ်ကြတော့။ ခဏနေရင်တော့ ဒီကောင်တွေကို ငါတို့ သေတွင်းထဲ ပို့ပေးရတော့မယ်”
ဟေးရှန်းက ကြွေးကြော်လိုက်သည်။
ရုတ်တရက် ရက်စက်ကြမ်းကြုတ်သော ဓားပြတစ်အုပ်မှာ ယုတ်မာသော အပြုံးများဖြင့် ပြေးတက်လာကြပြီး အိုးရန် မျိုးနွယ်စုမှ အမျိုးသမီးများကို အတင်းအဓမ္မ ဖမ်းချုပ်ကာ သူတို့၏ ကာမရာဂကို ဖြေဖျောက်ရန်အတွက် အဝတ်အစားများကို စတင်ဆွဲဖြဲကြတော့သည်။
ခဏချင်းအတွင်းမှာပင် အော်ဟစ်ငိုယိုသံများနှင့် ကျိန်ဆဲသံများမှာ လှိုင်းလုံးများအလား တစ်ရက်စပ်တည်း ထွက်ပေါ် လာတော့သည်။
တောင့်တင်းသန်မာသော အမျိုးသားအချို့က ၎င်းတို့ကို တားဆီးရန် ကြိုးစားခဲ့ကြသော်လည်း သူတို့အားလုံးမှာ ဓားဖြင့် ခုတ်ပိုင်းခြင်း ခံရကာ မြေပြင်ပေါ်သို့ လဲကျသွားကြရသည်။
အိုးရန် မျိုးနွယ်စုဝင်များသည် တစ်ဦးပြီးတစ်ဦး သွေးအိုင်ထဲတွင် လဲကျကုန်ကြပြီး၊ ထိုနေရာမှာပင် ကျဆုံးကုန် ကြရတော့သည်။
“ခွေးမသားတွေ”
၎င်းကို မြင်လိုက်ရသောအခါ အိုးရန်ချန်း၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်သွားရသည်။ ဤလူယုတ်မာ များသည် သေသင့်ပေသည်။
“ဟားဟား ... မိန်းမလှလေး၊ ငါနဲ့ ခဏလောက် ကစားရအောင်လေ”
ဟေးဖုန်းသည် သူ၏လက်နှစ်ဖက်ကို ပွတ်သပ်ကာ မဆန့်မငြိမ် ဖြစ်နေလျက် ဝူရို့ဟုန်ထံသို့ လျှောက်လှမ်း သွားသည်။
“ရွှစ်”
ရုတ်တရက် နီရဲသော သွေးတန်းတစ်ခုသည် လေထုကို ဖြတ်သန်းကာ ဟေးဖုန်း၏ မျက်နှာဆီသို့ ရုတ်ချည်း ပြေးဝင်သွားသည်။
ဟေးဖုန်းသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး ခေါင်းကို အမြန်လွှဲလိုက်သော်လည်း ထိုနီရဲသော သွေးလိုင်းမှာ သူ၏ပါးပြင်ကို ပွတ်တိုက်သွားခဲ့ရာ နက်ရှိုင်းသော သွေးရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
ဟေးဖုန်း၏ မျက်လုံးများမှာ ဒေါသကြောင့် ကျဉ်းမြောင်းသွားပြီး သူ၏ပါးကို ပြန်စမ်းကြည့်လိုက်ရာ လက်တစ်ပြင်လုံး သွေးများဖြင့် စိုရွှဲနေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် သူသည် သွားကို တင်းတင်းကြိတ်ကာ မျက်လုံးများထဲတွင် ပြင်းထန်သော ရန်ငြိုးများဖြင့် ပြည့်နှက် သွားတော့သည်။
“ဒီခွေးမ ... နင်ကတော့ သေတွင်းကို တူးနေတာပဲ”
ဟေးဖုန်းက ငေါက်ငမ်းလိုက်ပြီး ဒေါသတကြီးဖြင့် ပြင်းထန်စွာ ကန်ချလိုက်တော့သည်။
“ဂျွတ်”
ဝူရို့ဟုန်၏ ဒူးဆစ်မှာ သူ၏ခြေထောက်အောက်တွင် ချက်ချင်းပင် ကြေမွသွားပြီး လုံးဝ လိမ်ဖည်သွားတော့သည်။
