← Chapters

အခန်း (၁၇၀၈)

Vol. 122 Ch. 1708

အခန်း (၁၇၀၈)

Vol. 122 Ch. 1708

အခန်း(၁၇၀၈)

ကောင်းကင်နင်းခြေမျိုးနွယ်နှင့် ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်မှ နတ်ဘုရားနှစ်ဆယ်ကျော်သည် လေဟာပြင်မြို့တော်၏ အပြင်ဘက် ဒုတိယမြောက်အလွှာထဲမှာ ပိတ်မိနေကြသည်။

သူတို့က အပြင်သို့ ပြန်မထွက်နိုင်ကြတော့ချေ။ သူတို့၏ အရှေ့တွင် ရန်သူ့ဘက်မှ နတ်ဘုရားများနှင့် တိုက်ပွဲဝင်္ကပါများက တိုက်ခိုက်ရန် သူတို့ဆီသို့ ချီတတ်လာနေကြသည်။

အစတွင် သူတို့က ယင်းကို အလေးအနက် မထားခဲ့ပေ။ အထူးသဖြင့် ကောင်းကင်နင်းခြေမျိုးနွယ်ပင်။ သူတို့က မည်သည့်နေရာမှာဖြစ်စေ သို့မဟုတ် မည်သည့်ရန်သူကိုဖြစ်စေ ရင်ဆိုင်ရန် အသင့်ဖြစ်နေသူများ ဖြစ်ကြသည်။

သို့သော်လည်း နှစ်အနည်းငယ်ကြာ တိုက်ခိုက်ပြီးနောက် သူတို့က တစ်စုံတစ်ခုလွဲမှားနေကြောင်း အာရုံခံမိသွားကြသည်။

သူတို့ရင်ဆိုင်ခဲ့သော နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များ၏ အရေအတွက်က တစ်ရာကျော်သွားသည်။

ထို့ပြင် တိုက်ပွဲဝင်္ကပါများက အကြိမ်ရေမည်မျှ လဲလှယ်ခဲ့ကြောင်း သူတို့မမှတ်မိတော့ပေ။

ထိုနတ်ဘုရားများမှာ သာမန်တိုက်ပွဲစွမ်းအားသာ ရှိကြသည်။ သို့သော်လည်း သူတို့က အကြောက်အရွံ့မဲ့စွာ တိုက်ခိုက်ကြသည်။ အကယ်၍ သူတို့က ရှုံးနိမ့်သွားလျှင် ယာယီအနောက်ဆုတ်သွားပြီး မကြာခင် ပြန်ရောက်လာလိမ့်မည်။

မည်သူမှ သတိမထားမိခင်မှာ သာမန်တိုက်ပွဲစွမ်းအားသာ ပိုင်ဆိုင်ထားကြသော ထိုနတ်ဘုရားများက ကောင်းကင်နင်းခြေမျိုးနွယ်၏ အစွမ်းထက် နတ်ဘုရားများကို ထိပ်တိုက် ရင်ဆိုင်နိုင်လာကြသည်။

ပိုပြီးကြောက်စရာကောင်းသည့်အချက်မှာ ရန်သူ၏ တိုက်ပွဲဝင်္ကပါများက အချိန်ကြာလာသည်နှင့်အမျှ ပိုပြီးအရွယ်အစားကြီးမားလာပြီး ပိုပြီးအားကောင်းလာသည်။ ရန်သူ့ဘက်မှ စစ်သည်တော်များက သူတို့၏ သွေးမျိုးဆက်စွမ်းအားကို ကောင်းကောင်း နားလည်လာဟန် ရ၏။

အစတွင် စစ်သည်တော်တစ်သိန်းဖြင့် ဖွဲ့စည်းထားသော တိုက်ပွဲဝင်္ကပါသည် ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်ကို အချိန်ကြာကြာ မတိုက်ခိုက်နိုင်ပေ။ သို့သော်လည်း ယခု ထိုတိုက်ပွဲဝင်္ကပါက ကောင်းကင်နင်းခြေနတ်သားရဲကို အလွယ်တကူ ရင်ဆိုင်နိုင်လာသည်။

