← Chapters

အခန်း (၁၆၉၈)

Vol. 122 Ch. 1698

အခန်း (၁၆၉၈)

Vol. 122 Ch. 1698

အခန်း(၁၆၉၈)

“ ခင်ဗျားကို သတ်ဖို့ ကျုပ်လာပြီ ”

ဟန်မူယဲ့ထံမှ ထိုစကားက ဘေးပတ်ဝန်းကျင်မှ သက်ရှိသက်မဲ့အရာအားလုံးကို အေးခဲသွားစေသည်။

အဆုံးမဲ့သော မိုးကြိုးသွားများက ဟင်းလင်းပြင်ထဲမှ ကျဆင်းလာသည်။ ဘီလီယံနှင့်ချီသော မိုးကြိုးသွားများက တရစပ် ပေါက်ကွဲသွားလေရာ လောက၏ အစိတ်အပိုင်းအားလုံးက ဆုတ်ဖြဲခံလိုက်ရဟန် ရ၏။

သူ၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသော ပုံရိပ်ယောင်တိမ်များက အက်ကွဲသွားပြီး အပြာရောင်အလင်းတိုင်လုံးအဖြစ် ပြောင်းလဲသွားသည်။

“ အဲ့ဒီမိုးကြိုး… အဲ့ဒါက ဒီလောကရဲ့ မိုးကြိုးမူလဇစ်မြစ်ကို ကျော်လွန်သွားပြီး ဘိုးဘေးဇစ်မြစ်ပြန်ခြင်းကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် ”

ဝူလင်းကုန်းမြေ၏ ရွှေအစောင့်အရှောက်နန်းတော်ပေါ်မှ လေထဲမှာ မတ်တတ်ရပ်နေသော နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင် ကျောက်ဖင်းကျန်းက ခန္ဓာကိုယ်တုန်ယင်သွားပြီး အံ့ဩစွာ ရေရွတ်လိုက်သည်။

မိုးကြိုးတာအိုအပေါ် ဟန်မူယဲ့၏ ထိန်းချုပ်နိုင်စွမ်းက နတ်ဘုရားအဆင့်၏ အမြင့်ဆုံးနယ်ပယ်သို့ ရောက်ရှိနေသည်။ အကယ်၍ သူက ထိုအတိုင်းအတာထက် ကျော်လွန်သွားမည်ဆိုလျှင် ဖန်ဆင်းရှင်အဆင့်သို့ ဝင်ရောက်သွားလိမ့်မည်။

အကယ်၍ ဟန်မူယဲ့က အတိတ်မှာ သူနှင့်တိုက်ခိုက်ခဲ့သော တိုက်ပွဲမှာသာ ထိုသို့မိုးကြိုးစွမ်းအားကို အသုံးပြုခဲ့မည်ဆိုလျှင် သူက ဟန်မူယဲ့၏ တိုက်ခိုက်မှုတစ်ခုကိုပင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

“ ဟား ဟား… ဘယ်လောက်သန်မာလိုက်တဲ့ ပုဂ္ဂိုလ်လဲ… အဲ့ဒီလိုပုဂ္ဂိုလ်ကပဲ အင်မော်တယ်မင်းဆက်ကို အန်တုရဲလိမ့်မယ် ”

ဟန်မူယဲ့က သူ့အား ချုပ်နှောင်ထားသော တိမ်တိုက်များကို ဖျက်ဆီးပစ်လိုက်ကြောင်း မြင်သောအခါ ကျောက်ဖင်းကျန်းက ချီးကျူးလိုက်သည်။

မိုးကြိုးတာအိုစွမ်းအား… ။

ဟန်မူယဲ့ ထုတ်ဖော်လိုက်သောအရာက မိုးကြိုးတာအိုစွမ်းအား ဖြစ်သည်။

သူသည်လည်း မိုးကြိုးတာအိုကို ကျင့်ကြံသည်။ အကယ်၍ ဟန်မူယဲ့က မိုးကြိုးတာအိုဖြင့် ဖန်ဆင်းရှင်တစ်ပါးဖြစ်လာမည်ဆိုလျှင် ယင်းက မဟာပန်သွန်ဘုံထဲမှ မိုးကြိုးတာအိုကျင့်ကြံသူအားလုံးအတွက် ကောင်းမွန်သောအရာ မဟုတ်ပါလော။

