အခန်း (၁၆၉၇)
Vol. 122 Ch. 1697
အခန်း(၁၆၉၇)
“ ယွင်ကျိနတ်ဘုရင် ကျောက်ပုရှင်း ”
ဟန်မူယဲ့က ဟင်းလင်းပြင်ထဲမှာ မတ်တတ်ရပ်နေရင်း သူ့အရှေ့မှ ပုံရိပ်ယောင်များကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ပုံရိပ်ယောင်အလင်းက သူ၏ ခန္ဓာကိုယ်ကို ဝိုင်းရံထားစဉ် ယင်းထံမှ ထုတ်လွှတ်နေသော စွမ်းအားက အာဏာရှင်အဆင့်၊ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်ကို ကျော်လွန်သွားပြီး နတ်ဘုရားအဆင့်သို့ ရောက်ရှိနေသည်။ ထို့ပြင် ယင်းက အလွန်သန်မာသော နတ်ဘုရားတစ်ပါးထံမှ စွမ်းအားဖြစ်သည်။
ထိုစွမ်းအားက အလွန်သန်မာပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို ချိပ်ပိတ်ထားသည်။ အကယ်၍ သူ့နေရာမှာ တခြားနတ်ဘုရားတစ်ပါးဆိုလျှင် သူက ဤပုံရိပ်ယောင်ထဲမှ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ချေ။
အဘယ့်ကြောင့်ဆိုသော် ထိုပုံရိပ်ယောင်ထဲမှာ နတ်ဘုရားနိဂုံးစွမ်းအား အမျှင်တန်းတစ်ခု ပါဝင်နေသည်။
နတ်ဘုရားနိဂုံးစွမ်းအား… ။
ထိုနတ်ဘုရားနိဂုံးစွမ်းအားက အလွန်အမင်း မှေးမှိန်သည်။ ယင်းက ဟင်းလင်းပြင်ဝိညာဉ်ကလန်၏ မူလစွမ်းအားထဲမှ နတ်ဘုရားနိဂုံးစွမ်းအားထက်ပင် ပိုပြီးအားနည်းသည်။ သို့ဖြစ်၍ အပြင်လူများက ယင်းကို သတိထားမိလိမ့်မည် မဟုတ်ချေ။
နတ်ဘုရားနိဂုံးစွမ်းအားကို ထိန်းချုပ်ထားသော ဟန်မူယဲ့ကဲ့သို့ ပုဂ္ဂိုလ်သာလျှင် သူ့အရှေ့မှ တိမ်တိုက်များထဲမှာ နတ်ဘုရားနိဂုံးစွမ်းအား ပါဝင်နေကြောင်း အာရုံခံနိုင်လိမ့်မည်။
“ ငါ့ရဲ့ သရုပ်ကို အခု မင်းသိသွားပြီဆိုတော့ ကောင်းကင်ဘုံအစောင့်တပ်ရဲ့ အခွင့်အာဏာကို တော်ဝင်မိသားစုမဟုတ်တဲ့ အပြင်လူလက်ထဲ လွှဲမပေးနိုင်ဘူးဆိုတာ မင်းသိပြီးလောက်မှာပါ ”
ကျောက်ပုရှင်းက ပြောသည်။
“ ဟန်မူယဲ့… ငါမင်းကို သနားညှာတာပေးပြီးပြီ ”
ကျောက်ပုရှင်းက တိမ်တိုက်ထဲ၌ အော်ပြောလိုက်သည်။
တိမ်တိုက်ထဲတွင် ဝေဝါးသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
သူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေခရမ်းရောင်သရဖူကို ဆောင်းထားသည်။ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်နေသည်။
သူက မိုးမြေစွမ်းအား၏ ကောင်းချီးပေးမှုကို ရရှိထားသော အထွတ်အမြတ်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ၏ လှုပ်ရှားမှုတိုင်းမှာ ကောင်းကင်ဘုံတာအို၏ အခွင့်အာဏာက ကိန်းအောင်းနေသည်။