ထိုမျှကြီးမားသော အပြောင်းအလဲက အလွန်ကြောက်စရာကောင်းသည်။

ယင်းက အလွန်ကြောက်စရာကောင်းလေရာ မည်သူ့ကိုမှ မကြောက်သော ကောင်းကင်နင်းခြေနတ်သားရဲများသည်ပင် အကြောက်တရားကို စတင်ခံစားမိလာကြသည်။

နောက်ပိုင်းတွင် ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်မှ နတ်ဘုရားအများအပြားနှင့် ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်ဘုရားသုံးပါးက လေဟာပြင်မြို့တော်ကို ကျူးကျော်သိမ်းပိုက်ရန် စတင်စီစဉ်ကြသည်။

ယင်းက ကောင်းမွန်စွာ ပြင်ဆင်ထားသော အစီအစဉ်ဖြစ်သည်။ ရွှမ်ပုံရိပ်ယောင်ကလန်က လေဟာပြင်မြို့တော်၏ မဟာဝင်္ကပါကို ချိုးဖြတ်နိုင်သည်နှင့် ကောင်းကင်နင်းခြေမျိုးနွယ်မှ အစွမ်းထက် ပညာရှင်များက လေဟာပြင်မြို့တော်ထဲသို့ တိုက်ရိုက် ထိုးဖောက်သွားကြလိမ့်မည်။

လေဟာပြင်မြို့တော်ကို ကျူးကျော်သိမ်းပိုက်နိုင်ပြီးလျှင် သူတို့က မြို့တစ်ခုလုံးကို ချိပ်ပိတ်ပစ်လိမ့်မည်။

သို့သော်လည်း ထိုနတ်ဘုရားများ မသိကြသည်မှာ ဟန်မူယဲ့က သူတို့၏ အစီအစဉ်ကို ထွင်းဖောက်မြင်နေခြင်းပင်။

အဘယ့်ကြောင့်ဆိုသော် ဟန်မူယဲ့က လေဟာနယ်မူလစွမ်းအားနှင့် ဝင်္ကပါတာအိုကို အသုံးပြု၍ ရွှေရောင်ပုံရိပ်လွှာတစ်ခုကို ဖန်တီးထားသောကြောင့် ဖြစ်သည်။ ထိုပုံရိပ်လွှာထဲမှာ ရန်သူ့ဘက်မှ လှုပ်ရှားမှုအားလုံးကို မြင်နေရသည်။

လေဟာပြင်မြို့တော်၏ မြို့တံတိုင်းပေါ်မှာ ရပ်နေကြသော နတ်ဘုရားများသည်ပင် သူတို့၏ အစီအစဉ်ကို ရှင်းရှင်းလင်းလင်း မြင်နေကြားနေရသည်။

လေဟာပြင်မြို့တော်၏ အရှေ့မှ ရွှေရောင်အလင်းလွှာပေါ်တွင် ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်ဘုရားသုံးပါးက တဖြည်းဖြည်း ဝေဝါးသွားကြသည်။ သူတို့က မန္တန်တစ်ခုကို ရွတ်ဖတ်လိုက်လေရာ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ထိန်းချုပ်ခံလိုက်ရသည်။

ထို့နောက် ရွှေရောင်လှိုဏ်ခေါင်းတစ်ခုက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။

လှိုဏ်ခေါင်း၏ အခြားတစ်ဖက်က လေဟာပြင်မြို့တော် ဖြစ်သည်။

“ အဲ့ဒါ ကျောက်စိမ်းဖြူလမ်း… သူတို့က လေဟာပြင်မြို့တော်ထဲက ကျောက်စိမ်းဖြူလမ်းမှာ လျှို့ဝှက်လမ်း တည်ဆောက်ထားတာပဲ ”

“ ကျောက်စိမ်းဖြူလမ်း… အဲ့ဒါက မဟာဝင်္ကပါရဲ့ ဗဟိုချက်နဲ့ မိုင်တစ်ရာပဲ ဝေးတယ် ”

ဟန်မူယဲ့၏ အနောက်မှာ မတ်တတ်ရပ်နေကြသော ယုလင်းကောင်းကင်နဂါးကလန်မှ ကျွမ်းကျင်ပညာရှင်များက အံ့ဩထိတ်လန့်သွားကြသည်။

