← Chapters

ဒန်တျန်ကို ဖိခြေခြင်း

Vol. 38 Ch. 522

ဒန်တျန်ကို ဖိခြေခြင်း

Vol. 38 Ch. 522

ကျန်းရီ၏ ကောက်ကျစ်သော အပြုံးက အလွန်ညှို့ငင်နိုင်စွမ်း ရှိသည်။ သူ့ခန္ဓာကိုယ်က ထူးကဲသော အရှိန်အဝါတစ်ခု ပိုင်ဆိုင်ထားပြီ ဖြစ်ရာ သူ့၌ အရှုံးမပေးသော မျက်ဝန်းတစ်စုံ ရှိပေ၏။ သူက ကြမ်းတမ်းသည့် ခြင်္သေ့အထီးတစ်ကောင်နှယ် အင်မတန် ရန်လိုတတ်ပေသည်။

ဖီးနစ်အော်သံ နယ်မြေရှိ အမျိုးသားများသည် နှစ်ပေါင်းများစွာ အမျိုးသမီးများ၏ ကျွန်ပြုခြင်း ခံခဲ့ရပြီး သူတို့၏ အရှုံးမပေးသော သဘာဝကို ဆုံးရှုံးခဲ့ပြီ ဖြစ်ရာ ယောက်ျားဆန်သည့် အငွေ့အသက်တို့ မရှိတော့ပေ။ ဤမြို့သခင်မက ကျန်းရီ၏ အပြုံးထဲ ပျော်ဝင်သွားပြီး ကျန်းရီ၏စကားထဲရှိ ပုန်းကွယ်နေသော ဆန္ဒကိုတောင် မတွေးခဲ့မိတော့ပေ။ သူမ၏ နုနယ်သော ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွား၏။ သူမက တံထွေးမျိုချကာ နှုတ်ခမ်းသပ်ပြီးနောက် လက်ကို ဆန့်ထုတ်လျက် ကျန်းရီ၏ ကြွက်သားများ ပြည့်နေသော ရင်ဘတ်ကို ပွတ်သပ်ရန် ပြင်လိုက်သည်။ သူမက တခစ်ခစ် ရယ်မောကာ ပြောလိုက်တော့၏။

“ရှင်က တကယ် အထိမခံတဲ့ ကောင်ငယ်လေးပဲ ရှင်သာ စကားနားထောင်သရွေ့ ဒီမြို့အရှင်မက ရှင့်ကို မတရားမဆက်ဆံဘူး”

ကျန်းရီ၏ တစ်ကိုယ်လုံး ကြက်သီးများထကာ တုန်ယင်သွားပြန်သည်။ သူက အံချင်စိတ်ကို ထိန်းထားပြီး ပြန်ပြောလိုက်၏။

“မင်းက ဒီသခင်လေးကို ခစားစေချင်တယ် ဆိုမှတော့ ရှေးဟောင်းနွယ်ပင်တွေကို ဖြည်ဖို့ ဘာကြောင့် မကူညီပေးတာလဲ၊ ဒါမှမဟုတ် ကျုပ်ကို သေအောင် လည်ပင်းညှစ်သတ်ဖို့ ကြိုးစားနေတာလား”

ကျန်းရီက ကျိန်ဆဲလိုက်သော်ငြား အမျိုးသမီးက ဒေါသ မထွက်သွားပေ။ ထိုအစား ကွဲပြားသည့်အရာတစ်ခုဟု ခံစားမိနေသည်။ ဤနယ်မြေပေါ်ရှိ အမျိုးသားများက ယဉ်ပါးနေသော မြင်းများပမာ ဖြစ်နေပြီး ကျန်းရီကမူ မြင်းရိုင်းတစ်ကောင် ဖြစ်ပေသည်။ အိမ်ရှိ ယဉ်ပါးပြီး မြင်းတစ်ကောင်က မြင်းရိုင်းတစ်ကောင်ကဲ့သို့ ဘယ်တော့မှ စိတ်လှုပ်ရှားစေမှာ မဟုတ်ပေ။

ချက်ချင်းပင် သူမ၏ လက်က အဖြူရောင်အလင်း လက်သွားပြီးနောက် ကျန်းရီအတွက် ရှေးဟောင်းနွယ်ပင်များကို မြန်မြန်ဆန်ဆန် ဖြည်ပေးလိုက်၏။ ရှေးဟောင်းနွယ်ကြိုးများ လျော့သွားပြီးနောက် သူမက ကျန်းရီကို ချက်ချင်းပင် ဖက်လိုက်တော့သည်။

သူမက အမောတကော လေသံဖြင့် ပြောလိုက်၏။

“လာလိုက် အသည်းလေး ဒီသခင်မကို မင်းအပေါ် ချစ်စိတ်တွေ ပြခွင့်ပေး..”

