← Chapters

အခန်း (၁၇၀၆)

Vol. 122 Ch. 1706

အခန်း (၁၇၀၆)

Vol. 122 Ch. 1706

အခန်း(၁၇၀၆)

လေဟာပြင်မြို့တော်၏ အပြင်ဘက်… ပဉ္စမမြောက် လေဟာနယ်အလွှာတွင်… ။

လေဟာနယ်အလွှာတစ်လွှာစီက အနည်းဆုံး အချင်းမိုင်သန်းတစ်ရာ ကျယ်ပြောကြသည်။ ပဉ္စမမြောက် လေဟာနယ်အလွှာက အချင်းမိုင်သန်းငါးရာ ကျယ်ပြောသည်။

ထိုနေရာက လေဟာပြင်မြို့တော်နှင့် အတော်လေး အလှမ်းဝေးသည်။ လေဟာပြင်မြို့တော်၏ စွမ်းအားက ဤဧရိယာကို မဖုံးလွှမ်းနိုင်ပေ။

ပဉ္စမမြောက် လေဟာနယ်အလွှာထဲမှ အလွန်ကျယ်ပြောသော ဧရိယာတစ်ခုတွင် ဦးချိုနှစ်ချောင်းရှိပြီး ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင်အကြေးခွံများဖြင့် ပြည့်နှက်နေသော ပုံရိပ်များက ရပ်နေကြသည်။ အလွန်အားကောင်းသော သွေးချီစွမ်းအားက သူတို့ထံမှ ထွက်ပေါ်နေလေရာ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က အက်ကွဲသွားသည်။

ထိုပုံရိပ်များက လူသားအသွင် ပြောင်းလဲထားကြသော ကောင်းကင်နင်းခြေမျိုးနွယ်ဝင်များ ဖြစ်ကြသည်။ သူတို့တစ်ယောက်စီက အစွမ်းထက်ပညာရှင်များ ဖြစ်ကြသည်။

ကောင်းကင်နင်းခြေမျိုးနွယ်သည် ကြယ်တစ်လုံးခန့် အရွယ်အစားကြီးမားသော နတ်သားရဲများအဖြစ် အသွင်ပြောင်းလဲနိုင်ကြသလို လူသားအသွင်သဏ္ဍာန်လည်း ပြောင်းလဲနိုင်ကြသည်။

“ ဟွမ်းလော့နတ်သခင်… ဒီတစ်ကြိမ် မင်းရဲ့ ရွှမ်ပုံရိပ်ယောင်ကလန်က ယုလင်းကောင်းကင်နဂါးကလန်ရဲ့ လေဟာပြင်မြို့တော်ကို သိမ်းပိုက်နိုင်လိမ့်မယ်ဆိုတာ တကယ်သေချာလား ”

ကောင်းကင်နင်းခြေမျိုးနွယ်၏ ခေါင်းဆောင်က အနောက်လှည့်လိုက်ပြီး မေးသည်။ သူ၏ လေသံထဲမှာ စိတ်မရှည်မှုဖြင့် ပြည့်နှက်နေသည်။

ဟွမ်းလော့နတ်သခင်သည် ရွှမ်ပုံရိပ်ယောင်ကလန်၏ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များအနက် တစ်ယောက်ဖြစ်သည်။ သူက ရှိန်လောက်ဖွယ်ကောင်းသော နတ်ဘုရားတစ်ပါး ဖြစ်သည်။

အနက်ရောင်ဝတ်ရုံ ခြုံထားသော မထင်မရှားပုံရိပ်တစ်ခုက ခေါင်းမော့လိုက်သည်။ ထိုလူက ဟွမ်းလော့နတ်သခင် ဖြစ်သည်။ သူ၏ ဘေးတစ်ဖက်စီတွင် ဝတ်စုံတူဝတ်ဆင်ထားကြသော ပညာရှင်နှစ်ယောက် ရှိသည်။

ထိုပညာရှင်နှစ်ယောက်သည်လည်း အလွန်အားကောင်းသော ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်နေကြသည်။ ရှင်းလင်းစွာပင် သူတို့က နတ်ဘုရားအဆင့်မှာ ဖြစ်ကြသည်။