ရွှမ်ပုံရိပ်ယောင်ကလန်က လေဟာပြင်မြို့တော်ထဲမှာ အစီအစဉ်တချို့ ပြုလုပ်ထားကြောင်း အစကတည်းက သူတို့သိထားကြသည်။ သို့သော်လည်း ယင်းက မဟာဝင်္ကပါ၏ ဗဟိုချက်ကို အဓိကပစ်မှတ်ထားလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။

အကယ်၍ သူတို့သာ ရွှမ်ပုံရိပ်ယောင်ကလန်၏ အကြံအစည်ကို မမြင်နိုင်ခဲ့လျှင် လေဟာပြင်မြို့တော်က သေချာပေါက် ကျဆုံးသွားလိမ့်မည်။ ထိုမျှသာ မဟုတ်ပေ။ ယုလင်းကောင်းကင်နဂါးကလန်သည်လည်း အမြစ်ဖြတ်သုတ်သင်ခံရလိမ့်မည်။

“ ကိုယ့်လူတို့… ကျောက်စိမ်းဖြူလမ်းကို ကျုပ်တို့ သွားပိတ်ဆို့သင့်လား… ဒါမှမဟုတ် သူတို့တွေ ကျောက်စိမ်းဖြူလမ်းကို ဝင်ရောက်လာတော့မှ ဝင်ဖမ်းကြမလား ”

ဟန်မူယဲ့က အနောက်လှည့်လိုက်ပြီး ပြုံးပြလိုက်သည်။

သူက လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်သည်။

ဟန်မူယဲ့က မြို့တံတိုင်းပေါ်တွင် ထိုသို့အမူအရာကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။

ထိုသို့သူပြုလုပ်သည့်အခါတိုင်း ကြီးမားသော အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်လေ့ရှိသည်။

အစွမ်းထက် ရန်သူကို လေဟာပြင်မြို့တော်၏ အပြင်ဘက်၌ တားဆီးခြင်းနှင့် ရန်သူကို မြို့တော်ထဲသို့ ဝင်ရောက်စေခြင်းက လုံးဝ မတူညီသောအရာ ဖြစ်သည်။

ယုလင်းကောင်းကင်နဂါးကလန်မှ နတ်ဘုရားများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်မှာ ခါးသီးသောအမူအရာ ထွက်ပေါ်လာသည်။

ဟန်မူယဲ့က ဤအခြေအနေကို အသုံးချ၍ အကျိုးအမြတ်ရိတ်သိမ်းချင်နေသည်။

သို့သော်လည်း သူတို့မှာ ဟန်မူယဲ့၏ အမိန့်ကို နာခံရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိပေ။

“ တာအိုရောင်းရင်းဟန်… သူတို့ကို မြို့တော်အပြင်ဘက်မှာ တားဆီးရအောင်… မြို့တော်ထဲ သူတို့ကို ဝင်ရောက်စေတာက လေဟာပြင်မြို့တော်ကို ကြီးကြီးမားမား အထိနာစေလိမ့်မယ် ”

ယွင်ကျိနတ်သခင်က ဟန်မူယဲ့ကို နူးညံ့စွာ ပြောသည်။

ရွေးချယ်မှုကို ပြုလုပ်ပြီးပြီ ဖြစ်၏။ ယခု သူတို့လုပ်ရမည်မှာ ရန်သူစတင်လှုပ်ရှားမည့်အချိန်ကို စောင့်ဆိုင်းရန် ဖြစ်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်အားထက်သန်မှုဖြင့် ပြည့်နှက်နေသည်။

“ ကောင်းပြီ… လေဟာပြင်မြို့တော်ကို ကာကွယ်ဖို့ ကောင်းကင်ဘုံအစောင့်တပ်အားလုံးကို ကျုပ်အမိန့်ပေးလိုက်မယ်… တကယ်လို့ မဖြစ်မနေ လိုအပ်လာမယ်ဆိုရင် ကျုပ်တို့တွေ အသေအကြေ တိုက်ခိုက်ကြမယ်… ကောင်းကင်နင်းခြေမျိုးနွယ်ရဲ့ နတ်သားရဲတွေကို မြို့တော်ထဲ ခြေတစ်လှမ်းတောင် အဝင်မခံနိုင်ဘူး ”