အင်မော်တယ်မင်းဆက်… မဟာတာအိုရဲ့ ကိုယ်ပွား… ။
“ ယွင်ကျိနတ်ဘုရင်… ခင်ဗျား ဦးနှောက်မကောင်းဘူးလား ”
ဟန်မူယဲ့က သူ့အရှေ့မှ ပုံရိပ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ ကောင်းကင်ဘုံအစောင့်တပ်က ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်သုံးခုကိုပဲ အသိအမှတ်ပြုတယ်… လူကို မဟုတ်ဘူး ”
“ ကောင်းကင်ဘုံအစောင့်တပ်ကို ထိန်းချုပ်ဖို့ တော်ဝင်မိသားစုဝင်ဖြစ်မှရမယ်လို့ ဘယ်တုန်းက စည်းမျဉ်းထုတ်ခဲ့လို့လဲ ”
မဟာပန်သွန်ဘုံ၏ အရှင်သခင်ဖြစ်သော အင်မော်တယ်မင်းဆက်၏ တော်ဝင်မိသားစုသည် ဘုံတစ်ခုလုံး၌ အသန်မာဆုံး တည်ရှိမှု ဖြစ်သည်။ ယင်းက မဟာပန်သွန်ဘုံထဲမှ သက်ရှိအားလုံး သိနားလည်ထားသော အမြင်ဖြစ်သည်။
ကောင်းကင်ဘုံအစောင့်တပ်ကို ထိန်းချုပ်ရန် တော်ဝင်မိသားစု၏ ခွင့်ပြုချက်ကို မလိုကြောင်း ဟန်မူယဲ့က ပြောသည့်အခါ တိမ်တိုက်ထဲမှ ပုံရိပ်က ခန္ဓာကိုယ်တောင့်တင်းသွားသည်။
“ မောက်မာလှချည်လား ”
“ အတင့်ရဲတယ် ”
တိမ်တိုက်ထဲမှ ယွင်ကျိနတ်ဘုရင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ယင်းက တော်ဝင်မိသားစုကို အထင်သေးခြင်းပင်။
တော်ဝင်မိသားစုဝင်တစ်ယောက်အနေဖြင့် နတ်ဘုရင်တစ်ပါးအနေဖြင့် သို့မဟုတ် ကောင်းကင်ဘုံအစောင့်တပ်၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ယွင်ကျိနတ်ဘုရင်သည် သူ့အရှေ့၌ ထိုသို့ပြောဝံ့သော လူကို နှစ်ပေါင်းများစွာကြာအောင် မမြင်တွေ့ခဲ့ဖူးပေ။
သူ့ကို စော်ကားခြင်းက အင်မော်တယ်မင်းဆက်ကို စော်ကားလိုက်ခြင်းပင်။ ယင်းက တော်ဝင်မိသားစုကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
“ မင်းက ကိုယ့်သေတွင်းကိုယ်တူးနေမှတော့ မင်းရဲ့ ဆန္ဒကို ငါဖြည့်ဆည်းပေးမယ် ”
ကျယ်လောင်သော အော်သံနှင့်အတူ ယွင်ကျိနတ်ဘုရင်၏ ပုံရိပ်က ပေါက်ကွဲသွားသည်။
လေထဲ၌ ပြန့်ကျဲသွားသော တိမ်တိုက်များက ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး ဘေးပတ်ဝန်းကျင်မှ မိုးမြေမဟာတာအို၏ စွမ်းအားကို လှုံ့ဆော်လိုက်သည်။
“ မင်းတည်ဆောက်ထားတဲ့ ကျန်းကောင်းကင်ဘုံဓားဂိုဏ်း ပျက်စီးသွားတာကို မင်းရဲ့ မျက်စိနဲ့ ကိုယ်တိုင်မြင်ရအောင် ငါလုပ်ပေးမယ် ”