စူးရှလှသော ထိုနာကျင်မှုမှာ အလွန်အမင်း ပြင်းထန်လှပေသည်။
သို့သော်လည်း ဝူရို့ဟုန်သည် သူမ၏ နှုတ်ခမ်းနီလေးများကို တင်းတင်းစေ့ကာ အသံတစ်ချက်မျှ မထွက်စေရန် အံကြိတ်ထားပြီး ဟေးဖုန်းကို အေးစက်စက် စိုက်ကြည့်နေဆဲပင်။
“မိန်းမယုတ်... နင်တော့ ပြီးပြီပဲ၊ ငါ့ညီက မိန်းမတွေကို နှိပ်စက်ရတာ အရမ်း ဝါသနာပါတာ။ အခု နင်က သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်တော့ ... နင် သေချင်စိတ် ပေါက်သွားအောင်ကို သူလုပ်လိမ့်မယ်လို့ ငါ အာမခံတယ်”
ဟေးရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
နှိပ်စက်ခြင်းမှာ ဟေးဖုန်း၏ ဝါသနာတစ်ခုဖြစ်ပြီး သူနှိပ်စက်သော အမျိုးသမီးတိုင်းမှာ နှိပ်စက်ရင်းဖြင့်ပင် သေဆုံး ကုန်ကြရသည်။ ဟေးဖုန်း၏ လက်ထဲသို့ ကျရောက်သွားသော အမျိုးသမီးတိုင်းသည် တစ်ညလုံး အော်ဟစ် ငိုယိုသံများဖြင့်သာ အဆုံးသတ်ရလေ့ရှိသည်။
ယနေ့အထိ အမျိုးသမီးပေါင်း တစ်ထောင်ကျော်မှာ ဟေးဖုန်း၏ ရက်စက်ကြမ်းကြုတ်မှုအောက်တွင် ဒုက္ခမျိုးစုံ ခံစားကာ သေဆုံးခဲ့ကြရပြီးဖြစ်သည်။
ဟေးဖုန်း၏ လက်အောက်ငယ်သားများမှာ အလောင်းများကို သွားရောက်သိမ်းဆည်းသည့် အခါတိုင်း၊ ထိုအမျိုးသမီးများ၏ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေများကို မြင်တွေ့ရပြီး ထိတ်လန့် တုန်လှုပ် ခဲ့ကြရသည်။
ထိုအမျိုးသမီးများမှာ လူပုံသဏ္ဌာန်ပင် လုံးဝပျောက်ကွယ်သွားသည်အထိ ရက်စက်စွာ သတ်ဖြတ်ခံရခြင်း ဖြစ်သည်။
“ခွေးမ ... ခုခံရဲသေးတယ်ပေါ့လေ၊ ငါ နင့်ကို အရင်ဆုံး ဒုက္ခိတ ဖြစ်အောင် လုပ်မယ်၊ ပြီးမှ တစ်စစီ ဖြည်းဖြည်းချင်း နှိပ်စက်ပြမယ်”
ဟေးဖုန်း၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရက်စက်ယုတ်မာနေပြီး ဝူရို့ဟုန်၏ ခြေလက် အင်္ဂါများကို အရင်ဆုံး အပိုင်းပိုင်းချိုးပစ်ရန် ရည်ရွယ်ကာ သူ၏ခြေထောက်ကို တစ်ဖန် ပြန်မြှောက်လိုက်သည်။
ထိုအချိန်မှာပင် ဟေးရှန်းကလည်း အိုးရန်ယိကို ကြည့်ကာ ယုတ်မာစွာ ပြုံးလိုက်သည်။
“ကောင်လေး... မင်းလည်း အခု သေလို့ရပြီ”
“ဝုန်း”
ရုတ်တရက်ဆိုသလိုပင် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ် အရှိန်အဝါ နှစ်ခု ဝုန်းခနဲ ပွင့်ထွက်လာသည်။