အမိန့်ကို ထုတ်ပြန်လိုက်သည်။

အမိန့်တော်နှင့်အတူ ဆုလာဘ်များက ထွက်ပေါ်လာသည်။

ဆုလာဘ်များကို ကောင်းကင်ဘုံအစောင့်တပ်၏ တိုက်ပွဲအကျိုးပြုအမှတ်များဖြင့် လဲလှယ်နိုင်သည်။ သို့သော်လည်း ယုလင်းကောင်းကင်နဂါးကလန်က အရင်းအမြစ်များကို ပေးရလိမ့်မည်။

ယုလင်းကောင်းကင်နဂါးကလန်က မည်မျှကြီးမားသော ပမာဏကို ပေးလိုက်ကြောင်း အပြင်လူများ မသိကြပေ။

သို့သော်လည်း သူတို့သိကြသည်မှာ အရင်းအမြစ်များကို ပေးလိုက်ပြီးနောက် ယုလင်းကောင်းကင်နဂါးကလန်မှ အကြီးအကဲများက မျက်နှာသုန်မှုန်သွားကြသည်။ ရှင်းလင်းစွာပင် ယုလင်းကောင်းကင်နဂါးကလန် ပေးလိုက်သော ပမာဏက စိတ်ကူးမယဉ်နိုင်အောင် အလွန်ကြီးမားသည်။

“ ဂရောင်း ”

ဟင်းလင်းပြင်ထဲတွင် ဟိန်းသံများ ပဲ့တင်ထပ်သွားသည်။

ဟင်းလင်းပြင်မြို့တော်၏ အပြင်ဘက် လေဟာနယ်ထဲတွင် လှိုဏ်ခေါင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကြယ်များသဖွယ် အရွယ်အစားကြီးမားသော ခန္ဓာကိုယ်များက လှိုဏ်ခေါင်းထဲမှ ထွက်လာကြသည်။

ထိုမြင်ကွင်းက လေဟာပြင်မြို့တော်ထဲမှ မရေမတွက်နိုင်သော ယုလင်းကောင်းကင်နဂါးကလန်သားများကို ထိတ်လန့်သွားစေသည်။

ကံကောင်းစွာဖြင့် ယင်းက အချိန်တစ်ခဏမျှသာ ဖြစ်သည်။ ကြယ်များသဖွယ် အရွယ်အစားကြီးမားသော ခန္ဓာကိုယ်များ ထွက်ပေါ်လာသည့်အခါ အလင်းလှိုဏ်ခေါင်းက ရုတ်ချည်း ပျောက်ကွယ်သွားသည်။

“ ဗုန်း ”

ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်ဘုရားသုံးပါး၏ အရှေ့တွင် အလင်းလှိုဏ်ခေါင်းက ပေါက်ကွဲသွားသည်။

ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်ဘုရားသုံးပါးက မျက်နှာဖြူဖျော့သွားကြပြီး သူတို့ထဲမှ တစ်ယောက်က သွေးအန်လိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ရွှေရောင်အလင်းက သူတို့၏ ခန္ဓာကိုယ်တစ်ဝိုက်၌ ထွက်ပေါ်လာသည်။

“ မကောင်းတော့ဘူး… အဲ့ဒါ ပုံရိပ်ယောင်ဝင်္ကပါစွမ်းအား ”

“ မူလစွမ်းအားတန်ပြန်ခြင်း… သူတို့ဆီမှာ လေဟာနယ်စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ ဖန်ဆင်းရှင်တစ်ပါး ရှိတယ် ”

“ မြန်မြန်… ပြေးကြ ”

ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်ဘုရားသုံးပါးက လူစုခွဲလိုက်ကြပြီး အရပ်မျက်နှာသုံးဖက်ဆီသို့ အသီးသီး ထွက်ပြေးသွားကြသည်။

သူတို့၏ အနောက်တွင် ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်မှ နတ်ဘုရားများက ဇဝေဇဝါဖြစ်သွားကြသည်။

