← Chapters

အခန်း (၁၆၉၅)

Vol. 122 Ch. 1695

အခန်း (၁၆၉၅)

Vol. 122 Ch. 1695

အခန်း(၁၆၉၅)

သူရောက်လာပြီ… ။

ဓားအလင်းရောင်က မိုးကောင်းကင်တစ်ခွင် ဖြန့်ကြက်သွားပြီး ဓား၏ ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒက ကောင်းကင်ဘုံတစ်လျှောက် လှည့်ပတ်သွားသည်။

ဓားအလင်းတန်းနှင့် သူတို့ကြားမှာ မိုင်ပေါင်းသန်းနှင့်ချီ ကွာဝေးနေသော်လည်း ဓားထဲမှ အေးစက်စက် စိတ်ဆန္ဒက ခန်းမထဲမှ လူတိုင်းကို အရိုးခိုက်ခိုက်တုန်အောင် ချမ်းစိမ့်သွားစေသည်။

ထိုဓားက ရွှေအစောင့်အရှောက်နန်းတော်ဆီသို့ တန်းမတ်စွာ ဦးတည်လာနေသည်။

“ ဝေယွမ်မြို့စား ရောက်လာပြီ… ရွှေအစောင့်အရှောက်နန်းတော်ရဲ့ အရာရှိတွေဖြစ်တဲ့ ငါတို့က သူ့ကို သွားနှုတ်ဆက်ရမယ် ”

အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုက ခေါင်းမော့လိုက်သည်။ သူ၏ ပုံရိပ်က နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားလေရာ အရိပ်တစ်ခုသာ ကျန်နေခဲ့သည်။

ထိုအရိပ် ပျောက်ကွယ်သွားသည်နှင့် ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က အက်ကွဲသွားပြီး မိုးမြေက ဝေဝါးသွားသည်။

ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်… ။

အဆင့်တူညီသော နောက်ထပ်ပုံရိပ်သုံးခုက နေရာမှ ပျောက်ကွယ်သွားကြပြီး အဖိုးအိုနောက်သို့ လိုက်သွားကြသည်။

ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်လေးယောက်… ။

ကုန်းမြေတစ်ခုကို ထိန်းသိမ်းစောင့်ရှောက်နေသော ရွှေအစောင့်အရှောက်နန်းတော်က ထိုသို့အင်အားကို ပိုင်ဆိုင်ထားခြင်းမှာ သာမန်ဖြစ်သည်။

ဤနေရာက လောက၏ အသန်မာဆုံး ဘုံများအနက် တစ်ခုဖြစ်သော မဟာပန်သွန်ဘုံဖြစ်သည်။

“ ဗုန်း ”

ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ပုဂ္ဂိုလ်လေးယောက်၏ အနောက်သို့ အာဏာရှင်သုံးဆယ်ကျော်က လိုက်သွားကြသည်။ သူတို့တစ်ယောက်စီက မိုးမြေကို တုန်လှုပ်သွားစေမည့် မူလစွမ်းအားကို ထုတ်လွှတ်နေကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ဝူလင်းကုန်းမြေ၏ ဧရိယာအတွင်း၌ အချင်းမိုင်တစ်သောင်းကျယ်ပြောသော မြို့ကြီးများက မရေမတွက်နိုင်သော နတ်ဘုရားအလင်းတန်းများကို ထုတ်လွှတ်လိုက်ကြသည်။ နတ်ဘုရားအလင်းတန်းများက လေထဲ၌ တိုက်ပွဲဝင်ရွှေရောင်စစ်သူကြီးများအဖြစ် ဖွဲ့စည်းသွားကြသည်။

ကောင်းကင်ဘုံအစောင့်တပ်… ။

ယင်းက ကောင်းကင်ဘုံအစောင့်တပ်၏ တိုက်ပွဲဝင်္ကပါဖြစ်သည်။

ခန်းမထဲ၌ မတ်တတ်ရပ်နေသော ကျောက်ကျင်းသည် ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်နေသော နတ်ဘုရားအလင်းတန်းများကို မြင်သွားသောအခါ သူ၏ မျက်လုံးထဲ၌ အမုန်းတရား ထွက်ပေါ်လာသည်။