ဖြန်း..

ကျန်းရီက သူ့အတွင်းအား လှည့်ပတ်နိုင်ကြောင်း သတိပြုမိသွားသည့် အချိန်၌ ထိုအမျိုးသမီး၏ မျက်နှာကို လက်နောက်ပြန် ရိုက်လိုက်သည်။ အမျိုးသမီးက နောက်သို့ လွင့်ထွက်သွားပြီး နံရံကို တိုက်မိသွား၏။ ထိုအမျိုးသမီး၏ ခွန်အားကသာ အသင့်အတင့် ရှိမနေခဲ့လျှင် သူမ၏ ဦးခေါင်းခွံက ယခုလောက်ဆို ကွဲကြေလောက်ပြီ ဖြစ်သည်။

“အမ်..”

အမျိုးသမီးသည် အစောပိုင်းက ချစ်စိတ်ပြင်းပြနေပြီး ချစ်ရန်သာ တွေးနေခဲ့သောကြောင့် ကျန်းရီ ရုတ်တရက် တိုက်ခိုက်မည်ကို မည်သို့ တွေးမိမည်နည်း။

ထို့အပြင် ကျန်းရီ၏ ရုပ်ခန္ဓာက ဗာဂျရာအဆင့်သို့ ရောက်ရှိပြီးဖြစ်ရာ သူမထက် ပိုမြန်ဆန်နေသောကြောင့် တိုက်ခိုက်မှုကို သူမ မည်သို့ ရှောင်တိမ်းနိုင်မည်နည်း။ အရိုက်ခံရပြီးနောက် မှင်တက်သွားကာ သူမ နောက်သို့ အကြိမ်ရေအနည်းငယ် လှိမ့်သွားပြီး ပြန်ထရပ်ပြီးသည့်တိုင် တွေဝေနေသေးဆဲ ဖြစ်သည်။

“မင်းက အသက်ရှင်ရတာ ငြီးငွေ့နေတာ ဖြစ်ရမယ်..”

သူက မြန်မြန်ဆန်ဆန် သတိဝင်လာပြီးနောက် ချက်ချင်း ဒေါသထွက်သွားတော့သည်။ သူမ၏ လက်ကို အတွင်းအားများ ဖြာထွက်လာပြီးနောက် ပျော့ပျောင်းသော ဓားတစ်လက်က သူမလက်ထဲတွင် ပေါ်လာ၏။ ထိုဓားပျော့က ကြောက်မက်ဖွယ် အရှိန်အဝါ တည်ရှိနေပြီး ကောင်းကင်အဆင့် လက်နက်ဆိုတာ သိသာနေပေ၏။

ဝှစ်..

ကျန်းရီ၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သုံးကိုယ်ကွဲသွားတော့သည်။ ထိုပုံရိပ်သုံးရိပ်က ကွဲပြားသည့် အရပ်မျက်နှာသုံးခုကနေ အမျိုးသမီးဆီ တစ်ဟုန်ထိုးဝင်ရောက်ပြီး လက်သီးသုံးခုက တောက်ပသည့် အလင်းတို့ ဖြာထွက်လျက် အမျိုးသမီးကို လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ထိုးချလိုက်တော့သည်။

“အမ်..”

ထိုအမျိုးသမီးက စိတ်ဝိညာဉ်မျောလွင့်ခရီးသွား အမြင့်ဆုံးအဆင့်တွင်သာ ရှိသေးကာ သူမက ကျန်းရီ၏ ခန္ဓာကိုယ်အစစ်ကို မည်သို့ ဆုံးဖြတ်နိုင်မည်နည်း။ ရွေးချယ်စရာ မရှိတော့ဘဲ ကြုံသလို တိုက်ခိုက်လိုက်ရ၏။ သူမ မျက်နှာ၌ သုန်မှုန်သည့် အမူအရာ ပေါ်လာပြီး ကျန်းရီ၏ ခွန်အားက တွေးတောမရတာကို အရူးတောင် သိနေပြီ ဖြစ်သည်။

ဘန်း..