ဘာဖြစ်သွားတာလဲ… ။

ဘာတွေဖြစ်နေတာလဲ… ။

သူတို့မစဉ်းစားနိုင်မီ တိုက်ပွဲဝင်္ကပါတစ်ခုနှင့် နတ်ဘုရားနှစ်ပါးက ထိုနေရာသို့ အမြန်ရောက်လာကြသည်။

ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်ဘုရားများ၏ အထောက်အပံ့မရှိသည့်အခါ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်မှ နတ်ဘုရားများက ခုခံတားဆီးရုံသာ တတ်စွမ်းကြတော့သည်။

တဖြည်းဖြည်း သူတို့က အခြေအနေဆိုးဝါးလာကြသည်။

သူတို့မသိကြသည်မှာ မူလကတည်းက ဉာဏ်ထိုင်းသော ကောင်းကင်နင်းခြေနတ်သားရဲများက ဤအခိုက်အတန့်မှာ သူတို့ထက် ပိုပြီး အခြေအနေဆိုးဝါးနေခြင်းပင်။

…..

လေဟာပြင်မြို့တော်၏ နတ်ဘုရားအဆင့်တိုက်ပွဲက နှစ်ပေါင်းတစ်ရာ ကြာမြင့်သွားသည်။

ဤနှစ်ပေါင်းတစ်ရာအတွင်းမှာ စိတ်ဝင်စားဖွယ်အကောင်းဆုံးအရာက ကောင်းကင်ဘုံအစောင့်တပ်၏ နတ်ဘုရားအမဲလိုက်ခရီး ဖြစ်သည်။

မှန်ပေသည်။ ယင်းက နတ်ဘုရားအမဲလိုက်ခရီး ဖြစ်သည်။

အာဏာရှင်အဆင့်အောက်တွင် တစ်စုံတစ်ယောက်က သံသရာစက်ဝန်းအဆင့် မဟာပန်သွန်ကျောက်တုံးတစ်ရာ အဖိုးအခပေးမည်ဆိုလျှင် သူက လေဟာပြင်မြို့တော်ဆီသို့ သွားရောက်နိုင်ပြီး နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များ၏ တိုက်ပွဲများကို ရွှေရောင်ပုံရိပ်လွှာမှတဆင့် ကြည့်နိုင်ကြလိမ့်မည်။

ယင်းကို နတ်ဘုရားအမဲလိုက်ခရီးဟု ခေါ်သည်။

တစ်စုံတစ်ယောက်က ထိုမြင်ကွင်းများကို ကြည့်မည်ဆိုလျှင် သူတို့၏ စိတ်ခွန်အားကို သန့်စင်နိုင်ပြီး သူတို့၏ အနာဂတ်ကျင့်ကြံခြင်းလမ်းစဉ်အတွက် ဉာဏ်အလင်းများကို ရှာဖွေနိုင်လိမ့်မည်။

အာဏာရှင်အဆင့်အောက်မှ ကျင့်ကြံသူများအတွက် အရေးကြီးဆုံးအရာက လမ်းကြောင်းမှန် ရှာတွေ့ရန် ဖြစ်သည်။ အကယ်၍ သူတို့က လမ်းကြောင်းမှန်ကို ရှာတွေ့သွားပြီး ထိုလမ်းကြောင်းအတိုင်း တန်းမတ်စွာ သွားမည်ဆိုလျှင် အာဏာရှင်အဆင့်က သူတို့အတွက် ခက်ခဲသောအရာ မဟုတ်တော့ပေ။

အာဏာရှင်အဆင့်နှင့် အထက်အဆင့်များတွင် တခြားအခွင့်အရေးများ ထပ်တိုးလာသည်။

အာဏာရှင်အဆင့်အောက်မှ ကျင့်ကြံသူများသည် နတ်ဘုရားအမဲလိုက်ခရီးကို ကြည့်ရုံသာ ကြည့်နိုင်ကြသည်။