“ ဟွန့်… ဟန်မူယဲ့… မင်းက သေချင်နေတယ်ဆိုမှတော့ နောက်မှ ဒီမြို့စားကို အပြစ်မတင်နဲ့ ”

“ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်နဲ့ မင်းရဲ့ ဦးခေါင်းကို ဘိုးဘေးဆီ ယူသွားမယ်ဆိုရင် ဘိုးဘေးက သေချာပေါက် ပျော်ရွှင်သွားလိမ့်မယ် ”

သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်သည်။ သူ၏ ခမ်းနားထည်ဝါသော ဝတ်စုံက တဖျပ်ဖျပ်လှုပ်ခတ်သွားစဉ် သူက ခန်းမအပြင်သို့ ပျံသန်းသွားသည်။ သူက အဝေးမှ ပျံသန်းလာနေသော ဓားအလင်းတန်းကို စူးစိုက်ကြည့်လိုက်သည်။

လေထဲ၌ သူက ထိုဓားအလင်းတန်းထံမှ ရက်စက်ကြမ်းကြုတ်မှုကို ခံစားမိသွားသည်။

ဒါပေမဲ့ ဘာဖြစ်လဲ… ။

ဟန်မူယဲ့တစ်ယောက်တည်းက ဝူလင်းကုန်းမြေရဲ့ အစွမ်းထက်ကျင့်ကြံသူအားလုံးကို ဖိနှိပ်နိုင်မှာမို့လို့လား… ။

ဤလောကတွင် ထိုသို့လုပ်ဆောင်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များ အမှန်တကယ် ရှိသည်။ သို့သော်လည်း ဟန်မူယဲ့က ထိုပုဂ္ဂိုလ်များထဲမှ တစ်ယောက် မဖြစ်နိုင်ပေ။

“ ဗုန်း ”

မိုးမြေကြားတွင် အလွန်ကျယ်လောင်သော ပေါက်ကွဲသံက ပဲ့တင်ထပ်သွားသည်။

မြို့တော်ထဲမှ ကျင့်ကြံသူအားလုံးက ခေါင်းမော့လိုက်ကြသည်။

ကောင်းကင်ယံတွင် ဓားအလင်းကို ထိန်းချုပ်ထားသော ဟန်မူယဲ့က မရပ်တန့်ခဲ့ပေ။ သူက အဝေးမှ သူ့ဆီသို့ ချဉ်းကပ်လာနေကြသော ပုံရိပ်များဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

“ ဝူလင်းကုန်းမြေ ရွှေအစောင့်အရှောက်နန်းတော်ရဲ့ အရာရှိတွေ… ကျုပ်ကို အဲ့လောက်ယဉ်ကျေးနေဖို့ မလိုပါဘူး ”

“ ဒီမြို့စားက သူပိုင်တဲ့အရာကို လာယူရုံပါ ”

သူ၏ အသံက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။ မိုးမြေကြားထဲ၌ တိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားစဉ် ဓားအလင်းက ရုတ်တရက် ထွန်းလင်းတောက်ပသွားသည်။

အရှေ့ဆုံးမှ ပျံသန်းလာနေကြသော ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူလေးယောက်က လေထဲမှာ ရပ်တန့်သွားကြသည်။ သူတို့က အဝေးမှ ပျံသန်းလာနေသော ဓားအလင်းဖြင့် ထိပ်တိုက် တွေ့ဆုံသွားကြသည်။

ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူလေးယောက်က မျက်လုံးပြူးကျယ်သွားကြသည်။

ထိုဓားအလင်းတန်းက ရွှေအစောင့်အရှောက်နန်းတော်၏ အရာရှိအားလုံးထံမှ ထုတ်လွှတ်နေသော အစွမ်းထက် သွေးချီအနှစ်သာရနှင့် မူလစွမ်းအားကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။

ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားသည်ပင် ထိုဓားအလင်းကို နည်းနည်းမှ မခုခံနိုင်ပေ။