လွှမ်းမိုး ချုပ်ကိုင်နိုင်စွမ်းရှိပြီး ရက်စက်လှသော အရှိန်အဝါတစ်ခုမှာ ချက်ချင်းပင် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံ သွားပြီး ရှိသမျှလူတိုင်းကို ဝါးမြိုသွားတော့သည်။
အနားရှိ အိုးရန်မျိုးနွယ်စုဝင်များမှာ ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားကို တောင့်မခံနိုင်ကြဘဲ သူတို့၏ ခန္ဓာကိုယ်များမှာ ဆွဲဖြဲခံရတော့မည့်အလား ခံစားနေရသည်။
ထိုဖိနှိပ်မှုအောက်တွင် သူတို့ကိုယ်သူတို့ ပုရွက်ဆိတ်များကဲ့သို့ပင် အားကိုးရာမဲ့နေသည်ဟု ခံစားလိုက်ရသည်။
“ယိအာ”
အိုးရန်ချန်းသည် ဒေါသတကြီးဖြင့် စူးရှစွာ အော်ဟစ်လိုက်သည်။
အိုးရန်ယိကမူ အတိုင်းအဆမရှိသော မုန်းတီးမှုများဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် မျက်လုံးများကို တိတ်ဆိတ်စွာ မှိတ်ထားလိုက်သည်။
*ဒါဟာ သူ့ခရီးစဉ်ရဲ့ အဆုံးသတ်ပဲလား*
သို့သော် ရုတ်တရက် ငရဲမှ ဟိန်းဟောက်သံအလား အသံတစ်ခုမှာ တံခါးအပြင်ဘက်မှ ဝုန်းခနဲ ထွက်ပေါ် လာတော့သည်။
“ငါ့လူတွေကို စော်ကားတဲ့သူတွေ... အကုန် သေစေရမယ်”
“ဘုန်း”
ထိုအသံနှင့်အတူ ပြင်းထန်သော လေပြင်းတစ်ခုသည် ဝုန်းခနဲ တိုးဝင်လာရာ လူတိုင်း မျက်စိပင် မဖွင့်နိုင် လောက်အောင် ဖြစ်သွားရသည်။
*ဘာ*
ရောက်ရှိနေသူ အားလုံး၏ မျက်နှာအမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားပြီး တံခါးဝဆီသို့ တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
ဟေးရှန်း ညီအစ်ကိုများမှာလည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမျိုးမှာ အိုးရန်ကျန်းများ ပြန်ရောက်လာတာလား။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
အိုးရန် မျိုးနွယ်စုဝင် အားလုံးမှာ ချက်ချင်းပင် မော့ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများထဲတွင် အံ့သြ ဝမ်းသာမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်သွားတော့သည်။
ဤကဲ့သို့ ခန့်ညားထည်ဝါသော အရှိန်အဝါမျိုးဆိုသည်မှာ မိသားစုခေါင်းဆောင် ပြန်ရောက်လာခြင်း ဖြစ်ရမည်။
“ဒေါက်”
ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူသည် အိုးရန် မျိုးနွယ်စု၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ပြီ။
ထို့နောက် ချက်ချင်းဆိုသလိုပင် မြင့်မားပြီး အထီးကျန်ဆန်သော ပုံရိပ်တစ်ခုသည် လူတိုင်း၏ မျက်စိ ရှေ့မှောက်တွင် ပေါ်လာတော့သည်!
