← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

အစပိုင်းတွင် အံ့အားသင့်သွားခဲ့သော်လည်း နောက်ပိုင်းတွင်မူ လုချွမ်း၏ မျက်ဝန်းများမှာ ဝမ်းသာပီတိများဖြင့် ပြည့်နှက်သွားပြီး နှုတ်ခမ်းထောင့်များမှာလည်း မထိန်းနိုင်အောင်ပင် ပြုံးယောင်သန်းလာခဲ့သည်။

သမီးလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာအောင် ကူညီပေးမည်ဟု လုချွမ်း သန္နိဋ္ဌာန်ချထားသော်လည်း ကလေးငယ်သည် ဤကမ္ဘာပျက်ကပ်အတွင်း၌ပင် ရှင်သန်ရမည်ဟူသော အချက်မှာ ပြောင်းလဲ၍မရသည့် လက်တွေ့ဘဝဖြစ်ကြောင်း သူကောင်းစွာ သိရှိထားသည်။ ထို့ကြောင့် သူကိုယ်တိုင်က ချီချီလေးကို အစဉ်အမြဲ ကာကွယ်ပေးနိုင်မည် ဆိုစေကာမူ တစ်နေ့နေ့တွင် ကလေးငယ်သည် ဤကြမ်းတမ်းသော လောကကြီးနှင့် အသားကျအောင် သင်ယူရမည်သာ ဖြစ်သည်။

သို့သော်လည်း လုချွမ်း၏ စိတ်ကူးထဲတွင် ချီချီလေးမှာ ဤမျှစောစောစီးစီး လောကကြီးနှင့် အသားကျရန် သင်ယူနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ ချီချီ၏ အသက်အတိအကျကို သူ မသိသော်လည်း သူမ၏ ခန္ဓာကိုယ်အရွယ်အစားအရ လပိုင်းသာရှိသေးသည့် ကလေးငယ်တစ်ဦးဟု လုချွမ်း ခန့်မှန်းထားသည်။ မိခင်နို့ပင် မပြတ်သေးဘဲ အိပ်ရာထဲတွင်သာ လဲလျောင်းနေရမည့် အရွယ်မဟုတ်ပါလား။

မူလက လုချွမ်းသည် ချီချီလေး လမ်းလျှောက်တတ်ရန် အချိန်အတော်ကြာ ဦးမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ ရက်အနည်းငယ်မျှ သတိမထားမိလိုက်သည့် အတောအတွင်းမှာပင် ကလေးငယ်က ကိုယ်တိုင်သင်ယူတတ်မြောက်သွားခဲ့သည်။

ကုတင်ပေါ်တွင် ယိမ်းထိုးယိုင်ထိုးနှင့် လမ်းလျှောက်နေသည့် ချီချီလေးကို မြင်ရသောအခါ လုချွမ်းသည် သူမကို အမြန်ဆုံး ပွေ့ချီလိုက်ပြီး ဧည့်ခန်းရှိ ကြမ်းပြင်ပေါ်တွင် လမ်းလျှောက်လေ့ကျင့်ရန် ချပေးလိုက်သည်။ ကုတင်ပေါ်ရှိ မွေ့ရာမှာ အလွန်နူးညံ့ပြီး မျက်နှာပြင် မညီညာသဖြင့် လမ်းလျှောက်တတ်လျှင်တောင်မှ မြေပြင်ညီညာသည့်နေရာတွင် လမ်းလျှောက်နိုင်ရန် အချိန်ပိုပေးရမည်ဖြစ်သည်။ ဧည့်ခန်းရှိ ညီညာသော ကြမ်းပြင်ပေါ်တွင် တိုက်ရိုက်လေ့ကျင့်

ခြင်းက တိုးတက်မှုပိုမြန်စေမည်ဟု သူ ယူဆလိုက်ခြင်းပင်။

ကျိရုရွှယ်အတွက်မူ ဧည့်ခန်းထဲတွင်ဖြစ်စေ မြေပြင်ပေါ်တွင်ဖြစ်စေ အချိန်အနည်းငယ်ပေးရုံဖြင့် အသားကျသွားမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ စိတ်စွမ်းအင်မှာ ယခုအခါ သူမ၏ ခန္ဓာကိုယ်ကို ခေတ္တမျှ လေထဲတွင် မြှောက်ထားနိုင်စွမ်း ရှိနေပြီဖြစ်ရာ ခန္ဓာကိုယ် ဟန်ချက်ထိန်းရန်မှာ သူမအတွက် ကိစ္စအသေးအမွှားလေးသာ ဖြစ်ပေသည်။