ဓားအလင်းက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူလေးယောက်ကို လွှမ်းခြုံသွားသည်။ ဓားဆန္ဒအမျှင်တန်းများက သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ ခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်သည်။ ထို့နောက် ဓားအလင်းက သူတို့ကို တရွတ်တိုက် ဆွဲခေါ်သွားသည်။

အနောက်မှ အာဏာရှင်သုံးဆယ်ကျော်က ထိုမြင်ကွင်းကို မြင်သွားသောအခါ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

သူတို့က ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့တိုင် သူတို့က ထိုသို့အလွယ်တကူ ဖိနှိပ်ခံလိုက်ရသည်လော။

“ အရမ်းယဉ်ကျေးတာပဲ ”

ဟန်မူယဲ့က ပြောသည်။

သူက သာမန်ကာလျှံကာ လက်ဝှေ့ယမ်းလိုက်လေရာ မရေမတွက်နိုင်သော ဓားအလင်းများက အာဏာရှင်သုံးဆယ်ကျော်ဆီသို့ ပျံသန်းသွားကြသည်။

“ ခုခံတားဆီးကြ ”

“ အရမ်းသန်မာတယ် ”

အော်သံများက ပဲ့တင်ထပ်လာသည်။ ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားကြသော အာဏာရှင်များက တိုက်ပွဲဝင်ရွှေရောင်စစ်သူကြီးများအဖြစ် အသွင်ပြောင်းလဲသွားကြသည်။ ထို့နောက် သူတို့က ဓားအလင်းထံသို့ လက်သီးထိုးလွှတ်လိုက်ကြသည်။

သို့သော် လက်သီးပုံရိပ် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဓားအလင်းက သူတို့၏ ရွှေရောင်သံချပ်ကာကို တစ်စစီ ဖျက်ဆီးပစ်လိုက်သည်။

အာဏာရှင်အဆင့်က အလွန်သန်မာသည်။ အာဏာရှင်များသည် မူလစွမ်းအားကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ကြပြီး တမူထူးခြားသော သူတို့ကိုယ်ပိုင်မူလဇစ်မြစ်ကို ဖွဲ့စည်းနိုင်ကြသည်။ သူတို့က မိုးမြေ၏ မဟာတာအိုကို ထိန်းချုပ်နိုင်ကြသည်။

သို့သော်လည်း အစွမ်းထက်ဆုံး အာဏာရှင်များသည်ပင် နတ်ဘုရားအဆင့် ကျင့်ကြံသူ၏ အရှေ့မှာ ဖုန်မှုန့်တစ်ခုထက် မပိုပေ။

သူတို့ဖွဲ့စည်းထားသော မူလဇစ်မြစ်က ဓားနတ်ဘုရား၏ အရှေ့မှာ ရွှံ့ရုပ်သေးရုပ်နှင့် မခြားပေ။

“ ဘန်း ”

ရွှေရောင်သံချပ်ကာများက တစ်ခုပြီးတစ်ခု အက်ကွဲသွားကြသည်။ နောက်အခိုက်အတန့်မှာ အာဏာရှင်သုံးဆယ်ကျော်က ဓားအလင်းဖြင့် ရစ်ပတ်ခံလိုက်ကြရပြီး ဧရာမဓား၏ အောက်ဘက်တွင် ချိတ်ဆွဲခံလိုက်ကြရသည်။ ထို့နောက် သူတို့က လေထဲမှာ တရွတ်တိုက် ဆွဲခေါ်ခံသွားရသည်။

ကောင်းကင်ပေါ်သို့ အမြန်ပျံသန်းလာသော ယွင်မိုမြို့စား ကျောက်ကျင်းက ထိုမြင်ကွင်းကို မြင်သွားသောအခါ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ရွှေစောင့်အရှောက်နန်းတော်တစ်ခုလုံး ထိုသို့ဖိနှိပ်ခံလိုက်ရသည်လော။

သူတို့က အမှန်တကယ် မတိုက်ခိုက်ရသေးခင်မှာတင် ထိုသို့ဖိနှိပ်ခံလိုက်ကြရသည်။

ဟန်မူယဲ့က ကြောက်ဒူးတုန်နေသော ကျောက်ကျင်းကို တစ်ချက်ပင် မကြည့်ပေ။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်လေရာ ဧရာမဓားက မြို့တော်၏ အရှေ့သို့ ဆင်းသက်သွားသည်။