ရောက်ရှိလာသူမှာ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး မောက်မာသော အမူအရာဖြင့် သူတို့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
“မိသားစု ... မိသားစု ခေါင်းဆောင်ငယ်”
အိုးရန်ချန်းမှာ အံ့အားသင့်သွားပြီး မယုံကြည်နိုင်လောက်အောင် ဟိန်းဟောက်လိုက်သည်။ သူ့ရှေ့မှောက်တွင် ရှိနေသူမှာ ယဲ့ဖန်ပင် ဖြစ်သည်။
*ယဲ့ဖန်က တကယ်ပဲ အသက်ရှင်လျက် ပြန်လာခဲ့တာလား*
*ဒါက တကယ့်ကို မယုံနိုင်စရာပဲ*
တကယ့်ကို အံ့သြစရာကောင်းလှပေသည်။
“မိသားစုခေါင်းဆောင်ငယ် ပြန်လာပြီ! မိသားစုခေါင်းဆောင်ငယ် မသေသေးဘူး”
“အဓိပ္ပာယ်မရှိတာ၊ မိသားစုခေါင်းဆောင်ငယ်က အကြီးဆုံး သခင်မလေးရဲ့ သားပဲ၊ ငါတို့ အိုးရန်မျိုးနွယ်စုရဲ့ စစ်မှန်တဲ့ ပါရမီရှင်ပဲ။ သူက ဘယ်လိုလုပ် သေနိုင်မှာလဲ”
“ဟုတ်တယ် ဒီလောကမှာ မိသားစု ခေါင်းဆောင်ငယ် မလုပ်နိုင်တာ ဘာမှမရှိဘူး”
အိုးရန် မျိုးနွယ်စုဝင်များမှာ အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်နေကြတော့သည်။
*စစ်မှန်တဲ့ ပါရမီရှင် ဟုတ်လား*
ဤစကားလုံးများသည် အိုးရန်ယိ နှင့် ဝူရို့ဟုန် တို့အတွက်မူ အလွန်ပင် နားဝင်မချိုလှပေ။ သူတို့နှစ်ဦးစလုံးသည် ယဲ့ဖန်ကို စူးစမ်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
*ဒီလူက အိုးရန် မျိုးနွယ်စု တစ်ခုလုံးကို ရူးသွပ်သွားအောင် ဆွဲဆောင်နိုင်သူလား*
သာမန် သူတော်စင်သခင် အဆင့်မျှသာ ရှိသောသူတွင် ဤလူများကို ဤမျှအထိ ရူးသွပ်သွားအောင် လုပ်နိုင်သည့် ဘာထူးခြားချက်ရှိသနည်းဆိုသည်ကို သူတို့ လုံးဝ မမြင်မိကြပေ။
“မင်း ... မင်းက ယဲ့ဖန်လား”
ဟေးရှန်းညီအစ်ကိုများသည် မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်လျက် အသက်ရှူမှားမတတ် ထိတ်လန့်သွားကြသည်။
*ဒီကောင်က ကောင်းကင်ဘုံကိုးလွှာက သူတော်စင် သော်ပေါင်နှင့် ရင်ဆိုင်နေရတာ မဟုတ်ဘူးလား၊ သူက ဘယ်လိုလုပ် အသက်ရှင်လျက် ပြန်လာနိုင်မှာလဲ*
*ပြီးတော့ ... ဒဏ်ရာအနာတရ လုံးဝမရှိဘဲ ပြန်ရောက်လာတာလား*
*အိုးရန်ကျန်း သွားကယ်တာ ဖြစ်ရမယ်၊ ဟုတ်တယ်... အဲ့ဒါပဲ ဖြစ်ရမယ်*
ချက်ချင်းဆိုသလိုပင် ဟေးရှန်းညီအစ်ကို နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ သူတို့၏ မျက်ဝန်းများထဲတွင် အလွန်အမင်း ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။
တစ်နည်းအားဖြင့် အိုးရန်ကျန်း ပြန်ရောက်လာပြီ ဖြစ်သည်။
“ငါက ယဲ့ဖန်ပဲ၊ မင်းတို့အားလုံးကို သတ်ဖို့ ပြန်လာတာ”