ထင်သည့်အတိုင်းပင် ကျန်းရီ၏လက်သီးက အမျိုးသမီး၏ ရင်ဘတ်ကို ရောက်သွားပြီးနောက် သူက သူမ၏ လက်ကောက်ဝတ်ကို ချိုးပစ်လိုက်ပြီး သူမကို ထိခိုက်သွားစေတော့၏။

ဝှစ်..

ကျန်းရီ၏ ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး အမျိုးသမီးက နံရံကို တိုက်မိသွားချိန်၌ သူက သူမ၏ လည်ပင်းကို ညစ်ရန် ပြင်လိုက်တော့သည်။ ပြီးနောက် သူမကို နံရံတွင် ဖိကပ်ထားလျက် သူမခန္ဓာကိုယ်က လေထဲ မြောက်တက်သွား၏။

အမျိုးသမီးလှုပ်ရှားတော့မည်ကို သူ မြင်သောအခါ လက်ကို တင်းကျပ်စွာ ညစ်လိုက်ပြီး သူ၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်သွား၏။ သူက သတ်ဖြတ်လိုသည့် လေသံဖြင့်‌ ပြောလိုက်တော့သည်။

“မင်း သေချင်တယ် ဆိုရင် ဒီသခင်လေးက မင်းကို ပို့ပေးရလည်း စိတ်မရှိဘူးနော်.. ပိုးမွှားတစ်ကောင်ကို ဖိသတ်သလိုမျိုး မင်းကို သတ်နိုင်တယ်”

ကျန်းရီက သတ်ဖြတ်ခြင်းဆန္ဒကို မထုတ်ဖော်ခဲ့သော်ငြား သူက လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တာ ဖြစ်သည်။ သူ၏ ကိုယ်ပိုင် သတ်ဖြတ်ခြင်း အရှိန်အဝါက အလွန်ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်သည်။ ရေခဲတမျှအေးစက်သော မျက်ဝန်းက ထိုအမျိုးသမီးကို ကျောစိမ့်သွားစေတော့၏။ ယခုအချိန်တွင် ကျန်းရီသည် သူမ အဆင်အခြင်မဲ့ လှုပ်ရှားရဲခဲ့ပါက သူမလည်ပင်းကို သေချာပေါက် ဖိချေမည် ဆိုတာ သူမ သံသရမရှိပေ။

ယင်းကား မျက်တောင်မခတ်ဘဲ လူသတ်နိုင်သည့် ဂရုဏာကင်းမဲ့သော လူတစ်ဦး ဖြစ်ပေ၏။

ထိုအမျိုးသမီးကလည်း လွှမ်းမိုးနိုင်စွမ်း ရှိသည့်သူ ဖြစ်သောကြောင့် ခဏတာ တွေဝေနေပြီးနောက် မြန်မြန်ဆန်ဆန်ပင် အေးစက်သည့် အမူအရာဖြင့် ပြောလိုက်တော့၏။

“တိုင်းတစ်ပါးသား... ဒီအရှင်မက မင်း ဘယ်လောက်အစွမ်းထက်လဲဆိုတာ ဂရုမစိုက်ဘူး၊ ငါတို့ ဖီးနစ်အော်သံနယ်မြေမှာ မင်းက ကျးတစ်ကောင် ဖြစ်ခဲ့ရင်တောင်မှ ဝပ်တွားပေးရမှာပဲ၊ နဂါးတစ်ကောင်ဖြစ်ခဲ့ရင်တောင် ခွေခေါက်နေရမယ်၊ ဒီအရှင်မကို သတ်ရဲရင် မင်း သေမှာ သေချာတယ်၊ ငါတို့ ဖီးနစ်အော်သံနယ်မြေမှာ သိုင်းပညာရှင်များစွာ ရှိတယ်၊ ငါတို့ဧကရီက ကောင်းကင်အဆင့် သိုင်းပညာရှင်ပဲ မယုံရင် စမ်းကြည့်လိုက်လေ”

ကျွီ ကျွီ..