သူတို့သုံးယောက်တည်း မဟုတ်ပေ။ တခြားမျိုးနွယ်စုများထံမှ အနည်းဆုံး ပညာရှင်ငါးယောက်က သူတို့၏ ဘေးမှာ စုဝေးနေကြသည်။ သူတို့သည်လည်း နတ်ဘုရားအဆင့်မှာ ဖြစ်ကြသည်။ ကောင်းကင်နင်းခြေမျိုးနွယ်မှ အစွမ်းထက်နတ်ဘုရားများဖြင့် ပေါင်းလိုက်မည်ဆိုလျှင် ဤနေရာမှာ နတ်ဘုရားနှစ်ဆယ်ခန့် စုဝေးနေကြသည်။

ကောင်းကင်နင်းခြေမျိုးနွယ်မှ နတ်ဘုရားများသည် တခြားမျိုးနွယ်စုများမှ နတ်ဘုရားများနှင့် ခြားနားကြသည်။ ကောင်းကင်နင်းခြေမျိုးနွယ်၏ နတ်ဘုရားတစ်ပါးက တခြားမျိုးနွယ်စုများမှ နတ်ဘုရားသုံးပါးကို တစ်ယောက်တည်း အနိုင်ယူနိုင်စွမ်း ရှိသည်။

“ ထျန်းရှန့်နတ်သခင်… ခင်ဗျား ဘာကိုစိုးရိမ်နေတာလဲ… ကျုပ်တို့က သူတို့ရဲ့ ဝင်္ကပါတွေကို အကြိမ်ပေါင်းများစွာ ရင်းနှီးပြီးသားပါ ”

ဟွမ်းလော့နတ်သခင်က ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ထွက်ပေါ်လာသည်။

“ လေဟာပြင်မြို့တော်ကို သိမ်းပိုက်ပြီး ယုလင်းကောင်းကင်နဂါးကလန်ကို အညံ့ခံဖို့ ဖိအားပေးနိုင်တာနဲ့ ကျုပ်တို့ရဲ့ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်က မဟာပန်သွန်ဘုံနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်မယ့် အထူးဘုံတစ်ခုကို ဖွဲ့စည်းနိုင်လိမ့်မယ်… အဲ့ဒီအခါကျရင် အထွတ်အမြတ်အရှင်သခင်က… ”

သူ့ဘေးမှ အနက်ရောင်သံချပ်ကာဝတ် ပုံရိပ်တစ်ခုက ဟွမ်းလော့နတ်သခင်ကို လက်တို့လိုက်ပြီး စကားရပ်ခိုင်းလိုက်သည်။

အထွတ်အမြတ်အရှင်သခင်… ။

ထိုနာမည်က ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ထဲတွင် အလွယ်တကူ ထုတ်ပြောနိုင်သောအရာ မဟုတ်ပေ။

“ အထွတ်အမြတ် ”ဟူသည်မှာ ကျင့်ကြံခြင်းစွမ်းအားနှင့် ခွန်အားအရာတွင် မည်သူမှ မယှဉ်နိုင်အောင် သာလွန်ကြီးမြတ်သည်ဟု အဓိပ္ပာယ်ရသည်။

“ ဗုန်း ”

ကျယ်လောင်သော ပေါက်ကွဲသံက အရှေ့မှ ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

အပြာရောင်တိုက်ပွဲချပ်ဝတ်နှင့် အနီရောင်တိုက်ပွဲချပ်ဝတ် ဝတ်ဆင်ထားကြသော ကောင်းကင်ဘုံအစောင့်တပ်က လေဟာနယ်ထဲမှာ ထွက်ပေါ်လာသည်။

လျှပ်တစ်ပြက်အတွင်းမှာ မိုးမြေဧရိယာက ဓားအလင်းနှင့် မူလစွမ်းအားဒီရေ၏ ဝါးမျိုခံလိုက်ရသည်။

“ ကောင်းကင်နင်းခြေမျိုးနွယ် ”

“ သတင်းပို့ကြ ”

“ တိုက်ပွဲဝင်္ကပါဖွဲ့စည်းကြ ”