ယဲ့ဖန်က အေးစက်စက် အသံဖြင့် အေးအေးဆေးဆေး ပြောလိုက်သော်လည်း သူ၏ မျက်ဝန်းများထဲတွင်မူ အေးစက်လှသော လူသတ်ငွေ့များ ပြည့်နှက်နေသည်။
“မိသားစုခေါင်းဆောင်ငယ် ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”
“မိသားစု ခေါင်းဆောင်ငယ် ... ကျွန်တော်တို့ဟာ ဝူကျန်းယွဲ့ရဲ့ အတင်းအဓမ္မ စေခိုင်းမှုကို ခံရတာပါ။ သူခိုင်းတဲ့ အတိုင်း မလုပ်ရင် ကျွန်တော်တို့ အသက်ရှင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် အိုးရန် မျိုးနွယ်စုကို ရန်မူဖို့ကလွဲပြီး ကျွန်တော်တို့မှာ တခြားရွေးချယ်စရာ မရှိခဲ့လို့ပါ”
ဟေးရှန်းညီအစ်ကိုများသည် ချက်ချင်းပင် ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်ကြတော့သည်။ ပြန်လည်ခုခံခြင်းမှာ သူတို့အတွက် သေလမ်းသာရှိသည်ကို ကောင်းကောင်းသိနေကြသည်။
ထိုသူနှစ်ဦးမှာ အလွန်အမင်း နောင်တရနေသည့် အမူအရာများကို လုပ်ပြနေကြရာ သူတို့၏ ဝမ်းနည်းပူဆွေးမှုမှာ တကယ့်နှလုံးသားထဲမှ လာသည့်အလားပင် ထင်ရပြီး တကယ့်ကို သရုပ်ဆောင်ကောင်းသူများ ဖြစ်ကြသည်။
ထို့နောက် ဟေးရှန်းညီအစ်ကိုများသည် ယဲ့ဖန်ကို ကြည့်ကာ ရိုးသားလှပါသည်ဆိုသော မျက်နှာပေးများဖြင့် ပြောလိုက်သည်။
“မိသားစု ခေါင်းဆောင်ငယ် ... ကျွန်တော်တို့ရဲ့ အမှားကို ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေးတစ်ခု ပေးပါ။ ကျွန်တော်တို့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့အတွက် အသေခံဖို့ အသင့်ရှိပါတယ်။ အခုချက်ချင်းပဲ နတ်ဘုရား မျိုးနွယ်ကို သွားတိုက်ခိုက်ပါ့မယ်”
အိုးရန်ကျန်း ဤနေရာတွင် ရှိနေပြီဟု သူတို့ယူဆထားသဖြင့် အသက်ရှင်ရန်အတွက် အောက်ကျို့ခံ တောင်းပန်ခြင်း မှလွဲ၍ အခြားလမ်းမရှိဟု တွေးတောနေကြခြင်းဖြစ်သည်။
“အခြေအနေတွေ ဒီလောက်ထိ ဖြစ်ပျက်ခဲ့ပြီးမှ ... မင်းတို့မှာ လွတ်လမ်းရှိသေးတယ်လို့ ထင်နေတာလား”
အိုးရန်ချန်းက ထိုညီအစ်ကိုနှစ်ဦးကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း လှောင်ပြောင်လိုက်သည်။ ထို့နောက် သူက ယဲ့ဖန်ကို ကြည့်ကာ အားတင်းပြုံးလျက် မေးလိုက်သည်။
“မိသားစုခေါင်းဆောင်ငယ်... အရှင်ရဲ့ စစ်တပ်က ဘယ်မှာလဲ”
“သူတို့အားလုံး ငါ့အဘိုးကို ကူညီဖို့ သွားကြပြီ”
ယဲ့ဖန်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ဟမ်”
အိုးရန်ချန်း၏ မျက်နှာအမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
“ဒါဆို ... အရှင်တစ်ယောက်တည်းပဲ ပြန်လာတာပေါ့ ဟုတ်လား”