ပုံရိပ်ယောင်တိမ်တိုက်များက ကောင်းကင်တစ်ခွင်လုံးကို ဖြန့်ကြက်သွားသည်။ ထို့နောက် ကောင်းကင်ပေါ်တွင် အလင်းပုံရိပ်လွှာတစ်ခု ထွက်ပေါ်လာသည်။
ထိုအလင်းပုံရိပ်လွှာထဲတွင် မိုင်သန်းပေါင်းများစွာ အဝေးမှာ တည်ရှိသော ကျောက်စိမ်းလေဟာပြင်တောင်၏ ပုံရိပ် ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ ကျောက်စိမ်းလေဟာပြင်တောင်ပေါ်တွင် ဓားအလင်းများက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားနေသည်။
ဓားမျှော်စင်သုံးရာ့ခြောက်ဆယ်က တောင်၏ ဘေးပတ်ပတ်လည်မှ တိုက်ပွဲဝင်ရွှေရောင်စစ်သူကြီးများနှင့် တိုက်ခိုက်နေသည်။ တိုက်ပွဲက အလွန်ပြင်းထန်လေရာ မိုးမြေက သိမ့်သိမ့်တုန်သွားသည်။
စစ်သည်တော်ထောင်သောင်းချီက ကျောက်စိမ်းလေဟာပြင်တောင်ဆီသို့ ချီတတ်သွားနေကြသည်။
သူတို့တစ်ယောက်စီက ကောင်းကင်ဘုံအစောင့်တပ်၏ စစ်သည်တော်များဖြစ်ကြပြီး သူတို့ထဲမှ အားအနည်းဆုံးလူက ကနဦးမူလအဆင့်မှာ ရှိသည်။
ထောင်သောင်းချီသော ကောင်းကင်ဘုံအစောင့်စစ်သည်တော်များ ပါဝင်သည့် စစ်တပ်က ကုန်းမြေထဲမှ မည်သည့်အင်အားစုကိုမဆို ချေမှုန်းပစ်နိုင်သည်။
ကောင်းကင်ဘုံအစောင့်တပ်၏ အရှေ့မှ တိုက်ပွဲဝင်္ကပါထဲတွင် မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များက စုဝေးနေကြသည်။ သူတို့အားလုံးက သံသရာစက်ဝန်းအဆင့်နှင့် အာဏာရှင်အဆင့်မှ အစွမ်းထက်ပညာရှင်များ ဖြစ်ကြသည်။
ကျောက်စိမ်းလေဟာပြင်တောင်၏ အင်အားကို ယွင်ကျိနတ်ဘုရင်က သိသည်။ ထို့ကြောင့် သူက သံသရာစက်ဝန်းအဆင့် ကျွမ်းကျင်ပညာရှင်များနှင့် အာဏာရှင်များပါဝင်သော သူ့လက်အောက်မှ ကောင်းကင်ဘုံအစောင့်တပ်ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
ဓားအလင်းက တိုက်ပွဲဝင်ရွှေရောင်စစ်သူကြီးများနှင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်မည့် ကျယ်လောင်သော မိုးခြိမ်းသံက ထွက်ပေါ်လာသည်။
ကျောက်စိမ်းလေဟာပြင်တောင်ပေါ်တွင် ဓားအလင်းများက တားဆီးပိတ်ဆို့ခံလိုက်ကြရသည်။
“ ဟူး… ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက ဒီလောက်မြန်မြန် ဖျက်ဆီးခံရလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး ”
ကောင်းကင်ပေါ်မှ အလင်းပုံရိပ်လွှာကို ကြည့်နေသော ကျင့်ကြံသူတစ်ယောက်က နူးညံ့စွာ ပြောသည်။ သူ၏ လေသံထဲမှာ စိတ်မကောင်းဖြစ်သော အရိပ်အမြွက်ရှိသည်။