အော်သံများ ထွက်ပေါ်လာသည်။ အရှေ့သို့ ချီတတ်သွားနေသော ကောင်းကင်ဘုံအစောင့်စစ်သည်များက စက်ဝိုင်းသဏ္ဍာန် စုစည်းလိုက်ကြပြီး ဟင်းလင်းပြင်ထဲမှာ ခြေကုပ်တစ်နေရာ ယူလိုက်ကြသည်။

စစ်သည်တော်တစ်သိန်းက အစွမ်းထက် သွေးချီစွမ်းအားကို ထုတ်လွှတ်လိုက်လေရာ ကောင်းကင်ပေါ်မှာ စူးရှတောက်ပသော အနီရောင်အလင်း ထွက်ပေါ်လာသည်။

“ ဂရောင်း ”

မီတာသန်းပေါင်းများစွာ ရှည်လျားသော ဧရာမသွေးသားရဲပုံရိပ်က ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။

“ နတ်ဘုရားအဆင့် တိုက်ပွဲစွမ်းအားလား ”

ကောင်းကင်နင်းခြေမျိုးနွယ်၏ ခေါင်းဆောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည်။

“ ထျန်းကူနတ်သခင်… မဟာပန်သွန်ဘုံက အဲ့ဒီငှက်ကလေးတွေကို သွားသတ်လိုက်ပါ ”

ငှက်ကလေးတွေ… ။

ယင်းက စစ်သည်တော်တစ်သိန်းဖြင့် ဖွဲ့စည်းထားသော နတ်ဘုရားတိုက်ပွဲစွမ်းအား ဖြစ်သည်။ ယင်းက အစစ်အမှန် နတ်ဘုရားတစ်ပါး၏ တိုက်ပွဲစွမ်းအားကို ယှဉ်ပြိုင်နိုင်မည်လော။

နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များ၏ မျက်လုံးထဲတွင် ထိုသို့တိုက်ပွဲဝင်္ကပါက ငှက်တစ်သိုက်နှင့် ဘာမှမခြားပေ။

“ ကောင်းပါပြီ ”

ကောင်းကင်နင်းခြေမျိုးနွယ်ထံမှ ဦးချိုနှစ်ချောင်းပါနတ်ဘုရားတစ်ပါးက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး အရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ကြယ်တစ်လုံးခန့် အရွယ်အစား ကြီးမားသွားပြီး တိုက်ပွဲဝင်္ကပါမှ ဖွဲ့စည်းထားသော သွေးသားရဲပုံရိပ်ဆီသို့ တန်းမတ်စွာ ပြေးသွားသည်။

“ ဘန်း ”

ပြင်းထန်သော ဝင်ဆောင့်မှုကြောင့် တိုက်ပွဲဝင်္ကပါမှ ဖွဲ့စည်းထားသော သွေးသားရဲက တိုက်ရိုက် အက်ကွဲသွားသည်။ ယင်းက တိုက်ပွဲဝင်္ကပါထဲမှ စစ်သည်တော်များကို မျက်နှာနီရဲသွားစေသည်။ တစ်ချိန်တည်းမှာ တိုက်ပွဲဝင်္ကပါက အနောက်သို့ ဆုတ်သွားသည်။

စစ်သည်တော်တစ်သိန်းဖြင့် ဖွဲ့စည်းထားသော တိုက်ပွဲဝင်္ကပါက နတ်ဘုရားအဆင့် ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ပြိုကွဲလုနီးပါးဖြစ်သွားသည်။

သို့သော်လည်း စက္ကန့်ပိုင်းအတွင်းမှာ တိုက်ပွဲဝင်္ကပါက နောက်တစ်ကြိမ် ပြန်စုဝေးသွားသည်။

ဤတစ်ကြိမ်တွင် သွေးသားရဲပုံရိပ်က အစောနကထက် ပိုပြီးကျစ်လစ်သွားသည်။

“ ဟမ်… စိတ်ဝင်စားစရာပဲ ”

ကောင်းကင်နင်းခြေမျိုးနွယ်မှ နတ်ဘုရားအဆင့် ပညာရှင်က စိတ်ဝင်စားသော အမူအရာကို ထုတ်ဖော်လိုက်ပြီး‌ အေးစက်စက် ရယ်လိုက်သည်။