မိုးကြိုးတာအိုကို ကျင့်ကြံသော ဖန်ဆင်းရှင်တစ်ပါး၏ တည်ရှိမှုက သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို နောက်ထပ် တိုးမြှင့်နိုင်ရန် ကူညီပေးလိမ့်မည်။

“ ဗုန်း ”

ဟန်မူယဲ့၏ အရှေ့မှ တိမ်တိုက်များက ပေါက်ကွဲသွားသည့်အခါ အပြာရောင်လေဟာနယ်တွင်းနက်တစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။

လေဟာနယ်တွင်းနက်၏ အခြားတစ်ဖက်တွင် ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ရှိသည်။

ထိုမြင်ကွင်းက မရေမတွက်နိုင်သော လူများကို မျက်လုံးပြူးသွားစေသည်။

“ အဲ့ဒါ… အဲ့ဒါ တော်ဝင်မြို့တော်… ”

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… တစ်စုံတစ်ယောက်က လေဟာနယ်အတားအဆီးတွေကို ချိုးဖြတ်ပြီး တော်ဝင်မြို့တော်ဆီ တိုက်ရိုက် ဝင်ရောက်နိုင်တယ်လား ”

“ တော်ဝင်မိသားစုရဲ့ ထိပ်တန်းကျွမ်းကျင်သူတွေတောင် အဲ့ဒီလို မလုပ်နိုင်တာ… သူက ဘယ်လိုလုပ်… ”

အံ့ဩသော စကားသံများ ထွက်ပေါ်လာသည်။ ထို့နောက် လူတိုင်းက လေဟာနယ်တွင်းနက်ကို ကြည့်လိုက်ကြလေရာ အသိစိတ်ဟာလာဟင်းလင်း ဖြစ်သွားကြသည်။

မဟာပန်သွန်ဘုံကို သာမန်စံနှုန်းများဖြင့် မတိုင်းတာနိုင်ပေ။

မဟာပန်သွန်ဘုံ၏ မူလစွမ်းအားက စိတ်ကူးမယဉ်နိုင်အောင် အလွန်သန်မာသည်။

မဟာပန်သွန်ဘုံ၏ လေဟာနယ်က အလွန်ခိုင်မာလေရာ နတ်ဘုရားအဆင့် ကျင့်ကြံသူများသည်ပင် ယင်းကို မချိုးဖြတ်နိုင်ကြပေ။

အကယ်၍ မဟာပန်သွန်ဘုံ၏ လေဟာနယ်က အလွယ်တကူ ကျိုးပျက်နိုင်သည်ဆိုလျှင် အစွမ်းထက်ပုဂ္ဂိုလ်များက ခြေတစ်လှမ်းဖြင့် မိုင်သန်းပေါင်းများစွာအကွာအဝေးသို့ ဖြတ်သန်းနိုင်ကြလိမ့်မည်။ သို့ဆိုလျှင် မဟာပန်သွန်ဘုံထဲမှ အင်အားစုများဆီမှာ ထိုပုဂ္ဂိုလ်များကို ခုခံရန် အခွင့်အရေးရှိဦးမည်လော။

“ သူ… သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ… ”

ကျောက်ဖင်းကျန်းက အံ့ဩစွာ ရေရွတ်လိုက်သည်။

ဟန်မူယဲ့က မဟာပန်သွန်ဘုံ၏ လေဟာနယ်ကို ချိုးဖြတ်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ထို့ပြင် လေဟာနယ်တွင်းနက်၏ အခြားတစ်ဖက်မှ မြင်ကွင်းက သူ၏ တွေးတောနိုင်စွမ်းကို ကန့်သတ်လိုက်သည်။

“ သူ… သူက ယွင်ကျိနတ်ဘုရင်ကို တကယ်ကြီး သွားသတ်မှာလား ”