မြို့တော်၏ ကာကွယ်ရေးအလွှာများက ပါးလွှာသော စက္ကူတစ်ရွက်နှယ် ဓားအလင်းဖြင့် အလွယ်တကူ ဆုတ်ဖြဲခံလိုက်ကြရသည်။

“ အဲ့ဒါ ဝေယွမ်မြို့စားလား ”

“ သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ”

“ အဲ့ဒီဖိနှိပ်ခံထားရတဲ့ လူတွေက ရွှေအစောင့်အရှောက်နန်းတော်ရဲ့ အရာရှိတွေမလား ”

မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

ထိုဓားအလင်းမှ ထုတ်လွှတ်နေသော ဖိအားက မြေပြင်ပေါ်မှ လူတိုင်းကို ခေါင်းမော့ရန် ခက်ခဲစေသည်။

“ ဝေယွမ်မြို့စား… တော်လောက်ပြီ ”

ကြီးကျယ်မြင့်မြတ်သော အော်သံက ရွှေအစောင့်အရှောက်နန်းတော်ထဲမှ ပဲ့တင်ထပ်လာသည်။

လေထဲတွင် ကြောက်ဒူးတုန်နေသော ကျောက်ကျင်းက ထိုအော်သံကို ကြားသောအခါ စိတ်လှုပ်ရှားသော အမူအရာကို ထုတ်ဖော်လိုက်သည်။

“ အဲ့ဒါ တော်ဝင်မိသားစုရဲ့ အကြီးအကဲ… ဝူလင်းကုန်းမြေရဲ့ အစောင့်အရှောက်သခင် ဘိုးဘေးကျောက်ဖင်းကျန်း ”

“ ဘိုးဘေးကျောက်ဖင်းကျန်းက နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အင်မော်တယ်မင်းဆက်ရဲ့ အမတ်တစ်ယောက် ဖြစ်တယ် ”

ဟင်းလင်းပြင်ထဲဝယ် ဟန်မူယဲ့၏ ဓားအလင်းအရှေ့၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုသူက အစိမ်းရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ကို ဦးခေါင်းအနောက်မှာ စုချည်ထားသည်။ မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပသော ရွှေရောင်နတ်ဘုရားအလင်းက သူ၏ ခန္ဓာကိုယ်ကို ဝိုင်းရံထားသည်။

သူ့မှာ ဆံပင်ဖြူနှင့် အဖြူရောင်မုတ်ဆိတ်မွှေးရှိပြီး သူ၏ အနောက်တွင် အသင်္ချေဓားမော့ပုံရိပ်များက ထွက်ပေါ်နေသည်။

ထို့အတူ သူ၏ ဘေးမှာ အသွားနှစ်ဖက်ပါသော ဓားမော့တစ်လက်က ထောင်မတ်နေသည်။

“ နတ်ဘုရားအဆင့် ကျင့်ကြံသူ ”

“ ဝူလင်းကုန်းမြေရဲ့ အစောင့်အရှောက်သခင် ဘိုးဘေးကျောက်ဖင်းကျန်း ”

“ ကျောက်ဖင်းကျန်းက အင်မော်တယ်မင်းဆက်ရဲ့ အမတ်တစ်ယောက်လည်း ဟုတ်တယ် ”

မြို့တော်ထဲတွင် လူတိုင်းက ကောင်းကင်ပေါ်မှ ပုံရိပ်နှစ်ခုကို မော့ကြည့်လိုက်သည့်အခါ အံ့ဩဆွံ့အသွားကြသည်။

ကျောက်ဖင်းကျန်းက လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး ဟန်မူယဲ့၏ ဓားအလင်းကို ညွှန်လိုက်သည်။

သူ၏ ဘေးမှ အသွားနှစ်ဖက်ပါဓားမော့က အရှေ့သို့ ပျံသန်းသွားပြီး အရွယ်အစား ကြီးမားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားမော့က မဟာတံတိုင်းသဖွယ် ကြီးမားသွားပြီး ဟန်မူယဲ့၏ ဓားအလင်းကို ဟန့်တားလိုက်သည်။