အကယ်၍ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကဲ့သို့ အင်အားစုကြီးတစ်ခုက ဖျက်ဆီးခံလိုက်ရမည်ဆိုလျှင် အနာဂတ်မှာ မည်သည့်အင်အားစုက အင်မော်တယ်မင်းဆက်ကို ရင်ဆိုင်ဝံ့တော့မည်နည်း။
“ ဟွန့်… အင်မော်တယ်မင်းဆက်ရဲ့ အင်အားကို လျော့တွက်တာကို… ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက သူတို့ရဲ့ ကံကြမ္မာဆိုးကို သူတို့ဘာသာ ဖိတ်ခေါ်ခဲ့တာ ”
အလင်းပုံရိပ်လွှာမှတဆင့် ကျောက်စိမ်းလေဟာပြင်တောင်ပေါ်မှ မြင်ကွင်းကို ကြည့်ရှုနေသော တခြားကျင့်ကြံသူတစ်ယောက်က ပြောသည်။
မဟာပန်သွန်ဘုံမှ ကျင့်ကြံသူများသည် အင်မော်တယ်မင်းဆက်အပေါ် သူတို့၏ အရိုးထဲမှ ကြောက်ရွံ့နေကြသည်။ ထို့ကြောင့် အင်မော်တယ်မင်းဆက်အပေါ် သူတို့၏ ကြောက်ရွံ့ရိုသေမှုကို မည်သည့်အရာမှ မပယ်ဖျက်နိုင်ပေ။
မရေမတွက်နိုင်သော ကျင့်ကြံသူများက အင်မော်တယ်မင်းဆက်၏ လက်အောက်မှ အရာရှိများဖြစ်လာရန် အိမ်မက်မက်နေကြသည်။
အင်မော်တယ်မင်းဆက်၏ အင်အားကြီးမားမှုက သူတို့ကို လုံခြုံစိတ်ချသော ခံစားမှုပေးသည်။
“ ဗုန်း ”
အလင်းပုံရိပ်လွှာထဲတွင် ဓားမျှော်စင်သုံးရာ့ခြောက်ဆယ်သည် တိုက်ပွဲဝင်္ကပါ၏ စွမ်းအားကို မတောင့်ခံနိုင်သောကြောင့် အနောက်ဆုတ်သွားရန် ဖိအားပေးခံလိုက်ရသည်။
ကျောက်စိမ်းလေဟာပြင်တောင်ပေါ်မှာ မတ်တတ်ရပ်နေသော ကျောက်မင်ယွင်က မျက်နှာဖြူဖျော့သွားသည်။
ယုရှောက်တန်နှင့် တိမ်လေဓားဝင်္ကပါ၏ ဝိညာဉ်က လေထဲမှာ ရွေ့လျားပျံသန်းနေကြပြီး အရှေ့သို့ ချီတတ်လာနေကြသော စစ်တပ်များကို ဟန့်တားနေကြသည်။
သို့သော်လည်း စိတ်မကောင်းစရာမှာ သူတို့က ခန္ဓာကိုယ်မရှိသော ဝိညာဉ်သာ ဖြစ်ကြသည်။ အစစ်အမှန် ပညာရှင်တစ်ပါးမရှိလျှင် မည်သူမှ ကောင်းကင်ဘုံအစောင့်တပ်၏ ကျူးကျော်လာမှုကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
“ မင်းတို့က ဒီဘုရင်ရဲ့ သနားညှာတာမှုကို ငြင်းဆန်ရဲတယ်… ကိုယ့်သေတွင်းကိုယ်တူးချင်တယ် ”
အလင်းပုံရိပ်လွှာထဲတွင် အော်သံတစ်သံ ထွက်ပေါ်လာသည်။
ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က ကျောက်စိမ်းလေဟာပြင်တောင်၏ အပြင်သို့ ဆင်းသက်လာသည်။
နတ်ဘုရားအလင်းက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ လှည့်ပတ်နေလေရာ တစ်စုံတစ်ယောက်က အလင်းပုံရိပ်လွှာမှတဆင့် ကြည့်မည်ဆိုလျှင်ပင် ထိုသူကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မည် မဟုတ်ချေ။