မှန်ပေ၏။ ဟန်မူယဲ့က ယွင်ကျိနတ်ဘုရင်ကို သတ်ဖြတ်ရန် အမှန်တကယ် စိတ်ဆုံးဖြတ်ထားသည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့က လေလုံးထွားနေခြင်းမဟုတ်ကြောင်း လူတိုင်း နားလည်သွားကြသည်။ သူက ယွင်ကျိနတ်ဘုရင်ကို တကယ်သတ်ပစ်ရန် ကြံစည်နေသည်။

အရူး… ။

မရေမတွက်နိုင်သော ကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင်သွားသောအခါ အသိစိတ်ဗလာဖြစ်သွားကြသည်။ သူတို့က နောက်ထပ် မတွေးဝံ့ကြတော့ချေ။

နတ်ဘုရားတစ်ပါးက အကန့်အသတ်မဲ့ ကျယ်ပြောသော လေဟာနယ်ကို ဖြတ်သန်းပြီး နတ်ဘုရင်တစ်ပါးကို သတ်ဖြတ်ရန် တော်ဝင်မြို့တော်ဆီသို့ သွားရောက်တော့မည်။

ထိုမျှကြီးမားသော ကိစ္စက မဟာပန်သွန်ဘုံထဲ၌ တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးပေ။

သို့သော်လည်း လူတိုင်း၏ မျက်စိအရှေ့မှာ ဟန်မူယဲ့က လေဟာနယ်တွင်းနက်ထဲသို့ အမှန်တကယ် ဝင်ရောက်သွားသည်။

“ အဖေ ”

ဟင်းလင်းပြင်ထဲတွင် ပုံရိပ်တစ်ခုက အောက်သို့ ဆင်းသက်လာသည်။

ထိုသူက ဓားကိုင်ထားသော ဟွမ်ကျစ်ဟူမှလွဲ၍ တခြားလူမဟုတ်ပေ။ အလွန်အားကောင်းသော သွေးချီစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်။

သူ၏ အနောက်တွင် ဓားကျင့်ကြံသူပုံရိပ်အများအပြား ထွက်ပေါ်လာကြသည်။ သူတို့က မဟာပန်သွန်ဘုံ၏ ငြင်းဆန်ခြင်းမခံရသည်မှာ သူတို့၏ ခါးပေါ်တွင် ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ တပည့်တုံကင်ကို ချိတ်ဆွဲထားသောကြောင့် ဖြစ်သည်။

လေဟာနယ်တွင်းနက်ထဲ၌ ဟန်မူယဲ့က ခြေလှမ်းရပ်လိုက်သည်။

“ အဖေ… အတိတ်မှာတုန်းက သမီးတို့က အဖေနဲ့အတူ တိုက်ပွဲဝင်ဖို့ အရည်အချင်းမပြည့်မီခဲ့ပါဘူး… ဒါပေမဲ့ အခု… ”

ဟွမ်ကျစ်ဟူက အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒကို ထုတ်လွှတ်လျက် အော်ပြောလိုက်သည်။

“ သမီးတို့က အဖေနဲ့အတူ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ် ”

သူ၏ အနောက်မှ ဓားကျင့်ကြံသူများက ထွန်းလင်းတောက်ပသော ဓားအလင်းကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့တစ်ယောက်စီက တည်ကြည်လေးနက်နေပြီး အလွန်နက်ရှိုင်းသော တိုက်ပွဲစိတ်ဆန္ဒကို ဖော်ထုတ်ထားကြသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့က ဆရာသခင်ဟန်၏ ခြေလှမ်းအနောက်သို့ လိုက်မီသွားကြပြီး သူ၏ နောက်ကျောကို မြင်နိုင်သွားကြသည်။

ဟန်မူယဲ့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှစတင်၍ ရွှမ်ထျန်းကမ္ဘာ၊ ကောင်းကင်ဘုံကိုးခု၊ မိုးနတ်သမီးနယ်မြေ၊ နတ်ဘုရားကမ္ဘာနှင့် ကမ္ဘာဦးလောက အစရှိသည်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်ကျော်သွားခဲ့သည်။ သူတို့က ဟန်မူယဲ့၏ ခြေလှမ်းအနောက်သို့ တစ်ခါမှ လိုက်မမီခဲ့ကြပေ။