နတ်ဘုရားအလင်းက အကြမ်းပတမ်း ပေါက်ကွဲသွားသည်။ ဤသည်မှာ သန်းပေါင်းများစွာသော မိုးကြိုးသွားများက ဟန်မူယဲ့၏ ဓားအလင်းပေါ်သို့ တရစပ် ပစ်ချသွားသည့်အလားပင်။

ထိုထဲမှ မည်သည့်မိုးကြိုးသွားမဆို မြေပြင်ပေါ်ရှိ သံသရာစက်ဝန်းအဆင့်အောက်မှ ကျင့်ကြံသူတစ်ယောက်ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်သည်။

မိုးမြေတစ်ခုလုံးက မိုးကြိုးစွမ်းအားဖြင့် ဖိနှိပ်ခံလိုက်ရသည်။

ဟန်မူယဲ့၏ ဓားအလင်းအောက်မှာ တရွတ်တိုက် ဆွဲခေါ်ခံနေရသော ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူလေးယောက်နှင့် အာဏာရှင်သုံးဆယ်ကျော်က အံ့ဩမင်သက်သွားကြသည်။

အဝေးမှ ကောင်းကင်ယံတွင် မိုးကြိုးဖြင့် ဖုံးလွှမ်းခံထားရသော ကျောက်ကျင်းသည် နာကျင်ရှုံ့မဲ့သော မျက်နှာဖြင့် အောက်သို့ ပြုတ်ကျသွားသည်။

ဟန်မူယဲ့သည် သူ့အရှေ့မှ နတ်ဘုရားလက်နက်အဆင့် အသွားနှစ်ဖက်ပါဓားမော့ကို မထူးမခြားနား ကြည့်လိုက်သည်။

ယင်းက နတ်ဘုရားတစ်ပါး၏ တိုက်ခိုက်မှုဖြစ်သည်။

ကုန်းမြေတစ်ခုကို ထိန်းသိမ်းစောင့်ရှောက်နေသော နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်သည် အပြင်လောကမှာ သူတွေ့ကြုံခဲ့ဖူးသော နတ်ဘုရားများနှင့် သိသိသာသာ ကွဲပြားခြားနားသည်။

ထိုဓားမော့ထဲမှာ ကိန်းအောင်းနေသော နတ်ဘုရားစွမ်းအားက အဆုံးမဲ့ဟန်ရပြီး ဓားမော့ခုတ်ချက်မှ ဆွဲဆောင်လိုက်သော မိုးမြေမူလစွမ်းအားက သာမန်နတ်ဘုရားတစ်ပါးကို ချက်ချင်း ကူကယ်ရာမဲ့စေနိုင်သည်။

မဟာပန်သွန်ဘုံက ဤလောက၏ အသန်မာဆုံးဘုံများအနက် တစ်ခုဖြစ်သည်မှာ မထူးဆန်းတော့ပေ။ မဟာပန်သွန်ဘုံထဲမှ နတ်ဘုရားများက အပြင်လောကမှ နတ်ဘုရားများထက် အများကြီး ပိုသန်မာကြသည်။

ထို့ပြင် သူ့အရှေ့မှ ပုဂ္ဂိုလ်က ဝူလင်းကုန်းမြေကို ကာကွယ်စောင့်ရှောက်နေသော အစောင့်အရှောက်တစ်ယောက်မျှသာ ဖြစ်သည်။ သူ၏ တိုက်ပွဲစွမ်းအားထက် သာလွန်သော ကျင့်ကြံသူများက မဟာပန်သွန်ဘုံတစ်ခုလုံးတွင် မနည်းမနောပင်။

အသွားနှစ်ဖက်ပါဓားမော့က သူ့ဆီသို့ ကျဆင်းလာနေကြောင်း မြင်သောအခါ ဟန်မူယဲ့က သူ၏ လက်ကို မြှောက်လိုက်သည်။

“ ဗုန်း ”