“ နတ်ဘုရားအဆင့် ”
“ နတ်ဘုရားအဆင့် ပညာရှင်တစ်ယောက် လှုပ်ရှားပြီ ”
“ အင်မော်တယ်မင်းဆက်က ကောလဟာလထဲကအတိုင်း အင်အားကြီးမားတာပဲ… သူတို့က ဂိုဏ်းတစ်ဂိုဏ်းကို တိုက်ခိုက်ဖို့ နတ်ဘုရားတစ်ပါးကိုတောင် စေလွှတ်လိုက်တယ် ”
လူတိုင်းက ကျောက်စိမ်းလေဟာပြင်တောင်ကို ကြည့်လိုက်စဉ် မရေမတွက်နိုင်သော အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
ကျောက်စိမ်းလေဟာပြင်တောင်သည် အတိတ်မှာ စွန့်ပစ်ကုန်းမြေတစ်ခုထက် မပိုခဲ့ပေ။ သို့သော် ယခု နတ်ဘုရားတစ်ပါးက ကျောက်စိမ်းလေဟာပြင်တောင်ကို တိုက်ခိုက်ရန် ရောက်ရှိလာသည်။ ယင်းက တခြားလူများ၏ အမြင်တွင် ကျောက်စိမ်းလေဟာပြင်တောင် ဂုဏ်ယူသင့်သောအရာ ဖြစ်သည်။
ကျောက်စိမ်းလေဟာပြင်တောင်က တစ်ချက်တည်းဖြင့် ဖျက်ဆီးခံရမည်ဆိုလျှင်ပင် သာမန်ဖြစ်သည်။
နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရသည့်အခါ နတ်ဘုရားအဆင့်အောက်မှ မည်သူက ခုခံနိုင်လိမ့်မည်နည်း။
နတ်ဘုရားတစ်ပါး ထွက်ပေါ်လာသည့်အခါ ကျောက်မင်ယွင်က သူ၏ လက်ကို မြှောက်လိုက်သည်။
“ ဗုန်း ”
ထောင်သောင်းချီသော ဓားအလင်းများက ဘေးပတ်ဝန်းကျင်၌ အက်ကွဲသွားသော မိုးမြေကို လှုံ့ဆော်လိုက်သည်။ ကျောက်စိမ်းလေဟာပြင်တောင်တစ်ခုလုံးက ဟင်းလင်းပြင်လောကထဲသို့ ဝင်ရောက်သွားသည်။
ထွက်ပြေးတာလား… ။
နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရသည့်အခါ ထွက်ပြေးရုံသာ တတ်စွမ်းပေသည်။
“ ဝေယွမ်မြို့စား ကြည့်ပါဦး… ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေက မဟာပန်သွန်ဘုံကနေ ထွက်ပြေးသွားကြပြီ ”
“ သူတို့က ကျောက်စိမ်းလေဟာပြင်တောင်ကို မကာကွယ်နိုင်ဘူး ”
လွှမ်းမိုးဖိနှိပ်သည့် စိတ်ဆန္ဒပါဝင်နေသော ယွင်ကျိနတ်ဘုရင်၏ အသံက လူတိုင်း၏ နှလုံးကို ဖိချလိုက်ဟန် ရ၏။
“ မဟာပန်သွန်ဘုံကနေ ထွက်သွားရင် သူတို့ တကယ်သေဆုံးသွားလိမ့်မယ်ဆိုတာ မသိကြဘူး ”
“ ဟား ဟား… မဟာပန်သွန်ဘုံကနေ ထွက်သွားတာက သစ္စာဖောက်တာပဲ ”
ယွင်ကျိနတ်ဘုရင်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