ထိုမှတဖန် ဟန်မူယဲ့က အပြင်လောကမှ ရန်သူများကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။

သူတို့က ကြယ်စင်စုစကြာဝဠာဆီသို့ မလိုက်သွားနိုင်ခဲ့သလို မဟာပန်သွန်ဘုံဆီသို့လည်း ဟန်မူယဲ့နှင့်အတူ မလိုက်သွားနိုင်ခဲ့ကြပေ။

ဟန်မူယဲ့ ရင်ဆိုင်တွေ့ကြုံခဲ့သော ထူးဆန်းအံ့ဩဖွယ်အရာများထဲမှာ သူတို့၏ ပါဝင်မှုက မရှိသလောက်ပင်။

သူတို့သိသည်မှာ ဟန်မူယဲ့သာ ကမ္ဘာဦးဘုံကို မထမ်းပိုးပေးခဲ့လျှင် ကမ္ဘာဦးဘုံက အတိတ်မှာကတည်းက ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ဟန်မူယဲ့၏ ထောက်ပံ့ပေးမှုမရှိလျှင် ကမ္ဘာဦးဘုံ၏ ဓားတာအိုအမွေအနှစ်က ထိုမျှအချိန်ကြာကြာ တည်တံ့နိုင်လိမ့်မည် မဟုတ်ချေ။

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး ဟွမ်ကျစ်ဟူနှင့် သူ့အနောက်မှ ဓားကျင့်ကြံသူများကို ကြည့်လိုက်သည်။

ထိုလူများထဲမှ တချို့ကို သူမှတ်မိပြီး တချို့ကို သူမသိပေ။

သို့သော်လည်း သူတို့အားလုံးဆီမှာ တူညီသော ဓားအမွေအနှစ်ရှိကြောင်း သူအာရုံခံနိုင်သည်။

ဟန်မူယဲ့က ပြုံးလိုက်သည်။

သူကိုယ်တိုင်သတိမထားမိခင်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထဲမှ တပည့်များက အရွယ်ရောက်လာကြသည်။

အံ့ဖွယ်ကိုးပါးဟူသော နာမည်၏ အဓိပ္ပာယ်သည် ရွှမ်ထျန်းကမ္ဘာ၏ အနောက်ဘက်နယ်စပ်ဒေသထဲမှ အံ့ဖွယ်ကိုးပါးတောင်ထက် အများကြီး ပိုသည်။

အံ့ဖွယ်ကိုးပါးက ဓားတာအိုကို ရည်ညွှန်းသည်။

ယင်းက မည်သည့်အခါမှ လက်မလျော့သော မည်သည့်အခါမှ အရှုံးမပေးသော ဓားတာအိုဖြစ်သည်။

“ ကောင်းပြီ ”

ဟန်မူယဲ့က နူးညံ့စွာ ပြောပြီး လက်ဝှေ့ယမ်းလိုက်သည်။

သူ့ဘေးမှ ဟင်းလင်းပြင်က ချက်ချင်း ပြိုကွဲသွားပြီး အချင်းမိုင်တစ်သန်းကျယ်ပြောသော လေဟာနယ်တွင်းနက်အဖြစ် ပြောင်းလဲသွားသည်။

ဟွမ်ကျစ်ဟူနှင့် ဓားကျင့်ကြံသူများက ထိုလေဟာနယ်တွင်းနက်ထဲသို့ ခြေချလိုက်ကြသည်။

“ အဲ့ဒီလူတွေက ရူးသွားကြပြီ… ”

ကျောက်ဖင်းကျန်းက နေရာမှာ မတ်တတ်ရပ်နေစဉ် သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်နေကြောင်း ခံစားမိသွားသည်။ သူက နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သော်လည်း ဤအခိုက်အတန့်မှာ သူက ခန္ဓာကိုယ်တုန်ယင်နေခြင်းကို မထိန်းချုပ်နိုင်ပေ။

တော်ဝင်မိသားစုကို စိန်ခေါ်ခြင်းက အင်မော်တယ်မင်းဆက်ကို စိန်ခေါ်ခြင်းပင်။

အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။

…..