အာဏာရှင်အဆင့်နှင့် အထက်အဆင့် ကျင့်ကြံသူများက မဟာပန်သွန်ကျောက်တုံးဆယ်ဆပိုပေးမည်ဆိုလျှင် သူတို့က ရှေ့တန်းစစ်မြေပြင်ဆီသို့ ကိုယ်တိုင်သွားရောက်နိုင်ပြီး နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များ၏ တိုက်ပွဲကို အသေးစိတ် ကြည့်ရှုနိုင်ကြလိမ့်မည်။

မှန်ပေသည်။ ထိုထက် ပိုပြီးမြင့်သော နောက်ထပ်အခွင့်အရေးတစ်ခု ရှိသေးသည်။

အကယ်၍ တစ်စုံတစ်ယောက်က ထိုထက်ပိုများသော မဟာပန်သွန်ကျောက်တုံးများကို ပေးမည်ဆိုလျှင် သူတို့က တိုက်ပွဲဝင်္ကပါများနှင့် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များ၏ ကာကွယ်စောင့်ရှောက်ပေးမှုအောက်မှာ ကိုယ်တိုင်ကိုယ်ကျ စစ်မြေပြင်ထဲမှာ ပါဝင်နိုင်ကြလိမ့်မည်။

သူတို့၏ တိုက်ခိုက်မှုများက ရန်သူ့ဘက်မှ နတ်ဘုရားများအပေါ် မည်သည့်သက်ရောက်မှုမှ မရှိလျှင်ပင် ယခုကဲ့သို့ နတ်ဘုရားအဆင့် တိုက်ပွဲထဲမှာ ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်နိုင်ခြင်းက အလွန်ရှားပါးသော အခွင့်အရေးဖြစ်သည်။

ကောလဟာလများအရ အရင်းအမြစ်ကြွယ်ဝသော ကျင့်ကြံခြင်းမိသားစုတစ်ခုသည် ပမာဏအလွန်များပြားသော မဟာပန်သွန်ကျောက်တုံးများကို ပေးချေ၍ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်နှစ်ယောက်နှင့် စစ်သည်တော်တစ်သိန်းပါဝင်သော တိုက်ပွဲဝင်္ကပါတစ်ခုကို ငှားကာ ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်ကို မျက်နှာချင်းဆိုင်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲက ဆယ်ရက်ကြာမြင့်ခဲ့သည်။

ကောင်းကင်ဘုံအစောင့်တပ်က ကောင်းကင်နင်းခြေနတ်သားရဲ၏ တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ပေးထားလေရာ ထိုသူက တိုက်ခိုက်ခြင်းကိုသာ အာရုံစိုက်ရန် လိုအပ်သည်။

ဆယ်ရက်ကြာတိုက်ပွဲပြီးနောက် ထိုသူက အာဏာရှင်အဆင့်မှ အဆင့်ချိုးဖြတ်သွားပြီး နှောင်းပိုင်း ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်သို့ တိုက်ရိုက် တတ်လှမ်းသွားသည်။

ပိုပြီးအံ့ဩဖွယ်ကောင်းသည့်အရာမှာ သူ၏ စိတ်အခြေအနေက အလွန်အုတ်မြစ်ခိုင်မာသွားသည်။

ထိုဆယ်ရက်အတွင်းမှာ သူက စိတ်ကူးမယဉ်နိုင်သော အကျိုးအမြတ်များကို ရရှိသွားသည်။

ထိုဆယ်ရက်မှာ သူက ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားတစ်ပါးဟု ခံစားမိသွားပြီး နတ်ဘုရားများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။

သူ့အတွက်တော့ ထိုဆယ်ရက်က အိမ်မက်တစ်ခုနှင့် ဆင်တူသည်။

ထိုအိမ်မက်ကြောင့် မဟာပန်သွန်ဘုံထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက နတ်ဘုရားအမဲလိုက်ခရီးမှာ ကိုယ်တိုင်ပါဝင်နိုင်ရန် လေဟာပြင်မြို့တော်ဆီသို့ စိတ်အားထက်သန်စွာ ရောက်လာကြသည်။

သို့ဖြစ်၍ ယုလင်းကောင်းကင်နဂါးကလန်သည် တည်နေရာပြောင်းရွှေ့ခြင်းအဖိုးအခကို မရေမတွက်နိုင်အောင် ပိုင်ဆိုင်သွားသည်။

All Chapters