ကျန်းရီက ဘာမှမပြောဘဲ သူ၏ လက်တစ်ဖက်က ချွန်ထက်သော လက်သည်းများနှယ် လှုပ်ရှားသွားပြီး အမျိုးသမီး၏ ဝမ်းဗိုက်ကို လျှပ်ပြက်သည့် အရှိန်ဖြင့် ဆုပ်ကိုင်လိုက်သည်။ အတွင်းအားများကို လက်ထဲ၌ လှည့်ပတ်လိုက်ပြီးနောက် သူမ၏ ဝမ်းဗိုက်ကို အလွယ်တကူ ထိုးဖောက်သွားတော့၏။ ချွန်ထက်သော လက်သည်းက ဒန်တျန် အပြင်ဘက်၌ ရပ်တန့်သွားပြီး သူက နှာခေါင်းရှုံ့လိုက်တော့သည်။

“မင်းရဲ့ဒန်တျန်ကို အခု ဖျက်ဆီးပစ်လို့ရတယ် ဆိုတာ ယုံလား”

“မလုပ်နဲ့ မလုပ်ပါနဲ့”

အမျိုးသမီး၏ မျက်လုံးထဲ၌ ကြောက်လန့်မှု တစ်စွန်းတစ်စ ပေါ်လာသည်။ သိုင်းပညာရှင်တိုင်းက သူတို့၏ဒန်တျန် ဖျက်စီးခံရမှာကို အကြောက်ဆုံး ဖြစ်၏။ ယင်းက သူတို့ကို သတ်လိုက်ခြင်းထက် ပိုဆိုးရွားပေးသည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသွား အမြင့်ဆုံး ရောက်ပြီးသည့် အမျိုးသမီးကို မဆိုးထားနှင့် အစွမ်းထက်သည့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည့် သူတစ်ဦးတောင် ဒုက္ခိတ ဖြစ်သွားမည်ထက် သေမှာကိုသာ သေချာပေါက် ရွေးချယ်ပေလိမ့်မည်။

ကျန်းရီက စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီးနောက် ပြောလိုက်တော့သည်။

“မင်းမှာ ရွေးချယ်စရာ (၂)ခု ရှိတယ် တစ်ခုက မင်းရဲ့ဝိညာဉ်ချိပ်ကို ပေးပြီး ငါ့ဆီကို ယာယီအညံ့ခံ၊ ငါ ဖီးနစ်အော်သံနယ်မြေကနေ ထွက်သွားပြီးတာနဲ့ မင်းရဲ့ လွတ်လပ်ခွင့်ကို ပေးမယ်လို့ အာမခံတယ်၊ ဒုတိယတစ်ချက်က မင်းရဲ့ဒန်တျန်ကို ဖျက်ဆီးပစ်မယ် ခြေလက်တွေကို ချိုး မင်းရဲ့ချီသွေးကြောတွေကို ဖျက်ဆီးပြီး လျှာြဖတ်ပစ်မယ် မင်းအသက်ရှင်ခွင့်ပေးဖို့ ဒါမှမဟုတ် သေဆုံးဖို့ မင်းကို တောင်းဆိုခွင့် ပေးမယ် ဒါပေမဲ့ ဘယ်ဟာမှ မရဘူးဆိုတာ အာမခံရဲတယ်”

ရွှီး.. ရွှီး..

ကျန်းရီ၏ ဒုတိယမြောက်ရွေးချယ်စေမှုကို ကြားသောအခါ ထိုအမျိုးသမီးက အေးစက်သော လေထုကို ရှိုက်သွင်းမိပြီး အကြောက်တရားကြောင့် မျက်နှာဖြူရော်သွားကာ သူမခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ယင်နေတော့သည်။ ကျန်းရီက သူမထက် အရပ်ပိုမြင့်ပေရာ သူမ၏ ရွှေရင်တစ်စုံသည် ယုန်ဖြူလေးတစ်ကောင်နှယ် ခုန်နေတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။

သူမက အသက်ပြင်းပြင်း ရှုပြီးနောက် တွေးတောရန် မျက်လုံးမှိတ်လိုက်သည်။ သူမက အံကြိတ်ကာ ပြောလိုက်၏။

“တိုင်းတစ်ပါးသား မင်းက ဒီနယ်မြေက ထွက်သွားတဲ့အချိန် ငါ့ဝိညာဉ်ချိပ်ပိတ်မှုကို ပြန်ပေးရမယ်လို့ ကျိန်ဆိုရမယ် မဟုတ်ရင် ကျွန်တစ်ယောက် ဖြစ်မှာထက် ငါ အသေခံလိုက်မယ်”