“ ဗုန်း ”

အဆုံးမဲ့သော ခမ်းနားထည်ဝါမှုက ကောင်းကင်ဘုံနန်းတော်ကို ဖုံးလွှမ်းထားသည်။

မဟာပန်သွန်ဘုံပေါ်မှ တော်ဝင်မြို့တော်၏ အပြင်ဘက်တွင် ရွှေရောင်အကာအကွယ်အလွှာတစ်ခု ထွက်ပေါ်လာသည်။

ထိုအကာအကွယ်အလွှာက ဟန်မူယဲ့နှင့် သူ့အနောက်မှ ဓားဝင်္ကပါကို ဟန့်တားလိုက်သည်။

“ စီနီယာအကိုဟန်… ဒီဟာကို ကျုပ်ကိုင်တွယ်ပါရစေ ”

ဟန်မူယဲ့၏ အနောက်တွင် အသံတစ်သံ ပဲ့တင်ထပ်လာသည်။

ရှန့်လင်းရွှမ်းက အရှေ့သို့ ထွက်လျှောက်လာသည်။ သူက ကြီးမားသော ဓားမော့နှစ်လက်ကို ဆုပ်ကိုင်ထားစဉ် တောက်ပေသော ရွှေရောင်အလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

“ ဘန်း ”

နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က မိုးကောင်းကင်တမျှ အရွယ်အစားကြီးမားသော တိုက်ပွဲဆင်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ထို့နောက် ဧရာမတိုက်ပွဲဆင်က ရွှေရောင်အကာအကွယ်အလွှာကို ဝင်ဆောင့်လိုက်သည်။

တော်ဝင်မြို့တော်၏ အပြင်ဘက်မှ ရွှေရောင်အကာအကွယ်အလွှာက တုန်ယင်သွားပြီး အက်ကွဲသွားသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ အကာအကွယ်အလွှာက ဘာမှမဖြစ်သည့်အလား ပြန်ဖွဲ့စည်းသွားသည်။

“ အတင့်ရဲလှချည်လား ”

တော်ဝင်မြို့တော်ထဲတွင် အော်သံတစ်သံ ထွက်ပေါ်လာသည်။

ရွှေရောင်သံကြိုးများက လေထဲမှာ ထွက်ပေါ်လာကြပြီး ရှန့်လင်းရွှမ်း အသွင်ပြောင်းလဲထားသော တိုက်ပွဲဆင်ထံသို့ ဦးတည်သွားကြသည်။

ဟွမ်ကျစ်ဟူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဓားဆွဲထုတ်လိုက်သည်။

“ ဝင်္ကပါဖွဲ့စည်းကြ ”

ကျယ်လောင်သော အော်သံနှင့်အတူ ဓားဝင်္ကပါက ဖွဲ့စည်းသွားသည်။

ထို့နောက် ဓားအလင်းတန်းသုံးထောင့်ကိုးရာက အရှေ့သို့ ပျံသန်းသွားကြသည်။

ထိုထဲမှ မည်သည့်ဓားအလင်းတန်းမဆို အာဏာရှင်တစ်ပါးကို ချက်ချင်း သတ်ပစ်နိုင်စွမ်းရှိသည်။

ဓားအလင်းတန်းသုံးထောင့်ကိုးရာ၏ ပျံသန်းမှုက လွန်စွာ ထွန်းလင်းတောက်ပလေရာ ယင်းကို တိုက်ရိုက် ကြည့်ရန် မဖြစ်နိုင်ပေ။

ဓားအလင်းတန်းသုံးထောင့်ကိုးရာက ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော ရွှေရောင်သံကြိုးများဖြင့် တွေ့ဆုံသွားသည်။