သို့သော်လည်း ထိုစိတ်ဝင်စားမှုက သေးသေးလေးသာ ဖြစ်သည်။ ထိုထက် မပိုပေ။

နတ်ဘုရားအဆင့်အောက်မှ သက်ရှိအားလုံးက ပုရွက်ဆိတ်များ ဖြစ်ကြသည်။ သူတို့က တိုက်ပွဲဝင်္ကပါကို မှီခို၍ နတ်ဘုရားအဆင့် တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်သည်ဆိုလျှင်ပင် ယင်းက ငှက်တစ်သိုက်၏ ရုန်းကန်မှုသာ ဖြစ်သည်။

“ အဲ့ဒီစစ်သည်တော်တွေက မဟာပန်သွန်ဘုံကပဲ… သူတို့က ကနဦးမူလအဆင့်နဲ့ စကြာဝဠာအဆင့်မှာပဲ ရှိကြသေးတယ်… ဒါပေမဲ့ သူတို့က တိုက်ပွဲချပ်ဝတ်ကနေ အစွမ်းတိုးမြှင့်မှုကို ရရှိထားကြတယ် ”

ဝတ်စုံနက်ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ပြောသည်။

သူက မဟာပန်သွန်ဘုံမှ တိုက်ပွဲဝင်္ကပါ၏ လျှို့ဝှက်ချက်ကို ရှာတွေ့သွားကြောင်း ထင်ရှားသည်။

သို့သော် တိုက်ပွဲဝင်္ကပါ၏ လျှို့ဝှက်ချက်ကို ရှာတွေ့သွားခြင်းက တိုက်ပွဲဝင်္ကပါကို သူချိုးဖြတ်နိုင်သည်ဟု မဆိုလိုပေ။

“ ဗုန်း ”

မဟာပန်သွန်ဘုံ၏ တိုက်ပွဲဝင်္ကပါမှ ဖွဲ့စည်းထားသော ဧရာမသွေးသားရဲက ကောင်းကင်နင်းခြေမျိုးနွယ်၏ နတ်ဘုရားအဆင့် နတ်သားရဲနှင့် ထပ်မံ တွေ့ဆုံသွားသည်။

ဤတစ်ကြိမ်တွင် သွေးသားရဲက တိုက်ရိုက် ပြိုကွဲသွားသည်။

သို့သော် ကောင်းကင်နင်းခြေမျိုးနွယ်၏ နတ်ဘုရားအဆင့် နတ်သားရဲသည်လည်း တုန်ယင်သွားပြီး အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။

နတ်ဘုရားအဆင့် ကောင်းကင်နင်းခြေနတ်သားရဲက အမှန်တကယ် အနောက်ဆုတ်သွားခဲ့သည်လော။

တိုက်ပွဲဝင်္ကပါမှ ထုတ်ဖော်ပြလိုက်သော စွမ်းအားက ဤနေရာမှာ ရှိနေကြသော လူတိုင်းကို တည်ကြည်လေးနက်သွားစေသည်။

မဟာပန်သွန်ဘုံဆီမှာ ထိုသို့အစွမ်းထက်သော တိုက်ပွဲဝင်္ကပါများက မည်မျှရှိကြောင်း မည်သူသိနိုင်မည်နည်း။

လူတစ်သိန်းဖြင့် တိုက်ပွဲဝင်္ကပါတစ်ခုကို ဖွဲ့စည်းခြင်းက နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို ပျိုးထောင်ပေးခြင်းထက် အများကြီး ပိုလွယ်ကူသည်။

အကယ်၍ ထိုတိုက်ပွဲဝင်္ကပါက နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ စွမ်းအားကို အမှန်တကယ် တောင့်ခံနိုင်သည်ဆိုလျှင် အနာဂတ်မှာ မဟာပန်သွန်ဘုံက မရေမတွက်နိုင်သော ဘုံများကို သူတို့၏ စစ်တပ်များဖြင့် သိမ်းပိုက်နိုင်တော့မည် မဟုတ်ပါလော။

“ သေစမ်း ”

အနောက်ဆုတ်သွားခဲ့သော ကောင်းကင်နင်းခြေနတ်သားရဲက ဒေါသတကြီး အော်လိုက်ပြီး သူ၏ အရှေ့ခြေထောက်ကို မြှောက်ကာ တိုက်ပွဲဝင်္ကပါပေါ်သို့ နင်းချလိုက်သည်။