အစပိုင်းတွင် ကျိရုရွှယ်၏ လမ်းလျှောက်ပုံမှာ အနည်းငယ် ကိုးရိုးကန့်လန့် ဖြစ်နေခဲ့သည်။ ဤခန္ဓာကိုယ်ငယ်လေးဖြင့် မတ်တတ်ရပ်ရန်နှင့် လှုပ်ရှားရန်အတွက် အသားကျရန် အချိန်ယူရခြင်း ဖြစ်၏။ သို့သော် သိပ်မကြာခင်မှာပင် သူမသည် ဤခန္ဓာကိုယ်နှင့် အသားကျသွားပြီး လေ့ကျင့်ထားသော ခွန်အားများ ပေါင်းစပ်လိုက်သည့်အခါတွင်မူ ကျိရုရွှယ်သည် အလွန်ပင် တည်ငြိမ်စွာ လမ်းလျှောက်နိုင်လာခဲ့တော့သည်။

ကျိရုရွှယ်သည် ခေါင်းမော့ကြည့်လိုက်ရာ ဇွန်ဘီဖေဖေ၏ အံ့အားသင့်နေသော မျက်နှာထားကို မြင်လိုက်ရသဖြင့် စိတ်ထဲမှ တိတ်တဆိတ် ဂုဏ်ယူနေမိသည်။ အကယ်၍သာ ဇွန်ဘီဖေဖေ လန့်သွားမှာကို မစိုးရိမ်ပါက သူမသည် လေထဲတွင် ဂျွမ်းပင် လှည့်ပြလိုက်ဦးမည် ဖြစ်သည်။

ဘေးတွင် ရပ်ကြည့်နေသော လုချွမ်းမှာမူ ကလေးငယ်၏ လျင်မြန်လှသော လေ့လာနိုင်စွမ်းနှင့် တည်ငြိမ်လှသော ခြေလှမ်းများကြောင့် အလွန်ပင် အထင်ကြီးနေမိသည်။ ချီချီလေးမှာ နောက်ဆုံးတော့ အတော်လေး ကြီးထွားလာခဲ့ပြီဖြစ်သည်။ ထိုခဏ၌ လုချွမ်း၏ ရင်ထဲတွင် ဖော်ပြမတတ်အောင်ပင် အောင်မြင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ဤမျှ ငယ်ရွယ်သော အရွယ်တွင် မတ်တတ်လမ်းလျှောက်နိုင်ခြင်းမှာ သူမနှင့် ရွယ်တူများထက် များစွာ ရှေ့ရောက်နေခြင်းပင်။

"ငါ့သမီးလေးကတော့ ဧကရီတစ်ပါး ဖြစ်လာမယ့် ပါရမီရှင်လေးပဲ"

သို့သော် ခေတ္တမျှ လေ့ကျင့်ပြီးနောက်တွင်မူ ကျိရုရွှယ်သည် ရပ်နားလိုက်သည်။ သူမ၏ လက်ရှိ ခန္ဓာကိုယ်အခြေအနေအရ မတ်တတ်လမ်းလျှောက်ရန်အတွက် ခန္ဓာကိုယ်ခွန်အားတစ်ခုတည်းအပေါ် အမှီပြုရန်မှာ ခက်ခဲနေဆဲဖြစ်သည်။ ခန္ဓာကိုယ် ဟန်ချက်ညီနေစေရန်အတွက် သူမ၏ စိတ်စွမ်းအင်ကို အဆက်မပြတ် အသုံးပြုနေရသောကြောင့် ဖြစ်ပေသည်။

ကျိရုရွှယ်၏ အဆင့်အတန်းမှာ ဤအတောအတွင်း သိသိသာသာ မြင့်တက်လာခဲ့သော်လည်း၊ သူမ၏ စွမ်းအင်များကို အဆက်မပြတ် အသုံးပြုနေရခြင်းကြောင့် ကြာရှည်စွာ မတောင့်ခံနိုင်ပေ။ ထို့ကြောင့် သဘာဝအတိုင်းပင် မတ်တတ်ရပ်၍ ဆက်လက်လမ်းလျှောက်ရန် ခက်ခဲသွားခြင်း ဖြစ်သည်။

ဒါကို မြင်လိုက်ရတဲ့ လုချွမ်းကတော့ ချီချီလေးဟာ လမ်းလျှောက်သင်ရင်းနဲ့ ပင်ပန်းသွားပြီလို့ပဲ ထင်လိုက်သည်။ သူသည် ကလေးငယ်ကို အမြန်ဆုံး ပွေ့ချီလိုက်ပြီး ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် အနားယူရန် တင်ပေးလိုက်သည်။