သံကြိုးများက တစ်စစီ အက်ကွဲသွားစဉ် ဓားအလင်းတန်းများက အရှေ့သို့ ဆက်လက် ပျံသန်းသွားကြပြီး ရွှေရောင်အကာအကွယ်အလွှာကို ခုတ်ပိုင်းလိုက်ကြသည်။

“ ဘန်း ”

ဓားအလင်းတန်းများက အကာအကွယ်အလွှာကို ဖြတ်တောက်လိုက်ကြသည်။ အကာအကွယ်အလွှာက မပေါက်ကွဲသွားမီ ပေတစ်ထောင်ခန့် ဖြန့်ကားသွားသည်။

ခမ်းနားထည်ဝါသော နန်းမြို့တော်ထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုသူက ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းပေါ်မှာ ရွှေရောင်သရဖူကို ဆောင်းထားသည်။ သူက ဆံပင်ဖြူပြီး သူ၏ ခါးပေါ်မှာ ကျောက်စိမ်းခါးပတ် ရှိသည်။

ထိုသူက ယွင်ကျိနတ်ဘုရင်မှလွဲ၍ တခြားလူမဟုတ်ပေ။

“ ဟန်မူယဲ့… မင်းက နန်းမြို့တော်အထိ ကိုယ်တိုင်ရောက်လာရဲတယ်ဆိုတော့ မင်းမှာ တကယ်သတ္တိရှိတယ်ဆိုတာ ငါဝန်ခံရမယ် ”

“ ဒါပေမဲ့ မင်းက မောက်မာလွန်းနေတာ စိတ်မကောင်းစရာပဲ… မင်းက အင်မော်တယ်မင်းဆက်ရဲ့ ဂုဏ်အသရေကို စော်ကားတယ် ”

ယွင်ကျိနတ်ဘုရင်သည် သူ၏ လက်နှစ်ဖက်ကို အနောက်ပစ်လျက် လေထဲမှာ မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။

“ ငါဒီမှာ ရှိတယ်… မင်းငါ့ကို လာသတ်လေ ”

သူက စကားဆုံးသည်နှင့် လက်မြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။

နန်းမြို့တော်ကို ဖုံးလွှမ်းထားသော ရွှေရောင်အကာအကွယ်အလွှာက တုန်ယင်သွားပြီး အကန့်အသတ်မဲ့စွာ ကျယ်ပြောသော ဧရာမလက်တစ်ဖက်အဖြစ် ပြောင်းလဲသွားသည်။ ဧရာမလက်က ဟန်မူယဲ့နှင့် ဓားဝင်္ကပါထံသို့ ကျဆင်းသွားသည်။

ယင်းက မဟာပန်သွန်ဘုံတစ်ခုလုံးကို အုပ်ချုပ်နေသော စွမ်းအားဖြစ်ပြီး မဟာပန်သွန်ဘုံမှ မဟာတာအိုဇစ်မြစ်၏ စွမ်းအား ဖြစ်သည်။

ထို့ကြောင့် ထိုဧရာမလက်၏ စွမ်းအားက အရေအတွက်ထောင်သောင်းချီသော ဘုံများကို ချက်ချင်း အမှုန့်ချေပစ်နိုင်သည်။

ထိုဧရာမလက်ထံမှ ထုတ်လွှတ်နေသော ဖိအားက အာဏာရှင်အဆင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို ချက်ချင်း အက်ကွဲသွားစေရန် လုံလောက်သည်။

ဓားဝင်္ကပါထဲမှ ဓားကျင့်ကြံသူများသည်ပင် ခန္ဓာကိုယ်တုန်ယင်သွားကြသည်။

ဟန်မူယဲ့က အေးဆေးတည်ငြိမ်စွာ ခေါင်းမော့လိုက်သည်။

“ ခင်ဗျားကို သတ်ဖို့ ဒီကို ကျုပ်ရောက်လာပြီ ”

သူ၏ စကားဆုံးသွားသည်နှင့် ဓားအလင်းတစ်ခုက ပေါ်လျှိုးလာသည်။

All Chapters