ထိုနင်းခြေမှုက စစ်သည်တော်တစ်သိန်းကို တိုက်ရိုက် ကြေမွသွားစေလိမ့်မည်။

“ အတင့်ရဲလှချည်လား ”

အသံတစ်သံ ထွက်ပေါ်လာသည်။

ရွှေရောင်တိုက်ပွဲချပ်ဝတ် ဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ယောက်က ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး လက်သီးတစ်ချက် ထိုးလွှတ်လိုက်သည်။

လက်သီးပုံရိပ်က မီတာသန်းပေါင်းများစွာ အရွယ်အစားကြီးမားသွားပြီး ကောင်းကင်နင်းခြေနတ်သားရဲ၏ ခြေထောက်ဖြင့် တွေ့ဆုံသွားသည်။

နတ်ဘုရားအဆင့်… ။

နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များသာလျှင် နတ်ဘုရားအဆင့်ကို ထိပ်တိုက် ရင်ဆိုင်ဝံ့ကြလိမ့်မည်။

ရွှေရောင်တိုက်ပွဲချပ်ဝတ် ဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်က တုန်ယင်သွားပြီး ပေတစ်သောင်းအဝေးသို့ အနောက်ဆုတ်သွားသည်။

ကောင်းကင်နင်းခြေနတ်သားရဲ၏ ခြေထောက်ထံမှ အင်အားသည်လည်း ပျက်ပြယ်သွားသည်။

“ ကောင်းကင်ဘုံအစောင့်တပ်ရဲ့ ယွင်ရှန်းမြို့စားက သူ့ရဲ့ စစ်တပ်ကို ဦးဆောင်ဖို့ ရောက်လာပြီ ”

“ မင်းတို့ကောင်တွေ သေဖို့ အသင့်ပြင်ထား ”

ကောင်းကင်နင်းခြေနတ်သားရဲ၏ နင်းခြေမှုကြောင့် အနောက်လွင့်စင်သွားသော ရွှေရောင်တိုက်ပွဲချပ်ဝတ်နှင့် စစ်ဗိုလ်ချုပ်က အော်ပြောလိုက်သည်။ သူက ကြောက်ရွံ့မည့်အစား ကျယ်လောင်စွာ ရယ်မောလိုက်သည်။ တိုက်ပွဲစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။

အစွမ်းထက် သွေးချီစွမ်းအားက သူ့အနောက်မှ တိုက်ပွဲဝင်္ကပါထံမှ ပေါ်လျှိုးလာပြီး သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်။

အစောနက ကောင်းကင်နင်းခြေနတ်သားရဲ၏ နင်းခြေမှုကို လက်သီးတစ်ချက်ဖြင့် သူတောင့်ခံနိုင်ခဲ့ခြင်းမှာ ရွှေရောင်တိုက်ပွဲချပ်ဝတ်က သူ၏ တိုက်ပွဲစွမ်းအားကို ငါးဆတိုးမြှင့်ပေးထားသောကြောင့် ဖြစ်သည်။

မှန်ပေသည်။ ဤတိုက်ပွဲချပ်ဝတ်က ယခင် သူမျှော်မှန်းထားသည်ထက် အများကြီး ပိုအားကောင်းသည်။

ထိုဟင်းလင်းပြင်ဧရိယာ၏ အနောက်တွင် နတ်ဘုရားစိတ်အာရုံများနှင့် အကြည့်များက အချင်းချင်း ဖလှယ်လိုက်ကြသည်။

သူတို့တစ်ယောက်စီက တောက်ပသော နတ်ဘုရားအလင်းကို ထုတ်လွှတ်နေကြသည်။

ယင်းက အာကာသတိုက်ပွဲချပ်ဝတ်၏ ပထမဆုံးအကြိမ် စွမ်းအားထုတ်ဖော်မှု ဖြစ်သည်။

တိုက်ပွဲချပ်ဝတ်၏ ငါးဆစွမ်းအားမြှင့်တင်ပေးမှုက နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်အားလုံးကို အပြည့်အဝ စိတ်ကျေနပ်စေသည်။

“ သေစမ်း ”