“ဟား ဟား ဟား”

ကျန်းရီက ရယ်မောလိုက်၏။ ဤအမျိုးသမီးက ဆုံးဖြတ်ပြီးဖြစ်ကြောင်း သူသိလိုက်သည်။ သူမ သေချင်လျှင် သတ်သေပြီးလောက်ပြီ ဖြစ်သည်။

သူက လှောင်ပြောင်ကာ ပြောလိုက်တော့၏။

“ငါ့ကို ယုံကြည်ဖို့အပြင် မင်းမှ ဘာရွေးချယ်စရာ ရှိသေးလဲ ငါ သုံးအထိ ရေမယ် ဝိညာဉ်ချိပ်ကို မပေးဘူးဆိုရင် မင်းရဲ့ဒန်တျန်ကို ချက်ချင်း ဖျက်ဆီးလိုက်မယ် တစ်.. နှစ်..”

“ကျွန်မလုပ်မယ်”

အမျိုးသမီးက ကြောက်လန့်တကြား အော်လိုက်၏။ မျက်လုံးမှိတ်လိုက်ပြီးနောက် သူမ၏ ခေါင်းထက်၌ ရွှေရောင်အလင်းတစ်ခု ပေါ်လာသည်။ ရွှေရောင်နှင့်တလက်လက် တောက်နေသော ဝိညာဉ်ချိပ်က သူမဦးခေါင်း၏ သရဖူပေါ်မှ ပေါ်ထွက်လာတော့သည်။ ကျန်းရီက ယင်းသည် ဝိညာဉ်ချိပ် အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုရန် ကောင်းကင်စိတ်အာရုံကို အသုံးပြုပြီးနောက် သူ့လက်ကို အမျိုးသမီး၏ ဝမ်းဗိုက်ကနေ ပြန်ရုတ်လိုက်သည်။ ပြီးနောက် ဝိညာဉ်ချိပ်ကို ဖမ်းဆုပ်ပြီး သူ့လက်ထဲ ပျောက်ကွယ်သွားကာ စိတ်ဝိညာဉ်ထဲ၌ ပေါ်လာတော့သည်။

ဘန်း..

ပြီးနောက် အမျိုးသမီးကို အိပ်ရာပေါ် သာမန်ကာလျှံကာ ပစ်ချပြီးနောက် မီးဝိညာဉ်ပုလဲထဲမှ အားဖြည့်ဆေးကို ထုတ်လိုက်၏။ ပြီးနောက် သူမဆီ ပစ်ပေးပြီးနောက် ပြောလိုက်တော့သည်။

“အရင်ဆုံး ပြန်ကုလိုက်၊ စိတ်မပူနဲ့ ဒီသခင်လေးက မင်းရဲ့ဖီးနစ်အော်သံ နယ်မြေကနေ ဖြတ်သွားရုံပဲ၊ မင်းသာ ငါ့အတွက် ပစ္စည်းတချို့ရအောင် ကူညီပြီးရင် ငါ ဒီအတိုင်း ထွက်သွးမှာ”

သူမ၏ ဝိညာဉ်ချိပ်ကို ကျန်းရီထံ ပေးပြီးနောက် သူ့ကို ပိုတောင် ကြောက်လန့်လာပြီး မနာခံသည့် စိတ်တောင် မပြရဲချေ။ ကျန်းရီက သူမအသက်နှုတ်ပစ်နိုင်ကြောင်း ပြောချိန်တွင် သူမ တွေဝေမနေခဲ့ပေ။ ဆေးကို သောက်ပြီးနောက် သူမ အဝတ်အစားများကို ဖြည်လိုက်သည်။ ပြီးနောက် ဝမ်းဗိုက်အောက်ပိုင်းဆီသို့ လက်လှမ်းကာ သွေးထွက်တာကို ဦးစွာ တားမြစ်လိုက်၏။ ထင်သည့်အတိုင်းပင် သူမ၏ ရမ္မက်ပြင်းသော အဝတ်အစားများအောက်၌ ဘာမှမရှိ‌ပေ။ ကျန်းရီက တစ်ချက် ကြည့်ရုံဖြင့် အရာအားလုံးကို မြင်တွေ့နိုင်သည်။ သူက ချက်ချင်းပင် အနေရခက်မှုကို ခံစားလိုက်ရပြီး မျက်နှာလွဲကာ ပြောလိုက်တော့၏။