“မှန်တယ်။”
ယဲ့ဖန်က နောက်တစ်ကြိမ် ခေါင်းငြိမ့်ပြလိုက်သည်။
*ဘာ*
*တစ်ယောက်တည်းလား*
ဟေးရှန်းညီအစ်ကိုများ၏ မျက်နှာများသည် ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ သူတို့သည် ပြန်ထရပ်လိုက်ကြပြီး ခုနကရှိခဲ့သည့် ရိုသေမှုနှင့် အသနားခံမှုများမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ် သွားကာ နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်များဖြင့် အစားထိုးဝင်ရောက်လာသည်။
သူတို့သည် အိုးရန်ကျန်း ပြန်ရောက်လာပြီဟု ထင်မှတ်ထားသောကြောင့်သာ ဤမျှအထိ အောက်ကျို့နေခဲ့ကြခြင်း ဖြစ်သည်။
သို့သော် အခြေအနေမှာ ထိုသို့မဟုတ်ခဲ့ပေ။
ဤကောင်လေးက တစ်ယောက်တည်း ပြန်လာခဲ့ခြင်းဖြစ်သည်။ သူသည် အသုံးမကျသော သူတော်စင်သခင် အဆင့်ရှိသည့် အမှိုက်ကောင်တစ်ယောက်သာ ဖြစ်ရာ၊ သူနှင့် ဘာစကားပြောနေရန် လိုအပ်တော့မည်နည်း။
အိုးရန်ချန်းမှာတော့ တကယ်ကို ငိုချင်စိတ် ပေါက်သွားတော့သည်။
*မိသားစုခေါင်းဆောင်ငယ်ရယ်... ဘာလို့ ဒီလောက်တောင် ရိုးသားနေရတာလဲ၊ သူတို့ကို နည်းနည်းလောက် လိမ်ပြောလိုက်လို့ မရဘူးလား*
မျှော်လင့်ချက်ရောင်ခြည်လေးကို မြင်တွေ့လိုက်ရရုံရှိသေးသော အိုးရန်မျိုးနွယ်စုဝင်များမှာ တစ်ဖန် မျှော်လင့်ချက် မဲ့ခြင်းထဲသို့ ပြန်လည်ကျဆင်းသွားကြရပြန်သည်။
*ပြီးပြီ*
*ဒါပဲ... အားလုံး ပြီးဆုံးသွားပြီ*
ယဲ့ဖန်က တစ်ယောက်တည်း ပြန်လာခဲ့သည်။ သာမန် သူတော်စင်သခင် အဆင့် တစ်ယောက်က အင်မော်တယ် ဧကရာဇ် နှစ်ဦးဖြစ်သည့် ဟေးရှန်းညီအစ်ကိုများကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
သူတို့တော့ သေဖို့ပဲ ရှိပါတော့သည်။
“အရူး”
ဝူရို့ဟုန်က မထီမဲ့မြင်ပြုသော အပြုံးဖြင့် အေးစက်စွာ ကဲ့ရဲ့လိုက်သည်။
ယဲ့ဖန် ကယ်တင်ရန် ရောက်လာခြင်းအပေါ် သူမတို့ လုံးဝ စိတ်မလှုပ်ရှားခဲ့ကြပေ။ လူတစ်ယောက်ကို ကယ်တင်သည် ဆိုသည်မှာ ကယ်တင်နိုင်စွမ်းရှိမှသာ ကယ်တင်သည်ဟု ခေါ်ခြင်းဖြစ်သည်၊ မဟုတ်ပါက သေတွင်း ထဲသို့ အတူတူ ခုန်ဆင်းခြင်းသာ ဖြစ်ပေလိမ့်မည်။
ယဲ့ဖန်သည် သေဖို့သက်သက် ရောက်လာခြင်းဖြစ်ရာ တကယ့်ကို မိုက်မဲလွန်းလှသည်။
“တောကြက်က ဇာမဏီနန်းတော်ထဲ ကျလာသလိုပဲ... တကယ့်ကို ရယ်စရာကောင်းလိုက်တာ”
အိုးရန်ယိက နှာခေါင်းရှုံ့ကာ အပြည့်အဝ အထင်သေးစွာဖြင့် ပြောဆိုလိုက်သည်။
ဤကောင်လေးသည် အသုံးမကျသည့်အပြင် ဦးနှောက်လည်း တစ်ခုခု ချို့ယွင်းနေပုံရသည်ဟု သူတို့ ယူဆလိုက် ကြတော့သည်။
“မိသားစုခေါင်းဆောင်ငယ်... အမြန် ပြေးပါတော့”