ယွင်ရှန်းမြို့စားက ကျယ်လောင်စွာ အော်လိုက်လေရာ သူ၏ တိုက်ပွဲချပ်ဝတ်က ရွှေရောင်ထွန်းလင်းလာသည်။

သူ့အနောက်မှ တိုက်ပွဲဝင်္ကပါ၏ စွမ်းအားထောက်ပံ့ပေးမှုအောက်မှာ ယွင်ရှန်းမြို့စားက ပေပေါင်းဘီလီယံနှင့်ချီ မြင့်သော ဧရာမစစ်ဘီလူးအဖြစ် အသွင်ပြောင်းလဲသွားသည်။

ဧရာမစစ်ဘီလူးက ရွှေရောင်တိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ၏ ဦးခေါင်းပေါ်မှာ ရွှေရောင်ဦးချိုများ ရှိသည်။ နီညိုရောင်မီးတောက်မီးလျှံများက သူ၏ ခြေလက်လေးချောင်းစလုံးကို ရစ်သိုင်းနေသည်။

ဧရာမစစ်ဘီလူးက ကောင်းကင်နင်းခြေနတ်သားရဲဆီသို့ အရင်ဦးစွာ ပြေးသွားသည်။

“ ဗုန်း ”

ဤတစ်ကြိမ်တွင် ကောင်းကင်နင်းခြေနတ်သားရဲက တရစပ် အနောက်ဆုတ်သွားရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ကြီးမားသော ဒဏ်ရာများနှင့် အပေါက်များ ထွက်ပေါ်လာသည်။

သူ၏ သွေးချီအနှစ်သာရက ပရမ်းပတာ လှုပ်ခတ်သွားသည်။

“ ဟား ဟား… သေလိုက်စမ်း ”

ယွင်ရှန်းမြို့စားက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး ကောင်းကင်နင်းခြေနတ်သားရဲကို ဆက်တိုက် ဖိနှိပ်လိုက်သည်။

“ မဟာပန်သွန်ဘုံရဲ့ တိုက်ပွဲဝင်္ကပါက အဲ့လောက်တောင် အားကောင်းတာလား ”

“ မဖြစ်နိုင်တာ မဟာပန်သွန်ဘုံက နတ်ဘုရားက ဘယ်လိုအတတ်ပညာကို ပိုင်ဆိုင်ထားလို့ အဲ့လောက်သန်မာနေတာလဲ ”

ကောင်းကင်နင်းခြေမျိုးနွယ်၏ ဘေးမှာ ရပ်နေကြသော တခြားမျိုးနွယ်များမှ နတ်ဘုရားများက ကြောက်လန့်တုန်လှုပ်သွားကြသည်။

မဟာပန်သွန်ဘုံ၏ အင်အားက သူတို့၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်။

“ ပုရွက်ဆိတ်လေးတွေပါပဲ ”

“ မဟာပန်သွန်ဘုံက အဲ့လောက်လည်း မဟုတ်ပါဘူး ”

ကောင်းကင်နင်းခြေမျိုးနွယ်၏ ခေါင်းဆောင်က အထင်သေးရှုံ့ချလိုက်ပြီး အရှေ့သို့ ပြေးသွားသည်။ အလွန်အားကောင်းသော သွေးချီစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။

“ မင်းရဲ့ ပြိုင်ဘက်က ငါ ”

ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာသည်။

ကျင်းယွမ်မြို့စား… ။

ကျင်းယွမ်မြို့စားက တိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လှံရှည်ကို ဆုပ်ကိုင်ထားသည်။ သွေးချီစွမ်းအားနှင့် မူလစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။

“ ဝူး ”

နှဲမှုတ်သံက အဝေးမှ ပဲ့တင်ထပ်လာသည်။

ထိုအသံက ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်မှ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များကို အကြီးအကျယ် မျက်နှာပျက်သွားစေသည်။

“ အဲ့ဒါ မဟာပန်သွန်ဘုံက စစ်တပ်တွေကို စုဝေးတဲ့ အချက်ပြသံပဲ ”

“ သူတို့က လူဘယ်လောက်တောင် ခေါ်လာတာလဲ ”

“ ငါတို့တိုက်ကြမလား… ဒါမှမဟုတ် အရင် အနောက်ဆုတ်ကြမလား ”

All Chapters