အလင်းပုံရိပ်လွှာထဲတွင် ကျောက်စိမ်းလေဟာပြင်တောင်က ဟင်းလင်းပြင်လောကထဲသို့ ထိုးဖောက်သွားသည့်အခါ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်၊ ကျောက်မိသားစု၏ ဗိုလ်ချုပ်များနှင့် ကောင်းကင်ဘုံအစောင့်တပ်များက ဟင်းလင်းပြင်လောကထဲသို့ လိုက်သွားကြသည်။
သူတို့က လွတ်မြောက်နိုင်မယ် ထင်နေတာလား… ။
မလွတ်မြောက်နိုင်ဘူး… ။
သူတို့က နတ်ဘုရားတစ်ပါး၏ မျက်စိအောက်မှ မည်သို့လွတ်မြောက်နိုင်မည်နည်း။
အလင်းပုံရိပ်လွှာကို ကြည့်နေကြသော လူတိုင်းက ကျောက်စိမ်းလေဟာပြင်တောင် ဇာတ်သိမ်းသွားပြီဟု သိလိုက်ကြသည်။
ကျောက်စိမ်းလေဟာပြင်တောင်က ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည့်အခါ ကျောက်မင်ယွင်၏ မျက်နှာက လူသေကောင်ပမာ ဖြူဖျော့သွားသည်။ သူက အနောက်မှ အမြန်လိုက်လာနေသော နတ်ဘုရားတစ်ပါးနှင့် ကောင်းကင်ဘုံအစောင့်တပ်များကို စိုက်ကြည့်လိုက်သည်။
သူ၏ လက်ထဲမှာ အစိမ်းရောင်ဓားတိုတစ်ချောင်း ထွက်ပေါ်လာပြီး နတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်သည်။
သူက ကျောက်စိမ်းလေဟာပြင်တောင်ကို အစိမ်းရောင်ဓားတို၏ လမ်းညွှန်မှုအတိုင်း ခေါ်ဆောင်သွားသည်။
သူတို့လွတ်မြောက်နိုင်ခြင်း မလွတ်မြောက်နိုင်ခြင်းက ကံပေါ်မှာ မူတည်သည်။
နတ်ဘုရားတစ်ပါး၏ လိုက်ဖမ်းမှုဖြင့် ရင်ဆိုင်ရသည့်အခါ နတ်ဘုရားအဆင့်အောက်မှ ကျင့်ကြံသူများက ကူကယ်ရာမဲ့ကြလိမ့်မည်။
“ နင်က မဟာပန်သွန်ဘုံထဲမှာ ငါ့ရဲ့ မွေးစားအဖေ တည်ထောင်ထားတဲ့ ဓားဂိုဏ်းကလား ”
ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာသည်။
ကျောက်မင်ယွင်က ခန္ဓာကိုယ်တုန်ယင်သွားပြီး အရှေ့သို့ မော့ကြည့်လိုက်သည်။
ကျောက်စိမ်းလေဟာပြင်တောင်၏ အရှေ့၌ အနီရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က ဓားတစ်လက်ကို ကိုင်ဆောင်လျက် မတ်တတ်ရပ်နေသည်။
ထိုအမျိုးသမီး၏ ကျင့်ကြံခြင်းစွမ်းအားက သူမျှော်မှန်းထားသည်ထက် ကျော်လွန်နေသည်။ သူက အနိမ့်ဆုံး သံသရာစက်ဝန်းအဆင့်မှာ ဖြစ်ရမည်။
သို့သော် ပိုပြီးအရေးကြီးသည်မှာ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ လှည့်ပတ်နေသော အရှိန်အဝါဖြစ်သည်။ ယင်းက သူ့အား ခေါင်းမမော့ဝံ့အောင် ဖိနှိပ်နေသည်။
ယင်းက ကျင့်ကြံခြင်းစွမ်းအားဖိနှိပ်မှု မဟုတ်ပေ။
ယင်းအစား ဓားစွမ်းအားဖိနှိပ်မှု ဖြစ်သည်။
ထိုအမျိုးသမီးကျင့်ကြံသူ၏ ဓားစွမ်းအားက ကျောက်မင်ယွင်၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေသည်။