ဖြည်းဖြည်းချင်း လေ့ကျင့်မှ တိုးတက်မှာပါဆိုသည့် မူကို နားလည်ထားသူပီပီ လုချွမ်းအနေဖြင့် ကလေးငယ်တစ်ဦးက ကုတင်ပေါ်မှာ လဲလျောင်းနေရာမှ တစ်ရက်တည်းနှင့် မတ်တတ်လမ်းလျှောက်နိုင်သွားရန်အထိတော့ မမျှော်လင့်ထားပေ။ ထိုသို့ဖြစ်ပါက အလွန်အမင်း ထူးဆန်းလွန်းနေမည် မဟုတ်ပါလား။

လုချွမ်းကိုယ်တိုင်ကတော့ သံမဏိဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ ဝရန်တာဘက်သို့ ထွက်သွားပြီး သူ၏ဓားသိုင်းများကို လေ့ကျင့်တော့သည်။

ပုံဆောင်ခဲအမြုတေကို ဝါးမြိုပြီးနောက် လုချွမ်း၏ ခန္ဓာကိုယ်သည် အတိုင်းအတာတစ်ခုအထိ ဆင့်ကဲပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ သူ၏ အရှိန်၊ တုံ့ပြန်မှုနှင့် ခွန်အားများမှာ သိသိသာသာ တိုးတက်လာခဲ့ရာ သူ ဓားကို ဝှေ့ယမ်းလိုက်တိုင်း ဓားသွားသည် လေထုကို ဖြတ်သန်းကာ ဝူးဝူးဝါးဝါး မြည်သံများ ထွက်ပေါ်နေသည်။

ဓား၏ ငွေရောင်အလင်းတန်းများသည် လေထဲတွင် အဆက်မပြတ် ဝင်းလက်နေပြီး လုချွမ်းမှာ ကြည့်ရသည်မှာ သိုင်းဆရာတစ်ယောက်၏ အငွေ့အသက်မျိုး ပေါ်လွင်နေသည်။ အမှန်

တကယ်တော့ အတိတ်မှာဖြစ်စေ လက်ရှိမှာဖြစ်စေ လုချွမ်းသည် စနစ်တကျ သိုင်းပညာသင်ကြားဖူးသူ မဟုတ်ပေ။ သူ၏ လက်ရှိ လေ့ကျင့်ခန်းများမှာ အတိတ်ဘဝက မြင်တွေ့ခဲ့ဖူးသော သိုင်းကားများထဲမှ လှုပ်ရှားမှုများကို အခြေခံ၍ ပုံတူကူးကာ ခုတ်ပိုင်းနေခြင်းသာ ဖြစ်သည်။

လုချွမ်း၏ ခံယူချက်မှာ အကယ်၍ မိမိသည် လုံလောက်သော အရှိန်နှင့် ခွန်အားသာ ရှိမည်ဆိုပါက အုတ်ခဲတစ်လုံးသည်ပင်လျှင် ထိရောက်သော လက်နက်တစ်ခု ဖြစ်လာနိုင်သည်ဟူ၍ ဖြစ်သည်။ အချိန်ကြာမြင့်စွာ လေ့ကျင့်မှုကြောင့် လုချွမ်းသည် ဓားကို အသုံးပြုရာတွင် ပိုမိုကျွမ်းကျင်လာပြီး လက်နှင့် ဓားမှာ တစ်သားတည်းဖြစ်လာသကဲ့သို့ ခံစားလာရသည်။

ကျွမ်းကျင်သော သိုင်းပညာရှင်များနှင့် နှိုင်းယှဉ်ပါက သူ၏ ဓားသိုင်းမှာ အလွန်ကြမ်းတမ်းပြီး ဟာကွက်များဖြင့် ပြည့်နှက်နေသော်လည်း လုချွမ်းကတော့ ဂရုမစိုက်ပေ။ သူ၏ စိတ်ထဲတွင် ဓားသိုင်းက ဘယ်လောက်ပဲ ကောင်းကောင်း ဇွန်ဘီတွေပါ ဓားကိုင်လာပြီဆိုရင်တော့ မင်းလည်း ကြောက်သွားမှာပဲ မဟုတ်လား" ဟု တွေးတောရင်း ကျေနပ်နေမိတော့သည်။

ဝရန်တာ၌ ဓားက လေကိုခုတ်ဖြတ်နေသော အသံများသည် ကျိရုရွှယ်၏ အာရုံကို ဖမ်းစားသွားသည်။ သူမ၏ ဇွန်ဘီဖခင် ဝရန်တာ၌ လေ့ကျင့်နေသည်ကို ကြည့်ရှုရင်း သူမ အနည်းငယ် အံ့အားသင့်သွားရသည်။

"ဇွန်ဘီဖေဖေက သူ့ရဲ့ ကျွမ်းကျင်မှုတွေကို မြှင့်တင်နေတာလား"