ထိုအခိုက်တွင် အိုးရန်ချန်းသည် ယဲ့ဖန်ကိုကြည့်ကာ အသံကုန် အော်ဟစ်လိုက်သည်။ ယဲ့ဖန်သည် သူတို့ အိုးရန် မျိုးနွယ်စု၏ တစ်ဦးတည်းသော မျှော်လင့်ချက်ဖြစ်ရာ ဤနေရာတွင် လုံးဝ အသေခံ၍မဖြစ်ပေ။
“ထွက်ပြေးမယ်၊ မင်း ပြေးလို့လွတ်မယ် ထင်နေတာလား”
ဟေးဖုန်းသည် ပထမဆုံး စတင်ခုန်ထွက်လိုက်ပြီး တံခါးဝကို ပိတ်ဆို့ကာ ယဲ့ဖန်၏ ဆုတ်ခွာမည့်လမ်းကြောင်းကို ဖြတ်တောက်ပစ်လိုက်သည်။
၎င်းကို မြင်လိုက်ရသောအခါ အိုးရန်မျိုးနွယ်စုဝင်များမှာ ကျောရိုးထဲအထိ စိမ့်တက်သွားအောင် ထိတ်လန့် သွားကြတော့သည်။
“မင်း ဘာလို့ ဒီလောက်တောင် မိုက်မဲနေရတာလဲ၊ သေလမ်းမှန်း သိရက်နဲ့ ဘာလို့ ပြန်လာတာလဲ၊ မင်း ရူးများ ရူးသွားပြီလား”
“မင်းက ငါတို့ အိုး၇◌န် မျိုးနွယ်စုရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက်လေ။ အကယ်၍ မင်းသေသွားရင် ငါတို့ မျိုးနွယ်စုတော့ ပြီးပြီ။ မင်း ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ”
“ဒီတစ်ကြိမ်တော့ ငါတို့ အိုးရန်မျိုးနွယ်စု ကံကြမ္မာကို အာခံဖို့ မတတ်နိုင်တော့ဘူး ထင်ပါရဲ့”
အိုးရန် မျိုးနွယ်စုဝင် အားလုံးသည် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေပြီး ယဲ့ဖန်အပေါ်တွင်လည်း နက်ရှိုင်းသော အပြစ်တင်လိုစိတ်များ ပေါ်ပေါက်နေကြသည်။
*ဒီကောင်က တကယ်ကို မိုက်မဲပြီး အသိတရားမဲ့လိုက်တာ။ အင်မော်တယ် ဧကရာဇ် နှစ်ယောက်တောင် ရှိနေတာကို သိရက်နဲ့ လာပြီး အသေခံရဲသေးတယ်*
တစ်ဖက်တွင်မူ တိတ်တဆိတ် စောင့်ကြည့်နေကြသော အိုးရန်ညီအစ်ကိုများမှာ ယုတ်မာသောအပြုံးများကို မဖုံးဖိနိုင်အောင် ဖြစ်နေကြသည်။
ဤတစ်ကြိမ်တွင်တော့ ယဲ့ဖန် မသေဘဲ မနေနိုင်တော့ဟု သူတို့ အခိုင်အမာ ယုံကြည်နေကြသည်။
“ကောင်လေး... မင်းက တော်တော်သတ္တိရှိတာပဲလား၊ 'ငါ့လူတွေကို စော်ကားတဲ့သူတွေ အကုန်သေစေရမယ်' တဲ့လား... တကယ့်ကို မောက်မာလိုက်တာ၊ ငါ့မှာတော့ ကြောက်လွန်းလို့ သေတော့မလို့ပဲ၊ ဟားဟားဟား”
ဟေးဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ အကယ်၍ အိုးရန်ကျန်းသာ ပြန်မပါလာခဲ့ဘူးဆိုလျှင် ယဲ့ဖန် ထိုစကားပြောကတည်းက သူ့ကို သတ်ပစ်လိုက်လောက်ပြီဖြစ်သည်။
“မင်းက ငါတို့ကို သတ်ချင်တာလား၊ မင်းလို အမှိုက်ကောင်ကများ”
ဟေးရှန်းကလည်း နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။ သူသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဟာသကို ကြားလိုက်ရသကဲ့သို့ ခံစားနေရတော့သည်။
စာစဉ် ၁၁၆ ပြီးပါပြီ။