“ မွေးစားအဖေ… ဒါဆို မင်း… မင်းက ဆရာရဲ့ မွေးစားသမီးလား… ”
ကျောက်မင်ယွင်က အံ့ဩစွာ ရေရွတ်လိုက်သည်။
ဟွမ်ကျစ်ဟူက ကျောက်စိမ်းလေဟာပြင်တောင်၏ အနောက်သို့ မထူးမခြားနား အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
“ နင်တို့ဆီမှာ အခြေခံအင်အားတချို့ ရှိကြတယ်… ဒါပေမဲ့ ကံမကောင်းတာက နင်တို့ရဲ့ ဓားကျင့်ကြံခြင်းက အရမ်းအားနည်းတယ် ”
“ မဟုတ်ရင် နတ်ဘုရားတစ်ပါးနဲ့ ရင်ဆိုင်ရတဲ့အခါ အခုလို သရုပ်ပျက်အောင် ထွက်ပြေးနေစရာမလိုဘူး ”
ဟွမ်ကျစ်ဟူက စကားဆုံးသည်နှင့် လက်မြှောက်လိုက်သည်။
ဟင်းလင်းပြင်ထဲတွင် ဓားအလင်းတန်းများ ကျဆင်းလာသည်။
ဓားကျင့်ကြံသူများက တောက်ပသော ဓားအလင်းများကို ထုတ်လွှတ်လျက် ဟင်းလင်းပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။
“ ရှေးဦးအပျက်အစီးကုန်းမြေ ”
“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ”
“ အံ့ဖွယ်ကိုးပါးဓားဝင်္ကပါ ”
ဟွမ်ကျစ်ဟူက သူ၏ ဓားကို အရှေ့သို့ ညွှန်လိုက်လေရာ ထွန်းလင်းတောက်ပသော ဓားအလင်းသန်းပေါင်းများစွာက ပျံသန်းထွက်သွားကြသည်။
ဗလာဟင်းလင်းပြင်ပေါ်တွင် ဓားအလင်းတန်းများဖြင့် ပြည့်နှက်သွားပြီး အချင်းမိုင်သန်းပေါင်းများစွာ ကျယ်ပြောသော ဧရိယာက ရုတ်တရက် လင်းထိန်သွားသည်။
ဟန်မူယဲ့၏ အရှေ့မှာ တည်ရှိနေသော အလင်းပုံရိပ်လွှာသည်ပင် ထိုဓားအလင်းဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး တစ်စစီ အက်ကွဲသွားသည်။
“ နတ်ဘုရားသတ်စွမ်းအား ”
ယွင်ကျိနတ်ဘုရင်က ဒေါသတကြီး အော်လိုက်သည်။
“ ဟန်မူယဲ့… မင်းက တကယ်သေချင်နေတာပဲ ”
အလင်းပုံရိပ်လွှာထဲတွင် နတ်ဘုရားအဆင့် ပညာရှင်က ဓားအလင်းများဖြင့် ထိုးဖောက်ခံလိုက်ရပြီး သူ၏ မူလစွမ်းအားက မြန်ဆန်စွာ ကုန်ခမ်းသွားသည်။
အကယ်၍ ထိုသူက မသေဆုံးသွားလျှင်ပင် သူ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ကျသွားလိမ့်မည်။
ယင်းက နတ်ဘုရားအဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
“ သေချင်နေတာပဲ ”
တိမ်တိုက်ထဲမှာ ပိတ်လှောင်ခံထားရသော ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ထွက်ပေါ်လာသည်။
“ ယွင်ကျိနတ်ဘုရင်… ခင်ဗျားရဲ့ ခန္ဓာကိုယ်အစစ်က တော်ဝင်မြို့တော်ထဲမှာ မဟုတ်လား ”
“ ခင်ဗျားကို သတ်ဖို့ ကျုပ်လာပြီ ”