“မင်း ပြန်ကောင်းသွားရင် အဝတ်အစားတချို့ ချက်ချင်း ဝတ်လိုက်၊ ဘယ်လိုကြောင့်များ ဒါမျိုးတွေ ဝတ်နိုင်ရတာလဲ”

အမျိုးသမီးသည် ပြန်လည်ကုသပြီးသည်နှင့် ဝတ်စုံတစ်စုံကို ဝတ်လိုက်တော့သည်။ ပြီးနောက် ကျန်းရီဘက်လှည့်ကာ ကျောက်စိမ်းအိပ်ရာပေါ်၌ ထိုင်ချသည်။ ကျန်းရီက ချက်ချင်း အော်မေးလိုက်သည်။

“မင်းရဲ့နာမည်က ဘာလဲ၊ အရှေ့ပိုင်းတော်ဝင်နယ်မြေကိုသိလား.. အရှေ့ပိုင်းတော်ဝင်နယ်မြေရဲ့မြေပုံ မင်းမှာ ရှိလား”

“ဒီအရှင်မ အာ.. ကျွန်က ထောင်ဖေးလို့ ခေါ်ပါတယ်”

ထောင်ဖေးက နာနာခံခံ ပြန်ပြောပြီးနောက် ထပ်မပြောခင် တွေးတောလိုက်၏။

“အရှင် ဒီအစေခံက အရှေ့ပိုင်း တော်ဝင်နယ်မြေအကြောင်း ကြားဖူးပါတယ်.. ဒါပေမဲ့ ဒီအစေခံရဲ့ခွန်အားက အားနည်းလွန်းတာကြောင့် မြို့ငယ်လေးရဲ့အရှင်မပဲ ဖြစ်နိုင်ပါတယ်၊ အပြင်လောကနဲ့ ဆက်သွယ်ဖို့ ကျွန်မမှာ ဘယ်လိုများ အရည်အချင်း ရှိပါ့မလဲ၊ အရှေ့ပိုင်းတော်ဝင် နယ်မြေရဲ့မြေပုံရဖို့ဆိုတာ ပိုဆိုးပါသေးတယ်”

ကျန်းရီက ခေါင်းညိတ်ပြီးနောက် သူ့မျက်လုံးက ဖျတ်ခနဲ လက်သွားတော့သည်။ သူက ထူးမခြားနား မေးလိုက်တော့သည်။

“အရှေ့ပိုင်းတော်ဝင်နယ်မြေအကြောင်း သိတဲ့သူ ရှိလား၊ ဘယ်သူ့မှာ မြေပုံရှိလောက်လဲ”

ထောင်ဖေးဟု အမည်ရသည့် အမျိုးသမီးက ယခုအခေါက်တွင် တွေဝေမနေဘဲ သွက်သွက်လက်လက် ပြန်ပြောလိုက်၏။

“ကျွန်မရဲ့မြို့က မက်မွန်ပွင့်မြို့လို့ ခေါ်ပါတယ် အရှင်ချင်းယွီ အပိုင်စားရတဲ့မြို့ပါ ကျွန်မတို့ဒေသရဲ့ အရှင်မချင်းယွီက ဖီးနစ်အော်သံအင်ပါယာရဲ့ ထိပ်တန်းသိုင်းပညာရှင် (၁၅)ယောက်ထဲက တစ်ယောက်ပဲ ချင်းမျိုးနွယ်စုက သမိုင်းကြောင်းထဲမှာ ပင်လယ်ကို စွန့်စားသွားလာဖူးတဲ့ သိုင်းပညာရှင်တွေ အများကြီးရှိတယ် သိုင်းပညာရှင်တစ်ယောက်က အရှေ့ပိုင်းတော်ဝင်နယ်မြေက ရတနာတွေ ယူပြီး ပြန်လာတယ်လို့ ကောလာဟလတောင် ရှိသေးတယ် ကျွန်မရဲ့အရှင်က မြို့အရှင်မချင်းယွီကိုသာ ခေါ်နိုင်မယ် ဆိုရင် အရာအားလုံး ပိုလွယ်ကူသွားမှာပါ”

***

All Chapters