ကောင်းကင်ယံတွင် ဘီလီယံနှင့်ချီသော မိုးကြိုးသွားများက ကျဆင်းလာသည်။

သူက ဤတစ်ကြိမ်တွင် ဓားတာအိုစွမ်းအားကို အသုံးမပြုပေ။ ယင်းအစား မိုးကြိုးစွမ်းအားကို အသုံးပြုလိုက်သည်။

သူ၏ မိုးကြိုးတာအိုသည်လည်း နတ်ဘုရားအဆင့်မှာ ဖြစ်သည်။

ဟန်မူယဲ့၏ မိုးကြိုးစွမ်းအားက သူ့ကိုယ်ပိုင် မိုးကြိုးစွမ်းအားနှင့် ထိပ်တိုက်တွေ့ဆုံသွားကြောင်း အမတ်ကျောက်မြင်သောအခါ မျက်လုံးပြူးသွားသည်။

ဟန်မူယဲ့က နတ်ဘုရားအဆင့် မိုးကြိုးတာအိုကို ဆင်ခြင်နားလည်ထားမည်ဟု လုံးဝ သူမမျှော်လင့်ထားပေ။

“ ကောင်းတယ်… နတ်ဘုရားအဆင့် မိုးကြိုးတာအိုစွမ်းအား… ဝေယွမ်မြို့စားက ဒီအဖိုးကြီးကို အသစ်အဆန်းတစ်ခု မြင်တွေ့ရအောင် လုပ်ပေးလိုက်တာပဲ ”

ကျောက်ဖင်းကျန်းက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူ၏ အနောက်တွင် မိုးကြိုးပုံရိပ်သုံးခု ထွက်ပေါ်လာကြသည်။

သူလက်ဝှေ့ယမ်းလိုက်သည့်အခါ မိုးကြိုးပုံရိပ်သုံးခုက ဟန်မူယဲ့ထံသို့ ဦးတည်သွားကြသည်။

“ မိုးမြေလှုပ်ရှားမှု ”

“ သေခြင်းရှင်ခြင်းကပ်ဘေး ”

“ သက်ရှိအားလုံးရဲ့ ဘဝ ”

“ မိုးကြိုးတာအိုအပေါ် မင်းရဲ့ ထိန်းချုပ်နိုင်စွမ်းက ဘယ်လောက်ကောင်းသလဲ ဒီဘုရင် မြင်နိုင်အောင် ပြစမ်းပါ ”

မိုးကြိုးသွားတစ်ချက် မိုးမြေက တုန်ယင်သွားလိမ့်မည်။

မိုးကြိုးသွားတစ်ချက် သေခြင်းရှင်ခြင်းကပ်ဘေးက ပေါ်ပေါက်လာလိမ့်မည်။

မိုးကြိုးသွားတစ်ချက် သက်ရှိအားလုံးက အသက်ဓာတ်အပ်နှင်းခံရလိမ့်မည်။

ယင်းက နတ်ဘုရားနှစ်ပါးကြားမှ တိုက်ပွဲဖြစ်သည်။

အတိအကျဆိုရသော် ယင်းက နတ်ဘုရားနှစ်ပါး၏ မိုးကြိုးမူလစွမ်းအားချင်း အားပြိုင်မှု ဖြစ်သည်။

ဟန်မူယဲ့က သူ့ဆီသို့ ချဉ်းကပ်လာနေသော မိုးကြိုးပုံရိပ်သုံးခုကို ကြည့်လိုက်ပြီး ခပ်ရေးရေး ပြုံးလိုက်သည်။

သူ၏ ဘေးတွင် ခွေသားရဲက ထွက်ပေါ်လာသည်။

“ တာအိုက မူလအတိုင်း တည်ရှိစေ ”

“ တာအိုက မူလမတိုင်ခင် ပျောက်ကွယ်သွားစေ ”

“ ထာဝရအသက်ဓာတ် ”

ဟန်မူယဲ့၏ အသံက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည့်အခါ သူ့ဘေးမှ မိုးကြိုးခွေသားရဲက အရှေ့သို့ ဒုန်းစိုင်းပြေးသွားသည်။

All Chapters