ကျိရုရွှယ်သည် သူမ၏ ဇွန်ဘီဖခင်အား သာမန်အဆင့်နိမ့် ဇွန်ဘီတစ်ကောင်မျှသာ ဖြစ်သည်ဟု အပိုင်တွက်ထားခြင်းပင်။ သွေးရောင်လွှမ်းနေသောလဖြစ်စဉ် ပြီးဆုံးသွားသည့်တိုင်အောင် သူ့ထံ၌ ထူးခြားသော စွမ်းအားတစ်စုံတစ်ရာ နိုးထလာခြင်း မရှိသေးသောကြောင့်ပင်။

သို့သော် သူမ၏ ဇွန်ဘီဖခင်၌ အခြားသာမန်ဇွန်ဘီများနှင့် မတူညီသော အချက်တစ်ချက် ရှိသည်ကိုမူ ကျိရုရွှယ် နားလည်ထားသည်။ ယင်းမှာ သူ့ထံ၌ လူသားတစ်ဦးကဲ့သို့ အသိစိတ် ရှိနေခြင်းပင်။ ဤသည်မှာ သူ့အတွက် အကြီးမားဆုံးသော အားသာချက်ပင်။ အခြားဇွန်ဘီများမှာမူ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိသကဲ့သို့ ကိရိယာတန်ဆာပလာများကိုလည်း အသုံးပြုတတ်ခြင်း မရှိကြပေ။

သူ၏လက်ထဲတွင် ထက်မြက်သော ဓားတစ်လက် ရှိနေသရွေ့မူ အစွမ်းထက်သည့် ဆင့်ကဲဇွန်ဘီများကို မယှဉ်ပြိုင်နိုင်သည့်တိုင် သာမန်အဆင့်နိမ့် ဇွန်ဘီများကြားတွင်မူ သိသိသာသာ အသာစီးရမည်မှာ အမှန်ပင်။ ကျိရုရွှယ်သည် စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။ သူမ၏ ဇွန်ဘီဖခင်သည် ခွန်အားပိုင်းတွင် အားနည်းနေပုံရသော်လည်း အမှန်တကယ်ပင် ထက်မြက်သူတစ်ဦး ဖြစ်သည်။

သို့ရာတွင်... ဤဓားသိုင်းများမှာမူ အမှန်တကယ်ပင် အညံ့စားများသာ ဖြစ်သည်။

အတိတ်ဘဝတွင် ကမ္ဘာပျက်ကပ်၏ လူသားဘုရင်မတစ်ပါး ဖြစ်ခဲ့ဖူးသော ကျိရုရွှယ်သည် မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသည်။ သူမ၌ အနီးကပ်တိုက်ခိုက်ရေးနှင့် လက်နက်အသုံးချမှုပိုင်းတွင် ထူးခြားပြောင်မြောက်သော အတွေ့အကြုံနှင့် အမြင်များ ရှိခဲ့ပြီး နောက်ပိုင်းတွင် အစွမ်းထက်လှသည့် ကိုယ်ခံပညာရပ်များကိုပင် တီထွင်နိုင်ခဲ့သူ ဖြစ်သည်။

ကျိရုရွှယ်၏ အမြင်တွင်မူ သူမဖခင်၏ ဓားလေ့ကျင့်ခန်းများသည် ကြည့်ရှုရသည်မှာ ဟိတ်ဟန်ကြီးမားသော်လည်း လက်တွေ့တွင်မူ ဟာကွက်များဖြင့် ပြည့်နှက်နေသည်။ အကယ်၍ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုမြင့်မားသော ပြိုင်ဘက်နှင့် တွေ့ဆုံပါက သူမဖခင်သည် ချက်ချင်းဆိုသလို အလဲထိုးခံရမည်မှာ သေချာလှသည်။ ဤကဲ့သို့သော အပေါ်ယံ အလန်းစားပုံစံများသည် လက်တွေ့တိုက်ပွဲတွင် အသုံးမဝင်လှပေ။ စွမ်းအင်များသာ ကုန်ဆုံးသွားမည်ဖြစ်ပြီး ရလဒ်မှာမူ သုညသာ ဖြစ်ပေလိမ့်မည်။

လုချွမ်းသည် ဝရန်တာ၌ ဓားကို ဝှေ့ယမ်းနေစဉ် ချီချီလေးက သူ့အား စိုက်ကြည့်နေသည်ကို မြင်တွေ့သောအခါ စိတ်ထဲ၌ ဂုဏ်ယူနေမိသည်။ ချီချီလေးသည် သူ၏ ဓားသိုင်းများကို စွဲလန်းသွားပြီဟု သူက ထင်မှတ်နေကာ ပိုမို၍ပင် အားသွန်ခွန်စိုက် ဝှေ့ယမ်းပြနေတော့သည်။

All Chapters